← Chapters

ဒရာကိုဖီ တိုက်ပွဲဝင် ခန္ဓာကိုယ်။

Vol. 20 Ch. 275

ဒရာကိုဖီ တိုက်ပွဲဝင် ခန္ဓာကိုယ်။

Vol. 20 Ch. 275

သုံးရက်အကြာတွင် 'ရတနာ တောင်ကုန်း' ပြည်နယ်၏ ဝေးလံ ခေါင်သီသော ချောက်ကမ်းပါး တစ်နေရာ၌ လင်းယွန်က ခြေထောက် များကို ချိတ်ကာ ထိုင်နေခဲ့သည်။

ထို ချောက်ကမ်းပါး အတွင်း ဖုံးလွှမ်း နေသော မြူခိုးများ ပေါ်သို့၊ အရုဏ်ဦး၏ ရောင်ခြည်မှာ မိုးကုပ် စက်ဝိုင်းအား ဖြတ်၍ ထိုးကျနေသည်။

သူ့မျက်လုံး များကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး၊ လင်းယွန်က ထရပ်ကာ၊ ကောင်းကင်အား မော့ကြည့် လိုက်၏။

နေရောင်ခြည် အောက်တွင်၊ ရွေ့လျား နေသော တိမ်တိုက် များကို ကြည့်လိုက် ခြင်းဖြင့်၊ လန်းဆန်းသွား သလို ခံစားလိုက် ရသည်။

ဤနေရာတွင် ဝိညာဉ် စွမ်းအင် သိပ်သည်းဆ ပိုများ သောကြောင့်၊ ဓားနန်းတော်၏ ရတနာ နယ်မြေ အဖြစ် ယူဆ နိုင်၏။

နှစ်လ ဆိုသော အချိန် ကာလသည် များလှသည်ဟု ဆိုနိုင် သော်လည်း၊ မျက်စိ တစ်မှိတ် အတွင်း မှာပင် ကုန်လွန် သွား လေသည်။

သို့သော် ကျင့်ကြံမှု အတွင်း အာရုံစိုက် ထားမည် ဆိုပါလျှင်၊ ထိုအချိန် အတွင်း အများကြီး လုပ်နိုင် ပေမည်။

အချိန် အနည်းငယ် နောက်ပြန် ဆုတ်ရ ပါလျှင်၊ လီဝူယုနှင့် ခွဲခွာ ခဲ့ပြီးနောက် ချက်ချင်းပင်၊ သူ၏ ဂိုဏ်းသား တံဆိပ်ကို စတုတ္ထ အဆင့် အထိ၊ တိုးမြှင့်ရန် သိုင်း ခန်းမသို့ ထွက်လာ ခဲ့သည်။

ဆိုလိုသည်မှာ စတုတ္ထ ထပ်သို့ တက်လှမ်း နိုင်ပြီး၊ ထက်မြက်သော အထွတ် အထိပ် နက်နဲ သိုင်း နည်းစနစ် များကို ကြည့်ရှု နိုင်သည်ဟု ဆိုလိုသည်။ ၎င်းတို့ထဲမှ အချို့သည် ဝိညာဉ်အဆင့် သိုင်း နည်းစနစ် များထက် အားနည်းမည် မဟုတ်။

သို့သော် လှည့်ပတ် ကြည့်လိုက် ပြီးနောက်၊ လင်းယွန်က ဘာကိုမှ ကောက်မကိုင် ဖြစ်ခဲ့ပေ။ သခင့်ဓား၊ လေးနက်သော ခြေလှမ်း ခုနစ်လှမ်း နှင့် ကျား-နဂါး လက်သီး တို့သည် တိုးတက်ရန် ကျန်ရှိ နေသေးသည်။

ထို့ကြောင့် ယခု အချိန်တွင် ခန္ဓာကိုယ်ကို သန့်စင်သော နည်းစနစ် မျိုးကိုသာ လိုအပ် ပေမည်။

သင့်လျော်သော တစ်ခုခု အတွက် အနီးတစ်ဝိုက်တွင် လှည့်ပါတ် ကြည့်လိုက် မိ သော်လည်း၊ 'ဓားနန်းတော်' ၏ 'ရွှေရောင် မိုးကြိုး ခန္ဓာ'၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း' ၏ 'ကျားနဂါး ကြေးသွန်း ခန္ဓာ'နှင့် 'လနတ်ဆိုး ဗိမ္မာန်' ဂိုဏ်း၏ 'လမိစ္ဆာ ခန္ဓာ' တို့သည်၊ 'ရှေးဟောင်း တာအို' ဂိုဏ်း၏ 'ဒရာကိုဖီ ခန္ဓာ ကိုယ်' ထက် နိမ့်ကျ ပေသည်။

သို့သော်၊ ၎င်းတွင် ပြီးပြည့် စုံသော ကျွမ်းကျင်မှု ရရှိ လိုပါက၊ ကမ္ဘာဦး သားရဲ ဖြစ်သော 'ဒရာကိုဖီ'၏ အပြုအမူ များကို လေ့လာရန် လိုပေသည်။

ဒရာကိုဖီသည် ကမ္ဘာဦး သားရဲ ဖြစ်သော အစစ် အမှန် နဂါးနှင့် အမွေးရှည် ဆင်တို့၏ မျိုးဆက် သွေးကို အမွေ ဆက်ခံ ထားသည့် နဂါးနှင့် ဆင်ကြား ပေါင်းစပ်မှု တစ်ခု ဖြစ်သည်။

၎င်းကို သုံးရက်ခန့် သုံးသပ် ပြီးနောက် 'ဒရာကိုဖီ ခန္ဓာကိုယ်' ကို၊ လေ့ကျင့်ရန် ဆုံးဖြတ် လိုက်သည်။

ဒရာကိုဖီ နည်းစနစ်တွင် စုစုပေါင်း အဆင့် ခြောက်ဆင့် ရှိပြီး၊ ပြီးပြည့် စုံသော ကျွမ်းကျင်မှုကို ရရှိရန် လွယ်ကူမည် မဟုတ်ပေ။

ရှေးဟောင်းတာအို ဂိုဏ်း၏ တပည့်များသာ ကျင့်ကြံရန် အရည် အချင်း ရှိသည် ဟူသော ဝင့်ကြွား လာမှုကို၊ ဓားနန်းတော်၏ တပည့် တစ်ယောက် ဖြစ်သော သူက၊ ကျင့်ကြံ ပြသ လိုပေသည်။

နောက်ဆုံးတွင်၊ မဟာချင် အင်ပါယာတွင် ၎င်းကို ကျင့်ကြံရန် ကြိုးစား နိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိဟု သူ မယုံခဲ့ပေ။

“ မင်းတို့တွေ သင်ယူ နိုင်ရင်၊ ငါလည်း သင်ယူနိုင်ရမယ်၊ ငါ့မှာ မိုးကြိုး လျှပ်စီး ခန္ဓာ ရှိတာကြောင့် အခြေခံ အုတ်မြစ်က ရှိပြီး သားပဲ၊ ဘယ်နည်း စနစ်မျိုးကို မဆို ကျင့်ကြံရ မြန်ဆန် လိမ့်မယ်၊ ငါ့မှာ အရင်း အမြစ်တွေ ချို့တဲ့ တယ်လို့တော့ မပြောနဲ့။ ”

လင်းယွန်က တုံ့ဆိုင်း မနေတော့ဘဲ၊ ဆုံးဖြတ်ကာ၊ ကျင့်ကြံရန် ပြင်ဆင် လိုက်သည်။

အရင်းအမြစ် များနှင့် ပတ်သတ်၍ စိတ်ပူ စရာ မရှိသည် ဖြစ်ရာ၊ ယင်းကို မကျင့်ကြံ နိုင်ပါက စိတ်ပျက်မိ ပေလိမ့်မည်။ ထို့အပြင်၊ မိုးကြိုး လျှပ်စီး ခန္ဓာကိုယ်မှာ နက်နဲ နယ်ပယ်၌ အနည်းငယ် နိမ့်ကျ သွားပြီ ဖြစ်သည်။

အရှိန်အဝါ များကို ဓားအဖြစ် သိပ်သည်း စေနိုင်သူ မည်သူ မဆို၊ သူ၏ ခံစစ်ကို အလွယ်တကူ ဖြိုခွဲ လာနိုင်မည်။

ကျူးဖန် ထံမှ ရရှိ ခဲ့သော၊ အဆိုပါ ကျောက်စိမ်း ပြားကို ထုတ်ယူကာ၊ နဖူးတွင် ဖိကပ်ထားပြီး၊ အချက် အလက် များအား၊ စတင် စုပ်ယူ လိုက်သည်။

ရောနှော နေသော အချက် အလက် များနှင့်၊ ပုံကြမ်း များစွာ စီးဝင်လာ ခဲ့သည်။ နည်းစနစ်မှာ ရှုပ်ထွေး နေခဲ့ပြီး၊ ၎င်းအပေါ် ထက်ရှသော နားလည် နိုင်စွမ်း မရှိ ပါက၊ မည်သူမှ ကျင့်ကြံရန် မဖြစ်နိုင်ပေ။

ဒရာကိုဖီ ခန္ဓာကိုယ် နည်းစနစ်သည် 'ရှေးဟောင်း တာအို' ဂိုဏ်းမှ၊ အကြီးအကဲ များ၏ လမ်းညွှန်မှု ဖြင့်သာ၊ လေ့ကျင့် နိုင်သော အရာ ဖြစ်သည်။ သာမာန် တပည့်များ အတွက် နည်းစနစ် ရရှိ ရန်ပင်၊ ခက်ခဲ လှပေ၏။

ထိုသည်ကပင် ကျူးဖန် မလေ့ကျင့် နိုင်သော အကြောင်းရင်း တစ်ရပ်လည်း ဖြစ်သည်။ အားမနာ တမ်း ပြောရပါက သူ့ နားလည် နိုင်စွမ်းမှာ နိမ့်ကျ လွန်းသော ကြောင့် ဖြစ်သည်။

မဆင်မခြင် ကျင့်ကြံ မိပါလျှင် ဒေါသတကြီးလျှောက်ရမ်း ခြင်းသာ ဖြစ်နေ ပေလိမ့်မည်။

ဒရာကိုဖီ များသည် ရှေးဟောင်း ခေတ်၌ ၎င်းတို့၏ သန်မာသော ခန္ဓာကိုယ် ကြောင့်၊ ကျော်ကြား လွန်းခဲ့ပြီး၊ ကောင်းကင်က ကြယ်များ ကိုပင်၊ ရက်စက် ကြမ်းကြုတ်စွာ ဖြိုခွဲ ဖျက်ဆီး နိုင်ခဲ့သည်။

ထို့ကြောင့် ၎င်း နည်းစနစ်သည် မဟာချင် အင်ပါယာတွင်၊ ကြောက်စရာ အကောင်းဆုံး ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ် တစ်ရပ်ဖြစ်လာ ပေ၏။

ယင်းတွင် အဆင့် ခြောက်ဆင့် ရှိပြီး၊ ပထမ အဆင့်မှာ ဒရာကိုဖီ၏ စွမ်းအင်ကို ရယူရန်၊ ဒရာကိုဖီ၏ သွားလာ ပုံများကို လေ့လာ ရမည် ဖြစ်သည်။

သို့မှသာ ခန္ဓာကိုယ် အတွင်းရှိ ဒေါသကို မည်သို့ အသုံးပြု ရမည်ကို သိရှိမည် ဖြစ်၏။

ဒုတိယ အဆင့်တွင် အန္တရာယ် ရှိ သောကြောင့်၊ ပြင်းထန်သော စွမ်းအင် များကို ထိန်းချုပ် ရာ၌ သတိထား ရမည် ဖြစ်သည်။ ဂရု မစိုက်မိ ပါက၊ အတွင်း အင်္ဂါများ စုတ်ပြဲ သွား နိုင်၏။

စိတ်ထဲ စီးဝင် လာသော အချက် အလက်များကို အခြေခံ၍၊ ပထမ အဆင့်ကို လေ့ကျင့်ရန်၊ အနည်းဆုံး တစ်နှစ်ခွဲ ခန့် လိုအပ်ကြောင်း၊ သိရှိ လိုက်သည်။

ဒုတိယ အဆင့်တွင်၊ ဒရာကိုဖီ သားရဲ၏ စွမ်းအင်ကို စုစည်း နိုင်ပြီး၊ ကီလို ငါးသောင်း ခန့် ရှိသော၊ ခွန်အားကို ပိုင်ဆိုင် နိုင်ကာ၊ နက်နဲ အဋ္ဌမ အဆင့်ရှိ သိုင်းသမား တစ်ဦး၏၊ အပြင်းထန် ဆုံးသော ရိုက်ချက်အား၊ ခန္ဓာကိုယ် သက်သက်ဖြင့် လက်ခံ ယူနိုင် ပေမည်။

ကီလိုငါးသောင်း… ယင်းသည် ရှားထန်းဖိန်၏ ခွန်အား အဆင့် မျိုး၌ ရှိပေ၏။

ထိုအချိန်က ရှားထန်းဖိန်အား သူ၏ ကျား- နဂါး လက်သီးဖြင့်၊ တိုက်ခိုက်ရန် အခွင့် အရေး မရခဲ့ သောကြောင့်၊ အတိ အကျ မဆို နိုင်ချေ။

လင်းယွန်က အချက် အလက် များကိုဆက်လက် စုပ်ယူပြီး၊ တတိယ အဆင့် နိဒါန်းကို ဖတ်လိုက် မိသည်နှင့်၊ သူ့ မျက်နှာမှာ ရုတ်တရက် ပြောင်းလဲ သွားတော့၏။

တတိယ အဆင့်တွင် ခန္ဓာကိုယ်ကို စတင် အသွင် ပြောင်းလဲ စေမည် ဖြစ်ပြီး၊ သေမျိုး ခန္ဓာ၏ အသွေး အသား များကို၊ ဒရာကိုဖီ နည်းစနစ်ဖြင့်၊ သွန်းလောင်း သန့်စင်မည် ဖြစ်သည်။

ထိုအချိန်တွင် ဆေးကြိုအိုး တစ်လုံး၏ ခွန်အားကို၊ အမှန် တကယ် ပိုင်ဆိုင် ထားသူ ဖြစ်လာ ပေ လိမ့်မည်။

ကီလို ငါးသောင်းကို အိုးတစ်လုံးဟု ယူဆ ထား သော်လည်း၊ ၎င်း ပမာဏသည် အကြမ်းဖျင်း ပမာဏ စံနှုန်း တစ်ခုသာ ဖြစ်၏။

'မြင့်မြတ်သော ဂီတ သင်္ကေတ မြည်သံ' များ နှင့် အတူ၊ စစ်မှန်သော ဆေးကြိုအိုး တစ်လုံး၏ ခွန်အားကို ရရှိမည် ဖြစ်သည်။

( ဂီတသင်္ကေတ မြည်သံများ= ဆေးကြိုအိုး အတွင်း၊ တရှဲရှဲ အော်မြည်သံများ )

ဆိုလို သည်မှာ လက်သီး တစ်လုံးတွင်၊ ကီလို ငါးသောင်း ပိုင်ဆိုင်ပြီး၊ ထိုလက်သီးကို လွှဲရမ်း ချိန်၌ သွေး အတွင်း၊ မူလ စွမ်းအင် စီးဆင်း သံများမှာ၊ ဆေးကြိုအိုး အတွင်း ပွက်ပွက်ဆူ နေသော အသံများ ကဲ့သို့၊ ကျယ်လောင်စွာ ထွက်ပေါ်လာ နိုင်မည်ဟု ဆိုလိုသည်။

ရုတ်တရက် အိုးတစ်လုံး၏ ပမာဏကို နားလည် လိုက် မိသည်။ ကီလို ငါးသောင်းချင်း တူသော်လည်း၊ ရှားထန်းဖိန်၏ ခွန်အားမှာ ထိထိ ရောက်ရောက် သန်မာချင်း မရှိချေ။

ဆိုလိုသည်မှာ အိုးတစ်လုံး၏ မာကျောမှု တန်ဖိုးချင်း မတူ နိုင်သည် ဖြစ်ရာ၊ ကွဲပြားသော အင်အား မျိုးသာ ထွက်ပေါ် လာ နိုင်ပေမည်။

ရှားထန်းဖိန်သည် ဓားနည်း စနစ်များ ပေါ်တွင်၊ ကနဦး သို့မဟုတ် အလယ် အလတ် အဆင့် ကျွမ်းကျင်မှု ကိုသာ၊ ဆုပ်ကိုင် ထား နိုင်၏။ ထိုသို့သော ကျွမ်းကျင်မှု မျိုးမှာ အပေါ်ယံ ဆန်လွန်း လှသည်။

ဤအခိုက် အတန့်တွင်၊ ခန္ဓာကိုယ်ကို သန့်စင်သော၊ သိုင်း နည်းစနစ် များအပေါ်၊ နားလည်မှု ကင်းမဲ့ ရသည့် အကြောင်း အရင်းကို သဘောပေါက် သွားခဲ့သည်။

ဒရာကိုဖီ ခန္ဓာ အတွက်၊ တတိယ အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ အိုးတစ်လုံး နှင့်ညီသော ခွန်အား မျိုးသာ၊ ပိုင်ဆိုင် နိုင်မည် ဖြစ်သည်။

စတုတ္ထ အဆင့်တွင် သူ့ ခန္ဓာကိုယ်ကို လက်ဗလာနဲ့ သတ်ပစ် နိုင်စေမည့်၊ ဒရာကိုဖီ တစ်ကောင်၏ ခွန်အားမျိုး ပေးစွမ်းလာ ပေမည်။ သာမာန် စကြာဝဠာ လက်နက် များကိုလည်း ကြောက်ရွံ့ နေစရာ မလိုတော့ပေ။

ထိုအချိန်တွင် ခန္ဓာကိုယ် ပတ်ပတ် လည်၌ ကမ္ဘာဦး သားရဲ ဒရာကိုဖီ၏ ခုခံ ကာကွယ်ရေး အလွှာများ လှည့်ပတ်လာ ပေမည်။

ပဉ္စမအဆင့် အနေဖြင့်၊ ဒရာကိုဖီ၏ ခုခံကာကွယ်ရေး အလွှာမှာ၊ ပိုမို သိပ်သည်း လာမည် ဖြစ်ပြီး၊ ထို အချိန်၌ ပတ်ဝန်း ကျင်ရှိ အရာ ဝတ္ထု များ၏ အရှိန်ကို၊ နှေးကွေး သွားစေမည် ဖြစ်သည်။

ဆဋ္ဌမ အဆင့်သည် သဘာဝ အတိုင်း ပြီးပြည့် စုံသော ကျွမ်းကျင် မှုကို ကိုယ်စား ပြုပြီး၊ ထိုအဆင့်တွင် ရှေးဟောင်း မျိုးစက်သွေး ပါရှိသော၊ 'ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်'ရောက် နတ်ဆိုး သားရဲကို ရှာဖွေ ရမည် ဖြစ်သည်။

၎င်းအဆင့်တွင် ဆေးကြိုအိုး ဆယ်လုံးနှင့် ညီမျှသော ခွန်အားကို ပိုင်ဆိုင် ရပေမည်။

လင်းယွန်က မှိတ်ထားသော မျက်လုံးကို ပြန်ဖွင့်ကာ၊ ရရှိ လာသော အချက် အလက် များကြောင့်၊ မျက်မှောင်ကြုတ် လိုက်၏။

အချက်အလက်များ အရ၊ ဒရာကိုဖီ ခန္ဓာကိုယ် နည်းစနစ်သည် မဟာချင် အင်ပါယာတွင်၊ အပြင်းထန် ဆုံးသော ခန္ဓာကိုယ် သန့်စင်သည့် ပညာရပ် အဖြစ်၊ အမှန် တကယ် ထိုက်တန် လှသည်။

နားလည်မှုနှင့် အရင်း အမြစ်များ အတွက်မူ၊ မယုံ နိုင်ဖွယ် လိုအပ် ချက်များ ရှိပေ၏။

နောက်ဆုံး အနေဖြင့်၊ ကနဦး ကျွမ်းကျင် မှုကို ကျင့်ကြံ ဖို့ရန် 'ခရမ်းရောင် နန်းတော် နယ်ပယ်' ရောက်၊ နတ်ဆိုး သားရဲ အမြုတေကို လိုအပ် ပေလိမ့်မည်။

'' ဒီလူတွေ ဘယ်လိုများ ကျင့်ကြံ ကြလဲ ဆိုတာ တွေးကြည့် လို့ကို မရဘူး။ ''

ရှေးဟောင်းတာအို ဂိုဏ်းသည် ဤမျှကြီးမားသော အရင်း အမြစ်များ၊ ကုန်ဆုံး သွားခြင်းကို သည်းမခံ နိုင် လောက်ပေ။

မဟာ ချင် အင်ပါယာတွင် 'ကောင်းကင်ဘုံဝိညာဉ် နယ်ပယ်' ရောက် နတ်ဆိုး သားရဲ၊ ရှိ မရှိကို မသိသည့် အပြင်၊ ထိုအဆင့်ရှိ ရှေးဟောင်း မျိုးဆက်သွေး အနွယ်ဝင်၊ နတ်ဆိုး သားရဲ တစ်ကောင်ကို သတ်ရန် မဖြစ် နိုင်ကြောင်း သူ သိသည်။

နောက်တဖန်၊ ဤမျှ ပြင်းထန်သော လိုအပ် ချက်မျိုး မရှိ ပါလျှင်၊ ရှေးဟောင်း တာအို ဂိုဏ်းမှာ၊ ဒရာကိုဖီ နည်းစနစ်ဖြင့်၊ မဟာချင် အင်ပါယာ အား စိုးမိုး ထားပြီး ဖြစ်နေပေ လိမ့်မည်။

လင်းယွန်က ပဉ္စမ အဆင့်နှင့် ဆဋ္ဌမ အဆင့် များအထိ ဆုပ်ကိုင် နိုင်ရန် မတွေးဝံ့ချေ။ ၎င်းအစား စတုတ္ထ အဆင့် အထိသာ မျှော်လင့်ချက် ရှိချေသည်။

မိုးကြိုး လျှပ်စီး ခန္ဓာကိုယ်သည် သူ၏ အခြေခံ အုတ်မြစ် ဖြစ်သည်၊ ထို့ကြောင့် ရှေးဟောင်း တာအို ဂိုဏ်းရှိ၊ မည်သူ မဆို သူနှင့်၊ နှိုင်းယှဉ် နိုင်မည် မဟုတ်ပေ။

ထို့အပြင် သူ့၌ ဒုတိယ တန်းစား ဝိညာဉ်ကျောက်စိမ်း (၁၃၀၀) လည်း ရှိနေ လေသည်။

လင်းယွန်က ဓားသုတ္တန်ကို ဖြန့်ဝေကာ၊ ဒုတိယ တန်းစား ဝိညာဉ် ကျောက်စိမ်းကို အသုံး ပြု၍၊ ဒရာကိုဖီ နည်းစနစ် အရ၊ သူ၏ စွမ်းအင် များကို စီးဆင်း စေလိုက်သည်။

သုံးရက် အကြာတွင် ဒုတိယတန်း ဝိညာဉ်ကျောက်စိမ်း ဆယ်လုံး ကုန်ဆုံး သွားပြီးနောက်၊ ပြင်းထန်သော စွမ်းအင်၏ ပထမ အမျှဉ်ကို ဖန်တီး နိုင်ခဲ့သည်။ သူ့ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်သော စွမ်းအင်များ တိုးဝင်လာသဖြင့် မီးတောင် ကဲ့သို့ ခံစား နေရ၏။

လင်းယွန်၏ မျက်နှာမှာ ပြောင်းလဲ သွားပြီး၊ ခန္ဓာကိုယ် အတွင်းရှိ ပြင်းထန်သော ထိုစွမ်းအင် များကို ဂရု တစိုက် ထိန်းလိုက်သည်။

သို့သော် ခဏ အကြာတွင် ကျောက်စိမ်းပြား အတွင်း၊ ဖော်ပြ ထား သလောက် မခက်ခဲ လှ သောကြောင့်၊ သူ အံ့အား သင့်သွား ခဲ့သည်။ သူ၏ အခြေခံ အုတ်မြစ်မှာ သာမန် လူများထက် များစွာ ခိုင်မာ နေပုံ ရ၏။

သူ၏ ထိန်းသိမ်း နိုင်မှု နှင့်အတူ၊ ရဲရင့် လာပြီးနောက်၊ ခန္ဓာကိုယ် အတွင်း၊ ပြင်းထန်သော စွမ်းအင် များကို၊ အတား အဆီး မရှိ၊ တိုး၍ စီးဆင်း လာစေရန်၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း တစ်ရာကို ထုတ်ယူ ခဲ့သည်။

ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း များတွင် သန့်စင်သော ဝိညာဉ် စွမ်းအင်များ ပါ၀င် သောကြောင့်၊ ခန္ဓာကိုယ် အတွင်း တိုးတက်မှု များစွာ ရရှိ ခဲ့သည်။

ထင်ထားသည် ထက် ပို၍ ချောမွေ့ နေ ခဲ့သည်။ ငါးရက် အတွင်း ပထမ အဆင့်၏ အထွတ် အထိပ်သို့ ရောက်ရှိ လာပြီ ဖြစ်သည်။

ရှေးဟောင်း တာအို ဂိုဏ်း၏ တပည့်များသည် ဒရာကိုဖီ နည်းစနစ်ကို လေ့ကျင့်ရာတွင် သတိထား ရ သော်လည်း၊ လင်းယွန်မှာမူ မကြောက် မရွံ့ ရှေ့သို့သာ ဆက်သွား ခဲ့သည်။

ပထမ အဆင့်၏ အထွတ် အထိပ်သို့ ရောက်သော အခါတွင်၊ သူ၏ ခံစား ချက်များ အပြောင်း အလဲ မရှိခဲ့ပေ။ ဒုတိယ အဆင့်သို့ ရောက် ပြီးနောက်၊ ရှားထန်းဖိန် ကဲ့သို့၊ ကီလို ငါးသောင်းသော ခွန်အားကို ပိုင်ဆိုင် နိုင်မည် ဖြစ်သည်။

မြင့်မားသော ပန်းတိုင် များကြောင့်၊ ပထမ အဆင့်ကို တက်လှမ်း ခြင်းဖြင့်၊ ဂုဏ်ယူ စရာ မရှိ ခဲ့ချေ။ အိုးတစ်လုံး ခွန်အားကို ဒင်ပြည့်ကျပ်ပြည့် ပိုင်ဆိုင် ဖို့ရန်၊ အနည်းဆုံး တတိယ အဆင့်သို့ ရောက်ရှိ ရပေမည်။ သို့မဟုတ် ပါလျှင် ချူဟောင်းယူက ပျော်ရွှင်စွာ စောင့်ဆိုင်း နေလိမ့်မည်။

လင်းယွန်၏ ခန္ဓာကိုယ်သည် တရွေ့ရွေ့ ပြောင်းလဲ လာ၏။ သူ့ ခန္ဓာကိုယ် ထဲရှိ ဆဲလ်တိုင်း၊ အရေပြား၊ ကြွက်သား၊ အရိုးနှင့် အတွင်း အင်္ဂါများ ချုပ်ငြိမ်းလာ သည်ကို ခံစား နေရသည်။

သတိမ ထား မိခင် မှာပင် တစ်လ ခွဲခန့် ကြာပြီးနောက်၊ သူ၏ အသွင် ပြောင်းမှုသည် ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်းများ နှင့်အတူ ဆက်သွား နေ၏။

ရုတ်တရက် လင်းယွန်၏ ခန္ဓာကိုယ်မှ ကျယ်လောင်သော သားရဲ ဟောက်သံ တစ်သံ ပဲ့တင်ထပ် လာသည်။ မျက်ခွံများ ဖွင့်လိုက် သည်နှင့်၊ မျက်ဝန်းများ အတွင်း ပေါက်ကွဲ စွမ်းအားများ ပြည့်နှက် လာ လေသည်။

ရုတ်တရက် သားရဲ တစ်ကောင်လို၊ ကောင်းကင်သို့ ခုန်တက် လိုက်ပြီး၊ တိမ်တိုက်ထဲ လက်သီး တစ်ချက် ပစ်လွှတ် လိုက်တော့သည်။

***

All Chapters