← Chapters

အရသာကို လျှာကသိသည်! အစကောင်း!

Vol. 7 Ch. 91

အရသာကို လျှာကသိသည်! အစကောင်း!

Vol. 7 Ch. 91

နေ့လယ်ပိုင်းရောက်ခါနီးအချိန်_

စံအိမ်ရှိခရီးသည်တချို့မှာ စားသောက်ရန် (သို့) ကိုယ်တိုင်ချက်ပြုတ်ရန်ပြင်နေကြသည်။

ခရီးသည် ၆ ဦးတစ်သုတ်မှာ စားပွဲထိုးတစ်ဦးဆီမှ အကင်စက်ငှားထား၏။

သူတို့မှာ လူငယ်စုံတွဲ ၃ တွဲဖြစ်ပြီး အုပ်စုဖွဲ့လာကြမှန်းသိသာသည်။

သူကမြို့ထဲတွင်အနေများပြီး အလုပ်ရှုပ်သဖြင့် သူ့အတွက် လူစုပြီးအသားကင်စားကြသည့်အခွင့်အရေးရဖို့ အလွန်ခက်၏။ အခုတော့ ချင်းလင်စံအိမ်ရောက်လာပြီး ကိုယ်တိုင်အသားကင်စားတဲ့အတွေ့အကြုံမှမရလိုက်ရရင် လူဖြစ်ရှုံးရတော့မည်။

''ဒီစံအိမ်ရဲ့သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်က တကယ်လှတာ... တချို့ဗီဒီယိုရိုက်ထားတာ အရမ်းမိုက်တယ်''

''အင်း... ငါ့ Wechat အခိုက်အတန့်မှာတင်ထားသေးတယ်... ရုံးကကောင်မလေးတွေအကုန် မလာလိုက်ရလို့နောင်တရနေကြတာ''

''သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ပဲရှိတာ ဆိုးတယ်ကွာ... လည်လို့တောင်မဝဘူး... တော်သေးလို့ အသားကင်စားလို့ရသေးတယ်''

အမျိုးသမီးသုံးဦးက စားပွဲဝိုင်းသေးသေးလေးတွင်ထိုင်ပြီး ဗီဒီယိုတည်းဖြတ်ရင်း ဆွေးနွေးနေကြသည်။

သူတို့ဘေးနားရှိ အမျိုးသားသုံးဦးထဲမှတစ်ဦးမှာ အသားကင်ရင်းအလုပ်ရှုပ်နေ၏။ တစ်ဦးကအသီးအရွက်ဆေးကာ ကျန်တစ်ဦးက ပင်လယ်စာဆေးနေသည်။ သူတို့မှာဆွေမျိုးသားစပ်များဖြစ်ပုံရ၏။

အမျိုးသမီးတစ်ဦးက သူမဘေးနားရှိစားပွဲသေးသေးပေါ်မှ ခရမ်းချဉ်သီးဆော့ပုလင်းကို ရုတ်တရက်လက်ညိုးထိုး၍_ ''အာ... ဒါ ချင်းလင်စံအိမ်ရဲ့အထူးခရမ်းချဉ်သီးဆော့လား?''

တခြားအမျိုးသမီးက_ ''လုပ် လုပ် ဖွင့်လိုက်''

အမျိုးသမီးသုံးဦးမှာ စူးစမ်းချင်စိတ်နှင့် စားပွဲလေးပေါ်မှဆော့ပုလင်းကို ကောက်ကိုင်လိုက်ကြသည်။

......

ပုံမှန်အတိုင်းဆို ဆော့ပုလင်းကိုအာရုံထားလေ့မရှိကြ။ စားနေကျအစားအစာလိုပင် စားလိုက်ကြသည်။ အထူးအဆန်းမဟုတ်ချေ။

သို့သော် တစ်ညလုံးလူပြောများထားသဖြင့် အခုစပ်စုနေကြသည်။ ဤသည်မှာ ကြော်ငြာခြင်း၏စွမ်းပကားဖြစ်ပေသည်။

''ယောက်ျား... ချင်းလင်စံအိမ်ရဲ့ခရမ်းချဉ်သီးဆော့မြည်းကြည့်ရအောင်'' အမျိုးသမီးတစ်ဦးက ချင်းလင်ဆော့ပုလင်းဖွင့်၍ အသားရွှေ့လိုက်လှန်လိုက်လုပ်နေသော အမျိုးသားဆီသွားလိုက်၏။

အမျိုးသားကလည်း ချင်းလင်ဆော့ကို သိချင်စိတ်နှင့်ယူကြည့်လိုက်သည်။ သူကကင်ထားသောပုစွန်ကိုဆော့တို့ပြီး သူ့ဇနီးလက်ထဲထည့်ပေးလိုက်၏။

အမျိုးသမီးက ပုစွန်ကိုယူပြီး သူမပါးစပ်ထဲထည့်ကာ အရသာခံဝါးလိုက်သည်_ ''ဒီဆော့အရသာအရမ်းကောင်းတာပဲ... အရင်ကစားဖူးတာတွေထက်တောင် ပိုကောင်းသလိုပဲ''

ထိုအခါ အခြားအမျိုးသမီးနှစ်ဦးပါ စိတ်ဝင်စားသွားကြ၏။

ကျန်အမျိုးသားနှစ်ဦးလည်း ဝိုင်းလာသည်။

''ဒီဆော့က အဲလောက်ကောင်းလား?''

''တို့လည်း မြည်းကြည့်မယ်''

“…”



အသားကင်နေသောအမျိုးသားက သူတို့အတွက် ပုစွန်တစ်ကောင်စီကင်ပေးပြီး ချင်းလင်ဆော့ထဲနှစ်ပေးလိုက်သည်။ ထို့နောက် တစ်ယောက်ပြီးတစ်ယောက်မြည်းကြည့်ကြ၏။

ခဏအကြာ အားလုံးခေါင်းညိမ့်လိုက်ကြသည်။

''ချင်းလင်ဆော့အရသာက ကောင်းကိုကောင်းတာ... အိမ်က Delmon ပုလင်းထက်တောင် ပိုကောင်းသေးတယ်''

''အဟုတ်ပဲ... ငါမနေ့ညက စားခဲ့သေးတယ်... သိသာပါတယ်... Delmon က ဒါကိုမမီဘူး''

''Delmon ဆော့က သတ်မှတ်ချက်အတူတူတွေထဲမှာ စျေးအကြီးဆုံးမဟုတ်ဘူးလား? ဘာလို့ ချင်းလင်ဆော့လောက်တောင် မကောင်းရတာလဲ?''

''Delmon က အမေရိကန်ကုမ္ပဏီရဲ့ဘရန်းလေ... အိမ်တွင်းလက်ရာအတိုင်းထုတ်ထားတယ်ဆိုရင်တောင် နည်းနည်းအမွှမ်းတင်ထားမယ်... အဲဒီတော့ စျေးနည်းနည်းပိုများတယ်''

''ဒီချင်းလင်ဆော့က တကယ်ကောင်းတယ်... ပြန်သွားပြီး သုံးလေးပုလင်းယူရအောင်''

အမှန်တကယ်ကောင်းသည်။ တစ်ခါမြည်းဖူးရုံနှင့်သိသာ၏။ ဖျားနာမနေလျှင် အရသာကိုလျှာကသိပေသည်။

စံအိမ်ထဲတွင်_

တခြားကိုယ်တိုင်ကင်စားနေသောခရီးသည်များလည်း ထိုနည်းတူစွာပင်။

မမျှော်လင့်ဘဲ ချင်းလင်ဆော့အရသာမှာ အရင်သူတို့စားဖူးသမျှဆော့အားလုံးထက် အမှန်တကယ်ပိုကောင်းကြောင်းသိလိုက်ရသည်။ အမှန်တော့ နှုတ်မြိန်စေခြင်း +၁ အာနိသင်ကြောင့် အသားအသောက်ပျက်နေသူများမှာ ထိုဆော့ကိုစားပြီးနောက် သိသိသာသာနှုတ်မြိန်လာခြင်းဖြစ်သည်။ အတော်များများက သုံးလေးပုလင်းပြန်ဝယ်ရန် အကြံပေါက်ကြ၏။

ဆော့မှာ ခရီးသွားသူတိုင်းဝယ်ကြမည့် လက်ဆောင်ပေးကောင်းသောအရာလည်းဖြစ်လေသည်။

ခရီးသွားရင်း ကောင်းတာတစ်ခုခုတွေ့လျှင် အိမ်အပြန်ဝယ်သွားဖို့စဉ်းစားကြပေမည်။

စံအိမ်ကားပါကင်ထဲသို့ ကားတစ်စီးဝင်လာသည်။

စိတ်ပူနေသောချန်လီက ကျုံးလဲ့နှင့်အတူ ကားထဲမှထွက်လာ၏။

သူက ချင်းလင်စံအိမ်မှအိမ်တွင်းဖြစ်ဆော့ကိုကြော်ငြာရန် အာရုံစိုက်ထားသည်။

ဘာပဲဖြစ်ဖြစ် စီရင်စုက ချင်းလင်စံအိမ်ကို ယွမ် ၂၃ သန်းထောက်ပံ့ထား၍ စံအိမ်မှာ စီရင်စုအပေါ်အကျိုးသက်ရောက်မှု အမှန်တကယ်ကြီးမားသည်။ အာရုံမစိုက်ဘဲထား၍မဖြစ်ပေ။

သူဌေးချင်က စံအိမ်ကျော်ကြားမှုကိုအသုံးချပြီး ကိုယ်ပိုင်ဘရန်းတည်ဆောက်ချင်မှန်း သူသိသည်။

ဒါကလည်း အင်တာနက်ဆယ်လီအတော်များများကြိုးစားကြသည့်အရာပင်။

သူတို့ကိုယ်ပိုင်ကျော်ကြားမှုနဲ့ သူတို့ကိုယ်ပိုင်ဘရန်းတည်ဆောက်တဲ့လီကျစ်ချီဆီက မသင်ယူဘဲနေတဲ့သူရှိမလား?

သူဌေးချင်က ဒီအခွင့်အရေးကိုအသုံးချပြီး ဆော့ဘရန်းတစ်ခုဖန်တီးနိုင်လျှင် ထုတ်ကုန်နာမည်ရလာသည်နှင့်အမျှ စီရင်စုအတွက်အကျိုးဖြစ်လာလိမ့်မည်။ ဘာပဲဖြစ်ဖြစ် သူစက်ရုံထောင်ရင် အလုပ်သမားခန့်ရမည်၊ ကုန်ကြမ်းတွေဝယ်ရမည်၊ အခွန်ဆောင်ရမည်လေ။

သို့သော်သူက သူဌေးချင်ကိုခြေလှမ်းကျဲကျဲလှမ်းမိမှာစိုးသည်။ ဘရန်းတစ်ခုဖန်တီးရန်မှာ မလွယ်ကူပေ။ ထိုအတွေးရှိသောအင်တာနက်ဆယ်လီအတော်များများ ကျရှုံးခဲ့ရ၏။

တစ်ယောက်ယောက်ကိုခေါ်လာပြီးမကြည့်လိုက်ရမှာ စိတ်ပူနေသည်။

သူတို့စံအိမ်ထဲဝင်ဝင်ချင်း ခရီးသည်တချို့လမ်းလျှောက်ထွက်လာရင်းပြောဆိုနေကြသံကြောင့် ချန်လီစိတ်ဝင်စားသွားသည်။

''ချင်းလင်ဆော့အရသာက တကယ်ကောင်းတာပဲ... ၁၅ ယွမ်တည်း...စျေးမကြီးဘူး''

''အင်း... အရသာက Heinz ထက်ကောင်းတယ်... ကလေးက အရမ်းကြိုက်တယ်... အိမ်ပြန်ရင် သုံးလေးပုလင်းဝယ်သွားဦးမယ်''

''ငါတစ်ပုလင်း အလကားရတာ... အများကြီးလည်း ဝယ်ထားသေးတယ်''



“…”

ချန်လီကဇဝေဇဝါနှင့် ထိုစကားများကိုနားစိုက်ထောင်နေသည်။

ကြည့်ရတာ အခြေအနေကောင်းတဲ့ပုံပဲ။

သူကကျုံးလဲ့ကို အရောင်းစင်တာခေါ်သွားရာ ထိုနေရာတွင် လူတန်းရှည်ကြီးရှိနေကြောင်းတွေ့လိုက်ရသည်။ အားလုံးက ချင်းလင်ဆော့ဝေသည်ကို လာယူကြခြင်းဖြစ်၏။

အရောင်းစင်တာထဲတွင် ရောင်းချရန်အတွက်ချင်းလင်ဆော့ပုလင်းများထားသည့်နေရာလည်းရှိသည်။ ခရီးသည်အတော်များများက အပိုဝယ်သွားကြသည်။

ချင်းလင်ဆော့က ဘရန်းတွေထက်ကောင်းမှတော့ သေချာပေါက်အပြန်ဝယ်သွားရပေမည်။

ချန်လီက ထိုမြင်ကွင်းကိုတွေ့မှ သက်ပြင်းရှည်ကြီးချလိုက်သည်။ သူကမျှော်ကြည့်၍ ကျုံးလဲ့ကိုပင်_ ''ရှောင်ကျုံး... ချင်းလင်ဆော့နည်းနည်းသွားဝယ်ချေကွာ... ပြီးရင် RT စျေးသွားပြီး တခြားဆော့ဘရန်းတွေဝယ်မယ်''

''ကောင်းပါပြီ... အကြီးအကဲချန်'' ကျုံးလဲ့ကခေါင်းညိမ့်လိုက်သည်။

ချန်လီက ကျုံးလဲ့နှင့်ပြန်ထွက်လာသည်။

သိပ်မကြာခင်_

ခရီးသွားဌာနရှိ ချန်လီ၏ရုံးခန်းအတွင်း လူစုနေကြသည်။ အားလုံးမှာ ခရီးသွားဌာနအဖွဲ့ဝင်များဖြစ်ကြ၏။

ချန်လီရှေ့ရှိစားပွဲပေါ်တွင် အာလူးချောင်းကြော်နှစ်ထုပ်နှင့် ဆော့ထည့်ထားသောခွက်ငယ်လေးများရှိသည်။

သူက အရင်ချင်လင်လုပ်ဖူးသောနည်းအတိုင်း နာမည်ဝှက်ပြီးရွေးစေ၏။

ချန်လီက ထိုလူများအား_ ''ဒီဆော့တွေကိုမြည်းကြည့်ပြီး ဘယ်ဟာကပိုကောင်းလဲကြည့်ရအောင်''

ခရီးသွားဌာနအဖွဲ့ဝင်များ တစ်ယောက်ပြီးတစ်ယောက်ရှေ့တိုးကာ မြည်းကြည့်ကြသည်။ မြည်းပြီးနောက် သူတို့အကြိုက်ကိုရွေးချယ်လိုက်ကြ၏။

သူ့လုပ်ဖော်ကိုင်ဖက်တွေရွေးချယ်ထားသော ဆော့ကိုမြင်လျှင် ချန်လီမျက်လုံးပြူးသွားသည်။ သူတို့အားလုံးလိုလိုက ချင်းလင်ဆော့ကိုရွေးကြလေသည်။

ကြည့်ရတာ ချင်းလင်ဆော့ကအမှန်တကယ်အရသာရှိပြီး ပရိသတ်အခိုင်အမာရှိပုံပင်။

''အကြီးအကဲချန် ရေပန်းစားနေပြီ... ချင်းလင်ဆော့ရေပန်းစားနေပြီ'' ကျုံးလဲ့က ရုတ်တရက်သူ့ဖုန်းကိုင်၍ဝင်လာပြီး အစီရင်ခံသည်_ ''ကျွန်တော့်ကို လိုင်းပေါ်မှာအခြေအနေစောင့်ကြည့်ခိုင်းတာလေ... ချင်းလင်ဆော့က ရေပန်းစားတဲ့စာရင်းထဲဝင်သွားပြီ''

ချန်လီကဖုန်းယူ၍ ရေပန်းစားစာရင်းကိုနှိပ်လိုက်သည်။ ခရီးသည်များတင်ထားသောဗီဒီယိုများပေါ်လာ၏။ အားလုံးက ချင်းလင်ဆော့အရသာရှိကြောင်းပြောထားကြသည်။ တချို့ခရီးသည်များကမူ ချင်းလင်ဆော့က တခြားဘရန်းများထက်ပိုကောင်းကြောင်း ခပ်ပြတ်ပြတ်ပင်ဆိုကြ၏။

တကယ်ပြန့်သွားပြီပဲ။

ချင်းလင်ဆော့မှာ ခရီးသည်များဗီဒီယိုထပ်ထပ်တင်ကြ၍ နာမည်ရလာသည်။

ခရီးသည်များက မှတ်ချက်ကောင်းပေးထားသဖြင့် ပြည်သူများကပိုစိတ်ဝင်စားလာကြသည်မှာ ဆေးကောင်းကိုမျှော်နေသကဲ့သို့ဖြစ်လာ၏။

အတော်များများက ဆော့ပုလင်းကိုလိုင်းပေါ်မှမှာချင်သော်လည်း ဝယ်ရမည့်နေရာရှာမတွေ့ပေ။

တစ်ရက်ကုန်လွန်သွားပြီ ညပိုင်းတွင်စာရင်းတွက်ချက်ကြည့်လိုက်သည်။

စံအိမ်တွင် လုပ်ငန်းအသစ်မရှိသေးဘဲ ယွမ် ၄၀၀၀၀၀ ကျော်ဝင်ငွေကိုထိန်းထားနိုင်ဆဲပင်။ ဆော့မှာ အလကားဝေလိုက်သော ပုလင်း ၁၅၀၀ ကိုနှုတ်လိုက်လျှင်တောင် ပုလင်း ၂၀၀၀ ကျော်ရောင်းရသည်။

တစ်ပုလင်းကို ၅ ယွမ်ကုန်ကျပြီး ၁၅ ယွမ်နှင့်ရောင်းသဖြင့် ပုလင်း ၂၀၀၀ ကျော်မှာ ယွမ် ၃၀၀၀၀ ကျော်ရပြီး အမြတ်အစွန်းယွမ် ၂၀၀၀၀ ကျော်ရလိုက်သည်။

အလကားဝေသော ပုလင်း ၁၅၀၀ ဖိုး ယွမ် ၇၅၀၀ ဖယ်လိုက်လျှင် ယနေ့ချင်းလင်ဆော့မှ အမြတ် ၁၂၅၀၀ ကျော်ရ၏။

ယွမ် ၁၂၅၀၀ မှာ စံအိမ်၏ဝင်ငွေ ၄၀၀၀၀၀ ကျော်နှင့်ယှဉ်လျှင် များသည်မထင်ရသော်လည်း အစကောင်းပင်ဖြစ်သည်။

မည်သို့ဆိုစေ ဆော့ကိုကျယ်ကျယ်ပြန့်ပြန့်ကြော်ငြာရောင်းချနိုင်တော့မည်။

ပြီးတော့ ပွဲဦးထွက်လည်းကောင်းသည်လေ။



All Chapters