← Chapters

ဒေါသ။

Vol. 19 Ch. 265

ဒေါသ။

Vol. 19 Ch. 265

" ရှင်းရှင်းလေးပဲ၊ သူသေဖို့ ထိုက်တန်တယ် "

ဘူချန်နှင့် ရှောင်းရန် တို့က လင်းယွန်ကို ပိတ်ဆို့ ထားစဉ်တွင်၊ ထပ်မံ ရောက်ရှိ လာ သူများ၏ မျက်နှာများ ပေါ်၌၊ သတ်ဖြတ် လိုသော ဆန္ဒများ ထွက်ပေါ် လာလေ တော့သည်။

" ငါ့ရဲ့ မူလ စွမ်းအင်တွေ ကုန်ဆုံး သွားပြီလို့ မင်းတို့ ထင်နေ တာလား"

လင်းယွန်က ထိုသို့ မေးမြန်း လိုက် ပြီးနောက်၊ မျက်လုံးများ ကျဉ်းမြောင်း သွား ခဲ့သည်။ သူပြသ ခဲ့သော ခွန်အား အရ၊ လူတိုင်းကို ထိတ်လန့် သွားစေ၏။

ထို့ကြောင့် မည်သူ မဆို ရှေ့ဆက် တိုးရန် တွန့်ဆုတ် ကုန်လေသည်။ လင်းယွန်၌ မူလ စွမ်းအင်များ လုံးလုံး မကုန်ဆုံး သေးပါက၊ သေချာပေါက် အသတ် ခံရ ပေလိမ့်မည်။

ဆိုလို သည်မှာ ပထမဆုံး ပြေးဝင် တိုက်ခိုက်မည့် သူမှာ မိုက်မဲသော သူပင် ဖြစ်လေသည်။

" ငါ မင်းကို ရွေးချယ်ခွင့် ပေးမယ်၊ ငယ်သား နှစ်ယောက်ရဲ့ သိုလှောင်အိတ်ကို ယူနိုင်တယ်၊ ဒါပေမယ့် ကျူးဖန်ရဲ့ သိုလှောင်အိတ် ကိုတော့ မင်း ထားခဲ့ ရလိမ့်မယ် လင်းယွန်... ။ "

ဘူချန်က ခန့်မှန်းချက် များအရ တောင်းဆို လိုက် သော်လည်း၊ မျက်လုံး များတွင် မသေချာ မရေရာ မှုများဖြင့်၊ ရှုပ်ထွေး နေခဲ့သည်။

" ကျူးဖန်ရဲ့ ပစ္စည်း တွေကို မထားခဲ့ ချင်ရင် မင်းရဲ့ ဓားကို ပေးနိုင် ပါတယ်"

ရှောင်းရန်၏ အကြည့်မှာ လင်းယွန် နောက်ကျောရှိ ရှေးဟောင်း ဓားသေတ္တာ ထံသို့ ရောက်ရှိ သွားပြီး၊ လောဘဖြင့် တောင်းဆို လိုက်၏။

ကျူးဖန်၏ စကြာဝဋ္ဌာ တစ်ပိုင်း ချပ်ဝတ်ကိုပိုင်းဖြတ် ရာ၌၊ ဤဓားကို အသုံးပြု ခဲ့ကြောင်း၊ သတိရ သွားခြင်း ဖြစ်သည်။

ထိုအချိန်တွင် မြင်းခွာ သံများ ထွက်ပေါ် လာကာ၊ ဂိုယုနှင့် ဘိုင်ချူးဟွေတို့ ပြန်လည်ရောက်ရှိ လာသည်။

" မင်းတို့ ဘာလုပ်ဖို့ ကြိုးစားနေ ကြတာလဲ "

လင်းယွန်အား ဝိုင်ရံထားသည့် မြင်ကွင်းကြောင့်၊ ဘိုင်ချူးဟွေက နားမလည် ဟန်ဖြင့် မေးမြန်း လိုက်သည်။

“ မိန်းကလေးဘိုင်၊ မင်း ပြန်လာတာ ကောင်းပါတယ် ”

ဟု ဘူချန်က တုံ့ပြန် ခဲ့သည်။ အမူ အရာမှာ ပြောင်းလဲခြင်း မရှိခဲ့ဘဲ၊ သူ့ စကားကို ဆက်ပြောလိုက်၏။

"လမ်းလွဲ သိုင်းသမား တွေကို ငါတို့က အတူတူ သတ်ခဲ့တယ်၊ ဒါပေမယ့် လင်းယွန်က တိုက်ပွဲရဲ့အကျိုး အမြတ် တွေကို၊ သူ တစ်ဦးတည်း ရယူချင် နေတယ်၊ ဒါက အဓိပ္ပာယ် မရှိဘူး မဟုတ်လား ”

“ ငါတို့နဲ့ ထိုက်တန်တဲ့ အရာကို ရရှိဖို့ အတွက်၊ သူ့ကို ကျိုးကြောင်း ဆင်ခြင်ဖို့ သတိပေး နေတာပါ၊ ဒါပေမယ့် သူက ငါတို့ကို ပြက်ရယ် ပြုလာတယ် ”

ရှောင်းရန်ကပါ ဘိုင်ချူးဟွေကို ဝင်ရောက် ရှင်းပြ လာသည်။

'' ကျူးဖန် သေပြီလား"

ဘိုင်ချူးဟွေက အံ့အား သင့်စွာဖြင့် ပတ်ပတ် လည်ကို ဝေ့ဝဲ ကြည့်ကာ၊ အလောင်းကို ရှာဖွေ လိုက်မိသည်။ အလောင်းကို တွေ့ရှိ ခဲ့ပြီးနောက် သက်ပြင်း ချလိုက်၏။

လင်းယွန်ကို စိတ်ပူ သောကြောင့်၊ သူမ ပြန်လာ ခဲ့ခြင်းဖြစ် သော်လည်း၊ ကျူးဖန် သေဆုံး နေလိမ့်မည်ဟု မထင်ခဲ့ မိပေ။

ဘူချန်နှင့် ရှောင်းရန်တို့ စကားမှာ အခြေ အမြစ် မရှိကြောင်း သူ သိသည်။ ကျူးဖန်ကိုရှုံးနိမ့် ရုံသာ မက၊ အရှက် မဲ့စွာ ဒူးထောက် နေခဲ့ သည်ကို၊ ကိုယ်တိုင် တွေ့မြင် ထားလေသည်။

" ရိုင်းပျ လိုက် တာ .....''

ဂိုယုက ဒေါသတကြီး အော်ဟစ် လိုက်၏။

“မင်းတို့ တွေက သခင်လေး လင်းကို တချိန်လုံး ဟိတ်ဟန် အပြည့်နဲ့ လှောင်ပြောင် ခဲ့ကြတယ်၊ ကျူးဖန် ရောက်လာတော့ ကျူးဖန် ဆီမှာ ဒူးထောက်ပြီး၊ ကရုဏာကို တောင်းခံ ကြတယ်၊ မင်းတို့သာ ကျူးဖန်ကို သတ်နိုင်ရင်၊ ဘာလို့ ခွေး တစ်ကောင်လို ဒူးထောက် နေရ တာလဲ၊ မင်းတို့ ကောင်တွေက အရှက် ကင်းမဲ့ လွန်းတယ်၊ ကျူးဖန်ကို သတ်နိုင်တာ ဆိုလို့၊ ဒီနေရာမှာ သခင်လေး လင်းက လွဲပြီး၊ ဘယ်သူမှ အရည် အချင်း မရှိဘူး''

"မင်း.... ဂိုမိသားစုက အမှိုက်ကောင်၊ ငါတို့စကားတွေ အတွက် မင်းရဲ့ ဂိုမိသားစု ဝင်တွေအပြင်၊ သက်သေ ခံနိုင်မဲ့ သူတွေ အများကြီး ရှိတယ်၊ မိန်းကလေးဘိုင် ဒီကိစ္စနဲ့ ပတ်သက်ပြီး၊ မင်းဘယ်လို ထင်လဲ ငါသိချင် ပါတယ် "

ဘူချန်းက အေးစက်စွာ ပြန်ပြော လာခဲ့သည်။ သူ့ စကားကြောင့် ဘိုင်ချူးဟွေထံ လူတိုင်း၏ အာရုံများ စူးစိုက် ကျဆင်း သွား၏။ မည်သို့ပင် ဆိုစေကာမူ သူမ၌ ဆုံးဖြတ် ပိုင်ခွင့် ရှိပေသည်။

" ဂိုယုရဲ့ အမြင်ကို သဘော တူတယ်၊ မင်းတို့တွေ ဒီတခေါက် ကြီးစွာသော ဆုံးရှုံးမှုကို ကြုံခဲ့ ရပြီမို့၊ ငါတို့ ပြန်ရောက်တဲ့ အခါ ဆုငွေတွေရဲ့ တစ်ဝက် တိတိကို ထပ်တိုး ပေးမယ်”

ဟု ဘိုင်ချူးဟွေက ပြန်ဖြေ လိုက်သည် ။

" ခွေးမ ...၊ မင်းကို ကာကွယ်ဖို့ ငါတို့က အစွမ်းကုန် ကြိုးစား ပေးခဲ့ ပြီးပြီ၊ ဒါပေမယ့် မင်းက အဲဒီ ကောင်ကို ကူညီဖို့ စဉ်းစား နေတာပဲ၊ ငါ့ အမြင် အရ မင်း ပြန်လာ ခဲ့ဖို့ မသင့်ဘူး၊ ဒီရှုခင်း တွေက အရမ်း သာယာ လှတဲ့ အတွက်၊ မင်းလို အလှလေးကို မြှုပ်ထားဖို့ မသင့် တော်ဘူး ”

ဘိုင်ချူးဟွေမှာ လင်းယွန် ဘက်တွင် ရှိနေ မည်ဟု မမျှော်လင့် ထားသောကြောင့်၊ ဘူချန်၏ စဉ်းစား ဆင်ခြင် နိုင်စွမ်းများ လုံးဝ ဆုံးရှုံးသွား ခဲ့သည်။

ထို့ကြောင့် သူ၏ ဟန်ဆောင် ထားသော ယဉ်ကျေး ပြူငှာမှု များကို စွန့်လွှတ် လိုက်ပြီး၊ သတ်ဖြတ် လိုသော ဆန္ဒအား ထုတ်ဖော် လိုက်၏။

"မင်းသူ့ကို ထိလို့ ရတယ်လို့ ဘယ်သူ ပြောလဲ"

လင်းယွန်၏ အေးစက်သော အသံက ရုတ်တရက် ထွက်ပေါ် လာသည်။

“ လင်းယွန်၊ မင်းက မူလ စွမ်းအင်တွေ ကုန်ဆုံး သွားပြီ ဆိုတာကို လက်မခံချင် သေးဖူးလား၊ ကိုယ့်သေတွင်း ကိုယ်တူးချင် နေတာပဲ''

ဘူချန်၏ မူလ စွမ်းအင်များ ရုတ်တရက် မြင့်တက် လာပြီး၊ နဂါးကို လက်နှစ်ဖက် ဖြင့် ရေးဆွဲ လိုက်၏။

ရေးဆွဲ နေစဉ်တွင် နဂါး၏ အငွေ့ အသက်များ ထွက်ပေါ် လာကာ၊ ပန်းချီကား တစ်ချပ် အဖြစ်သို့၊ တဖြည်းဖြည်း ပြောင်းလဲ လာတော့သည်။

" အိုး နဂါး ပန်းချီကို ထုတ်ဖော် နိုင်သေး တာလား၊ အင်း ငါလည်း ရတာပေါ့ …”

လင်းယွန်က နဂါးပန်းချီကို အလားတူ ထုတ်ဖော် လိုက်သော်လည်း၊ ဘူချန်၏ နဂါးပန်းချီ ထက် သာ၍ ချောမွေ့စွာ အပြီးသပ် နိုင် ခဲ့သည်။ သူ့ဆီမှ အကန့် အသတ် မဲ့သော သဏ္ဍာန်မဲ့ စွမ်းအား အရိပ် အယောင်များ ထွက်ပေါ်လာ လေသည်။

နဂါးပန်းချီကား နှစ်ချပ်ကို တပြိုင် နက်တည်း ဖန်တီး လိုက်ကြ သော်လည်း၊ လင်းယွန်၏ မူကွဲမှာ ဘူချန်ထက် ပိုမို အားကောင်း လာ၏။

ရွှေကျားနှင့် လေ့ကျင့် ပြီးနောက်၊ နဂါးပန်းချီ၏ အနှစ် သာရကို နားလည် သဘောပေါက် လာခဲ့သည်။ ထိုစွမ်းအားဖြင့်သားရဲ တစ်ရာကိုပင် ဖိနှိပ်နိုင် ပေမည်။

ပန်းချီကား နှစ်ချက် ထိပ်တိုက် တွေ့ဆုံ ပြီးနောက်၊ ဘူချန်၏ နဂါးပုံ သဏ္ဍာန် ပုံရိပ် ကြီးမှာ ချက်ချင်း ကွဲအက် သွားကာ၊ လင်းယွန်၏ လက်သီးက သူ့ ရင်ဘတ် ပေါ်သို့ ကျရောက် လာတော့သည်။

ဘူချန်၏ အတွင်း အင်္ဂါများ ချက်ခြင်း ကွဲကြေ သွားကာ၊ မြေပြင် ပေါ်သို့ လဲကျသွား၏။ အဆက် မပြတ် သွေးချောင်းများ ဆိုးလာပြီး၊ လင်းယွန်ကို ကြောက်ရွံ့ စွာဖြင့်၊ ခေါင်းမော့ ကြည့်လိုက်သည်။

မလှမ်းမကမ်း၌ ရပ်ကြည့် နေမိသော ရှောင်းရန်က၊ လင်းယွန်မှ ဘူချန်ကို ချိုးနှိမ့် သွားပုံကြောင့်၊ ထိတ်လန့် သွားသည်။

လင်းယွန်တွင် တိုက်ခိုက်ရန် ခွန်အား ရှိနေ သေးသည်ဟု သူ မမျှော်လင့် ထားပေရာ၊ ဤမြင်ကွင်း ကြောင့် မတ်တပ်ပင် မရပ်ဝံ့ တော့ပေ။

“ ငါမင်းကို သတ်မယ် "

သို့သော် ချောင်ပိတ် ရိုက်ခံရသော ကြွက်တစ်ကောင် ကဲ့သို့၊ အားတင်း တိုက်ခိုက်ရန် ဆုံးဖြတ် လိုက်သော အခါတွင်၊ ကြက်သွေးရောင် လျှပ်စီးကြောင်း တစ်စ၊ သူ့အား ထိမှန် လာခဲ့ လေသည်။

ရိုက်ခတ်မှု အရ လေထဲ လွင့်စင် သွားပြီးမြေကြီးပေါ်ပြန် အကျတွင်၊ နဂါးသွေး မြင်းက လိုက်ပါ ပြေးဝင် လာကာ၊ သူ့ရင်ဘက်ကို ခွာဖြင့် နင်းချေ လိုက်တော့၏။

နံရိုးများ ကျိုးကြေ သွားသော အသံ နှင့်အတူ၊ နာကျင် ဝမ်းနည်းစွာ အော်ဟစ် လိုက်မိ လေသည်။

အဆိုပါ တိုက်ပွဲ ရလာဒ် များကြောင့်၊ အစောပိုင်း အချိန်တွင်၊ လင်းယွန်ကို ခြိမ်းခြောက် နေသော လူအုပ်ကြီး၏ မျက်နှာမှာ ဖြူဖျော့ သွားသည်။

လင်းယွန်က သူတို့ကို လှည့်ကြည့်လိုက်သည်နှင့် ထိတ်လန့် သွားကြပြီး၊ တုံ့နှေးချင်း မရှိ ဒူးထောက် လိုက်ကြ၏။

“ လူပျက်တွေ.... မင်းတို့ကို သတ်ဖို့ ငါ စိတ်မဝင်စားဘူး၊ ထွက် သွား ..."

လင်းယွန်က စိတ်ပျက် လက်ပျက် မောင်းထုတ် လိုက်သည်။ သူ့ အနေဖြင့် ပုရွက်ဆိတ် များကို သတ်ပစ်ရန်၊ စိတ် မဝင်စား မိချေ။

ဂိုမိသားစုနှင့် အခြားသော ဂိုဏ်းငယ်များ၏ သိုင်းသမား များက လင်းယွန်၏ စကားများကြောင့် စိတ် သက်သာရာ ရသွားကာ၊ ချက်ချင်း ထွက်ပြေး သွားကြသည်။ လင်းယွန်က သူ့ စကားကို ပြန် ရုတ်သိမ်း မည်ကို စိုးရွံ့နေမိခြင်း ဖြစ်သည်။

လက်ကို ဝှေ့ယမ်းကာ၊ လင်းယွန်က နဂါးသွေး မြင်းကို ပြန်ခေါ်လိုက် သော်လည်း၊ နဂါးလေးမှာ သူ့ခွာ များကို တွန့်ဆုတ်စွာ ဖယ်ရှား လိုက်လေသည်။

ထို့နောက် ဘိုင်ချူးဟွေ ဘက်လှည့်ပြီး၊

" မင်း သူတို့ကို ဘာလုပ်ဖို့ အစီ အစဉ် ရှိထားလဲ "

- ဟု မေးလိုက်၏။

သူတို့ နှစ်ဦးသည် ဘိုင်ချူးဟွေ၏ သက်တော်စောင့် များ အဖြစ်၊ မစ်ရှင်ကို လက်ခံ ခဲ့သော်လည်း၊ ၎င်းတို့မှာ အလုပ်ရှင်ကို သတ်ဖြတ် လိုသော ဆန္ဒများ၊ ပြသ လာခဲ့သည်။ ထို့ကြောင့် ဘိုင်ချူးဟွေအား မေးမြန်း လိုက်ခြင်း ဖြစ်သည်။

" မိန်းကလေးဘိုင် ငါတို့ကို အသက် ချမ်းသာ ခွင့်ပြုပါ ''

“ ခရီးစဉ် တလျှောက်လုံး မင်းကို ကာကွယ်ဖို့ အတွက် ငါတို့ အကောင်းဆုံး လုပ်ဆောင် ပေးခဲ့ ပါတယ်၊ ကျေးဇူးပြုပြီး ငါတို့ကို ခွင့်လွှတ်ပါ။"

ဘူချန်နှင့် ရှောင်းရန် တို့မှာ ၎င်းတို့ အသက်အတွက် ကရုဏာကို တောင်းခဲ့ လာကြ သော်လည်း၊ ဘိုင်ချူးဟွေက သူတို့ကို စက်ဆုပ်စွာ မျက်နှာလွဲ လိုက်ပြီး၊

"မင်း ဆန္ဒ အတိုင်းပဲ .... "

ဟု ပြန်ဖြေ လာခဲ့သည်။

သူမ၏ စကားကြောင့် ဘူချန်နှင့် ရှောင်းရန်မှာ ထိတ်လန့် သွားတော့၏။ လင်းယွန် အပေါ် ယခင် လုပ်ဆောင်မှု များကြောင့်၊ ၎င်းတို့၏ ရလဒ်သည် ကောင်းမွန်မည် မဟုတ်ကြောင်း သူတို့ သိသည်။

တစ်ဖက်တွင်၊ ရပ်ကြည့် နေမိသော ဂိုယုက၊ ဤလူယုတ်မာ နှစ်ကောင် အတွက် သေခြင်း တရား ဖြင့်သာ ထိုက်တန် သောကြောင့်၊ ကြေနပ်စွာ ပြုံးရယ် လိုက်မိသည်။

'' ဘူချန် မင်း ပြောခဲ့တာ အဓိပ္ပာယ် ရှိတယ်၊ ဒီနေရာက အရမ်း သာယာတယ်၊ ဒါပေမယ့် ဒီနေရာမှာ အလှ တရားကို မြှုပ်နှံဖို့ မသင့်တော် ပါဘူး၊ ''

'' ဒါပေမယ့် မင်းတို့ နှစ်ယောက် ကတော့ ...၊ဒီမှာ သုံးရက် တိတိ ဒူးထောက်ပြီး၊ မင်းတို့ရဲ့ ကျင့်ကြံမှု နည်းစနစ်တွေ အပေါ် နားမလည် ရတဲ့၊ အကြောင်း အရင်းကို ဆင်ခြင် နေခဲ့ပါ၊ ဒီအတွက် အနာဂါတ်မှာ ငါ့ကို ကျေးဇူး တင်စရာ မလိုပါဘူး ''

" ......... ''

ဘူချန်တို့ နှစ်ယောက်မှာ အံ့အားသင့် သွား ကြသည်။ ဤပြစ်ဒဏ်သည် သေခြင်း တရားထက် ပို၍ပင် ရှက်စရာ ကောင်းပေ၏။

"ဘာလို့လဲ မင်း မကျေနပ် ဖူးလား"

လင်းယွန်က သူတို့ နှစ်ဦးကို အေးစက်စွာ စိုက် ကြည့် လာ သည်ကြောင့်၊ ကျောရိုး တစ်လျှောက် စိမ့်တက် သွားလေသည်။ လင်းယွန်၏ ဓား ရည်ရွယ်ချက်က သူတို့ သွေးများ ကိုပင် အေးခဲ သွား စေခဲ့၏။

“ မဟုတ်ဘူး၊ ငါတို့ အဆင်ပြေ ပါတယ်၊ ဟုတ်တယ် ငါတို့ ကြေနပ် ပါတယ်။”

ဘူချန်နှင့် ရှောင်းရန် တို့က သွားများကို အံကြိတ်ကာ၊ ပုဆိုးကြား ထဲသို့ ခေါင်းများကို ထိုးမြှုပ် လိုက် ကြလေ၏။

ဂိုယုက ဤမြင်ကွင်းကို ကြည့်ကာ၊ တုန်လှုပ် သွား၏။ လင်းယွန်၏ ရက်စက်သော အပြုအမူ များကြောင့် သူ ကြောက်ရွံ့ နေမိသည်။

လင်းယွန်သည် ကျောင်းတော်သား တစ်ဦး ကဲ့သို့ ကောင်းမွန်သော စိတ်ထားကို ပိုင်ဆိုင် ထား သော်လည်း၊ ၎င်းသည် သူ့အား လူတိုင်း ဖိနှိပ် နိုင်သည် ဟူသော၊ အဓိပ္ပါယ် မဟုတ်ချေ။

ထို့အပြင် သူ၏ တိုက်ခိုက်မှု များတွင် တိကျ ပြတ်သား လှပြီး၊ ပြိုင်ဘက် အပေါ် ညှာတာမှု လုံးဝ မရှိသည် သာမက၊ လက်စား ချေသည့်နည်းလမ်း များမှာ ကြောက်စရာ ကောင်းလှ ပေသည်။

***

All Chapters