← Chapters

ယုံကြည်မှု လွန်ကဲခြင်း။

Vol. 19 Ch. 260

ယုံကြည်မှု လွန်ကဲခြင်း။

Vol. 19 Ch. 260

ဘိုင်ချူးဟွေ၏ မျက်လုံး များထဲတွင်၊ စိုးရိမ်ပူပန်မှု များဖြင့် မှေးကျဉ်း သွား၏။ ခရီး မစခင် ကပင်၊ သွေးအရိုး တောအုပ်ရှိ သိထား သင့်သော အန္တရာယ် များစွာကို သူမ သိခဲ့သည်။

ထိုအထဲမှ တစ်ခု အနေဖြင့်၊ သွေးအရိုး တောအုပ် အတွင်းရှိ နတ်ဆိုး သားရဲ များ၏ အန္တရာယ် ပေပင်။

ယင်းသားရဲ များမှာ အစွမ်းထက် လွန်းသည်ကြောင့်၊ လမ်းတစ်လျှောက်တွင် ဆုံးရှုံး မှုများ ရှိလာ ခဲ့သည်။

၎င်းသားရဲ တို့မှာ အန္တရာယ် များလွန်း ခဲ့သော်လည်း၊ လမ်းလွဲ ကျင့်ကြံ သူများနှင့် နှိုင်းယှဉ် ပါလျှင် များစွာ နိမ့်ကျ လေသည်။

အချို့သော လမ်းလွဲ ကျင့်ကြံ သူများ မှာမူ၊ သူခိုးကြီး အဆင့် ၌ပင် ရှိနေ ကြကာ၊ အင်ပါယာ၏ အလို ရှိသော စာရင်းဝင် ကြပေသည်။

" ဖွဲ့ စည်း ပါ ....."

ဘိုင်ချူးဟွေက အဖွဲ့ အတွက် ခံစစ် စည်းကို ပြင်ရန် ချက်ချင်း အမိန့်ပေး လိုက်သည်။

ဂိုမိသားစု၏ အစောင့် သိုင်းသမား များက၊ ဘိုင်ချူးဟွေနှင့်၊ ဖွဲ့စည်းခြင်း ဗဟိုတွင် ရှိသော၊ ပျိုးကျွန် များကို ကာကွယ်ရန်၊ အမိန့်အတိုင်း ချက်ချင်း စုရုံး လာခဲ့သည်။

ဘူချန် နှင့် အခြားသော သိုင်းသမားများ အနေဖြင့် အဖွဲ့ကို ဦးဆောင်ကာ၊ လမ်းလွဲ သိုင်းသမား များကို ရင်ဆိုင်ရန် ရပ်လိုက် ကြသည်။

" ငါတို့ အခု ဘာလုပ် ကြမလဲ၊ လမ်းလွဲ သိုင်းသမား တွေကို တကယ် ကြုံတွေ့ လာရပြီ၊ သူတို့ လက်ထဲ ပြုတ်ကျ တာက သေတာထက် ပိုဆိုးတယ် ”

“ ဒါက သွေးအရိုး တောအုပ်ပဲ၊ လမ်းလွဲ ကျင့်ကြံသူ အချင်းချင်း၊ အပြစ်ဒဏ် စီရင်ရာ အရပ် လို့တောင် ဆိုကြတယ်၊ ဒီနယ်မြေမှာ သန်မာသူ တွေသာ ရှင်သန် နိုင်မယ့်၊ တောတွင်း ဥပဒေကို ကျင့်သုံးတယ်၊ ဒါကြောင့်လည်း 'သွေးအရိုး ကျင့်ကြံသူ' ဆိုတဲ့ နာမည်ကို ခေါ်တွင် လာကြ တာပဲ။ ''

" အခု ငါတို့ ဘာလုပ် သင့်လဲ"

'သွေးအရိုး ကျင့်ကြံသူ' များဟု ခေါ်ဆိုသော လမ်းလွဲ သိုင်းသမား သုံးယောက်ကို ကြည့်ရုံဖြင့်၊ ဂိုမိသားစု၏ အစောင့် သိုင်းသမား များမှာ၊ မျက်နှာများ ဖြူဖျော့ သွားခဲ့သည်။

တရွေ့ရွေ့ ချဉ်းကပ် လာသော အနက်ရောင် ဝတ်ဆင် ထားသည့် ပုံရိပ် သုံးရိပ်ကို၊ လှမ်းကြည့် လိုက်ကြပြီး၊ သူတို့၏ လက်များပင် တုန်ယင် လာကုန်သည်။

"အစ်ကိုရှောင်း မင်းကြောက် နေတာလား"

ဘူချန်က ရုတ်တရက် ပြုံးပြီး မေးလိုက်သည်။

“ ငါတို့က ဂိုဏ်းတပည့် တွေပါ၊ ဘာလို့ သေရမှာ ကြောက်ရ မှာလဲ၊ လမ်းလွဲ ကျင့်ကြံသူတွေ မလာ ရင်တောင် စိတ်ပျက် နေမိမှာ... ၊ အခု သူတို့ ဒီကို ရောက်လာ ကတည်းက၊ ငါတို့က သူတို့ကို သတ်ပစ် ရမယ် "

ရှောင်းရန်က ပြုံးကာ ပြန်ဖြေသည်။ သူတို့ နှစ်ဦးသည် ၎င်းတို့၏ ခွန်အား အပေါ် ယုံကြည်မှု ရှိနေ ကြပြီး၊ လမ်းလွဲ သိုင်းသမားများ ပေါ်လာ ရန်ပင် မျှော်လင့် နေမိ ခဲ့ကြသည်။

“ မှန် တယ် ”

“ ငါတို့ ကြောက်နေ စရာ မလို ပါဘူး၊ လမ်းလွဲ သိုင်းသမား တွေသာ ငါတို့ဆီ လာခဲ့ရင် သေချာပေါက်၊ သူတို့ သေရ လိမ့်မယ်။ ”

အခြားသော ဂိုဏ်းငယ်များ၏ တပည့် ငါးယောက်က သည်အခြေ အနေမှ မည်သို့ ရုန်းထွက် ရမည်ကို တွေးနေ မိစဉ်တွင်၊ ဘူချန်နှင့် ရှောင်းရန် တို့၏ ယုံကြည်မှုကို မြင်လိုက် ရသော အခါတွင်၊ မျှော်လင့်ချက်များ ရှင်သန် လာခဲ့ ကြသည်။

ဘူချန်က အနက်ရောင် ဝတ်ထားသော လမ်းလွဲ သိုင်းသမား များကို လှမ်းကြည့်ပြီး၊ နှစ်ချိုက်စွာ ရယ်မော လိုက်၏။

ရှောင်းရန် ပြောလာသည့် စကားမှာ အလွန် မှန်ကြောင်းနှင့် လမ်းလွဲ ကျင့်ကြံသူများ ရောက်ရှိ လာခြင်းသည် အချိန်ကောင်း ဖြစ်သည်ဟု သူ မြင်လိုက် မိသည်။

လမ်းတစ်လျှောက်တွင် အဖွဲ့ကို အကြိမ်ပေါင်းများစွာ ဘူချန်က ကယ်တင် ခဲ့ သော်လည်း၊ ဘိုင်ချူးဟွေသည် သူ၏ စွမ်းဆောင်ရည် အပေါ် ကောင်းမွန်သော တုံ့ပြန် မှုများ မပေး လာခဲ့ပေ။

ထို့ကြောင့် သူ၏ အရေးပါ မှုကို သိရှိ နားလည် နိုင်စေရန်၊ သူမအား အနည်းငယ် နာကျင်ခွင့် ပေးပြီးမှ၊ တန်ဖိုးကို ပြသ ရပေမည်။

ဂိုမိသားစု အစောင့် သိုင်းသမား များ၏ အကာ အကွယ် အတွင်း၌ ရှိနေသော၊ ဘိုင်ချူးဟွေက မျက်မှောင်ကြုတ် သွားသည်။ ဘူချန်နှင့် ရှောင်းရှန် တို့မှာ ယုံကြည်မှု လွန်ကဲနေ ကြသည်ဟု ခံစား မိသည်။ သူမက ချက်ချင်းပင်။

“ဒီက လမ်းလွဲ ကျင့်ကြံသူ တွေက အလွယ် အကူ အနိုင်ယူ လို့ရတဲ့ သူတွေ မဟုတ်ဘူး၊ ငါတို့ ပြန်ဆုတ် ကြမယ်၊ လင်းယွန် ပြန်ရောက် လာမဲ့ အချိန်ထိ စောင့်နိုင်မယ့်၊ အစီစဉ် တစ်ခု ချမှတ် ရအောင်။ ”

"လင်း ယွန် လား "

ဘိုင်ချူးဟွေက လင်းယွန် အပေါ် မျှော်လင့်ချက် များ ထားရှိ နေသောကြောင့်၊ ဘူချန်မှာ ဒေါသ တကြီးဖြင့်၊ လှောင်ပြောင် ရယ်မော လိုက်၏၊ ပြီးနောက်။

“ ဓားနန်းတော်ရဲ့ တပည့်က ဘာလို့ ဒီအဖွဲ့ရဲ့ ထောက်တိုင် ဖြစ်နေ ရတာလဲ၊ သူက ငါတို့ဆီ အသက် ရှင်လျက်၊ ပြန်လာ နိုင်မလား ဆိုတာတောင် မသေချာ ပါဘူး၊ ဒါကိုတောင် သူက ဒီလမ်းလွဲ ကျင့်ကြံသူတွေ လက်ကနေ၊ ကာကွယ် နိုင်မယ် ထင်နေ တာလား။ "

“ လမ်းလွဲ သိုင်းသမား တွေက ဒီမှာ ရှိနေ တာကို သိရင်၊ သူ ထွက်ပြေး သွားနိုင်တယ်၊ ငါတို့ရဲ့ မျှော်လင့်ချက် တွေကို ဘာလို့ သူ့ အပေါ်ထားနေ ရမှာလဲ၊ မိန်းကလေးဘိုင် ... ငါတို့ နှစ်ယောက်ကို ငုံ့ကြည့် နေတာလား "

ရှောင်းရန်က အေးစက်စွာ မေးခွန်း ထုတ် လိုက်သည်။

" မှန်တယ် ..၊ ဒီ လူယုတ်မာက လမ်းတစ်လျှောက် လမ်းလွဲ ကျင့်ကြံသူ တွေရဲ့ ခြေရာ လက်ရာ တွေကို သတိပြု မိတာ ကြောင့်၊ ရှေ့ ကနေ ထွက်သွား တာပဲ ဖြစ်ရမယ်၊ မဟုတ်ရင် သူ ဘာလို့ ချိုင့်ဝှမ်း ထဲကို ဝင်သွား ရတာလဲ ”

" အဲ့ဒီ ခွေးမသား ..... ၊ ငါ ဒီကနေ အသက်ရှင် နိုင်ခဲ့ရင် သူကို ဘာလုပ် မလဲ ဆိုတာ၊ လူတိုင်း သိစေ ရမယ်။ ”

အခြားသော ဂိုဏ်းငယ် များရှိ တပည့် များက၊ လင်းယွန်သည် ဤ အကြပ်အတည်း မှ ကိုယ်လွတ်ရုန်း၊ လွတ်မြောက် သွားခဲ့ သည်ကို၊ တွေးမိ လိုက်သော အခါတွင်၊ ကျိန်ဆဲ ရုံသာ တက်နိုင် ပေသည်။

ဆယ်မိုင် အကွာရှိ အနက်ရောင် ပုံရိပ်၊ သုံးရိပ်မှာ အချင်းချင်း ကြည့်လိုက် ပြီးနောက်၊ လျင်မြန်စွာ ရွေးလျား လာ ကြသည်။

အဝေး၌ ရှိနေသည့် အခါ၌၊ သူတို့၏ အငွေ့အသက် များကို သိပ် မခံစား ရ သော်လည်း၊ နီးကပ် လာသည် နှင့်အမျှ အသက်ရှူ ကြပ် လာလေသည်။

ထိုသုံးယောက်၏ ခေါင်းဆောင်မှာ၊ အနီရောင် မျက်နှာဖုံးကို ဝတ်ဆင် ထားသည်။ မျက်နှာဖုံး အောက်ရှိ စူးရှသော သူ့ အကြည့် များက၊ ချိုင့်ဝှမ်း ထံသို့ တစ်ချိန်လုံး အကဲခတ် နေခဲ့ လေသည်။ သူ့လက်ဝဲ ဘက်ရှိ လူရွယ်က သဘောကျစွာ ပြုံးလျက်ဖြင့်၊

" အကိုကြီး၊ သူတို့ရဲ့ ကျော်ကြားမှု အတွက် ငါတို့ကို သတ်ပစ်ဖို့ တစ်ယောက် ယောက်က ပြောနေ သံကို ငါကြား မိတယ်"

ညာဘက်ရှိ လူရွယ်က သူ၏ တစ်ဖက် တည်းသော မျက်လုံးဖြင့် အေးစက်စွာ စိုက်ကြည့် လိုက်ပြီး၊

“ ဘယ်သူ ပြောတာလဲ၊ လုပ်ရဲ တယ်လား။ "

သူတို့ စကားပြော နေစဉ်တွင်၊ ၎င်းတို့၏ အရှိန် အဝါများ လွင့်ထွက် လာကာ၊ ဘိုင်ချူးဟွေ တို့၏ အဖွဲ့အား လွှမ်းခြုံ ပစ်လိုက်သည်။

မိစ္ဆာဆန်သော ရောင်ဝါ များက ထက်ရှသော ဓါးတစ်လက် ကဲ့သို့ ဘိုင်ချူးဟွေ တို့၏ အရှိန်အဝါ များကို ထိုးခွဲ ဖြတ်ဝင် လာလေသည်။

ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများကြောင့် သူတို့၏ နှလုံးသား ထဲတွင် ကြောက်ရွံ့ မှုများ ပျံ့နှံ့ လာ၏။

၎င်းတို့မှာ အသက်ပေါင်း များစွာကို သတ်ဖြတ် လာကြသော၊ လမ်းလွဲ ကျင့်ကြံ သူများ ဖြစ်ပေသည်။

သည်အချိန်၌ 'ဂို' မိသားစုနှင့် တခြားသော အစောင့် သိုင်းသမားမှာ၊ သူတို့ အင်အား၏ ငါးဆယ် ရာခိုင်နှုန်း ခန့်ကိုပင်၊ ထုတ်ဖော် တိုက်ခိုက် နိုင်ခဲ့ ပါက၊ ကျေးဇူးတင် ရပေမည်။

" သနားစရာ ကောင်းတဲ့ လှည့်ကွက်တွေ "

ဘူချန်က အေးစက်စွာ အော်ဟစ် လိုက်ပြီး၊ အမှောင်ညတွင် တောက်ပ လာသော 'နေ'တစ်စင်း ကဲ့သို့၊ သူ့ ခန္ဓာကိုယ်မှ ဗုဒ္ဓ ရောင်ဝါများ ပေါက်ကွဲ ထွက်လာ လေသည်။

ဘူချန်၏ အရှိန်အဝါများ ထွက်ပေါ် လာ သည်နှင့် လူတိုင်း အပေါ် လွှမ်းခြုံ ထားသော၊ မိစ္ဆာ ရောင်ဝါများ လျော့နည်း သွား သည်ကို သိသိ သာသာ ခံစား လိုက် ရသည်။

" ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း ''

ရုတ်တရက် လမ်းလွဲ သိုင်းသမား များက အံ့သြ သွား ကြသည်။ ဗုဒ္ဓ ရောင်ဝါသည် ၎င်းတို့၏ မိစ္ဆာ ရောင်ဝါကို ထိရောက်စွာ ကန့်သတ် ထားနိုင် ခဲ့သည်။

'ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း' သည် 'လမ်းလွဲ ကျင့်ကြံ သူ' များကို ကိုင်တွယ် ဖြေရှင်း ဖို့ရန်၊ ယေဘူယျ အားဖြင့် အကောင်း ဆုံးသော၊ ပြိုင်ဘက်များ ဖြစ်ပေသည်။

" မင်းက အမြင် နည်းနည်း ရှိပုံပဲ "

ဗုဒ္ဓ အရှိန်အဝါ၏ ထိရောက်မှုကို သတိပြု မိသော အခါတွင်၊ ဘူချန့် မျက်နှာ၌ မောက်မာသော အရိပ် အယောင်များ ပြည့်နှက် လာကာ၊

“ ငါက ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းရဲ့ ပြင်ပ တပည့် ဘူချန်ပဲ၊ ထက်မြက် တဲ့သူ ဆိုရင်၊ ငါ့ရှေ့ကနေ အခု ချက်ချင်း ထွက်သွားပါ၊ မဟုတ်ရင် ငါ့ကို ညှာတာမှု မရှိတဲ့ သူ ... အဖြစ်၊ အပြစ် မတင်ပါနဲ့။ "

နက်နဲ နယ်ပယ် စတုတ္ထ အဆင့်၌ ရှိသော ဘူချန်မှ၊ ယုံကြည်မှု လွန်ကဲစွာ ပြုမူ နေသည်ကို မြင်လိုက် ရသဖြင့်၊ လမ်းလွဲ သိုင်းသမား နှစ်ဦးက အံ့သြစွာ ကြည့်လိုက် မိသည်။

မျက်နှာဖုံးကို တပ်ဆင် ထားသော သူကမူ၊ ဘူချန်ကို လျစ်လျူရှု လိုက်ပြီး၊ ချိုင့်ဝှမ်းကို ငေးကြည့်ကာ၊

" သွေးအရိုး သစ်တော ထဲမှာ ဒီလို ချိုင့်ဝှမ်း မျိုး ရှိနေ လိမ့်မယ်လို့၊ ငါ ဘယ်တုန်း ကမှ မမျှော်လင့် ထားမိဘူး၊ တကယ်ပဲ လျှို့ဝှက်တဲ့ နယ်မြေ တစ်ခုပဲ၊ မင်းတို့ ချန်ရစ် ခဲ့တဲ့ ခြေရာတွေ ကြောင့်သာ မဟုတ်ရင်၊ ဆယ်စုနှစ် တစ်စု ကြာအောင် ရှာဖွေ ရင်တောင်မှ၊ ဒီလို နေရာ မျိုးကို ငါတို့ ရှာတွေ့ နိုင်မှာ မဟုတ်ဘူး "

“မင်း ဟန်ဆောင် နေတာ တွေကို ရပ်လိုက်စမ်း၊ ဒီပွဲကို မင်းနဲ့ အရင် စလိုက်မယ် "

ဘူချန်က သူ့အား လျစ်လျူရှု ခံရ သည်ကို မြင်လိုက် ရသည်နှင့်၊ ဒေါသ တကြီး ဖြစ်လာ ခဲ့သည်။ သူက မျက်နှာဖုံး စွပ်ထားသော ခေါင်းဆောင်ကို ဦးစွာ ဖြုတ်ချရန် ရည်ရွယ် လိုက်၏။

ထိုမြင်းကွင်းကို တစ်ချိန်လုံး၊ ရပ်ကြည့် နေခဲ့ မိသော ဘိုင်ချူးဟွေက၊ ပြေးဝင် တိုက်ခိုက် တော့မည့်၊ ဘူချန်အား ရုတ်တရက် ဟန့်တား လိုက် လေသည်။

" မ ဟုတ် ဘူး၊ မ လုပ် နဲ့ ..."

***

All Chapters