← Chapters

အနက်ရောင်မြူ များကို ရှင်းလင်းခြင်း။

Vol. 20 Ch. 278

အနက်ရောင်မြူ များကို ရှင်းလင်းခြင်း။

Vol. 20 Ch. 278

“ စီနီယာ အစ်ကိုဖန်း၊ မင်း စိတ်ချ နိုင်ပါတယ်၊ 'အနီရောင် ဖီးနစ်ငှက်' က၊ အသံမြည် နေပြီမို့ ငါ့ရဲ့ ဝှက်ဖဲ တွေကို ချန်ထားဖို့ စိတ်ကူး မရှိ တော့ ပါဘူး”

ယီရှု၏ လေသံမှာ ကြောက်စရာ ကောင်းလောက် အောင်ပင်၊ အေးစက် နေခဲ့ လေသည်။

ဓားနန်းတော် အတွင်းရှိ လေထုမှာ၊ မုန်တိုင်း မတိုက်မီ ငြိမ်သက်နေ သကဲ့သို့၊ အေးစက် နေ ပေ၏၊ များသော အားဖြင့် မျက်စိ ရှုပ်လှအောင် တပည့်များ လှုပ်ရှားသွား လာနေခြင်း၊ မရှိ တော့ချေ။

ဤတစ်ကြိမ် မဟာမိတ် ပြည်ထောင်စု တိုက်ပွဲသည် မည်မျှ ပြင်းထန် နိုင်မည်ကို ဂိုဏ်းအတွင်း ကောလဟာလများ ပျံ့နှံ့ နေပေသည်။

မဟာမိတ်-ပြည်ထောင်စု တိုက်ပွဲမှာ ရက်နှစ်ဆယ်သာ လိုတော့သည်၊ ဆိုလို သည်မှာ နောက်ထပ် ဆယ်ရက်ကျော် ကုန်ဆုံး သွားပြီ ဖြစ်၏။

လူငယ် တစ်ဦးသည် 'ရတနာ တောင်ကုန်း' မဟာမိတ် ပြည်နယ်၏ မြင့်မား လှသော တောင်ထွတ် တစ်ခု ပေါ်တွင် သူ၏ မျက်ခုံးများကို စုကျုံ့ ထားသည်။ ထိုလူငယ် ကပင် လေးကန်သော သက်ပြင်းကို ချလိုက်ပြီး၊

" ငါ ထပ်ပြီး ကျရှုံး ခဲ့ ပြန်ပြီ ..."

- ဟု စိတ်ပျက် လက်ပျက် ရေရွတ် လိုက် လေသည်။

သခင့်ဓားကို လွန်ခဲ့သော ဆယ်ရက်ခန့်က နားလည်ရန် ကြိုးစား ခဲ့သော်လည်း၊ မည်သည့် တိုးတက် မှုမျှ မလုပ်ဆောင် နိုင်ခဲ့ပေ။

ဆန့်ကျင်ဘက် အနေနှင့် အနက်ရောင် မြူများ ထဲတွင် နက်ရှိုင်းစွာ ပိတ်မိ နေခဲ့သော သူ့ကိုယ်သူ ပြန်မြင် လိုက်ရသည်။

အစ ကတည်းက၊ ဤနည်းစနစ် အပေါ် မှားယွင်းစွာ နားလည် ထား မိသည်လော ဟုပင်၊ သံသယ ရှိလာခဲ့၏။

ထို့ပြင်၊ ဓားချက် တစ်ချက်သာ ရှိသော နည်းစနစ် တစ်ခုကို၊ မည်သို့ တိုးတက်အောင် လုပ်ဆောင် ရမည်နည်း။

ဓားတစ်ချက်သာ ရှိပါလျှင် နောက်ထပ် ဓားချက် များကို၊ မည်သို့ ပြောင်းရွေ့ ရမည်နည်း။

အကယ်၍ လှုပ်ရှားမှုကို ထပ်မံ မပြောင်းလဲ နိုင်ခဲ့ ပါက၊ ၎င်းအပေါ် အဆင့်မြင့် ကျွမ်းကျင်မှု ရရှိရန် မည်သို့ လုပ်ဆောင် ရမည်နည်း။

အထက်ပါ မေးခွန်း များသည် သခင့်ဓား၏ ပြဿနာများ ဖြစ်ကာ၊ သူ့ အတွက် အကျပ် အတည်း ဖြစ်လာ စေခဲ့သည်။ သခင့်ဓားကို ခြောက်လကြာ လေ့ကျင့် ခဲ့သော်လည်း၊ တိုးတက်မှု အနည်းငယ် မျှသာ ရရှိ ခဲ့သည်။

ထိုတိုးတက်မှု အနည်းငယ်မှာ သခင့်ဓား၏ စွမ်းဆောင် ရည်များ မဟုတ်ပေ။ သူ၏ ကျင့်ကြံမှု နည်းစနစ် အပေါ်၊ အောင်မြင်မှု များ ကြောင့်သာ ဖြစ်ပေသည်။

ဆိုလိုသည်မှာ၊ သခင့်ဓားတွင် ပြောင်းလဲခြင်း မရှိခဲ့ဘဲ၊ ဓားသုတ္တန် ကြောင့်သာ အစွမ်းထက် လာခြင်းဟု ဆိုနိုင်၏။

'' ဝှစ် ...... ''

ထိုအချိန်တွင် တိမ်တိုက်များ ဆီမှ အနီရောင် တစ်ရိပ် ခုန်ထွက် လာပြီး၊ ချောက်ကမ်းပါး ပေါ်သို့ ညှင်သာစွာ ဆင်းသက် လာသည်။

ရှင်းယန်။

နေရောင် အောက်တွင် နက်မှောင်သော ဆံနွယ်များ ဖြာကျ နေခဲ့ပြီး၊ သူမ၏ ညို့အားပြင်းသော ရုပ်သွင်ကို ပို၍ပင် စွဲဆောင်မှု ရှိ လာ စေသည်။

ရှင်ယန်က လင်းယွန်ကို လွန်ခဲ့သည့် ငါးရက် ကတည်းက လာရောက် ကြည့်ရှုခဲ့ သော်လည်း၊ သခင်ဓားကို လေ့ကျင့်နေ ခြင်းကြောင့်၊ သူမ မနှောက်ယှက် ခဲ့ပေ။

" မင်း မအောင်မြင် ပြန် ဖူးလား"

လင်းယွန်၏ အမူအရာကို သတိ ပြုမိသော အခါတွင် ရှင်းယန်က မေးလိုက်သည်။

“ အင်း.... ”

ခါးသီးသော အပြုံးဖြင့်၊ လင်းယွန်က ခေါင်းညိတ်ကာ ပြန်ဖြေ လိုက်၏။

“ တစ်ခုခုကို ဖမ်းမိ သလို ခံစား ရတယ်၊ ဒါပေမယ့် ငါဘာမှ မဆုပ်ကိုင် မိ ပြန်ဖူး၊ ဒီလောက်ခက်ခဲတဲ့ နည်းစနစ် မျိုးကို တစ်ခါမှ မကြုံဖူး သေးဘူး။”

လွန်ခဲ့သော ဆယ်ရက် အတွင်း၊ မတူညီသော အရာများ စွာကို ကြိုးစား ခဲ့ သော်လည်း၊ နောက်ဆုံး တွင်မူ မအောင်မြင် ခဲ့ပေ။

တစ်ဖက်တွင် သူ၏ ပန်းသင်္ချိုင်းဓားမှာ ပြောင်းလဲ လာခဲ့သည်။

ယခု အချိန်တွင် သူ့ အတွက် နှစ်သိမ့်မှု ဖြစ်စေသော အရာမှာ၊ ပန်းသင်္ချိုင်း ဓားနှင့် ပို၍ အကျွမ်း ဝင်လာ မိခြင်း ဖြစ်သည်။ သို့မဟုတ် ပါက သူ၏ နောက်ဆုံး ဆယ်ရက်မှာ အကျိုးမဲ့ဖြုန်းတီးရာ ရောက်သွား ပေ လိမ့်မည်။

ရှင်းယန်က နှင်းဆီပန်း တစ်ပွင့်လို ပြုံးလိုက်ပြီး၊

" ဂျူနီယာမောင်လေး၊ သခင့်ဓားဟာ ဘာကြောင့် တားမြစ် ထားတဲ့၊ နည်းစနစ် ဖြစ်ခဲ့ ရတာလဲ သိလား။ "

“ အင်း သိတယ်၊ ဒီဓားရေး နည်းစနစ်ကို လေ့ကျင့် သူတွေက အဆုံးမှာ ဒေါသကြောင့်၊ တုံ့ပြန်မှု ဒဏ်ကို ခံစား ကြရတယ်၊ လွန်ခဲ့တဲ့ နှစ် တစ်ရာကျော် အတွင်း၊ ဒီဓား နည်းစနစ် ကြောင့် လူ အများ အပြား ဒဏ်ရာ ရရှိ ခဲ့တယ်၊ ဒါကြောင့် တားမြစ် နည်းစနစ်လို့ ခေါ်တွင် ခဲ့တာပဲ ''

“ အဲလိုတော့ ငါ မထင်ပါဘူး ”

လင်းယွန်၏ စကားဆုံး သည်နှင့် ရှင်းယန်က ပြုံးလျက် ငြင်းဆန် လိုက်သည်။

"အိုး ....."

လင်းယွန်၏ မျက်လုံး များတွင် အံ့အားသင့် မှုများ ဖြစ်ပေါ် လာသည်။ သူက၊ “ စီနီယာ အစ်မ ...၊ မင်း ဘာကို ဆိုလို တာလဲ ” ဟု၊ စိတ်ဝင် စားစွာ မေးလိုက်၏။

“ မင်းရဲ့ နားလည် နိုင်စွမ်း အားနည်း နေလို့ မဟုတ်ဘဲ၊ ဓား နည်းစနစ်က အားနည်း နေတာ ဖြစ်ကောင်း ဖြစ်ရမယ်၊ 'ကာကွယ်သူ မက်မွန်' ပြောတဲ့၊ သခင့်ဓားမှာ ဓားချက် တစ်ချက် တည်းသာ ရှိတယ် ဆိုတာ မဖြစ် နိုင်ပါဘူး၊ သူက ဒီထက် ပိုပြီး ကျွမ်းကျင်အောင် မဆုပ်ကိုင် နိုင်သေး တာရော ...၊ မဖြစ်နိုင် ဖူးလား .... ”

-ဟု ရှင်းယန်က သူ့ အမြင်ကို မေးခွန်း ထုတ်လိုက်သည်။

" ကာကွယ်သူ မက်မွန်က ဓားချက် တစ်ချက်ထက် ပိုပြီး၊ မဆုပ်ကိုင် နိုင်သေး တာတဲ့လား .....၊ ဒါ ဖြစ်နိုင် ပါတယ် ...၊ လွန်ခဲ့တဲ့ နှစ်တစ်ရာ အတွင်း၊ ဘယ်သူ ကမှ မအောင်မြင် နိုင်ခဲ့တဲ့ အတွက် ...၊ ကာကွယ်သူ မက်မွန် တောင် ... ချွင်းချက် မရှိ ဖူးလို့၊ ဆိုလို တာပဲ မဟုတ်လား။ ''

လင်းယွန်က တွေးဆဆဖြင့် ရေရွတ် လိုက်၏။

ရှင်းယန် ပြောသော သုံးသပ်ချက် များကြောင့်၊ လင်းယွန်၏ နှလုံးသားကို ဖုံးလွှမ်း နေသော မြူခိုးများက မှုန်မှိန် သွားကာ၊ သူ့စိတ်များလည်း ပြောင်းလဲ လာ ခဲ့သည်။

လင်းယွန် တစ်ယောက် အကျပ်ရိုက် နေခြင်းမှ သက်သာလာ သည်ကို၊ မြင်လိုက် ရသော အခါမှသာ၊ ရှင်းယန်၏ စိတ်၌ သက်သာရာ ရသွား လေသည်။

အစောပိုင်း အချိန်တွင် နဖူးပြင် တဝိုက်၊ ဖုံးလွှမ်း နေခဲ့သော အနက်ရောင် မြူခိုးများ အကြောင်း၊ လင်းယွန်အား သူမ မပြော လိုတော့ပေ။

၎င်း အနက်ရောင် မြူခိုးများမှာ လင်းယွန်၏ နှလုံးသားကို ဝါးမြို တော့မည့်၊ ဒေါသ၏ ရှေးပြေး လက္ခဏာများ ဖြစ်သည်။ ဂရုမစိုက် ပါက အန္တရာယ် ရှိနိုင် ပေ၏။

သို့သော် ကံကောင်း ထောက်မစွာဖြင့်၊ လင်းယွန်မှာ ထက်မြက်ပြီး၊ သူမ၏ စကားလုံးများမှတဆင့်၊ သူ့ နှလုံးသား ထဲရှိ 'အမျက်' များကိုဖြေချ သွား နိုင်ခဲ့သည်။

လင်းယွန်၏ နှလုံးသားတွင် ဒေါသများ မြူခိုးများ သဖွယ်၊ ဖွဲ့တည် နေပြီဟု ပြောမိပါက၊ ထိတ်လန့်သွား မည်ကို သူမ စိုးရွံ့ မိသည်။

ထို့သို့ ကြောက်စရာ ကောင်းသော အခြေ အနေကို၊ လင်းယွန် သတိ မထားမိ ခင်မှာပင်၊ပြေလည် သွားခြင်း အတွက်၊ ဝမ်းသာ သွားမိခြင်း ဖြစ်လေသည်။

'' ဒီဓားကို လေ့ကျင့်ပြီး၊ လူ အတော် များများ ဒဏ်ရာရ သွားကြတယ်၊ ဒါကြောင့် တားမြစ် နည်းစနစ် အဖြစ် သတ်မှတ်ပြီး၊ အကြောင်းပြချက် တစ်ခု အနေနဲ့ တားမြစ် ထားခဲ့တာပဲ ...။ ''

လင်းယွန်က သခင့်ဓား ပေါ်ရှိ၊ သူ့ အမြင်ကို ထုတ်ဖော် ပြောဆို လာ ပြန်သည်။

“ မဟာမိတ်-ပြည်ထောင်စု တိုက်ပွဲရဲ့ တည်နေရာကို အပြီးသတ် ပြီးပါပြီ ”

ရှင်းယန်က လင်းယွန်၏ စကားများကို ဦးတည်ချက် ပြောင်းလဲ လိုက်၏။ ပျောက်ကွယ် ကာစ ဒေါသ များကို ဆက်ပြီး၊ ပျောက်ကွယ် သွား စေလို သောကြောင့်၊ ဖြစ်လေသည်။

“ ငါတို့ ဘယ်သူမှ မမျှော်လင့် ထားတဲ့ နယ်မြေမှာ ကျင်းပ လိမ့်မယ်၊ ဒီ အကြောင်းကို လွန်ခဲ့တဲ့ ငါးရက်လောက် ထဲက မင်းကို ပြောပြဖို့ ...၊ ငါ လာခဲ့ သေးတယ်။ "

" ဘယ် မှာ လဲ... "

လင်းယွန်က ရှင်းယန်၏ သတင်း အပေါ်၊ စိတ်ဝင် တစား ပြန်မေး လိုက်သည်။

" ဓား သင်္ချိုင်း တောင်ကုန်း "

သူမက တုံ့ပြန် ဖြေဆို လိုက်သည်။

၎င်းသည် ကောင်းကင်ဘုံ ဓားနန်းတော် ဂိုဏ်းရှိ၊ ရတနာ နယ်မြေကြီး လေးခု အနက် တစ်ခုဖြစ်ပြီး၊ ယင်းကို တပည့်များ ဝင်ရောက် ချင်းငှာ ဖွင့်လှစ် နိုင်ခဲ ပေသည်။

ထိုနယ်မြေ အတွင်းသို့ ဝင်ရမည့် လိုအပ် ချက်မှာ၊ မြင့်မား လှပြီး၊ စတုတ္ထ အဆင့် ဂိုဏ်းသား တံဆိပ်ပြား ရှိသည့် သူများသာ၊ ဝင်ရောက် နိုင်လေသည်။

ဓားနန်းတော်၏ အကြီးအကဲများ၊ ကွယ်လွန် သွားသည့် အချိန်တွင်၊ ၎င်းတို့၏ ကိုယ်ပိုင် ဓား များကို၊ တောင်ထိပ် တစ်နေရာ၌ မြှုပ်နှံထားခြင်း ဖြစ်သည်။

ဓားမြှုပ်နှံ ထားသော တောင်ထိပ် တစ်ခုလုံးတွင် အခိုး အငွေ့များ အစဉ် ဖုံးလွှမ်း နေတက်ပြီး၊ ချောက်ချား စရာ ကောင်းသော ပတ်ဝန်းကျင်ကို ဖွဲ့တည် ထားလေသည်။

ဤသည်မှာ ရတနာနယ် မြေကြီး လေးပါး အနက် အဆန်းကြယ် ဆုံးသော ရတနာ နယ်မြေပင် ဖြစ်သည်။

ထို့ကြောင့် ဤနေရာတွင် မဟာမိတ်-ပြည်ထောင်စု တိုက်ပွဲ ကျင်းပလိမ့် မည်ဟု မည်သူမျှ မမျှော်လင့် ခဲ့ပေ။

“ဒီမဟာမိတ်- ပြည်ထောင်စု တိုက်ပွဲ အတွက် ကြီးမားတဲ့ ဆုလာဘ် တစ်ခု ရှိတယ်၊ ထိပ်တန်း အယောက် တစ်ရာ အတွင်း၊ ဝင်ရောက် နိုင်တဲ့ သူတိုင်းကို၊ မြေကြီး အဆင့်ထဲ ဝင်ရောက်ခွင့် ပြုထားတယ်၊ ''

'' ပြီးတော့ ထိပ်ဆုံး ဆယ်ယောက် အတွက်၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း ရှစ်ရာ၊ ထိပ်ဆုံး သုံးယောက် အတွက်၊ တတိယတန်း ကျောက်စိမ်း တစ်လုံး စီနဲ့၊ ချန်ပီယံ အတွက် ကတော့၊ စကြာဝဠာ ရတနာ တစ်ခု ပေးအပ် လိမ့်မယ် ”

ရှင်းယန်၏ စကားကြောင့် လင်းယွန်က အံ့သြ သွားသည်။ ထို့နောက် သူက ရှက်ရွံ့စွာ ပြုံးလိုက်ပြီး၊

“ ဆုက တကယ်ကို ဆွဲဆောင်မှု ရှိတယ်၊ အရင် တုန်းက ဒီလောက် ကောင်းတဲ့ ဆုလာဘ်မျိုး တစ်ခါမှ မပေးအပ် ဖူးဘူး မဟုတ်လား”

အနိမ့်ဆုံး အရည် အသွေး ရှိသော 'စကြာဝဋ္ဌာရတနာ' တစ်ပါး ပင်လျှင်၊ ပါဝင်သူ အားလုံးကို ဆွဲဆောင်ရန် လုံလောက် ပေသည်။

ထို့အပြင်၊ ထိပ်ဆုံး ဆယ်ယောက်တွင် ပါဝင် သူများကို မြေကြီး အဆင့်သို့ ဝင်ရောက်ရန် အခွင့် အရေး ရရှိ နိုင်၏။

ဤသည်မှာ ပြင်ပ တပည့်တိုင်း အတွက် ဆွဲဆောင်မှု တစ်ခု ဖြစ်သည်။ ထို့နောက်တွင်၊ မြေကြီး အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ '၀ိညာဉ် အဆင့်' နည်းစနစ် များကို ရွေးချယ် နိုင်ပေမည်။

ယင်းသည် ၎င်းတို့၏ ခွန်အားကို အများကြီး မြှင့်တင် ပေးရာ ရောက် ပေ၏။

မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲကို 'ဓားသင်္ချိုင်း တောင်ကုန်း' တွင်၊ ကျင်းပမည် ဟူသော အချက်မှာ တုန်လှုပ် စရာ ဖြစ်လေသည်။

ထို့ထက် ပို၍ တုန်လှုပ် စရာ ကောင်းသည်မှာ၊ ဆုလာဘ် များကြောင့် ပြင်ပ တပည့်များအတွင်းတွင် ကြီးမားသော လှိုင်းလုံးများ ဖြစ်ပေါ်လာ နိုင်သည်ဟု ဆိုလို ရပေမည်။

သေခြင်း တရားကို ကြောက်ရွံ့သည့် အတွက်၊ မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲကိုရှောင်ရှား လိုသူပေါင်း များစွာ ရှိသည်။

သို့သော် အဆိုပါ ဆုလာဘ် များဖြင့် သွေးဆောင်ခံ ရသောကြောင့်၊ ရွက်ပုန်းသီး ပညာရှင်များ ထွက်ပေါ် လာနိုင် ပေမည်။

ထို့ကြောင့် ဤတစ်ကြိမ် မဟာမိတ်-ပြည်ထောင်စု တိုက်ပွဲသည်၊ လွန်ခဲ့သော နှစ်တစ်ရာ အတွင်း ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပြိုင်ပွဲ ဖြစ်လာ မည်မှာ သေချာ လေသည်။

" ဘာလို့လဲ ...၊ မင်းက စကြာဝဋ္ဌာ ရတနာရဲ့ သွေးဆောင်မှုကို ခံနေရ တာလား "

ရှင်းယန်က လင်းယွန်ကို မျက်လုံးများ မှေးစင်းလျက် စိုက်ကြည့် လိုက်သည်။ သူမ၏ အသံမှာ နူးညံ့လွန်း သဖြင့်၊ လင်းယွန်၏ အရိုးများကို ပျော့ပျောင်း သွား စေ၏။

ရှင်းယန်၏ ညှို့ငင် နိုင်မှုများ အောက်တွင်၊ ကူကယ်ရာ မဲ့စွာဖြင့် ပြုံးကာ၊ ခေါင်းညိတ် ပြ လိုက်၏။

“ အင်း ဟုတ်တယ်၊ ငါတို့က စကြာဝဠာ ရတနာ အကြောင်း ပြောလို့ ရပါတယ်။ "

"ဒါပေမယ့် မင်း အသက်ရှင် နေဖို့တော့ လိုတယ်လေ ...။ "

အပြုံးများ ပျောက်ကွယ် သွားပြီး၊ ရှင်းယန်က သူမ၏ စကားကို ဆက်လိုက်၏။

" ကျူးဖန်ကို မင်းဘယ်လို သတ်လိုက် တာလဲ ငါ မသိ ပေမယ့်၊ ထိပ်တန်း ဆယ်ယောက် ထဲက အနည်းဆုံး သုံးယောက် လောက်က၊ သူ့ကို အလွယ် တကူ သတ်နိုင်တဲ့ အရည်အချင်းရှိတယ်...''

'' တစ်ခု တည်းသော အခက်အခဲက... လမ်းလွဲ ကျင့်ကြံ သူတိုင်း ကောက်ကျစ် တဲ့အပြင်၊ မနိုင်ဖူး ထင်တာနဲ့၊ ချက်ချင်း ထွက်ပြေး ကြတာပဲ၊ ဒါကြောင့် ကျူးဖန်ကို သတ်ရ ခက်ခဲ စေခဲ့တာပါ။ ''

“ ဒါက မင်းလို ဂုဏ် သတင်းမျိုး၊ ပိုင်ဆိုင် နိုင်မဲ့၊ တပည့်တွေ များများ စားစား၊ ထွက်ပေါ် မလာ ရတဲ့၊ အကြောင်း အရင်းပဲ၊ ကျူးဖန်ကို သတ်နိုင် ရုံနဲ့၊ ပြင်ပ တပည့်တွေ ထဲမှာ၊ အသန်မာ ဆုံးလို့ မယူဆ နိုင်ပါဘူး၊ သေမျိုး အဆင့် ထိပ်တန်း သုံးယောက်က၊ အလွယ် တကူ အနိုင် ယူလို့ ရတဲ့၊ သူတွေမှ မဟုတ်တာ။ ”

လင်းယွန်က ခေါင်းကို လေးလေး နက်နက် ညိတ်လိုက်၏။

“ ကောင်းပြီ၊ အဲဒါ မင်းသိတာ ကောင်းပါတယ်၊ အခု ငါ သတိ လာပေး တာပါ၊ ..... ဆိုတော့ အရမ်းကြီး မတွေးပါနဲ့၊ မင်းသေရင် ငါဝမ်းနည်း နေရမယ်၊ ဒီလို နာခံ တတ်တဲ့ ဂျူနီယာ မောင်လေး မျိုးကို၊ ဘယ်လိုလုပ် ရှာလို့ ရတော့ မှာလဲ။ ”

ရှင်းယန်၏ မျက်နှာ ပေါ်တွင် လေးနက်သော အကြည့်များ ပျောက်ကွယ် သွားပြီး၊ လင်းယွန်၏ ခေါင်းကို ခေါက်လိုက် သော အခါတွင်၊ ပေါ့ပါးသော အပြုံး တစ်ပွင့် အစားထိုး လာတော့သည်။

နာကျင်မှုကြောင့်၊ သူ့ခေါင်းကို ပွတ်သပ် လိုက်ပြီး၊ လင်းယွန်က ပြုံးလိုက်၏။ ဓားနန်းတော်တွင် ရှင်းယန် ကဲ့သို့သော၊ တစ်စုံ တစ်ဦးနှင့် တွေ့ဆုံ နိုင်ခဲ့သည့် အတွက်၊ သူ့ကိုယ်သူ ကံကောင်း ခြင်းဟု ယူဆ ခဲ့သည်။

နာကျင်စွာ ပွတ်သတ် နေသော လင်းယွန်ကို မြင်သည်နှင့် ရှင်းယန်က ကြေနပ်စွာ ပြုံးရယ် လိုက်ပြီး၊

“ ရက်ပေါင်း နှစ်ဆယ် ရှိပါ သေးတယ်၊ သခင့်ဓားကို တိုးတက်မှု မပြုလုပ် နိုင်ရင်၊ အတင်း အကြပ်ကြီး မလုပ်ပါနဲ့၊ မင်းရဲ့ စွမ်းအင် ကျင့်ကြံမှုနဲ့ ဓား အရှိန်အဝါကို ဘာကြောင့် မလေ့ကျင့် တာလဲ၊ နောက်ဆုံးတော့ ....၊မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲကို ဓားသင်္ချိုင်း တောင်ကုန်းမှာ ...၊ ကျင်းပမှာ မဟုတ်လား "

ရှင်းယန်၏ လမ်းညွှန်မှုကို လင်းယွန်က ခေါင်းညိတ် ပြလိုက်သည်။ မဟာမိတ် ပြည်ထောင်စု တိုက်ပွဲကို မကြာမီ အချိန်တွင်၊ ကျင်းပ တော့မည် ဖြစ်ပြီး၊ ကျန်အချိန် များအား၊ 'သခင့်ဓား' အပေါ် ဖြုန်းတီး ခြင်းဖြင့်၊ လောင်းကစား တစ်ခု မပြုလုပ် လိုခဲ့ပေ။

အခြားအရာ အားလုံးကို တိုးတက်အောင် ပြုလုပ်ရန်၊ အရင်းအမြစ် များအား ဓားသုတ္တန် ပေါ်သို့၊ သွန်းလောင်း ဖို့ငှာ၊ ဆုံးဖြတ် လိုက်သည်။

" ငါ အခု သွားတော့မယ် "

ရှင်းယန်က စကားဆုံး သည်နှင့် ကောင်းကင်သို့ ခုန်တက် သွားကာ၊ ပျောက်ကွယ် သွားပြီးနောက်၊ သင်းပျံ့သော ရနံ့ အချို့သာ ထားရစ် ခဲ့လေသည်။

လွန်ခဲ့သော ရက် အနည်းငယ်က သူ့ကို အနှောက် အယှက် ပေးနေခဲ့သော အလို မကျ မှုများ ကင်းစင်သွား သဖြင့်၊ လင်းယွန်က အသက် ပြင်းပြင်း ရှူကာ၊ ပြုံးလိုက်သည်။

တိမ်တွေကို မော့ကြည့် လိုက်ပြီး၊ ရှင်းယန်၏ စကား များကို ဆင်ခြင် နေမိ၏။ သူမ ပြောတာ မှန်ပေသည်။

သေမျိုး အဆင့် ထိပ်ဆုံး (၃) ယောက်တွင် တစ်ဦး တစ်ယောက်မျှ၊ လွယ်ကူ သူများ မဟုတ်ကြ ချေရာ၊ ၎င်းတို့ကို လျှော့တွက်၍ မရနိုင်။

ကျူးဖန်ကို သတ်လိုက် နိုင်သည်မှာ ကံကောင်းမှု တစ်ခုသာ ဖြစ်ပေသည်။

" သေမျိုး အဆင့်က ထိပ်ဆုံး (၃) ယောက် ...၊ မင်းတို့ ငါ့ကို ဘယ်လို အံ့အားသင့် စရာတွေ ပေးနိုင် မလဲ ဆိုတာ... စိတ်ဝင် စားမိ ပါတယ် "

လင်းယွန်က တစ်ဦးတည်း ရေရွတ် လိုက်ပြီး၊ တောက်ပသော နေရောင်ကို ငေးမောလျက်၊ နှစ်ခြိုက်စွာ ပြုံးလိုက် လေသည်။

***

All Chapters