ဖြောင့်မတ်ခြင်း။
Vol. 19 Ch. 264
လင်းယွန်က ဓားကို ရုတ်သိမ်း လိုက် ပြီးနောက်၊ စက္ကန့် အနည်းငယ် အကြာတွင်၊ ပိုင်းဖြတ် ခံလိုက် ရသော၊ ကျူးဖန်၏ ခန္ဓာမှာ မြေပြင် ပေါ်သို့၊ တရိရိ ပြတ်ကျ သွား လေသည်။
အလောင်းကောင် ထဲတွင် ကျန်ရစ် ခဲ့သော ဓား ရည်ရွယ်ချက်မှာ စူးရှသော အသံများ ထွက်ပေါ် နေဆဲပင်။
ထိုအချိန်တွင် လူတိုင်းမှာ ထိတ်လန့်မှု များမှ ပြန်လည် သက်သာ လာကာ၊ သည်မြင်ကွင်းကို မယုံကြည် နိုင်စွာဖြင့် ကြည့်နေ မိကြသည်။
ကျူးဖန် အပါအဝင် လမ်းလွဲ သိုင်းသမား သုံးဦး စလုံး သေဆုံး ခဲ့သည်။
မကြာသေးမီ ကပင် ကျူးဖန်ထံ၌၊ ၎င်းတို့၏ အသက်ကို ဒူးထောက် တောင်းရမ်း နေမိ ကြသည်။ ယခုမူ ကျူးဖန်မှာ သူတို့ တွေးမထင် ထားဖူးသော တစ်စုံ တစ်ယောက်၏ သတ်ဖြတ် ခြင်းကို ခံလိုက် ရပေ၏။
" သူ့မှာ စကြာဝဋ္ဌာ တစ်ပိုင်း ချပ်ဝတ် ရှိတယ် မဟုတ်လား ''
ဘူချန်နှင့် ရှောင်းရန် တို့က စိတ်ရှုပ်ထွေး စွာဖြင့် အချင်းချင်း ကြည့်လိုက် မိသည်။
ကျူးဖန်၏ 'စကြာဝဠာ တပိုင်း ချပ်ဝတ်' သည် မည်မျှ အစွမ်းထက် သည်ကို ကိုယ်တွေ့ ကြုံခဲ့ ရဖူးသည်။ 'ကျား နဂါး လက်သီး' နှင့် 'လရောင် ကျဆင်းခြင်း' နည်းစနစ် ပင်လျှင် ထိုချပ်ဝတ်အား မထိုးဖောက် နိုင်ခဲ့ပေ။
သို့သော် လင်းယွန်သည် ကျူးဖန်၏ 'စကြာဝဠာ တစ်ပိုင်း ချပ်ဝတ်'ကို နှစ်ပိုင်း ခွဲပစ်ရန်၊ ဓားချက် တစ်ချက်ကိုသာ အသုံးပြု သွားခဲ့သည်။
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားကာ၊ လင်းယွန်ကို စူးစူး ရဲရဲ စိုက်ကြည့် နေမိ၏။ မြင်လိုက်ရ သမျှကို သူတို့ မယုံကြည် နိုင်သေးပေ။
တစ်ဖက်တွင် လင်းယွန်က ကျေနပ်စွာဖြင့် အသက်ရှူ သွင်း လိုက်သည်။ ဤတိုက်ပွဲသည် ဓားနန်းတော်မှ ထွက်ခွာ လာပြီးနောက်၊ အကျေနပ်ဆုံး တိုက်ပွဲ တစ်ပွဲ ဖြစ်လေသည်။
'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ၊ 'ကျား-နဂါး လက်သီး' နှင့် 'သခင့်ဓား' တို့ကို အကန့် အသတ် အထိ တွန်းထုတ် နိုင်ခဲ့သည်။ တစ်ချိန် တည်းမှာပင်၊ 'သခင့်ဓား' တွင်လည်း နားလည်မှု အချို့ကို ထပ်မံ ရယူထား နိုင်၏။
သို့သော် 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ကို မြင့်မြင့် မားမား ဆုပ်ကိုင် နိုင်ခြင်း၊ မရှိ ခဲ့သည့် အတွက်မူ စိတ်ပျက် စရာ ပေပင်။ 'ရွှေကျီးကန်း တံဆိပ်' ကို ဖွဲ့တည် ဖို့ရန် ခြေတစ်လှမ်းသာ လိုအပ် ပေတော့သည်။
ထို့အပြင်၊ ဓားသုတ္တန်ကို သတ္တမ အဆင့်သို့ တိုးမြှင့် နိုင်ပြီးနောက်၊ ဤမျှ ကြီးမားသောပင်ပန်း နွမ်းနယ်မှုကို၊ တစ်ကြိမ်မျှ မကြုံဖူး ခဲ့ပေ။ ယခု အချိန်၌ သူ့၏ မူလ စွမ်းအင်မှာ ဆယ်ပုံ တစ်ပုံသာ ကျန်ရှိ ပေတော့သည်။
သူ့ လက်ထဲရှိ ပန်းသင်္ချိုင်း ဓားကို အကြည့် အရောက်တွင် ကြေနပ်စွာ တသသ ပွတ်သပ် လိုက်မိ၏။
၎င်းကို စကြာဝဠာ အဆင့် လက်နက်များ ဖြင့်ပင် နှိုင်းယှဉ် နိုင်လေသည်။ သူ့ ကြောင့်သာ မဟုတ်ပါက၊ ကျူးဖန်ကို လွယ်လွယ် ကူကူ ခုတ်လှဲ နိုင်မည် မဟုတ်ချေ။
လင်းယွန်၏ နောက်ဆုံး တိုက်ခိုက်ဖြင့် ကျူးဖန်ကို မနှိမ်နင်း နိုင်ခဲ့ ပါက၊ ကျူးဖန်မှာ အသေခံ သွားမည့် အစား၊ လွတ်မြောက် သွားနိုင်ပေမည်။
ပန်းသင်္ချိုင်းဓားကို ဓားသေတ္တာ ထဲသို့ ပြန်ထည့်ကာ၊ ကျူးဖန် ကျန်ရစ် ခဲ့သော မျက်နှာဖုံးအား ကောက်ယူ လိုက်သည်နှင့်၊ လင်းယွန်မှာ အံ့သြ သွားသည်။
သူ့ မူလ စွမ်းအင် များသည် မျက်နှာ ဖုံးကို ထိခိုက် သွားစေသော၊ တစ်စုံ တစ်ရာမျှ မရှိခဲ့ချေ။
မျက်နှာဖုံး၏ နောက်ကျောတွင် ရှေးဟောင်း အက္ခရာများ ရေးထွင်း ထားပြီး၊ ၎င်းထံမှ အသက် စွမ်းအင်များ ရုန်ကြွ နေသည်ကို ခံစား ရမိသည်။
'' ဝိညာဉ် ရူရ် တွေပဲ ... ဒါက ရတနာလား ဆိုတာ နောက်မှ လေ့လာ ကြည့်ရအောင်… ''
မျက်နှာဖုံးကို သိမ်းလိုက်ပြီး၊ လမ်းလွဲ သိုင်းသမား နှစ်ယောက်၏ သိုလှောင်အိတ် များကို ကောက်ယူ လိုက်၏။
ဂိုမိသားစု၏ အစောင့် သိုင်းသမား များနှင့် ဘူချန် တို့မှာ လင်းယွန် ပြုမူ နေ သမျှကို မျက်တောင် မခတ် လိုက်ကြည့် ပြီးနောက်၊ သူတို့ မျက်လုံးများတွင် လောဘ ရောင်များ တောက်ပ လာလေသည်။
လမ်းလွဲ ကျင့်ကြံသူ များသည် ၎င်းတို့၏ ရက်စက် ကြမ်းကြုတ်မှု များကြောင့်၊ လူသိများ ကြပြီး၊ သူတို့ စုဆောင်း ထားနိုင်သော ကြွယ်ဝမှုမှာ အနည်းငယ် မျှသာ၊ မဟုတ် မည်မှာ သေချာ လှပေ၏။
ကျူးဖန် အတွက်မူ သေချာပေါက် ချမ်းသာနိုင်ပေမည်၊ သူ့ အိတ်ထဲ၌ ရတနာများ မည်မျှ သိမ်းဆည်း ထားသည်ကို မည်သူမျှ စိတ်ကူးမယဉ် နိုင်ပေ။
"ရပ် ....."
ကျူးဖန်၏ သိုလှောင်အိတ်အား သိမ်းဆည်း နေသော လင်းယွန်ကို လှမ်းကြည့် ပြီးနောက်၊ ဘူချန်က လှမ်းဟန့် လိုက်သည်။
" .......... "
ရုတ်တရက် အော်ဟစ် လာသော ဘူချန်ကို လင်းယွန်က နားမလည် နိုင်ဟန်ဖြင့်၊ ပြန်ကြည့် လိုက်၏။
ဘူချန်နှင့် ရှောင်းရန်တို့က အကြည့်ချင်း ဖလှယ် လိုက်ကြပြီး၊ နှစ်ယောက် စလုံး ခေါင်းညိတ် လိုက်ကာ၊ ဒူးထောက် နေရာမှ ရှေ့သို့ လှမ်းထွက် သွားကြသည်။ ဘူချန် က၊
" အရာ အားလုံးကို မင်း တစ်ယောက်တည်း ယူဖို့ ဆုံးဖြတ် ရဲတယ်ပေါ့၊ မင်း ငါတို့ကို အရေး မစိုက် ဖူးလား"
" မင်း ရောက် မလာခင်၊ ငါတို့က ကျူးဖန်ကို တိုက်ခဲ့တယ်၊ ငါတို့ ကြောင့်သာ မဟုတ်ရင် ကျူးဖန်ကို ဘယ်သူက သတ်နိုင် မှာလဲ။”
ရှောင်းရန်က ဖြည့်စွက် ပြောဆို လိုက်သည်နှင့်၊ ၎င်းတို့ နှစ်ဦးမှာ အဘယ်ကြောင့် ဤကဲ့သို့ လုပ်ဆောင် လာကြ သည်ကို ဂိုမိသားစု အစောင့် သိုင်းသမား များက နားလည် သွားခဲ့သည်။
လင်းယွန်မှာ သန်မာလှ သော်လည်း လမ်းလွဲသိုင်းသမား သုံးဦးနှင့် တိုက်ပွဲ အပြီးတွင်၊ မူလ စွမ်းအင်များ ကုန်ဆုံး သွားမည်မှာ၊ သေချာ သလောက် ရှိပေမည်။
လောလောဆယ်တွင် 'နတ်ဆိုး သုတ်သင်ခြင်း တံဆိပ်' ကဲ့သို့၊ အစွမ်း ထက်သော လှုပ်ရှားမှုများကို၊ လုပ်ဆောင် နိုင်မည် မဟုတ်ကြောင်း၊ သူတို့ ယုံကြည် ထား မိသည်။
အခြား တစ်ဖက်တွင်၊ ၎င်းတို့သည် ဤအချိန် ကာလ အတွင်း အနားယူ ခဲ့ရပြီး၊ သူတို့၏ အထွတ် အထိပ် ခွန်အား သို့ပင်၊ ပြန်လည် ရရှိ လာနိုင်သည်။
ထို့ကြောင့် ၎င်းတို့သည် သဘာဝ အားဖြင့် လင်းယွန်ကို ကြောက်ရွံ့ရန် အကြောင်း မရှိပေ။ သူတို့ နှစ်ယောက် အတူတူ လုပ်ဆောင် ပါလျှင်၊ လင်းယွန်ကို ဆက်ဆံ ဖို့ရန် လုံလောက် နိုင်ပေမည်။
" မှန်တယ်... ၊ အစ်ကိုဘူ ပြောတာ အဓိပ္ပာယ် ရှိတယ်၊ ငါတို့က သူတို့နဲ့ တိုက်ခိုက် ပြီးမှ၊ မင်းက အခွင့် အရေး ယူချင် နေတာပဲ "
" သိုလှောင်အိတ် တွေကို အညီ အမျှ၊ ခွဲပေးပါ။ "
" လင်းယွန် မင်း ပါးနပ်မှု ရှိပါ၊ ငါတို့ မလုပ်ချင်တဲ့ အရာကို လုပ်ရအောင်၊ တွန်းမပို့ ပါနဲ့။ ”
ဘူချန် နှင့် ရှောင်းရန် တို့က ဦးဆောင် နေသဖြင့်၊ အခြားသော ကျင့်ကြံသူ များမှာ ရဲရင့် လာ ကြသည်။ လမ်းလွဲ သိုင်းသမား သုံးယောက်၏ သိုလှောင်အိတ်သည် များပြား လှသော လူအုပ်ကြီးကို သွေးဆောင် နိုင်ခဲ့ လေသည်။
" တိုက်ပွဲ ....၊ ဘယ် အချိန်က တိုက်ပွဲကို ပြောနေတာလဲ၊ ငါမြင် ခဲ့ရ တာတော့ မင်းတို့အကုန်လုံး ခွေးတွေလို ဒူးထောက် နေခဲ့ ကြတယ်၊ အထူး သဖြင့် မင်းတို့ နှစ်ယောက် ..... ''
လင်းယွန်က ပေါ့ပေါ့ ပါးပါးပင် လှည့် မကြည့်ပဲ တုန့်ပြန် လိုက်၏။
" မင်း ..... ''
" အဲဒါကို ထပ်ပြော ရဲလား"
ဘူချန်နှင့် ရှောင်းရန် တို့က လင်းယွန် ကို အေးစက်စွာ စိုက်ကြည့်ပြီး၊ မျက်နှာများ ပျက်ယွင်း သွား ကြသည်။
" ဘာလို့ ကိုယ့်ကိုယ်ကို လိမ်ဖို့ ကြိုးစား နေကြ တာလဲ၊ ငါ့စကား တွေကို မင်း နားမလည် ဖူးလား "
လင်းယွန်က သူတို့ နှစ်ယောက်ကို လှောင်ပြောင်သော မျက်ဝန်း များဖြင့် ကြည့်လိုက်သည်။
အသက်ကို ကယ်တင် ခဲ့သည့် အတွက်၊ သူ့ကို ကျေးဇူးတင် ကြလိမ့် မည်ဟု၊ မျှော်လင့် ထား သော်လည်း၊ ဤလူများတွင် ညစ်ထေးသော နှလုံးသား များ ရှိနေ လိမ့်မည်ဟု ထင်မထား မိချေ။
''အမှိုက်တွေက အမြဲတမ်း အမှိုက် ပါပဲ။ ''
ကျင့်ကြံသူ များမှာ ဖြောင့်မတ် တည်ကြည်မှု ရှိရ ပေမည်၊ သို့မဟုတ် ပါက၊ နတ်ဆိုး သားရဲ များနှင့် မည်သို့မျှ ကွာခြား နိုင်မည် မဟုတ်ချေ။
" ရိုင်းလိုက်တာ၊ မင်း သေချင် နေတာလား၊ ငါမင်းကို အခု ချက်ချင်း နှစ်ခြမ်းခွဲ မပစ်နိုင် ဖူးလို့ ထင်နေလား၊ မင်းက ငါတို့ကို နှိမ့်ချခွင့် ရှိတယ်လို့ ဘယ်သူ ပြောလဲ၊ မင်းကို ဒီမှာ သတ်ရင် ဘယ်သူ ကမှ၊ ဝင်ပြော ပေးမှာ မဟုတ်ဘူး "
ဘူချန်၏ မျက်နှာမှာ ရှက်ရွံ့ မှုများကြောင့်၊ နီရဲ လာသည်။
" သခင်လေးဘူ၊ သခင်လေးရှောင် ဘာလို့ သူ့ကို စကား ခွင့်ပေး နေတာလဲ၊ အတူတူ တိုက်ကြ ရအောင် ”
“ သေချင်နေတဲ့ သူ တစ်ယောက်ကို ဘာလို့ မကူညီ ရမှာလဲ”
" ရှင်းရှင်းလေးပဲ၊ သူသေဖို့ ထိုက်တန်တယ် "
ဘူချန်နှင့် ရှောင်းရန် တို့က လင်းယွန်ကို ပိတ်ဆို့ ထားစဉ်တွင်၊ ထပ်မံ ရောက်ရှိ လာ သူများ၏ မျက်နှာများ ပေါ်၌၊ သတ်ဖြတ် လိုသော ဆန္ဒများ ထွက်ပေါ် လာလေ တော့သည်။
***