← Chapters

နေဝင် ဆည်းဆာ။

Vol. 19 Ch. 262

နေဝင် ဆည်းဆာ။

Vol. 19 Ch. 262

" မင်းကို သတ်မယ့် သူပဲ "

လေသံအရ မည်မျှ မာနကြီး မည်မှာ သိသာ လှပေသည်။

ဂိုယုမှာ ထိုအသံကို ကြားလိုက် ရသည်နှင့် သေခြင်းမှ လွတ်မြောက်သွား သကဲ့သို့ ချက်ချင်းပင် ဝမ်းမြောက် သွား၏။

'' သခင်လေး လင်း ''

ဓားသေတ္တာကို ထမ်းပိုးလျက်၊ လင်းယွန်က ဂိုယု အနား လျှောက်လှမ်း လာခဲ့သည်။

ချိုင့်ဝှမ်း အတွင်း၌ ရွှေကျားနှင့် သူ၏ လက်သီး နည်းစနစ်ကို လေ့ကျင့် ပြီးနောက်၊ 'ကျား -နဂါး လက်သီး' တွင် တိုးတက်မှု အချို့ ရရှိ လိုက် သည်နှင့် တပြိုင်နက်၊ ကောင်းကင် မမှောင် မီတွင် ပြေးထွက် လာခဲ့ခြင်း၊ ဖြစ်သည်။

သို့သော် ဤကဲ့သို့ ရက်စက် ကြမ်းကြုတ်သော မြင်ကွင်းဖြင့်၊ ဆီးကြို နေလိမ့် မည်ဟု မမျှော်လင့် ထားမိပေ။

အဖွဲ့၏ ထက်ဝက်ခန့် သေဆုံးနေပြီး၊ ၎င်းတို့၏ အလောင်းများမှာ အပိုင်းပိုင်း ကွဲသွား ခဲ့သည်။ ဂိုယုနှင့် ဘိုင်ချူးဟွေမှ လွဲ၍ အခြားသော၊ အသက်ရှင် ကျန်ရစ်သူ များမှာ၊ မြေပြင် ပေါ်တွင် ဒူးထောက် နေ ကြသည်။

မောက်မာလွန်းသော ဘူချန်နှင့် ရှောင်းရန် တို့ပင် ဒူးထောက်လျက် တုန်ယင် နေခဲ့၏။

တစ်ဖက်တွင်မူ အနည်းငယ် မျှသော လူအချို့ သည်သာ၊ ၎င်းတို့၏ တာဝန်များကို သတိရ ကြသည်။

ဘိုင်ချူးဟွေ အပေါ်တွင် လမ်းလွဲ ကျင့်ကြံသူများ၏၊ ယုတ်မာသော အကြံအစည်ကို ဤနေရာရှိ၊ လူတိုင်း သိမြင်နိုင် သော်လည်း၊ ဆန့်ကျင် ရဲမည့်သူ မရှိ ခဲ့ချေ။

အားနည်း လွန်းလှသော ဂိုယု သည်သာ တစ်ဦး တည်းသော ရပ်လျက်၊ ကျန်ရစ် ခဲ့သူ ဖြစ်နေ ပေသည်။

လင်းယွန်ကို မြင်လိုက် ရသည်နှင့် ဂိုမိသားစု အစောင့် သိုင်းသမား များမှာ အံ့သြသွား ကြသည်။ သူတို့က လင်းယွန်မှာ ထွက်ပြေး သွားသော 'သူရဲဘော ကြောင်သူ' ဟု ဆိုခဲ့ ကြ သူများ ဖြစ်၏။

သို့သော် လင်းယွန်မှာ ပြန်လာ ခဲ့ရုံ သာမက ဂိုယု၏ အသက် ကိုပင် ကယ်တင် ခဲ့ပေသည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ"

" အဲ့ကောင်က သေချင် နေတာလား။"

ရှောင်းရန်၏ မျက်နှာ ပေါ်တွင် ထိတ်လန့် ဟန်များ စွန်းထင်း လာလေသည်။ ဤအခြေ အနေ မျိုးဖြင့် ပြန်လည် တွေ့ဆုံ ရခြင်းသည် သူ့အား မသက်မသာ ဖြစ်စေ၏။

“ ဟမ် သူက သေမင်းကို ဖိတ်ခေါ် နေတာ ...၊ မကြာခင် ငါတို့လို မြေပြင်ပေါ် ဒူးထောက် နေလိမ့်မယ် ”

ဘူချန်က မျက်မှောင်ကြုတ်ကာ၊ လင်းယွန်ကို လှမ်းကြည့်ပြီး ရေရွတ် လိုက်၏။

လင်းယွန်သည် ကျူးဖန်ကို မဆိုနှင့် သူ၏ လက်အောက် ငယ်သား နှစ်ယောက် ကိုပင် ရင်ဆိုင် နိုင်မည် မဟုတ်ချေ။

လင်းယွန်၏ ကျင့်ကြံမှုသည် နက်နဲ သိုင်းနယ်ပယ်၏ တတိယ အဆင့် တွင်သာ၊ ရှိနေ သည်ကို သတိပြု မိလိုက် ခြင်းကြောင့်၊ ပိန်သွယ်သော ကျင့်ကြံ သူနှင့် မျက်လုံး တစ်ဖက်လပ် နေသော ကျင့်ကြံ သူ၊ တို့မှာ အချင်းချင်း ကြည့်ကာ၊ ပြုံးရယ် လိုက်လေသည်။

လင်းယွန်းတွင် မည်သည့် နေရာမှ၊ ယုံကြည်မှုများ ရှိနေ ခဲ့ကြောင်း၊ သူတို့ မသိခဲ့ ကြပေ။

မကြာသေးမီ အချိန်က၊ ဘူချန်နှင့် ရှောင်းရန် တို့သည် လင်းယွန် ထက်ပင်၊ ပို၍ မောက်မာ ခဲ့ဖူးသည်။ နောက်ဆုံး၌ ရှင်သန်ရန် အတွက် ဒူးထောက်ကာ၊ ကရုဏာကို တောင်းနေ ကြရ ပေသည်။

“ အကိုကြီး၊ ဒီကောင်ကို ငါတို့ ဘာလုပ် ရမလဲ ”

ပိန်ပိန် ပါးပါး ကျင့်ကြံသူအား အပြုံးဖြင့် မေးသည်။

" သူနဲ့ ကစား ရအောင်၊ တခြား နည်းလမ်းမှ မရှိတာ ”

ကျူးဖန်က လင်းယွန် ကိုပင် လှည့်မကြည့်ချေ။ သူ့ မျက်လုံးများ ထဲတွင် ရတနာ တစ်ခုနှင့် ညီမျှသော၊ ချိုင့်ဝှမ်းကိုသာ အာရုံစိုက် နေခဲ့သည်။

အကယ်၍ သူသာ ဤချိုင့်ဝှမ်းကို ထိန်းချုပ်နိုင်ခဲ့ ပါက၊ သွေးအရိုး နယ်မြေ ထဲရှိ လမ်းလွဲ သိုင်းသမား များကို စုဆောင်း နိုင်ပေ တော့မည်။

ထိုအချိန်တွင် လမ်းလွဲ သိုင်းသမားများ အားလုံးသည် သူ၏ အမိန့် အောက်တွင် ရှိနေ ပေလိမ့်မည်။ ဖြစ်နိုင်ချေကို တွေးလိုက် ရုံဖြင့်၊ ကျူးဖန်မှာ ထိန်းမရ နိုင်သော လောဘများ ဖြစ်တည် လာတော့၏။

လင်းယွန် အတွက်မူ ဘူချန်နှင့် ရှောင်းရန် တို့ ကဲ့သို့သော၊ အမှိုက် တစ်စ အဖြစ်သာ၊ မှတ်ယူ ထားခဲ့သည်။

" လင်းယွန်၊ ဒီသုံးယောက်က သွေးအရိုး ကျင့်ကြံ သူတွေမို့ မင်း ထွက်သွား သင့်တယ်"

"ထားလိုက်ပါ၊ အနည်းဆုံးတော့ မင်းကို ငါနဲ့အတူ ခေါ်သွား နိုင်တယ် …”

လင်းယွန်က နဂါးသွေးမြင်းကို ခေါ်ယူလိုက်ကာ ဘိုင်ချူးဟွေကို စကားဖြင့်၊ နှစ်သိမ့် လိုက်၏။ သူ့ တာဝန်မှာ ဘိုင်ချူးဟွေကို ကာကွယ်ဖို့ ဖြစ်ပြီး၊ တကယ် ထွက်သွား လိုပါက၊ သူမကို ခေါ်ဆောင် သွားရပေ လိမ့်မည်။

“ ညီသုံး ဒီနေ့ လူငယ်တွေက အရမ်းကို မောက်မာ နေတက် ကြပြီ၊ ကျွတ် ကျွတ် ...၊ သူက ငါတို့ကို နှိမ့်ချ နေပုံပဲ "

မျက်စိ တစ်ဖက်လပ် နေသော သိုင်းသမားက၊ ပိန်ပိန် ပါးပါး သိုင်းသမားကို လှည့်ကြည့်ကာ၊ ရယ်မော လိုက်သည်။

" မင်း ထွက်ပြေး ချင်လား မင်းတို့ ထဲက ဘယ်သူမှ ဒီနေ့ မလွတ်မြောက် နိုင်ဘူး၊ ဒူးထောက် ”

သွယ်လျသော လမ်းလွဲ ကျင့်ကြံ သူ၏ မျက်နှာမှာ အေးစက် သွားပြီးနောက်၊ မိစ္ဆာ ဆန်သော ရောင်ဝါကို လင်းယွန် ဆီသို့ ပို့လွှတ် လိုက်သည်။

ထိုမိစ္ဆာ ဆန်သော အငွေ့ အသက်များ ထွက်ပေါ် လာသော အခါတွင် ဂိုမိသားစု၏ တပည့်များက ကြောက်ရွံ့ တုန်လှုပ်သွား ကြ၏။

လင်းယွန်က မျက်လုံးများကို မှိတ်ထား လိုက်သည်နှင့် မြင့်မြတ်သည့် အရှိန်အဝါ များက ဓားတစ်လက် ကဲ့သို့၊ စူးရှစွာ ပြေးထွက် လာလေသည်။

မြင့်မြတ်သော ရောင်ဝါသည်၊ မိစ္ဆာ ဆန်သော အရှိန်အဝါ များကို ဆုတ်ဖြဲ ပစ်ကာ၊ ပိန်ပိန် ပါးပါး လမ်းလွဲ ကျင့်ကြံသူ ဆီသို့၊ ဆက်လက် တိုးဝင် လေသည်။

သွယ်လျသော ကျင့်ကြံ သူ၏ စိတ်နှလုံးမှာ ထိုအရှိန် အဝါ ဖိအားကြောင့်၊ တဆက်ဆက် တုန်ယင် လာခဲ့၏။ ဘုရင် အဆင့် နတ်ဆိုး သားရဲ သုံးကောင်က၊ သူ့အား အေးစက်စွာ စောင့်ကြည့်နေ သကဲ့သို့ ခံစား လိုက်ရ လေသည်။

မျက်လုံးများ မှတဆင့် ထိတ်လန့် တုန်လှုပ်သွားသော၊ အရိပ် အယောင်များ ထွက်ပေါ်လာကာ၊ ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်လိုက် ရသည်။ နှလုံးသား တစ်ခုလုံး ပေါက်ကွဲ မတက် တိုးခုန် လာတော့၏။

လမ်းလွဲ ကျင့်ကြံ သူအား အကြည့် တစ်ချက်ဖြင့်၊ ကြောက်လန့် သွားစေ သည်ကို မြင်လိုက် ရသည်နှင့်၊ ဒူးထောက် နေသော လူအုပ်ကြီးမှာ အံ့သြသွား ခဲ့သည်။

လင်းယွန်က သူ့ အကြည့်ကို ပြန်ရုတ် လိုက်ပြီး၊ ဘိုင်ချူးဟွေကို နဂါးသွေး မြင်းပေါ်သို့ တင်လိုက်၏။ ပြီး သူက ပြုံးရွှင် စွာဖြင့်၊

“ ဘာလို့ ထွက်ပြေး ရမှာလဲ၊ အားလုံးကို သတ်လိုက်ရင် ပိုကောင်းတယ် မဟုတ်လား ”

လေးနက်သော ခြေလှမ်း ခုနစ်လှမ်း - ခြေတစ်လှမ်း လက်သီး ခုနစ်ချက်။

အော်ဟစ် လိုက်သံ နှင့်အတူ လင်းယွန် ခုနှစ်ယောက် ထွက်ပေါ် လာပြီး၊ လက်သီး ခုနှစ်လုံးကို ထုတ်ဖော် လိုက်၏၊ လက်သီး တစ်ချက် စီတွင် ဓားသုတ္တန်၊ ရှေးဦးကျမ်း တို့ဖြင့်၊ သန့်စင် ထားသော မူလ စွမ်းအင် များကို ပေါင်းစပ် ထားလေသည်။

လက်သီးချက်သည် မျက်စိ တစ်ဖက်လပ် လမ်းလွဲ ကျင့်ကြံသူ ထံရောက်ရှိ သွားသော အခါတွင်၊ လျှပ်ပြက် သကဲ့သို့၊ တိုးဝင် သွား၏။

"နက်နဲ သိုင်းနယ်ပယ်ရဲ့ တတိယ အဆင့်မှာ ရှိတဲ့ ဖားငယ်လေး တစ်ကောင်က ငါ့ရှေ့မှာ လှုပ်ရှားမှု တစ်ခုကို လုပ်ဖို့ သတ္တိ ရှိတယ်လား၊ မင်း သေချင် နေတာပဲ "

မျက်စိ တစ်ဖက်လပ် သိုင်းသမားက ဟောက်လိုက်ပြီး၊

'' တောက်လောင်နေသော လက်သီး – ရာပေါင်း များစွာသော သားရဲများ သုတ်သင်ခြင်း။ ''

လင်းယွန်၏ လက်သီးများကို ကာကွယ် ရင်ဆိုင်ရန် ပြင်ဆင် လိုက်ရာ၊ သူ့ ခန္ဓာကိုယ်မှ ပူပြင်း တောက်လောင် နေသော၊ အရှိန်အဝါများ ထိုးထွက်လာ ခဲ့သည်။

“ ဒုတိယ အစ်ကို၊ သတိထား ”

ပိန်ပိန် ပါးပါး သိုင်းသမားက လှမ်းအော် လိုက်၏။ သို့သော် မျက်စိ တစ်ဖက်လပ် သိုင်းသမားမှာ လျင်မြန် လွန်းသော လက်သီးများကို မဟန့်တား နိုင်ခဲ့ပေ၊ နှုတ်ခမ်းမှ သွေးများ စီးကျ လာကာ၊ လွင့်စင် သွားလေသည်။

" သေစမ်း "

သူ့ အဖော် ဒဏ်ရာ ရသွား သည်ကြောင့်၊ ပိန်ပိန် ပါးပါး လမ်းလွဲ ကျင့်ကြံ သူ၏ မျက်လုံး များတွင်၊ ဒေါသများ တောက်လောင် လာ၏၊

လွင့်စင်သွားသော မျက်စိ တစ်ဖက်လပ် သိုင်းသမား ထံသို့၊ လိုက်ပါ တိုက်ခိုက် တော့မည့် လင်းယွန်အား၊ အခွင့် အရေး မပေး တော့ဘဲ၊ ဟန့်တား လိုက်လေသည်။

အရိုးစု သဏ္ဍာန် လက်သည်း များက လေဟာနယ်ကို စုတ်ဖြဲ ပစ်လိုက်ပြီး၊ လင်းယွန်ကို ဖမ်းကုပ် လာခဲ့၏။

'' မိစ္ဆာ လက်သည်း ''

ဂိုမိသားစု သိုင်းသမား များစွာကို၊ အစိတ်စိတ် အမြွှာမြွှာ ကွဲသွား စေသော၊ အလားတူ တိုက်ခိုက်မှု မျိုးအား၊ အသုံးပြု လိုက်ခြင်း ဖြစ်သည်။

သို့သော် လင်းယွန် ကမူ ငြိမ်သက်စွာ စောင့်ဆိုင်း နေခဲ့ပြီး၊ လက်သီး အတွင်းသို့၊ ဓား ရည်ရွယ်ချက်ကို ပေါင်းစပ် လိုက်လိုက် လေရာ၊ မူလ စွမ်းအင် များမှာ ခန္ဓာကိုယ် အတွင်း လှိုင်းထ လာလေသည်။

ထိုမူလ စွမ်းအင်များ အဆုံး မသတ် စေလို သောကြောင့်၊ ဒါန်တမ် အတွင်းရှိ ခရမ်းရောင် ပန်းကို ပွင့်အာ စေလိုက်၏။

ဤအခိုက်တွင် မျက်စိ တစ်ဖက်လပ် သိုင်းသမားက နှုတ်ခမ်း ထောင့်ရှိ သွေးစ များကို သုတ်လိုက်ပြီး၊ နောက်တစ်ကြိမ် တိုက်ခိုက်ရန် ထပ်မံ အားသွင်း လိုက်ပြန်သည်။

" မင်းတို့ နှစ်ယောက်က တိုက်ခိုက် ချင်တာလား လာခဲ့ ... "

လင်းယွန်၏ မျက်လုံး များတွင် တိုက်ပွဲဝင် ဆန္ဒများ တောက်လောင် လာပြီး၊ ခန္ဓာကိုယ် အတွင်းရှိ သွေးများ ပွက်ပွက်ဆူ လာ၏။

တစ်ချိန် တည်းမှာပင်၊ နက်နဲ နယ်မြေ တတိယ အဆင့်၊ အတား အဆီးကို ဖြတ်ကျော် တော့မည့်၊ အရိပ် အယောင် များ ပြသ လာလေသည်။ နက်နဲ နယ်မြေ၏ တတိယ အဆင့်သို့ ရောက်ရှိရန်၊ သားရဲ အမြုတေ သုံးခုကို အသုံးပြု ခဲ့ရ ပေသည်။

သာမန် ကျင့်ကြံသူ တစ်ယောက် အတွက်မူ၊ ၎င်းတို့ အနက်မှ သားရဲ အမြုတေ တစ်ခု ဖြင့်ပင်၊ အောင်မြင်မှု တစ်ခုကို ရရှိအောင် ကူညီပေး နိုင်ပေမည်။

သို့သော် လင်းယွန်သည် ထိုအမြုတေ သုံးခု စလုံးကို အသုံးပြု ခဲ့သည် တောင်မှ၊ သူ၏ ကျင့်ကြံ မှုကို တတိယ အဆင့် အထွတ် အထိပ် ထိသာ၊ တိုးမြှင့် နိုင် ခဲ့၏။

ထို့ကြောင့် ရုတ်တရက် အောင်မြင် မှုများ ရရှိ တော့မည့် အရိပ် အယောင်များ ဖြစ်ပေါ် လာသည်နှင့်၊ များစွာ ပျော်ရွှင် သွားမိခြင်း ဖြစ်သည်။

" မလုံလောက်ဘူး ... မလုံလောက် သေးဘူး၊ 'သွေးအရိုး ကျင့်ကြံသူ' တွေရဲ့ ခွန်အားက ဒါပဲလား ''

လင်းယွန်၏ လက်များတွင် 'ထာဝရနတ် ဘုရား တံဆိပ်' ကို ဖွဲ့စည်းရန် လုပ်ဆောင် နေလျက်မှ အားမလို အားမရ အော်ဟစ် လိုက်၏။

ကျား- နဂါး အရှိန်အဝါ အောက်တွင် လင်းယွန်၏ အရှိန်အဝါမှာ တဟုန်ထိုး မြှင့်တက် လာ၏။ 'ထာဝရနတ် ဘုရား တံဆိပ်' မှာ လက်ချောင်းများ အတွင်း၌ လျှပ်စီးများ ကဲ့သို့ တဖျစ်ဖျစ် ပေါက်ကွဲ လာလေသည်။

လမ်းလွဲ သိုင်းသမား နှစ်ယောက်၏ တပြိုင်နက်တည်း၊ ကျရောက် လာသော တိုက်ခိုက်မှု နှစ်ခုကို သူ့ လက်သီးဖြင့်၊ ခုခံ ကာကွယ် လိုက်သည်။

ကြီးမားသော အရှိန်အဝါ ဖိအား များကို ဆန့်ကျင့်ကာ၊ တိုက်ပွဲ ဝင်နိုင်ရန် အတွက်၊ လမ်းလွဲ သိုင်းသမား နှစ်ယောက်က၊ သူတို့၏ ခွန်အား များကို အပြည့် အဝ အသုံးပြု လိုက်ရသည်။

" အဲ့ဒါ လင်းယွန် လား "

ဤမြင်ကွင်းသည် ဂိုမိသားစု အစောင့် သိုင်းသမား များကို အံသြ သွားစေ ခဲ့သည်။ လင်းယွန်၏ ကျင့်ကြံမှုမှာ နိမ့်ကျ လှသော်လည်း၊ လမ်းလွဲ လယ်သမား နှစ်ဦးကို တိုက်ခိုက်ရာတွင် အမှန်တကယ် အပေါ်စည်းမှ ဖိအားပေး ထားနိုင် ခဲ့သည်။

" ဒါက ဘယ်လို လုပ် ဖြစ်နိုင်မှာ လဲ ''

ဘူချန်က ဒူးထောက် လျက်မှ ထိုတိုက်ပွဲကို မယုံ ကြည်နိုင်စွာ ငေးကြည့် နေမိသည်။ သို့သော် ကျူးဖန်မှာ တိုက်ပွဲ အတွင်း ဝင်ရောက် လာခြင်း၊ မရှိ သေးသည့် အတွက်၊ သူ သိပ်စိတ် မပူမိပေ။

သို့သော် ထိုသို့ သက်မ ချမိရုံ အချိန်မှာပင် လင်းယွန်၏ အငွေ့ အသက် များက မီးတောင် တစ်လုံး ကဲ့သို့ ပေါက်ကွဲ ထွက်လာ၏။

တိုက်ပွဲ အတွင်းမှာပင် အောင်မြင်မှု တစ်ခုကို ရယူ သွားခဲ့ လေပြီ။

သူ့ ခန္ဓာကိုယ် ထဲ၌ နောက်ထပ် သွေးပြန်ကြော တစ်ကြော ထပ်မံ ဖြစ်ပေါ် လာပြီး၊ နက်နဲ စတုတ္ထ အဆင့်သို့ ရောက်ရှိ လာပြီးနောက်၊ ထက်ရှသော အရှိန်အဝါများ ပတ်ဝန်းကျင်သို့ ပျံ့လွင့် လာကုန်၏။

လမ်းလွဲ ကျင့်ကြံသူ နှစ်ယောက်၏ မျက်နှာများ ပြောင်းလဲ သွားသည်။

လင်းယွန်သည် နက်နဲ နယ်မြေ တတိယ အဆင့်တွင် ရှိနေ စဉ်မှာပင်၊ ရင်ဆိုင်ရ ခက်ခဲ လှသည် ဖြစ်ရာ၊ ဤသို့ အဆင့် ချိုးဖြတ် နိုင်ခဲ့သည်ကို တွေ့လိုက် ရသည်နှင့်၊ သူတို့ မျက်လုံးများ၌ ကြောက်ရွံ့မှု အရိပ် အယောင်များ ဖြစ်ပေါ် လာသည်။

နှစ်ယောက်သား ချက်ချင်း လှည့်ပြေး လိုက်ကြသည်။

" မင်းတို့တွေ လွတ်မြောက် နိုင်မယ် ထင်လား "

လင်းယွန်က အော်ဟစ် လိုက်ပြီး၊ 'ကျားနဂါး ခြေလှမ်းများ' ကို ခင်းကျင်း လိုက်၏။ ခြေတစ်လှမ်း ချင်းစီတွင် နောက်ကျော၌ ကျားနှင့် နဂါးမှာ ဟုန်းခနဲ ဟုန်းခနဲ ထွက်ပေါ် လာ ပြီးနောက်တွင်၊ အရှိန်အဝါမှာ ပေါက်ကွဲ သွားကာ၊ လမ်းလွဲ ကျင့်ကြံသူ နှစ်ဦးကို ဖမ်းယူ သွားသည်။

အရှိန်အဝါဖြင့် ချုပ်နှောင်ခြင်း။

အရှိန်အဝါဖြင့် ချုပ်နှောင် လိုက်ပြီး၊ လက်တစ်ဖက်တွင် နဂါးကို ရေးထွင်း လိုက်ကာ၊ အခြား တစ်ဖက်တွင် ကျား တစ်ကောင်၏ ဒေါသကို ထုတ်ဖော် ပြသ လိုက်သည်။

နဂါး အရှိန် အဝါကြီးမှာ ပျောက်ကွယ် သွားပြီး၊ လက်သီးများ အတွင်းသို့ ပေါင်းစပ်သွားပြီးနောက်၊ လမ်းလွဲ သိုင်းသမား နှစ်ဦးကို ထိမှန် ပေါက်ကွဲ သွားကာ၊ မြေပြင် ပေါ်သို့ ပြုတ်ကျ သွားစေ ခဲ့သည်။

" ရပ် ..... "

လွင့်စင်သွားသော လမ်းလွဲ ကျင့်ကြံသူ နှစ်ဦးကို သတ်ဖြတ်ရန် အတွက်၊ 'နတ်ဘုရား ပုံရိပ်ယောင် ဓား' ကို ထုတ်ဖော်ကာ၊ ထပ်မံ တိုက်ခိုက် လိုက်သော်လည်း၊ အေးစက်သော အငွေ့ အသက် များက ဝင်ရောက် ဟန့်တား လာခဲ့သည်။

လမ်းလွဲ သိုင်းသမား နှစ်ဦးက ဤအခွင့် အရေးကို အမိအရ ဆုပ်ကိုင်ကာ၊ ကျူးဖန်နောက်သို့ လျင်မြန်စွာ ပြေးဝင် သွားခဲ့သည်။

'' ကျူး ဖန် ... ''

" သူက သူခိုးကြီး အဆင့် (၉၈)မှာ ရှိတဲ့ ကျူးဖန်ပဲ "

တိုက်ပွဲ အတွင်းသို့ ဆင်းသက် လာသည့် ပုံရိပ်ကို ကြည့်ကာ၊ ဘိုင်ချူးဟွေက လင်းယွန်ကို သတိပေး ပြောကြား လိုက်လေသည်။

လမ်းလွဲ ကျင့်ကြံသူ နှစ်ဦးနှင့် လင်းယွန်၏ တိုက်ပွဲကို ကျူးဖန်က အံ့အား သင့်စွာ စောင့်ကြည့် နေခဲ့ ပြီးနောက်၊ သူ့ ငယ်သားများ သေဆုံး ခါနီး အချိန်တွင် လှုပ်ရှား လာခဲ့ခြင်း၊ ဖြစ်သည်။

သူခိုးကြီး ကျူးဖန်လား....။

လင်းယွန်က ရင်းနှီး နေသော နာမည်ကြောင့်၊ သူ့ မှတ်ညာဏ် များကို လှန်လှော ရှာဖွေ လိုက်ကာ၊ မျက်နှာ တစ်ပြင်လုံး ပြုံးရွှင် သွားလေသည်။

[ ကြယ်ငါးပွင့် အဆင့် တတိယမြောက် မစ်ရှင်-

သူခိုးကြီး အဆင့် ကိုးဆယ့်ရှစ် ကျူးဖန်။ ]

လင်းယွန်က ဒုတိယမြောက် ယခု မစ်ရှင် ပြီးသည်နှင့် ကျူးဖန်ကို လိုက်လံ ရှာဖွေ တော့မည် ဖြစ်သည်။ ဤကဲ့သို့ တွေ့ဆုံ လာရ လိမ့်မည်ဟု မမျှော်လင့် ထားမိပေ။

သို့သော် အနီးနားတွင် ရှိနေသော အသက်ပေါင်း များစွာကြောင့်၊ သည်နေရာသည် သူတို့ တိုက်ခိုက် ရမည့် နေရာ မဟုတ်ပေ။

“မင်းရဲ့လူတွေနဲ့ အတူ ထွက်သွား လိုက်ပါ၊ ခုနစ်ရက် နေရင်၊ မင်းခေါင်းကို ဖြတ်ဖို့ 'သွေးအရိုး တောအုပ်' ကို ငါပြန် လာခဲ့မယ်”

လင်းယွန်၏ စကားများကို ကြားရ သူများ အတွက်၊ ပျက်လုံး တစ်ပုဒ် ကြားလိုက်ရ သလိုပင်။ သေခြင်း တရားဖြင့် ရင်ဆိုင် နေရ ချိန် တွင်၊ လင်းယွန်မှာ ဤမျှ မောက်မာ နေလိမ့်ဦး မည်ဟု မမျှော်လင့် ထားမိချေ။

" စိတ်ဝင် စားစရာပဲ... ငါ မသွားရင် ဘာလုပ် မလဲ "

ကျူးဖန်က မျက်နှာဖုံးကို ပွတ်သပ်ကာ၊ ပြုံးလိုက်သည်။

“ ဒါဆို မင်းရဲ့ ခေါင်းကို ငါ့ ဓားနဲ့ ဖြတ်ပြီး ချိုင့်ဝှမ်းကို အနီရောင် ဆိုးရ လိမ့်မယ်၊ ဒီနေ့ နေဝင်ချိန် ပြီးတာနဲ့ ကျူးဖန်ဟာ သူခိုးကြီး အဆင့်မှာ ရှိနေ တော့မှာ မဟုတ်ဘူး”

နေဝင် ဆည်းဆာ၏ အလင်းရောင် များကြောင့်၊ လင်းယွန် မျက်နှာမှာ နီးမြန်း နေခဲ့ လေသည်။

သူ့ အသံမှာ အေးစက် တည်ငြိမ် နေခဲ့ သော်လည်း၊ သတ်ဖြတ် လိုသော ဆန္ဒများ သိပ်သည်းစွာ ကပ်ညိ ပါဝင် လာခဲ့သည်။

***

All Chapters