← Chapters

အထွတ်အထိပ် သတ္တမအဆင့်။

Vol. 20 Ch. 279

အထွတ်အထိပ် သတ္တမအဆင့်။

Vol. 20 Ch. 279

" သေမျိုး အဆင့်က ထိပ်ဆုံး (၃) ယောက် ...၊ မင်းတို့ ငါ့ကို ဘယ်လို အံ့အားသင့် စရာတွေ ပေးနိုင် မလဲ ဆိုတာ... စိတ်ဝင် စားမိ ပါတယ် "

လင်းယွန်က တစ်ဦးတည်း ရေရွတ် လိုက်ပြီး၊ တောက်ပသော နေရောင်ကို ငေးမောလျက်၊ နှစ်ခြိုက်စွာ ပြုံးလိုက် လေသည်။

အိုင်းရစ် ဓားသုတ္တန်ကို ဓား သူတော်စင်မှ လင်းယွန်အား ပေးအပ် ခဲ့သည်။ ၎င်းသည် စွမ်းအင် ကျင့်ကြံခြင်း နည်းစနစ် တစ်ခု ဖြစ်သော်လည်း၊ တစ်ချိန်တည်း တွင်ပင် သော့ချက် တစ်ခုလည်း ဖြစ်လေသည်။

ရှေးဟောင်းခေတ် ကာလကို ရွှေခေတ်ဟု ခေါ်ဆို ကြပြီး၊ နေရာ တိုင်းတွင် ကြီးကျယ် ခမ်းနားသော ပါရမီရှင် များစွာကို၊ အပြိုင် အဆိုင် တွေ့မြင် ကြရသည်။

ထိုအချိန်က ဓား သူတော်စင်မှာ ၎င်းနှင့် ခေတ်ပြိုင် ပါရမီရှင် များအား၊ ဖြတ်ကျော် နိုင်ခဲ့သော ဘီလူး တစ်ကောင်လည်း ဖြစ်သည်။

ပင်မ အမွေ အဖြစ် သူ ချန်ထား ခဲ့သော ဓားသုတ္တန်မှာ၊ သာမာန် နည်းစနစ် တစ်ခု မဖြစ်နိုင် ချေ။

ဓားသုတ္တန်တွင် အဆင့် ဆယ့်ခြောက်ဆင့် ရှိသည်။ ပထမအဆင့် ခြောက်ဆင့်သည် မူလစွမ်းအင်ကို သန့်စင်ရန်နှင့် ခရမ်းရောင် ပန်းကို ဖွဲ့တည် စေရန် အခြေခံ အုတ်မြစ် ဖြစ်သည်။

ထို့ကြောင့် ပထမ အဆင့် ခြောက်ဆင့်တွင် မည်မျှ အားကောင်းသည် ဖြစ်စေ၊ ၎င်းတို့မှာ အခြေခံ အုတ်မြစ်သာ ဖြစ်နေဆဲ ပေပင်။

သတ္တမ အဆင့်နှင့် နှောင်းပိုင်း အဆင့် များတွင်၊ ခန္ဓာကိုယ် အတွင်းရှိ 'ခရမ်းရောင် ဓား ရောင်ဝါ'ကို၊ ထင်ရှား လာစေမည့် စွမ်းအားကို၊ သန့်စင် ရခြင်း ဖြစ်သည်။

လင်းယွန်မှာ သတ္တမ အဆင့်သို့ တက်လှမ်း နိုင်ခဲ့ပြီး၊ အထွတ် အထိပ် ရောက်ရန် အလှမ်းဝေး နေသေး၏။

သို့သော် ယခု အခါတွင်၊ ပထမတန်း ဝိညာဉ် ကျောက်စိမ်း အလုံးရေ (၁၅၀,၀၀၀) ကို၊ ပိုင်ဆိုင် ထားရှိ နေပြီ ဖြစ်သည်။

၎င်း အရင်းအမြစ် များဖြင့် ကျန်သော ရက်ပေါင်း နှစ်ဆယ်တွင်၊ ဝိညာဉ် ကျောက်စိမ်း မည်မျှ ကုန်ဆုံး မည်ကို သူ မသိနိုင်ပေ။

ခန္ဓာကိုယ် တစ်ခု လုံးတွင် သွေးကြော ပေါင်းများ ရှိသည်။ သို့သော် အချိန် ကာလတစ်ခု အတွင်း၊ ထိုသွေးကြော များ၏ စုပ်ယူ နိုင်သော ပမာဏမှာ ကန့်သတ်ချက် ရှိသည်။

'ကောင်းကင် ဝါးမြိုခြင်း' နည်းစနစ် ဖြင့်ပင်၊ အရင်း အမြစ် များအား၊ အဆုံး မရှိ စုပ်ယူ နိုင်ခြင်း၊ မရှိချေ။

( ယွဲ့ဝေဝေ ပေးခဲ့သော 'ကောင်းကင်ဘုံ ဖျက်ဆီးခြင်း' နည်းစနစ်အား၊ 'ကောင်းကင် ဝါးမြိုခြင်း' နည်းစနစ် အဖြစ်၊ ပြောင်းလဲ အသုံးပြု သွားပါမည်။

သို့မဟုတ် ပါက၊ ကျားနဂါး လက်သီး၏ 'ကောင်းကင် ဖျက်ဆီးခြင်း တံဆိပ်' ဖြင့်၊ မှားယွင်း ရှုပ်ထွေး သွား နိုင်၏။)

အရင်းအမြစ် များကို မည်သူမျှ အတော မသတ် အသုံး မပြု နိုင်ကြပေ။

“ ဒရာကိုဖီ နည်းစနစ်ကြောင့်၊ ငါ့ ခန္ဓာကိုယ်က သားရဲ တစ်ကောင်နဲ့ တူလာတယ်၊ ဒါကြောင့် ရက်နှစ်ဆယ် အတွင်း ပထမတန်း ဝိညာဉ် ကျောက်စိမ်း တစ်သိန်း လောက်တော့ သန့်စင်နိုင်မယ် ထင်တယ်၊ ''

လင်းယွန်က သိုလှောင်အိတ် အတွင်းမှ၊ ပထမတန်း ဝိညာဉ် ကျောက်စိမ်းများကို ထုတ်ယူလိုက်သည်။

ဝိညာဉ် ကျောက်စိမ်း များထံမှ၊ သိပ်သည်း လှသော ဝိညာဉ် စွမ်းအင် များမှာ တောက်ပသော အလင်းရောင်များ အဖြစ် ဖြာထွက် လာလေသည်။

ဝိညာဉ် ကျောက်စိမ်း ပုံမှ ဝိညာဉ် စွမ်းအင် များမှာ၊ အရည် လဲ့နေသော သလင်းကျောက် များနှင့် တူ၏။

ရက်နှစ်ဆယ် အတွင်း ဝိညာဉ် ကျောက်စိမ်း သိန်း ဂဏန်းခန့် သန့်စင် လိုသည်ဟု တစ်စုံ တစ်ယောက်က ပြောလာ ပါက၊ မည်သူ မဆို ရယ်မော မိကြ ပေ လိမ့်မည်။

ထို့နောက်တွင် ကောင်းကင်သို့ ခုန်တက်လိုက်ကာ၊ တောင်ပူစာ တစ်လုံးခန့် ရှိသော၊ ဝိညာဉ် ကျောက်စိမ်း ပုံကြီးပေါ်၊ ပြန်လည် ဆင်းသက် လိုက်ပြီး၊ ခြေထောက် များကို ဖြတ်ထိုင် ချလိုက်သည်။

ဓားသုတ္တန်ကို ဖြန့်ကျက် လိုက် သည်နှင့်၊ ဒါန်တမ် အတွင်းရှိ ခရမ်းရောင် ပန်းမှာ၊ စတင် ပွင့်လန်းလာ ပြီးနောက်၊ ခရမ်းရောင် မူလ စွမ်းအင်များ သူ့ခန္ဓာကိုယ် တစ်လျှောက် ပျံ့နှံ့ သွားတော့သည်။

ထို့နောက်တွင်၊ လင်းယွန်၏ ခန္ဓာကိုယ် အောက်ရှိ ဝိညာဉ် ကျောက်စိမ်း ပုံကြီးမှ၊ ဝိညာဉ် စွမ်းအင် များ၊ ခန္ဓာကိုယ် အတွင်း စီးဝင် လာသည်။ ထိုစွမ်းအင် များမှာ လင်းယွန်၏ ကိုယ်ခန္ဓာ ထဲသို့ တိုးဝင် လာသော နတ်ဆိုးများ ကဲ့သို့ ပေပင်၊

အကယ်၍ တစ်စုံ တစ်ယောက်သည် လုံလောက်သော ခန္ဓာကိုယ် ကြံ့ခိုင်မှု မရှိဘဲ၊ ဤသို့ ပြုလုပ် လိုပါက၊ ကြီးမားသော တုံ့ပြန်မှု ဒဏ်ကို ခံစားရ ပေမည်၊ ဂရု မစိုက်ပါက ၎င်းတို့၏ ခန္ဓာကိုယ်မျာ ပေါက်ကွဲ သွားမည် ဖြစ်၏။

ကျင့်ကြံမှု အဆင့်နှင့်၊ စွမ်းအင် ကျင့်မှု နည်းစနစ် နှစ်ခု စလုံးမှာ၊ လျင်မြန်စွာ တိုးတက် နေခဲ့ သော်လည်း၊ လုပ်ငန်း စဉ်သည် မသက်သာ လှပေ။

သို့သော် ဝိညာဉ် စွမ်းအင်များက သူ၏ အတွင်း အင်္ဂါများ၊ အပ်စိုက် မှတ်များ၊ အသားနှင့် အရိုးများ သို့တိုင် စိမ့်ဝင်လာ ပြီးနောက်၊ အရန်သင့် စောင့်ဆိုင်း နေခဲ့သော ခရမ်းရောင် မူလ စွမ်းအင် များဖြင့်၊ ပေါင်းစပ်သွား ခဲ့လေသည်။

" ဒါကို ငါ ခံနိုင်ရည် ရှိပြီလား"

သူ့ ခန္ဓာကိုယ် အတွင်းရှိ လေးလံသော ဝန်အား ခံနိုင်ရည် ရှိနေ သည်ကို တွေ့လိုက် ရသည်ကြောင့်၊ ဝမ်းသာ သွားခဲ့သည်။

ယင်းမှာ ဒရာကိုဖီ ခန္ဓာကိုယ် နည်းစနစ် ကြောင့်သာ ဖြစ်ပြီး၊ ထိုသို့ ကြံ့ခိုင်သော ရုပ်ခန္ဓာ မျိုးသာ မရှိ ပါလျှင်၊ ဤသို့ လုပ်ဝံ့ မည် မဟုတ်ချေ။

ခန္ဓာကိုယ်ထဲ စီးဝင်လာသော ဝိညာဉ် စွမ်းအင်များကို ဆက်လက် လမ်းညွှန် လိုက်ကာ၊ ခရမ်းရောင် ပန်းပွင့် ပေါ်သို့၊ စုရုန်းစေ လိုက်သည်။

နောက်ထပ် ပွင့်ချပ်လေး တစ်ချပ်၊ ထပ်မံ ဖြစ်တည် လာစေရန် အချိန် သိပ်မကြာ လိုက်ချေ။

ပွင့်ချပ် လေးဆယ့်သုံးချပ်။

ပထမတန်း ဝိညာဉ် ကျောက်စိမ်း တစ်သိန်း ကို အမှန် တကယ် သန့်စင် နိုင်ခဲ့ ပါက၊ ဓားသုတ္တန်အား အဋ္ဌမ အဆင့်သို့ ထိုးဖောက် ဝင်ရောက် နိုင်မည် ဖြစ်သည်။

ကျူးဖန်၏ ကြွယ်ဝမှုမှာ သူ့အတွက် ဖြစ်လာ ခဲ့ပေသည်။ သူ့ မျက်လုံးများ ထဲရှိ နက်ရှိုင်းစွာ တောက်ပနေသော စိတ် လှုပ်ရှားမှု များကို မျိုသိပ် လိုက်ပြီး၊ ဝိညာဉ် ကျောက်စိမ်း များအပေါ် သန့်စင်ရာ ၌သာ အာရုံစိုက် လိုက်သည်။

ဒရာကိုဖီ ခန္ဓာကိုယ် ရှိသော်လည်း၊ အလွန်သတိ ထားရ ပေမည်။ သို့မဟုတ် ပါက လောင်ကျွမ်း ပြာကျ သွား နိုင်သည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံး နေစဉ်၊ ဓားနန်းတော်ရှိ ပွက်ပွက်ဆူ နေသော လေထုကို လစ်လျူရှု ထားကာ၊ သန့်စင်မှု အပေါ်သာ အာရုံစိုက် ထားခဲ့ လေသည်။

" မင်း သိပြီး ပြီလား၊ မဟာမိတ်ပြည်ထောင်စု တိုက်ပွဲကို ဓားသင်္ချိုင်း တောင်ကုန်းမှာ ကျင်းပ လိမ့်မယ်။ ”

“ အင်းသိတယ်...၊ ဒါက ရတနာ နယ်မြေကြီး လေးခု ထဲက တစ်ခုပဲ၊ အတွင်း တပည့် တွေတောင် ဝင်ရ ခက်တယ်၊ ဒါတောင် ဂိုဏ်းက အဲဒါကို မဟာမိတ်-ပြည်ထောင်စု တိုက်ပွဲ အတွက် တကယ် သုံးမှာ တဲ့လား။

“ ဓားသင်္ချိုင်း တောင်ကုန်းမှာ နေထိုင်တဲ့ နတ်ဆိုး သားရဲ တွေမှာ၊ ဓား ဆန္ဒတွေ ပါရှိ နေတယ် ဆိုတာ ငါကြားဖူးတယ်၊ သူတို့ရဲ့ သားရဲ အမြုတေကို သန့်စင်ခြင်း ကနေ၊ ငါတို့ရဲ့ ဓား ရည်ရွယ်ချက်ကို တိုက်ရိုက် သန့်စင် နိုင်တယ် ...၊ အကျိုးဆက် တွေက 'အသင်္ချေ ဓားရင်ပြင်' ထက်တောင် ပိုထိ ရောက်တယ်။ ”

“ ဒီတစ်ကြိမ် မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲက ရူးစရာပဲ၊ 'ဓားသင်္ချိုင်း တောင်ကုန်း'မှာ ကျင်းပ ရုံတင် မကဘူး၊ ဂိုဏ်းရဲ့ အတွင်း တပည့် တစ်ရာ ခွဲတမ်း ကိုပါ၊ ချပေး ခဲ့တယ် ”

“အတွင်း တပည့်တွေက 'ဝိညာဉ် အဆင့်' နည်းစနစ် တွေကို လေ့ကျင့် နိုင်တဲ့ သူတွေပဲ၊ သူတို့ လစဉ် ရရှိတဲ့ အရင်း အမြစ် တွေက၊ ငါတို့ထက် အဆ တစ်ရာ ပိုများတယ်၊ ဒါကြောင့် သာမာန် အခြေ အနေ အရဆို၊ မင်းက အတွင်း တပည့် တစ်ယောက် ဖြစ်ချင်ရင်၊ စမ်းသပ် မှုပေါင်း များစွာကို ခံယူ ရ လိမ့်မယ်။ "

“ အဲဒါ ထားပါဦး ... ချန်ပီယံကို 'စကြာဝဠာလက်နက်' တစ်ခုပင် ချီးမြှင့် မယ်ဆို၊ ငါ ဓားနန်းတော်မှာ နေတာ ကြာပြီ၊ ဆုအဖြစ် 'စကြာဝဋ္ဌာ ရတနာ' အကြောင်း .... တစ်ခါမှ မကြားဖူးဘူး …”

ကြီးမားသော ဆုလာဘ် များက ယေဘူယျ အားဖြင့် တပည့် များကို ရဲရင့် လာ စေမည်။

ယခင် အချိန် များ၌ လူအများ စုမှာ သေခြင်း တရားကို ကြောက်ရွံ့ ကြ သည်ကြောင့်၊ 'မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲ' တွင် မပါဝင် လိုကြပေ။ သို့သော် ဤတစ်ကြိမ်တွင် သွေးဆောင်မှု အရ၊ ဆန့်ကျင်ဘက် ဖြစ်လာ စေသည်။

ရလဒ် အနေဖြင့် 'မဟာမိတ်- ပြည်ထောင်စုတိုက်ပွဲ' အတွက်၊ စာရင်း သွင်းသူ ဦးရေမှာ၊ ယခင်နှစ် များထက် ဆယ်ဆ ပိုများ ခဲ့၏။

ဂိုဏ်းပြင်ပ ရောက်ရှိ နေကြသော၊ တပည့် များစွာ တို့သည်၊ 'မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲ' အတွက်၊ ၎င်းတို့၏ မစ်ရှင် များကိုပင် ပစ်ကာ၊ ဂိုဏ်းသို့ အမြန် ပြန်လာခဲ့ ကြသည်။

ထို့ကြောင့် ၎င်းတိုက်ပွဲမှာ လွန်ခဲ့သော နှစ်တစ်ရာ အတွင်း၊ အပြင်း ထန်ဆုံး 'မဟာမိတ်-ပြည်ထောင်စု တိုက်ပွဲ' ဖြစ်လာ မည်မှာ သေချာ နေပေတော့သည်။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံး လာပြီး၊ 'မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲ' စတင် ဖို့ရန် သုံးရက်သာ လိုပေတော့၏။

လက်ရှိ အချိန်၌၊ လေထု ထဲရှိ လှုပ်ရှား တက်ကြွ နေသော အငွေ့ အသက် များက၊ ကျူးဖန်ကို သတ်ပြီး၊ အနီရောင် ဖီးနစ်ကို မြည်သံ ပြုစေသော၊ လင်းယွန်၏ သတင်းများအား ဖုံးလွှမ်း သွားသည်။

'ရတနာ တောင်ကုန်း မဟာမိတ် ပြည်နယ်'ပိုင် တောင်ထိပ် တစ်ခု ပေါ်တွင်၊ ခရမ်းရောင် သလင်းကျောက် ရုပ်တုကြီး တစ်ရုပ် ဖြစ်တည် နေလေသည်။

၎င်းသလင်းကျောက် ရုပ်တုကြီး ပေါ်သို့ နေရောင် ခြည်များ ကျဆင်း လာသည်နှင့်၊ အမှုန် အမွှားများ သဏ္ဍာန်၊ အလင်းရောင်များ လင်းလက် တောက်ပ လာ၏။

ထွင်းဖောက် မြင်နေ ရသော အဆိုပါ၊ သလင်းကျောက် ရုပ်တုကြီး အတွင်း၌၊ တင်ပျဉ်ခွေ ချိတ်ထိုင် နေသော လူငယ် တစ်ယောက် ရှိနေသည်။

ပို၍ သတိထား ကြည့်မိ ပါက၊ ထိုရုပ်တုတွင် ဖြစ်ပေါ် နေသော သလင်းလွှာ များမှာ၊ များပြား လှသော ဝိညာဉ် စွမ်းအင် များကြောင့်၊ ဖြစ်ပေါ် လာသည့် 'သလင်း ရုပ်တု' တစ်ခုသာ ဖြစ်ကြောင်း၊ သိမြင် ရမည် ဖြစ်သည်။

'' ဒုတ် .... ဒုတ် ဒုတ် ''

သို့သော် ယင်းရုပ်တု အတွင်းမှ၊ ပြင်းထန်သော နှလုံးခုန် သံကို ကျယ်လောင်စွာ ကြားနေရ လေသည်။ ထိုအတွင်းမှ လွတ်မြောက်ရန် ခက်ခဲစွာ ကြိုးစား နေပုံ ရ၏။

'' ခရစ်...... ''

နှလုံးခုန်သံက ပို၍ ကျယ်လောင် လာ ပြီးနောက်၊ ရေခဲ သလင်း လွှာများကို၊ ကွဲအက်သွား စေသည်။ အပြင် သလင်းလွှာများ ကွဲအက်သွား ပြီးနောက် ရေခဲလွှာ အတွင်းရှိ အဆိုပါ လူငယ်မှာ လျင်မြန်စွာ လှုပ်ရှား လာတော့၏။

ဝှစ်...။

လူငယ်က မျက်လုံးများ ဖွင့်ကြည့် လိုက်သည်နှင့်၊ ခရမ်းရောင် အလင်းများ တောက်ပ သွားလေသည်။

သလင်းလွှာ အတွင်းမှ လွတ်မြောက် လာ သည်နှင့်၊ လေကို အလုအယက် ရှူသွင်း လိုက်ရသည်။

စက္ကန့် အနည်းငယ် ပြီးနောက်၊ သူ့ ခန္ဓာကိုယ် အနှံ့၊ စွမ်းအင်များ မည်မျှ အရှိန် အဟုန် ပြင်းပြင်းဖြင့်၊ စီးဆင်း လာ မည်ကို ခံစား သိရှိ စေရန်၊ လက်သီး များအား တင်းတင်း ဆုပ်ကာ၊ အာရုံခံ လိုက်၏။

ယခင်ကထက် များစွာ သန်မာလာ ခဲ့ပြီး၊ သူ၏ ကျင့်ကြံမှုသည် နက်နဲ သိုင်း နယ်ပယ်၏ စတုတ္ထ အဆင့် အထွတ် အထိပ်သို့၊ ရောက်ရှိ သွားကြောင်း သိရှိ လိုက်ရ၏။

ရလာဒ်ကို ကြေနပ် သွားဟန်ဖြင့် ပြုံးပြီး တစ်ကိုယ်တည်း ရေရွတ် လိုက်၏။

“ ငါ ဒီလိုမျိုး ထပ် မလုပ် တော့ဘူး၊ ငါ့ကိုယ်ငါ သတ်လု နီးပါးပဲ၊ တကယ်လို့သာ အသက်ရှူရပ် သေသွား ခဲ့ရင်၊ ဓားနန်းတော် သမိုင်း တစ်လျှောက် အကြီးမားဆုံး ဟာသ ဖြစ်လာ လိမ့်မယ်။ "

ဝိညာဉ် ကျောက်စိမ်း များမှ ထွက်ပေါ် လာသော ဝိညာဉ် စွမ်းအင် များ၏ သိပ်သည်းဆသည် အလွန် မြင့်မား လွန်းခဲ့ပြီး၊ ၎င်းသည် သူ့ ခန္ဓာ ကိုယ်တွင် ရေခဲ သလင်း လွှာများ သဖွယ် သိုင်းခြုံ သွားလေသည်။

ရေခဲ ရုပ်တု တစ်ခု ကဲ့သို့၊ ဝိညာဉ် စွမ်းအင်များ ထဲတွင်၊ ပိတ်မိ နေကြောင်း သိလိုက် ရသည့် အချိန်၌၊ နောက်ကျ သွားခဲ့ လေပြီ။

တဖြည်းဖြည်း သိုင်းခြုံ အေးခဲ လာသော စွမ်းအင် များက၊ လင်းယွန်ကို ထိတ်လန့် စေ ခဲ့၏။ ထိုရေခဲလွှာ များကို ထိုးဖောက်ဖို့ရန် အလျင် အမြန် မကြိုးစား မိပါက၊ အသက်ရှု ကြပ်ကာ၊ သေဆုံး သွားပေ လိမ့်မည်။

“ အနည်းဆုံးတော့ ဒီတစ်ကြိမ် ရိတ်သိမ်း နိုင်မှုက မကျိုးမဲ့ မဖြစ် ခဲ့ဘူး၊ ဓားသုတ္တန်ကို သတ္တမ အဆင့် အထွတ် အထိပ်ထိ ရောက်ရှိ စေခဲ့ပြီ၊ ခရမ်းရောင် ပန်းမှာလည်း၊ ပွင့်ချပ် လေးဆယ့် ခုနစ်ချပ်ထိ ရှိလာပြီ ဆိုတော့ ....၊ အဋ္ဌမ အဆင့်ကို ရောက်ဖို့ ပွင့်ချပ် တစ်ချပ်ပဲ လိုတော့တယ်…”

ဓားသုတ္တန်မှာ ကနဦး သတ္တမ အဆင့် ကနေ၊ ရက် နှစ်ဆယ် အတွင်း အထွတ်အထိပ် သတ္တမ အဆင့်သို့၊ ရောက်ရှိ သွားခဲ့သည်။

၎င်းသည် သာမာန် ကျင့်ကြံမှု နည်းစနစ် မျိုးသာ ဆိုပါက ယင်းရလာဒ်မှာ၊ အထင်ကြီး စရာမရှိချေ။

သို့သော် ဤသည်မှာ 'ဓား သူတော်စင်' ၏ 'အိုင်းရစ် ဓားသုတ္တန်' ဖြစ်ပြီး၊ ရှေးဟောင်းခေတ်မှ လွှမ်းမိုး နိုင်လွန်းသော ပါရမီရှင် တစ်ဦး၏ ပင်မ အမွေ ဖြစ်ပေသည်။

တိုးတက်မှုအရ လင်းယွန်ကို စိတ်လှုပ်ရှား စေပြီး၊ အော်ဟစ် လိုက် ချင်စိတ် များပင် ဝင်ရောက် လာခဲ့သည်။ ကံကောင်း ထောက်မ စွာဖြင့် စိတ်ကို တည်ငြိမ်အောင် ထိန်းထား လိုက်နိုင်၏။

လက်သီးများကို တင်းတင်း ဆုပ်ကာ လေထုထဲ ပစ်ထုတ် လိုက်သည်။ ဓား ရည်ရွယ်ချက်က၊ ကျား-နဂါး လက်သီးနှင့် ပေါင်းစပ် သွား ပြီးနောက်၊ တောင်ထိပ် တစ်ခုလုံးကို တုန်ယင် သွားစေ ခဲ့သည်။

တစ်ချိန်တည်း မှာပင် လက်သီး ပတ်ပတ် လည်၌၊ စူးရှ တောက်ပသော ခရမ်းရောင် အဆင်း သဏ္ဍာန်များ သိုင်းခြုံ လာသည်။

" မဆိုးပါဘူး၊ ငါ့လက်သီး တွေက အရင်ကထက် အနည်းဆုံး နှစ်ဆလောက် ပိုပြင်းလာပြီ ”

သိသာထင်းရှားလှသော တိုးတက်မှု များကို ခံစား လိုက်ရသည်ကြောင့် လင်းယွန်၏ မျက်လုံး များတွင် ပျော်ရွှင်မှုများ ဖြစ်ပေါ်လာလေသည်။

“အခု ခရမ်းရောင် ပန်းကို လှည့်နိုင် မလား ကြည့်ရအောင် …”

ယခင် အချိန် များ၌ ခရမ်းရောင် ပန်းမှာ ပွင့်အာ ပြီးနောက်၊ 'လက်မဝက်' ခန့်သာ၊ လှည့်ရွှေ့ နိုင် ခဲ့သည်။ သို့သော် ထိုမှ ထွက်ပေါ်လာသော စွမ်းအား သည်ပင် တုန်လှုပ် ချောက်ချား ဖွယ်ရာပင်။

ဓားသုတ္တန်တွင် မှတ်တမ်းတင် ထားသော အချက် အလက်များ အရ၊ အလုံးစုံ လှည့်ပတ် နိုင်လျှင်၊ သဘာဝ ဖြစ်စဉ် တစ်ခု ရှိလာ ပေလိမ့်မည်။

သူ့ လက်ဖဝါးကို မြေပြင်၌ ဖိကပ် လိုက်ပြီး၊ ဒါန်တမ် အတွင်းရှိ ခရမ်းရောင် ပန်အား၊ ပွင့်အာစေ လိုက်သည်။ ပန်းပွင့်သွား သည်နှင့် လှည့်ရွှေ့ ဖို့ရန် ကြိုးစား လိုက်တော့၏။

ခန္ဓာကိုယ် တစ်လျှောက် စီးဆင်း နေသော ဧရာမ စွမ်းအင် အရင်း အမြစ်ကို သူ ခံစား လိုက် နိုင်သည်။

သွားများကို ကြိတ်ကာ ဟောက်လိုက် သည်နှင့် လက်များ မှတဆင့် ကြမ်းကြုတ်သော မူလ စွမ်းအင်များ စီးဆင်း သွားလေသည်။

တစ်ပတ် ပြည့်ရန် တစ်ဝက် နီးနီး လည်ပတ် သွား ပြီးနောက်၊ ထိုလက်ဖဝါး အောက်ရှိ မြေပြင်တွင်၊ အက်ကွဲ ကြောင်းများ ပြန့်ပွား လာပြီး၊ မီတာ တစ်ထောင် ဝန်းကျင် အတွင်းရှိ၊ တောင်ကုန်းများ ချက်ချင်း ပြိုကျ ကြေမွှ သွား တော့သည်။

ကောင်းကင်သို့ ညင်သာစွာ ခုန်တက် လိုက်ပြီး၊ ပြိုကျမှု များဖြင့် ကင်းလွတ် ရာသို့ ပြန်လည် ဆင်းသက် လိုက်သည်။ ထို့နောက် တိမ် ပင်လယ်အား မော့ကြည့် လိုက်ကာ၊ အတွေးထဲ နစ်မျော သွားမိ၏။

အဆိုပါ ခရမ်းရောင် ပန်းကို လည်ပတ် စေမှုတွင်၊ သူ့ ခန္ဓာကိုယ် အတွင်းရှိ မူလ စွမ်းအင် များအား၊ ကုန်ဆုံး သွားစေ ခဲ့လေပြီ။

" ငါ သခင့်ဓား ကို ပို ကျွမ်းကျင်အောင် မစွမ်းဆောင် နိုင်ခဲ့ ပေမဲ့၊ ဓားသုတ္တန် ကိုတော့ သတ္တမ အဆင့် အထွတ်အထိပ် အထိ ရောက်အောင် လုပ်နိုင် ခဲ့တယ်၊ .. ဒါက လုံလောက် ပါပြီ။ ”

လင်းယွန်က လက်နှစ်ဖက်ကို နောက်ကျော ပစ်လိုက်ပြီး၊ တိုးဖွဖွ ရေရွတ် လိုက်သည်။

အဆုံးတွင်၊ ဤအရာ အားလုံး အတွက် ကျေးဇူးတင်ရန် သူ့၌ ရှင်းယန် ရှိလေသည်။ သခင့်ဓားကို လေ့ကျင့် နေချိန်၊ အမှောင် လမ်း၏ အစွန်းမှ ပြန်ခေါ်လာ သူ ဖြစ်သည်။

တားမြစ် ထားသော နည်းစနစ် အပေါ်၊ အတင်း အကျပ် နားလည် ဖို့ရန်၊ ကြိုးစားမိ ပါက၊ မုချ သွားရ ပေလိမ့်မည်။ ထိုအဖြစ် အပျက် များကို ပြန်သုံးသပ် လိုက် ပြီးနောက်၊ "ပြန်ဖို့ အချိန် တန်ပြီ" ဟု ရေရွတ် လိုက်မိ၏။

နှစ်လကြာ ကျင့်ကြံမှုမှာ နောက်ဆုံးတော့ ပြီးဆုံး သွားခဲ့ပြီ ဖြစ်သည်။ ယခု အခါတွင် မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲ၌ စိန်ခေါ်မှုများကို ရင်ဆိုင် ရမည့် အချိန်ပင် ဖြစ်လေသည်။

သုံးရက် အကြာတွင်၊ ဓားနန်းတော်၏ သမိုင်းတစ်လျှောက် အကြီးကျယ် ဆုံးသော၊ 'မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲ' ကြီး၊ စတင် ဖွင့်လှစ် လာ တော့ပေမည်။

***

All Chapters