← Chapters

တိမ်မြူကင်းသော အာရုဏ်ဦး ။

Vol. 20 Ch. 276

တိမ်မြူကင်းသော အာရုဏ်ဦး ။

Vol. 20 Ch. 276

လင်းယွန်၏ ခန္ဓာကိုယ်မှ ကျယ်လောင် သော သားရဲ ဟောက်သံ တစ်သံ ပဲ့တင်ထပ် လာသည်။ မျက်ခွံများ ဖွင့်လိုက် သည်နှင့်၊ မျက်ဝန်းများ အတွင်း ပေါက်ကွဲ စွမ်းအားများ ပြည့်နှက် လာ လေသည်။

ရုတ်တရက် သားရဲ တစ်ကောင်လို၊ ကောင်းကင်သို့ ခုန်တက် လိုက်ပြီး၊ တိမ်တိုက်ထဲ လက်သီး တစ်ချက် ပစ်လွှတ် လိုက်တော့သည်။

လက်သီးချက်မှာ ပွက်ပွက်ဆူ နေသော ဆေးအိုးကြီး တစ်လုံး ကဲ့သို့ လေထဲတွင် ပြင်းထန်သော ပေါက်ကွဲ သံကို ဖြစ်ပေါ် သွားစေသည်။

ရှေးဟောင်း ဆေးမီး အိုးကြီး၏ သန့်ရှင်းသော ဂီတသံ နှင့်အတူ သူ၏ အရှိန်အဝါသည် ထက်ရှသော ဓားကဲ့သို့ ရှေ့သို့ တိုးလွင့် သွားတော့၏။

ကောင်းကင်ယံရှိ တိမ်ပင်လယ် ထဲတွင် ကြမ်းတမ်းသော အငွေ့ အသက်များ ဖြစ်ပေါ် လာပြီး၊ တိမ်မြစ် နှစ်စင်း အဖြစ်၊ ဟက်တက်ကွဲ သွားလေသည်။

လင်းယွန်၏ အရှိန်အဝါမှာ ရှေးဟောင်း သားရဲ တစ်ကောင် ကဲ့သို့၊ ကြမ်းကြုတ် လာပြီး၊ သူ့ခြေ အောက်ရှိ တောင်ကုန်းကို တုန်လှုပ်သွား စေတော့၏။

တစ်ချိန်တည်း မှာပင်၊ ရှေးဟောင်း ဆေးကြိုအိုး၏ စင်ကြယ်သော ဂီတ သံများ တွဲလျက် ထွက်ပေါ် သွားသည်။ နေရောင် အောက်၌ စူးရှသော မျက်နှာ သွင်ပြင်ကို၊ ထပ်လောင်း ပြတ်ထင် လာစေ၏။

“ လဝက်လောက် အတွင်းမှာ တတိယ အဆင့်ကို ငါ ရောက်ခဲ့တယ်…”

မဟာချင် အင်ပါယာတွင် ဒရာကိုဖီ နည်းစနစ်ကို တားမြစ် နည်းစနစ် အဖြစ်၊ ကျင့်ကြံ ဖို့ရန် ပိတ်ပင် ထားသည်။

အဘယ့်ကြောင့် ဆိုသော် 'ရှေးဟောင်း တာအို' ဂိုဏ်း ကဲ့သို့၊ ကြီးမားသော သတ္တဝါကြီး ကပင်၊ သူ့ကိုယ်သူ ပိတ်မိနေ ခဲ့သည်မှာ၊ သံသယ ဖြစ်ဖွယ် မရှိချေ။

သို့သော် သူ့ နှလုံးသားမှာ မှန်တစ်ချပ် ကဲ့သို့ ကြည်လင် နေ၏။ ဒုတိယတန်း ဝိညာဉ်ကျောက်စိမ်း များသည် လွယ်လွယ် ကူကူ မရ နိုင် သော်လည်း၊ ဒရာကိုဖီ နည်းစနစ်ကို လေ့ကျင့် ခြင်းဖြင့်၊ ၎င်းတို့ကို ကောင်းစွာအသုံးချ နိုင်ခဲ့သည်။

သုံးသပ်ချက်များ အရ ဆုံးဖြတ်ချက် ကောင်းကောင်း ချလိုက်မိ ပြီဟု ခံစားရ မိ၏။ ဒရာကိုဖီ နည်းစနစ်ကို တစ်လခွဲ အတွင်း၊ တတိယ အဆင့်ထိ ဆုပ်ကိုင် နိုင်ခြင်းမှာ၊ အံ့မခန်း တိုးတက်မှုပင် ဖြစ်သည်။

လူတိုင်းက သည်အဟုန်ကို မနာလို ဖြစ်လာ နိုင်ပေမည်။

တစ်ဖက်တွင် လင်းယွန်မှာ သာမာန် ကျင့်ကြံသူ တစ်ယောက် မဟုတ် သောကြောင့်၊ ထိုကဲ့သို့ လျင်မြန်သော တိုးတက် မှုကို ရရှိ ခဲ့ခြင်း ဖြစ်သည်။

မဟာချင် အင်ပါယာ တစ်ခုလုံးတွင်၊ ရှန်ရှင်း နယ်ပယ် အတွင်း ရှိစဉ်၊ ၎င်းတို့၏ ခန္ဓာကိုယ်ကို မည်သူမျှ မီးလောင် မခံဝံ့ ကြပေ။

ပြာကျသွား နိုင်မည့် အန္တရာယ်ကို မည်သူ မဆို လျစ်လျူရှု ရဲခြင်း မရှိနိုင်။ ကျင့်ကြံရာ လမ်းတစ်လျှောက်၊ ကံကောင်းခြင်း အပေါ်၊ သူ အားမကိုး ခဲ့ချေ။

တစ်ချိန်တည်း မှာပင် တတိယ အဆင့်သို့ ရောက်ရှိ သွားသည်နှင့်၊ ဒရာကိုဖီ ခန္ဓာကိုယ် ဖွဲ့တည်မှုမှာ နှေးကွေး သွား၏။

ကံကောင်း ထောက်မ စွာဖြင့်၊ ယင်းရလာဒ် အချို့ သည်ပင်၊ 'ကျားနဂါး လက်သီး'ကို အားကောင်း သွားစေမည် ဖြစ်သည်။

ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏ တပည့်များသည်၊ 'ကျား-နဂါး လက်သီး' ကို လေ့ကျင့်သော အခါတွင်၊ 'ကျား-နဂါး ကြေးသွန်း ခန္ဓာ' ကို လေ့ကျင့် ကြ သော်လည်း၊ 'ဒရာကိုဖီ ခန္ဓာ' မှာ၊ 'ကျားနဂါး လက်သီး' နှင့်၊ ပို၍ လိုက်ဖက် လေသည်။

“ ငါ့ခန္ဓာ ကိုယ်က ပိုသန်မာ လေလေ၊ ငါ့လက်သီး နည်းစနစ်က၊ ပို ပြင်းထန် လေလေပဲ၊ ပြီးတော့ ဒီနည်းစနစ် နှစ်ခုကို သူတို့ရဲ့ အကန့် အသတ် အထိ၊ ဘယ်လို ပေါင်းစပ် ဆောင်ကြဉ်း ရ မလဲ ဆိုတာ ... ၊ စဉ်းစား ရမယ်။”

အတွေးများ ရှင်းထုတ် ပြစ်ကာ၊ ကျားနဂါး လက်သီးကို စတင် လေ့ကျင့် တော့၏။

ကျား- နဂါး အရှိန်အဝါကို ကွပ်မျက် လိုက်သည်နှင့်၊ သူ၏ အရှိန် အဝါမှာ နက်နဲ ဆဋ္ဌမ အဆင့်သို့ ရောက်ရှိ သွားသည်။

ထို့နောက်တွင် 'ကျား- နဂါး ခြေလှမ်းများ' ကို အသုံးပြု လိုက်ပြီး၊ ကောင်းကင်သို့ နဂါး တစ်ကောင်လို ခုန်တက် လိုက်သည်။

'' ဟိတ် ။ ''

'' ပျံသန်းနေသော နဂါး၊ ပုန်းကွယ် နေသော ကျား၊ ''

'' နဂါး အမြီး။ ''

'' နဂါး ပန်းချီ။ ''

ပုံစံ ငါးမျိုးအား ချောမွေ့စွာ အကောင် အထည် ဖော်ခဲ့ပြီး၊ ၎င်းတို့ကို အလို ရှိတိုင်း၊ တံဆိပ် သုံးခု တို့ဖြင့်၊ တွဲဘက် လိုက်သည်။

'' ဟိတ် ....... ''

အော်ဟစ် ပြေးလွှား နေသော လင်းယွန်ကို အဝေး တစ်နေရာမှ ရပ်ကြည့် နေမိ ပါက၊ ကောင်းကင် ယံ၌ ပျံသန်း နေသော နဂါး တစ်ကောင်နှင့်၊ တောင်တန်းများ တစ်လျှောက် ပြေးလွှား နေသော ကျားတစ်ကောင် ကဲ့သို့ ထင်မြင် လာမိ စေ၏။

မာနထောင်လွှား နေသော ဘူချန်နှင့် မတူပဲ၊ 'နဂါး ပန်းချီ ' ကို အတတ် နိုင်ဆုံး ထိုးထွင်း ဖန်တီး ထားသည်။ ၎င်းမှာ ကျား- နဂါး လက်သီး၏ အဆုံး မရှိသော အလား အလာကို တူးဖော် နေခြင်းပင် ဖြစ်၏။

" ငါ့ရဲ့ နည်းစနစ် အားလုံးက ရှုပ်ပွ နေ သလိုပဲ၊ ဒရာကိုဖီ ခန္ဓာကိုယ်၊ ကျားနဂါး လက်သီးနဲ့ လေးနက်သော ခြေလှမ်း ခုနစ်လှမ်း ကို ရောစပ်ပြီး၊ ပေါင်းစပ် အသုံးပြု ကြည့်ရအောင်။ ''

ခေတ္တ ရပ်လိုက်ပြီး၊ သူ့ ခြေဖဝါး အောက်ရှိ မြင့်မားသော တောင်ထွတ် ဖျားဆီသို့ လှမ်းကြည့် လိုက်ကာ၊ အတွေး တစ်စ ရရှိ သွားသည်။

“ ဒရာကိုဖီ နည်းစနစ်က ဒီတောင်ကြီး လိုပဲ၊ 'ကျား-နဂါး လက်သီး' နဲ့၊ 'လေးနက်သော ခြေလှမ်း ခုနှစ်လှမ်း' က၊ ဟိုက သစ်ပင် တွေနဲ့ တူတယ်၊ သူတို့ အားလုံးက အရေး ပါတဲ့ အရာတွေ ပါပဲ၊ ငါ့ နှလုံးသား အတွက် ကတော့ ဒီတောင် ကြီးရဲ့ ဝိညာဉ်ပေါ့ ”

ဤသို့သော ထိုးထွင်း သိမြင် လာမှုမှာ၊ သူ၏ ကျင့်ကြံမှု အပေါ်၊ တံခါး အသစ် ဖွင့်ပေး လာခဲ့သည်။

“ ဒါပေမယ့် ငါ .... ရွှေကျီးကန်း တံဆိပ်ကို ဖွဲ့စည်းဖို့ လိုနေ သေးတယ်၊ အခုတော့ သူ့ နောက်ကို လိုက်လို့ မရ သေးဘူး၊ မဟုတ်ရင် ဒီတောင်ပေါ် ကနေ ပြုတ်ကျပြီး၊ လူ ရယ်စရာ အဆုံးသတ် ဖြစ်ကုန် လိမ့်မယ်။ ”

ထို့နောက် လင်းယွန်သည် 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ကို စတင် လေ့ကျင့် လိုက်၏။ ၎င်းကို 'လ' အတော်ကြာ လေ့ကျင့် ခဲ့ပြီး၊ လက်တွေ့ တိုက်ပွဲ များတွင် ကောင်းစွာ အသုံးပြု နိုင်ခဲ့သည်။

'' ဝှစ်...... ''

အဆင့်မြင့် ကျွမ်းကျင်မှုနှင့် မဝေး လှတော့ချေ။ 'ရွှေကျီးကန်း တံဆိပ်'ကို ဖွဲ့စည်းရန်၊ ၎င်း နည်းစနစ် ပေါ်၌၊ စီးမျောဖို့ လိုအပ် ပေမည်။

အချိန်များ တရွေ့ရွေ့ ကုန်လွန် လာပြီး၊ မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲမှာ နီးကပ် လာခဲ့ လေပြီ။

လင်းယွန် သာမက၊ သေမျိုး အဆင့်ရှိ ထိပ်တန်း ဆယ်ယောက် သည်လည်း၊ ကျင့်ကြံမှု ပေါ်၌ အာရုံစိုက် ထားခဲ့သည်။

ရာပေါင်း များစွာသော တောင်တန်းများ အနက်၊ ဆိတ်ငြိမ်သော တောင်တန်း တစ်ခုတွင်၊ လူငယ် တစ်ဦးက ဓားရေး လေ့ကျင့်နေ ခဲ့သည်။

လှပသော လိပ်ပြာ တစ်ကောင် ကဲ့သို့ကောင်းကင်ပေါ် ခုန်တက် ပျံဝဲ နေခဲ့ပြီး၊ သူ့ဓားဖျား ညွှန်ပြရာ တစ်လျှောက် သစ်ပင်များ နောက်ပြန် ကွေးညွှတ် သွားသည်။

'' တိမ်မြူကင်းသော အာရုဏ်ဦး ဓား ''

ထိုလူငယ်က ရုတ်တရက် ဟောက် လိုက်ပြီး၊ သူ့ဓားကို ထိုးသွင်း လိုက်၏။

ဓားအား တွန်းထုတ် လိုက်သည့် အဟုန်ကြောင့်၊ ဓား ရည်ရွယ်ချက်မှာ စိတ်ကူးဖြင့် လိုက်မမှီ နိုင်သော၊ အလင်းကြိုး တစ်ချောင်း ကဲ့သို့၊ ပြေးထွက် သွားလေသည်။

ထို့နောက် ဓား ရည်ရွယ်ချက်မှာ တဖြည်းဖြည်း ပျောက်ကွယ် သွားသည် အထိ ပါးလျ လာတော့၏။

လူငယ်က အပြုံး တစ်ပွင့် နှင့်အတူ၊ သူ့ ဓားကို ဓားအိမ်ထဲ ပြန်သွင်း လိုက်ပြီး မကြာမီ၊ ကြီးမားသော ပေါက်ကွဲသံ တစ်သံ ထွက်ပေါ်လာကာ၊ မီတာ ရှစ်ရာ ပတ်လည်ရှိ သစ်ပင်များ အားလုံး ရုတ်တရက် ပြတ်ကျသွားကုန်သည်။

ထို့ပြင် အဝေးသို့ ပြေးထွက်၊ ပျောက်ကွယ် သွားသော ဓား ရည်ရွယ်ချက်က၊ တဖန် ပြန်ပေါ် လာပြီး၊ အတက် အကျ လှိုင်းလုံးများ သဖွယ်၊ သစ်ပင် များကို ဖုန်မှုန့်များ အဖြစ်၊ ကြိတ်ချေ ပစ် လိုက်၏။

" ဝိုး၊ ဂျူနီယာ ညီလေး ချူ ...."

ဝမ်ယန်က ပြုံးပြုံး ရွှင်ရွှင်ဖြင့်၊ လျှောက်လှမ်း လာခဲ့သည်။

ထိုအချိန်က ဘိုင်လိရွှမ် နှင့် လက်ရည်တူ တိုက်ခိုက် ခဲ့သော ချူဟောင်းယူက၊ မာနကြီး စွာဖြင့်၊ ဝမ်ယန်ကို လှည့်ကြည့် လိုက်သည်။

" မင်းက ယဉ်ကျေး လွန်းပါတယ်၊ စီနီယာ ဝမ်နဲ့ ယှဉ်ရင် ငါက ချို့တဲ့ နေတုန်း ပါပဲ ”

“ ဒီလိုလည်း ဘယ် ဟုတ်ပါ့ မလဲ၊ ငါက မင်းထက် နှစ် အနည်းငယ် ကြီးနေ လို့ပါ၊ ငါ့မှာ ကျင့်ကြံမှု အဆင့် အားသာ ချက်သာ မရှိရင် ...၊ ငါက မင်းရဲ့ ပြိုင်ဘက် ဖြစ်လာမှာ မဟုတ် ပါဘူး၊ နက်နဲ အဆင့် သိုင်း နည်းစနစ် တွေကို ကျော်လွှား နိုင်တဲ့ 'တိမ်မြူ ကင်းသော အာရုဏ်ဦး ဓား' နည်းစနစ် အပေါ်၊ ပိုမို ဆုပ်ကိုင် လာနိုင်ပြီ ဆိုတာ ... ငါသိထား ပါတယ်၊ ဒါပေမယ့် ငါကိုယ်တိုင် မြင်တွေ့ ရတော့ မှပဲ၊ တကယ်ကို အံ့သြမိ ပါတယ်”

ဝမ်ယန်က ဝတ်ရုံစကို ဟန်ပါပါ ဝှေ့ယမ်း လိုက်ပြီး၊ ပြုံးရယ် ချီးကျူး လိုက်၏။

မည်သည့် သိုင်းပညာရပ် မဆို၊ ပိုမို ကျွမ်းကျင် လာသော အခါတွင် ကြီးမားသော စွမ်းအားကို ပြသ နိုင်မည် ဖြစ်သည်။

'အထွတ် အထိပ် နက်နဲ အဆင့်' သိုင်းနည်းစနစ် များနှင့် ပတ်သက်၍ အဆင့်မြင့် ကျွမ်းကျင်မှုကို ရရှိ လာပါက၊ ၎င်းတို့သည် သာမာန် ဝိညာဥ် အဆင့်၊ သိုင်း နည်းစနစ်များ ထက်ပင် ပိုမို အားကောင်း လာ ပေမည်။

ထို့ကြောင့် 'တိမ်မြူ ကင်းသော အာရုဏ်ဦး ဓား' ကဲ့သို့၊ ထိပ်တန်း သိုင်း နည်းစနစ် တစ်ခု တည်းဖြင့်၊ ချူဟောင်းယူက မြေကြီး အဆင့်မှ၊ တပည့် များစွာကို အနိုင်ယူ နိုင်သည်။

“မင်းက ပြင်ပ တပည့် တွေထဲမှာ အသန်မာ ဆုံးသူ ဖြစ်ထိုက် ပါပေတယ်၊ မင်းရဲ့ အရည် အချင်းနဲ့ နားလည် နိုင်စွမ်းဟာ... ၊ ဂိုဏ်း တစ်ခုလုံးရဲ့ ထိပ်တန်း တွေထဲ မှာတောင်၊ အဆင့် သတ်မှတ် ခံရ နိုင်တယ်"

“ ဒီလောက်လည်း နှိမ့်ချ နေဖို့ မလိုပါဘူး၊ မင်းက 'ဝမ်' မျိုးနွယ်စုရဲ့ အမွေခံ သခင် လေးပါ၊ ငါက မင်းထက် သာလွန် ပေမယ့်၊ မင်းကို ဘယ်တော့မှ လျှော့တွက်မှာ မဟုတ်ဘူး၊ ဝေ့ဝိုက် နေတာ တွေကို၊ ရပ်လိုက် ကြရအောင်၊ မင်း ဘာအတွက် ဒီကို လာရ တာလဲ။ "

ချူဟောင်းယူက ဝမ်ယန်ကို ပြန်မေး လိုက်၏။ ချူဟောင်းယူ၏ စကားများကို ကြားလိုက် သည်နှင့် ဝမ်ယန်၏ မျက်ဝန်း များတွင် အေးစက်သော အလင်းရောင်များ တောက်ပ လာခဲ့သည်။

ချူဟောင်းယူတွင် ထူးခြားသော စိတ်နေ စိတ်ထား ရှိပြီး၊ သူ့ကိုပင် ဂရု မစိုက် လိုခဲ့ပေ။

သို့သော် ချူဟောင်းယူသည် မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲတွင်၊ အားကိုး ရမည် သာမက၊ လင်းယွန်အား သတ်ပစ် ရန်ပင် ကူညီ ပေးမည် ဖြစ်သည်။

“ တိမ်မြူကင်းသော အာရုဏ်ဦး ဓား မှာ တိုးတက်ဖို့ လိုနေ သေးတယ်၊ မင်းသာ ဆန္ဒ ရှိရင် ...၊ ငါ မင်းရဲ့ လေ့ကျင့်ဘက် တစ်ယောက် ဖြစ်နိုင် ပါတယ်”

-ဟု ဝမ်ယန်က သူ့ မာနကို နှိမ့်ချကာ၊ ပြောလိုက် ရ၏။

ဝန်ယမ်၏ လိုလို လားလား ကမ်းလှမ်း လာမှုကြောင့်၊ ချူဟောင်းယူ၏ မျက်လုံးများ တောက်ပ လာပြီး ပြုံးရယ် သွားကာ၊

“ ငါနဲ့ အတူ မင်းရဲ့ အချိန် တွေကို ဖြုန်းတီး ပစ်ဖို့၊ ဆန္ဒရှိ တဲ့အတွက် ဝမ်းသာ မိပါတယ်၊ စီနီယာ အစ်ကို ဝမ်က၊ ငါ့ကို နည်းနည်းတော့ ဖိအားပေး နိုင်မယ် ထင်တယ်၊ မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲ မတိုင်မှီ 'တိမ်မြူကင်းသော အာရုဏ်ဦး ဓား'ကို၊ ပိုင်နိုင်စွာ ပြီးမြောက် ချင်နေ မိတာတော့ အမှန်ပါပဲ။ ”

ချူဟောင်းယူက အခွင့် အရေးကို မဖြုန်းတီးဘဲ၊ ဆုပ်ကိုင် လိုသော ရည်ရွယ် ချက်ကြောင့်၊ ဝမ်ယန်၏ နှလုံးသားများ အံသြ လေးနက် သွားသည်။

မကြာခင် ရောက်ရှိ လာမည့် မဟာမိတ် ပြည်ထောင်စု တိုက်ပွဲမှာ၊ စိတ်ဝင် စားစရာ ကောင်းလာ ပေတော့မည်။

***

All Chapters