ပြောပါ။
Vol. 20 Ch. 270
နာကျင်စွာဖြင့် မြေပြင် ပေါ်သို့ လဲကျ သွားသော ကျန်းလဲ့ မျက်နှာမှာ နီရဲ နေခဲ့၏။ သူ့မျက်လုံး များတွင် ကြောက်ရွံ့ ထိတ်လန့် မှုများ ထင်ဟပ် လာသည်။
နဂါးပန်းချီသည် ကျား- နဂါး လက်သီး၏ ပဉ္စမမြောက် ပုံစံ ဖြစ်ပြီး၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း တွင်ပင်၊ ၎င်းကို လေ့ကျင့် နိုင်ခဲ့သော တပည့် များစွာ မရှိပေ။
ပိုဆိုးသည်မှာ ဓားနန်းတော်၏ တပည့် တစ်ဦး အနေဖြင့်၊ လင်းယွန်မှ ထုတ်ဖော် လိုက်သော နဂါး ပန်းချီသည်၊ 'ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း' ၏ တပည့်များ အသုံး ပြုသည့် ပန်းချီကား ထက်ပင်၊ ပိုမို အားကောင်း နေခဲ့သည်။
" မဟုတ်ဘူး၊ ငါ ဒီနေ့ မင်းကို သတ်မယ် "
ကျန်းလဲ့က ဟောက်လိုက်ပြီး၊ သူ့ လက်သီးကို မြေပြင်သို့ ထုချ လိုက်၏။ မြေပြင်၌ ဖုန်မှုန့်များ လွင့်တက် သွားကာ၊ ကျန်းလဲ့မှာ ကောင်းကင်သို့ ခုန်တက် သွားတော့သည်။
ကျန်းလဲ့က သူ့ ဓားကို ဆွဲကိုင် လိုက်ပြီး၊ ခန္ဓာကိုယ် အတွင်းမှ မူလ စွမ်းအင် များကို၊ တောက်ပ နေသော နေရောင် များကဲ့သို့၊ ဖြန့်ထုတ် လိုက်၏။
မျက်လုံး များတွင် မီးလျှံများ တောက်လောင် လာပြီး၊ ဆံပင် ရှည်ရှည် များက လေထဲ တဖျပ်ဖျပ် လွင့်နေ ခဲ့သည်။
တစ်ဖက်တွင်၊ လင်းယွန်၏ မျက်လုံး များ၌ ဒေါသများ ထွက်ပေါ် လာလျက်၊ သည်းခံ နိုင်မှုများ ပျောက်ဆုံး သွားတော့၏။
ပါးနပ် သူတိုင်းမှာ ယခင် အကြိမ် လဲလှယ်မှု ဖြင့်ပင်၊ ကွာခြား ချက်ကို ခံစားနိုင် သော်လည်း၊ ကျန်းလဲ့ မှာမူ လင်းယွန်ကို ထပ်မံ တိုက်ခိုက်ရန် မိုက်မဲ နေဆဲ ဖြစ်သည်။
'' မင်း တစ်ယောက်ထဲ ဒေါသ ရှိနေတယ် ထင်လား ဟမ်၊ န ဂါး အ မြီး .... ''
လင်းယွန်က မူလ စွမ်းအင် များကို ညာခြေသို့သွန်းလောင်း လိုက်ပြီး၊ 'လေးနက်သောခြေလှမ်း ခွန်နှစ်လှမ်း' ကို ထုတ်ဖော်ကာ၊ ကန်ထုတ် ပြစ် လိုက်၏။
မြေပြင်ပေါ်တွင် အက်ကြောင်းများ စတင် ဖြစ်ပေါ် လာပြီး၊ လင်းယွန်၏ ခြေဖျား ထံမှ ဓားရောင်ဝါများ ပြေးထွက် လာ လေသည်။
ထိုတိုက်ခိုက်မှုသည် မစ်ရှစ် ခန်းမ အပြင် ဘက်တွင်၊ ဖုန်မှုန့်များ ဖြစ်ပေါ် လာစေ ပြီးနောက်၊ ဖြစ်ပေါ် လာသော စွမ်းအင်လှိုင်း များကြောင့်၊ လူတိုင်းက သူတို့ကိုယ် သူတို့ တည်ငြိမ်စွာ ရပ်တည် နိုင်ရန် ရုန်းကန် လိုက် ရ၏။
ကျန်းလဲ့မှာ လင်းယွန်၏ ကန်ချက် ထိမှန် သွားကာ၊ အဝေးသို့ လွင့်စင် သွား ပြန်သည်။
" စီနီယာ အစ်ကို "
ကျန်းလဲ့နှင့် တူညီသော မဟာမိတ် အဖွဲ့ဝင် တပည့်များက၊ ကူညီရန် ချက်ချင်းပင် ပြေးထွက်လာ ကြ၏။
သို့သော် လှုပ်ရှားရန် ပြင်လိုက် ချိန်မှာပင်၊ သူတို့ဆီ ဦးတည် လာသော၊ အလင်းတန်း တစ်စကြောင့်၊ အနည်းငယ် တုံ့နှေးသွား ကြသည်။
ထိုအလင်းတန်း ထွက်ပေါ် လာရာ အဆုံး၌ သူတို့ကို လှမ်းကြည့် နေသော လင်းယွန်ကို တွေ့လိုက် ရ၏။
သူ့ခြေပေါ် ပြန်ရပ်ဖို့ရန် ရုန်းကန် နေရသော ကျန်းလဲ့ကို ပြန်လှည့် ကြည့်လိုက် ကြပြန်သည်၊ သို့သော် သူတို့မှာ မကူညီ နိုင်တော့မှန်း သိလိုက် သောကြောင့်၊ မျက်နှာများ ဖြူဖျော့သွား ကြသည်။
လင်းယွန်၏ စူးရှသော မျက်ဝန်း အောက်တွင် မလှုပ်ရှား နိုင်လောက်အောင် ဆိုးရွားသော ခံစား ချက်များ ဖြစ်ပေါ် လာသည်။
လမ်းလွဲ ကျင့်ကြံသူ များ၏ အရှိန် အဝါဖြင့်၊ ချုပ်နှောင် ခံရ ခြင်းထက် ပို၍ ကြောက်စရာ ကောင်းသည်ဟု ခံစား လိုက်ရ၏။
" လင်းယွန်၊ အဝေးကြီး မယူနဲ့၊ မစ်ရှင် ကျရှုံးခြင်းရဲ့၊ ကျိုးဆက်က မင်း စိတ်ကူးယဉ် နိုင်တဲ့ အရာ မဟုတ်ဘူး၊ ရှင်းယန် တောင်မှ မင်းကို ကယ်လို့ မရ နိုင်ဘူး... "
မတ်တပ် ထရပ်ရန် အနိုင်နိုင် ဖြစ်နေ ခဲ့သော ကျန်းလဲ့က၊ လင်းယွန်ကို ဒေါသတကြီး လှမ်းကြည့်ကာ၊ သတိပေး လိုက်သည်။
" မင်းနဲ့ ဘာဆိုင်လဲ .... "
လင်းယွန်က လက်နှစ်ဖက်ကို နောက်ပစ် လိုက်ပြီး၊ အေးစက် စွာဖြင့်၊ ပြန်မေး လိုက်၏။
ကျန်းလဲ့က ဒေါသ ထွက်နေ ခဲ့သော်လည်း၊ လင်းယွန်၏ မေးခွန်းကြောင့်၊ စွံ့အ သွားသည်။
" ပြောပါဦး မင်းနဲ့ ပတ်သတ်တာ ရှိလို့လား "
လင်းယွန်က ထပ်မံ၊ မေးခွန်း ထုတ် လိုက်၏။
'' လုပ် ပါ ... ''
အကြောင်းပြချက် တစ်ခုခုကြောင့်၊ ထိုသို့ ရိုးရှင်းသော စကားလုံး နှစ်လုံးသည် ကျန်းလဲ့ ၏ နှလုံးသား ထဲသို့ ကြောက်ရွံ့ မှုများ ဖြစ်ပေါ် လာစေ ခဲ့သည်။
'' ရွှပ် ........ ''
လင်းယွန်က သူ့ လက်ချောင်း များကို တောက်ထုတ်လိုက်သော အခါ၊ ကျန်းလဲ့အား တုပ်လှောင်ရန် ဓား (၃) လက် ပြေးထွက် သွားတော့သည်။
'' အား .... ''
ခရမ်းရောင် ဓားသုံးလက်က ခြေထောက် များအား ထိုးဖောက် သွားကာ၊ မတ်တပ် ပြန်ရပ် ဖို့ရန် ကြိုးစား နေမိသော ကျန်းလဲ့ကို၊ ပို၍ ခက် ခဲ သွားစေ ခဲ့ပြန်၏။
ခရမ်းရောင် ဓား အလင်းများ ပျောက်ကွယ် မသွားခင်၊ အသက် လေးရှိုက်စာ ကြာအောင် လေထုထဲ ဖြစ်တည် နေ ခဲ့လေသည်။
၎င်းတို့သည် ကျန်းလဲ့မှ ထုတ်လွှတ် လိုက်သော ဓားအလင်း များထက် လေးဆ ပိုအားကောင်း လှ၏။
ဖုန်မှုန့် တိမ်တိုက်များ တဖြည်းဖြည်း ပြန့်ကျဲ လာချိန်တွင်၊ အားလုံးက လင်းယွန်ကို ကြည့်ကာ၊ ကြောက်လန့် တကြား အာမေဋိတ် သံများ ပြုလာ မိကြသည်။
" ငါ ..... ငါနဲ့ မဆိုင် ပါဘူး "
ကျန်းလဲ့က နာကျင်မှုကို သည်းမခံ နိုင်တော့ ဟန်ဖြင့် ထိတ်လန့်ကာ၊ ပြန်ဖြေ လိုက်သည်။
" ငါ မင်းကို ရှင်းပြ စရာ လို့သေးလား "
လင်းယွန်က နှိမ့်ချ လာသော ကျန်းလဲ့ကို စွန့်လွှတ်ရန် အရိပ် အယောင် မပြ ခဲ့ပေ။
ကြောက်စိတ်များကြောင့် ကျန်းလဲ့၏ ခြေထောက်များ တုန်ယင် သွား ခဲ့သည်။ လင်းယွန် ဒေါသထွက် နေမှန်း၊ ခံစားမိ သော်လည်း၊ မည်သို့ ပြန်ဖြေ ရမည်ကို သူ မသိပေ။
လင်းယွန်က သူ့ အနား တဖြည်းဖြည်း ချဉ်းကပ် လာသည်ကို မြင်လိုက် ရသော အခါတွင်၊ ဘုရင် အဆင့် သားရဲကြီး သုံးကောင် ဝိုင်းရံ ခံလိုက် ရ သကဲ့သို့၊ ခံစားလိုက် ရပြီး တုန်လှုပ် သွား၏။
“ လင်းယွန် ...၊ မင်း ရှင်းပြ စရာ မလို ပါဘူး၊ ငါ့ စကားကို မင်း နားလည်မှု လွဲနေ တာပါ ..."
သို့သော် လင်းယွန်မှာ ကျန်းလဲ့၏ စကားကို မကြားဟန် ပြုလျက်၊ ဆက်လက် လျှောက်လှမ်း လာနေ ဆဲမှ၊ အသံကို မြှင့်လိုက်ပြီး၊
“ မင်းပဲ ငါ့ဆီက ရှင်းပြချက် လိုတယ်လို့ ပြောခဲ့တာ မဟုတ် ဘူးလား။
ဟု မေးလိုက် ပြန်၏။
ကျန်းလဲ့မှာ စကား တစ်ခွန်းမှ မပြော ဝံ့တော့ သည်ကြောင့်၊ ပတ်ဝန်းကျင်မှာ အနည်းငယ် တိတ်ဆိတ် သွားလေ၏။
မစ်ရှင်များကို မအောင်မြင်သော လင်းယွန်ကို နင်းချေရန် ရည်ရွယ်ကာ၊ ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။ သို့သော် ကြောက်ရွံ့ တုန်လှုပ် စွာဖြင့်၊ အဆုံး အဖြတ် ပေးမည့်၊ လင်းယွန်အား မော့ကြည့် နေခဲ့ ရလေသည်။
သုံးလကြာ ပြီးနောက်၊ ကျန်းလဲ့သည် လင်းယွန်၏ မျက်လုံး ထဲ၌ ရှိမနေ ခဲ့တော့ချေ။
အလွန် လွှမ်းမိုးနိုင် လွန်းသော အရှိန် အဝါကို ထုတ်ဖော် ပြသ လာသော လင်းယွန်အား ကြည့်ကာ၊ ယခင် အချိန်၌ သူ့ အပေါ် လှောင်ပြောင် ထားသူ များမှာ တုန်လှုပ် ချောက်ချားစ ပြုလာ ခဲ့သည်။
လင်းယွန်က သူတို့ အပေါ် အာရုံစိုက် လာမည်ကို ကြောက်ရွံ့ နေမိခြင်း ဖြစ်သည်။
တရွေ့ရွေ့ ချဉ်းကပ် လာသော လင်းယွန်ကို၊ ခါးသီးသော မျက်ဝန်း များဖြင့် ကြည့်ကာ၊ ကျန်းလဲ့က ခေါင်းငုံ့ချ လိုက်၏။ သူ လက်ရှိ ခံစား နေရသော ဖိအားမှာ၊ မည်သူ မဆို စိတ်ကူး ယဉ်၍ မရ နိုင်သော အဆင့်၌ ရှိချေသည်။
လင်းယွန်၏ ခြေလှမ်း တိုင်းသည် သူ့ နှလုံးသား ထဲ၌ နတ်ဆိုး ခေါင်းလောင်း အော်မြည်သံ ကဲ့သို့ မြည်ဟိန်း လာ၏။
“ ပြောပါဦး မင်း ငါ့ဆီက ဘယ်လို ဖြေရှင်း ချက် လိုချင် တာလဲ"
လင်းယွင်၏ အသံမှာ တဟုန်ထိုး လင်းလက် သွားသော၊ လျှပ်စီးကြောင်း ကဲ့သို့ ထွက်ပေါ်ပြီး၊ လူတိုင်းကို တုန်လှုပ် သွား စေ၏။
အစောပိုင်း အချိန်တွင် စစ်ဆေး မေးမြန်း နေသူမှာ ကျန်းလဲ့ ဖြစ်သော်လည်း၊ ကစားပွဲမှာ ချက်ချင်း ပြောင်းလဲ သွား ခဲ့သည်။
လင်းယွန် ထံမှ အဆိုပါ မေးခွန်း များကြောင့်၊ ကျန်းလဲ့မှာ စကား မပြော ဝံ့တော့ချေ။
ရုတ်တရက် မထင်မှတ် ထားသော အပြုအမူ အဖြစ်၊ ကျန်းလဲ့က မြေပြင် ပေါ်သို့ ဝုန်းခနဲ ဒူးထောက် ချလိုက် လေသည်။
'' ဝှစ်....... ''
သေမျိုး အဆင့်၏ ထိပ်တန်း ဆယ်ယောက်တွင်၊ ပါဝင် ခဲ့သော တစ်စုံ တစ်ယောက်သည် လင်းယွန်၏ မေးခွန်း သုံးခုကြောင့်၊ ဒူးထောက် နေခဲ့ ရလေသည်။
'' ဝိုး....... ''
အဆိုပါ မြင်ကွင်းမှာ လူအုပ်ကြီးအား မှင်တက် သွားစေ ကုန်၏။ လူများစွာက အံ့အား သင့်စွာဖြင့်၊ ပါးစပ်ကို ကျယ်လောင် စွာ ဖွင့်လျက်၊ အာမေဋိတ် သံများ ပြုလာ ကြသည်။
သေမျိုးအဆင့် ထိပ်တန်း ဆယ်ယောက်မှာ ပြင်ပ တပည့်များ ကြား၌ ဘုရင်များ ဖြစ်ပြီး၊ ၎င်းတို့သည် မည်သူ့ ကိုမျှ ကြောက်ရွံ့ စရာ မရှိချေ။
လွှမ်းမိုး နိုင်လွန်းသော ဖြစ်တည်မှု များကြောင့်၊ သူတို့၏ နှုတ်ထွက် စကားများမှာ ဥပဒေများ ဖြစ်လာ တက်ပေသည်။
တစ်စုံ တစ်ယောက်သည် ၎င်းတို့အား အပြစ်ပြု ပြီးနောက်၊ ဒူးထောက် တောင်းပန် ရသည် သာမက၊ သူ၏ အမှား ကိုပင် ဝန်ခံ ရပေမည်။
သို့သော်လည်း ကျန်းလဲ့ ဟူသော၊ ထိပ်သီး ဆယ်ယောက် အတွင်းရှိ၊ တစ်စုံ တစ်ယောက်သည်၊ မြေပြင် ပေါ်တွင် ဒူးထောက်လျက်၊ ထိုအစဉ် အလာကို ဖျက်ဆီး ပစ်လိုက် လေပြီ။
၎င်းကို လင်းယွန် အမည်ရှိ လူငယ် တစ်ဦးမှ ပြုလုပ် ခဲ့ခြင်း ဖြစ်၏။
အဆိုပါ လူငယ်သည် ယနေ့ ပြီးနောက်၊ ပြင်ပ တပည့်များ ကြားတွင်၊ 'နဂါး' တစ်ကောင် ကဲ့သို့၊ ပျံသန်း နိုင်ပေ တော့မည်။
'' ဂျူနီယာ ညီလေးလင်း၊ ငါအရင်က ပြောခဲ့မိ တာတွေ အတွက် တောင်းပန် ပါတယ် "
ကျန်းလဲ့က ဒူးထောက် လျက်မှ တောင်းပန်လိုက်၏။ သို့သော် .... ။
" ဒီကို လာဖို့ ငါ အရည် အချင်း ရှိလား"
လင်းယွန်က တောင်းပန် သံကို မကြားဟန် ပြုပြီး၊ သူ့ မျက်နှာရှိ အေးစက်သော အရိပ် အယောင် များကို၊ ဆက်လက် ထုတ်ဖော် ထားကာ၊ မေးခွန်း ထုတ် လိုက်သည်။
“ ရှိ ... ရှိပါတယ် ”
ကျန်းလဲ့က ပြန်ဖြေ လိုက်၏။
" ကြယ်ငါးပွင့် မစ်ရှင်ကို ငါ လက်ခံ လို့ရလား။ "
စူးရှသော မျက်ဝန်းများဖြင့် ကျန်းလဲ့၏ တစ်ကိုယ်လုံးကို ထွင်းဖောက် ကြည့်ပစ် လိုက်ကာ၊ လင်းယွန်က ထပ်မေး လိုက် ပြန်သည်။
" ရ ... ရ ပါ တယ် "
ကျန်းလဲ့၏ ဦးခေါင်းမှာ ငုံ့ သထက် ငုံ့ သွားကာ၊ အမြန် ပြန်ဖြေ လိုက်၏။
“ ငါ ... စည်းကမ်း တွေကို ဖောက်ဖျက်လို့ ရလား ”
" ရ ပါ တယ် "
ကျန်းလဲ့ လေသံမှာ တစ်စထက် တစ်စ ဖျော့တော့ တုန်ယင် လာ ခဲ့သည်။ လင်းယွန် ရှေ့၌ ဒူးထောက် နေခဲ့ ရသော်လည်း၊ သူ ဒေါသ မထွက် ရဲပေ။
လင်းယွန်မှ ထပ်မံ ညှဉ်းပန်း နှိပ်စက်ခြင်း၊ မပြု ရန်သာ ဆုတောင်း နေမိ ခဲ့သည်။ ခက်ခဲ နာကျင် စေသော မေးခွန်း များကို၊ ထပ်ပြီး မဖြတ်သန်း ချင်တော့ သည်မှာ၊ အမှန်ပင် ဖြစ်သည်။ သို့သော် ... ။
" ဒါဆို မင်းဘာလို့ ဒူးထောက် နေတာလဲ ..... "
တုန်ယင် နေခဲ့သော ကျန်းလဲ့ကို လျစ်လျူရှု ထားပြီး၊ လင်းယွန်၏ မေးခွန်း များက မှန်မှန် ထွက်ပေါ် လာ ပြန်သည်။
" မင်း ခွင့်ပြုချက် မရှိဘဲ ... ၊ ငါ 'မထ' ရဲ လို့ပါ "
'' ဝိုး ........ ''
ထိုစကားများက ရပ်ကြည့် နေမိသော လူများစွာ၏ နှလုံးသား များအား၊ ကွဲကြေ သွားစေ တော့သည်။
“ ဒါဆို ဆက်လုပ်ပါ၊ တခြား သူတွေကို ဒူးထောက် ခိုင်းတက်တဲ့ မင်းက ...၊ ဘယ်လောက် ကြာကြာ ဒူးထောက် နိုင်မလဲ ဆိုတာ ....၊ ငါ သိချင်တယ် "
လင်းယွန်က ပြန်လှည့် သွားကာ၊ မစ်ရှင် ခန်းမဆီသို့ ဦးတည် လိုက်၏။ လွှမ်းမိုး နိုင်လွန်းသော သူ၏ ရုပ်သွင်မှာ လူတိုင်း၏ မျက်လုံး ထဲ၌ ပြတ်ထင်စွာ ကျန်ရစ် ခဲ့တော့သည်။
ထို့နောက် လူအုပ်ကြီးက၊ ဒူးထောက် နေသော ကျန်းလဲ့ကို ပြန်လှည့် ကြည့်မိကာ၊ သက်ပြင်းချ လိုက်ကြ၏။
ဤအခိုက် အတန့်တွင် ဓားနန်းတော်၌ ကြီးကျယ် ခမ်းနားသော ဉာဏ်ကြီးရှင် တစ်ဦးအား၊ မွေးဖွား လာနိုင် ကြောင်းကို၊ ခံစား လိုက်မိ ကြတော့သည်။
***