← Chapters

ဥက္ကဌချူနှင့်ထပ်ဆုံခြင်း! မမြန်လွန်းဘူးလား!

Vol. 7 Ch. 92

ဥက္ကဌချူနှင့်ထပ်ဆုံခြင်း! မမြန်လွန်းဘူးလား!

Vol. 7 Ch. 92

နောက်တစ်နေ့တွင်_

ချင်းလင်ဆော့ပိုနာမည်ရလာသည်။ တောင်တန်းစံအိမ်တွင် နေ့လယ်စာဘူဖေးနှင့်အကင်စားသောခရီးသည်များအပြင် ချင်းလင်ဆော့အလကားရသောခရီးသည်များက ထောက်ခံချက်ပေးလာကြ၏။

အထူးသဖြင့် တချို့ကလေးမိဘများဖြစ်သည်။ ကလေးများမှာ အစားရွေးကြ၍ အများအားဖြင့် မနက်စာလွတ်ကြသည်။ အလွန်ဦးနှောက်ခြောက်ရ၏။

သူတို့က ချင်းလင်ဆော့ကို ခေါက်ဆွဲနှင့်ရောကျွေးနိုင်သည်။ ကလေးများကထူးထူးခြားခြားစားပြီး အစာချေအားကောင်းလာ၏။

ထိုလူများက ချင်းလင်ဆော့တွင် အရသာ +၁၊ အတွေ့အထိ +၁၊ နှုတ်မြိန်ခြင်း +၁ အရည်အသွေးများရှိမှန်းမသိပေ။ သူတို့က ဆော့ကောင်းသည်၊ ကလေးကြိုက်သည် ဒီလောက်ပဲသိ၍ ထပ်ဝယ်ချင်ကြောင်းဖော်ပြကြ၏။

ဤသည်ကြောင့်ပင် အွန်လိုင်းပေါ်တွင်ဝယ်ချင်၍ link တောင်းသောစာပို့သူများ တဖြည်းဖြည်းများလာသည်။

သို့သော် ချင်လင်မှာ ထိုကိစ္စနှင့်ပတ်သက်၍မတတ်နိုင်ပေ။ အစပိုင်းတွင် ဖြည်းဖြည်းချင်းသာလုပ်နိုင်သည်။

နောက်တစ်နေ့တွင် ဆော့အရောင်းလျင်မြန်စွာတက်လာ၏။ အလကားဝေသော ပုလင်း ၁၅၀၀ ချန်လှပ်၍ ယနေ့အမှန်တကယ်ရောင်းရသည်မှာ ပုလင်း ၃၀၀၀ ဖြစ်သည်။ ခရီးသည်အားလုံးလိုလိုက ပုလင်းများများဝယ်သွားကြ၏။

နောက်နှစ်ရက်တွင်လည်း နေ့တိုင်းစံအိမ်မှ ခရီးသည်များအား ချင်းလင်ဆော့ပုလင်း ၃၀၀၀ မှ ၄၀၀၀ ခန့်ရောင်းရသည်။ ခရီးသည်အရေအတွက်ကန့်သတ်ထားမှုကြောင့် ရောင်းအားသိပ်မတက်လာသော်လည်း အွန်လိုင်းပေါ်တွင်နာမည်ပိုရလာသည်။

လိုရင်းပြောရရင် ချင်းလင်ဆော့လုံးဝပေါက်သွားပြီ။

ပြည်သူတွေက ဝယ်နိုင်သည့်နည်းလမ်းမရှိသည့်အတွက် စျေးကွက်လိုအပ်ချက်ဖြစ်နေသည်။

မနက်စောစောတွင်_

ချင်လင်က ကုန်ကားအပြာကိုစံအိမ်မောင်းလာပြီး စက်ရုံဘက်ဦးတည်သွားလိုက်သည်။

......

တန့်ကွမ်းက လက်ဖက်ရည်ဝိုင်းတွင် လူတချို့ကိုဧည့်ခံရန် လက်ဖက်ရည်ဖျော်နေသည်။

တန့်ကွမ်းက ချင်လင်ကိုမြင်သောအခါ သူကချက်ချင်းထရပ်၍_ ''ဥက္ကဌချင်... ဒီလူတွေအားလုံးက ကုန်ကြမ်းထောက်ပံ့သူတွေပါ... သူတို့က ကျွန်တော်တို့ကိုတင်သွင်းချင်ကြတယ်''

ချင်းလင်ဆော့နာမည်ကျော်မှုကြောင့် ကုန်ထုတ်လုပ်မှုပိုင်းလိုအပ်ချက်မှာ လုံးဝအဆတိုး၍တက်လာသည်။ ဉာဏ်ကောင်းသူတချို့က အရင်ဆုံးတံခါးလာခေါက်ကြမည်ဖြစ်၏။ ထို့အပြင် ဉာဏ်ကောင်းသူက လုံးဝတစ်ယောက်တည်းမကပေ။

သက်လတ်ပိုင်းအမျိုးသားများကလည်း ချင်လင်ကိုအံ့သြစွာကြည့်လိုက်ကြသည်။

တန့်ကွမ်းခေါ်ပုံအရ သူကချင်းလင်စံအိမ်နှင့်ချင်းလင်စက်ရုံပိုင်ရှင်မှန်း အတပ်ပြောနိုင်၏။



အရမ်းငယ်သေးတယ်။

''အဲဒါအရင်ဖြေရှင်းလိုက်ပါဦး'' ချင်လင်ကခေါင်းညိမ့်လိုက်သည်။ တန့်ကွမ်းက စက်ရုံညွှန်မှူးဖြစ်လာမှတော့ ဒီလိုအသေးအမွှားကိစ္စလေးတွေကို သူကိုယ်တိုင်ဖြေရှင်းစရာမလိုတော့ချေ။ မဟုတ်လျှင် ခြေကုန်လက်ပမ်းကျလိမ့်မည်။

သို့သော် ဘဏ္ဍာရေးပိုင်းကိုတော့ ကျောက်မိုချင်းကိုအာရုံပိုစိုက်ထားခိုင်းရမည်။ သူကဘယ်သူ့ကိုမှသံသယမထားဘူးဆိုဦးတော့ အာရုံစိုက်သင့်သည်ကို အာရုံပိုစိုက်ရမည်သာဖြစ်သည်။

ကျောက်မိုချင်းအတွက် လက်ထောက်ထားပေးရတော့မည်။ ဘာပဲဖြစ်ဖြစ် သူမကသူ့ဇနီးလေ။ စံအိမ်နှင့်စက်ရုံဘဏ္ဍာရေးပိုင်းကို မျက်စိဒေါက်ထောက်ကြည့်ရမည်ဆိုလျှင် ပင်ပန်းမည်မဟုတ်လား?

ချင်လင်က ဒုတိယထပ်မှရုံးခန်းဆီတန်းသွားလိုက်သည်။ ဤအခန်းမှာ မူလကဝမ်ရှင်းအတွက်ဖြစ်သဖြင့် အခုသူအသုံးပြုရ၏။ စက်ရုံထဲတွင် ဧည့်ခံစကားပြောရန်နေရာလည်းရှိသည်။

ခဏအကြာ တန့်ကွမ်းလည်းတက်လာ၏။

ချင်လင်ကမေးလိုက်သည်_ ''လောင်တန့်... စက်ရုံရဲ့ထုတ်လုပ်တဲ့အခြေအနေဘယ်လိုလဲ?''

တန့်ကွမ်းကအစီရင်ခံလိုက်သည်_ ''အခြေအနေက အရမ်းကောင်းပါတယ်... တစ်နာရီတိုင်း ပုံသေ ပုလင်း ၁၀၀၀ ထုတ်နိုင်တယ်... အလုပ်စပြီဆိုတာနဲ့ နေ့တိုင်း စုစုပေါင်းပုလင်း ၃၀၀၀၀ ထုတ်နိုင်တယ်''

''စံအိမ်ကနေ ပုလင်း ၂၀၀၀၀ ကျော်ထွက်တယ်... အရင်စက်ရုံနဲ့လက်တွဲလုပ်တဲ့ ကုန်စုံဆိုင်လေးတွေကိုလက်ကားပေးတာက ပုလင်း ၄၀၀၀ ကျော်တယ်... ဒါပေမဲ့ စံအိမ်အရောင်းရဲ့ ငါးပုံပုံတစ်ပုံပဲရှိတယ်''

ချင်လင်ကခေါင်းညိမ့်လိုက်ပြီး_ ''ဒါဆို အွန်လိုင်းရောင်းချတဲ့စနစ်အကြောင်းပြောရအောင်... စံအိမ်ရဲ့တရားဝင်အကောင့်အောက်မှာ မှတ်ချက်ရေးထားတာတွေအများကြီးပဲ... လိုင်းပေါ်ကနေဝယ်ချင်လို့တဲ့''

စက်ရုံအရောင်းနှင့်မိရိုးဖလာလက်ဆင့်ကမ်းရောင်းချခြင်းမှာ အဓိကဖြစ်သော်လည်း ယခုအခါ အွန်လိုင်းရောင်းချခြင်းမှာ စျေးကွက်၏မရှိမဖြစ်အစိတ်အပိုင်းတစ်ခုဖြစ်လာသည်။

သို့သော် အွန်လိုင်းအရောင်းဖွင့်ရန် စက်ရုံမှာ ၄င်းအတွက်တာဝန်ယူရောင်းချမည့်နေရာရှာရမည်ဖြစ်၏။ အထူးပစ္စည်းပို့ကုမ္ပဏီတစ်ခုနှင့်လည်း ချိတ်ဆက်ရပေမည်။

ထိုကိစ္စနှင့်ပတ်သက်၍ ချင်လင်ကတန့်ကွမ်းအား စပြင်ဆင်ခိုင်းထားလိုက်သည်။ ထို့အပြင် သူမှာထားသော ထုတ်လုပ်ရေးလမ်းကြောင်းမှာ နှစ်ရက်အတွင်းရောက်မည်ဖြစ်၏။ ထိုပစ္စည်းများကိုသေချာစောင့်ကြည့်ရန်လည်း ညွှန်ကြားလိုက်သည်။

စက်ရုံကိစ္စဖြေရှင်းပြီးနောက် စံအိမ်ပြန်လာခဲ့သည်။

စံအိမ်ရောက်ရောက်ချင်း မမျှော်လင့်ထားသောလူတစ်ယောက်နှင့်တွေ့လိုက်ရပြန်၏။ ထိုလူမှာ RT စျေး၏ဥက္ကဌချူပင်။

ဥက္ကဌချူကိုတွေ့သော် RT စျေးမှာ စီရင်စုနေရာအတော်များများတွင် အခွဲရှိသည်ကိုသတိရလိုက်သည်။ စီရင်စုအပြင်၌လည်း အခွဲများရှိ၏။ လက်တံရှည်သောလုပ်ငန်းတစ်ခုဖြစ်၏။

''ဥက္ကဌချင်... အနှောင့်အယှက်ဖြစ်သွားရင် အားနာပါတယ်... စိတ်မရှိပါနဲ့'' ဥက္ကဌချူကပြုံး၍ အရင်ဆုံးနှုတ်ဆက်စကားဆိုလိုက်သည်။

''ဥက္ကဌချူ... ရောက်လာတာ ကြိုဆိုပါတယ်ဗျာ... ဘာလို့အနှောင့်အယှက်ဖြစ်ရမှာလဲ?'' ချင်လင်ကပြုံး၍ ဥက္ကဌချူကိုစားပွဲဝိုင်းဆီခေါ်လိုက်သည်။ ထို့နောက်သူက ကောင်းယောင်ယောင်ကိုခေါ်လိုက်ပြီး_ ''ဆရာလင်းကို ဥက္ကဌချူအတွက် ထူးရှယ်ရုံးပတီသီးနဲ့ကန်စွန်းဥပြင်ပေးပါလို့... ကျန်တဲ့ဟင်းပွဲတွေတော့ ကြည့်စီစဉ်ခိုင်းလိုက်... ဒီနေ့ဥက္ကဌချူကိုဧည့်ခံရမယ်''

အရည်အသွေး ၂ ပစ္စည်းများမှာ ဂိမ်းထဲတွင်ထားပြီး ဆက်လက်ရောင်းချခြင်းမရှိတော့သော်လည်း ယနေ့တချို့တဝက်ထုတ်ယူလာခြင်းမှာ ညပိုင်းသူကိုယ်တိုင်စားရန်အတွက်ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် အမျိုးသားထုက ညပိုင်းဆိုထကြွလေ့ရှိသည်ပင်။

ဥက္ကဌချူရောက်လာမယ်လို့ ဘယ်သူထင်မှာလဲ?

''ကောင်းပါပြီ သူဌေး!'' ကောင်းယောင်ယောင်က ခေါင်းညိမ့်၍ မီးဖိုချောင်ထဲသွားစီစဉ်လိုက်သည်။



ထိုစကားကြားလျှင် ဥက္ကဌချူမျက်နှာဝင်းလက်သွားပြီး_ ''ဥက္ကဌချင်... အားနာစရာကောင်းနေပြီ... တကယ်တော့ ဒီနေ့လာတာ မင်းကိုမေးစရာရှိသေးလို့''

''ထူးရှယ်ရုံးပတီသီးလား?'' ချင်လင်ကပြုံး၍ မေးလိုက်သည်။

''ဖြစ်နိုင်မယ်ဆိုရင် ဥက္ကဌချင်ကိုအကူအညီတောင်းချင်တာပေါ့'' ဥက္ကဌချူက အမျိုးသားတိုင်းနားလည်နိုင်သောအပြုံးမျိုးပြုံးလိုက်၏။ တချိန်တည်းမှာပင် သူက_ ''ဒါပေမဲ့ ဒီနေ့ဥက္ကဌချင်ကို တခြားတောင်းဆိုစရာလည်းရှိသေးတယ်... မင်းရဲ့ချင်းလင်ဆော့က အရမ်းနာမည်ကျော်နေတာ... ငါပုလင်း ၃၀၀၀၀၀ တစ်သုတ်လောက်မှာချင်တယ်''

''ပုလင်း ၃၀၀၀၀၀?'' ချင်လင်က အရေအတွက်ကိုကြားသောအခါ အံ့အားသင့်သွားသည်_ ''ဥက္ကဌချူ... ဒီမှာရောင်းမလို့လား?''

ဥက္ကဌချူကပြုံးလိုက်ပြီး_ ''ဥက္ကဌချင်... ဒီတစ်ခေါက်မှာတာ ငါမဟုတ်ဘူး... မင်စီရင်စုဌာနချုပ်က... သူတို့က စီရင်စုတိုင်းမြို့တိုင်းမှာ အခွဲတွေရှိတယ်လေ''

''အခုချင်းလင်ဆော့နာမည်ရလာပြီဆိုတော့ မင်စီရင်စုဌာနချုပ်က လိုင်းပေါ်မှာတွေ့မိပြီး ငါ့ကိုအခြေအနေမေးတာ... ငါကသူဌေးချင်နဲ့မိတ်ဆွေဆိုတော့ သာသာထိုးထိုးပြောပေးထားတယ်... တကယ်လို့ ဒီတစ်သုတ်သာရောင်းကောင်းရင် နောက်တစ်ခေါက်အော်ဒါထပ်တိုးလိမ့်မယ်''

ချင်လင်က ဥက္ကဌချူ၏စကားကိုချိန်ဆကြည့်နေသည်။ ဥက္ကဌချူဒီလိုပြောမလာခင် ချင်းလင်ဆော့ကို စမ်းသပ်စစ်ဆေးကြည့်ပြီးဖြစ်လိမ့်မည်။ ပိုပြီးအဓိကကျတာက ချင်းလင်ဆော့က လိုင်းပေါ်မှာနာမည်ရလာခြင်းကြောင့်ဖြစ်မည်။

သို့သော် P က အသိအမှတ်ပြုခံချင်နေမှန်းသိသာသဖြင့် သူ့ကိုဖော်ပြမနေတော့ဘဲ ကျေးဇူးတင်ချင်ယောင်ဆောင်လိုက်ကာ_ ''ဥက္ကဌချူ... ခင်ဗျားကတကယ်မိတ်ဆွေကောင်းပီသတာပဲ... မိတ်ဆွေတစ်ဦးအနေနဲ့ ကျွန်တော်လုပ်ပေးရမှာပေါ့... ဒီတလော အဲလိုရုံးပတီသီးမျိုးရဖို့ရှိသေးတယ်... မနက်ဖြန်ဥက္ကဌချူအတွက်လုပ်ပေးထားမယ်... ဒါပေမဲ့ လောလောဆယ်စက်ရုံထုတ်လုပ်ရေးပိုင်းကတော့ အကန့်အသတ်ရှိနေသေးတယ်... တစ်နေ့တစ်နေ့အပိုအလျှံသိပ်မရှိဘူး... အကုန်လုံးတချီတည်းတော့မပို့နိုင်ဘူးဗျ''

ဥက္ကဌချူကပြုံး၍_ ''နားလည်ပါတယ်.. နားလည်ပါတယ်... ဒီကိစ္စကိုဌာနချုပ်ဆီတင်ပြလိုက်ပါမယ်... အရင်ဆုံးအော်ဒါလက်ခံထားလို့ရပါတယ်''

ဒါကသူ့အတွက်ကိစ္စကြီးမဟုတ်။ အခြေအနေခြုံငုံကြည့်လျှင် ပြောင်းလဲမှုမရှိပေ။ နောက်ပြီး ဆော့ပုလင်း ၃၀၀၀၀၀ အော်ဒါမှာ ယွမ် ၃ သန်းကျော်ကျော်မျှသာရှိသည်။

သည်လိုနှင့် ပုလင်း ၃၀၀၀၀၀ အော်ဒါကိစ္စအလုပ်ဖြစ်သွား၏။

နှစ်ဦးနှစ်ဖက်စပ်တူလုပ်ငန်းအကျိုးဖြစ်လျှင် ပို၍အားရကျေနပ်စရာကောင်းသည်။

ချင်လင်လည်းဖုန်းထုတ်၍ တန့်ကွမ်းကိုခေါ်လိုက်သည်။ တန့်ကွမ်းရောက်လာပြီး ထိုကိစ္စကို ဥက္ကဌချူနှင့်ဆွေးနွေးခိုင်းမှသာ စက်ရုံတွင်အစီအစဉ်ဆွဲနိုင်ပေမည်။

ထိုအချိန်တွင်…

တန့်ကွမ်းကလည်း သူ့ရုံးခန်းထဲတွင် ထုတ်ကုန်အရောင်းနှစ်ဦးကိုခေါ်ထားသည်။

ထုတ်ကုန်အရောင်းသမားဆိုသော်လည်း ပစ္စည်းပို့ဝန်ထမ်းဟုသတ်မှတ်နိုင်၏။ သူတို့လစာမှာ ပစ္စည်းပို့ဝန်ထမ်းထက်မြင့်သည်ဆိုရုံမျှသာ။ အရင်ကသူတို့မှာ နေရာအနှံ့အပြားရှိကုန်စုံဆိုင်စတိုးနှင့်စူပါမားကတ်တို့တွင် ဝေဖာအရောင်းတာဝန်ခံများဖြစ်ကြသည်။ တစ်ဖက်လူကအော်ဒါတင်ချင်လျှင် သူတို့ကိုခေါ်နိုင်ပြီး သူတို့ကိုယ်တိုင်ပစ္စည်းပို့ပေးရ၏။

စီရင်စုမြို့ငယ်လေးများရှိ စက်ရုံငယ်လေးများမှာ ထိုပုံစံကိုကျင့်သုံးကြသည်။ ကုမ္ပဏီကြီးများနှင့်မတူသည်က အရောင်းသက်သက် အပို့သက်သက် အလုပ်တာဝန်ခွဲခြားထားခြင်းမရှိ။

တန့်ကွမ်းက အရောင်းသမားနှစ်ဦးအား_ ''မင်းတို့ကိုအလုပ်တွေအများကြီးခိုင်းနေတာမဟုတ်ဘူး... ခဏခဏလှည့်သွားပေး... ဥက္ကဌချင်ရဲ့စံအိမ်ကိုငဲ့ပြီး ကြည့်ရဆိုးအောင်မလုပ်နဲ့... RT စျေးလိုမျိုးစူပါမားကတ်ကြီးတွေကို တတ်နိုင်သလောက်ပတ်ပေး... အဲဒီကမန်နေဂျာချန်ကို အရင်လုပ်သလိုမျိုး ကော်မရှင်ခပေးလိုက်''

သူတို့စကားပြောနေစဉ် တန့်ကွမ်းဖုန်းမြည်လာသည်။ သူ့သူဌေးမှန်းသိလျှင် ချက်ချင်းကောက်ကိုင်လိုက်၏။

''ဘာမှာစရာရှိပါသလဲ ဥက္ကဌချင်?''

''လောင်တန့်... စံအိမ်လာခဲ့ပါဦး... ကျွန်တော်ဥက္ကဌချူနဲ့ ဆော့ပုလင်း ၃၀၀၀၀၀ အော်ဒါကိစ္စဆွေးနွေးထားတယ်''

''ဘယ်လို?'' တန့်ကွမ်းအံ့အားသင့်သွားသည်။ ထို့နောက်သူက_ ''ကောင်းပါပြီ... ကျွန်တော်လာခဲ့ပါ့မယ်''

သူဖုန်းချလိုက်ပြီးလျှင် မယုံနိုင်အောင်ဖြစ်သွားသည်။

သူကအရောင်းအဝယ်အဆက်အသွယ်ရဖို့ကြိုးစားနေတုန်း သူ့သူဌေးက RT စျေးနဲ့ ပုလင်း ၃၀၀၀၀၀ အော်ဒါကိစ္စညှိနှိုင်းပြီးသွားပြီတဲ့လား။

အဓိကက သူဌေးစက်ရုံကထွက်သွားတာမှ ဘယ်နှမိနစ်မှမရှိသေး?

အခုမှစံအိမ်ရောက်ရုံပဲရှိဦးမယ် မဟုတ်လား?



All Chapters