← Chapters

ချိုင်းဝှမ်း အတွင်း၌ ရနံ့ ရှာဖွေခြင်း။

Vol. 19 Ch. 256

ချိုင်းဝှမ်း အတွင်း၌ ရနံ့ ရှာဖွေခြင်း။

Vol. 19 Ch. 256

“ သခင်လေး ဘူချန်နဲ့ ရှောင်းရန် တို့က ခဏလောက် အနား ယူဖို့ အကြံ ပြုထားတယ်၊ လင်းယွန် မင်းရော ဘယ်လို ထင်လဲ "

အနား ရောက်လာ သည်နှင့် မြင်းပေါ်ရှိ ဂိုယုကို တစ်ချက် ကြည့်ကာ၊ ဘိုင်ချူးဟွေက မေးလာ ခဲ့သည်။

သူတို့ အဖွဲ့မှာ နတ်ဆိုး သားရဲ လှိုင်းများကြောင့်၊ အသေ အပျောက် များစွာ ကြုံတွေ့ ခဲ့ရပြီး၊ ပျိုးကျွန် များသည်လည်း ဒဏ်ရာများ ရရှိ ခဲ့သည်။

“ ကောင်းပါတယ်၊ အဆင်ပြေ တာပေါ့”

လင်းယွန်က ခေါင်းညိတ် လိုက်၏။

ဘူချန်က နဂါးသွေး မြင်းပေါ်ရှိ ဂိုယုကို ကြည့်လိုက် မိသော အခါတွင်၊ အလို မကျ ဟန်ဖြင့်သတိပေး လာသည်။

“ လင်းယွန်၊ ငါတို့ရဲ့ တာဝန်က မိန်းကလေးဘိုင်နဲ့ သူ့ရဲ့ ပျိုးကျွန် တွေကို ကာကွယ် ဖို့ပဲ၊ ဂိုမိသားစု သိုင်းသမားတွေ မပါဖူး ဆိုတာ သတိရပါ၊ မိန်းကလေးဘိုင် ကတော့ ဒဏ်ရာ ရလု နီးပါးပဲ၊ မစ်ရှင်ကို မမေ့ပါနဲ့ ...၊ ”

“ ဟုတ်တယ်၊ သတိထား ... ထပ်မလုပ် ပါနဲ့ ”

ရှောင်းရန်ကပါ ဝင်ရောက် ပြောဆို လိုက်၏။

လင်းယွန်အား ပြစ်တင် ရှုတ်ချပြီး၊ သူတို့ နှစ်ဦးက အဖွဲ့၏ ခေါင်းဆောင် များ ကဲ့သို့ ပြုမူ လိုက်ကြသည်။

ယခင် အချိန်၌ ၎င်းတို့ နှစ်ဦး၏ ရည်ရွယ်ချက်ကို မသိခဲ့ သော်လည်း၊ ဂိုယု ထံမှ သတိပေး လာ ပြီးနောက်၊ လင်းယွန်က ရှင်းရှင်း လင်းလင်း နားလည် လိုက်မိသည်။

လင်းယွန်မှာ ဤအခြေ အနေ၌ သာယာ နေမည် မဟုတ်ချေ။ သူ၏ အာရုံမှာ ကျင့်ကြံခြင်း အပေါ် တွင်သာ ရှိလေသည်၊ ထို့ကြောင့် မိန်းမ တစ်ယောက်၏ ချစ်ခင်မှုကို ရယူရန် အပြိုင် အဆိုင် ပြုလုပ် နေမည် မဟုတ်။

ထို့ကြောင့် ခေါင်းညိတ် အသိအမှတ် ပြုဟန်ဖြင့်၊ ပြေရာ ပြေကြောင်း ပြောဆို လိုက်သည်။

“ တကယ်ကို အန္တရာယ် များ ခဲ့ပါတယ်၊ ညီအစ်ကို ဘူချန်ရဲ့ 'နဂါး ပန်းချီ' သာ မရှိရင် နည်းနည်းတော့ ဒုက္ခ ဖြစ်လိမ့်မယ် ထင်တယ် ”

" နည်းနည်း တဲ့ လား "

ရှောင်းရန်က ပြုံးပြီး ရေရွတ် လိုက်သည်။ ဘူချန်၏ နဂါးပန်းချီ ကြောင့်သာ မဟုတ်ပါလျှင်၊ ၎င်းသည် အနည်းငယ် သော ဒုက္ခ ဖြစ်မည် မဟုတ်ပေ။

မီးလျှံ ကျားသစ် ငါးကောင်သာ ဖြတ်ကျော် သွားနိုင် ပါက၊ ဘိုင်ချူးဟွေမှာ သေဆုံး ခြင်းဖြင့် အဆုံးသတ် လိမ့်မည် ဖြစ်သည်။

ဘူချန်မှာမူ မနေ့ည၌ 'နဂါး ပန်းချီ'ကို နားလည် နိုင်ခဲ့ပြီး၊ ရလဒ် အနေဖြင့် သူ့ကိုယ်သူ အလွန် ပြည့်ဝ သွားခဲ့ သည်ဟု၊ ယူဆ ထားမိရာ၊ လင်းယွန်၏ လေသံကို ကြားလိုက် ရသော အခါတွင်၊ ချက်ချင်းပင် အလို မကျသော အမူ အယာများ ပြသ လာကာ၊

“ မင်းလည်း ကျားနဂါး လက်သီးကို လေ့ကျင့်ထားတာကို မေ့လု နီးပါး ပါပဲ၊ နဂါး ပန်းချီကို မင်း နားလည် နိုင်မလား"

“ နား မလည် ပါဘူး ”

လင်းယွန်က ခေါင်းခါ လိုက်၏။ ကျားနှင့် နဂါး ပုံစံ ကိုးမျိုး စလုံးကို၊ တတ်နိုင် သရွေ့ အသုံးချ နိုင်သော်လည်း၊ ပုံစံ တစ်မျိုးချင်း စီကို မည်သို့ ပြုလုပ် ရမည်ကို၊ ပို၍ ကျွမ်းကျင် လာသည် အထိ လေ့ကျင့် နေမိသည်။

သို့ မဟုတ် ပါက၊ ဟာကွက်များ ပြည့်နှက် နေသော လှုပ်ရှားမှု တစ်ခုသည် သန်မာသော ပြိုင်ဘက်နှင့် ရင်ဆိုင် ရပါက၊ များစွာ အန္တရာယ် ရှိနေ ပေမည်။

သူ၏ နဂါးပန်းချီမှာ ဘူချန်ထက် အနည်းငယ် ပို အားကောင်း သော်လည်း၊ ၎င်းကို ဟာကွက်မရှိ မကျွမ်းကျင် ခဲ့ပေ။ ထို့ အတွက်ကြောင့် ပထမ ပုံစံ လေးမျိုးကိုသာ တိုက်ခိုက် ရာ၌ အသုံးပြု ပေသည်။

ပထမ သုံးကွက်တွင် ပြီးပြည့်စုံသော ကျွမ်းကျင် မှုကို ရရှိ ထားပြီး၊ စတုတ္ထ သိုင်းကွက် မှာမူ အဆင့်မြင့် ကျွမ်းကျင် မှုသို့ ဆုပ်ကိုင် ထားနိုင် ခဲ့သည်။

“ ဒါဆို မင်း မသိနိုင်တဲ့ အရာတွေ အပေါ် မဝေဖန် နဲ့ ”

ဘူချန်က အေးစက်စွာ သတိပေး လာ၏။ 'နဂါး ပန်းချီ' သည် အလွယ် တကူ လေ့လာ နိုင်သော အရာ မဟုတ်ပေ။ ၎င်းကို တစ်နှစ်ခွဲကြာအောင် လေ့ကျင့် ခဲ့ရပြီး၊ မနေ့ည မှသာ နားလည်နိုင် ခဲ့ခြင်း ဖြစ်သည်။

ပြင်ပ တပည့် များသည် ကျားနဂါး လက်သီးကို သင်ယူ ရာ၌၊ ဂိုဏ်းအတွင်း လမ်းညွှန်မှု တစ်စုံ တစ်ရာအား မရ ရှိရုံ သာမက၊ မပြည့်စုံသော သိုင်းနည်းစနစ် များကိုသာ ရယူ နိုင်ပေမည်။ ထို့ကြောင့် လျင်မြန်စွာ နားလည် နိုင်မှ သာလျှင် ထူးဆန်း နေမည် ဖြစ်သည်။

အဖွဲ့ အတွင်းရှိ သိုင်းသမား အများစုမှာ ဘူချန်၏ အလိုမကျ သံကို ကြားလိုက် သည်နှင့် အချင်းချင်း စတင် ဆွေးနွေး လာကြသည်။

"ဒီခရီးစဉ် အတွက် ဘူချန်နဲ့ ရှောင်းရန်ကို အားကိုး ရမယ်၊ မနေ့က သူတို့ရဲ့ နိမ့်ကျတဲ့ ပုံရိပ် တွေကြောင့် ဒီလောက် အစွမ်းထက် မယ်လို့ မမျှော်လင့် ထားမိဘူး။ ”

“အရည် အချင်းရှိတဲ့ သူတွေက၊ မော်ကြွား နေဖို့ မလိုဖူးလေ ”

“ ဒါတော့ ဟုတ်တယ်၊ မနေ့က လင်းလန်တို့ နှစ်ယောက်ကို လင်းယွန်က အနိုင်ယူ ခဲ့ပေမယ့်၊ 'သွေးအရိုး တောအုပ်' မှာတော့ ဘူချန်တို့ထက် သိသိ သာသာ နိမ့်ကျ နေတယ်၊ အထူး သဖြင့် ဘူချန်ရဲ့ 'နဂါး ပန်းချီ'က လင်းယွန် မရောက်ရှိ နိုင်တဲ့ အဆင့်ပဲ ”

“ဘူချန်က အရမ်း သန်မာတယ် မီးလျှံကျားသစ် ငါးကောင်ကို လက်သီး တစ်ချက်ထဲနဲ့ မောင်းထုတ် နိုင်တယ် မယုံနိုင် စရာပဲ၊ ''

" ငါတို့ ဘူချန် နဲ့ဆို ဘေးကင်း လိမ့်မယ်၊ လမ်းလွဲ သိုင်းသမား တွေကို ကြောက်စရာတောင် မလိုဘူး။ ”

ပတ်ဝန်းကျင်ရှိ သိုင်းသမားများ ထံမှ ချီးမွမ်း သံကို ကြားလိုက်ရ သည်နှင့်၊ ဘူချန်မှာ ကြေနပ် သွားသော်လည်း၊ မော်ကြွားခြင်း မပြု ခဲ့ချေ၊ ဘိုင်ချူးဟွေကို တစ်ချက် ကြည့်လိုက်ကာ၊

" မိန်းကလေးဘိုင် ညီအစ်ကို လင်းက မဆန့်ကျင်တဲ့ အတွက်၊ ဒီနေရာ မှာပဲ အနားယူ ကြရအောင်"

"ကောင်းပြီ နားကြ တာပေါ့ "

ဘိုင်ချူးဟွေက ပြုံးပြီး ပြန်ဖြေသည်။

သူတို့ သုံးယောက် ပြန်လည် ထွက်ခွာ သွား ပြီးနောက်၊ နဂါးသွေး မြင်းပေါ်ရှိ ဂိုယုက၊

“ အဲဒီ လူတွေက သူတို့ မျက်လုံးတွေ ထဲမှာ မိန်းမ တွေပဲ ရှိတယ်၊ ငါတို့ ဘဝတွေက သူတို့ အတွက် အရေး မပါဖူးလား "

စကားများ အပေါ် အခြေခံ၍ ဘူချန်နှင့်ရှောင်းရန်မှာ သူတို့၏ လုံခြုံရေးကို ဂရု မစိုက်ကြောင်း ရှင်းရှင်း လင်းလင်း သိလိုက် ရသည်။ ဂိုယုက၊

" သခင်လေးလင်း၊ ငါ မင်းအတွက် စိတ်မကောင်းဘူး"

ဟု ဆိုကာ လင်းယွန်ကို တောင်းပန် လိုက်သည်။

ဘူချန်က မီးလျှံ ကျားသစ် ငါးကောင်ကို လက်သီးဖြင့် ဟန့်တား နိုင်လိုက် ပုံကို လူတိုင်း မြင်နိုင် ခဲ့သည်။

လင်းယွန်မှာမူ အဖွဲ့၏ အနောက်ဘက် စည်းထံမှ၊ မီးလျှံ ကျားသစ်များ တိုက်ခိုက် လာခြင်းအား၊ တားဆီး ပေးခဲ့ သည်ကို သူ သာလျှင် သတိထား မိခဲ့ပေသည်။

“ အရေး မကြီး ပါဘူး၊ ငါ့အလုပ်ပဲ ငါလုပ် နေတာပါ ”

လင်းယွန်က ပြန်ဖြေ ပြီးနောက်၊ မျက်လုံးများမှိတ်ထား လိုက်ကာ၊ သူ၏ မူလ စွမ်းအင်ကို ပြန်လည် ရရှိရန် ဓားသုတ္တန်အား ဖြန့်ကျက် ထိုင်ချ လိုက်သည်။

နာရီဝက် အကြာတွင် သူတို့ အဖွဲ့မှာ ခရီးဆက် လာခဲ့ ကြ၏။ သွေးအရိုး တောအုပ် ထဲသို့ သွားရာ လမ်းတစ်လျှောက် ကန္တာရ ဆူးများ ဖုံးလွှမ်း နေခဲ့သည်။

နောက်ထပ် မိုင် နှစ်ဆယ်ခန့် တိုးဝင် လာပြီးနောက်၊ ဝိညာဉ် စွမ်းအင် များ၏ သိပ်သည်းဆ တိုးပွား လာသည်ကို ရုတ်တရက် ခံစားလိုက် ရသည်။

" ငါတို့ ရောက်ခါ နီးပြီလား"

လင်းယွန်က မေးလိုက် သည်နှင့်၊ ဘိုင်ချူးဟွေ၏ မျက်လုံးများ ရုတ်တရက် တောက်ပ လာပြီး၊

"ငါတို့ ရောက်ခါ နီးပါပြီ၊ "

ဟု ပြန်ဖြေလိုက်သည်။

သူမ စကားကြောင့် လူတိုင်း စိတ်သက်သာရာ ရသွား ကြသည်။ ဤခရီးသည် လွယ်ကူသော ခရီး တစ်ခု မဟုတ် ခဲ့ဘဲ၊ အချိန်တိုင်း သတိမပြတ် ခဲ့ပေ။

သိပ်မကြာခင်မှာပင်၊ သိပ်သည်း လှသော ဝိညာဉ် စွမ်းအင်များ အောက်တွင် ပန်းမျိုးစုံနှင့်၊ ဆေးဘက်ဝင် အပင်များ ရောနှော ပေါက်ရောက် နေသော၊ အဆုံး မရှိ ချိုင့်ဝှမ်း လွင်ပြင် ကြီးကို မြင်လိုက် ရလေသည်။

အကန့် အသတ် မရှိသော ဝိညာဉ် စွမ်းအင် များက၊ ပတ်ဝန်းကျင် လေထု အတွင်းရှိ မြူမှုန် များနှင့် ပေါင်းစပ် သွားသော မြင်ကွင်းမှာ၊ ပို၍ပင် စွဲမက်ဖွယ် ဖြစ်စေသည်။

"နောက်ဆုံးတော့ ငါတို့ ရောက်ပြီ။ "

ဘိုင်ချူးဟွေက ဝမ်းသာ အားရ ရေရွတ် လိုက်သည်။

"ချိုင့်ဝှမ်းရဲ့ လုံခြုံရေး အတွက် မင်းတို့ နှစ်ယောက်ကို ဒုက္ခပေး ရလိမ့်မယ်"

ဘိုင်ချူးဟွေက လှည့်ကြည့်ကာ ဆိုလာ သည်ကြောင့် ရှောင်းရန်မှ ခေါင်းညိတ် လိုက်ပြီး၊

“ တကယ်ပဲ....၊ ဒီနေရာက ဝိညာဉ် စွမ်းအင် တွေက သိမ်မွေ့ လွန်းပါတယ်၊ ပတ်ဝန်းကျင်မှာ ရက်စက် ကြမ်းကြုတ်တဲ့ နတ်ဆိုး သားရဲတွေ ရှိမယ် မထင် ပါဘူး။ ”

ဘူချန်က ပတ်ပတ်လည်ကို ကြည့်လိုက်ကာ၊

“ ငါတို့ ပတ်ဝန်းကျင်ကို သွား စစ်ကြည့် လိုက်မယ်၊ ပြဿနာ မရှိရင် မိန်းကလေး ဘိုင်ရဲ့ ပျိုး ကျွန် တွေကို ချိုင့်ထဲ ဝင်ခွင့် ပြုလိုက် လို့ ရပြီ။ "

" ငါ မင်းကိုပဲ ဒုက္ခပေး ရလိမ့်မယ်"

" အားနာ မနေ ပါနဲ့။"

ဘူချန်က ပြုံးပြီး ရွေ့လျားမှု နည်းစနစ်ကို အသုံးပြု ပြီးနောက်၊ တောရိုင်း ပန်းများ ထဲသို့ ခုန်ဆင်း သွား လေသည်။ သူ့ အရှိန် အဝါမှာ နဂါးနှင့် ကျားကို ပေါင်းစပ် ထား သကဲ့သို့၊ ရုန်းကြမ်း လှသော်လည်း၊ လှုပ်ရှားမှု များမှာမူ ညင်သာလွန်း လှသဖြင့် ပန်း တစ်ပွင့်မျှ မပျက်စီး ခဲ့ပေ။

" အရမ်း ကောင်းတဲ့ လှုပ်ရှားမှု နည်းစနစ်ပဲ "

လူအုပ်ကြီးမှာ ပျံဝဲ ပျောက်ကွယ် သွားသော ဘူချန်ကို ချီးကျူး လိုက်ကြသည်။

သိပ်မကြာခင် မှာပင် ဘူချန်က ပြန်ရောက် လာပြီး၊ ပတ်ပတ်လည် ကို ကြည့်ကာ၊

“ဒီမှာ ဘာ အန္တရာယ်မှ မရှိဘူး၊ ဒါပေမယ့် ချိုင့်ဝှမ်း ထဲမှာ အဆိပ် ရှိတဲ့ နကျယ်ကောင်တွေ အများကြီး ရှိတယ်၊ ဒါကြောင့် သတိထား ကြပါ။ ”

“ သွား ......”

စကားဆုံးသည်နှင့် ဘိုင်ချူးဟွေက ပျိုးကျွန် များကို အမိန့်ပေး လိုက်သည်။

ဘူချန် ပြော သကဲ့သို့ပင်၊ ချိုင့်ဝှမ်း အတွင်း၌ နတ်ဆိုး သားရဲများ အများကြီး မရှိ နိုင်ချေ။

အဆိပ်ပြင်းသော နကျယ်ကောင် များနှင့်၊ နတ်ဆိုး သားရဲ အများစုမှာ၊ နူးညံ့ သိမ်မွေ့ သော သားရဲများ ဖြစ်ကြပြီး၊ ကြမ်းတမ်းသော နတ်ဆိုး သားရဲ များလို၊ ပျိုးကျွန် များကို တိုက်ခိုက် လာမည် မဟုတ်ပေ။

ဘိုင်ချူးဟွေ လက်အောက်ရှိ ပျိုးကျွန် များက၊ ချိုင့်ဝှမ်း အတွင်းတွင် ဆေးဖက်ဝင် အပင် များစွာကို လျင်မြန်စွာ၊ စုဆောင်း နေခဲ့ ကြသည်။

ပတ်ဝန်းကျင် အနေအထား အရ၊ မည်သူမှ မရောက် ဖူးသော ချိုင့်ဝှမ်း တစ်ခု ဖြစ်သည်မှာ ထင်ရှား လှလေသည်၊ ထို့ကြောင့် ဤနေရာရှိ ဆေးဘက်ဝင် အပင် များသည် ရှည်လျားသော သက်တမ်းကို ပိုင်ဆိုင် ထား ကြသည်။

ခရီးလမ်းမှာ ကြမ်းတမ်း လှကာ၊ အသေ အပျောက် များဖြင့် ပေးဆပ် ခဲ့ရ သော်လည်း၊ ရိတ်သိမ်း နိုင်မှုမှာ အံ့မခန်း ပေပင်။

ဘိုင်ချူးဟွေ နောက်ခံမှာ လျှို့ဝှက် ဆန်းကြယ် လှပေ၏။ သည်ချိုင့်ဝှမ်းသို့ မည်သူမှ မရောက်ဖူး ခဲ့သော်လည်း၊ နေရာအတိ အကျကို သူမ သိနှင့် နေခဲ့သည်။

လင်းယွန်က ချိုင့်ထဲသို့ သူ့ လက်ကို ဝှေ့ယမ်း လိုက်သည် နှင့်၊ ဓား အလင်းရောင် အချို့ ထွက်ပေါ် လာကာ၊ အဆိပ် ရှိသော နကျယ်ကောင် များကို ပြာအဖြစ် ကြိတ်ချေပစ် လိုက်လေသည်။

ချိုင့်ဝှမ်း အနှံ့ ပျံ့ကျဲ နေသော ပျိုးကျွန် များမှာ သူတို့၏ လုပ်ငန်းတွင် အလွန် ကျွမ်းကျင်ကြောင်း သူ ပြောနိုင်သည်။

မြေပြင်မှ အမြစ် များကို ဂရုတစိုက် ဖယ်ရှား နှုတ်ယူ နေသော ပျိုးကျွန် များအား ကြည့်ကာ၊ ခေါင်းညိတ် လိုက်မိ၏။

'ဆေး တောင်တန်း' တွင် တစ်လကြာ အပြစ်ပေး ခံခဲ့ရ ပြီးနောက်၊ ပျိုးပင်များ အဖြစ် သိမ်းဆည်း ရန်အတွက်၊ မည်သို့ တူးယူ ရမည်ကို သူ သိသည်။

နောက်တဖန်၊ တောအတွင်း သဘာဝ ဆေးဘက်ဝင် အပင် များကို လွှဲပြောင်း စိုက်ပျိုးရန် မလွယ် ကူချေ။ တန်ဖိုး ရှိလေလေ၊ သူတို့ လိုအပ်သော ပတ်ဝန်းကျင်မှာ ပို၍ သတ်မှတ်ချက် များလေလေ ပင်။

သဘာဝ ဆေးဘက်ဝင် အပင်များ၏ ရှင်သန်ရာ၊ ရေမြေ ပတ်ဝန်းကျင်ကို ပွားယူရန် ခက်ခဲ လှပေသည်။

လင်းယွန်က ပျိုးကျွန် များကို ငေးကြည့် လျက်မှ၊ တောရိုင်း မျက်ပင် တစ်ပင်ကို ညင်သာစွာ နှုတ်ယူပြီး၊ နှာခေါင်းနှင့် အပေါ် နှုတ်ခမ်းကြား တင်လိုက်၏။

ရုတ်တရက် ဓားသေတ္တာ အတွင်းရှိ ပန်းသင်္ချိုင်း ဓားထံမှ အနည်းငယ်သော တုန်ခါလာ မှုကို၊ ခံစား လိုက်ရ သည်ကြောင့်၊ စိတ်လှုပ်ရှား စွာဖြင့် ပတ်ဝန်းကျင်အား ဝေ့ကြည့် လိုက်မိ လေသည်။

ဤနေရာ၌ ပန်းသင်္ချိုင်း ဓားကို စွဲဆောင် နိုင်သော တစ်စုံ တစ်ရာ ရှိနေပုံ ရလေပြီ။

" ပန်းရနံ့ ... "

လင်းယွန်က အနည်းငယ် တွေးတော လိုက်ပြီး၊ ဘိုင်ချူးဟွေ ဆီသို့ လျှောက်သွား မိ၏။ ဘူချန်နှင့် ရှောင်းရန် တို့မှာ သူမ၏ ကိုယ်ရံတော်များ ကဲ့သို့ ဘေးတွင် ရပ်နေ ခဲ့ကြသည်။

သို့သော် ၎င်းလုပ်ရပ်မှာ အနည်းငယ် ချဲ့ကား လွန်းပေသည်။ ချိုင့်ဝှမ်း အတွင်းရှိ နတ်ဆိုး သားရဲ များမှာ အားနည်း ပျော့ပျောင်း သောကြောင့် ဤနေရာတွင် အန္တရာယ်များ မရှိ နိုင်ချေ။

ဘိုင်ချူးဟွေကို စောင့်ကြပ် နေခြင်းထက် အဆိပ် မမိ စေရန်၊ နကျယ်ကောင် များကို ဂရုပြုခြင်း သည်သာ သာ၍ ကောင်းပေမည်။

" လင်းယွန်၊ မင်း ငါတို့ကို အဆိပ်ပြင်းတဲ့ နကျယ်ကောင် တွေကနေ၊ ကာကွယ် ရမယ့် အစား၊ ဒီမှာ ဘာလုပ် နေတာလဲ"

ဘူချန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

" မိန်းကလေးဘိုင်ကို ကာကွယ်ဖို့ မင်း စိတ်ပူနေဖို့ မလိုပါဘူး "

ရှောင်းရန်က ပြုံးကာ ဖြည့်စွက် ပြသည်။

လင်းယွန်က ၎င်းတို့ နှစ်ဦးကို ဂရု မစိုက်ဘဲ ဘိုင်ချူးဟွေကို ကြည့်ကာ၊

" ချိုင့်ဝှမ်း ထဲကို စူးစမ်း ချင်တာကြောင့် ခွင့်ပြုချက် တောင်းဖို့ ငါဒီကို လာခဲ့တာပါ "

“ လင်းယွန်၊ ငါက ဒီချိုင့်ဝှမ်းနဲ့ သိပ်မရင်း နှီးဘူး၊ နယ်မြေ အစပ်မှာပဲ ဆေးဘက်ဝင် အပင် တွေကို ရိတ်သိမ်း ဝံ့တယ်၊ ဒီထက် ပိုနက်နက် သွားရင်တော့ အန္တရာယ် ကြုံတွေ့ ရနိုင်တယ်။ ”

ဘိုင်ချူးဟွေက မျက်မှောင်ကြုတ်ကာ သတိပေး လိုက်၏။

“ ညီအစ်ကိုလင်းက အဲဒီလို ရည်ရွယ်ချက် ရှိနေတာ ဆိုတော့၊ သူမှာ ယုံကြည်မှု ရှိနေ လို့ပဲ နေမယ်၊ မိန်းကလေး ဘိုင် မင်း စိတ်ပူ နေစရာ မလို ပါဘူး "

ဘူချန်က လင်းယွန်မှာ အဖွဲ့မှ ခွဲထွက် လိုသည့် အတွက် ဝမ်းသာ သွားမိသည်။

အစောပိုင်း အချိန်၌ ဘိုင်ချူးဟွေမှာ လင်းယွန်အား လှမ်းကြည့် နေသည်ကို သတိထား လိုက်မိသော အခါတွင်၊ အနည်းငယ် စိတ်ရှုပ်ထွေး နေခဲ့သည်။ ဘိုင်ချူးဟွေက သူတို့ နှစ်ယောက်ကို တစ်ချက် မျှပင် စိတ်ဝင် စားချင်း မရှိ ခဲ့ပေ။

“ ညီအစ်ကိုလင်းက စွန့်စားချင် တာကြောင့် သူ့ကို လွှတ်လိုက်ပါ၊ ချိုင့်ဝှမ်း နယ်နိမိတ် အစပ်မှာ မိန်းကလေး ဘိုင်ရဲ့ လုံခြုံရေးအတွက် ငါတို့ နဲ့တင် လုံလောက် ပါပြီ၊ ”

ရှောင်းရန် ကပါ ဝင်ရောက် ပြောဆို လာသည်။

“ဒါပေမယ့်…”

ဘိုင်ချူးဟွေက တစ်ခုခု ပြောချင် နေခဲ့သော်လည်း၊ လင်းယွန်က လှည့်ထွက် သွားပြီး ဖြစ်သည်။

ချိုင့်ဝှမ်းနှင့် ပေါင်းစည်းရန် အချိန် အတော် ကြာပြီးနောက်၊ လင်းယွန်မှာ သူတို့၏ မြင်ကွင်းမှ ပျောက်ကွယ် သွားခဲ့ တော့သည်။

ချိုင့်ဝှမ်း အတွင်း တိုးဝင် လာမိသည် နှင့်အမျှ၊ ပန်းရနံ့မှာ တဖြည်းဖြည်း ပြင်းထန် လာလေသည်။

" ကြည့်ရတာ ပန်းရနံ့က ပန်းသင်္ချိုင်း ဓားကို စွဲဆောင် ခဲ့တာ သေချာပြီ "

မျက်လုံးများတွင် မျှော်လင့်ချက် ရောင်ခြည် များဖြင့်၊ တောက်ပ လာကာ၊ သူ့ ခြေလှမ်း များကို အရှိန်မြှင့် တင်လိုက်၏။ ပန်းသင်္ချိုင်း ဓားကို မည်သို့သော ပန်းရနံ့ များက ဆွဲဆောင် နိုင်ခဲ့ သည်ကို သူ သိချင်နေ ခဲ့လေပြီ။

'' ပန်းတွေရဲ့ဘုရင် များ ဖြစ်နေ မလား။ ''

***

All Chapters