← Chapters

ဝှက်ဖဲများ ။

Vol. 20 Ch. 277

ဝှက်ဖဲများ ။

Vol. 20 Ch. 277

မျက်စိတစ်မှိတ် အတွင်း တစ်လခွဲခန့် အချိန်မှာ ကုန်ဆုံး သွား ပေသည်။

ထူထဲလှသော တိမ်တိုက်များမှာ ကောင်းကင်တွင် ဖြန့်ကြက် ထားသော ရွှေရောင် ပင်လယ်ကြီး တစ်ခု လိုပင်။

ထိုအချိန်တွင် ကောင်းကင်သို့ ရွှေကျီးကန်းတစ်ကောင် ထိုးတက် သွားကာ၊ လေဟာ နယ်ကို ထိုးခွဲလျက်၊ တိမ်ပင်လယ် ကြီးအား ဖြတ်သန်း သွားတော့၏။

ရွှေကျီးကန်းမှာ တိမ်ပင်လယ် ကြီးထဲ ဝင်ရောက် ပျောက်ကွယ် သွား ပြီးနောက်၊ မြင့်မားသော ချောက်ကမ်းပါး တစ်ခု ပေါ်သို့ လူရိပ် တစ်ရိပ် ကောင်းကင်မှ ပြန်လည် ဆင်းသက် လာသည်။

မြေပြင်ပေါ် ဆင်းသက်ရာ လမ်း တစ်လျှောက်၊ ဒါဇင် နှင့် ချီသော နောက်ဆက်တွဲ ပုံရိပ်များ အထပ်ထပ် ဖြစ်တည် ကျန်ရစ် ခဲ့ လေသည်။

၎င်းတို့မှာ ရုပ်ရှင် အနှေး ပြကွက် တစ်ခုလို၊ ပုံရိပ် ဟောင်းများ၊ တစ်ခုပြီး တစ်ခု လွင့်ပြယ် သွားကာ၊ နောက်ဆုံး ပုံရိပ် ပျောက်ကွယ် သွား သည်နှင့်၊ ချောက်ကမ်းပါး စွန်းတွင် ရပ်လျက် မော့ကြည့် နေခဲ့သော၊ လူငယ် တစ်ယောက်ကို တွေ့မြင် လိုက်ရ လေသည်။

ထက်ရှသော မျက်ဝန်း များကို ပိုင်ဆိုင် ထားသော ထိုလူငယ် ပေါ်သို့၊ နေရောင်ခြည် များ ထိုးဖြာ ကျဆင်း နေ၏။

လက်နှစ်ဖက်ကို နောက်ပစ်လျက် သက်တောင့် သက်သာ အမူ အယာဖြင့်၊ လေထဲရှိ တရွေ့ရွေ့ ပျောက်ကွယ် နေသော သူ့ထံ ပြေးဝင် လာနေသည့် ပုံရိပ် များကို ငေးကြည့် နေမိသည်။.

ယင်းလူငယ်၏ နောက်ကျောတွင် လက်ဖဝါး အရွယ်၊ ရွှေရောင် တံဆိပ် တစ်ခု ဖြစ်တည် နေ၏။ ထိုတံဆိပ်မှာ ရွှေရောင် တောက်ပသော ကျီးကန်း တစ်ကောင် ဖြစ်သည်။

ရွှေကျီးကန်း တံဆိပ်။

ဤသည်မှာ 'လေးနက်သော ခြေလှမ်း ခုနှစ်လှမ်း' ကို လေ့ကျင့်ခြင်း၏ ရလဒ် ဖြစ်သည်။

'ဒရာကိုဖီ ခန္ဓာကိုယ်' နည်းစနစ်တွင် လက်ခံ နိုင်သော အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ 'လေးနက်သော ခြေလှမ်း ခုနှစ်လှမ်း' ကို လေ့ကျင့် ခဲ့သည်။

ရွှေကျီးကန်း တံဆိပ်ကို အပြည့် အ၀ ဖွဲ့စည်းရန် တစ်လ ခွဲကြာ အချိန်ယူ ခဲ့ရသည်။

ပြန်လည် တွေးကြည့် မိရာ၊ သိုင်းခန်းမ၏ အကြီးအကဲ ထံမှ 'လေးနက်သော ခြေလှမ်း ခုနှစ်လှမ်း' ကို၊ သူ လက်ခံရ ရှိခဲ့ သည်မှာ၊ လအတော် ကြာခဲ့ပြီ ဖြစ်သည်။

ဒရာကိုဖီ နည်းစနစ်သည် အခြား သူများ အတွက် လမ်းညွှန်ရန် စီနီယာ တစ်ဦး လိုအပ် သော်လည်း၊ သူ၏ ထိတ်လန့် စရာ ကောင်းသော နားလည် နိုင်စွမ်း ကြောင့်၊ ၎င်း နည်းစနစ်ကို ကိုယ်တိုင် သင်ယူ နိုင်ခဲ့သည်။

တတိယ အဆင့်သို့ တက်လှမ်း ရန်ပင် နားလည် နိုင်စွမ်း ရှိ သော်လည်း၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း အမြောက် အမြားကို လိုအပ် ပေသည်။

တစ်ဖက်တွင်မူ ရွှေကျီးကန်း တံဆိပ်ကို ဖွဲ့စည်းရန် နှစ်ဝက်ခန့် အချိန်ယူ ခဲ့ရသည်။

၎င်းအချိန် ကာလသည် သူ့ကိုယ်သူ တကယ် အရည် အချင်း ရှိသလား ဟုပင်၊ တစ်ချိန်လုံး သံသယ ဝင်လာ စေသည်။ နောက်ဆုံးတော့ အောင်မြင် ခဲ့သည် ဖြစ်ရာ အနည်းငယ်၊ စိတ် သက်သာရာ ရသွား မိ၏။

"နောက်တစ်ခါ စမ်းကြည့် ရအောင် "

မူလ စွမ်းအင်များ တဟုန်ထိုး တောက်လောင် လာပြီးနောက်၊ လင်းယွန်၏ မျက်လုံးများ လင်းလက်စွာ တောက်ပ လာသည်။

“ လေးနက်သော ခြေလှမ်း ခုနှစ်လှမ်း – ပုံရိပ်ယောင် ”

လင်းယွန်က ဟောက် လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း တိုး သွားသည်။ သူ၏ ရုပ်သွင်တွင် ရွှေရောင် အလင်းများ တောက်ပ လာကာ၊ မီးတောင် ကဲ့သို့၊ စွမ်းအားများ ပေါက်ကွဲ ထွက်နေသည်။

လျှောက်လှမ်း လိုက်သော ခြေလှမ်း တိုင်းတွင် ထင်ရှားသော ပုံရိပ်ယောင် များ ချန်ထား ခဲ့၏။

အတိတ်က သူ ဖန်တီး ခဲ့သော နောက်ဆက်တွဲ ပုံရိပ် များဖြင့် မတူဘဲ၊ ရွှေရောင် ပုံရိပ် များတွင်၊ ဓား ရည်ရွယ်ချက် များ ပါ၀င်နေ ခဲ့သည်။

ဓား ရည်ရွယ်ချက်သည် နောက်ဆက်တွဲ ပုံရိပ် များကို ပို၍ လက်တွေ့ ဆန်လာ စေပြီး၊ သုံးစက္ကန့် ကြာသည် အထိ လေထဲ၌ ဖြစ်တည် လာစေ၏။

တိုက်ပွဲတွင် အာရုံ ပျံ့လွင့်မှုမှာ သုံးစက္ကန့်မျှ မဆိုနှင့်၊ တစ်စက္ကန့် အတွင်း အသက်နှင့် သေခြင်းကို ဆုံးဖြတ် နိုင်သည်။

ယခင်ကနှင့် နှိုင်းယှဉ် ပါက၊ သူ၏ 'လေးနက်သော ခြေလှမ်း ခုနှစ်လှမ်း' မှာ၊ များစွာ တိုးတက် ကောင်းမွန် လာခဲ့သည်။

'' လေးနက်သော ခြေလှမ်း ခုနှစ်လှမ်း - ရွှေကျီးကန်း တောင်ပံများ ''

'' ဝှစ်....... ''

ခြေဖြင့် မြေပြင်ကို ပုတ်လိုက် သည်နှင့်၊ သူ့ နောက်ကျောတွင် ရွှေရောင် တံဆိပ် တစ်ခု စတင် တောက်ပ လာသည်။ လက် နှစ်ဖက်ကို ဆန့်ထုတ် လိုက်ပြီး၊ တောင်ပံ တစ်စုံ သဏ္ဍာန် ဖြန့် လိုက်၏။

ထို့နောက် ကောင်းကင်သို့ ရွှေကျီးကန်း တစ်ကောင် ကဲ့သို့ လျင်မြန်စွာ ပျံတက် သွားတော့သည်။

ကမ္ဘာမြေ ဆွဲငင်အား အတွင်းမှ ရုန်းထွက် ပျံသန်း နေဆဲတွင်၊ လေထု ထဲ၌ ပုံရိပ် ယောင်များ ထားရစ် ခဲ့လေသည်။

သည်တစ်ကြိမ် နောက်ဆက်တွဲ ပုံရိပ် များသည် လက်တွေ့ ဆန်လာခြင်း နှင့်အတူ၊ လင်းယွန်၏ အသွင်မှာ ရွှေရောင် အလင်းတန်း တစ်စ အဖြစ်၊ ပြောင်းလဲ လာ ပြီးနောက်၊ မိုးကုပ် စက်ဝိုင်းကို လျှပ်တစ်ပြက် အတွင်း၊ ဖြတ်သန်း သွားတော့သည်။

ထို့နောက် လျှပ်စီးလက် သကဲ့သို့ မြေပြင်ကို ပြန်လည် ဆင်းသက် လာ၏။

လေထုထဲ ထင်ကျန်ရစ် နေသော၊ သူ့ ပုံရိပ် များတွင် အလို အလျောက် ထိန်းချုပ် နိုင် တော့မည့်၊ အရိပ် အယောင်များ ပြသ လာရာ၊ ၎င်းသည် 'လေးနက်သော ခြေလှမ်း ခုနှစ်လှမ်း' ကို၊ အဆင့်မြင့် ကျွမ်းကျင်မှု အထိ ရောက်ရှိ သွားပြီ ဖြစ်ကြောင်း၊ လက္ခဏာ များ ဖြစ်လေသည်။

“ ဒီခြောက်လ အတွင်း အလကား မကုန်ဆုံး စေခဲ့ ဖူးပဲ၊ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' က၊ ကြောက်မက်ဖွယ် ကောင်းလွန်း ပါတယ် ၊ 'ဝိညာဉ် အဆင့်' နည်းစနစ်တွေ တောင်မှ၊ မယှဉ်နိုင် တော့မှာကို ငါ ကြောက်မိတယ်”

လင်းယွန်က တစ်ကိုယ်တည်း ပြောဟန်ဖြင့် ခပ်တိုးတိုး ရေရွတ် လိုက်သည်။

'လေးနက်သော လှေခြမ်း ခုနစ်လှမ်း'မှာ သူ ထင်ထား သည်ထက် ပို၍ ပြင်းထန် လှ၏။

သူ၏ နားလည် နိုင်စွမ်းမှာ ချို့တဲ့ နေခြင်း မရှိသော်လည်း၊ ထို နည်းစနစ်သည် 'မြင့်မြတ်သော နေမင်းအား ဖမ်းဆီးခြင်း'၊ ပညာရပ်မှ ဆင်းသက် လာသော အခွဲ တစ်ခု ဖြစ်ပေရာ၊ ကျင့်ကြံရ ခက်ခဲ ပေသည်။

ဓားနန်းတော်တွင်၊ 'ခရမ်းရောင် နန်းတော် နယ်မြေ' ရှိ အကြီးအကဲ များ သည်သာ၊ အဆင့်မြင့် ကျွမ်းကျင်မှု ကို ရရှိ နိုင်လေသည်။

သို့သော် သူတို့ အားလုံးမှာ ထိုအဆင့်သို့၊ ရောက်ရှိရန် အနည်းဆုံး ဆယ်စုနှစ် တစ်စုခန့် အချိန်ယူ ခဲ့ရ ပေသည်။ ယင်းကာလသည် အကျိုးမဲ့ ဖြုန်းတီးမှု မျိုး မဖြစ် ခဲ့ပေ။

သခင့်ဓားကို အောင်မြင်စွာ မသင်ယူ နိုင် ခဲ့ပါက၊ အဆိုပါ သိုင်းခန်းမ အကြီးအကဲသည်၊ လင်းယွန်အား 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' အား၊ ပေးမည် မဟုတ်ပေ။

“ မဟာမိတ်-ပြည်ထောင်စု တိုက်ပွဲ မစခင်၊ သခင့်ဓားကို ပြောင်းလဲ သင့်တယ်။ "

လင်းယွန်၏ မျက်နှာမှာ လေးနက် သွား၏။ သူ၏ ကျော်ကြားမှုသည် ဓားနန်းတော် တစ်လျှောက်တွင် ပျံ့နှံ့နေ ပြီးနောက်၊ ရလာဒ်အနေဖြင့် မုန်တိုင်း၏ ဗဟိုချက်တွင် နေရာယူ ထားလျက်သား ဖြစ်နေ ခဲ့သည်။

ဂရု မစိုက် မိပါက၊ အပိုင်းပိုင်း ကျိုးပြတ် သွားပေမည်။

ကျော်ကြား မှုများ ရယူ နိုင်ရန်၊ အများစုမှာ သူ့အား နင်းခြေရန်၊ ကြိုးပမ်း လာကြ ပေလိမ့်မည်။

ထို့ကြောင့်ပင် 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း'၊ 'ဒရာကိုဖီ ခန္ဓာကိုယ်'၊ 'ကျားနဂါး လက်သီး' တို့ဖြင့်၊ မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲတွင် တောက်ပ နေမည်ဟု သူ ယုံကြည် ထားသည်။

သို့သော် သူ၏ ဓားဖြင့်သာ၊ အရာ အားလုံးကို ချေမှုန်း နိုင်ပေမည်၊ သခင့်ဓား သည်သာ ဤသို့ အရည် အသွေး ရှိ၏။

သခင့်ဓားကို ပို၍ ကျွမ်းကျင်အောင် မစွမ်းဆောင် နိုင်တော့သည့်၊ နာကျင် စရာ ခံစား ချက်မှာ၊ ဓားတာအို အပေါ် နားလည်မှုများ ရပ်တန့် သွားခဲ့သည်။

မဟာမိတ် ပြည်ထောင်စု တိုက်ပွဲသည်၊ 'ရတနာ တောင်ကုန်း' မဟာမိတ် ပြည်နယ်၏ ကျော်ကြားမှု အတွက်၊ စင်မြင့် တစ်ခု ဖြစ်လာ နိုင်မည် မဟုတ် သော်လည်း၊ ၎င်းပြိုင်ပွဲ၌ သူ့အတွက် အခွင့် အရေး အချို့ ရရှိ လာနိုင်မည်။

'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ကိုဆုပ်ကိုင် နိုင်ခြင်း ဖြင့်၊ ကြီးကျယ် ခမ်းနားသော၊ အောင်မြင်မှု မျိုး ရရှိ လိမ့်မည်ဟု ယုံကြည် ခဲ့သည်။

သို့သော် သခင့်ဓားကို လေ့ကျင့်သည့် အခါတွင်မူ၊ ၎င်းနှင့် ထပ်တူ ယုံကြည်မှုမျိုး မရှိခဲ့ပေ။ 'သခင့်ဓား'သည် 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ထက် ပို၍ ခက်ခဲ လှပေ၏။

'' ပြဿနာတော့ မရှိပါဘူး၊ ငါမှာ အချိန် နှစ်လ ကျန် နေသေးတယ် ''

ဓားတစ်ချက်သာ ရှိသောကြောင့် 'သခင့်ဓား' မှာ အလွန် ထူးဆန်း ပေသည်။ 'ကာကွယ်သူ မက်မွန်'က 'သခင့်ဓား' ကို ပိုမို ကျွမ်းကျင် ပြီးနောက်၊ အံ့အား သင့်ဖွယ် ရရှိ လိမ့်မည်ဟု ဆိုခဲ့သည်။

“ ဒီဓားက အသက် တစ်ရှိုက်စာ အတွင်း ကိုယ့်ကိုကိုယ် ကန့်သတ်ချက် အထိ တွန်းထုတ်ပြီး၊ အရာ အားလုံးကို အုပ်စိုး ချင်တဲ့၊ ဓား တစ်လက်ရဲ့ ဒေါသပဲ ...၊ သူမှာ ဘယ်လို တုံ့ဆိုင်းမှု မျိုးမှ မရှိဘူး၊ ဒီတော့ ငါ ဘယ်သူနဲ့ ရင်ဆိုင် နေရ ပါစေ၊ ရှေ့ကို ဆက်သွား ရဲတဲ့၊ သတ္တိ ရှိဖို့ပဲ လိုတယ် …”

တိုးဖွဖွ ရေရွတ်ကာ၊ အချက် အလက်များ အပေါ် ဆင်ခြင် နေမိသည်။ သခင့်ဓား သည် အစွမ်းထက် လှသော်လည်း၊ ၎င်းကို နောက်ထပ် တစ်လှမ်း တိုးရန်၊ သူ မလုပ်နိုင်သေးပေ။

***

'အသူရာ' မဟာမိတ် အဖွဲ့၏ အခြေချ တောင်တန်း တစ်နေရာတွင် ဂျင်းဖိန်က လေ့ကျင့် နေခဲ့သည်။

'အသူရာ' မဟာမိတ် အဖွဲ့သည် အထက်တန်းစား များအတွက်၊ ရည်ရွယ် ထားသော မဟာမိတ်-ပြည်နယ် တစ်ခု ဖြစ်ပြီး၊ 'အဖော်မဲ့ကြယ်' မဟာမိတ် အဖွဲ့နှင့်၊ အဆင့်တူတွင် ရပ်တည် ထား နိုင်သည်။

မဟာမိတ် နှစ်ဖွဲ့ လုံးရှိ တပည့်များ အားလုံးမှာ ကျင့်ကြံမှု ပေါ်၌၊ ရူးသွပ် နေသော သူများ ဖြစ်ကြသည်။

သေမျိုး တတိယ အဆင့်ရှိ ဂျင်းဖိန်မှာ၊ 'အသူရာ' မဟာမိတ် အဖွဲ့ ထဲရှိ၊ ထိုသို့သော အရူးများ ထဲမှ တစ်ဦး ဖြစ်၏။

လက်ဖဝါးကို တွန်းထုတ် လိုက် သည်နှင့် ဂျင်းဖိန်၏ ဓားရောင်ဝါများ လင်းလက် သွားသည်။ သူနှင့် မီတာငါးရာ အကွာရှိ ရုပ်သေးရုပ် တစ်ရုပ်အား ဖြိုချ ပစ် လိုက်၏။

တမဟုတ်ချင်း မှာပင် ပြိုကျ သွားသော အပိုင်း အစများ အားလုံးသည်၊ ပြာများ အဖြစ်သို့ ပြောင်းလဲ သွားပြီး၊ ပျောက်ကွယ် သွားတော့သည်။

သူ၏ ကြောက်မက်ဖွယ် ကောင်းသော မူလ စွမ်းအင် များမှာ၊ အနက်ရောင် လှိုင်းများ အဖြစ် တုန်ခါ သွားကုန်သည်။

အသက်ကို ပြင်းပြင်း ရှုသွင်း ပြီးနောက်၊ ဂျင်းဖိန်က၊

" နှစ်နှစ်လောက် ကြာပြီး တဲ့ နောက်တော့၊ 'မူလ အမှောင်' နည်းစနစ်ကို ဆဋ္ဌမ အဆင့် အထွတ် အထိပ်ထိ ဆုပ်ကိုင် နိုင်ခဲ့ပြီ၊ ခုတော့ နောင်တရ စရာ မရှိတော့ ပါဘူး …”

ဓားနန်းတော်၏ တပည့်များသည် 'ဝိညာဉ် အဆင့်' နည်းစနစ် များကို ရယူရန် မြေကြီး အဆင့်တွင် ရှိနေ ရမည် ဖြစ်သည်။

ထိုသို့ မဟုတ် ပါက ၎င်းတို့သည် အထွတ် အထိပ် နက်နဲ နည်းစနစ် များကိုသာ၊ ကျင့်ကြံ နိုင်မည် ဖြစ်သည်။

သည်စည်းမျဉ်းမှာ သေမျိုး အဆင့် ထိပ်တန်း ဆယ်ယောက် အပေါ်ပင်၊ သက်ရောက်မှု ရှိလေသည်။

နက်နဲ နည်းစနစ်များ အပေါ်၊ ပြီးပြည့် စုံသော ကျွမ်းကျင် မှုကို ရရှိရန် လွယ်ကူမည် မဟုတ်ပေ။

သို့သော် ပြီးပြည့်စုံ သော ကျွမ်းကျင် မှုသို့ ရောက်သော အခါတွင်၊ ယင်း နည်းစနစ် များ၏ ရလာဒ်များ၊ သိသိ သာသာ ပြောင်းလဲ သွားကာ၊ မူလ စွမ်းအင်၏ အခြေခံ အချက်များ ပြောင်းလဲ သွားမည် ဖြစ်သည်။

ထို့ကြောင့် 'ဝိညာဉ် အဆင့်' နည်းစနစ်များ အပေါ်၊ မြင့်မြင့် မားမား မဆုပ်ကိုင် ထားနိုင်သော၊ 'မြေကြီး အဆင့်' ရှိ မည်သည့် တပည့်ကို မဆို၊ ဂျင်းဖိန်က နှိမ်နင်း နိုင် မည်ဟု ယုံကြည်သည်။

" ချူဟောင်းယူ ဒါကို မင်း ... မမျှော်လင့် ထားဘူး မဟုတ်လား"

ဂျင်းဖိန်က ပြုံးကာ ရေရွတ် လိုက်၏။ ချူဟောင်းယူသည် လွန်ခဲ့သော နှစ်နှစ် အတွင်း၊ 'တိမ်လွှာ ခွဲဖွင့်သော အာရုဏ်ဦး ဓား' နည်းစနစ်တွင် နစ်မြုပ် နေခဲ့ပြီး ဖြစ်ရာ၊ သူ၏ စွမ်းအင် ကျင့်ကြံမှု နည်းစနစ် အပေါ်၊ နားလည် နိုင်မှုမှာ၊ နောက်ကျ ကျန်နေ မည်မှာ သေချာ ပေသည်။

ဆိုလိုသည်မှာ ချူဟောင်းယူ၏ မူလ စွမ်းအင် များမှာ သည်နှစ်များ အတွင်း၊ တိုးတက်မှု မရှိနိုင်ပေ။

ထို့ကြောင့် 'မူလ အမှောင်' စွမ်းအင် ကျင့်ကြံခြင်း နည်းစနစ်တွင်၊ အောင်မြင်မှု ရယူ နိုင် ခဲ့သော ဂျင်းဖိန်က၊ ချူဟောင်းယူကို စိန်ခေါ် အနိုင်ယူ ပြီးနောက်၊ ကောင်းကင် ပေါ်သို့ ပျံတက် လိုခြင်း ဖြစ်သည်။

ချူဟောင်းယူ၏ ဓား နည်းစနစ်မှာ အစွမ်းထက် သော်လည်း၊ စွမ်းအင် ကျင့်ကြံခြင်း နည်းစနစ် သည်သာ၊ ကျင့်ကြံသူ တိုင်း၏ အခြေခံ အုတ်မြစ် ဖြစ်သည်။

အကယ်၍ တစ်စုံ တစ်ယောက်တွင်၊ သိပ်သည်းသော မူလ စွမ်းအင်ကို ပိုင်ဆိုင်ထား ပါက၊ ပြိုင်ဘက်ကို အနိုင် ယူရန် ဓားတစ်ချက်သာ လိုပေမည်။

သို့သော် လင်းယွန်ဆိုသော ဓားကျွန် တစ်ယောက်က၊ သူ၏ ထင်ပေါ် ကျော်ကြားမှု များ အားလုံးကို လုယူ သွား ခဲ့သည်။

လင်းယွန် အကြောင်း တွေးလိုက် မိသည်နှင့်၊ ဂျင်းဖိန်၏ မျက်နှာတွင်၊ ဒေါသများ ပြည့်လျှံလာ၏။ လင်းယွန်လို ဓားကျွန် တစ်ယာက်က သူနှင့် နှိုင်းယှဉ် နိုင်စရာ မရှိချေ။

ချူဟောင်းယူက ကျူးဖန်ကို သတ်ပစ်ခြင်းအား လက်ခံ နိုင်သော်လည်း၊ ဘယ်က လာမှန်း မသိသော ဓားကျွန် တစ်ယောက်က၊ ထိုအခွင့် အရေးဖြင့်၊ ထင်ပေါ်ခွင့် ရယူ သွားသည်။

ထို့ကြောင့် ယခု အချိန်၌ မဟာမိတ်- ပြည်ထောင် တိုက်ပွဲတွင်၊ လင်းယွန်ကို သင်ခန်းစာ တစ်ခု သင်ပေး နိုင်ရန် စောင့်မျှော် နေသော သူမှာ၊ သူ တစ်ဦးတည်း မဟုတ် တော့ပေ။

***

'အဖော်မဲ့ ကြယ်' မဟာမိတ် ပြည်နယ်၏ တောင်တန်း တစ်နေရာတွင်။

တောင်ထွတ်ကြီး တစ်ခု ပေါ်မှ စီးကျ နေသည့်၊ တစ်ခုတည်းသော ရေတံခွန် ကြီး၏ အရှိန်မှာ နက်နဲ ကျင့်ကြံ သူများကို အလွယ် တကူ ချေမှုန်း ပစ်နိုင်သည်။

ဖိအားသည် ကြီးမား သောကြောင့် နက်နဲ နယ်ပယ် တတိယ အဆင့် အထက်ရှိ၊ ကျင့်ကြံသူ များသာ ထိုသက်ရောက် မှုကို ခံနိုင်ရည် ရှိမည် ဖြစ်သည်။ သို့သော် ငြားလည်း သူတို့မှာ ကြာရှည် ခံနိုင်မည် မဟုတ်ပေ။

ရေတံခွန်အောက်တွင် အပေါ်ပိုင်း အဝတ် ဗလာ ကျင်းလျက် ထိုင်နေသော၊ လူငယ်လေး တစ်ယောက် ရှိသည်။

ထိုလူငယ်မှာ သေမျိုး ဒုတိယ အဆင့်ရှိ ယီရှု ဖြစ်လေသည်။

ယီရှုက မျက်လုံးများ ဖွင့်လိုက် သည်နှင့်၊ ချောက်ကမ်းပါး အစွန်း၌၊ ဓား အရှိန် အဝါများ သိုင်းခြုံ ထားသော၊ လူငယ် တစ်ဦး ရပ်နေသည်ကို တွေ့လိုက် ရ၏။

" မင်္ဂလာပါ စီနီယာ အစ်ကို ဖန်း "

ရောက်ရှိလာ သူမှာ ဖန်းချွမ် ဖြစ်သည်။ သူသည် မဟာမိတ် အဖွဲ့၏ ခေါင်းဆောင် မဟုတ်သော်လည်း၊ 'အဖော်မဲ့ကြယ်' ပြည်နယ်တွင် အရာရာ အတွက် တာဝန် ယူရပြီး၊ မြင့်မားသော အဆင့် အတန်းကို၊ ပိုင်ဆိုင်ထား လေသည်။

ဖန်းချွမ်က ပြုံးပြ လာပြီး၊ ယီရှုကို လက်သီးဖြင့် ရုတ်တရက် ထိုးချ လိုက်သည်။ သတိပေး ခဲ့ခြင်း မရှိသော အဆိုပါ ထိုးနှက် ချက်ကြောင့်၊ ယီရှု၏ အမူ အရာမှာ ပြောင်းလဲ သွားခြင်း မရှိဘဲ၊ သူ့ လက်သီးဖြင့် ပြန်လည် ရင်ဆိုင် ခဲ့သည်။

လက်သီး နှစ်လုံး တိုက်မိသွား ပြီးနောက်၊ ကြီးမားသော ပေါက်ကွဲ သံကြီး တစ်သံ ထွက်ပေါ် လာကာ၊ မီတာ တစ်ရာ ပတ်လည်ရှိ ရေ မျက်နှာပြင် ပေါ်၌ လှိုင်းလုံး ကြီးများ ဖြစ်ပေါ် သွားလေသည်။

“ အခု မင်းမှာ အိုးတစ်လုံးရဲ့ ခွန်အားကို ပိုင်ဆိုင် သွားပြီ၊ မင်းရဲ့ 'ရွှေရောင် မိုးကြိုး ခန္ဓာ' က၊ စတုတ္ထ အဆင့်ကို ရောက်နေပြီ မဟုတ်လား "

ဖန်းချွမ်က မေးလိုက်သည်။

“ လွန်ခဲ့တဲ့ တစ်နှစ်ခွဲ လောက်ထဲက စတုတ္ထအဆင့်ကို ရောက်ခဲ့ ပြီး သားပါ၊ ငါ့ လက်သီးရဲ့ သန်မာမှု အရ၊ ကီလို ငါးသောင်း အထိ ရှိနိုင်တယ်၊ ဒါပေမယ့် အိုးတစ်လုံးတော့ မရောက် သေးပါဘူး ”

- ဟု ယီရှု က တုံ့ပြန် ခဲ့သည်။

" မင်း ဘာကို ဆိုလို တာလဲ ... "

ယီရှု စကားကို ဖန်းချွမ်က နားမလည် ခဲ့ပေ။

“ ရှေးဟောင်းတာအို ဂိုဏ်းက မင်းချောင်းရဲ့ တိုက်ခိုက် မှုကို ငါ မြင်ဖူးတယ်၊ သူရဲ့ လက်သီး တွေမှာ 'သန့်ရှင်းသော ဂီတသံ' တွေ တွဲလျက် ပါနေတယ်၊ ငါနဲ့ သူက ကီလို ဂရမ် ငါးသောင်း ခွန်အားကို၊ ပိုင်ဆိုင် ထားတာချင်း အတူတူ ...၊ ငါက သူ့ထက် နိမ့်ကျတယ်”

ယီရှုက အိုး တစ်လုံး၏ ပမာဏကို ဖန်းချွန်အား ရှင်းပြ လိုက်သည်။

အဆိုပါ ရှင်းပြ ချက်ကြောင့် ဖန်းချွမ်က အနည်းငယ် တုန်လှုပ် သွားပြီး၊

“ ဂျူနီယာ ညီလေးယီ၊ မင်းက အရမ်း နှိမ့်ချ လွန်းတယ်၊ မင်းချောင်းက 'ဒရာကိုဖီ ခန္ဓာ'ကို တတိယ အဆင့် အထိ၊ ဆုပ်ကိုင် ထားနိုင်လို့၊ ကျွမ်းကျင်သူ တစ်ယောက် အဖြစ် ထင်ရှားတယ် မဟုတ်လား၊ ထုံးစံ အတိုင်း ငါတို့ရဲ့ 'ရွှေရောင် မိုးကြိုး ခန္ဓာ'က၊ သူတို့နဲ့ နှိုင်းယှဉ် နိုင်မယ့်၊ နည်းလမ်း မရှိပါဘူး။ ''

“ ဒါပေမယ့် မင်းဟာ ဓားသမား ဆိုတာတော့ မမေ့ ပါနဲ့၊ ငါတို့ ဂိုဏ်းရဲ့ တပည့် တွေက ဓား နည်းစနစ်တွေ အပြင်၊ လက်သီးနဲ့ လက်ဖဝါး နည်းစနစ် တွေကိုပါ၊ ကောက်ယူ လေ့ရှိ ကြတယ်၊ ဒါပေမယ့် .......''

'' ဒီလို 'အဆင့်မြင့် ကျွမ်းကျင်မှု အဆင့်' ကို ရောက်ဖို့ မပြောနဲ့၊ ကိုယ်ခန္ဓာ သန့်စင်တဲ့ နည်းစနစ် တွေကို၊ ရွေးချယ်မယ့် သူကတောင် ရှားနေဆဲ မဟုတ်လား။ ”

- ဟု ဖန်းချွမ်က စိတ်ပါ လက်ပါ၊ ချီးကျူး လိုက်သည်။

ယင်းသည် ယီရှု၏ ဝှက်ဖဲ တစ်ချပ် ပေပင်။ ဖန်းချောင်းမှ လွဲ၍ 'အဖော်မဲ့ ကြယ်' အတွင်းရှိ၊ မည်သူ မဆို၊ ယီရှုမှာ 'ရွှေရောင် မိုးကြိုး ခန္ဓာကိုယ်' နည်းစနစ်အား လေ့ကျင့် နေကြောင်း၊ မသိခဲ့ ကြပေ။

ဤဝှက်ဖဲကို ထုတ်ပြမည် ဆိုပါက မဟာမိတ်- ပြည်နယ် တိုက်ပွဲတွင်၊ လင်းလက် တောက်ပ နေမည်မှာ သေချာ လေသည်။

" ဒါနဲ့... စီနီယာ အကိုဖန်း၊ မင်းငါ့ကို ဘာလို့ လာရှာ တာလဲ"

ယီရှုက သတိရ သွားဟန်ဖြင့်၊ လာရင်း ကိစ္စကို မေးလိုက်သည်။

“ ငါ သတင်း တချို့ ကြားထားတယ်၊ ဒီတစ်ကြိမ် မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲမှာ၊ အပြောင်း အလဲ အချို့ ရှိနေ ပုံရတယ်၊ ဒါကြောင့် သတိပေးဖို့ ရောက်လာ တာပါ။ ''

မူလ ရည်ရွယ်ချက်ကို သတိရ သွား ပြီးနောက်၊ ဖန်းချွမ်၏ မျက်နှာမှာ လေးနက် သွားကာ၊ ပြန်ဖြေ၏။

" အပြောင်း အလဲ တွေကို မင်း မသိချင် ဖူးလား "

“ စီနီယာ အစ်ကိုဖန်း ....၊ မင်း သိထားတဲ့ ကိစ္စမှန် သမျှ ငါ့ကို သေချာပေါက် ပြောပြ လိမ့်မယ်၊ ဒါပေမယ့် မင်းမပြော ပြသေးတဲ့ အတွက် မင်းတောင် မသိ သေးဖူးလို့ ဆိုလိုတယ်၊ ဒါက မူလ ရည်ရွယ်ချက် ကနေ သွေးဖယ် သွားပြီး၊ အန္တရာယ် ဖြစ်စေမယ့် အပြောင်း အလဲပဲ၊ မဟုတ်လား။ "

ယီရှုက တွေးဆ သုံးသပ်ကာ၊ ပြန်မေး လိုက်သည်။

ယီရှုသည် ခံစားချက် မဲ့သော လူ တစ်ယောက်ဟု ထင်ရ သော်လည်း၊ စေ့စပ် သေချာစွာ တွေးခေါ် တက်သူ ဖြစ်သည်။ သူက ဆက်ပြီး၊

“ သေဘေးကို ကြောက်ရွံ့ နေမှတော့၊ မြေကြီး အဆင့် သတ်မှတ်ချက်မှာ ...၊ လူ ရှိတော့မှာ မဟုတ်တော့ဘူး၊ သေဘေးကို ကြောက်လို့ မဟာမိတ် ပြည်ထောင်စု တိုက်ပွဲထဲ မပါဝင်ဘဲ၊ စုဆောင်းမှု အားဖြင့် မြေကြီး အဆင့် ထဲကို ဝင်ခဲ့မယ် ဆိုရင်ကော ...၊ ''

'' ... အဲဒီလိုဆို သူတို့က အမှိုက် ဖြစ်နေ ဆဲပါပဲ၊ အဲ့ဒီလို အမှိုက်တွေ ထဲက ဘယ်သူ ကများ မြေကြီး အဆင့် ထိပ်တန်း တစ်ရာထဲ ဝင်နိုင် ခဲ့လို့လဲ၊ ''

ထိုစကားများကို ကြားသော အခါ ဖန်းချွန်၏ မျက်လုံးများ မှေးစင်း သွားသည်။ သူက ယီရှုကို တလျှောက်လုံး ငုံ့ကြည့် နေခဲ့ မိသည်ကို သိလိုက် ရသည်။

" ချုဟောင်းယူက ဝမ်ယန်ရဲ့ ဖိတ်ခေါ်မှုကို လက်ခံ လိုက်ပြီ၊ အဲဒါနဲ့ ပတ်သက်ပြီး ငါတို့၊ ဘာမှ လုပ်လို့ မရ တော့ဘူး၊ 'အဖော်မဲ့ ကြယ်' ကနေ၊ သူ ထွက်သွား တာကြောင့် ညတာ ရှည် ရပြီ၊ ဂျူနီယာ ညီလေးယီ .... ငါ ပြောတာကို မင်း နားလည်လား "

“ စီနီယာအစ်ကိုဖန်း၊ မင်း စိတ်ချ နိုင်ပါတယ်၊ 'အနီရောင် ဖီးနစ်ငှက်' က၊ အသံမြည် နေပြီမို့ ငါ့ရဲ့ ဝှက်ဖဲ တွေကို ချန်ထားဖို့ စိတ်ကူး မရှိ တော့ ပါဘူး”

***

All Chapters