အပြာရောင် မျက်လုံး၊ သွေး နှင်းဆီ။
Vol. 19 Ch. 257
ပန်းသင်္ချိုင်း ဓားတွင် ထူးခြားသော မူလ ဇစ်မြစ် ရှိသည်။ နတ် သစ်သားဖြင့် ထုလုပ်ထား သောကြောင့်၊ ၎င်းကို အထွတ် အထိပ်သို့ ပြန်လည် ရောက်ရှိအောင် စွမ်းဆောင် နိုင်မည် ဖြစ်သည်။
ပန်းသင်္ချိုင်း ဓားသည် အချိန် ယန္တရား၏ တိုက်စား လာမှုနှင့် အမျှ သူ၏ ဝိညာဉ်စွမ်းအင် များကို တဖြည်းဖြည်း ဆုံးရှုံးသွား ခဲ့ရကာ၊ လက်ရှိ အခြေ အနေ အထိ လျော့ကျ သွားခြင်းပင် ဖြစ်သည်။
လင်းယွန်မှ ပြန်လည် ပြုစုပေး ခဲ့ခြင်းဖြင့်၊ ပန်းသင်္ချိုင်း ဓားမှာ အလယ် အလတ် တန်းစား တော်ဝင် လက်နက် အဆင့်သို့ ပြန်လည် ရောက်ရှိ လာခဲ့သည်။
ပန်းသင်္ချိုင်းဓားကို လက်ခံ ရရှိပြီး ချိန်မှစကာ၊ သူ့ ဘာသာသူ လှုပ်ရှား လာခဲ့ ခြင်းမျိုး မရှိ ခဲ့ပေ။ ပန်းသင်္ချိုင်း ဓားသည် ဤကဲ့သို့ တုံ့ပြန်မှုကို ပထမဆုံး အကြိမ် အဖြစ် ပြသ လာခြင်း ဖြစ်ပေသည်။
လေးနက်သော အမူအရာကို ထုတ်ဖော် ထားပြီး ချိုင့်ဝှမ်း ထဲသို့ သတိ ထားကာ ဆက်လျှောက် သွားခဲ့သည်။ ပန်းရနံ့၏ ဦးတည်ရာကို လိုက်၍ မိုင် နှစ်ဆယ်ခန့် အထိ ထပ်မံ တိုးဝင် လာခဲ့၏။
" ဘယ် လို ရ နံ့ မျိုး လဲ... "
ပန်းရနံ့ မျိုးစုံ ရောနှော နေသောကြောင့်၊ သီးခြား ရနံ့ကို ခွဲထုတ် ရှာဖွေရန် ခက်ခဲ နေမိသည်။ သို့သော် ခဏတာ ရရှိ ခဲ့သော မွှေးရနံ့၏ ရနံ့ကို မှတ်မိ နေသေး၏။
တစ်ခုခုအား သတိရ နေသရွေ့၊ သူ့ တစ်သက်တွင် ထိုအရာကို မည်သည့် အချိန်မှ မေ့မည် မဟုတ်ချေ။
ဘေးဝဲယာ တစ်လျှောက် အဆိပ် ပြင်းသောနကျယ် ကောင်များ ပြည့်နှက် နေသည်။ သူတို့မှာ ကလေး တစ်ယောက်၏ လက်သီးဆုပ် အရွယ် အစားခန့် ရှိပြီး၊ အားကောင်းသော ခုခံမှုကို ပိုင်ဆိုင် ထားရှိ လေသည်။
သူ၏ ဓားစွမ်းအင် သည်ပင် တစ်ချက် တည်းဖြင့် မဖျက်ဆီး နိုင်ခဲ့ပေ။ ၎င်းတို့ကို ဖျက်ဆီးရန် အတွက် သူ၏ ဓားအား (ဓား ရည်ရွယ်ချက်) မူလ စွမ်းအင်များ ထဲသို့ ပေါင်းထည့် ရမည် ဖြစ်သည်။
ချိုင့်ဝှမ်း တဝိုက်တွင် ပျံဝဲ နေသော ချိုးငှက် များလည်း ရှိပေသည်။ ထိုငှက်ကလေးများ၏ မြန်ဆန် လွန်းသော အဟုန်ကြောင့်၊ သူတို့ကို မျက်လုံးဖြင့် လိုက်ပါ ကြည့်ရှုရန် မဖြစ်နိုင်ပေ။
လမ်းတစ် လျှောက် 'လေးနက်သော ခြေလှမ်းခုနစ်လှမ်း' ကို ဂရုတစိုက် အသုံးပြု ခဲ့ရကာ၊ အချိန်တိုင်း၊ သတိ အပြည့် ကပ်ထား ခဲ့ရသည်။
သို့သော် 'လေ' အဝှေ့တွင် ထိုမွှေးရနံ့ကို ရှူရှိုက် မိချိန်တိုင်း၊ စိတ်လက် ပေါ့ပါးသော ခံစားချက်များ ဖြစ်ပေါ် လာသည်ကြောင့်၊ စူးစမ်းချင် စိတ်များ တဖွားဖွား ဖြစ်ပေါ် လာစေသည်။
ရုတ်တရက် အန္တရာယ် အငွေ့ အသက် များကို ခံစား လိုက်ရ သည်ကြောင့်၊ လင်းယွန်ကထိတ်လန့် သွားသည်။ ဓားသုတ္တန်ကို ဖြန့်ကျက် လိုက်စဉ်တွင် သူ၏ ဒါန်တမ် အတွင်းရှိ ခရမ်းရောင် ပန်းမှာ ချက်ချင်း ပွင့်အာ လာခဲ့သည်။
လေထုအတွင်း တစ်စုံ တစ်ရာသော ခံစားချက် များကို သံသယ ဖြစ်ဖွယ် ရရှိ နိုင်သည်။ ချိုင့်ဝှမ်းသည် ပန်းများဖြင့် ဖုံးလွှမ်း နေပုံ ရသော်လည်း၊ ဤနေရာတွင် နတ်ဆိုး သားရဲ များစွာလည်း ရှိနေကြောင်း သူ သိထားသည်။
'' ကြည့်ရတာ ထင်သလောက် အေးချမ်း မနေဖူးပဲ။ ''
'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ကို အသုံးပြုကာ၊ ကောင်းကင်သို့ ခုန်တက် လိုက်ပြီး၊ သစ်ပင် တစ်ပင်ပေါ် ဆင်းသက် လိုက်၏။
အရွက်များ နောက်ကွယ်တွင် ပုန်းအောင်း လိုက်ပြီး၊ ရှေ့ တူရှုသို့ ချောင်းကြည့် လိုက်ရာ၊ မြင်လိုက် ရသော မြင်ကွင်းကြောင့် ထိတ်လန့် သွားလေသည်။
ဆယ်မိုင် အကွာ၌ ဧရာမ နတ်ဆိုး သားရဲကြီး သုံးကောင် ရှိနေ၏။ ထို့ထဲရှိ တစ်ကောင်မှာ တောင်ကုန်းငယ် တစ်ခု ကဲ့သို့ မီတာ တစ်ရာခန့် ရှည်လျားသော၊ အပြာရောင် စပါးအုံး မြွေကြီး တစ်ကောင် ပေပင်။
သူ့ အဖော် သားရဲမှာ အမြင့် မီတာ ခုနစ်ဆယ်ခန့်ရှိသော မျောက်ဝံနက် တစ်ကောင် ဖြစ်၏။ သူ့ ပတ်ဝန်းကျင်၌ အနက်ရောင် မြူများ ရစ်သိုင်း နေခဲ့သည်။
နောက်ဆုံး တစ်ကောင်မှာ သူ့ ဦးခေါင်းတွင် ကြက်သွေးရောင် အမွေး အမျှဉ်များ တောက်ပ နေသော ဝက်ဝံနီ တစ်ကောင်ပင်။
နတ်ဆိုး သားရဲ သုံးကောင်သည် နက်နဲနယ်ပယ်၏ ဆဋ္ဌမ အဆင့်တွင် ရှိနေ ကြပြီး၊ တော်ဝင် အရှိန် အဝါကို မှိန်ဖျော့စွာ ထုတ်လွှတ်ထား ကြသည်။
တော်ဝင် အရှိန် အဝါကို ဘုရင် အဆင့်ရှိ၊ နတ်ဆိုး သားရဲ များကသာ၊ ထုတ်လွှတ် နိုင်သည် ဖြစ်ရာ၊ ၎င်းတို့သည် ချိုင့်ဝှမ်း အနီးရှိ နယ်မြေခံ နတ်ဆိုး သားရဲများ မဟုတ် သည်မှာ သေချာ လှလေသည်။
သူ့အား ပို၍ ထိတ်လန့် စေသည့် အရာမှာ နတ်ဆိုး သားရဲ သုံးကောင် လုံးသည် ဦးတည်ချက် တစ်နေရာ တည်းကို ကြည့်နေ ခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် တစ်စုံ တစ်ရာကို ကြောက်ရွံ့ နေပုံရပြီး၊ ရှေ့သို့ မလှမ်း ဝံ့ကြချေ။
ဘုရင် အဆင့် နတ်ဆိုး သားရဲ သုံးကောင်ကို ခြိမ်းခြောက် နေခဲ့သော ထိုတစ်စုံ တစ်ရာကို သိချင် စိတ်များ ပြင်းပြလာ မိစေသည်။
မူလစွမ်းအင်ကို သူ့ မျက်လုံးများ ထဲသို့ လောင်းထည့် လိုက်ပြီး၊ အမြင် အာရုံကို ကန့်သတ်ချက် ဆီသို့ တွန်းပို့ လိုက်၏။
နောက်ဆုံး၌ ကြက်သွေးရောင် နှင်းဆီ ရနံ့ကြောင့် မျက်လုံးများ မှိတ်ထားသော ရွှေရောင် ကျားကြီး တစ်ကောင်ကို ကြည်လင် ပြတ်သားစွာ တွေ့မြင် လိုက်ရသည်။
၎င်းသည် ပတ်ဝန်းကျင်ဖြင့် လိုက်လျော ညီထွေ ဖြစ်အောင် သူ့ ခန္ဓာကို ကောင်းစွာ ပေါင်းစပ် ထား သောကြောင့်၊ သက်မဲ့ တစ်ခု ကဲ့သို့ ငြိမ်သက် ပျောက်ကွယ် နေပေသည်။
မျက်လုံးများ မှိတ်လျက် ပန်းရနံ့ကို ခံစား နေပုံ ရသော၊ အဆိုပါ ကျားကြီးမှာ ပတ်ဝန်းကျင်အား၊ လျစ်လျူရှုလျက် ဝပ်နေခဲ့ သော်လည်း၊ နတ်ဆိုး သားရဲ သုံးကောင်မှာ ထိတ်လန့်စွာ သတိထား စိုက်ကြည့် နေခဲ့ခြင်း ဖြစ်လေသည်။
" သွေး နှင်း ဆီ "
ကြက်သွေးရောင် နှင်းဆီပန်းကို မြင်လိုက် ရသည်နှင့် လင်းယွန်၏ မျက်လုံးများ တောက်ပလာသည်။ နှင်းဆီပန်း များကို ပန်းများ ကြားတွင် ပန်းဘုရင် အဖြစ် သတ်မှတ် ထား ကြ၏။
ထိုအခိုက်တွင် ရွှေကျားမှာ မျက်လုံးများ ပွင့်လာပြီး၊ အဝေးသို့တိုင် လွင့်ပျံ သွားစေသော ကြောက်မက်ဖွယ် အရှိန် အဝါကို လှိုင်း သဏ္ဍာန် ထုတ်လွှတ် လိုက်သည်။
ထိုလှိုင်းကြောင့် ကောင်းကင်ရှိ တိမ်များပင် အရောင် ပြောင်းလဲ သွားကုန်၏။
ရွှေကျား၏ မျက်လုံး ပြာပြာ များတွင် အသက် ဓာတ်များ ပြည့်လျှံ တောက်ပ နေပြီး၊ ၎င်း မျက်လုံးများ အောက်တွင် မည်သည့် အရာ ကိုမျှ ဖုံးကွယ်ထား နိုင်ခြင်း ရှိမည် မဟုတ်ပေ။
လင်းယွန်က အနည်းငယ် ထိတ်လန့် သွားသည်။ သည်ကျားမှာ သာမာန် နတ်ဆိုး သားရဲ တစ်ကောင် မဟုတ် သည်ကို၊ သူ ခံစားလို့ ရပေသည်။
၎င်း၏ မျက်လုံးများတွင် ဝိညာဉ်စွမ်းအင်များ အမြောက် အများ ရှိနေ ခဲ့ပြီး၊ ထိုမျက်ဝန်း များရှိ ဝိညာဉ် စွမ်းအင်များမှာ၊ ဘုရင် အဆင့် နတ်ဆိုး သားရဲ သုံးကောင်ထက်ပင်၊ များစွာ ပို၍ အားကောင်း နေပေပြီ။
ထိတ်လန့် တုန်လှုပ်ခြင်းမှ ပြန် မထ မြောက်နိုင် မီတွင်၊ ဘုရင် အဆင့် နတ်ဆိုး သားရဲ သုံးကောင်က၊ ၎င်းတို့၏ တိုက်ခိုက် ခြင်းကို စတင် လိုက်၏။
ရွှေရောင် ကျားကြီး တစ်ကိုယ်လုံး တုန်ခါ လာပြီးနောက်၊ အရှိန် အဝါမှာ မြင့်တက် လာကာ၊ နတ်ဆိုး သားရဲ သုံးကောင်နှင့် ရင်ဆိုင် လိုက်လေသည်။
၎င်းတို့၏ တိုက်ပွဲသည် မြေပြင်ကို ပြင်းစွာ တုန်ခါလာ စေခဲ့သည်။ လင်းယွန်၏ အရှေ့ နားရှိ သစ်ပင်များပင် ယိမ်းနွဲ့ လာပြီး၊ အရွက်များ ကြွေကျ သွားသည်။
နတ်ဆိုးသားရဲ သုံးကောင်လုံးသည် နက်နဲသိုင်း နယ်ပယ်၏ ဆဋ္ဌမ အဆင့်တွင် ရှိကြပြီး၊ရွှေကျားမှာ နက်နဲ သိုင်း နယ်ပယ်၏ ပဉ္စမ အဆင့် တွင်သာ ရှိနေ သေး လေသည်။
သို့သော် ရွှေကျားမှာ နတ်ဆိုး သားရဲ သုံးကောင်ကို ဆန့်ကျင် တိုက်ခိုက်ရန် တွန့်ဆုတ် တွေဝေ သွားခြင်း မရှိချေ။
လက်ရှိ မြင်ကွင်းတွင် မရေ မတွက် နိုင်သော မီးရှူး မီးပန်းများ ပစ်လွှတ် လိုက် သလိုမျိုး ပေါက်ကွဲ သံများ နှင့်အတူ၊ သုံးကောင် တစ်ကောင် တိုက်ပွဲမှာ မျှော်လင့် ထားသည်ထက် များစွာ ပြင်းထန် လှပေသည်။
မြင်ကွင်းက စိတ်လှုပ်ရှားဖွယ် ကောင်းလှသော် ငြားလည်း၊ ဘုရင် အဆင့် နတ်ဆိုး သားရဲ များကြား၊ တိုက်ပွဲမှာ မည်မျှ ကြမ်းကြုတ် မည်ကို ငြင်းဆို နိုင်ခြင်း မရှိချေ။
" ဒီ သွေးနှင်းဆီ တစ်ပွင့်လေး အတွက်နဲ့ သူတို့ အားလုံးက တိုက်ပွဲ ဝင်နေ ကြတာလား "
နတ်ဆိုး သားရဲ လေးကောင်သည် သူတို့၏ တိုက်ပွဲ အတွင်း ပန်းပေါင်း များစွာကို နင်းမိ နေကြ သော်လည်း၊ ကြက်သွေးရောင် နှင်းဆီ ပန်းကိုမူ လုံးဝ ထိခိုက် ထားခြင်း မရှိ သည်ကို သတိထား မိလိုက်သည်။
သွေးနှင်းဆီသည် နတ်ဆိုး လေးကောင် ကြား တိုက်ပွဲကို စောင့်ကြည့် နေသော ပရိသတ် တစ်ဦး ဖြင့်ပင် တူ၏။
သစ်ပင်ပေါ်ရှိ လင်းယွန်က ရှုပ်ထွေး နေသော တိုက်ပွဲကို အသေးစိတ် စိုက်ကြည့် နေမိသည်။ တိုက်ပွဲမှာ ရိုးရှင်း လွန်းပေ၏။
သို့သော် ၎င်းတို့သည် ကနဦး တိုက်ခိုက်မှု များတွင်၊ ထိုသို့ ရိုးရှင်းစွာ အသုံးပြု ခဲ့ကြ သော်လည်း၊ အချိန်ကြာ လာသည်နှင့် အမျှ စိတ်ဝင် စားဖွယ် တိုက်ခိုက်မှု များကို ထုတ်ဖော်လာ ကြလေသည်။
ကမ္ဘာပေါ်ရှိ နတ်ဆိုး သားရဲပေါင်း များစွာသည် ရေမတွက် နိုင်သော ရာစုနှစ် များစွာကို ဖြတ်သန်း လာသည့် သက်တမ်း တစ်လျှောက်တွင်၊ သူတို့၏ ဆင့်ကဲ တိုက်ခိုက်မှု များစွာကို၊ တီထွင်နိုင် ခဲ့ကြသည်။
သိုင်း နည်းစနစ်ပေါင်း များစွာသည် နတ်ဆိုး သားရဲ များမှ ဆင်းသက် လာကြခြင်း ဖြစ်၏။
ဥပမာအားဖြင့် 'ကျားရိုင်း လက်သီး (၁၈) ကွက်' သည် ကျား တစ်ကောင် အမဲလိုက်ခြင်း အပေါ် အခြေခံ ဖန်တီး ထားသော နည်းစနစ် တစ်ခု ဖြစ်ပေသည်။
ဘူချန်၏ 'နဂါး ပန်းချီ' တွင် ပြည့်စုံမှု မရှိဘဲ၊ အပြစ် အနာ အဆာများ ပြည့်နှက် နေသည်ဟု သူ ခံစား မိသည်။ ထိုတိုက်ခိုက်မှု ထံမှ မည်သည့် အန္တရာယ် အငွေ့ အသက် ကိုမျှ မရ ရှိခဲ့ပေ။
သို့သော် ရွှေကျား၏ တိုက်ခိုက် မှုကို မြင်လိုက် ရသော အခါတွင် ထိုးထွင်း သိမြင် လာခဲ့သည်။
နဂါး ပန်းချီတွင် နဂါးကို လေထဲ၌ ရေးထွင်းကာ၊ လက်သီးသို့ ပေါင်းစပ် ရသော လှုပ်ရှားမှုတစ်ခုဟု ထင်ရ သော်လည်း၊ ၎င်း၏ သော့ချက်မှာ ရိုင်းစိုင်းသော ကျား တစ်ကောင်၏ အနှစ် သာရပင် ဖြစ်လေ တော့သည်။
ဆိုလိုသည်မှာ နဂါး အရှိန် အဝါကို လေထဲ၌ ရေးထွင်း နေချိန်၌၊ ကျား ခွန်အားကို လက်သီးဖြင့် ထုတ်ဖော် ပြသရန် စုဆောင်း ထားရ ပေမည်။
လင်းယွန်က နဂါး ပန်းချီကို စိတ်ထဲ၌ ဆင်ခြင် ပုံဖော် နေဆဲမှ တိုက်ပွဲ ထံသို့ အာရုံ ပြန်ကျ သွားသည်။
တိုက်ပွဲမှာ အထွတ် အထိပ်သို့ ရောက်ရှိ နေခဲ့ပြီး၊ မျောက်ဝံနက်နှင့် ဝက်ဝံနီ တို့သည် မြေပြင် ပေါ်သို့ လဲကျ သေဆုံး နေခဲ့သည်။
ကျားနှင့် စပါးအုံး မြွေသည်သာ တစ်ဦးကို တစ်ဦး စိုက်ကြည့် ကျန်ရစ် ခဲ့တော့၏။
မျောက်ဝံနက်နှင့် ဝက်ဝံနီတို့ မသေခင်၌ ကြောက်စရာ ကောင်းသော ဒဏ်ရာများ ထားရစ် ခဲ့ကြ သည်ကြောင့်၊ ရွှေကျားမှာ ယခင်ကထက် အများကြီး အားနည်း သွားခဲ့ လေပြီ။
ဆက်လက် တိုက်ပွဲ ဝင်ရ ပါက၊ အနိုင် ရနိုင်ချေ နည်းပါး လှပေမည်။
စပါးအုံးမြွေက ဖြည်းညှင်းစွာ လှုပ်ရှား သွားပြီး၊ ရုတ်တရက် ရွှေကျား လည်ပင်းကို ကိုက်ခဲ လိုက်ရာ၊ ကျား လည်ပင်းမှ သွေးများ စီးကျ လာတော့သည်။
'' သေ စမ်း.... ''
အဝေး တစ်နေရာရှိ လင်းယွန်က အတွင်း ကျကျ အော်ဟစ် ဆဲဆို လိုက်သည်။ ကျားကို သတ် ပြီးနောက်၊ စပါးအုံး မြွေမှာ 'သွေးနှင်းဆီ' ကို ကိုက်စား ပစ်မည်မှာ သေချာ လှလေသည်။
အစော ပိုင်းတွင် 'သွေး နှင်းဆီ' ကို ဆွတ်ယူရန် အတွက် နှစ်ဖက် စလုံး၊ ဒဏ်ရာ ရရှိမည့် အချိန်အား စောင့်ဆိုင်း လိုခဲ့ သော်လည်း၊ လက်ရှိ အခြေ အနေများ အရ ၊ ယခု အချိန်၌ စတင် ရတော့မည် ဖြစ်သည်။
သတိမမူ မိပါလျှင် ထိုတိုက်ပွဲ အတွင်း သူ့ အသက် ဆုံးရှုံး ရမည်ကို သိရှိ ထားသည်၊ သို့သော် စပါးအုံး မြွေကို မဖြစ် မနေ၊ နှောက်ယှက် ရပေမည်။
သစ်ပင်ပေါ်မှ ခုန်ဆင်း လိုက်ပြီး၊ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ကို ကန့်သတ် ချက်သို့ တွန်းထုတ် လိုက်ကာ၊ တဟုန်ထိုး ပြေးထွက် လိုက်သည်ကြောင့်၊ တောရိုင်း ပန်းများ လေထဲ ဝဲပျံ ကျန်ရစ် ခဲ့တော့သည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် မီတာ တစ်ထောင်ကျော် ခရီးကို နှင် နိုင်ခဲ့သည်။
ဖန်တီး လိုက်မိသော စွမ်းအင် အတက် အကျ လှိုင်းကို၊ 'စပါးအုံး မြွေ' ကြီးက၊ ချက်ခြင်း ခံစားမိ သွားပုံ ရကာ၊ တုံ့ပြန်ရန် အပြင်တွင်၊ လင်းယွန်က အော်ဟစ် ကြုံးဝါးသံ နှင့်အတူ၊ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ကို ကန့်သတ် ချက်သို့ ဆက်လက် တွန်းပို့ လိုက်သည်။
'' ဟိတ်....... ''
ကောင်းကင်သို့ ထပ်မံ ပျံတက် သွားစဉ် သူ၏ ပုံသဏ္ဌန်မှာ မှုန်ဝါး သွားပြီး၊ ခန္ဓာကိုယ် အတွင်းရှိ မူလ စွမ်းအင် များကို လောင်ကျွမ်း စေလိုက်သည်။
ခဏ အကြာတွင် စပါးအုံး မြွေနှင့်၊ မီတာ ငါးရာ အကွာ အဝေးသို့၊ ပြန်လည် ဆင်းသက် လာတော့၏။
ထို့နောက်က ဓားသေတ္တာမှာ ပွင့်လာ ခဲ့ပြီး၊ ပန်းသင်္ချိုင်း ဓားကို လေထဲ တွန်းထုတ် ပစ် လိုက်သည်။
'' ဝှစ် ..... ''
လက်ကို ဝှေ့ယမ်းလျက်၊ လေထဲရှိ ပန်းသင်္ချိုင်း ဓားကို ဆွဲယူကာ၊ တုံ့ဆိုင်းခြင်း မရှိ ပြေးဝင် သွားလိုက်သည်။
မီးရောင် တစ်ချက် နှင့်အတူ ပန်းသင်္ချိုင်း ဓားမှာ ဖောက်ထွင်း မြင်နေ ရသော ရေကဲ့သို့ လေထုကို ထိုးခွဲ သွားသည်။
မူလ စွမ်းအင် များကို ဓားထဲသို့ အကန့် အသတ် မရှိ လောင်းထည့် လိုက်ပြီးနောက်၊ ဘုရင် အဆင့် နတ်ဆိုး သားရဲ ခန္ဓာ ကိုယ်အား ဓားဖြင့် ခုတ်ချ လိုက်တော့၏။
'' ရွှပ်.... ''
နတ်ဆိုး သားရဲ စပါးအုံး မြွေမှာ ရုတ်တရက် အန္တရာယ် အငွေ့ အသက်ကို ခံစား လိုက်ရပြီး၊ ပြန်လည် ဆုတ်ခွာ ရန်အတွက်၊ ကျားကို ငုံခဲထားခြင်းမှ ချက်ချင်း ဖြေလျှော့ လိုက်သည်။
အကိုက်ခံရခြင်းမှ ဖြေလျော့ ခံလိုက် ရချိန်မှာပင်၊ ရွှေကျားက စပါးအုံး မြွေ၏ ပါးစပ် အတွင်းမှ နာကျင်စွာ ရုန်းထွက် လိုက်၏။
'' ဝေါင်း...... ''
'' ဝှစ်..... ''
တစ်ဆက်တည်းမှာပင် လင်းယွန်က သခင့်ဓား နှင့်အတူ ကောင်းကင်မှ တဟုန်ထိုး ဆင်းသက် လာပြီး၊ စပါးအုံး မြွေ၏ ဦးခေါင်းကို ပိုင်းဖြတ် ပစ်လိုက် တော့သည်။
မာကြော လှသော အရေခွံမှာ ပန်းသင်္ချိုင်း ဓား၏ ထက်ရှမှု အောက်တွင် တိခနဲ့ ပြတ်ကျ သွားသည်ကြောင့်၊ သွေးရူး သွေးတန်း ဖြစ်နေသော၊ စပါးအုံး မြွေ၏ ခန္ဓာကိုယ် ကြီးက၊ လင်းယွန်အား အမြီးဖြင့် ရိုက်ထုတ် ပစ်လိုက် လေသည်။
'' ဗုန်း........ ''
လင်းယွန်က သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရကာ၊ မြေပြင် ပေါ်သို့ လဲကျ သွားခဲ့သည်။ မူလ စွမ်းအင်များ များပြားစွာ ကုန်ဆုံး သွားခဲ့ရ လေပြီ။
တစ်ချိန်တည်းမှာပင် တော်ဝင် အရှိန် အဝါကို ထုတ်လွှတ်လျက်၊ ဘုရင် တစ်ပါး ကဲ့သို့သော ဖြစ်တည်မှု မျိုးဖြင့်၊ ဒဏ်ရာများကို လျစ်လျူရှု ထားသော ရွှေကျားက၊ လင်းယွန်ထံ ဦးတည် ခုန်အုပ် လာပြန် တော့သည်။
'' ဟိတ်..... ''
လင်းယွန်က တုန်တုန် ယင်ယင်ဖြင့် ကောင်းကင်သို့ ထပ်မံ ခုန်တက် သွားပြီးနောက်၊ ခုန်ဝင် လာသော ကျားကို ဖြတ်ကျော် ပျံသန်းကာ၊ မြေပြင်ပေါ် ဆင်းသက် လိုက်ရသည်။
သူ့ တုံ့ပြန်မှုမှာ စက္ကန့်ဝက်ခန့် နောက်ကျ ခဲ့ပါက၊ သေဆုံး သွားရ ပေလိမ့်မည်။
"မင်း သေချင် နေတာပဲ "
လင်းယွန်က ဝင်သက် ထွက်သက်ကို အမေ တကော ရှူရှိုက် နေလျက်မှ၊ အမှန် တကယ် တိုက်ခိုက် လာခဲ့သော၊ ကျားကို ဒေါသ ထွက်လာ ခဲ့လေသည်။
ခန္ဓာကိုယ်ရှိ ပြင်းထန်သော နာကျင်မှုကို လျစ်လျူရှု လိုက်ကာ၊ ပန်းသင်္ချိုင်း ဓားကို ပင့်မြှောက် လိုက်မိ ပြန်သည်။
'' ဝေါင်း....... ''
သို့သော် ကျားက သူ့ နောက်ကျောသို့ ခုန်လွှားဆင်းသက် သွားသော၊ လင်းယွန်ထံ ဦးတည်ကာ ပြန်လှည့်၍ ဟိန်းဟောက် လိုက်၏။
ပုံမှန် အခြေအနေ တွင်သာ ရှိနေ ပါက၊ ထိုအမှိုက် ထံမှ ဖြစ်ပေါ် လာသော၊ အသံလှိုင်းကို အလွယ် တကူ ဖယ်ရှား နိုင်မည် ဖြစ်သည်။
ယခုမူ ယင်းအစား ကျား တစ်ကောင်၏ ဟောက်သံ ဖြင့်ပင်၊ တုန်ယင် ယိမ်းထိုး သွားကာ၊ မြေပြင် ပေါ်သို့ လဲမကျ သွားစေရန် နောက်သို့၊ ခြေလှမ်း အနည်းငယ် ဆုတ်လျက်၊ တောင့်ခံ လိုက်ရ၏။
နှစ်ယောက်သား ဒေါသတကြီး မျက်နှာချင်း ဆိုင်လိုက် ကြသည်။ ကျားကြီး၏ အရွယ် အစားမှာ လင်းယွန်နှင့် ယှဉ်ပါလျှင် များစွာ ကြီးမား လှလေသည်။
လင်းယွန်၏ အကြည့်များမှာ အေးစက် သွား ပြီးနောက်၊ သူ့ ခန္ဓာကိုယ်ရှိ ဓားဆန္ဒ များက မကြောက်မရွံ့ လှိုင်းထ လာခဲ့ ပြန်၏။
ကျားသည်လည်း ၎င်း၏ လည်ပင်းမှ သွေးများ စီးထွက် နေခဲ့ပြီး၊ နောက်ဆုံး ထွက်သက်ကိုပင် အချိန် မရွေး ရှူထုတ် တော့မည် ကဲ့သို့၊တုန်ယင် လာလေသည်။
သို့သော် သူ၏ အပြာရောင် မျက်လုံး များထဲတွင် မတော့၊ ကမ္ဘာပေါ်ရှိ အရာ အားလုံးမှာ လွဲမှား နေ သကဲ့သို့၊ ဒေါသများ တလူလူ ထွက်ပေါ် နေခဲ့ လေပြီ။
လူသားနှင့် သားရဲ တစ်ကောင်မှာ အချင်းချင်း တစ်ယောက်ကို တစ်ယောက် သတိ လက်လွတ် မခံဝံ့ဘဲ၊ ထိပ်တိုက် ရင်ဆိုင် လိုက်ကြ တော့သည်။
အဝေးတစ် နေရာရှိ သွေးနှင်းဆီ မှာမူ သူ့အတွက် တိုက်ပွဲ ဆင်နွှဲ နေသော မြင်ကွင်းကို ဂုဏ်ယူ စွာဖြင့် ငေးကြည့် နေခဲ့၏။
***