← Chapters

လမ်းလွဲ ကျင့်ကြံသူများ။

Vol. 19 Ch. 259

လမ်းလွဲ ကျင့်ကြံသူများ။

Vol. 19 Ch. 259

ကျား၏ ဦးဆောင် မှုဖြင့် ချိုင့်နက် ထဲသို့ တိုးဝင် လာခဲ့သည်။ ချိုင့်ဝှမ်း အတွင်း ခိုအောင်း နေသော၊ နတ်ဆိုး သားရဲများ ချဉ်းကပ် လာမှုကို ရှောင်ရှားရန် အတွက်၊ ကျားက သူ၏ အရှိန် အဝါကို ထုတ်လွှတ် ထားလေသည်။

လမ်းတစ်လျှောက်တွင် စပါးအုံး မြွေနှင့် မျောက်ဝံများ ကဲ့သို့သော ကြောက်မက်ဖွယ် ကောင်းလွန်းသည့် နတ်ဆိုး သားရဲ အချို့ကိုပင် တွေ့ဆုံ ခဲ့ရ လေသည်။

ကျား၏ အရှိန် အဝါသာ မရှိပါက၊ သည်အထိ ရောက်ရှိ နိုင်ခြင်း မရှိ မည်ကို သူ သိသည်။

ချိုင့်ဝှမ်း အတွင်း နေပျောက်ပင် မထိုးနိုင်သော တောအုပ် တစ်နေရာသို့၊ အရောက်တွင် သစ်သား တဲငယ် တစ်လုံးကို တွေ့ရှိ လိုက် ရသည်။

ကျားက လင်းယွန်ကို ဝင်သွားရန် အချက်ပြ လာသည်။ တဲငယ် အတွင်း၌ သူ့ သခင်များ ရှိနေ မည်လော ဟုပင် တွေးလာ မိလေသည်။

သစ်သားတဲ အတွင်း ရိုးရှင်းလှပြီး၊ ဖုန်များ အလွှာလိုက် ဖုံးလွှမ်း နေသည်။ ဤနေရာသို့ အချိန်အတော် လာရောက် နေထိုင် မည့်သူ မရှိကြောင်း ချက်ချင်း ပြောနိုင်သည်။

ကျားသခင်မှာ ထွက်ခွာ သွားခဲ့ခြင်း သို့မဟုတ် သေဆုံး သွားခဲ့ ပုံရသည်။

သစ်သားတဲ အတွင်းသို့ လှည့်ပတ် ကြည့်လိုက်ရာ၊ စားပွဲပေါ်တွင် ဟောင်းနွမ်း နေသော စာအုပ် တစ်အုပ်ကို တွေ့လိုက် ရသည်။

ဖုန်မှုန့်များကို မှုတ်ထုတ် လိုက်သည်နှင့်၊ ၎င်းပေါ်တွင် ရေးထိုး ထားသော ' ချင်းဇူအန်၏ မှတ်တမ်း' ဟူသည့် စကားလုံး များကို တွေ့ရှိ ခဲ့သည်။

စာအုပ်ကို ကောက်လှန် ကြည့် လိုက်၏။ စာမျက်နှာ တိုင်းတွင် ပန်းချီကား တစ်ချပ်စီ ရှိနေ ခဲ့သည်ကို တွေ့လိုက် ရသည်။

ထိုပန်းချီကား များကို ကြည့်လိုက် ခြင်းဖြင့်၊ ခေါင်းမူး လာသည့် အတွက်၊ စာအုပ်ကို ချက်ချင်း ပိတ်လိုက် မိ၏။

တုန်လှုပ် ချောက်ချား မှုများ ပြည့်နှက် လာသည်။ ပန်းချီ ကားများ အားလုံးကို ဝိညာဉ် ရေးရာ 'ရူရ်' များဖြင့် ဖွဲ့စည်း ထားခြင်း ဖြစ်ရာ၊ ထို့သို့ ဝိညာဉ် ရူရ် များကို ပန်းချီ ကားများ၊ ဖန်တီး နိုင်လိမ့် မည်ဟု သူ မသိခဲ့ချေ။

ချင်းဇီအန် အမည်ဖြင့် ထိုလူသည် 'ဝိညာဉ်ရေး ဆရာ သခင်' တစ်ယောက် ဖြစ်နိုင် ပေမည်။ ဤ မှတ်တမ်းမှ လွဲ၍ အခန်းမှာ ဗလာ ဖြစ်နေပြီး၊ အခြားသော ထူးခြား မှုများ မရှိချေ။

သို့သော် ထိုမှတ်တမ်း ကပင် သူ့ကို ထိတ်လန့် စေလောက်အောင် စွမ်းဆောင် နိုင်ခဲ့ လေသည်။

" ဒါကို နောက်မှ ပြန်ကြည့် ရတာပေါ့ "

မှတ်တမ်း စာအုပ်ကို သိမ်းဆည်း လိုက်ကာ၊ သစ်သားတဲ အတွင်းမှ ပြန်ထွက် လာခဲ့၏။

သစ်သားတဲ အပြင် ရောက်သည်နှင့် ထူးဆန်းသော မြင်ကွင်းကြောင့် လွန်စွာ ထိတ်လန့် သွားရသည်။ ကျားသည် ကျင့်ကြံခြင်း နည်းစနစ်ကို ဖြန့်ကျက် နေသော၊ လူသား ကျင့်ကြံသူ များကဲ့သို့၊ ၎င်း၏ ခြေထောက် များကို ချိတ်ကာ၊ ထိုင်နေခဲ့ လေပြီ။

အဆုံးတွင် ကျား၏ ထူးခြားသော အပြုအမူ များနှင့် မျက်လုံး ပြာပြာများ ပိုင်ဆိုင် ထားရသည့်၊ အကြောင်း အရင်းကို သူ နားလည် သွားမိသည်။

“ ဒီမှာ ဝိညာဉ် ရေးဆိုင်ရာ မှော်အခင်း အကျင်း တစ်ခု ရှိနေတယ်။ ”

လင်းယွန်၏ မျက်နှာမှာ ပြောင်းလဲ သွားပြန်သည်။ ပတ်ဝန်းကျင်ရှိ ဝိညာဉ် စွမ်းအင်များတွင် အားနည်းသော လှိုင်းဂယက်ကို သူ ခံစား နိုင်သည်။ သာမာန်သူ များမှာ ဂရု မစိုက် မိပါလျှင် သတိထား မိမည် မဟုတ်နိုင်။

မှော်အခင်း အကျင်းရှိ 'ရူရ်' များမှာ ပန်းသင်္ချိုင်း ဓားတွင် ရေထိုးထား 'ရူရ်' များထက် မနိမ့်ကြောင်း တွေ့ရှိ ရသည်။ ဤအခင်း အကျင်းသည် သစ်တောနှင့် လုံးလုံး လျားလျား ပေါင်းစပ် နေခဲ့ သောကြောင့်၊ သတိ မပြုမိ ခဲ့ခြင်းပင်။

ထိုမှော် အခင်း အကျင်း သည် ချိုင့်ဝှမ်းတစ်လျှောက် ရှည်လျားစွာ ဖြန့်ကျက် နေသည်ကို ရုတ်တရက် ဂရု ပြုမိ လိုက်သည်။

ဤနေရာ၌ ကျင့်ကြံခြင်းသည် ဂိုဏ်း၏ ရတနာ နယ်မြေ များထက် မည်သို့မျှ နိမ့်ကျမည် မဟုတ်ပေ။

'' ဒီ စီနီယာ ချင်းဇီအန်က ဝိညာဉ် ရူရ်တွေအပေါ် အံ့ဩဖွယ်ရာ အဆင့်ထိ ဆုပ်ကိုင် ထားနိုင် ခဲ့ပုံပဲ "

ချင်းဇီအန်၏ မှတ်တမ်းမှာ အဖိုး မဖြတ် နိုင်သော ရတနာ တစ်ခု ဖြစ်ကြောင်း၊ သိလိုက် ရသည်။

ကျား၏ အသက်ကို ကယ်တင် ပေးခြင်းဖြင့် ကောင်းမွန်သော အကျိုး အမြတ်ကို ကျားမှ ပြန်လည် ပေးဆပ် လာခဲ့သည်။

"သားရဲ အမြုတေကို ဒီနေရာမှာ သန့်စင်ရင် ပိုထိ ရောက်လိမ့်မယ် "

မဆိုင်း မတွပင် စပါးအုံး မြွေ၏ သားရဲ အမြုတေကို ထုတ်ယူကာ၊ ခြေထောက်များချိတ်လျက် ထိုင်ချ လိုက်သည်။ ဓားသုတ္တန်ကိုခန္ဓာကိုယ် အတွင်း၌ ဖြန့်ကြက် လိုက်ပြီးနောက်၊ ပတ်ဝန်းကျင်ရှိ ဝိညာဉ် စွမ်းအင်များကို လျင်မြန်စွာ စုပ်ယူ လိုက်လေသည်။

မူလ စွမ်းအင်သည် ခန္ဓာကိုယ် အတွင်း၌ ပြောင်းလဲ မှုများ ရှိလာပြီး၊ နီရဲသော 'မီးတောက်' ကဲ့သို့ တောက်လောင် နေသည်။

ဝိညာဉ် စွမ်းအင်များ ပြည့်နှက် နေသည့်အတွက် သူ့ ခန္ဓာကိုယ် တစ်ခုလုံး ပူလောင်လာကာ၊ ကျင့်ကြံမှု များမှာ အရှိန် အဟုန်ဖြင့် တိုးတက် လာခဲ့သည်။

သူ့လက်ထဲရှိ သားရဲ အမြုတေကို တစ်ဝက်ခန့် သန့်စင် ပြီးနောက်၊ အစောပိုင်း တတိယ အဆင့် မှသည် အထွတ် အထိပ် အဆင့်ထိ တိုးတက် လာခဲ့၏။ ၎င်းအရှိန် အဟုန် အရ၊ 'လ'ပေါင်း များစွာ ကျင့်ကြံ အားထုတ်မှု နှင့် ညီမျှ လေသည်။

ထိုအချိန်တွင် လင်းယွန်က 'ရှေးဦးကျမ်း' နည်းစနစ်ကို ထပ်မံ ဖြန့်ကျက် လိုက်ပြန်သည်။

သားရဲ အမြုတေကို သန့်စင်ရန်၊ ကျင့်ကြံမှုနည်းစနစ် နှစ်ခုကို တပြိုင်နက်တည်း၊ အသုံးပြု လိုက် သည်ကြောင့်၊ တစ်ဟုန်ထိုး မြင့်တက် နေသော သူ့ ကျင့်ကြံမှုသည် နောက်ဆုံး၌ ရပ်တန့် သွားလေသည်။

သားရဲ အမြုတေကို သန့်စင် ပြီးနောက် လင်းယွန်၏ မျက်လုံးများ ပြန်ပွင့် လာခဲ့ တော့သည်။ ကြီးထွား အားကောင်း လာမှု နှင့်အတူ၊ သူ့ ခန္ဓာကိုယ် ထဲ၌ သွေးများ တဟုန်ထိုး စီးဆင်း သွားသည်။

အကယ်၍သာ 'ရှေးဦးကျမ်း' ဖြင့် အသက် စွမ်းအင်များ ပေါင်းစပ် သန့်စင်ခြင်း အတွက်သာ မဟုတ် ပါက၊ နက်နဲ တတိယ အဆင့် အထွတ် အထိပ်သို့ ရောက်ရှိ နေပြီ ဖြစ်သည်။

“ နှစ်ခု ကျန်သေးတယ် ...၊ ဆက်ပြီး သွားရမယ်။ "

ထို့နောက် ဝက်ဝံ သားရဲ၏ အမြုတေကို ထုတ်ယူကာ၊ စတင် သန့်စင်လိုက် ပြန်သည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံး လာပြီးနောက်၊ နှစ်နာရီခန့် အကြာတွင် လင်းယွန်၏ မျက်လုံးများ ပြန်ပွင့် လာခဲ့သည်။

အသက် ပြင်းပြင်း ရှူထုတ်ပြီး၊ အရှိန် အဝါ၏ အသွင် ပြောင်းမှုကို၊ အာရုံ ခံစား လိုက်သည်။ ကြီးမြတ်သော အရှိန် အဝါမှာ မျက်ခုံးမွှေး နှစ်ခု ကြား ကွပ်လပ်မှ ထွက်ပေါ် လာကာ၊ ကြီးစိုး လွန်းသော ရောင်ဝါကို ပြသလာ လေသည်။

သူ၏ စိတ်နေ စိတ်ထား တွင်လည်း ကြီးမားသော အပြောင်း အလဲများ ဖြစ်ပေါ် လာခဲ့သည်။

သူ့ မျက်ဝန်း များရှိ ဝိညာဉ် စွမ်းအင် အတက် အကျများမှာ၊ နက်နဲ သိုင်း နယ်မြေ ဆဋ္ဌမ အဆင့် ခွန်အားကို၊ ပိုင်ဆိုင် ထားသော 'ဘုရင်အဆင့် နတ်ဆိုး သားရဲ' များထက် ပြတ်သား လာသည်။

'' ဟိတ်........ ''

ဟောက်သံကို လွှတ်လိုက်ပြီး၊ ကောင်းကင်သို့ ခုန်တက်ကာ၊ လက်သီး တစ်ချက် ပစ်တင် လိုက်သည်။ လက်သီ ထံမှ လျှပ်စီး လက်သွား သကဲ့သို့ မူလ စွမ်းအင်များ ပြေးထွက် သွားပြီး၊ မြေပြင်ကို တုန်လှုပ် လာစေ ခဲ့သည်။

“ သားရဲကောင် တွေက တကယ်ကို ကြောက်စရာ ကောင်းလွန်းတယ်၊ ငါ့ရဲ့ သာမာန် လက်သီး တစ်လုံး ကတင်၊ အထွတ် အထိပ် စတုတ္ထ အဆင့်၊ ခွန်အားနဲ့ ညီမျှတယ်၊ ဒါက ပဉ္စမ အဆင့်မှာ ရှိတဲ့၊ အထက်တန်းလွှာ တွေကို ရင်ဆိုင်ဖို့ လုံလောက် သွားပြီ ”

ကျယ်ဝန်းသော မြေပြင်တွင် အချိန် အတော် ကြာအောင်၊ သူ့ လက်သီး၏ မြည်သံ များက ဖုံးလွှမ်း နေသည်ကြောင့်၊ လင်းယွန်၏ မျက်လုံးများတွင် ထိတ်လန့် မှုကို မဖုံးကွယ် နိုင်ပေ။

အိုင်းရစ် ဓားသုတ္တန် နှင့် ရှေးဦးကျမ်း သည် ဂုဏ်သိက္ခာ ရှိသော မျိုးနွယ်စု များ၏ အထက်တန်းစား များနှင့် နှိုင်းယှဉ် နိုင်ပေသည်။

သူ့မှာ လုံလောက်သော အရင်း အမြစ်များ ရှိနေ သရွေ့၊ ထိုသူတို့ကို ကျော်ဖြတ်ဖို့ ဆိုသည်မှာ အချိန် တစ်ခုသာ လိုအပ် ပေမည်။

ဘိုင်ချူးဟွေ ပြောခဲ့ သလိုပင် အနာဂတ်၌ ပါရမီရှင် ရှစ်ပါးအား၊ ရင်ဆိုင် နိုင်သော ခွန်အားကို ပိုင်ဆိုင် လာနိုင်မည်။

အထူးသဖြင့် အိုင်းရစ် ဓားသုတ္တန်နှင့် ရှေးဦးကျမ်း တို့သည် ထူးထူး ခြားခြား ကျင့်ကြံမှု နည်းစနစ် ဖြစ်သောကြောင့် ဖြစ်သည်။

ထွင်းထိုး နားလည်မှု အရ လင်းယွန်သည် ဓာတ်ပုံ မှတ်တမ်း ကဲ့သို့သော တစ်ကြိမ် မြင်ဖူး ရုံဖြင့်၊ တစ်သက် မေ့မရ နိုင်သော မှတ်ညာဏ် မျိုးကို ပိုင်ဆိုင် ထားပေသည်။

သိုင်းဝိညာဉ် နှင့် ပတ်သက်၍ သူ့တွင် 'ကမ္ဘာဦး ဖျက်ဆီးခြင်း ဝိညာဉ်' ဖြစ်သော 'အသူရာ နဂါး' ကို ပိုင်ဆိုင် ထားရှိ လေသည်။ တွန်းအားကို ဆက်လက် ထိန်းသိမ်း ထားနိုင် သရွေ့၊ အထွတ် အထိပ်သို့ အနှေးနှင့် အမြန် ဆိုသလိုပင် တက်လှမ်း နိုင်မည် ဖြစ်သည်။

ဤအခိုက် အတန့်တွင် လင်းယွင်မှာ သူ့သွေးများ ပွက်ပွက်ဆူ လာသည်ကို ခံစားလိုက် ရသည်။

ထို့နောက်တွင် တောထဲ၌ ကျား-နဂါး လက်သီးကို စတင် လေ့ကျင့် ခဲ့ပြီး၊ နဂါးနှင့် ကျားတို့၏ ဟောက်သံ များကို၊ အဆက် မပြတ် ထုတ်လွင့် နေခဲ့သည်။

ရုတ်တရက် တောအုပ် တစ်နေရာတွင် ပေါက်ကွဲ သံများ၊ ဆက်တိုက် ပဲ့တင် ထပ်လာ သဖြင့်၊ လင်းယွန်က သူ့ နည်းစနစ် များကို ရုတ်သိမ်းကာ၊ လှည့်ကြည့် ပြီးနောက်၊ မျက်လုံးများ လင်းထိန် သွားလေသည်။

ရွှေကျားက လက်သီး နည်းစနစ်ကို လေ့ကျင့် နေခြင်း ဖြစ်လေသည်။

“ မင်းက တိုက်ခိုက်ရေး နည်းစနစ် တွေကိုရော သိတယ်လား၊ ဘာလို့ ငါတို့က အတူတူ မလေ့ကျင့်ရတာလဲ "

လင်းယွန်၏ မျက်လုံးများ တောက်ပ လာပြီး၊ ကျား နှင့်အတူ 'နဂါး ပန်းချီ' ကို စတင် လေ့ကျင့် လိုက်သည်။ 'နဂါး ပန်းချီ' ၏ နက်နဲသော သဘော တရား များကို၊ သူ နားလည် နိုင်ပါလျှင် ပို၍ အကျိုး အမြတ် ရှိလာမည် ဖြစ်သည်။

လင်းယွန်၏ စကားကို ကြားလိုက် ရသည်နှင့် ကျားက ရှေ့သို့ ခုန်တက် လာပြီး၊ လက်သီးချက် များဖြင့်၊ ထုတ်ဖော် တိုက်ခိုက် လိုက် လေသည်။

ကျားနှင့် သူ၏ လက်သီး နည်းစနစ် များကို လေ့ကျင့် စဉ်တွင် လျင်မြန်စွာ၊ တိုးတက် လာခဲ့သည်။

အခြား တစ်ဖက်တွင်၊ ဘူချန်နှင့် ရှောင်းရန်တို့သည် အတူ တကွ ယှဉ်ရပ် လိုက်ကာ၊ တူညီသော ဦးတည်ချက်သို့ လှမ်းကြည့် နေ ကြသည်။

နေဝင်ချိန်တွင် ဘိုင်ချူးဟွေက ပျိုးကျွန် များ၏ ရိတ်သိမ်းမှု များကို ကြည့်ကာ၊ လောဘ ဇောဖြင့် အလင်းရောင်များ တဖိတ်ဖိတ် လက်လာ၏။

အခြားသော ဂိုဏ်းငယ်များမှ တပည့် ငါးဦး တို့သည် မျက်နှာများ ပေါ်တွင် အထင်ကြီး မှုများဖြင့် ရောက်ရှိ လာ ကြသည်။

မကြာခင် မစ်ရှင် ပြီးဆုံး တော့မည် ဖြစ်ရာ၊ ဘူချန်နှင့် ရှောင်းရန် တို့ကို မိတ်ဖွဲ့ရန် အနားကပ် လာခြင်း၊ ဖြစ်ကြသည်။

ပြီးနောက်၊ လူတိုင်းသည် မဟာချင် အင်ပါယာတွင် သူတို့ ဆက်ဆံ ရေးကို၊ ချိတ်ဆက် မှုများ ပြုလုပ်ရန် လိုအပ် ပေမည်။

“ ဒီတစ်ကြိမ် မစ်ရှင် အောင်မြင်မှု အတွက် မင်းတို့ နှစ်ယောက်ကို ကျေးဇူးတင် ရမယ်၊ မဟုတ်ရင် လူ ဘယ်နှစ်ယောက် သေမယ် ဆိုတာ ဘယ်သူ သိနိုင် မလဲ။ ”

" မင်းတို့ နှစ်ယောက်က ဂိုမိသားစု လူရွေး ပွဲမှာ တုန်းက၊ နိမ့်ကျတဲ့ ပုံရိပ်ကို ရယူ ထားခဲ့ တာကြောင့်၊ မင်းတို့ နှစ်ယောက် ဒီလောက် အစွမ်းထက် လိမ့်မယ်လို့၊ ငါတို့ ဘယ်တုန်း ကမှ မမျှော်လင့် ထားမိဘူး။ ”

" ဒီအစောင့် အကြပ် ခရီးစဉ်မှာ ဘူချန်ကို ကျေးဇူးတင် ရမယ်၊ ငါ့ရဲ့ အရေး မပါ လှတဲ့ ခွန်အားက နည်းနည်းလေးပဲ အထောက် အကူ ဖြစ်ခဲ့ တာပါ ”

ရှောင်းရန်က ပြုံးကာ ဆိုသည်။

"ငါတို့က နာမည် မရှိတဲ့ လူတွေမှ မဟုတ်တာ၊ ဒါကြောင့် ငါတို့ အင်အားကို ပြဖို့ ဘာကြောင့်လိုအပ် ရမှာလဲ၊ ကိုယ်တိုင်က နိမ့်ကျ နေတာ မဟုတ်ဘူး၊ ငါတို့ ကိုယ်တိုင်က လင်းယွန်နဲ့ နှိုင်းယှဉ် စရာကို မလို တာပါ "

- ဟု ဘူချန်က ယုံကြည်ချက် ရှိရှိဖြင့်၊ ပြန်ဖြေ လိုက်သည်။

" မှန်တယ် လင်းယွန်က ဘယ်လို လုပ်ရမယ် ဆိုတာ သိတယ်၊ 'ဂို' မိသားစုမှာ သူ လုပ်နိုင် ခဲ့တာ အကုန် ပါပဲ၊ သွေးအရိုး တောအုပ်ကို ဝင်ရောက် ပြီးတဲ့နောက် မှာတော့၊ သူ စကား တစ်ခွန်းတောင် မပြော ဝံ့ခဲ့ ပါဘူး၊ ငါတို့က မင်းတို့ နှစ်ယောက် ကိုပဲ အားကိုးလို့ ရခဲ့တယ်။"

" ဒါပေါ့ သခင်လေးဘူက အမှန် တကယ် အားကိုး ထိုက်တယ်၊ မင်းရဲ့ နဂါး ပန်းချီက အရမ်း အစွမ်း ထက်လွန်းတယ် ”

" ရှားထန်းဖိန်နဲ့ လင်းလန် တို့ရဲ့ ပေါင်းစပ် အင်အား နဲ့တောင် မင်းကို ဆန့်ကျင်ဖို့ မလုံလောက် ဖူးလို့ ငါ ထင်တယ် "

" မင်းတို့ ဘယ်သူ့ အကြောင်း ပြောနေတာလဲ၊ လင်းယွန် ကရော ဘယ်မှာလဲ"

အခြားသော သိုင်သမား များက သူတို့အချင်းချင်း မေးမြန်း လိုက်ပြီး၊ လင်းယွန်ကို လှည့်ပတ် ရှာဖွေ လိုက်မိသည်။

ရှောင်းရန်က ပြုံးကာ၊

“ အဲဒီ ကောင်က သူ့ သေတွင်းထဲ သူ ဆင်းသွား တာပဲ၊ ချိုင့်ဝှမ်း ထဲကို ဝင်သွားပြီး၊ အခုထိ ပြန်မလာ သေးဘူး။ ”

“ သူက တကယ့်ကို မာန ကြီးလွန်း ပါတယ်၊ ရတနာတွေ လိုက်ရှာ နေတုန်း ဖြစ်မယ်၊ အဲဒီ ထဲမှာ သူ သေတာ ပိုကောင်း လိမ့်မယ်။ ”

"ကောင်းကင်က မှောင်နေ ပြီမို့ အနည်းငယ် ကြာလို့မှ ပေါ်မလာရင်၊ သူ ပြန်လာ နိုင်တော့မှာ မဟုတ်ဘူး။ "

“ သူ့ရဲ့ ခွန်အားနဲ့၊ ချိုင့်ဝှမ်း အတွင်း ထဲကို နက်နက် ရှိုင်းရှိုင်း တိုးဝင် သွားတာက၊ သေခြင်းတရားကို ဆွဲဆောင် နေတာပဲ။ ”

“ သူ့ သေမင်းကို သူ ဖိတ်ခေါ် ခဲ့တာပဲ၊ ငါတို့ စိုးရိမ် စရာ မလို ပါဘူး၊ သူ သေခဲ့ရင် သူ့ကိုယ် သူသာ အပြစ်တင် ရလိမ့်မယ်။ ”

အဝေး တစ်နေရာရှိ ဂိုယုက၊ နောက်ကွယ်၌ လင်းယွန် အကြောင်း၊ သွားပုတ် လေလွင့် ပြောဆို နေသည်ကို၊ ကြားလိုက် ရသည်နှင့် ဒေါသ ဖြစ်သွားသည်။ သူ့၌ ဒဏ်ရာ ကြောင့်သာ မဟုတ်ပါက၊ ထိုသူများကို ပြေးဝင် ပါးရိုက် မိပေ လိမ့်မည်။

အံကြိတ်ကာ ထိုလူအုပ် ထံမှ၊ မျက်နှာ အလွှဲတွင်၊ ရုတ်တရက် အဝေး တစ်နေရာသို့ သတိပြုမိ လိုက် ပြီးနောက်၊ သူ့ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲ သွားလေသည်။

လူရိပ် သုံးရိပ်သည် ချိုင့်ဝှမ်း အဝင် ပေါက်တွင် ရပ်နေ ခဲ့ပြီး၊ ထူးဆန်းသော ရောင်ဝါ များကို ထုတ်လွှတ် ထား လေသည်။ ထိုသို့သော မိစ္ဆာ ဆန်သည့် ရောင်ဝါ မျိုးကို ရရှိရန်၊ အသက်ပေါင်း မည်မျှ သတ်ဖြတ် ထားခဲ့မည်ကို မခန့်မှန်း နိုင်ချေ။

ဤနေရာ၌ ပုန်းအောင်း နေသော၊ လမ်းလွဲ သိုင်းသမား တို့နှင့် ပတ်သတ်သည့်၊ ကောလ ဟာလ များကို၊ သူ ချက်ချင်း သတိရ သွား မိသည်။

၎င်းတို့သည် နတ်ဆိုး သားရဲ များထက်ပင် အန္တရာယ်များ လှပေ၏။ ထိုသူတို့ ဖြင့် တွေ့ဆုံ ရပါက၊ အသက် ရှင်သန် နိုင်ရန် မျှော်လင့်ချက် အများကြီး မရှိတော့ ချေ။

ဂိုယုက ထိုအတွေးကြောင့် ထိတ်လန့် ခြင်းငှာ မထိန်း နိုင်တော့ဘဲ၊

“သွေးအရိုး ကျင့်ကြံ သူတွေ ဟိုမှာ ရောက်လာပြီ ”

ဟု အော်ဟစ် လိုက်လေသည်။

ဘူချန်နှင့် အဖွဲ့သည် ဂိုယု၏ အော်ဟစ် သံကို ကြားလိုက် ရသော အခါတွင် သူတို့၏ မျက်နှာများ သိသိ သာသာ ပြောင်းလဲ သွားကာ၊ ချိုင့်ဝှမ်း ဆီသို့ လှည့်ကြည့် လိုက်ကြသည်။

ထူးဆန်းသော ရောင်ဝါကို ထုတ်လွှတ် ထားသည့်၊ လမ်းလွဲ သိုင်းသမား သုံယောက်ကို မြင်လိုက်ရ သည်နှင့်၊ သူတို့၏ နှလုံးသားများ အေးခဲ သွားသည်။

ထိုကဲ့သို့ မိစ္ဆာဆန်သော အရိပ် အယောင်ကို ပိုင်ဆိုင် ထား ကြသော၊ လမ်းလွဲ ကျင့်ကြံသူ များမှာ 'သွေးအရိုး ကျင့်ကြံ သူများ' ဟု သူတို့ကိုယ် သူတို့ အမည်ပေး ထားကြသည်။

ပျိုးကျွန်များနှင့် ဂိုမိသားစု၏ အစောင့် အကြပ် သိုင်းသမား များသည်လည်း၊ မျက်လုံး များတွင် ကြောက်ရွံ့မှု များဖြင့်၊ ပြည့်နှက် လာခဲ့ လေသည်။

***

All Chapters