← Chapters

ဒီခေါင်းလောင်းက ဘယ်သူ့အတွက် ထိုးတာလဲ။

Vol. 20 Ch. 273

ဒီခေါင်းလောင်းက ဘယ်သူ့အတွက် ထိုးတာလဲ။

Vol. 20 Ch. 273

'' ဒင်.... ဒင် ''

တောင်တန်း တစ်လျှောက် ရှေးဟောင်း ခေါင်းလောင်း မြည်သံများ၊ ပဲ့တင် ထပ်လာ သည် ကြောင့်၊ အားလုံးက လင်းယွန်ကို ပြန်ကြည့် လိုက် ကြသည်။

ဝမ်ယန်နှင့် ဟန်ဇောင်ယန်း တို့မှာ၊ လင်းယွန်ကို အစ ကတည်း ကပင်၊ အထင် အမြင် သေးရိုးစွဲ ဖြစ်ရာ၊ ရုတ်တရက် ထွက်ပေါ် လာသောခေါင်းလောင်းသံ များကြောင့်၊ မျက်နှာများအပျက် ယွင်းဆုံး ဖြစ်လာ ပေ၏။

'' ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ ''

ဂျင်းဖိန်နှင့် ယီရှုက အံသြစွာ ရေရွတ် လိုက် သည်။ ကျူးဖန်ကို သတ်ရန် မစ်ရှင်သည်၊ မူလက ၎င်းတို့နှင့် သက်ဆိုင် သောကြောင့်၊ ဤခေါင်းလောင်း သံမှာ သူတို့ အတွက်သာ ဖြစ်သင့် ပေသည်။ ယင်းအစား လင်းယွန်က အားလုံး၏ အာရုံ စိုက်မှုကို ရယူ သွားခဲ့၏။

'' ဒီခေါင်းလောင်း သံက ဘယ်သူ အတွက် မြည်တာလဲ။ ''

ခေါင်းလောင်းသံက လင်းယွန် ပြော သကဲ့သို့ မြည်လာခြင်း ဆိုပါက၊ သူကို ရည်ရွယ်ခြင်း ဖြစ်ပေမည်။

လင်းယွန်မှာ လုံလောက် သော သွေးရဲပြီး၊ သေမျိုး အဆင့် ထိပ်ဆုံး ဆယ်ဦးကို စော်ကား ဝံ့သော သတ္တိ ရှိပေသည်။ လူငယ် တစ်ယောက် သွေးရဲ ခြင်းသည် သဘာဝသာ ဖြစ်၏။

"ဓားနန်းတော်ရဲ့ တပည့်တွေ ...... "

ရှေးဟောင်း ခေါင်းလောင်းကြီး ဘေး၌ အကြီးအကဲ တစ်ဦး ရုတ်တရက် ထွက်ပေါ် လာလေသည်။ ထိုအကြီး အကဲသည် မစ်ရှင် ခန်းမ သခင် ဖြစ်ပြီး၊ နေရောင် အောက်တွင် ရပ်လျက်၊ အော်ဟစ် လိုက်သော သူ့ အသံမှာ လေထဲ ပဲ့တင်ထပ် လာ၏။

လင်းယွန်မှ လွဲ၍ ဤနေရာရှိ တပည့် တိုင်းက ချက်ချင်းပင်၊ ဒူးထောက်ကာ လက်ဝှေ့ ယမ်း လိုက်ပြီး၊

“ မင်္ဂလာပါ ခန်းမ သခင် ”

ဟု အရိုအသေ ပြုလိုက် ကြသည်။

မစ်ရှင်ခန်းမသခင် အသံက လေထုထဲမှ ထပ်မံ ထွက်ပေါ် လာပြန်၏။

“ ပြင်ပတပည့် လင်းယွန်က၊ ဂိုဏ်းရဲ့တရားဝင် တပည့် ရာထူးကို ရရှိ ထားတာ၊ နှစ်ဝက် မပြည့်ခင် မှာပဲ၊ သူခိုးကြီး အဆင့်ဝင် ကျူးဖန်ကို သတ်ပစ် နိုင်ခဲ့တယ်၊ 'အနီရောင် ဖီးနစ်ငှက်' မြည်ဟိန်း တာက၊ မကောင်းမှု အားလုံးကို ချေမှုန်းပြီး၊ ငါတို့ ဂိုဏ်းရဲ့ ဂုဏ် သတင်းကို မြှင့်တင်ဖို့၊ လူတိုင်း ပြင်းပြင်း ထန်ထန် လေ့ကျင့် ရအောင်၊ ဒီနေ့ ခေါင်းလောင်း သံက သတိပေး လိုက်တာပဲ။ ”

'' ဒင်.......... ဒင် ဒင် ''

အကြီးအကဲ၏ အသံမှာ တောင်တန်း အနှံ့ ပဲ့တင်ထပ် သွားသည်။

" ပြင်ပ တပည့် တစ်ယောက်က သူခိုးကြီး ကျူးဖန်ကို သတ်လိုက် တာလား။ "

" လင်းယွန် အတွက် ခေါင်းလောင်းသံ မြည်နေတာပဲ "

" အိုး ... လွန်ခဲ့တဲ့ ရက်ပိုင်း ကတင်၊ သွေးအရိုး တောအုပ် ထဲမှာ သေဆုံး သွားပြီလို့ ပြောနေ ကြတယ် မဟုတ်လား၊ အခု အနီရောင် ဖီးနစ်ငှက်က ...”

၎င်းသည် မစ်ရှင် ခန်းမ တွင်သာ မက၊ တောင်ထိပ်ပေါင်း တစ်ရာ့ ရှစ်လုံး ထိတိုင် ပျံ့နှံ့ သွားခဲ့သည်။

အကြီးအကဲ စကား ပြီးဆုံး သွားသည်နှင့်၊ ဂိုဏ်း၏ နေရာ အနှံမှ တပည့် များစွာက၊ မြေပြင် ပေါ်တွင် ဒူးတစ်ဖက် ထောက်လိုက်ကာ၊ သံပြိုင် ဟစ်ကြွေး လိုက်ကြ၏။

" ငါတို့ နှလုံးသား ထဲတွင် ခန်းမ သခင်၏ လမ်းညွှန်မှုကို ရေးထွင်း ထားပြီး၊ ကမ္ဘာပေါ်ရှိ မကောင်းမှု အားလုံးအား ချေမှုန်း ပစ်ခြင်းဖြင့် ဂိုဏ်း၏ ဂုဏ် သတင်းကို မြှင့်တင် ကြပါစို့ .... ။ "

'' ဒင် ........ ဒင် ...... ဒင် ....... ''

ဝမ်ယန် ပြောသည့် အတိုင်း ရှေးဟောင်း ခေါင်းလောင်း ကြီးမှာ အသံမြည် လာခဲ့ပြီးနောက်၊ ယင်း အသံကို မဟာချင် နိုင်ငံ၏ နေရာတိုင်း လိုလိုတွင် ကြားလိုက် ရလေသည်။

'' ဒင်... ဒင်..... ဒင်..... ဒင် .... ''

ထာဝရမြင့်မြတ်ခြင်း ဂိုဏ်းတွင် ဂိုဏ်း၏ အကြီးအကဲ များက၊ စူးရှသော ခေါင်းလောင်းသံကြောင့်၊ ဓားနန်းတော် ရှိရာ တောင်တန်းများ ဆီသို့၊ ထရပ်လျက် မျှော်ကြည့် လိုက်ကာ၊ အမူ အရာများ သိသိ သာသာ ပြောင်းလဲ သွားကုန်သည်။

“ ဒါ အနီရောင် ဖီးနစ်ပဲ … သူတို့ရဲ့ တပည့် တစ်ယောက်က၊ မဟာ သူခိုးကြီး အဆင့် ကျင့်ကြံသူကို၊ သတ်လိုက်လို့ ဖီးနစ် ကြုံးဝါးသံ မြည်ဟိန်း လာတာ .... ။ ”

“ အဲဒါက ဒီလောက် မရိုး ရှင်းမှာ ကြောက်မိတယ်၊ ခေါင်းလောင်း ထိုးသံ အကြိမ် တစ်ရာ ဆိုတော့ ...၊ ပြင်ပ တပည့်လို့ ရည်ညွှန်း လိုက်တာပဲ၊ အဲ့ဒီ တပည့်က လမ်းလွဲ သိုင်းသမားကို သူကိုယ်တိုင် သတ်လိုက် တာလို့လည်း အဓိပ္ပာယ် ရပါတယ်၊ ''

'' မဟာသူခိုးကြီး အဆင့် လမ်းလွဲ ကျင့်ကြံ သူကို သတ်နိုင်တဲ့ သူက၊ အတွင်း တပည့် တစ်ယောက်သာ ဆိုရင်၊ အနီရောင် ဖီးနစ်က ကိုးကြိမ်ပဲ မြည်လိမ့်မယ်။ ”

“ အဲဒီ တပည့်က ဘယ်သူလဲ ဆိုတာ သွားစုံ စမ်း ကြည့်စမ်း။ ”

တစ်ခုသော တောင်ထွတ် တစ်လုံး ပေါ်တွင်၊ 'လွင့်မျောနေသော ရေခွက်လေး' က လေထုထဲရှိ ခေါင်းလောင်း သံကို နားထောင် နေလျက်မှ တွေးဆ နေဟန်ဖြင့်၊

“ ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ ....။ ”

ဟု တစ်ကိုယ်တည်း ရေရွတ် လိုက်လေသည်။

'' ဒင်.... ဒင်...... ဒင်...... ''

ခေါင်းလောင်း သံကြောင့် တခြားသော တပည့်များ သည်လည်း အံ့သြ သွားကြ လေသည်။

ထာဝရမြင့်မြတ်ခြင်း ဂိုဏ်းတွင်လည်း 'တော်ဝင် နဂါး' ဟု သိထား ကြသော အလားတူ၊ ရှေးဟောင်း ခေါင်းလောင်း ကြီး တစ်လုံး ရှိလေသည်။

ခေါင်းလောင်း တိုင်း၏ မြည်ဟိန်း သံများမှာ၊ မဟာချင် အင်ပါယာ အနှံ့၊ ကြီးမားသော လှိုင်းလုံးများ ဖြစ်ပေါ် လာစေ နိုင်သည်။

“ ဒါဓားနန်းတော်ရဲ့ အနီရောင် ဖီးနစ် ကျူးရင့် သံပဲ၊ မဟာ သူခိုးကြီး အဆင့် လမ်းလွဲ ကျင့်ကြံ သူကို၊ ဘယ်သူ သတ်လိုက် တာလဲ ”

" မယုံနိုင် စရာပဲ၊ သူတို့ကို ရှာတွေ့ဖို့ ဆိုတာ မလွယ်ဘူး၊ တွေ့ခဲ့ ရင်တောင် သတ်ရ ခက်တယ် ”

“ ဟုတ်တယ်၊ နှစ်တွေ ကြာလာတာ နဲ့အမျှ၊ ပါရမီရှင် ရှစ်ပါး ကသာ၊ မဟာ သူခိုးကြီး တွေကို သတ်နိုင် ခဲ့တယ်။ ”

“ ဒါတော့ မင်းချဲ့ကားနေပြီ၊ သူတို့က လိမ္မာ ပါးနပ် လွန်းလို့သာ သတ်ရ ခက်တာပါ၊ ပြင်ပ တပည့်တွေ မပြောနဲ့၊ အတွင်း တပည့် တွေတောင် လုပ်နိုင်စွမ်း ရှိဖို့ မလွယ်ဘူး ”

" ဘူချန်၊ မင်းဘာလို့ စကား မပြော တာလဲ "

သူတို့ အဖွဲ့က အချင်းချင်း ဆွေးနွေး နေခဲ့ ကြသည့် အချိန်၌၊ လူငယ် တစ်ဦးမှာ အဆင် မပြေသော အမူ အရာဖြင့် ရှိနေ ခဲ့သည်။

ထိုစဉ်က လင်းယွန်မှာ ကျူးဖန်အား ခေါင်းဖြတ် လိုက် သည်ကို သူ မြင်ထား ခဲ့၏။

“ နောက်ဆုံးတော့ ခေါင်းလောင်း မြည်လာ ပြီပေါ့ …”

ဘူချန်က သက်ပြင်းချကာ ရေရွတ် လိုက်၏။ သူ့ အပြုအမူ များမှာ၊ လင်းယွန် ရှေ့တွင်၊ လူပြက် တစ်ယောက် ကဲ့သို့၊ ရယ်စရာ ကောင်းလွန်း သည် ဖြစ်ရာ၊ မစ်ရှင်ကို ပြန်သတိရ မိသည်နှင့် ရှက်ရွံ့ သွားရ လေသည်။

၎င်းသည် 'ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း' သာမက၊ 'လနတ်ဆိုး ဗိမ္မာန်ဂိုဏ်း'၊ 'ရှေးဟောင်း တာအိုဂိုဏ်း'၊ 'ကောင်းကင်ဘုံ ချင် အင်စတီကျု' နှင့် မဟာချင် အင်ပါယာရှိ တော်ဝင် မျိုးနွယ်တို့ သည်လည်း ခေါင်းလောင်း သံကို ကြားလိုက် ရသည်။

မဝေးတော့သော ကာလ အတွင်း၊ လင်းယွန်၏ အမည်သည်၊ မဟာချင် အင်ပါယာ အနှံ့ ပျံ့နှံ့ ပေတော့မည်။

အပြာရောင် နေမင်း နိုင်ငံ၏၊ လက်လှမ်း မှီရာ အရပ် ထိတိုင်၊ ရောက်ရှိသွား နိုင်ပေမည်။

လင်းယွန်သည် သူ့ နာမည်ကို၊ ဤမျှ မြန်မြန် တည်ဆောက် နိုင် လိမ့်မည်ဟု မျှော်လင့် မထား မိကြချေ။

သည်နေ့မှ စပြီး လင်းယွန်၏ နာမည်အား မသိသူ မရှိ နိုင်တော့ချေ၊ သို့သော် ခေါင်းလောင်းသံမှာ အစသာ ဖြစ်ပေ၏။

ခေါင်းလောင်းသံများ တဖြည်းဖြည်း တိုးဖျော့ သွား သည်နှင့်၊ ဒူးတစ်ဖက် ထောက်ကာ နားထောင် နေ ကြသော သူများက၊ ဖြည်းဖြည်းချင်း ထရပ် လာကြသည်။

ဝမ်ယန်နှင့် သေမျိုး အဆင့် ထိပ်သီး ဆယ်ယောက်မှာ မဲမှောင် နေသော မျက်နှာ များဖြင့်၊ လင်းယွန်ကို လှည့်ကြည့်ရန် ကြိုးစား လိုက်၏။

သို့သော် လင်းယွန်မှာမူ ထွက်ခွာ သွားပြီး ဖြစ်ရာ၊ အဝေး သို့ပင် ရောက်ရှိ သွားခဲ့ လေပြီ။

" လင်းယွန်... ဒီမှာပဲ ရပ်လိုက်စမ်း "

ဝမ်းယန်နှင့် သေမျိုး အဆင့် ထိပ်တန်း ဆယ်ယောက်က အော်ဟစ် ဟန့်တား လိုက်ပြီး၊ ပြေးလိုက် သွားကြသည်။

ဖီးနစ် ကျူးရင့်သော ခေါင်းလောင်းသံ တစ်ရာသည်၊ ၎င်းတို့၏ မျက်နှာကို ဖြတ်ရိုက် လိုက်ခြင်း ဖြစ်၏။

လင်းယွန် အတွက် ခက်ခဲသော အရာ များကို ပြုလုပ်ရန်၊ လာရောက်လာ ခဲ့ကြ ခြင်းဖြစ် သော်လည်း၊ ဆန့်ကျင်ဘက် ရလာဒ် များဖြင့် အဆုံးသတ် သွားခဲ့သည်။

သေမျိုး အဆင့်ရှိ ထိပ်တန်း ဆယ်ယောက်ကို စော်ကား ခြင်း၏ အကျိုးဆက် များအား ပြသ လိုခြင်း ဖြစ်သော်လည်း၊ ဆန့်ကျင်ဘက် အနေဖြင့် လင်းယွန်၏ ဂုဏ်သတင်း ကျူးရင့်သံကို သူတို့ ဆယ်ယောက်က ဒူးထောက်ကာ၊ နားထောင် ခဲ့ကြ ရသည်။

“ စီနီယာ ဝမ်ယန် ဘာကိစ္စ ရှိလို့လဲ၊ ခန်းမ သခင်ရဲ့ အသံက မင်းအတွက် မရှင်းလင်း ခဲ့ဘူးလား၊ ငါ့နားမှာ ယင်ကောင် တစ်ကောင်လို လာဝဲ မနေ ပါနဲ့၊ ငါလိမ်တာ မဟုတ် သလို ဝါကြွား တာလည်း မဟုတ်ဘူး၊ အနီရောင် ဖီးနစ်က ငါ့အတွက် အသံထွက် လာပြီ၊ ဒါကို မင်းက ဘာဖြစ် ချင်နေ တာလဲ။ "

လင်းယွန်က ရုတ်တရက် အေးစက် သွားပြီး၊

"ဒါမှ မဟုတ် မင်းရဲ့ ခြေတွေ လက်တွေ ကျိုးသွားတဲ့ အရသာကို စွဲလန်း သွားတာလား"

ထိုစကားကြောင့် ဝမ်ယန်၏ မျက်နှာမှာ ပြောင်းလဲ သွားပြီး သတ်ဖြတ် လိုသော အရိပ် အယောင်များကို သူ့ မျက်လုံးများ မှတဆင့် ထုတ်ဖော် လာခဲ့သည်။

သို့သော် သူ မလှုပ်ဝံ့ဘဲ သွားများ ကိုသာ ကြိတ်လိုက် နိုင်၏။

သည်လို နာကျင်မှုမျိုး ကို ထပ်ပြီး မခံစား ချင်တော့ သကဲ့သို့၊ ဝမ်မျိုးနွယ်စုက သူ့အား ဒုတိယ အကြိမ် ပုံအော ကုသ ပေးနိုင် တော့မည် မဟုတ်ချေ။

“ မင်း တို့ ကော …”

လင်းယွန်က ထိုမျှနှင့် အဆုံး မသတ် ခဲ့ပဲ၊ သေမျိုး အဆင့် ထိပ်တန်း ဆယ်ယောက်ကို လှည့်ကြည့် လိုက်ပြီး၊

“ မင်းတို့က မစ်ရှင် တွေကို လက်ခံ နိုင်ရင် ငါက ဘာလို့ မရ ရမှာလဲ၊ မစ်ရှင်ဆိုတာ ဘယ်သူ မဆို လက်ခံ နိုင်တယ်၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း တွေက၊ တစ်ဦး တစ်ယောက်ထဲ အတွက် ရည်ရွယ် ထားတာ မဟုတ်ဘူး၊ အရည် အချင်း ရှိတဲ့ ဘယ်သူ မဆို ရယူ နိုင်တယ်.. ၊ ''

ပြောလက်စ စကားကို ခဏ ရပ်လိုက်ပြီး၊ တစ်ဦး ချင်းစီအား အေးစက်စွာ စိုက်ကြည့် လျက်ဖြင့်၊ ရပ်ကြည့် နေခဲ့သော လူအုပ်ကြီး အတွင်းရှိ၊ အလျင်း သင့်ရာ တပည့် တစ်ဦးကို လက်ညိုး ညွှန်ပြ လိုက်ကာ၊

'' မင်း.... ကျူးဖန်ကို သတ်နိုင်ရင် ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်းက မင်း အတွက်ပဲ၊ မင်းမှ မဟုတ်ဖူး၊ ကျူးဖန်ကို သတ်နိုင်တဲ့ ဘယ်သူ မဆိုပဲ ... ။ ''

'' ............''

လက်ညိုး ထိုးပြ ခံရသော တပည့်မှာ၊ ရုတ်တရက် အံကို ကြိတ် လိုက်ပြီး၊ လင်းယွန် စကားကို ထောက်ခံ ဟန်ဖြင့်၊ ခေါင်းညိတ် လိုက်၏၊ သူ့ မျက်ဝန်း၌ တိုက်ပွဲဝင် စိတ်များ လောင်ကျွမ်း လာလေသည်။

ထို့ပြင် လူအုပ်ကြီး သည်လည်း စိတ်လှုပ်ရှား လာသော မျက်ဝန်း များဖြင့်၊ လင်းယွန်ကို ပြန်ကြည့် လာ ကြ၏။

" သိပ် ကောင်း တဲ့ အယူ အဆပဲ ... ''

ရတနာတောင်ကုန်း၏ အဖွဲ့ဝင် တပည့်များက ချီးကျူး ရေရွတ်သံ များနှင့် အတူ၊ စကား အခြေတင် ဖြစ်ရာ၊ ရင်ပြင်သို့ ရုတ်တရက် ရောက်ရှိ လာသည်။

များပြားလှသော အဖွဲ့ဝင် များကြောင့် ဝမ်ယန်အပါ အဝင်၊ ရပ်ကြည့် နေ မိသော လူအုပ်ကြီး ကိုပါ ဝန်းရံ မိသွား စေသည်။

ရှင်းယန်က တင်းကျပ် နေသော အနီရောင် ဝတ်ရုံကို ဝတ်ဆင် ထားပြီး၊ ဂုဏ်ယူ ဝင့်ကြွား ဟန်ဖြင့် လင်းယွန် အနား လျှောက်လှမ်း လာလေသည်။

သူ့မျက်နှာတွင် အပြုံးများ ရှိနေ ခဲ့သော်လည်း၊ သတ်ဖြတ် လိုသော ဆန္ဒကို၊ ပတ်ဝန်းကျင် ထဲသို့၊ ရည်ရွယ်ချက် ရှိရှိ ပစ်လွှတ် လွှမ်းခြုံ ထား၏။

" ကြယ်ငါးပွင့် မစ်ရှင်ကို သေမျိုး အဆင့် ထိပ်တန်း ဆယ်ယောက် အတွက်ပဲ သီးသန့် ထားရမယ် ဆိုတဲ့ စည်းကမ်းကို ဘယ်သူက သတ်မှတ် ပေးထား တာလဲ၊ စကား မပြောတဲ့ စည်းကမ်းတွေ တဲ့လား.... ၊ သူတို့က စကား မပြော တက် မှတော့ ...၊ စကားပြော နိုင်တဲ့ သူတွေရဲ့ ဆန္ဒကို လိုက်နာ ရတာ သဘာဝ ပါပဲ... ''

'' အနီရောင် ဖီးနစ်က ကျူးရင့် ပြီးပြီမို့ ...၊ မင်းတို့တွေ အဆင် မပြေရင်၊ ခန်းမ သခင်ကို သွား မေးလို့ ရတယ်၊ ဒါပေမယ့် မင်းက ငါ့ရဲ့ 'ရတနာ တောင်ကုန်း' က တစ်စုံ တစ်ယောက်ကို၊ အရေ အတွက်နဲ့ အနိုင်ကျင့် ချင်ရင်တော့ ...၊ ငါတို့မှာ ရွေးချယ် စရာ မရှိတော့ ပါဘူး။ ”

သူမကို စူးစူး စိုက်စိုက် ကြည့်နေ မိ သူများ၏ မျက်ဝန်းများ တုန်ခါသွား ကြသည်။

" ဂျူနီယာ မောင်လေး၊ မင်း ငါနောက် လိုက်ခဲ့ "

ဟု ဆိုကာ၊ ဝမ်ယန်နှင့် သေမျိုး အဆင့်ရှိ ထိပ်တန်း ဆယ်ယောက် ရှေ့၌ပင် ရှင်းယန်က ရဲဝံ့စွာ ပြုမူ လိုက်၏။ ဒေါသ များဖြင့် ပေါက်ကွဲ လုနီးပါး ဖြစ်နေသော ဝမ်ယန်ကို တစ်ချက်ပင် လှည့် မကြည့် တော့ပေ။

ဝမ်ယန်မှာ သူ၏ ပြစ်ဒဏ်ကို ခံယူ လိုက်ရ သည်နှင့်၊ 'အထက်တန်းစား ပြည်နယ်' ၏ ဂုဏ် သိက္ခာမှာ အကြီး အကျယ် ထိခိုက် သွားခဲ့သည်။

ထို့ပြင်၊ အခြားသော မဟာမိတ်- အဖွဲ့များမှာ ရတနာ တောင်ကုန်းနှင့် ယှဉ်ပြိုင် လိုခြင်း မရှိချေ။

သေမျိုး အဆင့် ထိပ်တန်း ဆယ်ယောက်မှာ၊ ၎င်းတို့နှင့် ယှဉ်ပြိုင်လို လျှင်ပင်၊ လူစုရန် အတွက် သက်ဆိုင်ရာ မဟာမိတ် အဖွဲ့ အသီးသီး သို့၊ ပြန်သွား ရမည် ဖြစ်သည်။

သို့မဟုတ်ပါက သူတို့၏ ခွန်အားဖြင့်၊ ရှင်းယန် အဖွဲ့ကို ဖြေရှင်းရန် မဖြစ်နိုင်။

" ချူဟောင်းယူ.... ၊ မင်း ဒီကိစ္စကို ဘာမှ ဝင်မပြော တော့ ဖူးလား "

ဝမ်ယန်က တိတ်ဆိတ် နေခဲ့သော ချူဟောင်းယူကို မကျေမနပ် ပြန်လှည့် ကြည့် လိုက်၏။

ချူဟောင်းယူ ကသာ ဦးဆောင် လိုပါလျှင်၊ သေမျိုး အဆင့် ထိပ်တန်း ဆယ်ယောက်ကို ဆွဲခေါ် နိုင်မည် ဖြစ်သည်။

သို့မှ သာလျှင် ထိုသူတို့က 'ရတနာ တောင်ကုန်း'ကို ရင်ဆိုင်ရန်၊ သူတို့ အဖွဲ့ဝင် တပည့် များအား၊ စုစည်း နိုင်ပေမည်။

“ ဒီနေရာမှာ ဒူးထောက် ခိုင်းရ တာက၊ ဘာများ ကြေနပ်စရာ ရှိလို့လဲ ”

ချူဟောင်းယူက ဝမ်ယန်ကို တစ်ချက် ပြန်ကြည့် လိုက်ပြီး၊

" မဟာမိတ်-ယူနီယံ တိုက်ပွဲမှာ လူသတ် ခွင့် ပြုထား တာကို သတိရပါ၊ ဒါကြောင့် ဒီခေါင်းလောင်း သံတွေကို သူ့ ဈာပနရဲ့ နိမိတ်လို့ မှတ်ယူ လိုက်ရအောင်။ "

- ဟု ဆိုကာ၊ သူ့ဓားကို မြေကြီး ထဲသို့ ရုတ်တရက် ထိုးချ လိုက်သည်နှင့် ဓား ရည်ရွယ်ချက် မှာ ပင့်ကူ မျှဉ်များ သဖွယ်၊ ပတ်ဝန်း ကျင်သို့ ပျံ့နှံ့ သွားလေသည်။

ပင့်ကူမျှင် အက်ကြောင်း များက၊ မြေပြင် ပေါ်တွင် ပြန့်ကျဲစ ပြုလာ သဖြင့်၊ လူအုပ်ကြီးမှာ နောက်သို့ ချက်ချင်း ဆုတ်ခွာ လိုက်ရ၏။

ထို့နောက် ထိတ်လန့်စွာ မော့ကြည့် လိုက်ရာ၊ ချူဟောင်းယူ၏ ပုံရိပ်မှာ မြင်ကွင်းမှ ပျောက်ကွယ် သွားပြီး၊ ဖုန်မှုန့် များသာ ချန်ထားရစ် ခဲ့တော့သည်။

ယီရှုနှင့် ဂျင်းဖိန် အပါ အဝင် အခြားသော သူများသည်၊ ချူဟောင်းယူ ပျောက်ကွယ်သွားသည့် အရပ် ဆီသို့ မျှော်ကြည့် လျက်၊ ငြိမ်သက် သွားကြ ကုန်၏။

မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲတွင် သတ်ဖြတ် ခြင်းကို ခွင့်ပြု ထား သောကြောင့်၊ ချူဟောင်းယူ၏ စကားမှာ အမှန်ပင် ဖြစ်လာ နိုင်ပေမည်။

***

All Chapters