← Chapters

မဟာမိတ်-ပြည်ထောင်စု တိုက်ပွဲ စတင်မည်။

Vol. 20 Ch. 280

မဟာမိတ်-ပြည်ထောင်စု တိုက်ပွဲ စတင်မည်။

Vol. 20 Ch. 280

သုံးရက် အကြာတွင်၊ ဓားနန်းတော်၏ သမိုင်းတစ်လျှောက် အကြီးကျယ် ဆုံးသော၊ 'မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲ' ကြီး၊ စတင် လာတော့သည်။

လွန်ခဲ့သည့် နှစ်လ၌ လင်းယွန်က သေမျိုး အဆင့် ထိပ်ဆုံး ဆယ်ယောက်နှင့်၊ ရန်ငြိုးဖွဲ့ ဖြစ်ခဲ့သည်။

ရှင်းယန်သာ မရောက် လာခဲ့ ပါက၊ လွယ်လွယ် ကူကူ လွတ်မြောက် နိုင်မည် မဟုတ်ပေ။ ရန်ငြိုးထား သူများက၊ 'မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲ'တွင်၊ သူ့အား သတ်ပစ်ခြင်းဖြင့် လက်စား ချေလာ နိုင်သည်။

နောက်ဆုံးတွင်၊ မဟာမိတ် ပြည်ထောင်စု တိုက်ပွဲ၌၊ သေခြင်း တရား အပေါ် ရှောင်လွှဲ၍ မရ နိုင်သော၊ လူသတ်ပွဲများ ဖြစ်ပေါ် လာတက် သည်မှာ အစဉ်အလာ တစ်ခုပင် ဖြစ်သည်။

လင်းယွန်၏ နာမည်ကို 'အနီရောင် ဖီးနစ်' ထံမှ ကျူးရင့် ပြီးနောက်တွင်၊ မလိုလား အပ်သော ပြဿနာများ ရောက်ရှိ လာနိုင် လေသည်။

အများစုမှာ ပြင်ပတပည့် များအဖြစ် အချိန် အတော်ကြာ၊ မြင့်မားသော အဆင့် အတန်းကို ပိုင်ဆိုင် ထားခဲ့ ကြသည်။

အထူးသဖြင့် ထိပ်တန်း ဆယ်ဦး အတွက်၊ လင်းယွန်၏ လုပ်ရပ် များမှာ၊ အလွန် အရှက် ရဖွယ်များ ဖြစ်ပေ၏။

ထိုကိစ္စ အတွက် အာဃာတ တရားများကို မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲ၌ ဖြေရှင်း ကြမည်အား လူတိုင်း ခန့်မှန်း နိုင်သည်။

ယင်းအချိန်မှ စ၍၊ ဓားနန်းတော် အတွင်းရှိ လေထုမှာ၊ မုန်တိုင်း မလာခင်၊ ငြိမ်သက်ခြင်းမျိုး ကဲ့သို့၊ ကြောက်စရာ ကောင်း လောက်အောင် တိတ်ဆိတ် နေခဲ့သည်။

လက်ရှိတွင် တပည့်များစွာ တို့သည် 'ဓားသင်္ချိုင်း တောင်ထိပ်' သို့၊ ဦးတည် သွားနေ ကြ၏။

ဓားနန်းတော်၏ 'မဟာမိတ် ပြည်ထောင်စု တိုက်ပွဲ' သည်၊ ဂိုဏ်းကို ထိခိုက် စေရုံမျှ မက၊ 'ကောင်းကင်ဘုံ ချင်နိုင်ငံတော်' ကြီး၏ သမိုင်း တစ်လျှောက်၊ ကျော်ကြားသော တိုက်ပွဲ တစ်ခုလည်း ဖြစ်သည်။

မဟာမိတ် ပြည်ထောင်စု တိုက်ပွဲတွင် ကောင်းစွာ စွမ်းဆောင် နိုင်သော သူမှာ၊ 'ကောင်းကင်ဘုံ ချင်နိုင်ငံတော်' ကြီးတွင်် နာမည် ကြီးလာ ပေလိမ့်မည်။

အခြားသော အင်အားစု များ၏ တပည့်များ သည်လည်း မဟာမိတ်-ပြည်ထောင်စု တိုက်ပွဲကို ကြည့်ရှုရန် စိတ်ဝင်စား ကြသည်။

ထို့ကြောင့်၊ ၎င်းသည် ဓားနန်းတော်၏ ဂိုဏ်းအတွင်း တိုက်ပွဲမျိုး မဟုတ် တော့ဘဲ၊ ကောင်းကင်ဘုံ ချင်နိုင်ငံတော် ကြီ၌ အရေးပါသော ပွဲတော်ကြီး ဖြစ်လာခြင်း ဖြစ်လေသည်။

ဓားသင်္ချိုင်း တောင်ထိပ်ကို အစောင့် အကြပ်များ ထူထပ်စွာ ချမှတ် ထားသည်။ အပြင်ဘက် နယ်မြေကြီး တစ်ခု လုံးတွင်၊ မြင့်မားသော သစ်ပင်ကြီး များဖြင့် ဖုံးလွှမ်း နေသည်။

ဓားသင်္ချိုင်း တောင်ကုန်းသို့ မရောက်မီ ကျယ်ပြန့် ပိန်းပိတ် လွန်းလှသော၊ အဆိုပါ တောအုပ်ကြီးကို ဖြတ်သန်းရ ပေမည်။

မရေမတွက်နိုင်သော ရှေးဟောင်း ဓားရှည် များကို မြှပ်နှံ ထားသည့် ကျောက်ဂူ ကြီးမှာ၊ ဓားသင်္ချိုင်း တောင်ကုန်း၏ အလယ် ဗဟို၌ တည်ရှိသည်။

ထိုနေရာတွင် တစ်နှစ် ပတ်လုံး အခိုး အငွေ့များဖုံး လွှမ်းနေပြီး၊ မြင်ရသူ တိုင်းကို ထိတ်လန့် သွား စေသော ခံစား ချက်များ၊ ပေးစွမ်း ပေသည်။

'ခရမ်းရောင် နန်းတော်' နယ်မြေသို့၊ ရောက်ရှိ နေသော အကြီးအကဲများ သာလျှင်၊ ၎င်းတို့၏ ဓားများကို အဆိုပါ တောင်ကုန်း၌ မြှုပ်နှံထား နိုင်ခွင့် ရှိသည်။

ထိုသို့ မြှပ်နှံ ထားသည့် ဓားပိုင်ရှင် တိုင်းမှာ၊ ချင် အင်ပါယာ၏ ကျော်ကြားသော ဓားသမား များသာ ဖြစ်လေသည်။

'ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်' ရှိ ဘိုးဘေးများပိုင် ဓားများ ကိုလည်း၊ ဤနေရာတွင် မြှုပ်နှံ ထားကြောင်း၊ ကောလာဟလ များပင် ရှိခဲ့သည်။

ယခုအချိန်၌ မဟာ ချင် အင်ပါယာတွင်၊ 'ကောင်းကင်ဘုံ ဝိညာဉ်' အဆင့် ကျင့်ကြံသူများ ရှိ မရှိကို မသိ ရသေး သော်လည်း၊ မဟာ ချင် အင်ပါယာ ကြီးသည် ၎င်း၏ သမိုင်းတွင် 'ကောင်းကင်ဘုံ ဝိညာဉ်' အဆင့် ကျင့်ကြံသူ များစွာကို၊ သေချာပေါက် မွေးဖွားပေးခဲ့သည်။

ကောင်းကင်ဘုံ ဝိညာဉ် အဆင့်သို့ ရောက်ရှိ သူများသည် မဟာချင် အင်ပါယာမှ ထွက်ခွာ သွား ကြမည်မှာ သေချာ၏၊ ဆိုလို သည်မှာ ၎င်းတို့သည် ဓားနန်းတော်၏ တပည့်များ အဖြစ်၊ သင်္ဂြိုဟ်ရန် ဤနေရာသို့၊ ပြန်လာခဲ့ ကြခြင်း ဖြစ်သည်။

“ဒါက ဓားသင်္ချိုင်း တောင်ထိပ်လား”

လင်းယွန်က မြင့်မားသော ကျောက်ဖျာကြီး ပေါ်မှ ငုံ့ကြည့်ကာ၊ စူးစမ်း ကြည့်မိ လေသည်။ ဓားသင်္ချိုင်း တောင်ထိပ်သည် သူထင်ထား သည်ထက် ပို၍ ကျယ်ပြန့် ပေ၏။

သက်တမ်းရင့် သစ်ပင် ကြီးများ၊ ထူထပ်စွာ ပေါက်ရောက် နေသော၊ တောမြိုင်ကြီး ဖြစ်နေလိမ့်မည်ဟု မမျှော်လင့် ထားမိချေ။

ဓားသင်္ချိုင်း တောင်ထိပ် ထံမှ ထွက်ပေါ် နေသော ဓား ရည်ရွယ်ချက် များကိုလည်း၊ သူ ခံစားသိရှိ နိုင်သည်။

ရတနာတောင်ကုန်း အဖွဲ့ဝင် တပည့်များက၊ လင်းယွန်၏ နောက်တွင် ရပ်နေ ကြပြီး၊ အဆိုပါ အဖွဲ့ကို ဦးဆောင် သူမှာ ရှင်းယန် ဖြစ်သည်။

ဓားသင်္ချိုင်း တောင်ထိပ်ကို ငုံ့ကြည့် ပြီးနောက်၊ ရှင်းယန်က ခေါင်းညိတ် လိုက်ကာ၊ 'ငါတို့ ရောက်ပြီ' ဟု ဆိုလိုက်၏။

လင်းယွန်၏ နဖူးတွင် ဖုံးလွှမ်း နေသော အခိုး အငွေ့များ ပျောက်ကွယ် သွားပြီး ဖြစ်ရာ၊ ယင်းနေရာ၌ တိုက်ပွဲဝင် လိုစိတ်များ အစားထိုး လာသည်ကို၊ သူမ သတိပြု မိသည်။

ယခုအချိန်၌ လင်းယွန်မှာ ပို၍ တက်ကြွ လာ သည်ကို၊ တွေ့လိုက် ရ သည်ကြောင့်၊ ဝမ်းသာ လိုက်မိ၏။

အခြားသော မဟာမိတ် အဖွဲ့များ၏ တပည့် များက၊ ရှင်းယန်ကို ကြည့်ကာ၊ တံတွေးအား မျိုချ နေရသည် ။

သို့သော် သွေးစွန်းသော နှင်းဆီဟု ခေါင်းစဉ်တပ် ခံထား ရသော ရှင်းယန် အပေါ်၊ ကြောက်ရွံ့ ခြင်းကြောင့်၊ မည်သူမျှ ကွဲပြားစွာ မကြည့်ဝံ့ ကြပေ။

“ဟီး... အစ်မကြီး ရှင်းယန်၊ 'ကောင်းကင်ဘုံ ဝိညာဉ်အဆင့်' ကျင့်ကြံသူ တွေရဲ့ ခန္ဓာနဲ့၊ သူတို့ရဲ့ ဓားတွေဟာ ဒီနေရာမှာ တကယ်ပဲ မြှုပ်နှံ ထားကြ တာလား။ ''

ရှင်းယန်နှင့် စကားပြောရန် လီဝူယုက ဆင်ခြေကို ရှာတွေ့ သွားခဲ့သည်။

သို့သော် ရှင်းယန်က သူ့ကို တစ်ချက် လှည့်ကြည့် ရုံဖြင့်၊ သူ ဘာလုပ်ဖို့ ကြိုးစား နေ သည်ကို၊ သဘာဝ ကျကျ နားလည် ထားသည်။

ထို့နောက် သူမက ဓားသင်္ချိုင်း တောင်ထိပ် ဆီသို့ ပြန်လှည့် သွားကာ၊

“ဟုတ်တယ်၊ ဓားသင်္ချိုင်း တောင်ထိပ်ကို ဘိုးဘေး ဂျင်ဝူမင်က တည်ထောင် ခဲ့တယ်၊ သူက လွန်ခဲ့သော အနှစ် တစ်သောင်း အတွင်း၊ ရှားရှား ပါးပါး ထွက်ပေါ် လာတဲ့ ပါရမီ တစ်ယောက်ပဲ၊ ဘိုးဘေး တော်တော် များများက၊ သူတို့ မသေခင် ဂိုဏ်းကို ပြန်လာပြီး၊ သူတို့ကိုယ် သူတို့ မြှပ်နှံ တက်ကြတယ် ဆိုတာတော့ အမှန်ပါပဲ။ ”

'ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်' ရှိ၊ ကျင့်ကြံသူ တစ်ယောက်၏ ခွန်အား သည်ပင်၊ အင်ပါယာ တစ်ခုလုံးအား အန်တု နိုင်ခဲ့ ပေ၏။

သို့သော် ၎င်းသည် ယခုအချိန်၌ လင်းယွန် အတွက် လက်လှမ်း မီသည့် အရာ မဟုတ် သေးပေ။

ပါရမီရှင် ရှစ်ပါး ပင်လျှင် 'ခရမ်းရောင် နန်းတော် နယ်မြေ' သို့၊ ဝင်ရောက်ရန် ကြိုးစား နေကြဆဲ ဖြစ်ရာ၊ ယင်းသည် 'ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်'ကို ရည်ညွှန်းခြင်း မဟုတ်။

“ဓား သင်္ချိုင်းတောင်ထိပ် အပြင်က တောအုပ်တွေက ဓားနန်းတော်ရဲ့ တောင်တန်း တွေနဲ့၊ ချိတ်ဆက် ထားတယ်၊ အဲဒီ အထဲမှာ နတ်ဆိုးသားရဲတွေ အများကြီး ရှိတယ်၊ ဓားသင်္ချိုင်းတောင်ကုန်း အနီးမှာ နေထိုင်တဲ့ နတ်ဆိုးသားရဲ တွေက၊ မွေး ကတည်းက သူတို့ရဲ့ အသွေး အသား ထဲမှာကို ...၊ ဓား ရည်ရွယ်ချက် ပါရှိ နေတက် ကြတယ်၊ ''

'' ဒါကြောင့် တောအုပ် ပြင်ပမှာ ရှိတဲ့ အခြား နတ်ဆိုး သားရဲ တွေထက် အများကြီး သန်မာတယ်၊ သူတို့က မင်းတို့ ရင်ဆိုင် ရမည့် ပထမဆုံးသော ရန်သူတွေပဲ...။ ''

ရှင်းယန်၏ အသံမှာ ဂီတ သံစဉ်များ ကဲ့သို့၊ စွဲဆောင်မှု ရှိလှသည် ဖြစ်ရာ၊ သူမ စကားကို နားထောင် ပြီးနောက်၊ ချက်ချင်းပင် တောအုပ် အတွင်း ခုန်ချကာ၊ သားရဲ များကို သတ်ပစ်ချင် သွားခဲ့သည်။

“မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲမှာ ပါဝင်မဲ့ သူတိုင်းကို၊ ခရမ်းရောင် ကျောက်စိမ်း ပြားကို ပေးအပ် လိမ့်မယ်၊ အခြား သူတွေ ဆီကနေ ကျောက်စိမ်း ပြားကို ရယူနိုင်တဲ့ အခါ၊ မင်းတို့ရဲ့ ကျောက်စိမ်း ပြားမှာ ကြယ်တစ်ပွင့် ထပ်မံ ရရှိ လိမ့်မယ် ..၊ ကျောက်စိမ်းပြား ဆုံးရှုံးတဲ့ သူ တွေက၊ မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲကနေ ချက်ချင်း ထွက်ခွာ ရတယ် ”

ဟု မိုချန်းက ကြားဖြတ် ရှင်းပြ လာသည်။

“ ဒါပေမယ့် ဒါက ပထမ အကျော့ အတွက်ပါပဲ၊ ဒုတိယ အကျော့ကို သင်္ချိုင်းဂူ ထဲမှာ ကျင်းပ လိမ့်မယ်၊ ဒုတိယ အကျော့ကို ဝင်ရောက်ဖို့ ဆိုရင် ...၊ မင်းတို့ရဲ့ ကျောက်စွမ်း ပြားမှာ ကြယ်သုံးဆယ် လိုအပ်တယ်၊ ဒုတိယ အကျော့မှာပဲ၊ သေမျိုးအဆင့် သတ်မှတ်ချက် တွေကို ဆုံးဖြတ် သွားမှာ ....”

ဟု ရှင်းယန်က ဆက်လက် ပြောလိုက်သည်။

သူမ၏ စကားများကြောင့်၊ တိုက်ပွဲ မည်မျှပြင်းထန်လာ မည်ကို တွေးကြည့် ရုံမျှဖြင့်၊ ကျောရိုး တစ်လျှောက် အေးစက် သွားစေသည်။

ဤမဟာမိတ်- ပြည်ထောင်စု တိုက်ပွဲတွင် လူပေါင်း ထောင်နှင့်ချီ၊ ပါဝင် ဆင်နွှဲ နိုင်ဖွယ် ရှိသောကြောင့်၊ တိုက်ပွဲများ ကြောက်မက်ဖွယ် ကောင်းလာ မည်မှာ၊ သေချာ လေသည်။

မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲတွင်၊ ဝင်ရောက် ယှဉ်ပြိုင် ကြမည့် တပည့် များမှာ၊ တောအုပ် အတွင်းရှိ နတ်ဆိုး သားရဲ များ၏ ရန်ကို ခုခံ ကာကွယ် ရ ပြီးနောက်၊ ကျောက်စိမ်းပြား များအား လုယက် လာမည့် တပည့်များ ကိုလည်း တားဆီးကြ ရပေမည်။

"ဒုတိယ အကျော့မှာ အဆင့် သတ်မှတ်ချက် တွေကို ဘယ်လို ဆုံးဖြတ် မလဲ။"

လင်းယွန်က သူ့ ရှုပ်ထွေး မှုကို ထုတ်မေး လိုက်သည်။

“ လောလော ဆယ်တော့ အဲဒါကို ငါတို့ မသိရသေးဘူး၊ အကြီးအကဲ လျိုဖန်းနဲ့ အကြီးအကဲ ဘိုင်တင်း တို့က၊ ဒုတိယ အကျော့ အတွက် စည်းမျဉ်း တွေကို၊ ထုတ်ပြန် ကြေညာ ပေးလိမ့်မယ်၊ ''

'' ဒါပေမယ့် ဒီတစ်ကြိမ် မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲက သေချာပေါက် ထူးဆန်း နေတယ်၊ ဓားသင်္ချိုင်း တောင်ကုန်းမှာ ကျင်းပ ရုံတင် မကဘူး၊ အတွင်း တပည့် ခွဲတမ်း တစ်ရာ ကိုပါ ထုတ်ပေး နေတယ်။ ”

"ဟားဟား ဘာလို့ ဒီလောက်တောင် မေးနေ ရတာလဲ နောက်ဆုံးတော့၊ မင်းက ဓားသင်္ချိုင်းဂူ ထဲကနေ အသက် ရှင်လျက် တောင်၊ ထွက်လာ နိုင်မှာ မဟုတ် ပါဘူး။ ”

ရှင်းယန်နှင့် အခြားသော တပည့်များမှာ ယင်းအသံကြောင့်၊ မျက်မှောင်ကြုတ် သွားကာ၊ စကားပြတ် သွား ကြ၏။

အဆိုပါအသံ နှင့်အတူ အထက်တန်းစား ပြည်နယ် အဖွဲ့ဝင် များကို ခြံရံလျက်၊ ဝမ်ယန်နှင့် ချူဟောင်းယူတို့ လျှောက်လှမ်း လာသည်ကို တွေ့လိုက် ရသည်။

ချူဟောင်းယူက မောက်မာသော မျက်ဝန်း များဖြင့်၊ လင်းယွန် အပါအဝင် အရာ အားလုံးကို လစ်လျူရှု ထားလေသည်။ သူ၏ မြင့်မားသော ကျင့်ကြံမှု အဆင့်မှ လွဲ၍၊ အခြားသော မည်သည့် အရာကိုမျှ မမြင်နိုင် ခဲ့ပေ။

" ဒီမှာ ချူဟောင်းယူ ရောက်နေပြီ "

" ဒါဆို သူတကယ် အထက်တန်းစား မဟာမိတ် အဖွဲ့ထဲ ဝင်ခဲ့ တာပဲ၊ ကောလဟာလ တွေက အမှန်ပါလား "

" အထက်တန်းစား ပြည်နယ်က ချူဟောင်းယူနဲ့ အတူ၊ ပထမ နေရာကို ရသွားမှာ သေချာ ပါတယ်။ "

“ ရတနာတောင်ကုန်းကတော့ အခု မြွေခြောက် ကိုက်ပြီ၊ ချူဟောင်းယူက သတ်ဖြတ် ခြင်းနဲ့ ပတ်သက်ရင်၊ ပြတ်သား တယ်လို့၊ ကျော်ကြား ပါတယ်၊ သူ လှုပ်ရှားရင် ဘယ်သူ့ကိုမှ အသက် ရှင်လျက် လွှတ် မထား တက်တာ၊ သူ့ရဲ့ လက္ခဏာပဲ ”

မြင့်မားသော ကျောက်ဖျားများ ပေါ်ရှိ စင်မြင့်များတွင် စိတ်လှုပ်ရှား နေကြသော တပည့်များက၊ ချူဟောင်းယူကို ကြည့်ကာ၊အချင်းချင်း အမြင်များ ဖလှယ်လာ ကြသည်။

သူသည် သဘာဝ အားဖြင့် အာရုံ စူးစိုက်မှု၏ ဗဟိုချက် ဖြစ်သည်။ နောက်ဆုံးတော့၊ သေမျိုး အဆင့်တွင် ပထမ နေရာကို ရယူထား နိုင်ပြီး၊ တစ်ချိန်က ဘိုင်လိရွှမ် နှင့်အတူ၊ မြင့်မားသော ဂုဏ် သတင်းကို ပိုင်ဆိုင် ထားနိုင် ခဲ့သူ ဖြစ်သည်။

" ကျူးဖန်ကို သတ်နိုင်ခဲ့တဲ့ သူက ဓားသင်္ချိုင်းဂူ ကိုတောင် မရောက် နိုင်ရင်၊ စိတ်ပျက် စရာ ပါပဲ။ "

အေးစက်သော လှောင်ပြောင် ရေရွတ်သံ နှင့်အတူ၊ အခြားသော အဖွဲ့တစ်ဖွဲ့ ထပ်မံ ရောက်ရှိ လာတော့သည်။

ဤအဖွဲ့တွင် လူများစွာ မရှိ သော်လည်း ၎င်းတို့ အားလုံး ထံမှ၊ ပြင်းထန်သော စွမ်းအင် အတက် အကျ လှိုင်းများ ထွက်ပေါ် နေပေသည်။

၎င်းသည် 'အသူရာ' မဟာမိတ် ပြည်နယ်နှင့် သေမျိုး တတိယ အဆင့်ရှိ၊ ဂျင်းဖိန် ဖြစ်သည်။ ပထမ အချီ၌ လင်းယွန် သေလိမ့် မည်ဟု၊ ရည်ရွယ် ပြောဆို လိုက်သော သူ့ စကားမှာ၊ ဝမ်ယန် ထက်ပင်၊ ပြတ်သား လှပေသည်။

သူ့ မစ်ရှင်ကို လုယူ သွားသည့် အတွက် လင်းယွန်ကို ဒေါသ ထွက်နေ သေးသည်မှာ ထင်ရှား လေသည်။ လင်းယွန်ကို လှမ်းကြည့်သော မျက်ဝန်းများတွင် သတ်ဖြတ် လိုသော ဆန္ဒများ ပြသလာ ခဲ့သည်။

သူ့ စိတ်ထဲရှိ လူသတ် လိုသော ရည်ရွယ်ချက် များကို ဖုံးကွယ်ရန် စိတ်မ၀င် စားချေ။

မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲတွင် ထိုသို့ လုပ်ဆောင်ခွင့် ရပါက၊ လင်းယွန်ကို သတ်ပစ်ရန် စိတ်ပိုင်းဖြတ် ထားပြီး ဖြစ်သည်။

“ သန်မာတဲ့ သူတွေသာ ရှင်သန် နိုင်လိမ့်မယ်၊ လမ်းလွဲ ကျင့်ကြံ သူကို သတ်ဖြတ် ခြင်းကြောင့်၊ ရလာတဲ့ ဂုဏ် သတင်းက ဓားသင်္ချိုင်း တောင်ထိပ်မှာ အသုံး မ၀င် ပါဘူး။ ''

ဤတစ်ကြိမ် လှောင်ပြောင် ရေရွတ်လိုက် သူမှာ ဖန်းချောင်း ဖြစ်၏။ အဖော်မဲ့ကြယ် မဟာမိတ် အဖွဲ့ကို ဦးဆောင်လျက်၊ သေမျိုး ဒုတိယ အဆင့်ရှိ ယီရှု နှင့်အတူ ရောက်ရှိ လာခဲ့ လေသည်။

ရတနာ တောင်ကုန်း၊ အထက်တန်းစား ပြည်နယ်၊ အဖော်မဲ့ကြယ်၊ အသူရာ စသည့် မဟာမိတ် အဖွဲ့ တို့သည်၊ ဓားနန်းတော်၏ အသန်မာ ဆုံးသော မဟာမိတ် အဖွဲ့များ ဖြစ်ကြပြီး၊ ယင်းအနက် မဟာမိတ် အဖွဲ့ကြီး သုံးဖွဲ့မှာ၊ လင်းယွန်အား ရန်ငြိုးဖွဲ့ လာခဲ့ ကြသည်။

ရန်လိုသော အငွေ့ အသက်များ ပြင်းထန် လာကာ၊ မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲ မစခင် ၌ပင်၊ လေထုမှာ တင်းကြပ် လာ တော့၏။

“ ဒီလူတွေက မောက်မာ လွန်းတယ် …”

လီဝူယုက မကျေမနပ် ရေရွတ်သည်။ သို့သော် ချူဟောင်းယူ၊ ဂျင်းဖိန် နှင့် ယီရှု တို့၏ ကျင့်ကြံမှု အဆင့်များဖြင့်၊ ရင်ဆိုင် ရာတွင် အလွန် အမင်း အရဲ ကိုးလိုခြင်း မရှိခဲ့ပေ။

" ကျေးဇူးတင် ပါတယ်၊ ဒါပေမယ့် ငါ့ဂျူနီယာ အတွက် မင်းတို့ စိတ်ပူ နေစရာ မလို ပါဘူး၊ ဓားသင်္ချိုင်းမှာ ဘာမဆို ဖြစ်သွား နိုင်တာမို့ ကိုယ့်ကို ကိုယ်ပဲ ဂရု စိုက်ကြပါ”

ရှင်းယန်က အေးစက်စွာ တုန့်ပြန် ပြောလိုက်သည်။ ထို့နောက် သူမက 'ရတနာ တောင်ကုန်း' အဖွဲ့ဝင် တပည့် များကို အခြား တစ်ဖက်သို့ စုရုန်းစေ လိုက်၏။

"မင်း... ဘယ်လောက် ကြာကြာ ကာကွယ် နိုင်လဲ ဆိုတာ ငါကြည့်မယ်၊ ဒီကောင်က လူအတော် များများကို စော်ကား ခဲ့တယ်၊ ဒီမဟာမိတ် ပြည်ထောင်စု တိုက်ပွဲမှာ ထိပ်တန်း ဆယ်ယောက်ထဲ ဝင်ရောက် နိုင်မလား ဆိုတာ မသေချာ ပါဘူး။ ”

ဝမ်ယန်က မှုန်ကုပ်ကုပ် အကြည့်ဖြင့် သူ့သွားများကို ကြိတ်လိုက်သည်။

သိပ်မကြာခင်မှာပဲ သေမျိုး အဆင့် ထိပ်ဆုံး ဆယ်ဦး စာရင်း ဝင်သော တခြား သူများလည်း ရောက်ရှိ လာသည်၊ သူတို့ ထွက်ပေါ် လာ သည်နှင့်၊ လင်းယွန်ကို ရန်လိုသော အကြည့်ဖြင့် လှမ်းကြည့် လိုက်ကြ၏။

" လင်းယွန်တော့ သွားပြီ ...၊ ထိပ်တန်း ဆယ်ယောက် လုံးက သူ့နောက်ကို လိုက်နေ ကြပြီ..."

“ မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲမှာ သတ်ဖြတ်ခြင်း အတွက် ဘာ အကျိုး ဆက်မှ ရရှိ လာမှာ မဟုတ်ဘူး၊ ဒါကြောင့် လင်ယွန်းကို ဖယ်ရှား နိုင်မဲ့ ...၊ ဒီလို အခွင့်အရေး မျိုးကို သူတို့ လက်လွတ် ခံမှာ မဟုတ်ဘူး၊ လွန်ခဲ့တဲ့ နှစ်လက မစ်ရှင် ခန်းမမှာ၊ လင်းယွန်ကြောင့် သူတို့ ဘယ်လောက် အရှက်ရ သွားလဲ၊ မင်း သိတယ် မဟုတ်လား။ ”

“ တကယ့်ကို စိတ်ဝင် စားစရာ ကောင်းတဲ့ ပွဲတစ်ခု ဖြစ်လာ တော့မှာ ...၊ သူတို့က အစတုန်းက၊ လင်းယွန် နောက်ကို လိုက်ခဲ့ တာပဲ၊ 'အနီရောင် ဖီးနစ်ငှက်' ရဲ့၊ ကျူးရင့် သံက သူတို့ မျက်နှာကို ဖြတ်ရိုက် ပစ်လိုက်တယ်။ ''

“ အဲဒါက စိတ်ဝင် စားစရာပဲ၊ ဒါပေမယ့် လင်းယွန် မသေ မချင်း ဒီလူတွေ ကျေနပ်နိုင်မှာ မဟုတ်ဘူး။ ”

" ရတနာ တောင်ကုန်း ပြည်နယ် ကတော့ ဒီတစ်ကြိမ် မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲမှာ ပြီးဆုံး သွားပြီ၊ လင်းယွန်က လွဲပြီး ဘယ်သူ ကမှ၊ ပါဝင် ဝံ့တော့မှာ မဟုတ်ဘူး။ "

သေမျိုးအဆင့် ထိပ်တန်း ဆယ်ယောက်နှင့် လင်းယွန်၏ ပဋိပက္ခကို တစ်စုံ တစ်ယောက်က၊ သုံးသပ် ပြလိုက် သည်နှင့်၊ ရတနာတောင်ကုန်း မဟာမိတ် အဖွဲ့ အပေါ်၊ ဆွေးနွေးမှုများ တဖြည်းဖြည်း တိုးပွားလာ ခဲ့သည်။

ရတနာ တောင်ကုန်း မဟာမိတ် ပြည်နယ် အတွက် အခြေ အနေများမှာ အဆင်သင့် ဖြစ် မနေ ခဲ့သေးပေ။

***

All Chapters