← Chapters

စကား မပြောသော။

Vol. 20 Ch. 271

စကား မပြောသော။

Vol. 20 Ch. 271

ကျွီ အီ အီ ....။

မစ်ရှင် ခန်းမ၏ တံခါးမှာ တရွတ်တိုက် မြည်သံဖြင့် ပွင့်လာ ခဲ့၏။ အပြင်ဘက် ရင်ပြင်နှင့် ယှဉ်ပါလျှင်၊ ခန်းမ အတွင်း၌ လူသူ ကင်းရှင်း နေသည်။

ထို့ကြောင့် လင်းယွန်၏ အသွင် အပြင်မှာ၊ လူတိုင်း၏ အာရုံကို ချက်ချင်း ဆွဲငင် သွား ခဲ့သည်။

လင်းယွန်ကို တပည့်တိုင်း မမြင်ဖူး ခဲ့သော်လည်း၊ လင်းယွန်က ကောင်းကင်သို့ ခုန်တက် လိုက်ပြီး၊ ဓားငှက် ပေါ်ရှိ ယီလျူယွင်အား၊ သတ်ပစ်လိုက် ပုံကိုမူ၊ သေချာပေါက် လူတိုင်း ကြားသိ ထားပေသည်။

ဝမ်နင်နှင့် ယီလျူယွင် တို့ကို သတ်ခဲ့ ပြီးနောက်၊ လင်းယွန်၏ သတင်းမှာ တောမီးကဲ့သို့ ပျံ့နှံ့ နေလေသည်။

ထို့ကြောင့် လင်းယွန်သည် မစ်ရှင် များကို ထမ်းဆောင်ရန်၊ ဂိုဏ်း ပြင်ပသို့ ထွက်သွား ခဲ့သည် အား၊ ကြားသိ လိုက်သည်နှင့် ရုတ်ရုတ် သဲသဲ ဖြစ်သွား ကြသည်။

သို့သော် အန္တရာယ် ကင်းစွာဖြင့် ပြန်လာ နိုင်ခဲ့ ခြင်းကြောင့်၊ တစ်ဖန် အံသြ သွားပြန်၏။

" သူ တကယ် ပြန်လာ နိုင်တယ် "

" အဲဒါ သူပဲ မဟုတ်လား၊ လွန်ခဲ့တဲ့ သုံးလက ကြယ်ငါးပွင့် မစ်ရှင်ကို လက်ခံ ခဲ့တဲ့ သူ ”

“ ပြစ်ဒဏ် ရယူဖို့ ပြန်လာတာ ဖြစ်မယ်၊ အခုလို စောပြန်လာ ပုံထောက်ရင်၊ ကြယ်ငါးပွင့် အဆင့် မစ်ရှင် လေးခုကို ဘယ်လို လုပ်ပြီး ပြီးမြောက် နိုင်မလဲ။ ”

လူအနည်းငယ်မှာ မစ်ရှင် ခန်းမ အတွင်း အချင်းချင်း တီးတိုး ပြောလာ ကြသည်။

ထိုစကားသံ များကို အပြင် ဘက်၌ ကြုံဖူး ခဲ့သည်ကြောင့်၊ ၎င်းတို့ကို လင်းယွန်က လျစ်လျူရှု လိုက်ပြီး၊ မစ်ရှင်များ အတွက် တာဝန် ရှိသော အပြာရောင်ဝတ် သင်းထောက်ထံ ဦးတည် သွားခဲ့သည်။

" လင်း ယွန် ... "

လင်းယွန်ကို မြင်သော အခါ သင်းထောက်က အံ့အားသင့် သွားပြီး၊

" မင်း ဒီမှာ ဘာလုပ် နေတာလဲ၊ မင်းရဲ့ ကျရှုံးမှုအတွက် ခွင့်လွှတ်ဖို့ အကြီးအကဲ လျိုဖန်းကို ရှာသင့်တယ်၊ "

သင်းထောက်က လင်းယွန်သည် မစ်ရှင် လေးခုကို၊ ပြီးမြောက် နိုင်လိမ့် မည်ဟု၊ မထင် ထားသောကြောင့်၊ ယင်းစကား များကို အလို အလျောက် ပြောမိခြင်း ဖြစ်သည်။

" ငါက အကြီးအကဲ လျိုကို ရှာရမယ် ...၊ ဘာလို့လဲ၊ မစ်ရှင်တွေ ပျက်ကွက်ရင်၊ ပြစ်ဒဏ် အားလုံးကို ငါကိုယ်တိုင် ခံယူဖို့ ဆန္ဒ ရှိတယ်၊ ဒါပေမယ့် အခုတော့ မဟုတ်ဘူး ”

ဟု လင်းယွန်က ပြန်ဖြေ ခဲ့သည်။

“ မင်းရဲ့ နောက်ခံကို ငါသိတယ်၊ သခင့်ဓားကို လေ့ကျင့် နိုင်ခြင်းက 'ကာကွယ်သူ မက်မွန်' ကိုတောင် ဆွဲဆောင် နိုင်ခဲ့တယ်၊ ဒါက တပည့်ငယ်တွေ ရှေ့မှာ ကြွားဝါလို့ ကောင်းပါတယ်၊ ဒါပေမယ့် ငါ့ရှေ့မှာတော့ လာမရှုပ် ပါနဲ့၊ အမှန် အတိုင်း ပြောရရင်၊ မစ်ရှင် တစ်ခုတည်း ကျန်ခဲ့ ရင်တောင် ...၊ မစ်ရှင် ခန်းမက မင်းကို အပြစ်ပေး ရဦးမှာပဲ။ ”

သင်းထောက်က လင်းယွန်ကို စက္ကန့် အနည်းငယ် ကြာ စိုက်ကြည့်ပြီး ပြုံးလိုက်ကာ၊

“ .... မင်းက 'ကာကွယ်သူ မက်မွန်' ကို မျက်စိကျ စေခဲ့တဲ့ သူ တစ်ယောက်ပဲ၊ ဒါက မစ်ရှင် ခန်းမကို လိမ်လည် ကြွားဝါ နိုင်တယ် လို့တော့ မဆိုလို ပါဘူး "

သင်းထောက်၏ မျက်နှာ ပေါ်ရှိ အပြုံးမှာ ပျောက်ကွယ် သွားပြီး၊ သူ့ စကား များက ခန်းမ ထဲရှိ လူ အနည်းငယ်အား တုန်လှုပ် သွားစေ တော့သည်။ အားလုံးက လင်းယွန်ကို စိတ်ဝင် တစားဖြင့် ပြန်ကြည့် လာ ကြ၏။

" ဒီလို နောက်ခံ ရှိမှတော့၊ သူ ဒီလောက် မာနကြီးဖို့ သတ္တိ ရှိနေတာ မစမ်းပါဘူး ”

" ဒါက မ တ ရား ဘူး "

“ မစိုးရိမ်နဲ့...၊ မစ်ရှင် ခန်းမက သူ့ကို သရုပ်ဆောင် ခွင့် ပြုမှာ မဟုတ်ဘူး၊ အနည်းဆုံးတော့ ဒီပွဲက ငါတို့ကို ပျော်ရွှင် စေ မှာပါ ”

မစ်ရှင် ခန်းမ၏ စည်းကမ်းချက် များ အပေါ်၊ အခွင့်အရေး ရယူ လိုသည့် အတွက်၊ လင်းယွန်မှာ 'ကာကွယ်သူ မက်မွန်' အား ကျောထောက် နောက်ခံ အဖြစ် အသုံး ပြုရန် ကြိုးစား နေ သည်ဟု၊ သင်းထောက်က ထင်မြင် ခဲ့သည်။

" ငါက ကြွားတဲ့ သူနဲ့ တူနေလား "

လင်းယွန်က အေးစက်စွာ ပြန်မေး လိုက်ပြီး၊ သိုလှောင်အိတ် အတွင်းမှ သွေးအဆီ အနှစ် များကို ထုတ်ယူ လိုက်သည်။

သွေးအဆီအနှစ် များကို မြင်သော အခါမှသာ သင်းထောက်၏ အမူအရာများ ပြောင်းလဲ သွားသည်၊ သူက လင်းယွန်ကို ကြည့် လိုက်ပြီး၊ သွေး အဆီအနှစ် များကို စစ်ဆေးလိုက်၏။

" သွေးအဆီအနှစ် ....၊ တကယ့်ကို သွေးခဲတွေပဲ၊ သိပ်သည်း လိုက်တဲ့ စွမ်းအင်တွေ ဒါက သွေးဝံပုလွေ ဘုရင် .... ''

အခြား အရာများနှင့် မတူသော သွေးအဆီ အနှစ်များကို မြင်သောအခါ သင်းထောက်၏ မျက်လုံးများ တောက်ပလာသည်။

ထို့နောက် လင်းယွန်က ၎င်းကို ပြန်ယူ ထုတ်ပြီး၊ သာမန်သွေး အဆီအနှစ် များနှင့် အစားထိုးကာ၊

" တောင်းပန် ပါတယ်၊ ဒါက မှားသွားတယ်"

ဟု ဆိုလိုက်၏။

“ ဒါက မင်း မစ်ရှင် တစ်ခု ပါပဲ၊ ကျန်တဲ့ မစ်ရှင်တွေရော မင်းလက်မခံ ဘူးလား"

သင်းထောက်က မျက်ခုံးပင့်ကာ မေးမြန်း လိုက်သော်လည်း၊ လင်းယွန်က ၎င်းနှင့် ငြင်းခုံရန် စိတ်မ၀င် စားခဲ့ချေ။ ဘိုင်ချူးဟွေ ထံမှ ရရှိသော လက်မှတ် နှင့်အတူ 'ရွှေရောင် နေမင်း သစ်သီး' ကို ထုတ်ယူ လိုက်၏။

သင်းထောက်က ၎င်းတို့ကို စစ်ဆေး နေစဉ် လင်းယွန်က ခေါင်းပြတ် တစ်လုံးကို စားပွဲပေါ် တင်ပေး လိုက်သည်။ ထိုခေါင်းပြတ်၏ မျက်နှာတွင် သွေးများ ပေကျံ နေပြီး မျက်လုံးများ ပွင့်နေဆဲ ဖြစ်၏။

ရုတ်တရက် သွေးသံ ရဲရဲ ဦးခေါင်းပြတ် ကြီးကြောင့်၊ သင်းထောက်က သူ့ ထိုင်ခုံမှ ခုန်ထ လာသည်။

“သူခိုးကြီး ကျူးဖန် ....၊ ဒါ ဒါက မဖြစ် နိုင်တာ၊ မင်း သူ့ကို ဘယ်လို သတ်လိုက် တာလဲ "

သင်းထောက်က ခေါင်းပြတ်မှာ ကျူးဖန် ဖြစ်သည်ကို အတည် ပြုရန်၊ ပန်းချီကား တစ်ချပ်အား၊ ထုတ်ယူ တိုက်စစ် ပြီးနောက် တုန်လှုပ် သွားခဲ့သည်။ အမှန်ပင် ကျူးဖန်၏ ဦးခေါင်း ဖြစ်ပေ၏။

“ ရှင်းပါတယ် သူ့ကို သတ်ပြီး ခေါင်းဖြတ် လိုက်တယ်၊ ဒါကို ဘယ်လို လုပ်ရမလဲ ဆိုတာ လူတိုင်း သိနေ တာပဲ”

လင်းယွန်ပြန် ဖြေကြား လိုက် သံကြောင့်၊ သင်းထောက်၏ နှုတ်ခမ်းများ လှုပ်ယမ်း သွားကာ၊ ရှိုက်ကြီး တငင် ပြုံးသွား မိစေသည်။

လူတိုင်းက တစ်ယောက် ယောက်ကို သတ်ပြီး၊ ခေါင်းကို မည်သို့ ဖြတ်ရ မည်အား သိထား ကြသည်မှာ အမှန် ပေပင်။ သို့သော်၊ ကျူးဖန်ကို သတ်နိုင်သော သူမှာမူ ....။

ဂိုဏ်းတွင် ပြင်ပတပည့်၊ ထောင်ပေါင်း များစွာ ရှိ သော်လည်း၊ ကျူးဖန်၏ နောက်ကို၊ မည်သူ မဆို၊ သတ္တိ ရှိရှိ၊ မလိုက် ဝံ့ချေ။

ထို့ပြင် လင်းယွန်မှာ သတ်မှတ်ရက် မတိုင်မီ တစ်လ အလို၌၊ မစ်ရှင် လေးခုလုံး ပြီးမြောက် ခဲ့၏။ သူ့၏ စွမ်းဆောင် ရည်မှာ၊ လူတိုင်းကို ထိတ်လန့် သွားစေရန် လုံလောက် ပေသည်။

လင်းယွန်က သင်းထောက်ကို ကြည့်ကာ၊

"သင်းထောက်၊ ငါက အခြေ အမြစ် မရှိဘဲ ကြွားဝါ နေတယ်လို့ မင်းထင် နေ သေးလား"

ဟု ပြန်မေး လိုက်၏။

အခြားသော သင်းထောက် များနှင့် အကြီးအကဲ များက ဤမြင်ကွင်းကြောင့် ထိတ်လန့် သွားသည်။ စားပွဲ ပေါ်ရှိ ပစ္စည်းများကို စစ်ဆေးရန် ရောက်ရှိ လာသော အခါတွင် ပို၍ တုန်လှုပ် သွားတော့၏။

“ တကယ်ပဲ ကျူးဖန်ရဲ့ ခေါင်းပဲ ....၊ ”

“ ဒါက .... ရွှေရောင် နေမင်း သစ်သီး၊ 'လ' အတော်ကြာ ပြီးတဲ့နောက်၊ အကြီးအကဲ ဟူကို ငါတို့ ပေးအပ် နိုင်ပါပြီ ”

" ငယ်ငယ် ရွယ်ရွယ်နဲ့ ကျူးဖန်ကို သတ်ပစ် နိုင်တယ်၊ ဒီကောင်လေးက ငါတို့ ဂိုဏ်းရဲ့ ဂုဏ်သတင်းကို တကယ်ပဲ ပြောင်မြောက် စေတော့မှာပဲ၊ ”

" မယုံနိုင် စရာပဲ ...၊ ကြယ်ငါးပွင့် မစ်ရှင်လေးခုကို ပြီးမြောက် ခဲ့တယ်၊ အဲဒီလို စွမ်းဆောင် နိုင်တဲ့ ပြင်ပတပည့် ဘယ် နှစ်ယောက်များ ရှိခဲ့ ဖူးလဲ။ ''

အကြီးအကဲများနှင့် သင်းထောက် များက လင်းယွန် အတွက် ချီးကျူး စကားများ ဆိုလာကြသည်။

အပြာရောင်ဝတ် သင်းထောက်၏ မျက်နှာမှာ ရှက်ရွံ့စွာ နီမြန်း သွား၏၊ သူက ချက်ချင်းပင် ပြုံးလိုက်ကာ၊

“ငါ မင်းကို အထင်လွဲ ခဲ့တာမို့၊ ငါ့ရဲ့ အရင်က အပြု အမူ အတွက် တောင်းပန် ပါတယ်၊ ဒါက မင်းရဲ့ ဆုလာဘ်ပါ။ "

စွမ်းဆောင်ရည် ရမှတ်များ အပြင်၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း စုစုပေါင်း (၁,၃၀၀) အား ပေးအပ် ခဲ့သည်။

များပြား လှသော ဆုလာဘ် ပမာဏ ကြောင့်၊ ခန်းမ ထဲရှိ တပည့် အားလုံးက လင်းယွန်ကို မနာလိုစွာ ကြည့်လိုက် မိသည်။

“ ရှင်းသန့် လိုက်တာ … ၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်းတွေ အများကြီးပဲ …၊ အဲဒါမျိုး ဆယ်တုံး နဲ့တင် အောင်မြင်မှု တစ်ခုကို ငါ ရယူ နိုင်မယ်။ ”

“ ကာကွယ်သူ မက်မွန်က သူ့ကို အရမ်း တန်ဖိုးထားတယ် ဆိုတာ ...၊ အံ့သြ စရာတော့ မရှိ ပါဘူး၊ စီနီယာ အစ်ကို လင်းက သန်မာ တာကိုး။ ''

ခန်းမအတွင်းရှိ တပည့်များ အားလုံးက သူတို့ လုပ်လက်စ များကို ရပ်လိုက်ပြီး၊ လင်းယွန်အား မနာလိုစွာ ကြည့်နေ ကြသည် ။

“ ဒါဆို ငါ့ကို ခွင့်ပြုပါဦး ”

ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း များကို လက်ခံ ရရှိ ပြီးနောက် ကျေနပ် သွားသည်။ သို့သော် လင်းယွန် ထွက်ခွာ တော့မည် အချိန် မှာပင်၊ ရုတ်တရက် ရွှင်မြူး နေသော ဟန့်တား သံ ထွက်ပေါ် လာ သည်ကြောင့်၊ တုန့်ဆိုင်း သွားသည်။

“သူခိုးကြီး အဆင့်က လမ်းလွဲ ကျင့်ကြံသူ တွေကို သတ်တဲ့ အတွက်၊ အထူး ဆုလာဘ် တစ်ခု ရှိတယ်၊ ကျေးဇူးပြုပြီး မင်းရဲ့ ဓားနန်းတော် ဂိုဏ်းသား တံဆိပ် ပြားကို ငါ့ဆီ ခဏလောက် ပေးပါ "

အပြာရောင်ဝတ် သင်းထောက်က လင်းယွန်ကို ဤတစ်ကြိမ်၌ ပေါ့ပေါ့ တန်တန် မဆက်ဆံ ဝံ့တော့ပေ။

"အထူး ဆုလာဘ် ရှိတယ်လား ..... "

လင်းယွန်က ဂိုဏ်းသား တံဆိပ်ပြားကို ကမ်းပေး လိုက်ပြီး၊ မေးယူ လိုက်သည်။

အပြာရောင်ဝတ် သင်းထောက်က ပြုံးလျက် ပြန်မဖြေ ခဲ့ပေ။

“ကျေးဇူးပြုပြီး ငါ့ကို စောင့်ပါ၊ ငါ မင်းရဲ့ ဂိုဏ်းသား တံဆိပ် ပြားကို ခန်းမ သခင်ဆီ လွှဲပေး ရမယ်၊ ဒီဆုလာဘ်ကို ခန်းမ သခင် ကိုယ်တိုင် ပေးမှာပါ ”

မစ်ရှင်ခန်းမ အပြင်ဘက်၌ ကျန်ရစ်ခဲ့ သူများ မှာမူ၊ ခန်းမအတွင်း အဖြစ် အပျက် များကို မသိ ခဲ့ကြပေ။ ရှုပ်ထွေးသော မျက်ဝန်း များဖြင့် ကျန်းလဲ့ကို ကြည့်နေ ကြဆဲ ဖြစ်သည်။

တစ်ချို့သော သူများက ကျန်းလဲ့၏ ကံဆိုးမှု ကိုပင် ဝမ်းသာ မိကြသည်။ ကျန်းလဲ့သည် လူ အများကို ဒူးထောက် ခိုင်းတက်သော အလေ့ အထ ရှိပြီး၊ သေမျိုး အဆင့်တွင် ထိပ်တန်း ဆယ်ယောက် အတွင်း၊ ရပ်တည် နိုင်သော သူ၏ ခွန်အား အရ၊ လူများစွာကို အနိုင်ကျင့် ခဲ့သည်။

ထိုအချိန်မှာပင်၊ ကောင်းကင်မှ ပုံရိပ် နှစ်ရိပ် မြေပြင် ပေါ်သို့၊ ဆင်းသက် လာပြီး၊ ကျန်းလဲ့အား အံ့သြသည့် အမူအရာ များဖြင့်၊ ကြည့်လိုက် ကြသည်။

အသစ် ရောက်ရှိ လာသူ နှစ်ယောက်ကို လူ အများက မြင်သော အခါတွင်၊ သူတို့၏ မျက်နှာများ ပြောင်းလဲ သွားပြီး၊

" သေမျိုး အဋ္ဌမ အဆင့် လူဟေရွှမ်နဲ့

၊ နဝမအဆင့်က ရှင်းဝူဟန် "

သူတို့၏ အော်သံ ဟစ်သံများ မဆုံးခင် မှာပင်၊ နောက်ထပ် ပုံရိပ်များ ထပ်မံ ရောက်ရှိ လာပြန်သည်။

၎င်းတို့မှာ သတ္တမ အဆင့်ရှိ ဟိုဒေါင်းလွမ်၊ ဆဌမ အဆင့် ဝိန်ဇီလင်း၊ ပဉ္စမ အဆင့် ယန်ရှီဂေါင် နှင့်၊ စတုတ္ထအဆင့် ဟန်ဇောင်ယန်း တို့ဖြစ်သည်။

သေမျိုးအဆင့် ထိပ်တန်း ဆယ်ယောက် တို့မှာ သာမာန် နေ့များတွင် တွေ့ရခဲ သောကြောင့်၊ ၎င်းတို့ အနက်မှ တပြိုင် နက်တည်း၊ ခုနစ် ဦးကို တွေ့လိုက် ရသည် ဖြစ်ရာ၊ လူအုပ် ကြီးက အံ့အားသင့် သွား ကြသည်။

ယင်းကို တိုက်ဆိုင်မှု တစ်ခု အဖြစ် မယူဆ မိတော့ချေ။ လင်းယွန်ကြောင့် ထွက်ပေါ် လာခြင်း ဖြစ်မှန်း သူတို့ တွေးမိ လိုက် ကြသည်။

သူတို့ ခြောက်ယောက်သည် ကျန်းလဲ့ ကဲ့သို့၊ လင်းယွန်ဖြင့် ပဋိပက္ခများ မရှိ သော်လည်း၊ ၎င်းတို့နှင့် သက်ဆိုင်သော တာဝန် များကို၊ လင်းယွန်က ရယူ သွားခဲ့သည်။

ထို့ကြောင့် သူတို့၏ နားရွက် များကို တံတွေး လာစွတ်ခြင်း မည်ပေသည်။ ထိပ်ဆုံး ဆယ်ယောက်ရှိ မည်သူ မဆို၊ သူတို့ မျက်လုံးထဲ ဝင်ရောက် လာမည့် အမှိုက် များအား သည်းမခံ လိုကြချေ။

သူတို့ ခြောက်ယောက် ထဲတွင် ဟန်ဇောင်ယန်းမှာ အသန်မာဆုံး ဖြစ်၏၊ သူက အေးစက်စက်မျက်နှာဖြင့်၊

" ကျန်းလဲ့ ...၊ မင်းက လူမြင်ကွင်းမှာ ဒူးထောက်ပြီး ဘာလုပ် နေတာလဲ "

- ဟု စတင် မေးမြန်း လာလေသည်။

“ ရှက်စရာပဲ၊ မင်းလို လူတစ်ယောက်က သေမျိုး အဆင့် ထိပ်တန်း ဆယ်ယောက်ထဲ ဘယ်လို ပါဝင် လာနိုင်ခဲ့ တာလဲ။ "

ဟိုဒေါင်းလွမ် ကပါ ဝင်ရောက် မေးမြန်း လိုက်သည်။ သူ့ကို ဒေါသ သိုင်းသမားဟု လူ သိများ၏။

ကျန်းလဲ့နှင့် အတော် အတန် ကောင်းမွန်သော ဆက်ဆံရေး ရှိထားသည့် ရှင်းဝူဟန်က၊

“ အားလုံးပဲ စိတ်အေးအေး ထားပါ၊ ဂျူနီယာ ညီအစ်ကို ကျန်း... ထရပ်ပြီး၊ ဘာဖြစ်နေတာလဲ ငါတို့ကို ပြောပြပါ၊ မင်းဒီမှာ ဒူးထောက် နေရအောင် ဘယ်သူ့ကို စော်ကား မိ လို့လဲ "

ကျန်းလဲ့က လှုပ်ရှားခြင်း မရှိခဲ့ချေ။ သူ့နှလုံးသား ထဲတွင် ခါးသီးစွာဖြင့် ပြင်းစွာသောအရှက် တရားကို ခံစား နေရ၏၊ သို့သော် ရှင်းဝူဟန် စကား အတိုင်း၊ သူ့ ခြေထောက်ပေါ် ပြန် မတက် ရဲပေ။

ပြန်စဉ်းစား လိုက်မိသည့် အချိန် တိုင်းတွင်၊ လင်းယွန်နှင့် သူ၏ ရန်ပွဲမှာ၊ တစ်ချက် ရွှေ့ရုံဖြင့် ရလာဒ် ထွက်လာ နိုင်သည်။

သူ့ ဓားကို ဖျက်ဆီးရန် နဂါးပန်းချီ ကိုသာ၊ အသုံးပြု ခဲ့ပြီး၊ လင်းယွန်၏ မူလ စွမ်းအင် သိပ်သည်း ဆသည် မြေပြင်ကို ခြေဖြင့် အက်ကွဲအောင် ပြုလုပ် လိုက်သော အင်အားထက် များစွာ ပိုပေ၏။

ထို့အပြင် လင်းယွန်မှာ သူတို့၏ တိုက်ပွဲ၌ အင်အား (၃၀%) ကိုသာ၊ အသုံးပြု ခဲ့သည်ဟု ခန့်မှန်း ထားမိသည်။ အဆိုပါ ခန့်မှန်းချက် အကြောင်းကို တွေးလိုက် မိချိန် တိုင်းတွင်၊ ချွေးစများ သီးလာ တက်သည်။

ဆိုလိုသည်မှာ လင်းယွန်သည် သူ့အား အချိန် မရွေး၊ နေရာ မရွေး၊ အလွယ် တကူ သတ်ပြစ် နိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

လင်းယွန်ဆန္ဒ ရှိသည် ဖြစ်စေ၊ မရှိ ဖြစ်စေ ဤသို့ ဒူးထောက် သည်မှာ၊ အကြောင်း အရင်း တစ်ရပ်သာ ဖြစ်သည်။

'' ဂျူနီယာ ညီလေး လင်းက ငါ့ကို ဒူးထောက် ခိုင်းထား တာပါ ”

ကျန်းလဲ့က ခေါင်းငုံ့ကာ၊ ပြန်ဖြေ လိုက်ပြီး ရှင်းဝူဟန်ကို မကြည့်ဝံ့ ခဲ့ပေ။

" ဂျူနီယာ ညီလေးလင်း .... ဟမ် ၊ ဒီလို မောက်မာ ရဲတာ... သူက ဘယ်သူလဲ။ "

ဟန်ဇောင်ယန်းက ဟစ်အော် လိုက်၏။

"သူက လင်းယွန်ပဲ "

ကျန်းလဲ့က တိုးညှင်းစွာ ပြန်ဖြေ လိုက်၏။ သူ့ စကားကြောင့် ၎င်းတို့ ခြောက်ယောက် မျက်နှာများ ချက်ချင်း ပြောင်းသွားသည်။

လင်းယွန် ပေါ်လာ ကြောင်းကို သူတို့ ကြားလိုက် ရ သောကြောင့်၊ သည်နေရာသို့ ရောက်ရှိ လာခဲ့ ကြခြင်း ဖြစ်သည်။

သူတို့ထက် တစ်လှမ်းစော သွားသော ကျန်းလဲ့သည် ဤမျှ ဆိုးရွားသော အခြေ အနေဖြင့် အဆုံးသတ် နေလိမ့် မည်ဟု မထင်ထား ခဲ့ပေ။

" ကောင်း တယ် ...၊ ကောင်းတယ် အရမ်း ကောင်းတယ် ...၊ သူက ငါတို့ ဆယ်ယောက် လုံးကို အရှက် ခွဲဖို့ ကြိုးစား နေတာ ထင်ရှား ပါတယ်။ ”

သူတို့ ခြောက်ယောက်က ဒေါသ ထွက်လာသော အမူ အယာများ ဖြစ်ပေါ် လာသည်။ ၎င်းတို့ ဆယ်ဦးသည် မတူညီသော မဟာမိတ် အဖွဲ့ အသီးသီးတွင်၊ တူညီသော အဆင့်အတန်းကို ရယူ ထားနိုင် သောကြောင့်၊ တစ်ခု တည်းသော အဖွဲ့ အဖြစ်၊ သတ်မှတ် နိုင်ဆဲ ဖြစ်သည်။

ထို့ကြောင့် ကျန်းလဲ့ကို ပြုမူ ခြင်းဖြင့်၊ သူ့တို့ကို ပါးရိုက် ကြိုဆို လာပေသည်။

" ထ ပါ "

ဟန်ဇောင်ယန်းက အေးစက်စွာ အမိန့် ပေး လိုက်၏။

သို့သော်လည်း ကျန်းလဲ့မှာ မြေပြင် ပေါ်တွင် ထောက်မြဲတိုင်း ဒူးထောက် နေခဲ့သည်။ တတ်နိုင် ပါက ဤနေရာမှ ထထွက် သွားချင် ပေသည်။

လူသိရှင်ကြား အရှက်ခွဲ ခံရခြင်း မျိုးကို မည်သူ မဆို မခံ လိုခဲ့ပေ။ လင်းယွန်၏ အေးစက်သော အကြည့် များကို တွေးမိတိုင်း၊ သူ့ ဆန္ဒ များအား ဖျောက်ပစ် လိုက်ရသည်။

လှုပ်ရှား ဝံ့ပါက ပိုကြောက်စရာ ကောင်းသော အခြေ အနေဖြင့် ကြုံတွေ့ ရနိုင် လိမ့်မည်ဟု သူ ခံစား မိ၏။

လင်းယွန်မှာ ခင်မင် နှစ်လိုဖွယ် အပြုံးကို ပိုင်ဆိုင်ထား သော်လည်း၊ ၎င်းသည် မည်သူ မဆို သူ့အား နှောင့်ယှက် နိုင်သည်ဟု မဆိုလိုချေ။

“အကိုကြီး ဟန်၊ ငါ့ကို လျစ်လျူရှု ထားပါ၊ ခဏလောက် နေပြီးရင် ငါ အဆင်ပြေ သွားမှာပါ၊ ”

ကျန်းလဲ့က အံကြိတ်လျက် ပြန်ဖြေ လိုက်သည်။

"မင်း သေချင် နေတာပဲ "

ဟန်ဇောင်ယန်းက သူ၏ အရှိန်အဝါကို ထုတ်လွှတ်ပြီး ဖိအား ပေးလိုက် သော်လည်း၊ ကျန်းလဲ့မှာ လှုပ်ရှား လာခြင်း မရှိ ခဲ့ချေ။

ထိုအပြု အမူ များကြောင့်၊ သူတို့ ခြောက်ယောက် စလုံး၏ မျက်နှာကို ရုပ်ဆိုး သွားစေ ခဲ့သည်။ သူတို့က လင်းယွန်၏ မျက်နှာကို ဖြတ်ရိုက် ရန်သာ ပြေးလာ ကြခြင်း ဖြစ်သည်။ သို့သော် .... ။

သူတို့ အားလုံး၏ မျက်နှာများ ပေါ်တွင်၊ နာကျင် ရှက်ရွံ့ သွားဟန်များ၊ အထင်းသား ဖြစ်ပေါ် လာလေသည်။

" ငါတို့ နှစ်ယောက်က မင်းကို ထခိုင်း ရင်ရော၊ မင်း ခြေထောက် ပေါ် ပြန်ရပ် မှာလား။ "

တည်ငြိမ်သော မေမြန်း လာသံ နှင့်အတူ၊ ကောင်းကင်မှ ပုံရိပ် နှစ်ရိပ် ထပ်မံ ဆင်းသက် လာခဲ့သည်။

၎င်းပုံရိပ် နှစ်ရိပ်မှာ ဂျင်းဖိန်နှင့် ယီရှုတို့ ဖြစ်ပြီး၊ သေမျိုး အဆင့်တွင် ဒုတိယနှင့် တတိယ နေရာ၌ ရပ်တည် ထားနိုင် သူများ ဖြစ်လေသည်။

***

All Chapters