သံသယများ။
Vol. 19 Ch. 255
နှစ်နာရီ ကြာ ငြိမ်းချမ်း နေသော ခရီးစဉ် အတွင်း တစ်စုံ တစ်ယောက် သေဆုံး ခြင်းဖြင့်၊ သွေးအရိုး နယ်မြေ၏ အန္တရာယ် ရှိသောအခြေ အနေမှာ စတင်လာ ခဲ့ပေသည်။
ဂိုဏ်းအသီးသီးမှ သက်တော်စောင့် ရှစ်ဦးအပြင်၊ ဂိုမိသားစု အစောင့် သိုင်းသမား သုံးဆယ် ကျော်မှာ အလျင် အမြန်ပင်၊ ရှေ့ကင်း ဆီသို့ ပြေးသွား ကြသည်။
သွေးရိုး သစ်တော ထဲသို့ မဝင် နိုင်မီတွင် အသေ အပျောက်နှင့် ကြုံတွေ့ ခဲ့ရ လေပြီ။
လင်းယွန် ရောက်ရှိ သွားသော အခါတွင်၊ မြေပြင် ပေါ်၌ လဲကျ သေဆုံး နေသော၊ လူ တစ်ယောက်ကို တွေ့လိုက် ရသည်။ ဘူချန်နှင့် ရှောင်းရန် တို့က အလောင်းကို စစ်ဆေး နေခဲ့၏။
သေဆုံး နေသူသည် နက်နဲ သိုင်းနယ်ပယ် တတိယ အဆင့်ရှိ 'ဂို' မိသားစု၏ သိုင်းသမား တစ်ယောက် ဖြစ်သည်။
သူ့ ကျင့်ကြံမှု အရ၊ 'ချင်' မြို့တော်တွင် အားနည်း သည်ဟု ယူဆ ရမည့် နည်းလမ်း မရှိ သော်လည်း၊ ဤနေရာ၌ လွယ်လင့် တကူ သေဆုံး သွားခဲ့သည်။
ဘိုင်ချူဟွေက မျက်မှောင်ကြုတ် ထားကာ၊ စိုးရိမ်မှု အရိပ် အယောင်များ ပြည့်နှက် လာ ခဲ့သည်။ သည်ခရီးစဉ်တွင် ထင်သလောက် ချောမွေ့မည် မဟုတ်ဟု သူ့ အတွေ့ အကြုံ အရ သိနှင့် နေမိသည်။
လင်းယွန်က မြင်းပေါ်မှ ခုန်ဆင်းကာ အလောင်းကို စတင် စစ်ဆေး လိုက်၏။
သေဆုံးနေသော သိုင်းသမား၏ မျက်နှာမှာ ညိုမဲပြီး၊ ခြေလက်များ တောင့်တင်း နေ၏။ ယင်းသည် အဆိပ်ဖြင့် သေဆုံး သွားရသည့် လဏ္ခာမျိုး ဖြစ်ပြီး၊ ထို့ထက် ပို၍ ထူးခြားမှု တစ်စုံ တစ်ရာ မရှိခဲ့ပေ။
၎င်းကို အသေးစိတ် စစ်ဆေးခြင်း မပြုနိုင် မီတွင် ဘူချန်က ရုတ်တရက် မေးလာသည်။
" အလောင်းနဲ့ ပတ်သက်ပြီး မင်း ထင်မြင်ချက်ရှိလား"
ဘိုင်ချူဟွေနှင့် ရှောင်းရန်တို့ နှစ်ယောက် စလုံးက လင်းယွန်ကို လှည့်ကြည့် လိုက်သည်။ လင်းယွန်က 'သွေးအရိုး တောအုပ်' သို့ မရောက်ရှိ ဖူးသောကြောင့်၊ 'ဂို'မျိုးနွယ်စုမှာ အဆိပ်ကြောင့် သေဆုံး သွားကြောင်း ကိုသာ သူ ပြောပြ နိုင်ပေမည်။ ဘူချန်က သူ့ကို ရည်ရွယ်ချက် ရှိရှိ ပစ်မှတ် ထားလာ လေပြီ။
လင်းယွန်က ခေါင်းယမ်း လိုက်ပြီး၊
“ အဆိပ်ကြောင့် သေဆုံး ရတယ် ဆိုတာက လွဲလို့ တခြား ဘာမှ မပြောနိုင် ပါဘူး”
ဘိုင်ချူးဟွေက လင်းယွန် စကားကို ခေါင်းညိတ် လက်ခံ လိုက်ပြီး၊ ဘူချန်ဘက် လှည့်ကာ၊
" ငါလည်း မပြောနိုင်ဘူး၊ မင်း တစ်ခုခု ရှာတွေ့ ခဲ့သလား"
" မိန်းကလေးဘိုင်၊ ဒီကောင်လေးက တရားခံပဲ"
ဘုချန်က သူ့ လက်ဖဝါး အတွင်းရှိ ပင့်ကူနက်တစ်ကောင်ကို ဖွင့်ပြ လိုက်သည်။
“အဲဒါကို တစ်ချက်လောက် ကြည့်ရအောင်။”
ဘိုင်ချူးဟွေက စိတ်ဝင်စား စွာဖြင့်၊ အနား တိုးကပ် သွားလိုက်၏။
“ မလုပ်နဲ့၊ ဒါက သွေးအရိုး ပင့်ကူပဲ၊ ခြေထောက် တစ်ဖက်စီရဲ့ အဆုံးမှာ အဆိပ်တွေ ရှိနေတယ်၊ ထိတွေ့ မိသူတိုင်း သေဆုံး သွားလိမ့်မယ်၊ ဒီပင့်ကူကို မြင်ရင် ဒါက 'သွေးအရိုး တောအုပ်' ထဲ နက်နက် ရှိုင်းရှိုင်း ရောက်လာ ပြီလို့ အဓိပ္ပါယ် ရတယ်.... ''
ဘူချန်က ဘိုင်ချူးဟွေ ချဉ်းကပ် လာမှုကို ဟန့်တား လိုက်ပြီး၊ ပင့်ကူကို ချေမှုန်းရန် သူ့လက်ကို မြှောက်လိုက် လေသည်။
“ မင်းရဲ့ စေ့စပ် သေချာမှုက ဂုဏ်သတင်းနဲ့ ထိုက်တန် ပါပေတယ်၊ သွေးအရိုး ပင့်ကူ အကြောင်းကို အရင်က ကြားဖူးတယ်၊ သူတို့ရဲ့ အဆိပ်က သွေးကို တိုက်စားပြီး၊ မီးနဲ့ ရေကို ခံနိုင်ရည် ရှိသောကြောင့်၊ ကိုင်တွယ်ဖို့ အလွန် ခက်တယ်... ။ "
အခြားသော ဂိုဏ်းများမှ အထက်တန်းလွှာ သိုင်းသမား များက ထိုစကားကို ကြားပြီးနောက် ဘူချန်ကို ရိုသေစွာ ကြည့်လိုက် ကြသည်။
ရှောင်းရန်က ပြုံးလိုက်ပြီး၊
“ဒါက သိပ် မလွယ် ပါဘူး၊ ကျေးဇူး ပြုပြီး လမ်းကြောင်း တစ်ခု ဖွင့်ပေးပါ၊ ညီအစ်ကို ဘူချန်က အခြား ရှာဖွေ ဖို့တွေ ရှိပါ သေးတယ် ”
" အန္တရာယ် ရှိနေ သေးလား "
ဘိုင်ချူဟွေက လှည့်မေး လိုက်သည်။
" မိန်းကလေးဘိုင် မင်း ခဏနေ သိပါ လိမ့်မယ်"
လျှို့ဝှက်သော အပြုံးဖြင့် ဘူချန်က ပြန်ဖြေ လိုက်သည်။
ဘူချန်သည် ပင့်ကူကို တွေ့ရှိခဲ့ သော်လည်း၊ လင်းယွန်အား မမေးမြန်းမီ သူ့ လက်ထဲတွင် ရည်ရွယ်ချက် ရှိရှိ ဝှက်ထား ခဲ့သည်။ လင်းယွန် အနေဖြင့် ဘူချန်မှာ မည်သည်ကို ရည်ရွယ် နေမှန်း မခန့်မှန်း နိုင်ခဲ့ချေ။
ထို့နောက် လူတိုင်း မီတာတစ်ရာ အကွာထိ ဆုတ်ခွာ သွားလိုက် ကြ၏။
ဘူချန်၏ မူလ စွမ်းအင် များကို ခန္ဓာကိုယ် အတွင်း ဖြန့်ကျက် လိုက်သည်နှင့်၊ ပြင်းထန်သော အရှိန်အဝါများ ထွက်ပေါ် လာ ခဲ့သည်။
'' ဟိတ်...... ''
ခပ်တိုးတိုး ကြုံးဝါး လိုက်ပြီး၊ အလောင်းကို လက်သီးဖြင့် ထိုးချ လိုက်၏။
“ မဟုတ်ဘူး မင်း မလုပ်နဲ့ ''
ဂို မိသားစု သိုင်းသမား များက ထိတ်လန့် တကြား၊ ထအော် လိုက်ကြ၏။ သေလွန် သူများကို အရို အသေ မဲ့ခြင်းမှာ၊ ရိုင်းစိုင်း လွန်းသော အပြု အမူပင် ဖြစ်လေသည်။
မည်သူမျှ မဟန့်တား နိုင်မီ အလောင်းမှာ ရုတ်တရက် ပေါက်ကွဲ သွားခဲ့၏။
တစ်ဆက်တည်း မှာပင် အဆုံးမ ရှိသော ပင့်ကူများ ပတ်ပတ်လည် သို့ ပျံ့နှံ့ လာသည်။
အလောင်း ထဲ၌ ပုန်းကွယ် နေသော သွေးအရိုး ပင့်ကူ များစွာ ရှိနေ လိမ့်မည်ဟု မည်သူမျှ မမျှော်လင့် ထားပေ။ အကောင်ရေ ရာဂဏန်းခန့် ရှိပေမည်။
ယင်းကို မြင်သော အခါတွင် ဂိုမိသားစု၏ အစောင့် သိုင်းသမား များမှာ မျက်နှာများ ဖြူဖျော့ သွား ခဲ့သည်။
“ ဟမ် ....၊ အားနည်းတဲ့ ပိုးမွှားတွေ သေစမ်း "
ဘူချန်၏ လက်များတွင် တံဆိပ်များ ဖြစ်ပေါ် လာသည်။ ၎င်းသည် ' ထာဝရ နတ်ဘုရားတံဆိပ်' ဖြစ်ပြီး၊ သူ့ လက်များကို ရှေ့သို့ တွန်းလိုက် သည်နှင့် ပင့်ကူ အားလုံးကို ချေမှုန်း ပစ်နိုင်မည့် လှိုင်းလုံးများ လွှတ်ထုတ် လွှတ်လာ၏။
" ဘယ်လို စွမ်းအား မျိုးလဲ "
“ ဒါက ကျားနဂါး လက်သီးလား၊ ဟိုနေ့က သခင်လေးလင်း သုံးတာထက် ပို သန့်ရှင်းလိုက်တာ ”
“ သခင်လေးလင်းက ကျား-နဂါး လက်သီးကို သူ့ဓားနဲ့ ပေါင်းစပ် ထားတဲ့ အတွက် ဒီလောက် သန့်ရှင်း ခဲ့တာ မဟုတ်ဘူး။ ”
အခြားသော ကျင့်ကြံသူ များက ထိတ်လန့် သွားကြသည်။ ထိုအချိန်တွင် ဘိုင်ချူးဟွေက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး၊
" ကူညီပေး ခဲ့တဲ့ အတွက် ကျေးဇူးတင် ပါတယ်၊ ပင့်ကူတွေသာ ထွက်လာ ခဲ့ရင် နောက်ဆက်တွဲ ရလာဒ်က ဆိုးဝါး ကုန်လိမ့်မယ်။ ”
“ ရွံစရာ အကောင်တွေ …”
" အလောင်းကိုသာ ငါတို့နဲ့ အတူ၊ ယူလာ ခဲ့မယ် ဆိုရင်၊ ဘာဖြစ် သွားမလဲ ဆိုတာ၊ ဘယ်သူ သိမှာလဲ "
" ဒါတွေ အားလုံးက သခင်လေးဘူ ရဲ့ ကျေးဇူးတွေပါ ''
ပင့်ကူများကြောင့် ထိတ်လန့် သွားပြီး ဘူချန်ကို ကျေးဇူးတင်ကြောင်း ထုတ်ဖော် ပြလာ ကြသည်။
ဘူချန်က သူ့လက်ကို ဝှေ့ယမ်း လိုက်ပြီး၊
“ ငါ့ကို ကျေးဇူးတင် နေစရာ မလိုပါဘူး၊ နောက်ဆုံး အနေနဲ့၊ ငါတို့က မစ်ရှင်ကို လက်ခံပြီးပြီ ဖြစ်တာကြောင့် သဘာဝ အတိုင်း တာဝန်ယူ ပေးခဲ့ တာပါ ''
ဘူချန်စကားကို ဘိုင်ချူးဟွေက ခေါင်းညိတ် အသိအမှတ် ပြုပြီး၊ လှည့်ကြည့် လိုက်ရာ၊ လင်းယွန် ထွက်ခွာ သွားကြောင်း တွေ့လိုက် ရသည်။
" ခရီး ဆက်ကြရအောင်။"
ဘိုင်ချူးဟွေက ဘူချန်နှင့် ရှောင်းရန်ကို ပြုံးပြ လိုက်ကာ၊ အဖွဲ့ကို ပြန်လည် ဦးဆောင် လိုက်သည်။
ရှောင်းရန်က ဘူချန်ကို ကြည့်လိုက်ပြီး။
"အစ်ကိုဘူ၊ မနေ့ညက မင်း ... အောင်မြင်မှု တစ်ခု ရသွား ပုံပဲ၊ မင်းရဲ့ ကျား- နဂါး လက်သီးက တိုးတက် လာပြီ။ "
“ အင်း နည်းနည်း ပါ ''
ဘူချန်က ပြန်ဖြေသည်။ ရှောင်းရန်က လင်းယွန်ကို မျှော်ကြည့် လိုက်ပြီး၊
" လင်းယွန်က မင်းကို ရည်ရွယ်ချက် ရှိရှိ ရှောင်နေ ပုံရတယ်"
'' ဒါလည်း ကောင်းပါတယ်၊ မနေ့ ကလိုပဲ သူ မောက်မာ လိမ့်မယ်လို့၊ ငါတကယ် မျှော်လင့်ထားတာ၊ ဒါမှ ငါ့ရဲ့ ခွန်အားကို ပြသဖို့ အခွင့် အရေး ရလာမယ် မဟုတ်လား၊ ငါတို့က နိမ့်ကျတဲ့ ပုံရိပ်ကို ထိန်းထား ပေမယ့် သူ့ကိုတော့ ထင်ပေါ်ခွင့် မပြု နိုင်ဘူး။”
ဘူချန်၏ စကားကို သဘောတူ ဟန်ဖြင့်၊ ရှောင်းရန်က ခေါင်းညိတ် လိုက်၏။
“ မှန်တယ်၊ ဒီ ဘိုင်ချူးဟွေရဲ့ နောက်ခံက လျှို့ဝှက် လွန်းတယ်... ၊ သူ့ အာရုံကို စွဲဆောင် နိုင်ရင် ငါတို့ကို အများကြီး အကျိုးရှိ မှာပါ။”
“ ဒါပေမယ့် ငါတို့ အလျင်လို စရာ မလို ပါဘူး၊ သွားရမယ့် ခရီးက အဝေးကြီး ကျန်နေ သေးတယ်၊ တကယ့် အထက် တန်းစား တစ်ယောက်က၊ ဘာလဲဆိုတာ ပြသဖို့၊ အခွင့် အရေးတွေ အများကြီး ရှိလာ မှာပါ ”
ဘူချန်၏ မျက်လုံးများတွင် ယုံကြည်မှုများ၊ တောက်ပ လာလေသည်။
နှစ်ယောက်သား မြင်းပေါ် တက်လိုက်ပြီး၊ ဘိုင်ချူးဟွေ၏ ဘေးတစ်ဖက် တစ်ချက် ဆီသို့ ဝန်းရံ လိုက်ပါရန် တိုးဝင်သွား ကြသည်။
ဘူချန် ပြောခဲ့ သလိုပင် ပတ်ဝန်းကျင် မြင်ကွင်းများ အရ၊ သွေးအရိုး တောအုပ်အတွင်း တောနက်ထဲထိ ဝင်လာ နေမိ ပြီကို သတိထား လာမိ ကြသည်။
ပတ်ဝန်းကျင် ရှုခင်းများ ပြောင်းလဲ သွားကာ၊ သိပ်သည်းသော ဝိညာဉ် စွမ်းအင်များ ပိုမို များပြား လာ၏။
လမ်းတစ်လျှောက်တွင် နတ်ဆိုး သားရဲပေါင်း များစွာကို စတင် ကြုံတွေ့ ခဲ့ရပြီး၊ တစ်ကြိမ်ထက် တစ်ကြိမ် ပို၍ များပြား လာလေသည်။
ဘူချန်နှင့် ရှောင်းရန် တို့မှာ သန်မာ လွန်းသည် ဖြစ်ရာ၊ အသေ အပျောက် အရေ အတွက်ကို လျှော့ချရန် အတွက်၊ ၎င်းတို့၏ 'ကျား- နဂါးလက်သီး' နှင့် 'အရိပ် ဓား' နည်းစနစ်ကို ထုတ်ဖော် ခဲ့သည်။
ပဉ္စမမြောက် နတ်ဆိုး သားရဲ လှိုင်းတွင် နက်နဲ နယ်မြေ၏ ပဉ္စမ အဆင့်တွင် ရှိကြသော၊ မီးလျှံ ကျားသစ် အကောင် နှစ်ဆယ်ခန့် ပါရှိ လေသည်။
မီးလျှံ ကျားသစ် များက တောအုပ် အတွင်းမှ မီးတောက်များ ကဲ့သို့ လျင်မြန်စွာ ရွေ့လျား လာကြ၏။
သူတို့၏ လျင်မြန်သော အဟုန်ကြောင့် ဂိုမိသားစု သိုင်းသမား များမှာ ခံစစ် စည်းကို မဖွဲ့စည်း နိုင်ခင်တွင်၊ မီးလျှံ ကျားသစ် အနည်းငယ်က ဘိုင်ချူးဟွေ ဆီသို့၊ တိုးဝင် ခုန်အုပ် လာလေသည်။
" န ဂါး ပန်း ချီ.... "
သို့သော် ဘူချန်က ရုတ်တရက် အော်ဟစ်လိုက်ပြီး ကောင်းကင်သို့ ခုန်တက် သွားသည်။
သူ့ လက်များကို စုတ်တံ အဖြစ် အသုံးပြုကာ၊ နဂါးနှင့် ကျားတို့၏ ရောင်ဝါကို မှင်အဖြစ် စုဖွဲ့စေ ပြီးနောက်၊ ကျာ-နဂါး လက်သီး၏ နဂါးပန်းချီကို လေထု ထဲ၌ ခင်းကျင်း လိုက် လေသည်။
မူလ စွမ်းအင်များက ပတ်ဝန်းကျင်ရှိ လေထုထဲတွင် ကြမ်းကြုတ်သော နဂါး တစ်ကောင် အဖြစ်သို့ စုစည်း လာတော့သည်။
လက်သီးကို ထိုးချ လိုက်သည်နှင့် ထိုနဂါးထံမှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအား တစ်ခု ပြေးထွက် သွားပြီး၊ မီးလျှံ ကျားသစ် ငါးကောင်ကို တစ်ချက် တည်းဖြင့် လွင့်စင် သွားစေခဲ့သည်။
ကျန်ရှိသော မီလျှံ ကျားသစ်များက အဆိုပါ မြင်ကွင်းကို မြင်လိုက် ရသော အခါတွင်၊ ထိတ်လန့် သွားပြီး ချက်ချင်း ပြန်လှည့် ပြေးသွား ကြကုန်၏။
ဤအခင်း အကျင်းကို မြင်လိုက် ရသော ဂိုမိသားစု အစောင့် သိုင်းသမား များမှာ အသက်ရှူကြပ် သွားကြသည်။
ကျားနဂါး လက်သီးတွင် စုစုပေါင်း လှုပ်ရှားမှု ကိုးခု ရှိပေသည်။
၎င်းတို့မှာ....
- ကျားနဂါး အရှိန်အဝါ၊
- ကျားနဂါး ခြေလှမ်းများ၊
- ပျံသန်းနေသော နဂါး၊ ပုန်းကွယ် နေသော ကျား၊
- နဂါးပျံခြင်း ကျားဝပ်ခြင်း၊
- နဂါး အမြီး ရမ်းခြင်း၊
- နဂါး ပန်းချီ နဂါး ပျံသန်းခြင်း၊
- ပုန်းကွယ်နေသော နဂါး၊ ချောင်းမြောင်း နေသော ကျား၊
- သားရဲလှိုင်း ပေါက်ကွဲခြင်း နှင့်
- ကျားနဂါး အုပ်စိုးမှု ...
တို့ ဖြစ်ပေ သည်။
လှုပ်ရှားမှု တစ်ခုစီသည် အစွမ်းထက် လှပြီး၊ ၎င်းတို့အား တံဆိပ် များဖြင့် အားဖြည့် ပြီးနောက်၊ ပိုမို စွမ်းဆောင် နိုင်မည် ဖြစ်သည်။
လင်းယွန်က 'နဂါး-ကျား လက်သီး' နှင့် 'လေးနက်သော ခြေလှမ်း ခုနှစ်လှမ်း' ကို ပေါင်းစပ်ကာ တံဆိပ်လေးခု နှင့်အတူ အားဖြည့်ရန် အလွန် အာရုံ စိုက်ခဲ့သည်။ ပထမ ပုံစံ သုံးမျိုး အပြင်၊ 'နဂါး အမြီး ရမ်းခြင်း' ကို လေ့ကျင့် ထား ခဲ့သည်။
ပဉ္စမ ပုံစံမှာ လင်းယွန် နားမလည် နိုင်သေးသော 'နဂါး ပန်းချီ' ဖြစ်သည်။ ဘူချန်က ၎င်းကို အသုံးပြု နေသည်ကို မြင်လိုက်သော အခါတွင်၊ သူ့ မျက်လုံး များ၌ အလင်းရောင် များ တောက်ပ သွား သော်လည်း၊ မကြာခင် မှာပင် ခေါင်းယမ်း လိုက်မိ လေသည်။
လက်သီးမှာ ပြင်းထန် လှသော်လည်း၊ ဘူချန်က ၎င်းကို အပြည့်အဝ မဆုပ်ကိုင် နိုင်ခဲ့ပေ။ ထုတ်ဖော်နိုင်ရုံသာ ရှိပေရာ၊ သန်မာသည့် ရန်သူဖြင့် ဆုံတွေ့ ရပါက ဒုက္ခရောက် ပေလိမ့်မည်။
၎င်းတွင် ချို့ယွင်းချက် များစွာ ရှိခဲ့ပြီး၊ ဘူချန်က အသုံးပြုရန် ကြိုးစားရာတွင် အနည်းငယ် အလျင် စလို ဖြစ်ခဲ့ ပုံရသည်။ မည်သို့ပင် ဆိုစေကာမူ၊ ဘိုင်ချူးဟွေ၌ အန္တရာယ် မရှိ တော့သည်ကြောင့် နှုတ်ဆိတ် နေရန်သာ ဆုံးဖြတ် လိုက်၏။
မီးလျှံ ကျားသစ်များ ထွက်ပြေး သွားသည်ကို မြင်လိုက် သည်နှင့် လင်းယွန်က 'နတ်ဘုရား ပုံရိပ်ယောင် ဓား' ကို ထုတ်ဖော်ကာ၊ တစ်ချက် တည်းဖြင့် သုတ်သင် ပစ်လိုက်သည်။
ထို့နောက်တွင် ဒဏ်ရာ ရသွားသော 'ဂို' မိသားစု၏ အစောင့်ကို လှမ်းဆွဲ တင်ရန် လက်ကမ်းပေး လိုက်သည်။
"ဟေး မင်း အဆင်ပြေ ရဲ့လား"
ဆွဲတင်ခံရသည့် အစောင့် သိုင်းသမားက ၎င်း၏ ဝမ်းဗိုက်တွင် မီးလျှံ ကျားသစ် အကိုက်ခံ ခဲ့ရသော ဒဏ်ရာကို၊ ချက်ချင်း ပတ်တီး ပတ်ထား ခဲ့သော်လည်း၊ အသည်းခိုက် မတက် နာကျင် နေခဲ့သည်။
လင်းယွန်က သူ့လက်ကို လှမ်းဆွဲ လိုက် သည်ကြောင့် ထိတ်လန့် သွား၏။ ဤသူသည် ဓားနန်းတော်၏ တပည့် တစ်ဦးဖြစ်ရာ၊ ၎င်းအပြု အမူသည် သူ့အား အံ့အားသင့် သွားစေခြင်း ဖြစ်သည်။
"ကျေးဇူးပါ ငါ မသေနိုင် ပါဘူး "
အစောင့် သိုင်းသမားက လင်းယွန် လက်ကို အားပြုကာ မတ်တပ် ထရပ် လိုက်၏။
'' နာမည် ဘယ်လို ခေါ်လဲ "
လင်းယွန်က မေးလိုက်သည်။
“ ငါ့ နာမည်က ဂိုယုပါ ဂိုမိသားစု အခွဲက ...”
ဟု တုံ့ပြန် လာခဲ့သည်။
“ ငါ့ မြင်းပေါ်တက်၊ မင်းရဲ့ ဒဏ်ရာက မပြင်းထန် တဲ့ အတွက် မင်းဆက်ပြီး၊ ခရီးဆက် နိုင်ပါ သေးတယ်၊ ဒါပေမယ့် လမ်းလျှောက်မယ် ဆိုရင်တော့၊ မင်းရဲ့ ဒဏ်ရာကို ပွင့်ထွက် သွား စေလိမ့်မယ် ”
" ဒါကို ငါ တကယ် စီးခွင့် ရှိပါ့ မလား"
ဂိုယုက သူ ကြားသမျှကို မယုံ ဝံ့ခဲ့ပေ။ သူ့ အမူ အရာကြောင့် လင်းယွန်က ပြုံးကာ နဂါးသွေး မြင်းပေါ် ပင့်တင် လိုက်ပြီး၊
“ စိတ်မပူပါနဲ့၊ ဒါပေမယ့် ငါ့ မြင်းက ခပ်ရိုင်းရိုင်းဆိုတော့ မြဲမြဲ ကိုင်ထား။ ”
ဟု ဆို လိုက်သည်။
ဘူချန်နှင့် ရှောင်းရန် တို့က ဘိုင်ချူးဟွေအား စကား ပြောဆိုရန် ကြိုးစား နေစဉ်၊ လင်းယွန်က ဂိုယုကို မြင်းပေါ်သို့ တွန်းတင် နေခဲ့သည်။
အထူးသဖြင့် အစောပိုင်း ဖြစ်ရပ် များကြောင့် ဘူချန်၏ မျက်နှာတွင် ဂုဏ်ယူ ဝင့်ကြွားမှု များဖြင့် ပြည့်နှက် နေလေပြီ။
'' သခင်လေးလင်း၊ ငါ့မှာ ပြောစရာ နည်းနည်း ရှိတယ်၊ ဒါပေမယ့် သူတို့ အကြောင်း ပြောရတာ မင်းသိချင် ပါ့မလား မသိဘူး"
ဂိုယုက အကြာကြီး တုံ့ဆိုင်း သွားသည် ကြောင့်၊ လင်းယွန်က ခေါင်းညိတ် ပြုံးပြ လိုက်သည်။
“ မင်း ပြောနိုင် ပါတယ်''
" ကောင်းပြီ သခင်လေးလင်း ငါတို့ရဲ့ ခရီးစဉ်မှာ ဘူချန်နဲ့ ရှောင်းရန် က မင်းကို ပစ်မှတ်ထားနေတာ ငါ သတိ ထားမိတယ်၊ မင်းရော သတိထား မိလား "
" အင်း နည်းနည်းတော့ သတိထား မိပါတယ် "
လင်းယွန်မှာ မမိုက်မဲသူ တစ်ယောက် မဟုတ်ချေ။ ပတ်ဝန်းကျင်ကို ကောင်းကောင်း နားလည် နိုင်သည်။
" သေချာပေါက် ...၊ မင်း မသိသေးတဲ့ ကိစ္စ တစ်ခုတော့ ရှိတယ်၊ အဲ့ဒါက မိန်းကလေး ဘိုင်ပဲ၊ ငါ့ 'ဂို' မိသားစုရဲ့ ဘိုးဘေး တောင်မှ မိန်းကလေး ဘိုင်ကို စော်ကား ဝံ့တာ မဟုတ်ဘူး၊ သူမမှာ ခိုင်မာတဲ့ နောက်ခံ တစ်ခု ရှိတယ်၊ သူမက မင်းနဲ့ ပတ်သက်ရင်၊ အမြင်ကောင်း ရှိနေတယ် ဆိုတာ သိသာ ပါတယ်။ ”
ဂိုယုက အနည်းငယ် စိတ်လှုပ်ရှား လာပြီး၊ ဘူချန် တို့ထံ ဝေ့ကြည့်ကာ၊
" အဲ့ဒါနဲ့ ပတ်သတ်ပြီး၊ ရှောင်းရန်နဲ့ ဘူချန်တို့ရဲ့ မျက်နှာတွေ မနေ့ညက ဘယ်လို ပြောင်းလဲ သွားလဲ ဆိုတာကို ငါ သတိထား မိတယ် "
လင်းယွန်က ထို နှစ်ယောက်နှင့် ပတ်သတ်၍ စိတ်မ ဝင်စား ခဲ့ချေ။ ဘိုင်ချူးဟွေ ကြောင့်၊ သူ့ကို တွန်းပို့ ချင်ခဲ့ ပါက၊ သနား နေမည် မဟုတ်နိုင်။
နှစ်ယောက်သား စကား စမြည် ပြောဆို နေကြစဉ်၊ ဘိုင်ချူးဟွေက ဘေး၌ ဘူချန်နှင့် ရှောင်းရန် တို့ကို ခြုံရံကာ၊ သူတို့ဆီ လျှောက်လှမ်း လာသည်ကို လှမ်းမြင် လိုက်ရ လေသည်။
***