အင်တာနက်ရေနက်တယ်! ချွန်းချွန်းကြက်သေသေသွားပြီ!
Vol. 7 Ch. 94
''ဒီလိုင်းက တကယ်စိတ်ဝင်စားစရာကေင်းတာပဲ'' ချင်လင်က မလှောင်ဘဲမနေနိုင်တော့ချေ။ သူ့ဆော့ဘယ်လိုအရသာရှိတယ်ဆိုတာ သူအသိဆုံး။
ခရီးများ၏မှတ်ချက်များမှာလည်း အစစ်မှန်ဆုံး။ တစ်ဖက်က 'အင်တာနက်နာမည်ကျော်ထုတ်ကုန်အတုအယောင်များ - ချွန်းချွန်း'၏ဗီဒီယိုမှာ သေချာပေါက်အတုသာဖြစ်သည်။
သို့သော် အဓိကတစ်ချက်မှာ သူမဗီဒီယိုများကိုယုံကြည်သူပရိသတ်များရှိနေပြီး အားလုံးသူမကိုထောက်ခံထားကြခြင်းပင်။ ဗီဒီယိုဘယ်လောက်များများက ဘယ်လောက်ရထားတယ်ဆိုတာ ဘယ်သူသိမှာလဲ?
အင်တာနက်ရေထုမှာ နက်လွန်းသည်။ သာမန်လူများလုံးဝမကစားနိုင်။ သူတို့မှာ အင်တာနက်ဆယ်လီများ၏နယ်ရုပ်ဖြစ်ပြီး လှည့်စားခံနိုင်ရနိုင်ပေသည်။
ထို့ကြောင့် မကောင်းသောအငွေ့အသက်များကို တရားဝင်ကြပ်ကြပ်မတ်မတ်ပယ်ရှားပစ်ရမည်။ မဟုတ်လျှင် ပတ်ဝန်းကျင်မှာ အလွယ်တကူလမ်းလွှဲနိုင်၏။
''လုံးဝအတုပဲ... ဒါပေမဲ့ လူတွေကယုံနေကြတယ်'' ကျောက်မိုချင်းက မတတ်နိုင်ပုံနှင့်ပြောလိုက်သည်_ ''ချင်လင်... ဒီအမျိုးသမီးက ငွေထိုးထားတာပဲဖြစ်ရမယ်''
''အဲဒါ 'ရသာကောင်း'မဟုတ်လောက်ဘူး'' ချင်လင်ကခေါင်းခါရင်း_ ''ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက တို့ကိုနာမည်ဖျက်တာ... ဒီတော့တို့ကလည်း အခံ့သားထိုင်ကြည့်နေမှာမဟုတ်ဘူး... တို့ကလက်တုံ့ပြန်မယ်ဆိုရင် သေချာပေါက်'ရသာကောင်း'ကိုပစ်မှတ်ထားမှာပဲ... အခြေအနေပြောင်းပြန်ဖြစ်သွားရင် ပြည်သူတွေက 'ရသာကောင်း'ကိုလုံးဝမုန်းသွားလိမ့်မယ်''
''ကျွန်မသဘောပေါက်ပြီ'' ကျောက်မိုချင်းကခေါင်းညိမ့်ရင်း_ ''ဒီတော့ 'ရသာကောင်း'မဟုတ်ဘူးပေါ့... တခြားဘရန်းကလုပ်တာဖြစ်မယ်... တို့ကိုနာမည်ဖျက်ပြီး ရန်တိုက်ပေးတာ...ခဲတစ်လုံးတည်းနဲ့ ငှက်နှစ်ကောင်ပစ်တာပဲ''
သို့သော် ချင်လင်က_ ''ဒါဆိုရင် ရသာကောင်းကလည်း တို့တွေးသလိုတွေးမယ်ဆိုရင် ဆန့်ကျင်ဖက်ကိုလုပ်မှာမလား? အချိန်တန်ရင် ဒီဆင်ခြေကိုသုံးပြီး သူတို့ကိုလှည့်စားလို့ရတယ်... အားလုံးကလည်း ကျိုးကြောင်းသင့်တယ်လို့ထင်လိမ့်မယ်... သူတို့က ရသာကောင်းကိုပဲစာနာပြီး လူကြိုက်တောင်များလာဦးမယ်... အွန်လိုင်းလောကမှာ နာမည်မရချင်တဲ့ထုတ်ကုန်ရှိမလား?''
''...'' ကျောက်မိုချင်းကြောင်သွားသည်။ ချင်လင်သည်လိုတွေပြောတော့ သူမဦးနှောက်ကလိုက်မမီဟုခံစားလိုက်ရ၏။
ဒါအလွယ်တကူဝေဖန်ပိုင်းခြားလို့ရတာပဲ။
ကျောက်မိုချင်းက_ ''ဒါဆိုကျွန်မတို့ အင်တာနက်ဆယ်လီချွန်းချွန်းကိုတရားစွဲဖို့ ရှေ့နေစာတစ်စောင်ပို့လိုက်မယ်''
''တရားစွဲတာက စွဲတာတစ်ကြောင်းပဲ'' ချင်လင်ကမျက်မှောင်ကြုတ်ကာပြောလိုက်သည်_ ''ဒါပေမဲ့ တစ်ဖက်လူက ဗီဒီယိုတင်ရဲမှတော့ တန်ပြန်အစီအစဉ်တွေဆွဲထားလောက်ပြီ... အဆိုးဆုံး နောက်ဆုံးအထိပြိုင်ငြင်းလိမ့်မယ်... တရားစွဲတဲ့ရလဒ်က နှစ်ဝက်လောက်ကြာမှအဖြေထွက်မှာ... ဒီလိုအငြင်းပွားမှုက တစ်နှစ်ကျော်တောင်ကြာနိုင်တယ်... မဟုတ်ရင် လူတွေက လူ့အခွင့်အရေးရဖို့အရမ်းခက်တယ်လို့ ပြောကြမှာမဟုတ်ဘူး''
......
''ဒုက္ခများလိုက်တာ... ဒီလောက်အကြာကြီးစောင့်လို့မဖြစ်ဘူး'' ကျောက်မိုချင်းက အင်တာနက်ကိုလုံးဝနားမလည်တော့သလိုခံစားလိုက်ရသည်။
ကောလာဟလတွေကိုငြင်းပယ်ဖို့ ကြိုးစားတာတောင်ဖြစ်နိုင်ပါ့မလား?
ချင်လင်က အခြေအနေကိုလျစ်လျူရှုမရမှန်းသိသည်။ မဟုတ်လျှင် ချင်းလင်ဆော့ကိုနာမည်ဖျက်သော ထိုထိုအတွေ့အကြုံပြစာတင်သူများ၊ သက်သေပြသည့်အကောင့်များပေါ်လာဦးမည်။
ဒီလူတွေက ဘာလို့များသူတို့ကိုယ်သူတို့ ကိုယ်ကျင့်တရားမြင့်မြတ်သူစာရင်းသွင်းနေကြတာလဲ?
ချင်လင်ကခဏတွေးလိုက်ပြီး တက္ကသိုလ်တွင်သင်ယူခဲ့သော အမြတ်ထုတ်မှုဆန့်ကျင်ရေးခေါင်းစဉ်များကိုစဉ်းစားမိသည်။ ထိုနည်းများမှာ ဤအခြေအနေကိုဖြေရှင်းနိုင်မည့်နည်းများဖြစ်၏။
ထိုအချိန်တုန်းက သူ့အခြေအနေနှင့်ဆင်တူသောမေးခွန်းမျိုး ဆရာကမေးခဲ့သည်။ သူပြုစုသောစာတမ်းမှာ ထိပ်တန်းသုံးဦးထဲပင်ဝင်ခဲ့သေး၏။
နောက်ပြီးထိုအချိန်က သူ့ကိုယ်သူသရော်ရင်းရေးခဲ့ခြင်းဖြစ်သည်။ သန်းခေါင်ထက်ပိုပြီး ညဉ့်မနက်နိုင်။ ညဉ့်နက်လွန်း၍ တချို့က အဓိပ္ပါယ်မရှိဟုထင်ကြသည်။ တချို့ကဆို ပိုလွန်းသည်ဟုပင်ထင်ကြ၏။

အင်တာနက်လောကတွင် အလွန်အဖြူအမဲများသည်။
ခဏတွေးကြည့်ပြီး ချင်လင်က ချင်ရန်ကိုဖုန်းခေါ်လိုက်၏။
ဖုန်းဝင်ဝင်ချင်း ချင်ရန်၏အသံကြားရသည်_ ''လင်ဇီ... မင်းတကယ်စိတ်ရှုပ်စရာကောင်းတဲ့ကောင်... အင်တာနက်မှာထပ်ပြီးဖြစ်ပြန်ပြီ... နောက်ခံစာရေးသူတွေငှားဦးမလို့လား?''
ချင်လင်က_ ''အင်း... ငါ့ဆော့ကိုနာမည်ဖျက်ဖို့ နောက်ခံစာရေးသူတွေကို ဗီဒီယိုတစ်ပုဒ်တင်ခိုင်းစမ်းပါ... နာမည်ပိုဖျက်လေ ကောင်းလေပဲ... ပြီးရင် 'အင်တာနက်နာမည်ကျော်ထုတ်ကုန်အတုအယောင်များ - ချွန်းချွန်း'ကိုတွဲပြီး သူ့ကိုထောက်ခံကြောင်းပြောပေး... ခရီးသည်တွေအကြောင်းပါရင် ပိုကောင်းတယ်... ခရီးသည်တွေကို ကလီကမာတွေလို့ပြောပါစေ... ဆိုးနိုင်သလောက်ဆိုးဆိုးပြော... ငှားခလည်းပြောဦး... ငါမင်းဆီတန်းလွှဲပေးလိုက်မယ်''
ဒီကိစ္စအတွက် စံအိမ်အကောင့်ဖြစ်စေ သူ့ကိုယ်ပိုင်အကောင့်ဖြစ်စေ သုံး၍မဖြစ်။ မတော်လို့ ခြေရာလက်ရာကျန်ခဲ့လျှင် ပြဿနာအကြီးကြီးတက်မည်။ ချင်ရန်ကအဆက်အသွယ်တွေရှိသောကြောင့် ချင်ရန်ကိုလုပ်ခိုင်းလိုက်တာ အကောင်းဆုံးပင်။ အကယ်၍ တစ်ဖက်လူက ခြေရာဖျောက်နည်းသိနေခဲ့လျှင် သူကလည်း ထိုသို့လုပ်ရန် လူမြင်သာသောအကောင့်သုံးမည်မဟုတ်ပေ။
''သဘောပေါက်ပြီ'' ချင်ရန်ကဖုန်းချ၍ ချင်လင်အတွက်စလှုပ်ရှားတော့သည်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ 'အင်တာနက်နာမည်ကျော်ထုတ်ကုန်အတုအယောင်များ - ချွန်းချွန်း'၏ဗီဒီယိုများမှာ ပေါက်သည်ထက်ပေါက်လာ၏။ ချင်လင်မှန်းထားသည့်အတိုင်း အတွေ့အကြုံတင်သူများ၊ အလွန်အမင်းသက်သေပြချင်သူအင်တာနက်ဆယ်လီများအလျှိုအလျှိုပေါ်လာကြသည်။ သူတို့က တရားမျှတမှုဘက်တော်သားများဖြစ်လာကြပြီး နာမည်ရရန်ဗီဒီယိုများတင်ကြ၏။ ခေါင်းစီးအမျိုးမျိုးနှင့်ထွက်လာသောဗီဒီယိုများမှာ:
''ချင်းလင်ဆော့ကိုစားချင်နေခဲ့တာ... အမှန်အတိုင်းပြောရရင် ချွန်းချွန်းရဲ့ဗီဒီယိုကြည့်ပြီးတော့ ချင်းလင်ဆော့ကိုဝယ်ချင်စိတ်ကိုမရှိတော့ဘူး''
''ထုတ်ကုန်ကြော်ငြာချက်က နည်းနည်းပုံကြီးချဲ့တာဖြစ်မယ်... ဒါပေမဲ့ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်မျိုးပဲ''
''ချင်းလင်စံအိမ်ကိုပြောရဦးမယ်... နောက်ဆုံးဆေးဖက်ဝင်ပျားရည်နဲ့ ခရီးသည်တွေဆီက ယုံကြည်မှုရခဲ့သမျှ ဆော့ကြောင့်ကျဆင်းသွားရပြီ... ထင်တဲ့အတိုင်းပဲ... နောက်ကျမှဆိုပေမဲ့ တို့တွေစိတ်ပျော့သွားလို့မရဘူး''
''ချင်းလင်စံအိမ်ရဲ့ခရမ်းချဉ်သီးဆော့က ၁၅ ယွမ်မတန်လို့မဟုတ်ပေမဲ့ အမေရိကန်ထုတ်ကုန် Delmon ကနှစ်ပေါင်းများစွာလေ့လာထားရတဲ့လုပ်နည်းရဲ့တန်ကြေးလေ... ချင်းလင်ဆော့က...''
တကယ်တော့ဒီလူတွေက အဆင့်မြင့်ကီးဘုတ်ဖိုက်တာတွေ။ လှုပ်လှုပ်လှုပ်လှုပ်ဖြစ်လာပြီဆိုရင် အသားပုပ်ကိုအနံ့ခံပြီးရောက်လာတဲ့ယင်ကောင်တွေလိုပဲ။ အညှီကြိုက်ကြတာ။
အခြေအနေပြောင်းပြန်ဖြစ်သွားတာနဲ့ သူတို့က ဗီဒီယိုဖျက်၊ တောင်းပန်၊ ချွန်းချွန်းရဲ့ဗီဒီယိုကြည့်မိလို့ပါလို့ ပြောကြဦးမှာ။ သူတို့လည်း သားကောင်တွေပါပဲ။ သူမရဲ့နာမည်ကြီးအပေါ်မျောလိုက်ပြီး အသာစီးယူကြတာ။
အဓိကအကျဆုံးက အဲဒီလူတွေမှာ ပရိသတ်အင်အားတောင့်တင်းနေတာပဲ။ လူတွေပိုရောက်လာ၊ နားသွင်းခံရပြီး ချင်းလင်ဆော့ကိုအကဲဖြတ်ကြတာတွေက တဖြည်းဖြည်းပိုရေပန်းစားလာ၏။
နောက်ပြီးသူတို့က ချင်းလင်ဆော့ကိုမမြည်းဖူးကြပေ။ အတုအယောင်လူများ၏ မှန်ကန်သည်ထင်ရသောဗီဒီယိုရိုက်ခတ်မှု၊ အတွေ့အကြုံသက်သေပြချင်သောအကောင့်များမှတင်သောဗီဒီယိုများမှာ နာမည်ကြီးလာ၍ ဘယ်ဟာအမှန် ဘယ်ဟာအမှား ခွဲခြားရခက်သွားလေသည်။
ချင်းလင်ဆော့၏ဂုဏ်သတင်းပျက်စီးသွားသည်။ ပြည်နယ်သားများကတောင် ချင်းလင်ဆော့ကိုအပြစ်တင်လာကြ၏။
''ချင်းလင်စံအိမ်က တကယ်ငွေမက်တာပဲ... မသတီစရာအစားအသောက်ကို ကြေးကြီးနဲ့တောင်ရောင်းသေးတယ်''
''ထင်တဲ့အတိုင်း... ဆေးဖက်ဝင်ပျားရည်ကိုချနင်းသွားတာ... ယုံကြည်မှုရတာနဲ့ ဖြတ်ရိတ်တော့တာပဲ... အကွက်ရွှေ့ကောင်းတယ်''
“…”
တန့်ကွမ်းကစိတ်ပူ၍ ချင်လင်ကိုဖုန်းခေါ်လိုက်သည်_ ''ဥက္ကဌချင်... ကျွန်တော်တို့လိုင်းပေါ်မှာ ရှင်းလင်းပွဲမလုပ်သင့်ဘူးလား?''
''လောလောဆယ်တော့ မလုပ်သေးဘူး... ကျွန်တော် ဒီကိစ္စကိုဖြေရှင်းနေတယ်'' ချင်လင်ကတန်းပြောလိုက်သည်။ ဒီအခြေအနေမှာ ရှင်းပြနေလည်းအပိုပင်။ ပြည်သူအများစုက အင်တာနက်၏အစစ်အမှန်ကို ခွဲခြားနိုင်စွမ်းမရှိကြတော့ပေ။
တစ်ဖက်၌_
ဟိုတယ်တစ်ခုတွင် ချွန်းချွန်းမှာ သူမအကူနှင့်အတူ အွန်လိုင်းအခြေအနေကိုစောင့်ကြည့်နေသည်။ လူသိများနှုန်းက သူမထင်တာထက်ကျော်တက်သွား၍ အပိုဝင်ငွေရလာဦးမည်။
''ဟိုလူငွေလွှဲပါစေ'' ချွန်းချွန်းက သူမအကူကို ထေ့တေ့တေ့ပုံစံနှင့်ပြောရင်း သူမဘေးနားရှိဆော့ခွက်ထဲဘီစကစ်နှစ်ကာ စားလိုက်သည်_ ''ပြောရဦးမယ်... ဒီချင်းလင်ဆော့က တကယ်ကောင်းတာ... ဒီလောက်မြန်မြန်နာမည်ရလာတာကိုပဲ အပြစ်တင်ရတော့မယ်ဟယ်''

ထိုထိုအတုအယောင်ဖော်ထုတ်သူများမှာ အကျိုးအမြတ်ရရုံသက်သက်လုပ်ကြခြင်းပင်။ ပရိတ်သတ်တွေမျှားခေါ်ပြီး နောက်ဆုံးငွေရဖို့အတွက်အသုံးချမည်။ သူမကြေးစားလုပ်တယ်ဆိုတာ ပရိသတ်တွေမသိသေးသရွေ့ အတုအယောင်တွေဖော်ထုတ်ပေးသော သမာသမတ်အကျဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်နေမည်လေ။
မကြာမီ အကူလုပ်သူက_ ''ဟိုလူက ငွေလွှဲပေးလိုက်ပြီ''
''တကယ့်တဲ့တိုးသမားပဲ... ဝိုင်ပုလင်းဖွင့်ပြီး အောင်ပွဲခံရအောင်'' ချွန်းချွန်းကပြုံးပြီး အကူကိုပြောလိုက်သည်။
သို့သော် ဝိုင်ပုလင်းဖွင့်၍ အောင်ပွဲပင်မခံရသေးမီ နောက်ထပ်အကူတစ်ယောက်က ရုတ်တရက်မျက်မှောင်ကြုတ်ကာဆိုလိုက်သည်_ ''ချွန်းချွန်း... တစ်ခုခုတော့မှားနေပြီ... ချင်းလင်စံအိမ်လူဦးရေက ရုတ်တရက်ကြီးတက်လာနေတယ်''
''ဒါပိုနာမည်ကြီးလာတယ်ဆိုတဲ့သဘောမလား?'' ချွန်းချွန်းကပြုံး၍ပြောလိုက်သည်_ ''ငါတို့ပရိသတ်ပိုရလာနိုင်တယ်''
''ကိုယ်တိုင်ကြည့်ကြည့်... အဲဒီလူတွေက ဦးနှောက်မရှိတဲ့အမြင်ကပ်စရာတွေ'' အကူက ချွန်းချွန်းလက်ထဲဖုန်းထည့်ပေးလိုက်သည်။
ချွန်းချွန်းကဖုန်းကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်၏။
''ချင်းလင်ဆော့အရသာက အလကားပဲ... ဒါကိုစားကောင်းတယ်လို့ပြောတဲ့သူကရှိသေးတယ်''
''ချင်းလင်စံအိမ်က တကယ်ရွံစရာကောင်းတယ်... ငါ့အထင်တော့ အဲဒီခရီးသည်တွေက အစ်အောက်ပြီးပြောနေတာ... ဒီလောက်စိတ်ပျက်စရာကောင်းတဲ့ဆော့ကို အရမ်းကောင်းတယ်တဲ့''
''ချွန်းချွန်းကိုအားပေးတယ်... အဲဒီခရီးသွားတွေက ပါးစပ်ပျက်နေကြတာလား? သောက်သုံးမကျတဲ့ဟာစားပြီး ကောင်းတယ်ပြောသေးတယ်''
“…”
အပူတပြင်းဆွေးနွေးနေကြသည့်ကြားတွင် ထိုဗီဒီယိုများမှာလည်း နာမည်ရလာသည်။ အဓိကမှတ်ချက်နေရာတွင် ချင်းလင်စံအိမ်ကိုနာမည်ဖျက်သူများ၊ အပြစ်တင်သူများနှင့် ပြည့်နှက်နေ၏။ အတော်များများက ဦးနှောက်မရှိသည့်အပြင် အခြေအမြစ်လည်းမရှိကြ။
''ဒီလူတွေက ဒုက္ခရောက်အောင်လုပ်နေတာမဟုတ်ဘူးလား?'' ချွန်းချွန်းလည်းချက်ချင်းစိတ်ညစ်သွားသည်။ နောက်ကွယ်ကလူတွေက နည်းပညာအကြောင်းကျွမ်းကျင်ကြ၏။ တော်လောက်ပြီ။ ဒီလောက်ကြီးမပြောသင့်။ သူတို့ဘာသာအတွေးပေါက်အောင်ပဲလမ်းကြောင်းပေးရမှာ။ သူတို့ဘာသာတွေးပြီး ဘယ်ဟာအမှန်လဲ သူတို့ဘာသာဆုံးဖြတ်အောင်ပဲလုပ်ပေးရမှာ။
ဒါဦးနှောက်မရှိ ယုတ်ညံ့တဲ့ဟာတွေမလား?
ဒါတမင်သက်သက်လုပ်တာမလား?
ဒါသူမကိုထိခိုက်တော့မည်။
''ချွန်းချွန်း... တစ်ခုခုဖြစ်တော့မယ်ထင်တယ်'' ပထမအကူက သည်တစ်ကြိမ်တွင် နည်းနည်းစိတ်ပူလာပုံရသည်_ ''အခုပဲ... မင်မြို့တော်က အင်တာနက်လူထုလိမ်လည်မှုဖော်ထုတ်ရေးဌာနက ဗီဒီယိုတစ်ပုဒ်တင်ပြီး တို့ကိုပါတွဲထားတယ်''
''ဘာ?'' ချွန်းချွန်းပုံစံမှာ သတိလက်လွတ်ဖြစ်သွားမတတ်။ သူမက မင်မြို့တော်ထဲမှာလေ။
''ကျွန်တော်တို့က အွန်လိုင်းကြော်ငြာအလိမ်အညာတွေကိုကိုင်တွယ်ဖို့ လုပ်ဆောင်နေတဲ့သူတွေပါ... ပထမတော့ ကျွန်တော်တို့ ချင်းလင်ဆော့ကြော်ငြာအတုဆိုတဲ့ခေါင်းစဉ်ကို စိတ်ဝင်စားမိပါတယ်... ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့စျေးထဲမှာရှိနေတာဆိုတော့ ကျွန်တော်တို့ကိုယ်တိုင်ချင်းလင်ဆော့ဝယ်ပြီး ရသာကောင်းနဲ့ယှဉ်ကြည့်ပါတယ်... အကြိုက်ချင်းမတူတာဖြစ်ပါမယ်ဗျ... လိုင်းပေါ်မှာပြောထားသလို ဟုတ်ဟန်မတူပါဘူး... @ချွန်းချွန်းလာပြီး ကျွန်တော်တို့နဲ့အတူ သက်သေပြပေးမယ်လို့မျှော်လင့်ပါတယ်''
ဗီဒီယိုကြည့်ပြီး ချွန်းချွန်း၏သုန်မှုန်နေသောမျက်နှာမှာ မဲတက်သွား၏။
ဘယ်လိုလုပ်လုပ်ရဲမှာလဲ? ဘာဖြစ်မယ်ဆိုတာ သူသေချာသိနေတာပဲ။
နောက်ပြီး ဒီဗီဒီယိုက သူ့ကိုအတုအယောင်လို့ပြောလိုက်ပဲမလား?
ဒါပေမဲ့ ဘယ်လိုလုပ်ပြီး မြို့တော်ရဲ့အင်တာနက်လူထုအလိမ်အညာဖော်ထုတ်ရေးဌာနက အကြောင်းမရှိအကြောင်းရှာ ဒီကိစ္စကိုစိတ်ဝင်စားရတာတဲ့လဲ? သူတို့ကိုတောင်တွဲတင်ထားသေးတယ်လား? သူမက ဗီဒီယိုကိုကြည့်ပျော်ရှုပျော်ဖြစ်အောင် သေချာလုပ်ထားတာပဲလေ။
ချင်းလင်စံအိမ်ရဲ့နောက်ခံကမရိုးရှင်းဘူးလား? တစ်ယောက်ယောက်ကဒီလိုလုပ်ခိုင်းတာလား?
ရုတ်တရက်ကြီးဇဝေဇဝါနှင့် ကြောက်လန့်လာသည်။
ထိုအချိန်တွင် တခြားအကူကလည်း ထိတ်လန့်သွား၏_ ''ချွန်းချွန်း... ရုံချန်းစီရင်စုခရီးသွားဌာနရဲ့ညွှန်မှူးကလည်း ပစ္စည်းတွေယူလာဖို့လုပ်နေတယ်... သူယူလာတဲ့အထဲမှာ ချင်းလင်ဆော့လည်းပါတယ်... ကြည့်ရတာ ချင်းလင်ဆော့အတွက် တင်ပြမလို့လားပဲ?''
“???” ချွန်းချွန်းကြက်သေသေသွားသည်။
သူမက အပိုဝင်ငွေလေးရှာချင်ရုံသက်သက်ပါ။ အရာရှိနှစ်ဦးကိုရန်စမိမယ်လို့ ဘယ်ထင်မှာလဲ?