← Chapters

မျက်စိတစ်မှိတ် အတွင်း။

Vol. 20 Ch. 269

မျက်စိတစ်မှိတ် အတွင်း။

Vol. 20 Ch. 269

လင်းယွန် ပြန်ရောက် လာသော သတင်းကြောင့်၊ လူတိုင်း အံ့အား သင့်သွား ကြသည်။

သွေးအရိုး တောအုပ်တွင် လမ်းလွဲ ကျင့်ကြံသူ များနှင့် ကြုံတွေ့ နေရ သည်ဟု လွန်ခဲ့သော ရက် အနည်းငယ် အတွင်း၊ လင်းယွန်၏ သတင်းများ ပျံ့နှံ့ နေခဲ့သည်။

လင်းယွန်မှာ သေဆုံး သွားနိုင် သည်ကို၊ လူတိုင်းက ပြောနေကြ သော်လည်း၊ သူ့ မိုက်မဲ မှုအတွက် သနား ကြင်နာခြင်း မရှိပဲ၊ လှောင်ပြောင် ရယ်မော ကြသည်။

စည်းမျဉ်း များမှာ လွယ်လွယ်ဖြင့်၊ ချိုးဖျက် နိုင်သော အရာ မဟုတ်ပေ။ နက်နဲ နယ်ပယ် တတိယ အဆင့် တွင်သာ ရှိသော၊ တစ်စုံ တစ်ယောက်သည် (A) အဆင့် မစ်ရှင် များကို လက်ခံ ခြင်းဖြင့်၊ လူတိုင်း၏ မျက်နှာကို ဖြတ်ရိုက် ခဲ့သည်။

ထို့ကြောင့်ပင် ထိုသူ သေဆုံးခြင်း အကြောင်းကို ကြားသိ ရသော အခါတွင်၊ လူတိုင်းက ထိုက်တန် သည်ဟု ခံစားမိ ကြခြင်း၊ ဖြစ်ပေသည်။

အထက်တန်းစား ပြည်နယ်၏ တပည့်များအတွက်မူ လွန်ခဲ့သည့် လ အနည်းငယ်က လင်းယွန်မှာ သူတို့ကို အရှက် ရစေ ခဲ့သော ကြောင့်၊ သာ၍ ပျော်ရွှင် ကြသည်။

သို့သော် သူတို့၏ ပျော်ရွှင်မှုသည် ခဏတာ မျှသာ ဖြစ်ပြီး၊ လင်းယွန်မှာ ပြန်လည် ရောက်ရှိ လာ သောကြောင့်၊ ယင်းကို အပြည့်အဝ မခံစား နိုင်ခဲ့ ကြပေ။

" သူ မသေ ဖူးလား "

ကျန်းလဲ့က သတင်း ရရှိသော အခါတွင်၊ အံ့အား သင့် သွားသည်။ သို့သော် ခဏ အကြာ၌ ပြုံးရယ်ပြီး၊

“ ပြန်လာတာ အရမ်း မြန်နေ လားလို့၊ မစ်ရှင်တွေ မပြီးမြောက် ခဲ့ဖူး ထင်တယ်၊ ဘာဆက် ဖြစ်သွား မလဲ သိရဖို့၊ မစောင့် နိုင်တော့ဘူး "

ကျန်းလဲ့က နောက်ပြန် မလှည့် တော့ဘဲ၊ ချက်ချင်း ထွက်ခွာ သွားတော့သည်။

" အစ်ကိုကျန်း ဒေါသ ထွက်နေတယ် "

“ ဒီကောင်လေးကို သင်ခန်းစာ ပေးချင် နေပုံပဲ၊ ဒါပေမယ့် အစ်ကို ကျန်းကို တားရအောင်၊ လွန်ခဲ့တဲ့ သုံးလ လုံးလုံး စောင့်ဆိုင်း နေခဲ့ ရတာ ဆိုတော့ သူ့ ဒေါသကို မထိန်း နိုင်မှာ စိုးမိတယ်။ ''

"လာ မြန်မြန်.... "

“ သူ့ကို မသတ်မိ စေဖို့ စီနီယာ ကျန်းကို သတိပေး ရမယ်၊ ရတနာ တောင်ကုန်းက ဒီကိစ္စထဲ ပါလာရင် ငါတို့ ဒုက္ခ ဖြစ်လိမ့်မယ်။”

ကျန်းလဲ့နှင့် ခင်မင် ရင်းနှီးသော တပည့်များ၊ ခြေလွန် လက်လွန် မဖြစ် စေရန် ပြေးလွှား လိုက်ပါ သွားကုန် ကြသည်။

ဓားနန်းတော်၏ ဂိတ်တံခါးကြီး အောက်တွင် လင်းယွန်က စိတ် လှုပ်ရှားမှု များစွာဖြင့်၊ နဂါးသွေး မြင်းပေါ်မှ လှမ်းကြည့် လိုက်သည်။

သွေးအဆီအနှစ် များကို အောင်မြင်စွာစုဆောင်း နိုင်ခဲ့ကာ၊ ကျူးဖန်ကို သတ်ပစ်ပြီးနောက်၊ ဘိုင်ချူးဟွေအား ခေါ်ထုတ် နိုင် ခဲ့သည်။ 'ရွှေရောင် နေမင်း သစ်သီး' ကို ရယူ နိုင်သည့် အချိန်၌၊ သုံးလကြာ ကုန်ဆုံး သွားခဲ့ပြီး ဖြစ်သည်။

နောက်ဆုံးတွင် မစ်ရှင် လေးခုကို ပြီးမြောက် ခဲ့၏။ ရတနာ တောင်ကုန်း ပေါ်၌ ရှင်းယန်အား နှုတ်ဆက် ခြင်းကို သူ မှတ်မိ နေသေးသည်။ သုံးလ အတွင်းတွင် အများကြီး ပြောင်းလဲ လာခဲ့သည်။

ကျား- နဂါး လက်သီး၊ လေးနက်သောခြေလှမ်း ခုနစ်လှမ်း နှင့် ဓားသုတ္တန် တို့တွင် အောင်မြင်မှုများ ပြုလုပ် နိုင်ခဲ့၏။

ယခု အချိန်၌ အရှိန် အဝါ များကို ဓားသွား အဖြစ်ပင် သိပ်သည်း စေနိုင် ခဲ့ပြီး၊ 'ရွှေကျီးကန်းတံဆိပ်' ကို ဖွဲ့စည်း နိုင်ရန်၊ ခြေတစ်လှမ်း မျှသာ လိုပေ တော့သည်။

သခင့်ဓားကို မသုံး လျှင်ပင်၊ ဂိုဏ်း အတွင်းရှိ တပည့် များစွာမှာ သူ့ပြိုင်ဘက် မဟုတ်တော့ဟု ယုံကြည် ထားသည်။

ဝိညာဉ် ကျောက်စိမ်းပေါင်း တစ်သိန်းကျော် ရိတ်သိမ်း နိုင်ခဲ့သည် ဖြစ်ရာ၊ ဂိုဏ်းရှိ ပဉ္စမ အဆင့် အထက်တန်း စားများနှင့် နှိုင်းယှဉ် ပါက၊ ပြောစရာ မလိုအောင်ပင် အားသာချက် ရှိလေသည်။

၎င်းအပြင် သူ့တွင် စကြာဝဋ္ဌာ လက်နက် များနှင့် ယှဉ်နိုင်သော ပန်းသင်္ချိုင်း ဓားလည်း ရှိလာပြီ ဖြစ်၏။

" တာဝန်ကို လွှဲအပ်ဖို့ အချိန် တန်ပြီ "

ဆုလာဘ်များ အဖြစ် ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း အနည်းဆုံး တစ်ထောင် ခန့်ကို သူ မျှော်လင့် ထားသည်။ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း များမှာ၊ ပထမတန်း ဝိညာဉ် ကျောက်စိမ်း များထက် ရှားပါး ပေသည်။

သူ့ စွမ်းအင်မှာ ပိုသန့်ရှင်း ပေရာ၊ တပည့်များ အားလုံး အတွက် ဆွဲဆောင်မှု တစ်ခု ဖြစ်၏။

လင်းယွန်က မြင်းပေါ်မှ ခုန်ဆင်း လိုက်ကာ၊ မျှော်လင့်ချက် အပြည့်ဖြင့်၊ ရှေ့သို့ မစ်ရှင် ခန်းမ ဆီသို့ လျှောက်သွား မိသည်။

မစ်ရှင် ခန်းမသို့ ရောက်ရှိရန် အချိန် အနည်းငယ် ယူခဲ့ ရပြီး၊ လှေကား ထစ်များကို တက်နေ ချိန်တွင်၊ လူပေါင်း များစွာ၏ အကြည့်များက သူ့ထံ ရောက်ရှိ နေခဲ့သည်။

" အဲဒါ လင်းယွန် ပဲ၊ သွေးရိုး တောအုပ် ထဲမှာ မသေ ဘူးလား ”

“သွေးအရိုး ကျင့်ကြံသူ တွေနဲ့ တွေ့ပြီးတာတောင် ရှင်သန် ခဲ့တာ တကယ်ကို ကံကောင်း ပါတယ်၊ မစ်ရှင်တွေ ပြီးသွား ပြီလားလို့ သိချင်မိတယ် ”

“သူ အသက်ရှင်လျက် ပြန်လာ နိုင်တာ ကောင်း ပါတယ်၊ ခွေးတစ်ကောင်လို သူ့ဘဝအတွက် ပြေးလွှား နေခဲ့ ရတာကြောင့်၊ မစ်ရှင်တွေကို ပြီးမြောက်အောင် မလုပ်နိုင် ခဲ့ဖူးလို့ ငါထင်တယ် ”

“ မစ်ရှင်တွေ ပျက်ကွက်တဲ့ အတွက် အကျိုးဆက်က သူ့အတွက် မကောင်း နိုင်ဘူး၊ ယီလျူယွင်ကို သတ်နိုင် တာနဲ့ပဲ၊ သေမျိုး အဆင့် ထိပ်တန်း ဆယ်ယောက်ကို စိန်ခေါ်နိုင် လိမ့်မယ်လို သူ ထင်နေလား၊ ဘယ်လောက်မိုက်မဲ လိုက်လဲ "

" မာန ထောင်လွှားခြင်း အတွက် ထုံးစံ အတိုင်း သူ ပေးဆပ် ရမယ့် တန်းဖိုးပဲ "

လူတိုင်းက လင်းယွန်ကို ထိတ်လန့်စွာ ကြည့်ပြီးနောက်၊ မစ်ရှင် ခန်းမ အပြင်ဘက်၌ အချင်းချင်း ဆွေးနွေး သံများ ထွက်ပေါ် လာသည်။

လင်းယွန်ကို ကြည့်သည့် သူတို့ မျက်ဝန်းများတွင် ကြေနပ် နေဟန်များ အထင်းသား ရှိနေ လေသည်။

လင်းယွန်သည် လွန်ခဲ့သော သုံးလက ယီလျူယွင်ကို သတ်ပြီးနောက်၊ မစ်ရှင် ခန်းမတွင်၊ (A) အဆင့် မစ်ရှင် လေးခုကို ရယူလိုက် သည်နှင့် ဂိုဏ်း အတွင်း ကျော်ကြား လာခဲ့သည်။

အထူးသဖြင့် မစ်ရှင် ခန်းမတွင် ကျန်းလဲ့ကို ပြန်လည် တိုက်ခိုက်ရန် အထိ မောက်မာ ခဲ့သောကြောင့်၊ လူတိုင်းကို အကြီး အကျယ် အံ့အားသင့် သွားစေ ခဲ့သည်။

အဖြစ် အပျက် များသည် လူများ စွာကို မနာလို ဖြစ်စေပြီး၊ အဆိုးဆုံး မျှော်လင့်ချက် ဖြစ်စေ ခဲ့၏။

သတ်မှတ်ရက် မတိုင်မီ ပြန်ရောက်ရှိ လာ ကတည်းက၊ မစ်ရှင် များကို ပြီးမြောက် အောင် မလုပ် နိုင်ခဲ့ဟု၊ သူတို့ ယုံကြည် ကြသည်။

ထို့ကြောင့် လင်းယွန် အရှက်ရမည့် အချိန်အား စိတ်အား ထက် သန်စွာ စောင့်ဆိုင်း နေခဲ့ခြင်း ဖြစ်သည်။

လူတိုင်းက သူ့အား မြင်သည်နှင့် မည်သို့ တုံ့ပြန် ကြသည်ကို မြင်သော အခါတွင်၊ လင်းယွန်က ကူကယ်ရာ မဲ့စွာ ခေါင်းယမ်း လိုက်မိသည်။

'ရွှေရောင် နေမင်း သစ်သီး' ကို ရှာဖွေ နေစဉ်၊ ပြဿနာ များကို ရှောင်ရှားရန်၊ ကျူးဖန်၏ နတ်ဆိုး မျက်နှာ ဖုံးအား၊ ဝတ်ဆင် ထားခဲ့ သောကြောင့်၊ လူတိုင်းက သေပြီဟု ထင်နေကြ ပုံရသည်။

မထွက်ခွာခင် မစ်ရှင် ခန်းမ၌ မစ်ရှင်များ လက်ခံရန် ရောက်လာ ချိန်တွင်၊ လူတိုင်းက သူ့ကို လေးလေး စားစား နှုတ်ဆက် လာကြသည်။

ပြီးနောက်၊ ဝမ်နင်နှင့် ယီလျူယွင်ကို သတ်ပြီးနောက် မီးမောင်း ထိုးပြ ခံနေ ရဆဲ ဖြစ်သည်။

သို့သော် အပြန် ခရီး၌ လူတိုင်းက သူ့ကို ထူးထူး ခြားခြား ကြည့်နေ ကြပြီး၊ ဘယ်သူမှ လာရောက် နှုတ်မဆက် ကြတော့ပေ။

သတ်မှတ် ချိန်ထက် စောလျင်စွာ ပြန်လာ နိုင်ခဲ့ သော်လည်း၊ ဂိုဏ်းတပည့် များ၏ ဆက်ဆံပုံ များကြောင့်၊ အနည်းငယ် ရှုပ်ထွေး သွား၏။

“သူတို့ရဲ့ နောက်ကွယ်မှာ တစ်ခုခု ရှိနေလား ”

သူ့အတွေးကို ခေါင်း ခါယမ်းလိုက်ပြီး ရှင်းထုတ်ပြစ် လိုက်သည်။ အသေး အမွှား ကိစ္စများကို အာရုံ မစိုက် ချင်ခဲ့ချေ။ မစ်ရှင် ခန်းမ ထံသို့သာ ရှေးရှု လျှောက်လှမ်း လာခဲ့သည်။

အဝေး တစ်နေရာ ဆီမှ သူ့ထံ ဦးတည် လျှောက်လှမ်း လာသော လူတစ်စုကို ရုတ်တရက် သတိထား မိ သွားသည်။

အဖွဲ့ကို ဦးဆောင် လာ သူသည် ခိုင်မာ ပြတ်သားသော ခြေလှမ်း များဖြင့်၊ လျင်မြန်စွာ လျှောက်လှမ်း လာ၏။

ထိုသူ ထံပါး ဆီမှ သတ်ဖြတ် လိုသော၊ ဆန္ဒများ သိပ်သည်းစွာ ထွက်ပေါ် နေပြီး၊ ဓားသွား အချင်းချင်း ခုတ်ထစ် အော်မြည် သံများ ကဲ့သို့၊ တိုးဖျော့ဖျော့ အသံများ ကြားရ နိုင်လေသည်။

အနားကပ် ကြည့်မိ ပါက၊ လမ်းလျှောက် နေသော ဓားတစ်လက် ကဲ့သို့၊ ခံစားရ မိစေ၏။

'' ဟိုမှာ စီနီယာ ကျန်းပဲ "

“ သတင်း မြန်မြန် ရပုံ ထောက်တော့၊ လင်းယွန်ကို စောင့်ကြည့်ဖို့ တစ်ယောက် ယောက်ကို တာဝန် ပေးထား တာပဲ ဖြစ်မယ် ”

ကျန်းလဲ့ကို တွေ့လိုက် ရသူတိုင်း စိတ်ဝင် စားသွား ကြသည်။ လွန်ခဲ့သည့် သုံးလကတည်းက လင်းယွန်နှင့် ပဋိပက္ခ များကြောင့်၊ သူ ပေါ်လာ မည်ဟု သူတို့ ခန့်မှန်းခဲ့ ကြသည်။

သို့သော် ဤမျှ မြန်မြန် ဆန်ဆန် ဖြစ်လာ လိမ့်မည်ဟု မမျှော်လင့် ထားမိပေ။

မျက်နှာ ချင်းဆိုင်မှ လျှောက်လာ နေသော ကျန်းလဲ့ကို တစ်ချက်ကြည့် လိုက်ပြီး၊ လင်းယွန်က မျက်ခုံးပင့် လိုက်မိ၏။

'ယင်'ကောင် ကဲ့သို့သော၊ ပိုးမွှား များကို အလွန် မုန်းတီး ပေသည်။ သူ့ ပတ်ဝန်း ကျင်တွင် တဝီဝီ ပျံဝဲ နေပါက၊ သာ၍ စိတ်ဆိုး မိမည် ဖြစ်သည်။

သေမျိုး အဆင့်ရှိ ထိပ်တန်း ဆယ်ယောက်သည် နာမည် ကြီး သော်လည်း၊ ကျူးဖန်ကို သတ်ပစ်နိုင် ပြီးနောက်၊ လင်းယွန်က ၎င်းတို့ကို ကြောက်ရွံ့ခြင်း မရှိ တော့ပေ။

" ညီငယ် လင်း၊ မင်း ဒီကို ဘာလာလုပ် တာလဲ "

ကျန်းလဲ့က လှောင်ပြောင် သော အပြုံးဖြင့် မေးလာ ခဲ့သည်။ ဤတစ်ကြိမ် တွေ့ဆုံ ခြင်းမှာ၊ မစ်ရှင် ခန်းမ၌ မဟုတ် သောကြောင့်၊ သူတို့ကို ဝင်ရောက် ဟန့်တား လာမည့် သူ မရှိ နိုင်ချေ။

“ ဟမ် ....၊ မစ်ရှင် တွေကို လွဲပြောင်း ပေးဖို့ အတွက် ဒီကို လာတာလေ ”

လင်းယွန်က ကျန်းလဲ့ကို အရူး တစ်ယောက်ကဲ့သို့ ပြန်ကြည့်ကာ အဖြေပေး လိုက်၏။

" မစ်ရှင် တွေကို လွဲပြောင်း ချင်တာလား... ၊ မင်းခေါင်းရော ကောင်းရဲ့လား "

ကျန်းလဲ့က ရယ်မော လိုက်ပြီး၊ သူ့ မျက်နှာ ပေါ်ရှိ သရော် လှောင်ပြောင် မှုကို ဖုံးကွယ် မထား ခဲ့ပေ။

“ ငါ့ အတွက် မင်း စိတ်ပူ နေဖို့ မလို ပါဘူး ”

ကျန်းလဲ့၏ အမူအရာ များကို လျစ်လျူရှု လိုက်ပြီး၊ မစ်ရှင် ခန်းမ ဆီသို့ မထွက် ခွာခင် ပြန်ဖြေ လိုက်၏။

သို့သော် လင်းယွန်က ကျန်းလဲ့ကို ကျော်ဖြတ် ခါနီးတွင်၊ လက်သီး တစ်လုံးမှာ ရုတ်တရက် ပျံဝဲ ဟန့်တား လာသည်။

တုန်ခါ သွားသော စွမ်းအင် အတက် အကျလှိုင်းများ မှတဆင့် ကျန်းလဲ့၏ ပဉ္စမ အဆင့် ကျင့်ကြံ မှုကို သိမြင် လိုက် ရပြီး၊ သူ့ အား အံ့အား သင့်သွား စေကာ၊ ခြေလှမ်း ဆယ်လှမ်းမျှ နောက်ပြန် ဆုတ်လိုက် ရ၏။

" ငါ မင်းကို ထွက်သွား ခွင့် ပေးခဲ့ လို့လား"

ကျန်းလဲ့၏ မျက်နှာ ပေါ်ရှိ အပြုံးမှာ ပျောက်ကွယ် သွားပြီး၊ သူ့ စကား များက အေးစက် သွားလေသည်။

ဤနေရာရှိ တပည့် အချို့သည် နက်နဲ ပဉ္စမ အဆင့်တွင် ရှိသော်လည်း၊ ကျန်းလဲ့ ထုတ်လွှတ် ပေး လိုက်သော၊ ဖိအား အောက်တွင် တုန်လှုပ် သွား ကြသည်။

" ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ ...၊ အဲ့ဒါက ထိပ်တန်း ဆယ်ယောက်ရဲ့ ခွန်အား ပဲလား။ "

'' ကျန်းလဲ့ရဲ့ 'တောက်လောင် နေသော နေမင်း' က ပဉ္စမ အဆင့်ကို ရောက်ရှိ သွားပုံပဲ၊ "

" သေမျိုး အဆင့်မှာ ထိပ်တန်း ဆယ်ယောက်ထဲက တစ်ယောက် ကိုမှ လျှော့တွက်လို့ မရ ပါလား။ "

လက်သီးချက် တစ်ချက်သာ ဖြစ်သော်လည်း၊ ကျန်းလဲ့၏ မူလ စွမ်းအင် များမှာ၊ မည်မျှပြင်းထန် သည်ကို လူတိုင်းက ခံစား လိုက်ရသည်။

" ဒါတွေ မင်းရ ခဲ့တာလား "

ကျန်းလဲ့က လှောင်ပြောင်ပြီး၊ လင်းယွန် ခြေလှမ်းများ မတည်ငြိမ်မီ၊ ထပ်မံ တိုက်ခိုက် လိုက်ပြန်သည်။ သူ၏ မူလ စွမ်းအင်များ တဆတ်ဆတ် တုန်ခါ သွားကာ၊ လင်းယွန်ကို နောက်တစ်ကြိမ် ထပ်မံ ဆုတ်ခွာ သွား စေမည့်၊ ဓားအလင်း သုံးလက်ကို ပစ်ချ လိုက်ပြန်၏။

ထိုဓား အလင်းသည် မြေပြင် ပေါ်သို့ ထိုးကျ ပျောက်ကွယ် မသွားမီ၊ တစ်စက္ကန့်မျှ လေထဲ ဝဲပျံ နေခဲ့သည်။

" အရှိန်အဝါကို ဓား အဖြစ် သိပ်သည်း စေခြင်း "

'ဝိညာဉ် အဆင့်' နည်းစနစ် များကို လေ့ကျင့်ထားသူ များ သည်သာ၊ ၎င်းတို့၏ အရှိန် အဝါအား ဓားများ အဖြစ်၊ ပေါင်းစပ် နိုင်သည်ဟု ကြားသိ ထားကြ သောကြောင့်၊ ရပ်ကြည့် နေသည့် တပည့် တစ်ယောက်မှာ မယုံ နိုင်ဟန် အော်ဟစ် လိုက်လေသည်။

ကျန်းလဲ့ကို ပြန်ကြည့် လိုက်မိသည့် မျက်ဝန်းများတွင် လေးစား အထင်ကြီး မှုများ အဖြစ် ပြောင်းလဲ သွား၏။

ဤသည်မှာ ပါရမီရှင် ဟူသော အဓိပ္ပါယ်ပင် ဖြစ်သည်။ ကျန်းလဲ့မှာ သေမျိုး အဆင့်၏ ထိပ်တန်း ဆယ်ယောက်တွင် ပါဝင်ရန် လုံးဝ ထိုက်တန် ပေ၏။

" လင်းယွန်၊ မင်းနဲ့ အတူ အတိတ်ကို ပြန်သတိရဖို့၊ ငါ ဒီမှာ ရှိနေ တယ်လို့ မင်းထင် နေတာလား။"

ကျန်းလဲ့က ရှေ့ကို လှမ်းတက် လိုက်ပြီး အေးစက်သော အသံဖြင့်၊

'' ဟန်ဆောင် နေတာတွေ ရပ်လိုက်ပါ၊ စည်းမျဉ်း တွေကို လိုက်နာဖို့ မင်းကို ပြောခဲ့ ဖူးတယ်၊ ဒါကြောင့် မင်းငါ့ကို အပြစ် မတင်ပါနဲ့၊ ဒီနေ့ မင်း ရှင်းမပြ နိုင်ရင်၊ ရတနာ တောင်ကုန်းကို တွားသွားပြီး၊ ပြန်ဖို့ ပြင်ထား "

" ရှင်းပြရမယ် ဘာကို ရှင်းပြ ရမှာလဲ "

လင်းယွန်က ပြန်လည် မေးမြန်း လိုက်၏။ ကျန်းလဲ့၏ တိုက်ခိုက် လာမှု များကြောင့်၊ အံ့အား သင့်စွာ နောက် ဆယ်လှမ်းခန့် ဆုတ်ခွာ ခဲ့ခြင်း ဖြစ်သည်။ ကျန်လဲ့က သည်ယုံကြည် မှုကို မည်သည့် နေရာမှ ရရှိ သွားမှန်း၊ သူ မသိပေ။

" မင်းရဲ့ သေမင်းကို ဖိတ်ခေါ် နေတာပဲ "

ကျန်းလဲ့က လှောင်ပြောင် ရယ်မော နေသော လင်းယွန်၏ လုပ်ရပ်ကို မြင်လိုက်ရ သည်နှင့်၊ ဒေါသ တကြီး အော်ဟစ် လိုက်သည်။ သူ့ဓားကိုပင် ဆွဲယူရန် ပြင်လိုက်၏။

ဓားကို ဆွဲနေသော ကျန်းလဲ့ကြောင့်၊ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာ တိတ်ဆိတ်သွား ကြသည်။ ယခု ကျန်းလဲ့မှာ လေးနက် လာပြီ ဆိုသည်ကို သူတို့ သိလိုက်၏။

လင်းယွန်မှာမူ အမှန် တကယ်ပင် အကြောက် အရွံ့ ကင်းလှ ပေသည်။ သွေးအရိုး တောအုပ်ရှိ၊ လမ်းလွဲ ကျင့်ကြံသူ များလက်၌၊ သေဆုံးလု နီးပါး ဖြစ် ပြီးနောက်၊ သင်ခန်းစာ တစ်ခု ရရှိ ခဲ့သင့်သည်။

“ မင်းကို ထက်မြက်တဲ့ လူ တစ်ယောက်လို့ ထင်ထား မိတာ၊ ငါအမှား လုပ်မိ သွား ပုံပဲ၊ ငါ့ကို 'ဘာ ရှင်းပြ ရမလဲ' လို့ ပြန်မေး ရဲတယ်လား၊ ကောင်းပြီ မင်း ... မြေပေါ်မှာ ဒူးထောက် ပြီးရင်၊ မင်း ဘာကို ရှင်းပြ သင့်လဲ ဆိုတာ ငါပြော ပြမယ် ”

ကျန်းလဲ့၏ ဓားဆီမှ ထက်ရှသော ဓား ဆန္ဒ အချို့ ထွက်ပေါ် လာပြီး၊ ရပ်ကြည့် နေသူ တိုင်း၏ မျက်လုံး များကို ကျိန်းစပ် သွားစေသည်။

ထွက်ပေါ် လာသော ဓား ရည်ရွယ်ချက် ကြောင့်၊ လူအုပ် ကြီးမှာ တုန်လှုပ် သွား ကြ၏။

လင်းယွန်၏ မျက်လုံး များ၌ ဒေါသ အရိပ် အယောင်များ ထွက်ပေါ် လာသည်။ ကျန်းလဲ့၏ ဓား ရည်ရွယ်ချက် သူ့ ထံသို့၊ မရောက်မီ လေးမှာပင်၊ လက်သီးကို မြှောက်ကာ၊ နဂါး ပန်းချီအား ထုတ်ဖော် ပစ်လိုက်သည်။

နဂါး တစ်ကောင် ကဲ့သို့ ခုန်တက် သွား ပြီးနောက်၊ ကျားတစ်ကောင် ကဲ့သို့ ပြင်းထန်သော လက်သီးကို ပစ်ထုတ် လိုက်ရာ၊ နဂါး ဟောက်သံ များ မြည်ဟိန်း လာလေသည်။

သူ့ပတ်ဝန်းကျင်၌ မြူများ တဖြေးဖြေး ဖြစ်ပေါ် လာပြီး၊ မှုန်ဝါးသော စွမ်းအင်များ စီးဆင်း လာ၏။

သူ၏ လက်သီးချက်သည် ကျန်းလဲ့၏ ဓား ရည်ရွယ်ချက်ကို ချက်ခြင်း ဖြိုခွဲ ပစ်လိုက်ပြီး၊ ပေါက်ကွဲ သွားသည်။ ပေါက်ကွဲမှု အဟုန်ကြောင့် ပါးစပ်မှ သွေးများ စီးကျ လာကာ၊ လွင့်စင် သွားတော့၏။

မျက်စိ တစ်မှိတ် အတွင်း မှာပင် တိုက်ပွဲ ပြီးဆုံး သွားခဲ့ကာ၊ လူတိုင်းကို မှင်တက် သွားစေ ခဲ့သည်။

အားလုံးက ထိတ်လန့် တုန်လှုပ် သွားပြီးနောက် လင်းယွန်ကို လှည့်ကြည့် လိုက် ကြ၏။ ဤလူငယ်သည် လက်သီး တစ်ချက်ဖြင့်၊ သူကိုယ်သူ သက်သေ ပြလာ ခဲ့လေပြီ။

***

All Chapters