← Chapters

သွေးနှင်းဆီ။

Vol. 19 Ch. 258

သွေးနှင်းဆီ။

Vol. 19 Ch. 258

ချိုင့်ဝှမ်း အတွင်းရှိ၊ အသက်လု ပွဲက မူလ စွမ်းအင် များကို လျင်မြန်စွာ ကုန်ဆုံး လာစေ သည်။

နာကျင်မှုမှာ ပြင်းထန် လှသော်လည်း၊ ဆုတ်ခွာ သွားခြင်း မပြု ခဲ့ဘဲ၊ ပန်းသင်္ချိုင်း ဓားကို တင်းတင်း ကြပ်ကြပ် ဆုပ်ကိုင် ထားမိ လေသည်။

ဤအခိုက် အတန့်တွင် နောက်သို့ ခြေတစ်လှမ်း ဆုတ်ခြင်းဖြင့် သေခြင်း တရားကို ဖိတ်ခေါ်ရာ ရောက်မည် ဖြစ်ကြောင်း သူ သိ၏။

ပျစ်ခဲသော သွေးများ စီးကျ လျက်ဖြင့်၊ ရွှေဝါရောင် ကျားကြီးက လင်းယွန်အား အေးစက်စက် စိုက်ကြည့် နေသည်။

ပြိုင်ဘက်ကို သတ်ရန် အခွင့် အရေးကို စောင့်မျှော် နေသောကြောင့်၊ နှစ်ဖက် စလုံးမှာ ပေါ့ပေါ့ တန်တန် မပြုမူ ဝံ့ချေ။

ဒဏ်ရာများကို နှိုင်းယှဉ် ကြည့်ရ ပါလျှင်၊ စပါးအုံး မြွေ၏ အမြီးဖြင့် ရိုက်ပုတ် ခံလိုက် ရ သော်လည်း၊ လင်းယွန်မှာ ပိုမို ကောင်းမွန်သော အနေ အထား၌ ရှိနေ ခဲ့ပေသည်။

သေစေ လောက်သည့် ဒဏ်ရာ မဟုတ် သည်ကြောင့် လင်းယွန် အနေနဲ့ လက်ရှိ အချိန်တွင် ကုသမှုကို တတ်နိုင် သလောက် အချိန် ဆွဲထား နိုင် လေသည်။

တစ်ဖက်တွင်မူ ရွှေကျား၏ သွေးများမှာ စမ်းချောင်း တစ်ခုကဲ့သို့ သွန်ကျ နေခဲ့ကာ၊ ဤအတိုင်း ဆက်သွားမည် ဆိုပါက ကျားမှာ သေဆုံး သွားပေ လိမ့်မည်။

သို့သော် လင်းယွန် မှာမူ သတိ လက်လွတ် မနေရဲချေ။ ကျားနာခဲ ခဲ၍ အသေခံ တိုက်ခိုက် လာမည်ကို ကြောက်ရွံ့နေမိ၏။

နောက်ဆုံးတွင်၊ သည် ရွှေဝါရောင် ကျားကြီးမှာ ဘုရင် အဆင့် နတ်ဆိုး သားရဲ နှစ်ကောင်ကို၊ သတ်ပစ် နိုင်ခဲ့ သည်ကို၊ ကိုယ်တိုင် တွေ့မြင် ထားပြီး ဖြစ်လေသည်။

လက်ရှိ အခြေ အနေ အရ၊ ရွှေကျား ထံမှ တိုက်ခိုက် မှုများ၊ ထပ်မံ ထုတ်ဖော် လာရန် အင်အား မရှိနိုင် တော့သည်ကို သူ သိသည်။

သို့မဟုတ်ပါက ထပ်မံ တိုက်ခိုက် လာပါလျှင်၊ သူတို့ နှစ်ယောက် စလုံး၊ သေဆုံး သွားမည်မှာ သေချာ ပေသည်။ ကျားကို ကြည့်လိုက်ရာ၊တခြားသော နတ်ဆိုး သားရဲ များနှင့် ကွဲပြားသော အသွင် အပြင်ကို ပိုင်ဆိုင် ထားကြောင်း၊ သတိထား မိသည်။

" မင်းငါ့ကို နားလည် ပေးနိုင် မလား "

လင်းယွန်က သံသယကို အတည် ပြုရန် ကြိုးစား လိုက်မိသည်။ ကျားက တုံ့ပြန်မှု မရှိခဲ့ဘဲ၊ မျက်လုံး များကို မှိတ်ထား လိုက်သည်။

ယင်းသည် အဆိုပါ ကျားမှာ သူ့ စကားကို အနည်းငယ် ခံစား မိကြောင်း၊ ပြသ လာခြင်း ဖြစ်နိုင် ပေမည်။

ထို့ကြောင့် ကျားဖြင့် ဆက်သွယ် ဖို့ရန် ထိုအခွင့် အရေးကို ရယူ လိုခဲ့သည်။ သူက ကျား လည်ပင်းရှိ ဒဏ်ရာနှင့် ဆွဲဆောင်မှု ရှိသော သွေးနှင်းဆီကို လက်ညှိုးထိုး ပြကာ၊

“ငါ မင်း အသက်ကို ကယ်ပေး နိုင်တယ်၊ ဒါပေမယ့် ပန်းကိုတော့ ငါ ယူမယ် ”

ဟု ဆို လိုက်၏။

ကျားကြီးက အနည်းငယ် တုန့်ဆိုင်း သွားပြီးနောက်၊ ရုတ်တရက် သူ့ လက်သည်းကို ဖွင့်ကာ၊ မြှောက်ပြ လိုက်သည်။ ကျားထံမှ လှုပ်ရှား လာမှုကို မြင်သည်နှင့် ပန်းသင်္ချိုင်း ဓားထဲသို့ မူလ စွမ်းအင် များကို လောင်းထည့်ကာ တိုက်ခိုက်ရန် ပြင်ထား မိသည်။

သို့သော် ကျားမှာ သူ့ကို တိုက်ခိုက် လာခြင်း မရှိ ခဲ့ဘဲ၊ ဆန့်ကျင်ဘက် အနေဖြင့်၊ ပန်းသင်္ချိုင်း ဓားအား ညွှန်ပြ လာလေသည်။

" ဓားကို ချဖို့ ပြောနေ တာလား"

လင်းယွန်က မျက်ခုံးပင့်ကာ မေးမိ၏။

ကျားမှ ညင်သာစွာ ခေါင်းညိတ် ပြပြီး၊ သိမ်မွေ့သော ကြောင်တစ်ကောင် ကဲ့သို့ သူ့ အရှိန်အဝါ များကို ရုတ်သိမ်း လိုက်သည်။

ဘုရင် အဆင့်ရှိ နတ်ဆိုး သားရဲ သုံးကောင်ကို တိုက်ခိုက် ခဲ့ဖူးသည့်၊ ရက်စက် ကြမ်းကြုတ်သော၊ သားရဲ တစ်ကောင်၏ အမူ အရာများ ရှိမနေ ခဲ့တော့ပေ။

လင်းယွန်က ပန်းသင်္ချိုင်း ဓားကို မြေပြင် ပေါ်သို့ မချမီ ခဏမျှ တုံ့ဆိုင်း သွားသည်။ ကျားမှာ သူ့ အမြီးကို ပုတ်ခတ် နေမည့် အစား၊ သက်တောင့် သက်သာ အမူ အယာဖြင့် အသက်ရှူ ထုတ်နေ သည်ကို မြင်လိုက်ရ သောကြောင့်၊ "ငါ အခု လာခဲ့မယ်" ဟုဆိုကာ၊ ပန်းသင်္ချိုင်း ဓားကို မြေပေါ် ထိုးစိုက် လိုက်လေသည်။

ကျားထံမှ ဆန့်ကျင် လိုခြင်း မရှိ သောကြောင့်၊ အနားသို့ လျှောက်လှမ်း သွားကာ၊ ကြီးမား လှသော ခန္ဓာကိုယ် ပေါ်သို့ တွယ်တက် လိုက်ပြီး၊ လည်ပင်းက ဒဏ်ရာဆီ တွားသွား တက်လိုက်သည်။

ဒဏ်ရာကို အနီးကပ် မြင်လိုက် ရသော အခါတွင် လင်းယွန်က အသက် ပြင်းပြင်း ရှူရှိုက် လိုက်မိသည်။ ဒဏ်ရာမှာ ကြောက်စရာ ကောင်းလှ ပေ၏။

၎င်းထံမှ အနက်ရောင် မိစ္ဆာ စွမ်းအင် များနှင့် အသား ပုပ်နံ့များ ထွက်ပေါ် နေပေသည်။

ကံကောင်း စွာဖြင့် လင်းယွန်မှာ နဂါးသွေးမြင်း၏ ဒဏ်ရာ များကို ကုသပေး ခဲ့ဖူးပြီး ဖြစ်ရာ၊ နတ်ဆိုး သားရဲ များကို ကုသခြင်း၌ အကျွမ်း တဝင် ရှိနေ ခဲ့လေသည်။

ဦးစွာ ကျန်ရစ် ခဲ့သော အစွယ်ရာ အဆိပ်များကို ဖယ်ရှား လိုက်၏။ ထို့နောက် ဒဏ်ရာကို ဆေးလိမ်းပြီး ပတ်တီးဖြင့် ပတ်ထား ပေးလိုက်၏။ လင်းယွန်က အလုပ် လုပ်နေစဉ် ရွှေကျားမှာ မျက်လုံး မှိတ်ထား လေသည်။

ခဏအကြာတွင် ပြီးစီး သွားကြောင်း၊ အချက် ပြလိုက်ပြီး ရှည်လျားသော သက်ပြင်းကို မှုတ်ထုတ် လိုက်၏။ ကျားပေါ်မှ ခုန်ချ လိုက်ကာ၊ လည်ပြန် လှည့်ကြည့် လိုက်သည်။

နေရောင်ခြည်မှာ ကျားပေါ်သို့ ဖြာကျ လာသဖြင့်၊ ရက်စက် ကြမ်းကြုတ်သော သားရဲ ဘုရင် တစ်ပါး အစား၊ အေးချမ်း လှသော ကျားအိုကြီး တစ်ကောင် နှင့်ပင် ပို၍ တူနေ ပေသည်။

“ ဒီကျားက မလွယ် တာတော့ သေချာတယ် ''

ကောက်ကျစ်သော၊ ရိုင်းစိုင်းသော၊ ရက်စက် ကြမ်းကြုတ်ပြီး ကြီးစိုး နိုင်လွန်းသော၊ နတ်ဆိုး သားရဲ များစွာကို မြင်ထားဖူး ခဲ့သော်လည်း၊ ဤကဲ့သို့ ထူးခြားသည့် ကျားတစ်ကောင်ကို တစ်ခါမျှ သူ မတွေ့ ဖူးပေ။

ကျားကို ကုသပေး ပြီးနောက်၊ သေဆုံး နေသော ဘုရင် အဆင့်၊ နတ်ဆိုး သားရဲ သုံးကောင်ကို၊ ရွှင်မြူးသော မျက်လုံး များဖြင့်၊ လှည့်ကြည့် လိုက်သည်။

ရှေးဟောင်းတာအို ဂိုဏ်းရှိ တပည့်များက သွေး ဝံပုလွေ ဘုရင်၏ သားရဲ အမြုတေကို ဆုံးရှုံး လိုက်ရသော အခါတွင်၊ အချိန် အတော်ကြာ နာကျင် ခံစားခဲ့ ရသည်ကို တွေ့မြင် ဖူးပေသည်။

ထို့ကြောင့် နက်နဲ ဆဋ္ဌမ အဆင့်၌ ရှိသော၊ ဘုရင် အဆင့် နတ်ဆိုး သားရဲ အမြုတေသည် မည်မျှ တန်ဖိုးရှိ မည်ကို သူ စိတ်ကူး မယဉ်နိုင်ပေ။

“ ငါက နက်နဲ နယ်ပယ်ရဲ့ တတိယ အဆင့်ကို ရောက်နေပြီ ဖြစ်တာကြောင့်၊ အရင်း အမြစ်တွေ အများကြီး လိုအပ်တယ်၊ ဒီအခွင့် အရေးကို ကောင်းကောင်း အသုံးချ ရမယ်၊ စတုတ္ထအဆင့်ကို ဆုပ်ကိုင် နိုင်ဖို့ ဆိုရင် သားရဲ အမြုတေ ကိုတောင် သုံးနိုင် သေးတယ် "

လင်းယွန်က သူ၏ ကျင့်ကြံမှုမှာ မြင့်မားခြင်း မရှိ သောကြောင့်၊ သားရဲ အမြုတေ များမှာ၊ သူ့ကို ဖြစ်နိုင်ခြေ များစွာ ပေးစွမ်း နိုင်ပေမည်။

ဘုရင်အဆင့် သားရဲ အမြုတေ သုံးခုဖြင့် ချမ်းသာ သုခကို ရနိုင် သည်ကို သူ သိ၏။

နဂါးလေးအတွက် သားရဲ အမြုတေ တစ်ခုကို ချန်ထားရ ပေမည်။ စပါးအုံး မြွေ၏ သည်းခြေအိတ်၊ ဝက်ဝံ လက်သည်းနှင့် မျောက်ဝံ နှလုံး ကဲ့သို့သော၊ အခြား ရတနာ များစွာလည်း ရှိပေ သေးသည်။

နတ်ဆိုး သားရဲ များ၏ ထိုအစိတ် အပိုင်း များမှာ နှစ်တစ်ရာကျော် သက်တမ်း ရှိသော ဝိညာဉ် စွမ်းအင် အဆီအနှစ် များပါ ရှိလေသည်။

သို့မဟုတ်ပါလျှင် နတ်ဆိုး သားရဲ သုံးကောင်မှာ သူတို့၏ တော်ဝင် အရှိန် အဝါကို ဖွဲ့စည်းနိုင်မည် မဟုတ်ချေ။

နတ်ဆိုး သားရဲ များ၏ ကြီးမားသော ခန္ဓာကိုယ်ကြောင့် အပိုင်းအစ များကို ရိတ်သိမ်းရန် နာရီဝက် ခန့် အချိန်ယူ ခဲ့ရသည်။

သူ့ရှေ့တွင် ချထားသော သားရဲ အမြုတေ သုံးခု ထံမှ အသက်ဓာတ်များ ရုန်းကြွနေ လေသည်။ ၎င်းတို့တွင် အကန့် အသတ် မဲ့သော ကြက်သွေးရောင် အလင်းနှင့် တော်ဝင် အရှိန် အဝါ ကြိုးမျှဉ်များ သိပ်သည်းစွာ ပါဝင်နေ ပေသည်။

သွေး ဝံပုလွေ ဘုရင်၏ အမြုတေထက် အဆပေါင်း များစွာ သန့်ရှင်း လေ၏။

သားရဲ အမြုတေ များကို သိမ်းဆည်း ပြီးနောက် ပန်းသင်္ချိုင်း ဓားကို ထုတ်ယူရန်လျှောက်လှမ်း သွားသည်။

ပန်းသင်္ချိုင်း ဓားကို မြေပြင်မှ ဆွဲနှုတ် လိုက်သည်နှင့် ရွှေကျားက မျက်လုံးများကို ဖွင့်ကာ၊ ကြောက်ရွံ့ သွားဟန်ဖြင့် မော့ကြည့် လာသည်။

"အလုပ် လုပ်ဖို့ အချိန် တန်ပြီ "

လင်းယွန်က သွေးနှင်းဆီ ထံသို့ လျှောက်သွား လိုက်၏။ သွေးနှင်းဆီသည် အရှုပ် အထွေး များကြားတွင် ဂုဏ်ယူစွာ ရပ်နေ ခဲ့သည်။

လင်းယွန်က နှင်းဆီ ပန်းပွင့်ကို လှမ်းယူ ထိတွေ့ ခါနီးတွင်၊ ပွက်ခနဲ ပျောက်ကွယ် သွားကာ၊ မီတာ အနည်းငယ် အကွာ၌ ပြန်လည် ထွက်ပေါ် လာခဲ့သည်။

မျက်မှောင်ကြုတ်ပြီး ခူးယူရန် သူ့ လက်ကို ထပ်မံ ဆန့်ထုတ် လိုက်ကာ၊ 'လေးနက်သောခြေလှမ်း ခုနစ်လှမ်း' ကို၊ ထုတ်ဖော် လိုက်သော်လည်း၊ မည်မျှပင် ကြိုးစား စေကာမူ ပန်းပွင့်ကို မထိ နိုင်ခဲ့ပေ။

“စိတ်ဝင် စားစရာ ပဲ…”

လင်းယွန်က နှာခေါင်းကို ပွတ်သပ် လိုက်ကာ၊ နှင်းဆီပန်းနှင့် မလှမ်း မကမ်းတွင် ပန်းသင်္ချိုင်း ဓားကို ထိုးစိုက် ချလိုက်သည်။

ဓားသည် မြေပြင်သို့ ထိုးကျ သွားသော အခါတွင်၊ တုန်လှုပ်ဖွယ် ကောင်းသော အိပ်မက်ဆန်သည့် ဖြစ်ရပ်များ၊ ထွက်ပေါ် လာတော့၏။

ပန်းရနံ့များက လင်းယွန်၏ မျက်လုံး ရှေ့မှာပင် ပန်းသင်္ချိုင်းဓား အတွင်းသို့ စီးဝင် လာသည်။

စီးဝင်နေသော ကြက်သွေးရောင် လှိုင်းကို လင်းယွန်က လှမ်းကိုင် ကြည့်လိုက် သော်လည်း၊ လေကိုသာ ဖမ်းဆုပ် လိုက်မိ လေသည်။

ဓားတစ်လက်ဖြင့် ကြီးစိုး နိုင်လွန်းသော မိန်းမ တစ်ယောက် ကဲ့သို့ သွေးနှင်းဆီက ဂုဏ်ယူ စွာဖြင့်၊ ရပ်နေ ခဲ့လေသည်။ တစ်ချိန်တည်း မှာပင်၊ ပန်း ရနံ့၏ အာဟာရ ဖြည့်စွက် မှုများ အောက်တွင် ပန်းသင်္ချိုင်း ဓားသည် ပို၍ အားကောင်း လာခဲ့၏။

ယင်းမှာ ပန်း၏ ရနံ့များက ဓားအတွင်း လျင်မြန်စွာ စီးဝင် လာသောကြောင့်၊ ပန်းကို ခူးဆွတ် စရာ မလို တော့ချေ။

လင်းယွန်က သူ့မေးစေ့ကို ပွတ်ကာ ထိုမြင်ကွင်းကို ငေးကြည့် နေမိသည်။ လှပသော မိန်းမငယ် များကို ဓားများ လက်ဆောင် ပေး ကြသည့် ပုံပြင်များ ကြားခဲ့ ဖူးပေသည်။

သို့သော် လှပသော ပန်းတစ်ပွင့်မှာ ဓား တစ်လက်အား ဤမျှ စွဲလန်း နေ လိမ့်မည်ဟု မကြားထား ဖူးပေ။ ထို့ကြောင့်ပင် အစောပိုင်း အချိန်၌ သူ၏ ဖမ်းဆီးမှုကို ရှောင်နေ ခဲ့ခြင်း ဖြစ်ပေမည်။

ဆိုလိုသည်မှာ သွေးနှင်းဆီသည် မိန်းမ ငယ် လေး တစ်ဦး ကဲ့သို့၊ သူမ လေးစားသည့် သူမျှ မဟုတ် ပါလျှင်၊ လက်ဖျား ဖြင့်ပင်၊ ထိခွင့် မပြုနိုင် ဟူသော အယူ အဆကို ထုတ်ဖော် ပြသ လာခြင်း ဖြစ်ပေသည်။

'' ဆိုတော့ မင်းက ငါ့ကို သဘော မကျဖူးပေါ့၊ ဒါပေမယ့် ပန်းသင်္ချိုင်း ဓားကိုတော့ အရူးအမူးပဲ လို့ ပြောချင် တာလား ... ဟားဟားဟား ''

သဘောကျစွာ ရယ်မော နေသည့် အခိုက် အတန့်တွင်၊ ညင်သာစွာ လျှောက်လှမ်း လာနေသော ခြေသံများကို ကြားလိုက် ရသည်။

ရွှေကျားက လင်းယွန်ကို အဓိပ္ပါယ် ရှိစွာ လှမ်းကြည့်လာ ပြန်သည်။ လင်းယွန်က အနည်းငယ် စဉ်းစား ပြီးနောက်၊ သူ့လက်ကို ကမ်းပေး လိုက်၏၊

ရွှေကျားက သူ့ လက်သည်း ထိပ်ဖြင့် လင်းယွန်၏ လက်ချောင်း များကို ညင်သာစွာ ပုတ်လိုက်သည်။

ထို့နောက် ကျားက ပန်းသင်္ချိုင်း ဓားကို ညွှန်ပြ လာသည်။ ကျား၏ ညွှန်ကြားချက် အတိုင်း လိုက်နာပြီး၊ ဓားပေါ်သို့ သွေး တစ်စက်ကို ချလိုက် သည်နှင့် ဓားဖြင့် ထိတွေ့ သွားပြီးနောက် လုံး၀ ပေါင်းစပ် သွားလေသည်။

ပန်းကလေးက ရွှင်မြူးသွာ ဟန်ဖြင့် ယိမ်းထိုး လာပြီးနောက်၊ မရေ မတွက် နိုင်သော ကြက်သွေးရောင် ပွင့်ချပ် များကို ရုတ်တရက် ချွေချ ပစ်လိုက် လေသည်။

ထိုပွင့်ချပ် များထဲမှ ပွင့်ချပ် တစ်ချပ်မှာ လက် တစ်ကမ်း အကွာသို့၊ ရောက်ရှိ လာ သောကြောင့်၊ ထိုပွင့်ချပ်ကို စောင့်ကြည့် လိုက်မိ၏။

ကြက်သွေးရောင် ပွင့်ချပ်မှာ ပျော်ရွှင် စွာဖြင့် ပန်းသင်္ချိုင်း ဓားထံသို့ တိုးဝင် ပေါင်းစပ် ပျောက်ကွယ် သွားတော့သည်။

နောက်ဆုံး ပွင့်ချပ် ပျောက်ကွယ် သွားသည်နှင့်၊ လင်းယွန်က ဓားကို လှမ်းကိုင် လိုက်ပြီး၊ မြေပြင်မှ ဆွဲထုတ် လိုက်၏။ ဓား၏ ကိုယ်ထည် ပေါ်တွင်၊ ယခင်က ထက် သိသိ သာသာ ကွဲပြား သွားစေသော၊ သဘာဝ ပုံစံများစွာ ဖြစ်ပေါ် လာခဲ့ လေသည်။

ပန်းသင်္ချိုင်း ဓားသည် ယခု အခါတွင် အဆင့် မြင့် တော်ဝင် လက်နက် အဆင့်သို့ ရောက်ရှိ နေပြီ ဖြစ်သည်။ ဓားကို ဆုပ်ကိုင် ထားစဉ်တွင်၊ ပန်းသင်္ချိုင်း ဓားမှာ သူ၏ ခန္ဓာကိုယ် အစိတ် အပိုင်း တစ်ခု အဖြစ်၊ ခံစား လိုက်ရ၏။

ဒါန်တမ်း အတွင်းရှိ ခရမ်းရောင် ပန်းမှာ ပွင့်လာပြီး၊ ပန်းသင်္ချိုင်းဓား အတွင်းသို့ မူလ စွမ်းအင် များကို စတင် လောင်းထည့် လိုက်သည်။

ပန်းသင်္ချိုင်းဓား မှတဆင့် ဓား ရည်ရွယ်ချက်မှာ ဆူညံ ပေါက်ကွဲ လာပြီး၊ မရေ မတွက် နိုင်သော ကြက်သွေးရောင် ပန်း ပွင့်ချပ်များ ဖြစ်ပေါ် လာလေသည်။

အိပ်မက်ဆန်သော မြင်ကွင်း တစ်ခု နှင့်အတူ၊ ပတ်ဝန်းကျင် တစ်ခုလုံး လှုပ်ခတ် သွားတော့၏။

" ဒါက စကြာဝဠာ လက်ရာ တစ်ခု မဟုတ် ပါဘူး၊ ဒါပေမယ့် သူတို့ကို နှိုင်းယှဉ်လို့ ရပုံပဲ "

ပန်းသင်္ချိုင်းဓားကို ဆုပ်ကိုင် လျက်မှ စိတ်လှုပ်ရှားစွာ ရေရွတ် မိ သွားသည်။ ပန်းသင်္ချိုင်း ဓားသည်၊ အလယ် အလတ် တန်းစား တော်ဝင် လက်နက် ဖြစ်သော်လည်း၊ စကြာဝဠာ အဆင့် လက်နက် များနှင့်၊ ယှဉ်နိုင်သော ဓားတစ်လက် အဖြစ်သို့၊ ရောက်ရှိ သွားခဲ့သည်။

ဤဓားကို အသုံးပြု ခြင်းဖြင့် သူ၏ ဓား နည်းစနစ် များကို အဆင့် သစ်သို့၊ ဖော်ဆောင် နိုင်ပေ တော့မည်။

ကြက်သွေးရောင် ပွင့်ချပ်များ ကြားတွင်၊ ပန်းသင်္ချိုင်း ဓားကို လှုပ်ယမ်း လိုက်သော အခါတွင်၊ သူ၏ ရုပ်သွင်မှာ ပုံရိပ်ယောင် တစ်ခု ကဲ့သို့၊ လေထု အတွင်း ပေါင်းစပ် သွားခဲ့ လေပြီ။

ခဏအကြာတွင် ပန်းသင်္ချိုင်း ဓားကို သိမ်းယူကာ၊ ရယ်မော လိုက်၏။ ဓားမှာ ဓားသေတ္တာ အတွင်း ပြန်လည် ရောက်ရှိ သွား သည်နှင့်၊ ပတ်ဝန်းကျင်ရှိ ကြက်သွေးရောင် ပွင့်ချပ်များ ပျောက်ကွယ် သွားလေသည်။

အထက်ပါ မြင်ကွင်း တစ်ခုလုံးသည် အိပ်မက်ဘုံ တစ်ခု ကဲ့သို့ ရုတ်ချည်း ပျောက်ကွယ် သွား၏။

“ဘယ်လို ဓားမျိုးလဲ ”

လင်းယွန်က ဝမ်းမြောက် သွားသည်။ ထို့နောက် ချက်ချင်းပင် ကျားကို ကျေးဇူးတင် စကား ဆိုလိုက်၏။ ပန်းသင်္ချိုင်းဓားသည် သွေးနှင်းဆီကို စုပ်ယူရန် အတွက်၊ ကျား၏ လမ်းညွှန်မှုကို ရယူ ခဲ့ရခြင်း ဖြစ်သည်။

ကျားက လင်းယွန်ကို ထပ်မံ ညွှန်ပြပြီး၊ ချိုင့်ဝှမ်း၏ နက်ရှိုင်းသော အရပ် ဆီသို့ ညွှန်ပြ လာပြန်သည်။

"မင်းနဲ့ အတူ လိုက်စေ ချင်တာလား"

လင်းယွန်၏ မေးခွန်းကို ကျားကြီးက ခေါင်းညိတ် ပြကာ၊ ချိုင့်ဝှမ်း အတွင်း ထံသို့ ဦးဆောင် တိုးဝင် သွားတော့၏။

တစ်စုံ တစ်ယောက်သည် အဆိုပါ ကျားကြီးကို ဉာဏ်အလင်း ဖွင့်ပေး ဖူးရ ပေမည်။ ထိုသို့ ဆိုပါလျှင် ၎င်း၏ သခင်ဖြင့်၊ တွေ့ဆုံရန် ခေါ်ဆောင် လာခဲ့ခြင်း၊ ဖြစ်နိုင် ပါမည်လော။

လင်းယွန်၏ မျက်လုံး များတွင် စူးစမ်းလို စိတ်များ နှင့်အတူ၊ ချိုင့်ဝှမ်း အတွင်း ဆီသို့၊ လိုက်ပါ တိုးဝင် သွားမိ လေသည်။

***

All Chapters