မင်းကို သတ်မဲ့သူ။
Vol. 19 Ch. 261
"ကောင်းကင် ဖျက်ဆီးခြင်း တံဆိပ်- ပျံသန်း နေသော နဂါး၊ ပုန်းကွယ် နေသော ကျား ''
ဘိုင်ချူးဟွေ၏ ဟန့်တား လာမှုကို လျစ်လျူရှု လိုက်ကာ၊ 'ကောင်းကင် ဖျက်ဆီးခြင်း တံဆိပ်' ကို ဖွဲ့စည်း လိုက်၏။
ညာလက်တွင် တံဆိပ်ကို ဖွဲ့စည်း နေစဉ်၊ နဂါး၏ ကိုယ်ဟန် အနေ အထားကို အတု ယူကာ၊ ကောင်းကင်သို့ ခုန်တက် လိုက်သည်။
နတ်ဆိုး မျက်နှာဖုံးကို ဝတ်ဆင်ထား သူ၏ ဘေးတွင် ရပ်နေသော ငယ်သား နှစ်ယောက်က၊
“ အကိုကြီးကို တိုက်ခိုက် ဝံ့သလား၊ မင်းသေမင်းကို ဖိတ်ခေါ် နေတာပဲ "
နှစ်ယောက်သား လှုပ်ရှား လာကြပြီး၊ ဘူချန်၏ 'ပျံသန်းနေသော နဂါး၊ ပုန်းကွယ် နေသော ကျား' ကို ပိတ်ဆို့ လိုက်သည်။ ထိပ်တိုက် တွေ့ဆုံမှု အပြီးတွင် နှစ်ဖက် အဖွဲ့မှာ ပြန်လည် ဆုတ်ခွာ သွား ခဲ့ရ၏။
သူ၏ တိုက်ခိုက်မှု များကြောင့် လမ်းလွဲ သိုင်းသမား နှစ်ယောက်မှာ ဒဏ်ရာ အနည်းငယ် ဖြင့်သာ၊ ဆုတ်ခွာ သွား နိုင်သည်ကို မြင်လိုက် ရသည်နှင့် ဘူချန်၏ မျက်နှာမှာ လေးနက်သွား ခဲ့သည်။
" အတူတူ သွားကြ ရအောင် ညီအစ်ကိုရှောင်း နဲ့ ငါက မျက်နှာ ဖုံးစွပ် ထားတဲ့ သူကို ကိုင်တွယ်မယ်၊ ကျန်နှစ်ယောက်ကို မင်းတို့ တာဝန်ယူ လိုက်ကြ ”
" ကောင်း ပြီ .... "
ဘူချန်နှင့် ရှောင်းရန် တို့၏ ဦးဆောင်မှုဖြင့် လူအုပ်ကြီးမှာ စိတ်ဓာတ်များ တက်ကြွ လာကြသည်။
'' ဟိတ် ...... ''
'' ဝှစ် ........... ''
နှစ်ဘက် ထိပ်တိုက် တွေ့ဆုံသည့် အခိုက်တွင်၊ ဂိုမိသားစု သိုင်းသမား တစ်ဦးမှာ အပိုင်းပိုင်း ကွဲထွက် သွား ခဲ့၏။ ဤကဲ့သို့ ရက်စက် ကြမ်းကြုတ်သော တိုက်ပွဲ မျိုးကို မည်သူမျှ မမြင်ဖူး သောကြောင့် အံ့အားသင့် သွားခဲ့သည်။
" မင်းတို့ ဒီခွန်အား လေးနဲ့ သွေးအရိုး တောအုပ် ထဲကို လျှောက်လာ ဝံ့တယ်လား "
ပိန်ပိန် ပါးပါး လမ်းလွဲ သိုင်းသမားက လှောင်ပြောင် လိုက်ပြီး၊ ဂိုဏ်းငယ် အချို့မှ သိုင်းသမား များ၏ ဦးခေါင်းကို ထိုးခွဲပစ်လိုက်သည်။ ထို့ကြောင့်၊ ပဉ္စမ အဆင့် သိုင်းသမား များမှာ တစ်ယောက်ပြီး တစ်ယောက် သေဆုံး နေခဲ့သည်။
လမ်းလွဲ သိုင်းသမား နှစ်ဦးသည် သိုးအုပ် အလယ်တွင် ရောက်ရှိနေသော၊ ဝံပုလွေများ နှင့်တူ ပေ၏။
ဘူချန်နှင့် ရှောင်းရန် တို့၏ ကမူးရှူးထိုး အပြု အမူ များကို၊ ဘိုင်ချူးဟွေက စိတ်ပျက်သော အမူ အယာဖြင့် စိုက်ကြည့် နေခဲ့သည်။
'သွေးအရိုး ကျင့်ကြံသူ' များမှာ မည်မျှ ကြောက်စရာ ကောင်းသည်ကို သူတို့ မသိခဲ့ ကြပေ။
ဤနေရာ၌ တောတွင်း ဥပဒေကိုသာ ကျင့်သုံး ကြသည် ဖြစ်ရာ၊ သွေးရိုး တောအုပ်တွင် အားနည်းသော လမ်းလွဲ ကျင့်ကြံသူ များရှိ လာရန် မဖြစ် နိုင်ပေ။
သေခြင်းနှင့် ရှင်ခြင်းကြား ကျန်ရစ်ခဲ့သော လမ်းလွဲ ကျင့်ကြံသူ နှစ်ဦး၏ ခွန်အားမှာ၊ မြင်သလောက် မရိုးရှင်း လှရာ၊ လှုပ်ရှားမှု ဆယ်ကြိမ် အတွင်း၊ သူတို့ အနီးရှိ လူတိုင်း နီးပါးကို သတ်ပစ်နိုင် ခဲ့ကြသည်။
အခြားတစ်ဖက်တွင်၊ ဘူချန် နှင့် ရှောင်းရန် တို့မှာ၊ အသာစီး မရဘဲ၊ နတ်ဆိုး မျက်နှာဖုံး ဝတ်ဆင် ထားသော လမ်းလွဲ သိုင်းသမားကို၊ ခက်ခက် ခဲခဲ ရင်ဆိုင် နေရ၏။
နတ်ဆိုး မျက်နှာဖုံး ဝတ်ဆင်ထား သူက တိုက်ခိုက်မှု များကို ပေါ့ပေါ့ ဆဆ ခုခံ ကာကွယ် နေသောကြောင့်၊ ရှောင်းရန်၏ ဓားမှာ သူ့ ရင်ဘတ်ကို တိုးဝင် သွားလေသည်။
ရှောင်းရန်မှာ အနည်းငယ် ရွှင်မြူး ရိပ်များ ဖြစ်ပေါ် လာခဲ့ သော်လည်း၊ ရုတ်တရက် ပြင်းထန်သည့် တွန်းကန်အား တစ်ခုက သူ့အား ပြန်လည် လွင့်စင် သွားစေ ခဲ့သည်။
ပါးစပ်မှ သွေးများ စီးကျ လာနေစဉ်၊ အနီးကပ် မြင်လိုက် ရသော နတ်ဆိုး မျက်နှာဖုံး ထံမှ ထူခြားမှု အချို့ကြောင့်၊ ထိတ်လန့်စွာ အော်ဟစ် လိုက်မိ လေသည်။
'' စကြာဝဋ္ဌာ တစ်ပိုင်း ချပ်ဝတ် ''
ချပ်ဝတ် ပေါ်ရှိ မပြည့်စုံသော ဝိညာဉ်ရေး ရူရ်များက လမ်းလွဲ ကျင့်ကြံ သူ၏ ရုပ်ခန္ဓာ တစ်ခုလုံးကို ရေချိုး ချလိုက် သကဲ့သို့၊ အလွှာလိုက် သိုင်းခြုံ တောက်ပ သွားစေ၏။
၎င်းသည် 'စကြဝဠာ တစ်ပိုင်း ချပ်ဝတ်' ဖြစ်ပြီး 'တော်ဝင် ချပ်ဝတ်' များ၏ အဆင့်ကို ကျော်လွန် ပေသည်။
ထိုနတ်ဆိုး မျက်နှာဖုံးသည် အမှန် တကယ် ခုခံ ကာကွယ် နိုင်သော 'စကြာဝဋ္ဌာ တစ်ပိုင်း ချပ်ဝတ်' တစ်ခု ဖြစ်ကြောင်း မယုံကြည် နိုင်မိချေ။
" သောက်ပဲဟေ့ ...၊ ကျင့်ကြံမှုက ငါတို့ထက် မြင့်မား တဲ့အပြင်၊ သူ့မှာ 'စကြာဝဠာ -တစ်ပိုင်း ချပ်ဝတ်' လည်း ရှိနေတယ် ''
ဤမြင်ကွင်းကြောင့် ဘူချန်က စိတ်ရှုပ် ထွေးသွားကာ ကျိန်ဆဲ လိုက်မိသည်။
“ လက်နက်ကောင်း တွေက သန်မာတဲ့ သူတွေရဲ့ လက်ထဲမှာပဲ အပြည့်အဝ အသုံးချ နိုင်လိမ့်မယ်၊ မင်းတို့ နှစ်ယောက်လုံးရဲ့လက်ထဲမှာ စကြာဝဋ္ဌာ အဆင့် လက်နက်တွေ ပိုင်ဆိုင် ထားရင်တောင် ပုရွက်ဆိတ်လို ငါ ချေမှုန်း နိုင်တုန်းပဲ”
လမ်းလွဲ ကျင့်ကြံသူက ဘူချန်ကို အထင် သေးစွာ တုန့်ပြန် လိုက်သည်။
" မင်း ထပ်ပြော ဝံ့လား "
ဘူချန်က ဟစ်အော် လိုက်ကာ၊ နတ်ဆိုး မျက်နှာဖုံး ပိုင်ရှင်ကို အံကြိတ်လျက် စိုက်ကြည့် လိုက်သည်။
" ထပ်ပြောဝံ့လား ဟုတ်လား ...၊ မင်းတို့ နှစ်ယောက်က အမှိုက်တွေ ဆိုတာကို ငါ ဘာလို့မပြော ရဲရမှာပဲ "
မျက်နှာဖုံးစွပ် လမ်းလွဲ ကျင့်ကြံသူက ထပ်မံ လှောင်ပြောင် လိုက်၏။
“ မင်းက မင်းရဲ့ သေမင်းကို ဖိတ်ခေါ် လိုက်တာပဲ ... ၊ န ဂါး ပန်း ချီ ...”
ကျိုးကြောင်း ဆီလျော် မှုများ ပျောက်ကွယ် သွားကာ၊ သူ့ လက်ချောင်း များကို စုတ်တံ တစ်ချောင်း ကဲ့သို့ လေထဲ၌ ရေးထွင်း လိုက်သည်။
မျက်နှာဖုံးစွပ်ရှင် လမ်းလွဲ သိုင်းသမားက ဘူချန်၏ ကြုံးဝါး သံကြောင့်၊ အနည်းငယ် ထိတ်လန့် သွား ပြီးနောက်၊ သဘောကျစွာ ပြုံးရယ် လိုက်လေသည်။
" မင်းက ဒါကို နဂါး ပန်းချီလို့ ခေါ်တာလား "
ထိုသို့ လှောင်ပြောင် မေးမြန်း လိုက်ပြီး၊ သူ၏ မူလ စွမ်းအင်နှင့် ထူးဆန်းသော ရောင်ဝါ တို့ကို ပေါင်းစပ် ထားသည့် လက်သီး တစ်လုံးအား ထုတ်လွှတ် လိုက်လေသည်။
အရမ်း ဂုဏ်ယူ ခဲ့ရသော ဘူချန်၏ နဂါးပန်းချီမှာ၊ ထိုလက်သီး ချက်ကြောင့် ချက်ချင်း ကွဲအက် သွားပြီး၊ အတွင်း အင်္ဂါများ ဒဏ်ရာရ ကုန်တော့သည်။ နာကျင်စွာ ညည်းတွားလျက် မြေပြင် ပေါ်သို့၊ လဲကျ သွား၏။
" လရောင်စီးဆင်းမှု - မိုးကြိုး မုန်တိုင်း "
ရှောင်းရန်က ဟိန်းဟောက် လာ ပြန်သည်။ ဆောင်းဦး လရောင် ကဲ့သို့သော အလင်းတန်းများ သူ့ ခန္ဓာကိုယ်မှ စတင် ထွက်ရှိ လာပြီး၊ လက်ထဲရှိ ဓားမှာ လျှပ်စီးလက် သကဲ့သို့ ရွေ့လျား သွားလေသည်။
"သွေးဖြင့် သတ်ဖြတ်ခြင်း ... "
မျက်နှာဖုံးစွပ် သိုင်းသမားက အေးစက်စွာ အော်ဟစ် လိုက်သည်နှင့်၊ ကြက်သွေးရောင် အလင်းတန်း များက သူ့ ပတ်ဝန်းကျင်၌ စုရုံးလာတော့သည်။
လရောင်မှာ ချက်ချင်း ပျောက်ကွယ် သွားကာ၊ မျက်နှာဖုံးရှင် အနားသို့ မရောက် ရှိမီ၊ ရှောင်းရန်၏ အငွေ့ အသက်များ ပြိုဆင်း သွားလေပြီ။
" ထွက် သွား စမ်း ''
လက်သီးချက် ထိမှန် ခံရသော ရှောင်းရန်ကို ကန်ထုတ် လိုက်ပြီး၊ ဘူချန် ထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်း လာခဲ့သည်။ မိစ္ဆာ ဆန်သော သူ့ရောင်ဝါ များမှာ ဘူချန်နှင့် ရှောင်းရန်တို့ အပေါ်သို့ ကျဆင်း သွား၏။
ရှောင်းရန်နှင့် ဘူချန်မှာ သေခြင်း နတ်ဘုရား တစ်ပါး တိုးကပ်လာ သကဲ့သို့၊ ကြောက်လန့် တကြား ဆုတ်ခွာ သွားမိ ကြသည်။
သေခြင်း တရားဖြင့် တရွေ့ရွေ့ နီးကပ်လာသည်ကို မြင်လိုက် ရသည်နှင့်၊ ဘူချန်က ရုတ်တရက် တုန်ယင်စွာ ဒူးထောက် လိုက်ပြီး၊
“ စီနီယာ ကျေးဇူးပြုပြီး၊ ငါတို့ကို အသက် ရှင်ခွင့် ပြုပါ၊ ငါတို့ နှစ်ယောက် စလုံးက ဂိုဏ်းကြီး နှစ်ဂိုဏ်းက အထက်တန်းလွှာ တွေပါ၊ ငါတို့ကို သတ်ရင် ကောင်းတာ ဘာ တစ်ခုမှ ရှိလာမှာ မဟုတ် ပါဘူး၊ မင့်အပေါ် အဆိုး တွေသာ ကျရောက် လာပါ လိမ့်မယ် ”
သူ၏ အပြုအမူ များကြောင့်၊ အခြားသော တိုက်ပွဲ အတွင်းရှိ၊ လမ်းလွဲ သိုင်းသမား နှစ်ဦးကို ရယ်မော သွားစေ ခဲ့သည်။
ဂိုမိသားစုနှင့် ဂိုဏ်းငယ် များရှိ အထက် တန်းစားများ ကပင် သူ့ကို မယုံကြည် နိုင်စွာ လှည့်ကြည့် လာမိ ကြသည်။
မာန ကြီးသော ဘူချန်သည် ရှင်သန် ခွင့်ရရန် အတွက် ဒူးထောက်၍ တောင်းပန် လာလိမ့် မည်ဟု သူတို့ မထင်ထား ခဲ့ကြပေ။
"ဟားဟား ဟား.... ဂိုဏ်းကြီး လေးဂိုဏ်းရဲ့ အထက် တန်းစားတွေ တဲ့လား၊ မင်း တို့ထဲက ဘယ် နှစ်ယောက်ကို ငါတို့ သတ်ခဲ့လဲ ဆိုတာ မင်း မသိ ပါဘူး၊ ဒါနဲ့ မင်းတို့ကို လွှတ်လိမ့် မယ်လို့ ထင်လား"
ရယ်မောလိုက်ပြီး၊ သူ့ မျက်နှာ ဖုံးကို ဖယ်ရှားကာ၊ မျက်နှာအား လူတိုင်း မြင်သာအောင် ပြသ လာသည်။
" ကျူးဖန် သူခိုးကြီး အဆင့် (၉၈)။ ”
တုန်လှုပ်စ ပြု လာပြီး၊ ရှောင်းရန်၏ မျက်လုံးများ ထဲတွင် ကြောက်ရွံ့ မှုများ ပြည့်နှက် လာသည်။
"အားလုံး ဒူးထောက်စမ်း၊ ခုခံဝံ့ သူတိုင်း အသတ် ခံရ လိမ့်မယ် ”
ကျူးဖန်က အေးစက်စွာ ဟိန်းဟောက် လိုက် သည်။
ဘူချန် ကိုယ်တိုင် ဒူးထောက် နေခဲ့ ပြီးနောက်၊ သူတို့ အတွက် ဒူးထောက် ဖို့ရန်မှာ မည်သည့် ပြဿနာမှ ရှိမည် မဟုတ်ပေ။
လူအကုန် ဒူးထောက် လိုက်သည်နှင့် အံကြိတ်လျက်၊ ရပ်ကြည့် နေခဲ့သော ဘိုင်ချူးဟွေကို၊ ပိန်ပိန် ပါးပါး လမ်းလွဲ သိုင်းသမားက၊ တွေ့မြင် သွားကာ၊
“ အကိုကြီး၊ ဟိုမှာ ကောင်မလေး တစ်ယောက် ရှိ နေတယ်၊ တော်တော် စွဲဆောင်မှု ရှိ တာပဲ ''
" အ ဟီး ... 'သွေးအရိုး တောအုပ်' ထဲကို လာရဲတဲ့ သတ္တိမျိုး ကတော့၊ ရှားရှား ပါးပါး ပါပဲ ”
မျက်စိ တစ်ဖက်လပ် နေသော လမ်းလွဲ သိုင်းသမားက ဘိုင်ချူးဟွေ အနီးသို့၊ ချဉ်းကပ် လာစဉ်၊ ပြုံးရယ် လိုက်လေသည်။
ဘူချန်နှင့် ရှောင်းရန် တို့သည် ဒူးထောက်လျက် အတွေးများ နက်ကုန်ခဲ့သည်။ လမ်းလွဲ သိုင်းသမား များသည် ဘိုင်ချူးဟွေအား ဖမ်းမိပါက၊ မည်သို့ ဖြစ်လာနိုင် မည်ကို သိရှိ လိုက်သော်လည်း၊ ပြင်းစွာသော ထိတ်လန့်မှု များကြောင့် မဟန့်တား ဝံ့ကြပေ။
" ခွေးကောင် .... မိန်းကလေး ဘိုင်ကို မင်း ထိဝံ့လား "
ဂိုယုက လမ်းလွဲ သိုင်းသမား နှစ်ယောက် ချဉ်းကပ် လာ သည်ကို မြင်လိုက် ရသော အခါတွင်၊ နဂါးသွေး မြင်းပေါ်မှ ခုန်ဆင်းကာ၊ ပြေးဝင် ဟန့်တား အော်ဟစ် လိုက်သည်။
" ထွက် သွား။ "
လမ်းလွဲ ကျင့်ကြံသူက သူ့လက်ကို မြှောက်ကာ ဂိုယု၏ ရင်ဘတ်ကို ဖမ်းယူ ဟန်ဖြင့် ဆုပ်ကိုင် လိုက်၏။
ထိုလက်သည်း ကုပ်ချက် ထိမှန်ခံ ရမည် ဆိုပါက၊ ရရှိ ထားသော ဂိုယု၏ ဒဏ်ရာ များကြောင့်၊ သေဆုံး သွား ပေလိမ့်မည်။
သို့သော် ထိုလက်သည်းက ဖမ်းမိ ခါနီးတွင်၊ ခရမ်းရောင် မီးလျှံများ တောက်လောင် နေသော ဓားတစ်လက်မှာ လျင်မြန်သော အဟုန်ဖြင့် ဝင်ရောက် ဟန့်တား လာလေသည်။
ပိန်ပိန် ပါးပါး ကျင့်ကြံသူက ထိတ်လန့် တုန်လှုပ် သွားပြီး၊ ဓားမီးတောက်ကို ရှောင်ရန် သူ့လက်ကို ချက်ချင်း ပြန်ရုတ် လိုက်ရ၏။
" ဘယ်သူလဲ "
နှစ်ယောက်သား အလင်းဓား ထွက်ပေါ် လာသော၊ ချိုင့်ဝှမ့် အတွင်းသို့ ထိတ်လန့်စွာ၊ လှမ်းကြည့် လိုက်ပြီး၊ မေးခွန်း ထုတ် လိုက်သည်။
အပြာရောင် ဝတ်ရုံကို ဆင်မြန်း ထားသော ကျောင်းတော်သား တစ်ယောက်သည် ချိုင့်ဝှမ်း အတွင်း ထဲမှ တည်ငြိမ်စွာ လှမ်းထွက် လာသည်ကို တွေ့လိုက် ရလေသည်။
သူ့ကျော၌ ဟောင်းနွမ်း နေသော ဓားသေတ္တာ တစ်လုံးကို ထမ်းပိုး ထားကာ၊ မျက်ခုံး နှစ်ဖက် ကြားရှိ၊ ခရမ်းရောင် ရွမ်းဗက် ပုံစံ အမှတ် အသား ထံမှ၊ မြင့်မြတ်သော အရှိန်အဝါများ မှိန်ဖျော့စွာ ယိုစိမ့်ကျ နေခဲ့၏။
ထိုသူက တိုက်ပွဲ ကွင်းပြင်ကို တစ်ချက် လှမ်းကြည့် လိုက်ကာ၊ အေးစက်စက် ပြန်ဖြေ လာ လေသည်။
" မင်းကို သတ်မယ့် သူပဲ "
***