← Chapters

ရှုပ်ထွေးသော သတင်းများ ။

Vol. 20 Ch. 267

ရှုပ်ထွေးသော သတင်းများ ။

Vol. 20 Ch. 267

မိစ္ဆာတစ်ကောင်၏ ရွံ့ရှာဖွယ် မျက်နှာ ပုံစံ ထွင်းထု ထားသော သွေးနီရောင် မျက်နှာဖုံးကို ဝိညာဉ် ရူရ် များဖြင့်၊ ရေးထွင်း ထားပြီး၊ လင်းယွန်မှ နားမလည် နိုင်သာ သတ္တု များနှင့် သွန်းလုပ် ထား လေသည်။

တိုက်ပွဲ အတွင်း ထိခိုက် ပျက်စီးမှု တစ်စုံ တစ်ရာ မကျန်ရစ် ခဲ့သော မျက်နှာဖုံးနှင့် ပတ်သက်၍၊ လင်းယွန်က မယုံနိုင် လောက်အောင် ဖြစ်နေ ခဲ့သည်။

မျက်နှာဖုံးကို ခေတ္တမျှ ပွတ်သပ် လိုက်ပြီး၊ တပ်ဆင် လိုက် သည်နှင့်၊ သူ၏ တည်ရှိ မှုမှာ၊ ပျောက်ကွယ် သွားတော့သည်။ သူကိုယ် တိုင်က သူ ဖြစ်ကြောင်းကို သက်သေ မပြ ပါက၊ မည်သူမျှ မှတ်မိ နိုင်မည် မဟုတ်ပေ။

“ စိတ်ဝင်စားဖို့ ကောင်းတယ်… ဒါက 'စကြဝဋ္ဌာ အဆင့် ချပ်ဝတ်' ဖြစ်ရမယ်၊ မျက်နှာဖုံး စွပ်ထားတဲ့ အချိန်တိုင်း ဘယ်သူမှ ငါ့ကို မှတ်မိ လာမှာ မဟုတ်ဘူး”

ဤမျက်နှာဖုံးသည် ကျူးဖန်ကို ဖမ်းမမိ နိုင်သော၊ အကြောင်း အရင်းလည်း ဖြစ်ပေမည်။

မျက်နှာဖုံးကို သိမ်းဆည်း လိုက်ပြီး၊ ကျူးဖန်၏ ပြတ်နေသော ခေါင်းကို အာရုံ ရောက်သွား ခဲ့သည်။ ယင်းဦးခေါင်း တစ်ခုတည်း ဖြင့်ပင်၊ ဝိညာဉ် ကျောက်စိမ်း (၅၀,၀၀၀) တန်သည်။

စုစုပေါင်း မစ်ရှင် လေးခုကို လက်ခံ ယူခဲ့ပြီး၊ ပထမ ဦးဆုံး အနေဖြင့်၊ သွေးအဆီ အနှစ်များကို စုဆောင်းကာ၊ ဘိုင်ချူးဟွေကို သွေးအရိုး တောအုပ် အတွင်းသို့ ပို့ဆောင် ပေးသည်။

ထို့ပြင် ကျူးဖန်ကိုပင် ခေါင်းဖြတ် ထားပြီး ဖြစ်ရာ၊ ဆေးခန်းမမှ အကြီးအကဲ တစ်ဦး လိုအပ်သော ' နေမင်း ရွှေရောင် သစ်သီး' ကို ရှာဖွေ ရန်သာ လိုအပ် ပေတော့သည်။

ဘိုင်ချူးဟွေကို စောင့်ရှောက်ခြင်း နှင့် ကျူးဖန်ကို သတ်ဖြတ်ခြင်း ကဲ့သို့သော မစ်ရှင် မျိုးမှာ ခက်ခဲ လှပေ၏။

ကျူးဖန်ကို သတ်ဖြတ် ရသော မစ်ရှင်မှာ 'သေမျိုး အဆင့်' ရှိ ထိပ်ဆုံး ဆယ်ယောက် အတွက် ရည်ရွယ် ထားသော မစ်ရှင်မျိုး ဖြစ်ကာ၊ ၎င်းကို လင်းယွန်က ပြီးမြောက် သွားခဲ့သည်။

ယခု သူ့တွင် နောက်ထပ် မစ်ရှင် တစ်ခုသာ ကျန်ရှိ တော့ပြီး ဖြစ်ကာ၊ ၎င်းကို ပြီးမြောက်ရန် အချိန် များစွာ ကျန်ရှိနေ သေးသည်။

“ ဂိုဏ်းက ထွက်လာတာ သုံးလ နီးပါး ရှိနေပြီ၊နောက်ဆုံး မစ်ရှင်ကို အမြန် အပြီး သတ်ပြီး၊ ပြန်သွား ရအောင်။ ''

မစ်ရှင်များမှာ အန္တရာယ်များ လှသော်လည်း လင်းယွန် အတွက် များစွာ အကျိုး ရှိခဲ့သည်။ ကျင့်ကြံမှုကို စတုတ္ထ အဆင့်ထိ ဝင်ရောက် နိုင် ခဲ့ပြီး၊ ဓားသုတ္တန်ကို သတ္တမအဆင့်သို့ ဆုပ်ကိုင် နိုင်ခဲ့သည်။

ဓားသုတ္တန်သည် သတ္တမ အဆင့်သို့ ရောက်ရှိပြီးနောက်၊ တော်ဝင် လက်နက် များဖြင့် ယှဉ်နိုင်သော ဓားအရှိန် အဝါကို ထုတ်လွှတ် လာနိုင်သည်။

၎င်းအား အရှိန် အဝါကို ဓါးတစ်လက် အဖြစ်၊ ပေါင်းစပ်ခြင်း ဟု ခေါ်ဆို ကြသည်။

နောက်တဖန် 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' တွင် ပိုမို ကျွမ်းကျင် လာကာ၊ 'ကျားနဂါး လက်သီး' ကို ပြီးမြောက်ရန်၊ ပုံစံ လေးမျိုးသာ ကျန်ရှိပေ တော့သည်။

အရေးကြီးဆုံးမှာ သူ၏ စိတ်နေ စိတ်ထားတွင် ကြီးမားသော ပြောင်းလဲမှုကို ကြုံတွေ ခဲ့ရခြင်း ဖြစ်သည်။

အရှိန် အဝါမှာ ပို၍ သန့်စင် လာပြီးနောက်၊ အကြည့် တစ်ချက် ဖြင့်ပင်၊ တူညီသော အဆင့်ရှိ မည်သူ မဆို ခြိမ်းခြောက် နိုင်ပေမည်။

တစ်လခွဲ အကြာတွင်၊ တစ်နှစ်လျှင် တစ်ကြိမ် ကျင်းပသော မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲ စတင် တော့မည် ဖြစ်ရာ၊ ဓားနန်းတော်ရှိ လေထုမှာ ပြင်းထန် လာနိုင်သည်။

ဓားနန်းတော်တွင် မဟာမိတ် အဖွဲ့ပေါင်း ရာနှင့်ချီရှိပြီး၊ ၎င်းတို့ အကြား ပြိုင်ဆိုင် မှုမှာ ပြင်းထန် လှ၏။

'ရတနာ တောင်ကုန်း' နှင့် 'အထက်တန်းစား ပြည်နယ်' ကဲ့သို့သော၊ မဟာမိတ် အဖွဲ့များ အတွက်မူ၊ အထူး ပြောစရာ မလိုသော၊ အသေ အကြေ တိုက်ပွဲများ ဖြစ်လာ နိုင်ပေမည်။

အခြားသော မဟာမိတ် အဖွဲ့များ တွင်လည်း မယုံနိုင် လောက်အောင် သန်မာ လှသော ကျင့်ကြံ သူများ ရှိပေ၏။

ထိုသူတို့သည် 'အထက်တန်းစား ပြည်နယ်'၊ 'ရတနာ တောင်ကုန်း' ကဲ့သို့ အဖွဲ့များ နှင့် မတူဘဲ၊ ၎င်းတို့၏ ကျင့်ကြံမှု အပေါ် ၌သာ အာရုံစိုက် ကြပြီး၊ အခြားသော တပည့် များနှင့် ထိတွေ့မှု နည်းပါး လေသည်။

ဥပမာအားဖြင့်၊ 'ဟွမ်ဖူ ဂျင်းရှန်' ပါ၀င်သော 'အဖော်မဲ့ ကြယ်' မဟာမိတ် အဖွဲ့သည် အဆိုပါ မဟာမိတ် အဖွဲ့ မျိုး ဖြစ်ပေသည်။

'အဖော်မဲ့ ကြယ်'တွင် အဖွဲ့ဝင် များစွာ မရှိ သော်လည်း၊ ၎င်းတို့ကို လျှော့တွက်၍ မရချေ။ သူတို့သည် ကျင့်ကြံမှု ပေါ်၌ အပြည့် အဝ နှစ်မြုပ် နေသည့်၊ ရူးသွပ် နေသော ကျင့်ကြံ သူများ ဖြစ်လေသည်။

မဟာမိတ် ပြည်ထောင်စု တိုက်ပွဲကို ဂိုဏ်းမှ တရားဝင် ကျင်းပ ပေးခဲ့ခြင်း ဖြစ်သည်။ မဟာမိတ် အဖွဲ့ဝင် များကြား၊ ပြိုင်ဆိုင်မှု တစ်ခု ဖြစ်ပြီး၊ ရလဒ်များ အပေါ် မူတည်၍၊ ဂိုဏ်းထံမှ အကျိုး အမြတ် များကို ရရှိမည် ဖြစ်သည်။

ထိပ်တန်း ဆယ်ယောက် အဆင့်သို့ တက်လှမ်း နိုင်သူ များမှာ ဂိုဏ်းထံမှ ကြီးမားသော ဆုလာဘ်များ ရရှိ နိုင်မည် ဖြစ်သည်။

ထိပ်ဆုံးဆယ်ယောက် အတွင်း ပါရှိ ပြီးသား သူများ အနေဖြင့်၊ သူတို့၏ အဆင့်မှ ဖြုတ်ချ ခံရပါက၊ သူ ကိုယ်စား ပြုသော မဟာမိတ် အဖွဲ့၏ ဂုဏ်သိက္ခာကို အကြီး အကျယ် ထိခိုက် စေပေမည်။ ဂုဏ်သိက္ခာ ကျဆင်း ခြင်းသည် ထိုအဖွဲ့ကို ပြိုကွဲစေ နိုင်၏။

အလားအလာ မရှိသော မဟာမိတ်- ပြည်နယ်အတွင်းသို့ မည်သူမျှ ဝင်ရောက် လာမည် မဟုတ်ချေ။ ထုံးစံ အတိုင်း၊ လူတိုင်းသည် ပို၍ အားကောင်းသော သူများ နှင့်သာ လက်တွဲချင် ကြပေမည်။

မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲတွင် စည်းမျဉ်း စည်းကမ်း မရှိ သောကြောင့်၊ သတ်ဖြတ် ခြင်းကို ခွင့်ပြု ထား၏။

မဟာမိတ် အဖွဲ့ တစ်ဖွဲ့ချင်း စီမှ တပည့် ငါးဦးသာ တိုက်ပွဲတွင် ပါဝင် နိုင်သည်။ သို့ရာတွင်၊ ၎င်းတို့သည် ပြင်ပ တပည့်များ ဖြစ်ရ ပေမည်၊ ဆိုလို သည်မှာ၊ တိုက်ပွဲ ရလာဒ် များက၊ သေမျိုး အဆင့်၌ ရှိသူများ အပေါ်တွင်၊ မူတည် သည်ဟု ဆိုလိုသည်။

နောက်ဆုံးတွင်၊ ဂိုဏ်းသည် သဘာဝ အားဖြင့် မည်သည့် အရည် အချင်း ကိုမျှ၊ မပြသ နိုင်သော မဟာမိတ် အဖွဲများ အပေါ်၊ စိတ်ဝင် စားမည် မဟုတ်ပေ။

မျိုးဆက်သစ် များသည် ဂိုဏ်း၏ မျှော်လင့်ချက်နှင့် အနာဂတ်ကို ကိုယ်စားပြု ပေ၏။ အဆက် မပြတ် စီးဆင်း နေသော ပါရမီရှင် များဖြင့်သာ ရှင်သန် နိုင်ပေမည် ။

ထို့အပြင် ဂိုဏ်းထဲ၌ တပည့်ပေါင်း တစ်သောင်း ရှိပြီး၊ အတွင်း တပည့် များမှာ၊ တစ်ထောင် ခန့်သာ ရှိသည်။ မြေကြီး အဆင့်ရှိ တပည့် တိုင်းသည် ဂိုဏ်း၏ အခြေခံ အုတ်မြစ်ဖြစ်သည်ဟု အဓိပ္ပာယ် ရ၏၊

ယင်းကြောင့်ပင် 'ဝိညာဉ် အဆင့်' သိုင်း နည်းစနစ် များကို ကျင့်ကြံခွင့် ပေးထားခြင်း ဖြစ်သည်။

၎င်းတို့ တစ်ဦး စီအား များပြား လှသော အရင်း အမြစ် များစွာဖြင့်၊ ပြုစု ပျိုးထောင် ပေးထား သောကြောင့်၊ ထိုသူတို့ အနက်မှ တစ်ဦးကို ဆုံးရှုံး ရခြင်းသည်၊ ဂိုဏ်းကို ကြီးစွာသော ထိုးနှက်ချက် ဖြစ်လာ စေမည်။

မဟာမိတ် ပြည်ထောင်စု တိုက်ပွဲ အတွင်း သတ်ဖြတ် ခြင်းကို ခွင့်ပြု ထား သောကြောင့်၊ အတွင်း တပည့် များကို ပါဝင်ခွင့် မပြု ထားပေ။ တိုက်ပွဲ အတွင်း၌ အတွင်း တပည့်များ သေဆုံး သွားပါက၊ များစွာသော ဆုံးရှုံးမှုဖြစ်လာ ပေမည်။

ထို့ကြောင့် ပြင်ပ တပည့် များသာ၊ တိုက်ပွဲတွင် ပါဝင် နိုင်ပေ၏။ မဟာမိတ် ပြည်ထောင်စု တိုက်ပွဲဟု ခေါ်ဆို ကြ သော်လည်း၊ ပြင်ပ တပည့် များကြား တိုက်ပွဲပင် ဖြစ်လေသည်။

****

'ရတနာ တောင်ကုန်း' နယ်မြေ ထဲတွင်၊ ရှင်းယန်က အဖွဲ့ဝင် အချို့နှင့် တွေ့ဆုံ နေခဲ့၏။

" လင်းယွန်နဲ့ ပတ်သက်ပြီး၊ သတင်း ရှိသေးလား "

“ မ ရှိ ဘူး ..... ”

“ နောက်ဆုံး သတင်းက လွန်ခဲ့တဲ့ တစ်လခွဲက ရခဲ့တဲ့ သတင်း ပါပဲ၊ သူက 'တိမ်ညို' မြို့ရဲ့ 'ဂို' မိသားစု ခရီးစဉ်မှာ သက်တော်စောင့် အဖြစ်လိုက်ပါ သွားပါတယ်၊ ဒါပေမယ့် ဂျူနီယာလင်းက လွဲလို့ လူ အကုန် ပြန်လာ ခဲ့ပါပြီ၊ ဒီမစ်ရှင်နဲ့ ပတ်သတ်ပြီး ထူးဆန်းတဲ့ အရာအချို့တော့ ဖြစ်လာ ပုံပါပဲ၊ ''

'' ပြောပါဦး အသေးစိတ် က စ မကျန်စေနဲ့ ''

'' မစ်ရှင်မှာ ဂျူနီယာလင်း ကျဆုံး သွားပြီလားလို့ မေးတဲ့ အခါ သူတို့က ပြင်းပြင်း ထန်ထန် ငြင်းဆို ပါတယ်၊ ဒါပေမယ့် မစ်ရှင်နဲ့ ပတ်သက်ပြီး ဘာကိုမှ ထုတ်ဖော် ပြောလိုခြင်း မရှိ ခဲ့ပါဘူး။ ”

" ဟုတ်ပါတယ် စီနီယာ အစ်မရှင်း ဂို မိသားစုရဲ့ ဘိုးဘေး ကိုယ်တိုင်က လူတိုင်းကို ပါးစပ် ပိတ်ထားဖို့ အမိန့် ထုတ်ထား ပုံရတယ်၊ သူတို့ထဲက တစ်ယောက်မှ မစ်ရှင်နဲ့ ပတ်သက်ပြီး မျှဝေ လိုစိတ် မရှိ ပါဘူး။ ”

'' ဂိုယု ဆိုတဲ့ အခွဲ မိသားစုက လူငယ်လေးကတော့ ပြန်ရောက် တာနဲ့၊ ... ဂို မိသားစု ကနေ၊ ထွက်ခွာ သွားတယ်လို့ ကြားသိ ထား ပါတယ်၊ သူ့ကို မေးကြည့်တော့ 'သခင်လေးလင်းကို သွေးအရိုး တောအုပ်က မသတ်နိုင် ပါဘူး' လို့ပဲ ပြန်ဖြေ ခဲ့ပါတယ် ''

" ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းက ဘူချန်နဲ့ 'လ နတ်ဆိုး ဗိမ္မာန်ဂိုဏ်း' က ရှောင်းရန်ကို တွေ့လို့မေးခဲ့ပါ သေးတယ်၊ ဒါပေမယ့် ဂျူနီယာလင်း နာမည် ကြားတာနဲ့ သူတို့ မျက်နှာတွေ ပြောင်းလဲ သွားပြီး၊ ချက်ချင်း ပြေးထွက် သွား ကြပါတယ်။ "

သတင်းများကို နားထောင် ပြီးနောက်၊ ရှင်းယန်မှာ မျက်မှောင်ကြုတ် သွား၏။ လင်းယွန် ၏ လက်ရှိ အခြေ အနေနှင့် ပတ်သက်၍ တစ်စုံ တစ်ရာ ဖော်ထုတ် နိုင်ခြင်း မရှိ ခဲ့ဘဲ၊ မည်သည့် အရာမျှ ရှာ မတွေ့ ခဲ့ပေ။

မစ်ရှင်မှာ ပါဝင် သူများ သည်သာ ဖြစ်ပျက် ခဲ့ သမျှကို သိနိုင် ပေမည်။

နောက်ဆုံးတွင် ၎င်းတို့အား ကယ်တင် လိုက်သည့် လင်းယွင်ကို၊ ဆန့်ကျင်ခဲ့ မိသော ရှက်စရာ အကျိုးဆက် များအား၊ မည်သူမှ မျှဝေ လိုမည် မဟုတ်ပေ။

ထို့အပြင်၊ ဘိုးဘေးဂိုသည် ဖြစ်ပျက် ခဲ့သည် များကို သိရှိ လိုက်သည်နှင့် လူတိုင်းကို ပါးစပ် ပိတ်ထားရန် အမိန့် ပေး ခဲ့သည်။

ထို့ကြောင့်ပင် ရှင်းယန်၏ အဖွဲ့ဝင် တပည့်များက မစ်ရှင်နှင့်၊ ပတ်သက်သော အချက် အလက်များ၊ မရရှိ နိုင်ခဲ့ခြင်း ဖြစ်သည်။

ဘူချန် နှင့် ရှောင်းရန် တို့ ကမူ၊ ချိုင့်ဝှမ်း ထဲ၌ သုံးရက်ကြာ ဒူးထောက် နေခဲ့ ပြီးနောက်၊ လင်းယွန်နှင့် ပတ်သတ်၍ အတွင်း နတ်ဆိုးကို မွေးယူ သွားမိသည်။

ထိုကာလ အတွင်း နဂါးသွေး မြင်း၏ အမျိုးမျိုးသော အရှက် ခွဲခြင်း ကိုလည်း၊ ခံခဲ့ ရသည်။

ထို့ကြောင့် လင်းယွန် ဟူသော အမည်ကို၊ ကြားလိုက် ရသော အခါတွင်၊ သူတို့၏ မျက်နှာများ ပြောင်းလဲ သွားသည်မှာ သဘာဝပေပင်။

ရှင်းယန်က ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ပြီးနောက်၊ တိတ်ဆိတ် နေသော မိုချန်ဆီ အရောက်တွင်၊

" မိုချန်၊ မင်း ပြောစရာ ရှိသေးလား "

“ နည်းနည်းပါ၊ ဒါပေမယ့် သင့်တော်ပါ့ မလားတော့ မသိဘူး”

မိုချန်းက ခေတ္တ ဆိုင်းငံ့ ပြီးနောက်၊ ပြန်ဖြေ လာခဲ့သည်။

“ပြောပါ .....”

ရှင်းယန်က ခေါင်းညိတ်ပြ လိုက်၏။

" ဂိုမိသားစုရဲ့ အခွဲ မိသားစု ထံကနေ၊ တစ်ခုခု ရခဲ့တယ်၊ 'သွေးအရိုး တောအုပ်' ခရီးစဉ်မှာ 'သွေးအရိုး ကျင့်ကြံသူ' တွေနဲ့၊ တွေ့တဲ့ ကိစ္စကို သူ့ ဘိုးဘေးက လျှို့ဝှက်ထား စေချင် တယ်လို့ ပြောပါတယ်၊ ဘယ်လောက်ပဲ မေးမေး သူ ထုတ် မပြောဘူး”

မိုချန်က သက်ပြင်းချကာ၊ သူ ရရှိသော ကြောက်မက်ဖွယ် သတင်းကို ထုတ်ဖော် ပြောပြ လာခဲ့သည်။

"ဘာ ..... "

ထိုစကားများကြောင့် ရှင်းယန် အပါ အဝင် 'ရတနာ တောင်ကုန်း' နယ်မြေ၌ လာရောက် တွေ့ဆုံ နေကြသော လူတိုင်း၏ မျက်နှာ အမူ အရာ များကို ပြောင်းလဲ သွားစေသည်။

သွေးအရိုး ကျင့်ကြံသူ များမှာ၊ ၎င်းတို့၏ ရက်စက် ကြမ်းကြုတ်မှု များကြောင့် နာမည် ဆိုးဖြင့် ကျော်ကြား လှ၏။

ရှင်းယန်၏ မျက်လုံးများမှာ စိုးရိမ်မှု များကြောင့်၊ နီရဲ လာသည်။ တခြား သူများ မသိနိုင် သော်လည်း၊ ကျူးဖန်ကို သတ်ရမည့် တာဝန်အား၊ လင်းယွန်က ယူထားကြောင်း၊ သူ သိသည်။ ထို့ကြောင့် လင်းယွန်သည် လမ်းလွဲ ကျင့်ကြံသူ များနှင့် တွေ့ဆုံ ခဲ့ပါလျှင်၊ ထိပ်တိုက် ရင်ဆိုင်ရန် အလား အလာ မြင့်မားလေသည်။

လင်းယွန်သည် ကျူးဖန်ကို သတ်ရမည့်တာဝန်အား မှားယွင်း လက်ခံခဲ့ ပြီးနောက်၊ ကျူးဖန် နောက်သို့ အမှန် တကယ် လိုက်နေမည် မဟုတ်ဟု၊ သူမ အစောပိုင်းက ယူဆ ထားခဲ့သည်။

ကျူးဖန်ထံ ပြေးသွား မိပါက၊ လင်းယွန်မှာ သေဆုံး သွား နိုင်၏။ ထို့အပြင်၊ အခြား မစ်ရှင် သုံးခုကို ပြီးမြောက် ပြီးနောက်၊ မစ်ရှင် တစ်ခုအား ကျရှုံး ခဲ့သော် ဂိုဏ်းက အပြစ်ဒဏ် ချမည် မဟုတ်ချေ။

သို့သော် မစ်ရှင် အတွင်း သွေးအရိုး ကျင့်ကြံသူ များနှင့်တွေ့ဆုံ ခဲ့မည် ဆိုပါလျှင်၊ ထိုသို့ မဖြစ် နိုင်တော့ပေ။

" အခု ငါတို့ ဘာလုပ် သင့်လဲ၊ ဘယ်သူ ကမှမျှဝေ လိုစိတ် မရှိတာ အံ့သြ စရာပဲ၊ ဂျူနီယာလင်း တစ်ခုခု ဖြစ်သွား မှာကို ငါကြောက်မိတယ် …”

"မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲက နှစ်လအတွင်း စ တော့မှာ၊ ဂျူနီယာ ညီလေးလင်းသာ ပြန် မလာရင် ငါတို့ရဲ့ ရတနာ တောင်ကုန်း အဖွဲ့က၊ အနိုင် ရဖို့ အလား အလာ မရှိ နိုင်ဘူး။ "

" ဝမ်ယန်က သူ့ရဲ့ ဒဏ်ရာ ကနေ၊ ပြန် သက်သာ လာတာနဲ့ ချူဟောင်းယူ နဲ့ ဆက်သွယ် ခဲ့တာကို ကြားမိတယ်။ "

“ ဂျူနီယာ ညီလေး လင်းက၊ ချူဟောင်းယူ တစ်ဦး တည်းတင် မဟုတ်ဘူး၊ ကြယ်ငါးပွင့် အဆင့် မစ်ရှင် တွေကို၊ လက်ခံ လိုက်ခြင်း အရ၊ ထိပ်တန်း ဆယ်ယောက်ကို စော်ကား ခဲ့တာပဲ၊ ငါတို့ အဖွဲ့ရဲ့ တပည့်တွေက သူတို့ဆီ ပြေးမိရင် လွယ်မှာ၊ မဟုတ်တာ သေချာတယ် ”

ရတနာ တောင်ကုန်း အဖွဲ့ဝင် စီနီယာ များက၊ ဤကိစ္စ အတွက် ၎င်းတို့၏ စိုးရိမ်မှုကို ဖော်ပြ လာခဲ့သည်။

" စီနီယာ အစ်မ ရှင်းယန် မင်းဘယ်လို ထင်လဲ"

နောက်ဆုံးတွင် သူတို့ အားလုံး၏ မျက်ဝန်းများက ရှင်းယန်ဘက် လှည့်သွား ကြသည်။

“ စောင့်ကြည့် ရအောင်၊ ဂျူနီယာ မောင်လေး လင်းက စိတ်မြန်တဲ့ လူတော့ မဟုတ်ဘူး၊ သူ အသက်ရှင် နေသေး တယ်လို့ ငါ ယုံကြည်တယ်။ ”

ရှင်းယန်က သူမ၏ နဖူးကို နှိပ်နယ် လိုက်၏။ လင်းယွန်ကြောင့် ခေါင်းကိုက် နေသော်လည်း၊ အခြား လူများကို နှစ်သိမ့်ရန် ကြိုးစား မိဆဲ ဖြစ်သည်။

စကားစမြည် ပြောဆို ပြီးနောက်၊ တပည့်များ အားလုံး ပြန်လည် ထွက်သွား ကြသည်နှင့် ရှင်းယန်၏ မျက်လုံး များတွင် ရှုပ်ထွေး မှုများ ဖြစ်ပေါ် လာလေသည်။

မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲတွင် အောင်နိုင်သည် ဖြစ်စေ၊ ရှုံးနိမ့်သည် ဖြစ်စေ၊ နောက်နှစ် များတွင် ပြန်လည် တိုက်ပွဲ ဝင်နိုင် သောကြောင့်၊ သူမ အတွက် အရေး မကြီးချေ။

သို့သော် လင်းယွန် သေဆုံး သွားခြင်း မှာမူ ဆန့်ကျင့်ဘက် ဖြစ်ပေမည်။

" မင်း အသက် ရှင်လျက် ပြန်လာပါ၊ မဟုတ်ရင် မင်းရဲ့ အစ်မကြီး အသည်းကွဲ လိမ့်မယ် …”

ရှင်းယန်က သက်ပြင်း ချကာ၊ ရေရွတ် လိုက်သည်။ ပထမဆုံး အကြိမ် တွေ့ဆုံပြီး ကတည်းက၊ လင်းယွန်၏ ပုံရိပ်မှာ သူ့ နှလုံးသား ထဲ၌၊ နက်နက် ရှိုင်းရှိုင်း စွဲထင် နေခဲ့သည်။

၎င်းမှာ အရောင်စွန်း နေသော ချစ်ချင်း မျိုး မဟုတ်ပေ။ သူ့ မျက်လုံး များ မှတဆင့် ပြတ်သားသော ခံစားချက် များကို မြင်ရ ခြင်းကြောင့်၊ ရှင်းယန်၏ ငယ်ဘဝ ပုံရိပ် များအား သတိရ မိစေသည်။ လင်းယွန်ကို စောင့်ကြည့် ခြင်းဖြင့်၊ သူမ ကိုယ်သူမ ပြန်မြင် လာမိ စေ၏။

တစ်ချိန်တည်းမှာပင် အခြားသော တောင်ထွတ် တစ်နေရာ၌ လင်းယွန်နှင့် ပတ်သတ်သော သတင်းကို စောင့်မျှော် နေခဲ့ သူ တစ်ယောက် ရှိနေသည်။

ထိုသူမှာ အပြာရောင် ဝတ်ရုံကို ဆင်မြန်း ထားသော၊ လူငယ် တစ်ဦး ဖြစ်ပြီး၊ အေးစက်သော အမူ အရာဖြင့်၊ ဓား ရောင်ဝါများ ထုတ်ဖော်ကာ၊ ဓားရေး လေ့ကျင့် နေခဲ့သည်။

ဓားထံမှ ထွက်လာသော မူလ စွမ်းအင် များက တောင်ကုန်း အောက် ထဲသို့၊ ထိုးကျ မသွားမီ လေထဲ၌ အေးခဲ၊ ပျောက်ကွယ် သွားသည်။

“ အရှိန်အဝါကို ဓားအဖြစ် သိပ်သည်း စေခြင်း၊ စီနီယာ အစ်ကိုကျန်း၊ မင်းက ဒီလောက် ဝေးဝေး ရောက်နိုင် ခဲ့တယ် ဆိုတော့၊ တကယ့်ကို ပါရမီရှင် ပါပဲ၊ မြေကြီး အဆင့်က တပည့်တွေ ကတောင်၊ 'ဝိညာဉ် အဆင့်' နည်းစနစ် တွေကို၊ လေ့ကျင့် နိုင်မှသာ၊ ဒါကို အောင်မြင် နိုင်မယ် မဟုတ်လား ”

တစ်စုံ တစ်ယောက်က ကျန်းလဲ့ကို ချီးကျူး ပြီးနောက် လက်ခုပ်တီး လိုက်သည်။

အပြာရောင်ဝတ် လူငယ်သည် မစ်ရှင် ခန်းမတွင်၊ လင်းယွန်နှင့် ပဋိပက္ခ ဖြစ်ခဲ့သော၊ ကျန်းလဲ့ ဖြစ်သည်။

" မြေကြီးအဆင့်က သူတွေက ငါ့ထက် စောပြီး ဂိုဏ်းထဲ ရောက်လာတဲ့ သူတွေပါ ...၊ ဒါက မစမ်း ပါဘူး၊ ငါ လိုချင် တာကို မင်းရ ပြီလား "

“ အင်း ရပြီ၊ လင်းယွန်ရဲ့ တာဝန်က မအောင်မြင် ခဲ့ပုံ ရတယ်၊ သူက သွေးအရိုး တောအုပ် ထဲမှာ၊ သွေးအရိုး ကျင့်ကြံသူ တွေနဲ့ တွေ့ခဲ့တယ်၊ သေမလား ရှင်မလား ဆိုတာ ဘယ်သူမှ မပြော နိုင်ဘူး ''

အမေး ခံရသည့် သူက၊ သူ သိလာ သမျှကို ကျန်းလဲ့အား ဝေမျှ လိုက်၏။

ကျန်းလဲ့၏ မျက်နှာ ပေါ်၌ ရက်စက်သော အပြုံး တစ်ပွင့် ထွက်ပေါ် လာပြီး၊

" သူက သူ့ကိုယ်သူ ပိုတွက်ဆ ထားတဲ့ အမှိုက် တစ်စ ပဲလေ၊ မစ်ရှင်က သူ့အတွက် ချောချော မွေ့မွေ့ ဖြစ်သွား ရင်သာ၊ ထူးဆန်း လိမ့်မယ်၊ ဒါပေမယ့် လမ်းလွဲ သိုင်းသမား တွေ လက်ထဲမှာ၊ သေဆုံး သွားခဲ့ ရင်တော့၊ သနား စရာ ပါပဲ။”

" ငါ သူ့နောက် လိုက်ဖို့ လိုသေးလား "

“ အင်း လိုတယ်၊ သူ အသက် ရှင်လျက် ဂိုဏ်းထဲကို ပြန်လာ မှပဲ ...၊ ပျော်စရာ ကောင်း လိမ့်မယ် "

ကျန်းလဲ့က သူ့ မျက်လုံး များကို မှေးစင်း လိုက်ကာ၊ သတ်ဖြတ် လိုသော ရည်ရွယ်ချက်ဖြင့် ပြန်ပြော လိုက်လေသည် ။

***

All Chapters