မင်း အသက်ရှင် နေတာ ကောင်းပါတယ်။
Vol. 20 Ch. 268
ဆိုရိုး စကား အတိုင်း သတင်း ဆိုးသည် သတင်း ကောင်းထက် ပိုမြန်၏။
ထို့ကြောင့် တစ်ညတည်း တွင်ပင် လင်းယွန်မှာ၊ 'သွေးအရိုး တောအုပ်' တွင်၊ 'သွေးအရိုး ကျင့်ကြံသူ' များနှင့် တွေ့ဆုံ ခဲ့ကြောင်း၊ ဂိုဏ်းတစ်ခုလုံး သိရှိ သွားကြသည်။
လင်းယွန် အကြောင်းကို စိတ်ဝင်စား သူမှာကျန်းလဲ့ တစ်ဦး တည်းသာ မဟုတ်ပေ။ သေမျိုး အဆင့်မှ ထိပ်သီး ဆယ်ယောက် လုံးပင် ဖြစ်သည်။
၎င်းတို့သည် ဓားနန်းတော်၏ အသန်မာဆုံး မျိုးဆက်များ ဖြစ်ကာ၊ မြေကြီး အဆင့်သို့ ဝင်ရောက်ရန် သေချာ နေသောကြောင့်၊ မာနကြီးပြီး အနှောင့် အယှက် များကို မခံလို ကြချေ။
လင်းယွန်သည် ကြယ်ငါးပွင့် အဆင့် မစ်ရှင်များကို ရယူ သွားခြင်းဖြင့်၊ ၎င်းတို့၏ ဒေါသအား ဆွထုတ် ခဲ့သည်။
လူသစ် တစ်ဦးက သတ်မှတ် ထားခြင်း မရှိသော၊ သတ်မှတ်ချက် များကို၊ ချိုးဖောက် ခဲ့သည့် အတွက်၊ သဘာဝ အတိုင်း မပျော် မရွှင် ဖြစ်ခဲ့ ကြသည်။
ယင်းကိစ္စသည် ၎င်းတို့၏ ဂုဏ်သိက္ခာကို ထိခိုက် စေရုံ သာမက၊ အရင်း အမြစ် များစွာကို ဆုံးရှုံးသွား စေခဲ့သည်။
မစ်ရှင် တစ်ခု ချင်းသည် ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်းများ ပါ၀င်သည့် ကြီးမားသော ဆုလာဘ်ကို ရရှိ နိုင်မည် ဖြစ်သည်။
ပွင့်ပွင့် လင်းလင်း ဆိုရ ပါမူ၊ ဆုလာဘ် များမှာ ဂိုဏ်းမှ ၎င်းတို့ အတွက် ရည်ရွယ် ထားခြင်း ပေပင်။
ဂိုဏ်းထဲတွင် တိုက်ပွဲများ အမျိုးမျိုး ရှိခဲ့ပြီး အများစုမှာ အရင်း အမြစ် များနှင့် ဆက်စပ် နေ၏။ အရင်း အမြစ်များ အပေါ် အဆင့် အမျိုးမျိုး ခွဲခြား ထားသည်။
လူတိုင်းသည် အဆင့်နိမ့် အရင်း အမြစ် များကို ရယူ နိုင်ပြီး၊ အနည်းငယ် ပို၍ ကြိုးစား ပါက၊ အလယ် အလတ် တန်းစား အရင်း အမြစ် များကိုပင် ရရှိ နိုင်သည်။
သို့သော် ဒုတိယတန်းစား ဝိညာဉ် ကျောက်စိမ်း များမှာ၊ လူတိုင်းကို ရူးသွပ် သွားစေသော ပထမ တန်းစား အရင်း အမြစ်များ ဖြစ်ပေသည်။
ထို့ကြောင့် ထိပ်တန်း ဆယ်ယောက် အတွက် ဂုဏ်သိက္ခာ ကျဆင်း ခြင်းမှာ၊ သူတို့၏ အရင်း အမြစ်များကို၊ လုယူ ခံရ ခြင်းလောက် အရေး မကြီးပေ။
***
ဓားနန်းတော်၏ ဝိညာဉ် စွမ်းအင်များ သိပ်သည်းသော၊ တောင်တန်း တစ်နေရာတွင်။
သိပ်သည်းသော ရောင်ဝါများ ထွက်ရှိ နေသည့် လူနှစ်ယောက် အတူတူ ထိုင်နေ ကြသည်။ သူတို့၏ အရှိန်အဝါ များအရ၊ ကျန်းလဲ့ထက် ပိုသန်မာ မည်ကို သိမြင် နိုင်သည်။
ဤတို့၏ အရှိန်အဝါမှာ ခံ့ညား တည်ငြိမ် လှပြီး၊ တစ်ချက် ကြည့်လိုက် ရုံဖြင့်၊ ထူးကဲကြောင်း မည်သူ မဆို ပြောနိုင်သည်။
ထိုသူတို့ နှစ်ဦးသည် ဓားနန်းတော်တွင်ကြီးမားသော ဂုဏ်သတင်းကို ပိုင်ဆိုင် ထားကာ၊ မြေကြီး အဆင့်မှ တပည့်များ ကပင် နှိမ့်ချ ဝံ့ခြင်း မရှိ ကြပေ။
ထိုသူ နှစ်ဦးမှာ ဂျင်းဖိန် နှင့် ယီရှု တို့ ဖြစ်ပြီး၊ သေမျိုး အဆင့် ဒုတိယနှင့် တတိယတွင် အသီးသီး ရပ်တည် ထားနိုင် သူများ ဖြစ်ကြသည်။
သူတို့ နှစ်ဦးမှာ သေမျိုး အဆင့်တွင် ထိပ်ဆုံး (၃)ဦး နေရာ၌ အမြဲ ရပ်တည် ထား နိုင်ပြီး၊ ဂိုဏ်းတွင်း နှစ်နှစ် ကြာနေ ခဲ့သည်။ သူတို့၏ ဂုဏ်သတင်း များမှာ ဓားနန်းတော်တွင် သာမက၊ မဟာချင် အင်ပါယာ အထိပင် ကျော်ကြား လှသည်။
အခြားသော တပည့်များနှင့် မတူဘဲ သူတို့ နှစ်ဦး ထံ၌၊ မောက်မာသော အမူ အရာများ မရှိထားချေ။ မောက်မာခြင်း အစား၊ အတွေ့ အကြုံ များပြား လှသည့်၊ ရင့်ကျက်သော အသွင် အပြင် များသာ ရှိချေသည်။
တည်ငြိမ်မှု အပြည့်ရှိ သော်လည်း၊ ၎င်းတို့၏ လှုပ်ရှားမှု တိုင်းတွင် လွှမ်းမိုး နိုင်စွမ်းများ အပြည့် ရှိပေသည်။
" ယွီရှု၊ မင်း သတင်း ကြားပြီး ပြီလား"
ဂျင်းဖိန်က ပြုံးပြီး မေးလိုက်၏။ သူတို့ နှစ်ဦးမှာ သူငယ်ချင်းများ ဖြစ်သကဲ့သို့ ပြိုင်ဘက် များလည်း ဖြစ်ပေသည်။
ယွီရှုက သူ့ လက်ထဲရှိ လက်ဖက်ရည် ခွက်ကို မော့ သောက်ကာ ပြုံးလိုက်ပြီး၊
" အင်း ကြားတယ်"
“ သူက မင်းလိုပဲ ကျင့်ကြံမှု အပေါ်မှာ ရူးသွပ် နေလိမ့် မယ်လို့ မထင် မိဘူး....၊ ဒီလင်းယွန်က အတော် အထင် ကြီးစရာပဲ ''
ဂျင်းဖိန်က ပြုံးကာ ဆိုလိုက် သည်။
" (A) အဆင့် မစ်ရှင် တွေကို လုယူ လိုက် ကတည်းက၊ သူ့ကို ဘယ်လိုမှ အမြင် ကောင်းတွေ မရှိ တော့ဘူး "
ကျူးဖန်ကို သတ်ရန် မစ်ရှင်မှာ၊ သူနှင့် ဂျင်းဖိန်တို့ အတွက် ရည်ရွယ် ထားသော တာဝန် ဖြစ်ပြီး၊ လင်းယွန် နာမည်ကို ကြားလိုက် သည်နှင့်၊ ယီရှု၏ မျက်လုံးများ တောက်ပ လာခြင်း ဖြစ်လေသည်။
" မင်း သိပါတယ်၊ သွေးအရိုး တောအုပ်မှာ လမ်းလွဲ ကျင့်ကြံသူ တွေနဲ့၊ တွေ့တဲ့ သူ အများစုက သေသွား ကြတယ် ဆိုတာကို "
ဂျင်းဖိန်က ရည်ရွယ်ချက် ရှိရှိ သုံးသပ်ပြ လိုက်၏။
“ ဒီတစ်ခါတော့ ချွင်းချက် ဖြစ်မယ် ထင်တယ်၊ သခင့်ဓားကို လေ့ကျင့် နိုင်တဲ့ သူက ဘာလို့ သာမာန် လူတွေလို သေဆုံး ရမှာလဲ၊ သူက ဆယ့်ခုနစ် နှစ်သာ ရှိသေး တာကြောင့်၊ ကြယ်ငါးပွင့် မစ်ရှင် အားလုံးကို ရှောင်လွှဲဖို့၊ သူ့မာနက ခွင့်ပြုပုံ မရဘူး၊ လမ်းလွဲ ကျင့်ကြံသူတွေကို မတိုက်ခိုက် နိုင်ရင် တောင်မှ၊ လွတ်မြောက် နိုင်စွမ်း ရှိပါ သေးတယ် ”
ယွီရှုက ခေါင်းယမ်းကာ၊ ဂျင်းဖိန်နှင့် မတူသော သူ့ အမြင်ကို စိတ်ဝင် တစား ချပြ လာသည်။
“အစ်ကို ယီ၊ မင်း သူ့ အပေါ် ကောင်းတဲ့ အမြင်တွေ ရှိနေပုံ ရတယ်”
-ဟု ဂျင်းဖိန်က အဓိပ္ပါယ် ပါပါ ဆိုလိုက်၏။
" အမြင် ကောင်း လား ....."
ယီရှုက ပြုံးလိုက်ပြီး၊ သူ့ စကားကို ဆက်ပြော လာလေသည်။
" ... သူက ငယ်ရွယ် တာကြောင့်၊ မာနကြီး တာကို ငါ နားလည် နိုင်တယ်၊ ဒါပေမယ့် ငါ့ခေါင်းပေါ် တက်နင်းဖို့ ကြိုးစား လာရင်တော့ ... ၊ ဒါဟာ လုံးဝကို ကွဲပြားတဲ့ ကိစ္စပဲ၊ သူ ပြန်လာတဲ့ အခါ သင်ခန်းစာ တစ်ခု တော့ သင်ပေး ရမယ်။ ”
ထိုစကားကို ကြားသော အခါ ဂျင်းဖိန်၏ နှလုံးသားမှာ တင်းမာ သွား၏။ ယီရှုမှာ သူ့ ဒေါသကို ဖော်ပြရာ၌ အရူး တစ်ယောက်အဖြစ် လူသိ များပေသည်။
အရူး သိုင်းသမား အဖြစ် နာမည် ကြီးသော ယီရှု၏ ဤတစ်ကြိမ် ဖြစ်ပေါ် လာသော ဒေါသမှာ မည်မျှ ပြင်းထန် သည်ကို သူသာ အသိဆုံး ဖြစ်လေသည်။
ထိုကိစ္စနှင့် ပတ်သက်၍ ယီရှုဖြင့် မတူညီသော အမြင်ကို ဂျင်းဖိန်က ဆုပ်ကိုင် ထား မိ၏၊ လင်းယွန်သည် အဆိုပါ ဒုက္ခများမှ လွတ်မြောက် နိုင်လိမ့် မည်ဟု၊ သူ မျှော်လင့် မထားပေ။
သို့သော် လင်းယွန်သာ အသက်ရှင်လျက် လွတ်မြောက် လာခဲ့ ပါက၊ ဝမ်နင်ကို သတ်ခဲ့ပြီး၊ သခင့်ဓားကို လေ့ကျင့် နိုင်ခဲ့ကာ၊ ကြယ်ငါးပွင့် မစ်ရှင် များကို လုယူ သွားရဲသော၊ သူကို တကယ်ပင် တွေ့ချင် မိပေသည်။
ထိုအချိန်တွင် လင်းယွန်အား 'စည်းကမ်းများ'ကို သင်ပေး ရပေ လိမ့်မည်။
“ နောက်တစ်ခု ရှိသေးတယ်၊ ဝမ်ယန်က ချူဟောင်းယူကို အထက်တန်းစား ပြည်နယ် ထဲ ဆွဲယူဖို့ ကြိုးစား နေပုံ ရတယ်၊ ချူဟောင်းယူက 'အဖော်မဲ့ကြယ်' မဟာမိတ် အဖွဲ့ဝင် မဟုတ်လား၊ သူ ဘာလုပ်ဖို့ ကြိုးစား နေတာလဲ .... ''
ဂျင်းဖိန်က ခေါင်းစဉ် ပြောင်းရန် ကြိုးစားလိုက်၏။
"မင်း မခန့်မှန်း နိုင်ဘူးလား၊ ချူဟောင်းယူက ကျင့်ကြံ ခြင်းနဲ့ ပတ်သက် လာရင်၊ ပိုပြီး အစွဲ အလမ်း ကြီးတယ်၊ ကန့်သတ်ချက် တွေကို မကြိုက်ဘူး၊ ဒါကြောင့် သူသဘော တူမှာ မဟုတ်ဘူး၊ ဒါပေမယ့် ထိပ်ဆုံး ဆယ်ယောက်ဆိုရင်တော့ မတူတော့ဘူး၊ နောက်ဆုံးတော့ ဝမ်မျိုးနွယ်စု ရဲ့ သြဇာက နည်းနည်း သက်ရောက် နိုင်တယ် မဟုတ်လား ... ။ ''
ယီရှုက သူ့ အမြင်ကို ထုတ်ဖော် ပြလာသည်။
ချူဟောင်းယူမှာ ဂိုဏ်းထဲသို့ ၀င်ရောက် ခဲ့သည့် ပထမ နှစ်တွင် နာမည် မရှိ သေးသော်လည်း၊ သေမျိုး အဆင့်ကို စိန်ခေါ်လိုက်ပြီးနောက်၊ လူတိုင်းကို ထိတ်လန့် သွားစေ ခဲ့သည်။
သူ့တွင် အတွင်း တပည့် များ၏ ခွန်အားမျိုး ပိုင်ဆိုင်သည် ဟုပင် ဆိုကြ၏။ သို့သော် ဘိုင်လိရွှမ်ကို ရှုံးနိမ့် ပြီးနောက်တွင်၊ မည်သည့် အဆင့် သတ်မှတ်ချက် ကိုမှ စိန်မ ခေါ်တော့ချေ။
ချူဟောင်းယူသည် ဘိုင်လိရွှမ်ကို နင်းချေ ခြင်းဖြင့်၊ မြေကြီး အဆင့်သို့ ဝင်ရောက် လိုကြောင်း၊ ကောလ ဟာလများ ထွက်ပေါ် နေခဲ့သည်။
ချူဟောင်းယူမှာ ဂျင်းဖန်နှင့် ယီရှုတို့နှစ်ဦး စလုံးက လေးစား နေရသော အစစ် အမှန် ဘီလူး တစ်ကောင် ဖြစ်သည်။
(ဘီလူး = ဒဏ္ဍာရီလာ သတ္တဝါ)
သူ့ ခွက်ကို ချလိုက်ပြီး ဂျင်းဖိန်က လေးလေး နက်နက် တွေးဆ ဟန်ဖြင့်၊
" ငါသိရတဲ့ အတိုင်းဆို ဝမ်ယန်က ချူဟောင်းယူကို နောက်တစ်ကြိမ် သေချာပေါက် ကြိုးစား လိမ့်မယ်၊ ဒါမှ 'ရတနာ တောင်ကုန်း' မဟာမိတ် အဖွဲ့ကို၊ အရှက် တရားတွေ ပြန်ပေးနိုင်မှာ မဟုတ်လား ''
စကားဆုံး သည်နှင့် နှစ်ယောက်သား တိတ်ဆိတ် သွား တော့သည်။
***
ဓားနန်းတော်၏ အခြားသော တစ်နေရာတွင်။ ကျင့်ကြံမှု အတွင်း နစ်မြုပ် နေသော ဆံပင်ရှည်ရှည်ဖြင့် လူငယ်လေး တစ်ဦး ငြိမ်သက်စွာ ထိုင်နေခဲ့သည်။
သူ၏ မီးခိုးရောင် အဝတ်အစား များတွင်၊ ဖုန်မှုန့်များ ကင်းစင် နေခဲ့ကာ၊ ပါးလွှာသော အရှိန် အဝါများ သိုင်းခြုံ ထား လေသည်။
အကြီးအကဲ များနှင့်၊ ဂိုဏ်း၏ ဘီလူး များသည်သာ ဤသို့သော ရတနာ နယ်မြေ၌ အခြေချ ကျင့်ကြံ နိုင်ပေမည်။
သူ၏ တည်ရှိ မှုသည် အလွန် တိတ်ဆိတ်လွန်း သောကြောင့်၊ တပည့်များမှ အလွယ် တကူ လျစ်လျူရှု ခံခဲ့ ရ၏။
သို့သော် ဓားနန်းတော်၏ တပည့်များက သူ့ကို လျှော့တွက် ရဲမည် မဟုတ်ပေ။
ထိုအချိန်၌ တောင်ပေါ်သို့ လူ တစ်ယောက် ဖြေးညှင်းစွာ တက်လာ ခဲ့သည်။ ထိုလူက မီးခိုးရောင်ဝတ် လူငယ်နှင့် ပေတစ်ရာ အကွာတွင် ရပ်တန့် သွားကာ၊ ပတ်ဝန်းကျင်အား လှည့်ပတ် ရှာဖွေ လိုက်၏။
ခဏချင်းမှာပင် တစ်စုံ တစ်ရာအား ရှာဖွေ တွေ့ရှိ သွား ဟန်ဖြင့်၊ ပြုံးရယ် သွားလေသည်။
မီးခိုးရောင်ဝတ် လူငယ်၏ မျက်ခွံများ တုန်ခါသွားကာ သူ့ဘေးရှိ ဓားကို ဆွဲယူ လိုက်၏။ မျက်ဝန်း များကို ဖွင့်ကြည့် လိုက်သည်နှင့် ဓားနှစ်စင်း ကဲ့သို့သော အေးစက်စက် အလင်းရောင်များ ပြေးထွက် လာ လေသည်။
ဟောင်းနွမ်း နေသော မီးခိုးရောင် ဝတ်စုံဖြင့် ခြားနား စွာပင်၊ သူ့ အကြည့် များက ကြယ်တာရာ များကဲ့သို့၊ စူးရှ တောက်ပ နေပေသည်။
“ စီနီယာ ဝမ်၊ ငါမင်းရဲ့ မဟာမိတ် အဖွဲ့ထဲ ဝင်ဖို့၊ စိတ်မဝင် စားဖူးလို့ ပြောထား ပြီးသား မဟုတ်လား၊ ဒါက ဘယ်နှစ်ကြိမ် မြောက်လဲ၊ ငါ့စကားက မရှင်း မရှင်း ဖြစ်နေ လို့လား"
မီးခိုးရောင် ၀တ်ဆင် ထားသော၊ လူငယ်သည် သဘာဝ အတိုင်း သေမျိုး အဆင့်တွင် ပထမ ရရှိ ခဲ့သော ချူဟောင်းယူ ဖြစ်သည်။
ဝမ်ယန်က ပြုံးရုံသာ တုံ့ပြန် လိုက်၏။ သူ၏ ရောင်ဝါမှာ ဒဏ်ရာမှ ပြန်လည် သက်သာ လာပြီ ဖြစ်ကြောင်း၊ မည်သူ မဆို ပြောနိုင် ပေမည်။ ယခင်က ထက်ပင် ပို၍ သန်မာ လာပုံ ရ၏၊ သူက ချူဟောင်းယူကို ပြုံးပြကာ၊
" ဂျူနီယာ ညီငယ်ချူက မြေကြီး အဆင့် မှာရှိတဲ့၊ သူတွေနဲ့ ယှဉ်နိုင်တဲ့ အစွမ်း ရှိတယ်လို့ ငါကြားဖူးတာ ကြာပါပြီ၊ ဒါပေမယ့် အဲဒါက မင်းရဲ့ ခွန်အား အကန့် အသတ်လို့ ငါ မထင် ပါဘူး။ ”
“ကိုယ့်ဂုဏ်ကိုယ် ဖော်ရတာ ငါ မဟုတ်ဖူး၊ စီနီယာဝမ် ကျေးဇူးပြုပြီး ထွက်သွားပါ။ ”
ဝမ်ယန် ကဲ့သို့ ကျော်ကြားသော စီနီယာ တစ်ဦးနှင့်၊ ရင်ဆိုင် ရသည့် အခါတွင်ပင်၊ အေးစက် တည်ငြိမ် နေခဲ့ ပေသည်။ သူ့ မျက်လုံး များ၌ တစ်စုံ တစ်ရာသော၊ အပြောင်း အလဲ မရှိပေ။
ဝမ်ယန်မှာ ဝမ်မျိုးနွယ်၏ ခေါင်းဆောင် တစ်ဦး၊ ဖြစ်လာ နိုင်မည်ကို သိထား သော်လည်း၊ သူ ဂရု မစိုက်ပေ။
သူ့ အမြင်အရ ဝမ်ယန်မှာ သူ့ထက် ဦးစွာ ကြီးပြင်း ခဲ့သူ ဖြစ်ပြီး၊ တချိန်တွင် ဝမ်ယန်ကို အမီ လိုက်နိုင် မည်ဟု သူ ယုံကြည်သည်။
” ဆိုရိုး စကားတွေ အတိုင်း သုံးကြိမ်ထက် ပို ပြီး လစ်လျူ မရှု နိုင်ပါဘူး၊ မင်းငါ့ကို သုံးခါတိတိ ငြင်းပယ် ခဲ့ပြီးပြီ၊ ဒါပေမယ့် ဒီနေ့ ငါမှာ ယုံကြည်မှု ရှိတယ်။"
ချူဟောင်းယူ၏ သဘောထား ကြောင့်၊ ဝမ်ယန်က စိတ်ပျက် သွားပုံ မပေါ်ပေ။
"ဟမ်...... "
ချူဟိုယုက မျက်ခုံးပင့်ကာ ပြုံးလိုက်ပြီး၊
"ဒါဆို မင်းရဲ့ ယုံကြည်မှုကို ဘယ်က ရလာတာလဲ၊ မင်းက ဝမ်မျိုးနွယ် စုရဲ့ အမွေခံ သခင်လေး လို့တော့ မပြောနဲ့။ "
“ .... တစ်ယောက် ယောက်က ဒီတံဆိပ် ပြားကို မြင်ရင်၊ မင်းက ငြင်းမှာ မဟုတ်ဘူးလို့ ငါ့ကို ပြောဖူးတယ်”
ထို့နောက် ချစ်စရာ ကောင်းသော ငှက်လေး တစ်ကောင်ကို ရေးထွင်း ထားသည့် ကျောက်စိမ်ပြား တစ်ချပ်အား၊ ဝမ်ယန်က ထုတ်ယူ လိုက်သည်။
ဝမ်ယန် လက်ထဲရှိ ကျောက်စိမ်းပြားကို မြင်လိုက်ရ သည်နှင့်၊ ချူဟောင်းယူ၏ မျက်နှာ ပေါ်ရှိ အပြုံးများ အေးခဲ သွားသည်။ သူက ကျောက်စိမ်း ပြားကို လှမ်းယူပြီး၊ သေသေ ချာချာ စစ်ဆေး ကြည့်ကာ၊
“ စီနီယာဝမ်က အဲဒီ သခင်ငယ် အတွက် အလုပ်လုပ် နေလိမ့် မယ်လို့၊ ငါလုံးဝ မမျှော်လင့် ထားမိဘူး။
“ သခင်ငယ် ဆိုတာ လူတွေ ကြားထဲက နဂါးတစ်ကောင် ဖြစ်လို့၊ သူ့အတွက် အလုပ်လုပ် ရတာ ဂုဏ်ယူစရာ ပါပဲ၊ သူ ...မင်းကို အရမ်း တန်ဖိုး ထားတယ်၊ ခေါင်းညိတ် လိုက် သရွေ့၊ ဒီ ကျောက်စိမ်း ပြားကို မင်း ပိုင်တယ် "
ဝမ်းယန်က ပြုံးကာ ပြန်ဖြေ၏။ ချူဟောင်းယူ၏ တုံ့ပြန်မှုကို ကျေနပ် သွားခဲ့သည်။
ချူဟောင်းယူ မှာမူ အနည်းငယ် တွန့်ဆုတ် လာသည်။ ကျောက်စိမ်း တံဆိပ် ပြားသည် မည်သည့် အရာအား ကိုယ်စား ပြုနိုင် သည်ကို သူ သိ၏။
လွန်ခဲ့သော တစ်နှစ်၌ အလားတူ ကျောက်စိမ်း တံဆိပ်ကို ကိုင်ဆောင်ထား သူ တစ်ဦးနှင့် ယှဉ်ပြိုင် ခဲ့ဖူးသည်။
" ငါ သဘောတူတယ် "
ချူဟောင်းယူ၏ တုံ့ဆိုင်းမှုများ ပြန်လည် ပျောက်ကွယ် သွားသည်။
နောက်ဆုံး သဘော တူညီ ချက်ကို ရရှိ လိုက်သည်နှင့်၊ ဝမ်ယန်က ဝမ်းသာ သွားသည်။ ချူဟောင်းယူကို ရရှိ ခြင်းဖြင့်၊ မဟာမိတ် ပြည်ထောင်စု တိုက်ပွဲတွင် အနိုင် ရရှိ မည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်။
ရှင်းယန်၏ မျက်နှာပေါ်တွင် ပျက်ယွင်း သွားနိုင်မည့်၊ အရိပ် အယောင် များကို မြင်တွေ့ ရရန်၊ တွေးဆ လိုက်မိသည်။
ရုတ်တရက် အပြင်၌ စောင့် ကျန်ရစ် ခဲ့သောအထက်တန်းစား ပြည်နယ် အဖွဲ့ဝင် တပည့် တစ်ယောက်က၊ အလျင် စလို ပြေးဝင် လာ သည်။
" ဒီမှာ ဂျူနီယာ ညီလေး ချူနဲ့၊ ငါ စကားပြော နေတယ်လေ မင်း မမြင်ဘူးလား ... ဟမ်၊"
“ အဆင်ပြေ ပါတယ်၊ ဒါ တရားဝင် ဖြစ်သွား ပြီပဲ၊ သူ ပြောပါစေ ”
ချူဟောင်းယူက ခေါင်းညိတ်ကာ၊ တုန့်ပြန် လိုက်သည်။
ဝမ်ယန်က ထိုတပည့်ဘက် ပြန်လှည့် သွားပြီး၊ " ပြော " ဟု ဆိုလိုက်၏။
သို့သော် ထိုတပည့်မှာ တုံ့ဆိုင်း သွားပြီး၊ ချူဟောင်းယူကို လှမ်းကြည့် လိုက်၏၊ ချူဟောင်းယူက ပြုံးပြီး၊
" ဒါဆို ငါ အနား ယူတော့မယ် "
'' ဂျူနီယာညီလေးချူ၊ မင်းက ကိုယ့်ကိုယ်ကို အပြင်လူ တစ်ယောက်လို့ မမှတ်ယူ ပါနဲ့၊ ဒီနေ့က စပြီး ... ၊ အထက်တန်းစား ပြည်နယ်ရဲ့အဖွဲ့ဝင် ဖြစ်သွားပြီ၊ ငါက လွဲပြီး ဘယ်သူ့ စကားကိုမှ နားထောင် စရာ မလို ပါဘူး၊ အခု ပြောပါ ”
ဟု ဝန်ယန်က အေးစက်စွာ အမိန့်ပေး လိုက်သည်။ ဝင်လာသော တပည့် ဖြစ်သူက၊
'' လင်းယွန်ကို ဓားနန်းတော် အပြင်မှာ တွေ့လိုက်တယ် ”
“ မဖြစ်နိုင်ဘူး... ”
ဝမ်ယန်၏ မျက်နှာမှာ ထိုတပည့်၏ စကားကြောင့် ပျက်ယွင်း သွားသည်။ လင်းယွန်ကို 'သွေးအရိုး ကျင့်ကြံသူ' များက သတ်ပစ် ခဲ့သည်ဟု၊ သတင်းများ ထွက်နေခဲ့ သည်ကြောင့်၊ ဝမ်းသာ နေ ခဲ့ခြင်း ဖြစ်သည်။
သို့သော် လင်းယွန်မှာ အသက် ရှင်လျက်၊ ဂိုဏ်းကို ပြန်ရောက် လာခဲ့သည်။ မစ်ရှစ်များ ပြီးမှ သာလျှင် ပြန်လာသင့် ပေသည်။ ဤသို့ စောစီးစွာ ပြန်လာ ပါက၊ ရရှိမည့် ပြစ်ဒဏ်ကို သူ စိတ်၀င် စားသွား၏။
" မဖြစ် နိုင်တာ တော့ မဟုတ် ပါဘူး၊ သူ့အသက် ဆုံးရှုံး လုနီးပါး ဖြစ်ခဲ့လို့၊ မစ်ရှင်တွေကို ဆက်မလုပ်ဝံ့ တော့တာ ဖြစ်ရမယ်၊ အခက် အခဲကို သိမှ၊ သူ့ အရည် အချင်းကို သူ သိလာ မှာပါ၊ (A) အဆင့် မစ်ရှင် တွေက သူတို့စိတ်တိုင်းကျ ဘယ်သူ မဆို လက်ခံ နိုင်တဲ့ အရာ မဟုတ်ဘူး ... ”
-ဟု ချူဟောင်းယူက ရှင်းပြ လာသည်။
" .... ဒါပဲ ဖြစ်ရမယ်၊ မသေတာလည်း ကောင်းပါတယ် ”
ဝမ်ယန်၏ မျက်ဝန်းများမှာ အပြုံးကြောင့် တောက်ပ လာသည် ။ သို့သော် နွေးထွေးသော အပြုံး အစား၊ သူ့ အပြုံးက ပို၍ အေးစက် လာခဲ့ လေသည်။
***