← Chapters

ရိတ်သိမ်းခြင်း။

Vol. 19 Ch. 266

ရိတ်သိမ်းခြင်း။

Vol. 19 Ch. 266

" မင်းတို့ မကျေနပ် ဖူးလား"

လင်းယွန်က သူတို့ နှစ်ဦးကို အေးစက်စွာ စိုက် ကြည့် လာ သည်ကြောင့်၊ ကျောရိုး တစ်လျှောက် စိမ့်တက် သွားလေသည်။

လင်းယွန်၏ ဓား ရည်ရွယ်ချက်မှာ သူတို့ သွေးများ ကိုပင် အေးခဲ သွား စေခဲ့၏။

“ မဟုတ်ဘူး၊ ငါတို့ အဆင်ပြေ ပါတယ်၊ ဟုတ်တယ် ငါတို့ ကြေနပ် ပါတယ်။ ”

ဘူချန်နှင့် ရှောင်းရန် တို့က သွားများကို အံကြိတ်ကာ၊ ပေါင်ခြံ ကြား ထဲသို့ ခေါင်းများကို ထိုးမြှုပ် လိုက် ကြလေ၏။

ဘူချန်နှင့် ရှောင်းရန်ကို စောင့်ကြည့်ရန်အတွက် နဂါးသွေး မြင်းကို ထားခဲ့ကာ၊ ဘိုင်ချူးဟွေ၊ ဂိုယု တို့နှင့် အတူ ချိုင့်ဝှမ်း အတွင်းမှ ထွက်ခွာ လာခဲ့သည်။

သူ့စကားအတိုင်း ထိုသူ နှစ်ယောက်ကို၊ သုံးရက်ကြာ ဒူးထောက်ခြင်း ရှိ မရှိအား၊ တာဝန်ယူ စောင့်ကြည့် ခွင့်ရ ခဲ့သော၊ နဂါးသွေး မြင်းမှာ ထုံစံအတိုင်း ပျော်ရွှင်စွာ ကျန်ရစ် နေခဲ့ လေသည်။

လက်စားချေ ခြင်း၏ အထိန်း အကွပ် မရှိသော အပြု အမူ များကို လီဝူယု ထံမှ အပြည့် အဝ သင်ယူ နိုင်ခဲ့သည်။ မရိုးသား ခြင်း၏ အကျိုးဆက်ကို ပေးသိ စေခြင်းငှာ သာ၍ ပျော်ပေ၏။

ကောင်းကင်၌ အလင်းရောင်များ ပြန်လည် ထွက်ပေါ် လာ ချိန်တွင်၊ ဘိုင်ချူးဟွေနှင့် ပျိုးကျွန် များမှာ၊ သွေးအရိုး တောအုပ်မှ အန္တရာယ် ကင်းကင်းဖြင့်၊ ထွက်ခွာ လာနိုင် ခဲ့သည်။

အပြန် ခရီးစဉ်သည် ချောမွေ့လှပြီး၊ ယဉ်ပါးသော နတ်ဆိုး သားရဲ အချို့ မှလွဲ၍ အခြားသော အနှောက် အယှက်များ ရှိမလာ ခဲ့ကြပေ။

တိမ်တိုက်များကို ဖြတ်ကျော် ဝင်ရောက် လာသော အာရုဏ်ဦး ရောင်ခြည် အောက်တွင်၊ ဘိုင်ချူးဟွေက တောက်ပစွာ ပြုံးနေ ခဲ့သည်။

“ ဒီတစ်ကြိမ် မင်းရဲ့အကူအညီ အတွက်၊ ကျေးဇူး အများကြီး တင်ပါတယ်”

သူ့စကားအတိုင်း မျက်ဝန်း များတွင် ကျေးဇူးတင်သော အရိပ် အယောင်များ ပြည့်နှက် နေခဲ့သည်။

သည်ခရီး စဉ်တွင် သွေးအရိုး ကျင့်ကြံသူ များကို သတ်ပစ် ခြင်းဖြင့်၊ လင်းယွန်က သူမ၏ အသက်နှင့် အရှက်ကို ကယ်တင်ပေး ခဲ့လေသည်။

သွေးအရိုး ကျင့်ကြံသူ များ၏ လက်ထဲ၊ ရောက်ရှိ သွား ကုန်သော အမျိုးသမီး များမှာ၊ သေသည် အထိ နှိပ်စက် ခံရသည့် ပုံပြင် များ၊ သူမ ကြားသိ ထားဖူးသည်။

“ ငါ့က ကိုယ့်တာဝန် ကိုယ်ယူ ရုံလေးပါ၊ မစ်ရှင်ကို လက်ခံပြီး ကတည်းက မင်းရဲ့ ဘေးကင်း ရေးက ပထမ ဦးစားပေး ပါပဲ ”

လင်းယွန်က သူ့စကားကို မဆက်မီ၊ ခဏမျှ ငြိမ်သက် သွား ပြီးနောက်၊

" ချိုင့်ဝှမ်းထဲက ရိတ်သိမ်း နိုင်မှုကို အသာ ထားဦး၊ ကြီးမားတဲ့ ရိတ်သိမ်းမှု အဖြစ်၊ လမ်းလွဲ ကျင့်ကြံသူ တွေရဲ့ သိုလှောင်အိတ် သုံးလုံးကို သိမ်းယူ နိုင်ခဲ့တယ်၊ ဒါကြောင့် ဒီကို ခေါ်လာ ပေးတဲ့ မြို့တော် သခင် ကိုတောင် ကျေးဇူးတင် သင့်တယ် မဟုတ်လား... ”

ဘိုင်ချူးဟွေ ကြောင့်သာ မဟုတ်ပါလျှင်၊ ထိုချိုင့်ဝှမ်းကို ရှာတွေ့ နိုင်မည် မဟုတ်ချေ။ သူ့စကားကြောင့် ဘိုင်ချူးဟွေ၏ သိချင် စိတ်မှာ ပြင်းပျ လာပြီး၊

" မင်းက ... ချိုင့်ဝှမ်း ထဲမှာ ရတနာတွေ ရိတ်သိမ်း နိုင်ခဲ့ တာလား "

- ဟု မေးမြန်း လိုက် လေသည်။

" အင်း... ၊ နည်းနည်းတော့ ရိတ်သိမ်း နိုင်ခဲ့ ပါတယ်၊ မြို့တော်သခင် ... မင်းက ဆေးဖက်ဝင် အပင်တွေ အကြောင်း သိထားတဲ့ သူ ဆိုတော့ ပန်းတွေ အကြောင်းရော သိနိုင်လား"

“ ပန်းတွေ အကြောင်း လား...၊ အင်း အနည်း အကျင်း တော့ ငါသိတယ်၊ အဲဒါကို မင်း ပြောပြ နိုင်မလား၊ ငါသိနိုင် မလားလို့ ကြည့်ရအောင် ”

ဘိုင်ချူးဟွေက စိတ်ဝင်စား မိသော်လည်း၊ နှိမ့်ချစွာ ပြန်မေး လိုက်သည်။

သို့သော် လင်းယွန်က မဆိုင်း မတွပင်၊ သွေး နှင်းဆီ အကြောင်းကို၊ ပြောပြ လိုက်သည်။ ရွှေကျားနှင့် 'ချင်းဇီအန် မှတ်တမ်း' ကဲ့သို့သော အသေးစိတ် အချက် အလက်များ ကိုမူ ကျော်လွှား သွားမည်မှာ သေချာ ပေသည်။

" အိပ်မက် ဝိညာဉ် "

လင်းယွန်၏ စကားဆုံး သည်နှင့် ဘိုင်ချူးဟွေ မျက်နှာမှာ ပြောင်းလဲ သွားသည်။ သူမက ချက်ချင်းပင် ပြန်မေး လိုက်၏၊

“ အဲ့ဒီ ပန်း .... ဘယ်မှာလဲ ”

" ဒါက ငါ့ဓားနဲ့ ပေါင်းစပ် ထားတယ်"

လင်းယွန်က ပန်းသင်္ချိုင်း ဓားကို ထုတ်ယူပြီး၊ ဘိုင်ချူးဟွေ အား ပေါ့ပေါ့ ပါးပါးပင် ပြသ လာ၏။

လင်းယွန် ၏ ရိုးသားသော အပြုအမူ များကြောင့်၊ ဘိုင်ချူးဟွေက အားနာ ရှက်ရွံ့ သွားပြီး၊

" သခင်လေးလင်း၊ မင်းက ခပ်ရှင်းရှင်း ပါပဲလား "

- ဟု ပြောလေသည်။

ဘိုင်ချူးဟွေက ပန်းသင်္ချိုင်းဓားကို ယူလိုက်သော်လည်း၊ လက်ထဲ ရောက်ရှိ သည်နှင့် ပြုတ်ကျ သွားလေသည်။

" ထားလိုက် ပါတော့၊ ငါ မကြည့်ချင် တော့ပါဘူး "

ဘိုင်ချူးဟွေက ဓားကို ပြန်ကမ်း ပေးပြီး၊ ခါးသီးသော ဟန်ဖြင့် ပြုံးလိုက်၏။

“ နှင်းဆီ တွေကို အားနွဲ့တဲ့ ပန်းကလေး တွေလို့လည်း ခေါ်ကြတယ်၊ သူတို့ တွေမှာ အမျိုး အစား အများကြီး ရှိတယ်၊ ဒါပေမယ့် 'အိမ်မက် ဝိညာဉ်' လို့ ခေါ်နိုင်တဲ့၊ ပန်းကတော့ တစ်ခုပဲ ရှိတယ်၊ ပန်းတွေရဲ့ ဘုရင် ဆယ်ပါးထဲက တစ်ပါးပဲ၊ မင်းရဲ့ ဓားက ကျူးဖန်ရဲ့ 'စကြာဝဠာ တစ်ပိုင်း ချပ်ဝတ်' ကို ဖြတ်ကျော်နိုင်ခဲ့တာ အံ့သြ စရာတော့ မဟုတ်ပါဘူး"

"အိပ်မက် ဝိညာဉ် "

" မှန်တယ်၊ ပန်းဘုရင် ဆယ်ပါး ထဲက တစ်ပါးပဲ၊ မင်း ရရှိ လိုက်တဲ့ သွေးနှင်းဆီကို အိမ်မက်ဝိညာဉ်လို့ လူသိ များတယ်၊ ပန်းပွင့် ချိန်မှာ မီတာ အနည်းငယ် အတွင်း အိမ်မက် ဆန်တဲ့ သဘာဝ အဖြစ် အပျက် တွေကို ဖန်တီး ထားလိမ့်မယ်၊ ''

'' သူ့မှာ နောက်ထပ် နာမည် တစ်ခု ရှိ သေးတယ်၊ အဲ့ဒါက 'ရူးသွပ် နေသော ပန်းကလေး' တဲ့၊ ဒါကြောင့် မင်းရဲ့ ဓားကို သူက အထူး တလည် ချစ်မိ သွားပုံပဲ ''

-ဟု ဆိုကာ သက်ပြင်းချ လိုက်သည်။

"မင်းရဲ့ ဝေမျှမှုတွေအတွက် ကျေးဇူးတင်ပါတယ်"

ပန်းသင်္ချိုင်းဓားသည် 'တော်ဝင် အဆင့် လက်နက်' များအား၊ ကျော်လွန်ကာ အစွမ်းထက် နေရသည့် အကြောင်း အရင်းကို၊ ဘိုင်ချူးဟွေ၏ စကားများ အရ၊ သိလိုက် ရလေပြီ။

ယင်းမှာ သွေးနှင်းဆီသည် ပန်းများ ကြား၌ ဘုရင် ဆယ်ပါး အနက် တစ်ပါး ဖြစ်နေသော ကြောင့်ပင်။

“ငါတို့ သွေးအရိုး တောအုပ် ကနေ လွတ်မြောက် လာ နိုင်ပြီ၊ အခု ချိန်က စပြီး ဘာ အန္တရာယ်မှ ရှိတော့မှာ မဟုတ်ဘူး၊ ဒီမှာပဲ နှုတ်ဆက် လိုက် ရအောင်။ ”

လင်းယွန်က မစ်ရှင် ပြီးဆုံး သွားသော ကြောင့်၊ ဘိုင်ချူးဟွေ နှင့်အတူ 'တိမ်ညို' မြို့သို့၊ လိုက်ပါ သွားရန် ဆန္ဒ မရှိ တော့ပေ။ ယင်းသည် အချိန်ကုန် စေသော အပြန် ခရီးသာ ဖြစ်စေ ပေမည်။

“ မြို့တော်သခင် ...၊ အနာဂတ်မှာ ဒီလို အန္တရာယ် များလွန်းတဲ့ နေရာကို မသွားဘဲ နေတာ အကောင်းဆုံး ပါပဲ၊ အမှန် အတိုင်း ဝေဖန် ရရင် မင်းရဲ့ အဆင့် အတန်း အရ၊ ဒီလို ဒုက္ခတွေ ရယူ စရာ မလို ပါဘူး …”

လင်းယွန်က မထွက်ခွာမီ ဖော်ရွေစွာ၊ သတိပေး လိုက်သည်။

ကျူးဖန်ကို သတ်ပစ် နိုင်ခြင်းသည် ကံကောင်းမှု တစ်ခုသာ ဖြစ်ပေသည်။ ချိုင့်ဝှမ်း အတွင်း၌ ဘုရင် အဆင့် သားရဲ အမြုတေ သုံးခုကို မသန့်စင် နိုင်ခဲ့ပါက၊ သူ အနိုင် ရနိုင်ခြင်း၊ ရှိ မရှိ မသေချာ လှချေ။

" လင်းယွန်၊ မင်း သွားတော့ မလို့လား၊ ငါ့ရဲ့ နောက်ခံကို မသိချင် တော့ဘူးလား "

ဘိုင်ချူးဟွေက နောက်ကျောပေး ထွက်ခွာ တော့မည့် လင်းယွန်ကို ကြည့်ကာ၊ မေးလိုက်၏။

“ ကံကြမ္မာ အရ ပြန်ဆုံ တွေ့ဖို့၊ ရေစက်ပါ လာရင်၊ အဲဒါကို သိခွင့် ရမှာပါ၊ ဒါပေမယ့် ငါတို့ ပြန်ဆုံဖို့ ရေစက် ပါမလာ ရင်တော့ ...၊ မင်းရဲ့ နောက်ခံကို သိခဲ့လည်း အသုံး မဝင် နိုင်တော့ ပါဘူး၊ နှုတ်ဆက် ပါတယ် မိန်းကလေးဘိုင် "

လင်းယွန်၏ ပြန်ဖြေ သံမှာ လေထဲ၌ ဝဲပျံ ကျန်ရစ် ခဲ့လေသည်။ ဖြည်းညှင်းစွာ ထွက်ခွာ သွား ပြီးနောက်၊ ဘိုင်ချူးဟွေ၏ မြင်ကွင်းမှ မှုန်ဝါး ပျောက်ကွယ် သွားတော့၏။

လင်းယွန် ပျောက်ကွယ် သွားသော အရပ် ဆီသို့၊ ငေးကြည့် နေလျက်ဖြင့်၊ ဘိုင်းချူးဟွေက သက်ပြင်း တစ်ချက် ချ လိုက်မိသည် ၊ သူမကိုယ် သူမ အတော်လေး စိတ်ပျက် သွားရ၏။

သူ စွန့်လွှတ် ခဲ့သော ဤလူငယ်ကို တစ်နှစ် အကြာ၌ ပြန်တွေ့ရ လိမ့်မည်ဟု မထင်ခဲ့ မိပေ။

'မိုးပြာရောင် ကောင်းကင် ဂိုဏ်း' ကို သူ့ ဓားဖြင့် ကယ်တင် ပေး ခဲ့ပြီး၊ ဘိုင်ချူဟွေအား လေးနက်သော ခံစားချက် များဖြင့်၊ ထားရစ် ခဲ့ဖူးသည်။

မဟာချင် အင်ပါယာတွင် ၎င်း၏ အမည်မှာ တစ်နေ့ မြည်ဟိန်း လာနိုင် ပေမည်။

ဘိုင်ချူးဟွေနှင့် ခွဲထွက် လာ ပြီးနောက်၊ ချိုင့်ဝှမ်း တစ်ခုကို ရှာဖွေ လိုက်ကာ၊ လမ်းလွဲ သိုင်းသမား များ၏ သိုလှောင်အိတ် များအား စတင် စစ်ထုတ် လိုက်သည်။

သွယ်လျသော လမ်းလွဲ သိုင်းသမားနှင့် မျက်စိ တစ်ဖက်လပ် နေသူ တို့၏၊ သိုလှောင်အိတ် များကို ဦးစွာ သွန်ချ ပစ်လိုက်၏။

၎င်းတို့တွင် ဆေးလုံးများ၊ ဝိညာဉ် ကျောက်စိမ်း များ၊ ရှေးဟောင်း ပစ္စည်းများ၊ ရိက္ခာ ခြောက်များ၊ အဝတ် အထည် များနှင့် အခြား ကျပန်း ပစ္စည်းများ ကဲ့သို့သော အရာများစွာ ပါရှိ လေသည်။

လူ အမျိုးမျိုး ထံမှ လုယက် ရယူ ထားသော ပစ္စည်း များကြောင့်၊ အရာ အားလုံးမှာ ရှုပ်ပွနေ ခဲ့သည်။ ၎င်းတို့ အားလုံးကို အချိန် အနည်းငယ် အတွင်း ခွဲထုတ်ရန် မဖြစ် နိုင်ပေ။

ထို့ကြောင့် အခြားသော အရာများကို လျစ်လျူရှု လိုက်ကာ၊ ဝိညာဉ် ကျောက်စိမ်းများ၊ ဆေးလုံး များနှင့် သိုင်းနည်းစနစ် များကိုသာ ကောက်ယူ လိုက်၏။

“ ဝိညာဉ် ကျောက်စိမ်း (၃၀,၀၀၀) နီးပါး ပါလား၊ တကယ်ပဲ သူတို့က ကြွယ်ဝ လိုက်တာ၊ ဓားနန်းတော်ရဲ့ တပည့်တွေ မှာတောင် ဒီလောက် ပမာဏကို လက်ဝယ် ကိုင်နိုင်ဖို့ ဆိုတာ မဖြစ် နိုင်ပါဘူး။ ”

လင်းယွန်က နှုတ်ခမ်းကို လျှာဖြင့် သပ် လိုက်သည်။ ဝိညာဉ် ကျောက်စိမ်း များမှာ များပြား လှသော အရေ အတွက် ဖြစ်ပေသည်။ ဤပမာဏကို ရဖို့ရန် အတွက်၊ ရတနာ ခန်းမတွင် လဝက်ခန့်၊ အချိန် ယူရ ပေ လိမ့်မည်။

သို့သော် လမ်းလွဲ သိုင်းသမား နှစ်ဦးကို သတ်ခြင်းဖြင့်၊ ဤမျှ လွယ်ကူစွာ ရရှိ နိုင်ခဲ့သည်။ မည်သို့ပင် ဆိုစေ ကာမူ၊ ယခု အချိန်၌ ဝိညာဉ် ကျောက်စိမ်း များမှာ၊ သူ့ အတွက် အလိုအပ် ဆုံးသော အရင်း အမြစ်များ ဖြစ်ပေသည်။

ဝိညာဉ် ကျောက်စိမ်း များကို သိမ်းဆည်း ပြီးနောက်၊ သိုင်းနည်းစနစ် များအား၊ စတင် ရှာဖွေ လိုက်၏။

၎င်းတို့ နှစ်ဦး အသုံးပြု ခဲ့သည့် 'မိစ္ဆာ လက်သည်း' နှင့် 'တောက်လောင် နေသော လက်သီး' အပြင်၊ အခြားသော ဂိုဏ်းငယ် များ၏ နည်းစနစ် အချို့ ကိုလည်း ရရှိ ခဲ့သည်။

နည်းစနစ် အများ အပြား ရှိသော်လည်း၊ လင်းယွန်၏ အာရုံကို၊ မည်သည့် နည်းစနစ် ကမျှ မဖမ်းစား နိုင် ခဲ့ပေ။

" ဝိညာဉ် ကျောက်စိမ်း (၃၀,၀၀၀) ရတာတောင်၊ ငါက မပျော်နိုင် ဘူးလား။ "

သူ့ကိုယ်သူ့ လှောင်ပြောင် ရေရွတ် လိုက်မိ၏။

ထို့နောက်တွင် ဆေးလုံး များကို မလိုအပ် သောကြောင့်၊ နဂါးသွေး မြင်းထံသို့ ပေးအပ်ရန် သိမ်းဆည်း လိုက်သည်။ နောက်ဆုံးတွင်၊ နဂါးသွေး မြင်းသည် အဆိပ် အပါ အဝင်၊ အရာ အားလုံးကို စားသုံး နိုင်လေသည်။

သို့သော် ကျူးဖန်၏ သိုလှောင်အိတ် ကျန်ရှိ နေ သေးသည်။ 'မဟာ သူခိုးကြီး' အဆင့်ရှိ၊ လမ်းလွဲ သိုင်းသမား များကို 'မဟာချင် အင်ပါယာ' မှ အလို ရှိနေ ခြင်းမှာ၊ ၎င်းတို့ အတွင်းရှိ တစ်ဦး ချင်းစီသည်၊ ကြီးလေးသော ရာဇ၀တ်မှု များကို ကျူးလွန် ထားခဲ့ ကြ သောကြောင့် ဖြစ်သည်။

သူတို့၏ ဦးခေါင်း တစ်ခုတည်း သည်ပင်၊ ဝိညာဉ် ကျောက်စိမ်း (၅၀,၀၀၀) တန်မည် ဖြစ်သည်။

ကျူးဖန်မှာ အောက်ခြေ အဆင့် ၌သာ ရှိနေသော်လည်း၊ ထိပ်ဆုံး တစ်ရာ အဆင့်သို့ ဝင်ရောက် နိုင်နေဆဲ ဖြစ်သည်။

ကျူးဖန်၏ သိုလှောင်အိတ်ကို သွန်ချ လိုက်သော အခါတွင်၊ ဝိညာဉ် ကျောက်စိမ်း များနှင့် အခြားသာ အရာများ၊ တဖွဲဖွဲ ကျလာ၏။

ခဏလေး အတွင်းမှာပင် လင်းယွန်ထက် နှစ်ဆ ပိုမြင့်သော၊ အမှိုက်ပုံကြီး အဖြစ် ထွက်ပေါ် လာပေ တော့သည်။

'' ဒီလူ လူဘယ် နှစ်ယောက် တောင် သတ်ခဲ့ တာလဲ ''

ဤအမှိုက်ပုံ ထဲတွင် ဝိညာဉ် ကျောက်စိမ်း အနည်းဆုံး တစ်သိန်းခန့် ရှိပေမည်။ သူ့ နှလုံး ခုန်သံ များကြောင့်၊ အသက် ပြင်းပြင်း ရှူလိုက် မိ၏။

ဓားသုတ္တန်နှင့် ရှေးဦးကျမ်းကို ကျင့်ကြံရန် အတွက်၊ အရင်း အမြစ် ပမာဏ၊ များစွာ လိုအပ် လေသည်။ ဤဝိညာဉ် ကျောက်စိမ်းများသည် ၎င်းတို့၏ လိုအပ်မှုကို ဖြေရှင်း ပေး နိုင်သည်။

ဝိညာဉ် ကျောက်စိမ်းများ အပြင်၊ အံ့အား သင့်ဖွယ် ကောင်းသော နည်းစနစ် များစွာလည်း၊ ရှိနေခဲ့ သေးသည်။

'သွေးဘီလူး' နည်းစနစ်။

'' ဒါက ကျူးဖန် လေ့ကျင့် ထားတဲ့ နည်းစနစ်ပဲ၊ ''

၎င်းနည်းစနစ်မှာ မိစ္ဆာ ရောင်ဝါနဲ့ ဆေဘာဓား ရည်ရွယ်ချက်ကို အပြည့် အဝ ပေါင်းစပ် အသုံးပြု ရသော၊ လမ်းလွဲ နည်းစနစ် တစ်ခု ဖြစ်သည်။

ဘုရင် အဆင့် သားရဲ အမြုတေ သုံးခု ကြောင့်သာ မဟုတ်ပါက၊ ကျူးဖန်ကို အနိုင်ယူ နိုင်လိမ့် မည်ဟု၊ သူ့၌ ယုံကြည်ချက် မရှိ တော့ပေ။

အထူးသဖြင့် ကျူးဖန်၏ 'မိစ္ဆာ' အရှိန် အဝါနှင့် 'ဆေဘာ ဓား ရည်ရွယ်ချက်' ကို ပေါင်းစပ်တိုက်ခိုက် လာ ချိန်တွင်၊ ခုခံ ကာကွယ်ရန် နည်းလမ်း မရှိ သောကြောင့် ဖြစ်သည်။

ဘူချန်နှင့် ရှောင်းရန် တို့ကို အလွယ် တကူ နှိမ်နင်း နိုင်ရသည့် အကြောင်း အရင်းမှာ၊ 'သွေးဘီလူး' နည်းစနစ်၏ အရှိန် အဝါဖြင့် လုံးလုံး လျားလျား ဖိနှိပ် နိုင်ခဲ့ ခြင်းကြောင့် ဖြစ်သည်။

ယင်းကား ဘူချန် တို့၏ ခွန်အား ထက်ဝက် ခန့်အား၊ တားဆီး ကန့်သတ် နိုင်ခဲ့သည်။ ၎င်းသည် အစွမ်း ထက်သော နည်းစနစ် တစ်ခု ဖြစ် သောကြောင့်၊ ပိုမို ဆုပ်ကိုင် လာနိုင် ပါက၊ကျူးဖန်ကို သတ်ဖို့ရန် လွယ်ကူ တော့မည် မဟုတ်ပေ။

မူလစွမ်းအင် များကို လှည့်ပတ် လိုက်ကာ၊ သူ့လက်ဖြင့်၊ အဆိုပါ ကျောက်စိမ်း ပြားကို ဖိချေပစ် လိုက်၏။ ထိုကဲ့သို့ ဆိုးရွားသော နည်းစနစ်ကို ဖျက်ဆီး ပစ်ခြင်း သည်သာ၊ အကောင်းဆုံး နည်းလမ်း ဖြစ်သည်။

" ဒရာကိုဖီ တိုက်ပွဲဝင် ခန္ဓာကိုယ် နည်းစနစ် "

" ဝိုး.... ၊ ဂိုဏ်းကြီး လေးဂိုဏ်းရဲ့ နည်းစနစ် တွေပါလား "

နောက်ထပ် ကျောက်စိမ်း ပြားကို တွေ့လိုက် ရသည်နှင့် လင်းယွန်၏ မျက်လုံးများ ရုတ်တရက် တောက်ပ လာသည်။

၎င်းသည် 'ရှေးဟောင်း တာအို ဂိုဏ်း' ၏၊ ရုပ်ခန္ဓာ သန့်စင်သော ထိပ်တန်း နည်းစနစ် ဖြစ်ပြီး၊ သူ၏ 'မိုးကြိုး လျှပ်စီး ခန္ဓာကိုယ်' ထက် ပို၍ မြင့်မားသော အဆင့်တွင် ရှိနေ ပေသည်။

ဇိုယန် အသုံးပြု နေချိန်တွင် မနာလို ဟန်ဖြင့်၊ အမြဲ စောင့်ကြည့် နေခဲ့ ရသည်။ မပြည့်စုံသော ကျား- နဂါးလက်သီး နှင့် မတူဘဲ၊ 'ဒရာကိုဖီ နည်းစနစ်' သည် 'ရှေးဟောင်း တာအိုဂိုဏ်း'၏ တပည့် များသာ လေ့ကျင့် ခွင့် ရရှိသော အရာ ဖြစ်သည်။

သူတို့ ဂိုဏ်း၏ တပည့် မဟုတ်သူ၊ မည်သူ မဆို ကျင့်ကြံရန် အခက် အခဲ ရှိပေမည်။

တစ်ဖက်တွင်မူ 'လွင့်မျောနေသော ရေခွက်လေး' မှ သူ့အား လက်ဆောင်ပေး ခဲ့သော ကျား- နဂါး လက်သီး နှင့် ပတ်သက်၍ ထိုကဲ့သို့ စိုးရိမ် ပူပန်မှု မရှိ နိုင်ပေ။

" အခု လောလောဆယ် သိမ်းထား လိုက်မယ်၊ နောက်မှ ဘာလုပ် ရမယ် ဆိုတာ ဆုံးဖြတ် ကြတာပေါ့ "

ထိုအချိန်တွင် အလေး အနက်ထား တွေးတော မနေ တော့ဘဲ၊ 'ဒရာကိုဖီ တိုက်ပွဲဝင် ခန္ဓာကိုယ်' နည်းစနစ်ကို သိမ်းဆည်း လိုက်၏။

ဤနည်းစနစ်၏ အသုံးဝင် မှုကို မနာ လို မိသော်လည်း၊ သူ လိုက်နာ ရမည့် တားမြစ်ချက် အချို့ ရှိနေသည်။

ကျူးဖန်၏ အိတ်ထဲတွင် ဂိုဏ်းကြီး လေးဂိုဏ်းမှ ထူးဆန်းသော နည်းစနစ် (၁၀)မျိုး ပါရှိ လာသည်။ သို့သော် 'ဒရာကိုဖီ' နည်းစနစ်မှ လွဲ၍ အခြားသော နည်းစနစ် များမှာ 'နက်နဲအဆင့်' နည်းစနစ် များသာ ဖြစ်သည်။

'ဝိညာဉ် အဆင့်' သိုင်း နည်းစနစ် များ၊ ရှိ မရှိကို စေ့စေ့ စပ်စပ် ရှာဖွေ ကြည့် ပြီးနောက်၊ အနည်းငယ် စိတ်ပျက် သွားသည်။

“ ဒီ ဆေဘာဓားက မဆိုးဘူး၊ အထွတ် အထိပ် တော်ဝင် လက်နက်ပဲ၊ ... ဒါက တိမ်မီးလျှံ ဆေးလုံး၊ ... တော်ဝင် မိသားစုရဲ့ 'တိမ်ခရမ်း ချပ်ဝတ်' ၊ သွေး သလင်းကျောက်၊ အိုး ... ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း တစ်ရာ ကျော်တောင် ရှိနေတယ် ... ''

အမှိုက်ပုံကြီး ထဲမှ အသုံး ဝင်မည့် ပစ္စည်း များကို သိမ်းယူ နေသော၊ လင်းယွန်၏ မျက်လုံးများ၊ ပြူးကျယ် သွားသည် ။

လမ်းလွဲ သိုင်းသမား နှစ်ယောက်၏ ပိုင်ဆိုင်မှု များမှာ၊ ကျူးဖန်နှင့် ယှဉ်ပါက၊ အမှိုက် များသာ ဖြစ်နေ ပေသည်။ ကျူးဖန်၏ သိုလှောင်အိတ် တစ်ခု လုံးတွင်၊ ရတနာ များဖြင့် ပြည့်နှက် နေလေပြီ။

ရတနာ အားလုံးကို သူ့ သိုလှောင်အိတ် အတွင်း လွှဲယူ လိုက်၏။ ၎င်းတို့ မှာ ဝိညာဉ် ကျောက်စိမ်း (၁၃၀,၀၀၀)၊ သွေး သလင်းကျောက် မျိုးစုံ၊ ရှေးဟောင်း ပစ္စည်း များနှင့် ဆေးလုံးများ ဖြစ်ပေသည်။

ငမွဲတစ်ယောက်မှ ကြွယ်ဝသူ အဖြစ်သို့ တမဟုတ်ချင်း ပြောင်းလဲ လာ၏။ အရင်း အမြစ် များဖြင့်၊ ပတ်သတ်၍ ချွေတာ ရမည့် အချိန် မဟုတ် တော့ပေ။

" ဘူချန်နဲ့ ရှောင်းရန်က ငါကို တိုက်ခိုက် ဝံ့တာ အံ့သြ စရာတော့ မရှိပါဘူး၊ ဘယ်သူ မဆို ကျူးဖန်ရဲ့ပိုင်ဆိုင် မှုကို စိတ်ဝင်စား မိကြမှာ ပါပဲ ''

အရင်းအမြစ်များကို သိမ်းဆည်း ပြီးနောက်၊ သူ့ အကြည့် များမှာ နတ်ဆိုး မျက်နှာဖုံး ပေါ်သို့ ကျရောက် သွား၏။

မိစ္ဆာ တစ်ကောင်၏ ရွံ့ရှာဖွယ်၊ မျက်နှာ ပုံစံ ထွင်းထု ထားသော၊ 'သွေးနီရောင် မျက်နှာဖုံး' ကို၊ 'ဝိညာဉ် ရူရ်' များ ရေးထွင်း ထားပြီး၊ လင်းယွန်မှ နားမလည် နိုင်သာ သတ္တု များဖြင့်၊ သွန်းလုပ် ထားလေသည်။

***

All Chapters