← Chapters

သတ္တုမြို့တော်မှအစားတလိုင်း!

Vol. 7 Ch. 96

သတ္တုမြို့တော်မှအစားတလိုင်း!

Vol. 7 Ch. 96

တစ်ညတာကုန်လွန်သွားသည်။

နောက်တစ်နေ့တွင် ချင်းလင်ဆော့ဂုဏ်သတင်းမှာ တစ်ကျော့ပြန်၍နာမည်ပိုကျော်ကြားလာ၏။

ချွန်းချွန်းဗီဒီယို၏မှတ်ချက်နေရာမှာ လုံးဝလျှံထွက်သွားသည်။ သူမပရိသတ်နှစ်သိန်းနီးနီးကျသွားသောဗီဒီယိုကို တစ်ယောက်ယောက်ကတင်လိုက်၏။ အသက်မဝင်သောပရိသတ်များကိုဖယ်လိုက်လျှင် သွေးအန်လောက်သောဆုံးရှုံးမှုကြီးတစ်ခုပင်ဖြစ်သည်။

ချင်လင်ကမနက်ပိုင်းနိုးလာပြီး ဂိမ်းထဲမှသီးနှံများသိမ်းလိုက်သည်။ ထို့နောက်ဂိုဒေါင်ဆီသွား၍ အားလုံးကိုစံအိမ်သို့ရွှေ့လိုက်၏။

အခုတော့ ဆော့မှာနာမည်ရလာပြီ။ ကောင်းကောင်းအလုပ်ဖြစ်လာလျှင် အကျိုးအမြတ်က အံ့သြစရာဖြစ်လာမည်။ စံအိမ်ချဲ့ထွင်ပြီးသွားလျှင် ခေတ်မီသောခရီးသည်ကောင်းများလည်း ရောက်လာမည်။ အကျိုးအမြတ်မှာ ဂိမ်းထဲတွင်စိုက်သောသီးနှံအပေါ်မှီခိုရန်မလိုတော့ချေ။

နေက်ပြီး ဂိမ်းထဲမှအမျိုးမျိုးသောလျှို့ဝှက်နည်းများ၊ မျိုးစေ့များနှင့်အသုံးအဆောင်များလည်း ရလာနိုင်သည်။

ဆေးဖက်ဝင်ပျားရည်ကိုသိုလှောင်ထားသည်မှလွဲ၍ ဂိမ်းထဲတွင်စိုက်သောသီးနှံအမျိုးအစားကို တဖြည်းဖြည်းချင်းလျှော့ချသွားနိုင်၏။ အချိန်တန်လျှင် အန္တရာယ်ကင်းသောနည်းကိုရွေးချယ်နိုင်ပေသည်။

စီးပွားရေးတွင် ကယ်ပေါက်ရှိစမြဲ။ စာရင်းဇယားချည်းပဲလုပ်နေလျှင် ပြဿနာကြီးဖြစ်သည်။

အရင်ဆုံး စုနိုင်ဆောင်းနိုင်လာသည်နှင့်အမျှ ကယ်ပေါက်များစွာရလာနိုင်သည်။ ထိုအချိန်ရောက်လျှင် သူပိုလွတ်လပ်လာပေလိမ့်မည်။

စန်းပိုထလာစေရန် အရည်အသွေးမြင့်ပစ္စည်းများကိုလည်း ပုံမှန်ထုတ်ယူရမည်။ သည်လိုနှင့် တဖန်လူသိများပြီး ဆွဲဆောင်မှုရှိလာပေမည်။

သိပ်မကြာခင် ချင်လင်က ကျောက်မိုချင်းဒေါသတကြီးနှင့် ခန်းမထဲဝင်လာသည်ကိုတွေ့လိုက်ရသည်_ ''ချင်လင်... ဒီမိန်းမက ဘယ်လိုတောင်အရှက်မရှိတာလဲ?''

''ဘာဖြစ်လို့လဲ?'' ချင်လင်က သိချင်စိတ်နှင့်မေးလိုက်၏။

''ကိုယ့်ဘာသာကိုယ်ကြည့်တော့... အဲဒီအတုအယောင်ဖော်ထုတ်သူ ချွန်းချွန်းလေ'' ကျောက်မိုချင်းကစိတ်ပျက်ပျက်နှင့် ဗီဒီယိုဖွင့်လက်စဖုန်းကို ချင်လင်လက်ထဲထည့်ပေးလိုက်သည်။

......

ချင်လင်က ဇဝေဇဝါနှင့် ဗီဒီယိုကိုကြည့်လိုက်၏။

''အားလုံးပဲ မင်္ဂလာပါ... ကျွန်မကချွန်းချွန်းပါ... မနေ့ကဗီဒီယိုအတွက် ကျွန်မစိတ်ရင်းနဲ့တောင်းပန်ပါရစေ... ကျွန်မအကူရဲ့ပေါ့ဆမှုကြောင့် ဆော့နှစ်ခုရောသွားပြီး လမ်းသွားလမ်းလာကိုမြည်းခိုင်းလိုက်မိပါတယ်... တကယ်တော့ ပိုကောင်းတာက ချင်းလင်ဆော့ပါ... ကျွန်မကိုယ်တိုင်မြည်းကြည့်ပြီးပါပြီ''

''အမှားလုပ်မိတဲ့အကူကိုလည်း အလုပ်ထုတ်လိုက်ပါပြီ... နောက်ပြီး ဒီည live လွှင့်တဲ့အခါ ချင်းလင်ဆော့ကိုတောင်းပန်ဦးမှာပါ... ပြီးရင် ကျွန်မသေသေချာချာရွေးချယ်ထားတဲ့ထုတ်ကုန်တွေကို live လွှင့်တင်ဆက်ပေးပါမယ်... ရတဲ့အမြတ်အားလုံးကို တောင်ပေါ်ကကလေးတွေဆီ လှူဒါန်းသွားမှာပါ... နောက်ဆုံးမှာ မင်မြို့တော်အင်တာနက်လူထုအလိမ်အညာဖော်ထုတ်ရေးဌာနကို တွဲတင်လိုက်ပါမယ်''

ထိုဗီဒီယိုမှာ ရေပန်းစားနေပြီဖြစ်သည်။ မှတ်ချက်များမှာ ပိုစိတ်ဝင်စားစရာပင်ကောင်းသေးတော့။

''သိပြီ... ချွန်းချွန်းက သူ့အကူလုပ်ကြံတာ ခံလိုက်ရတာကိုး''

''ငါပြောသားပဲ... ချွန်းချွန်းက အတုအယောင်တွေဖော်ထုတ်ရင် သေချာလုပ်တာ... ဒီလိုအမှားမျိုးမလုပ်ပါဘူးလို့... သူ့ဝန်ထမ်းကချောက်ချတာခံလိုက်ရတာ... အဲဒါချွန်းချွန်းနဲ့ဘာမှမဆိုင်ဘူး''

''ချွန်းချွန်းက အရမ်းဂရုစိုက်တယ်... သူလည်း မလိုတမာအကူကြောင့် ဒုက္ခရောက်သွားတာ... သူ့ကိုအပြစ်မတင်ပါနဲ့''

“…”



''???'' ချင်လင်က ဗီဒီယိုကြည့်ရင်း မှင်တက်သွားသည်။

ချွန်းချွန်းက သူ့အတွက်သူလွတ်လမ်းရှာသွားတာပဲ။

ဒါပေမဲ့ ဒီလိုလုပ်ရပ်မျိုးလုပ်ရလား?

အဆိုးဆုံးက သူ့ပရိသတ်တွေယုံနေကြပြီ။

ကျောက်မိုချင်းက မကျေမနပ် ဒေါသထွက်ထွက်နှင့်_ ''ချင်လင်... သူပြောတာကို ဘာလို့သူ့ပရိသတ်တွေက အလွယ်တကူယုံကြတာလဲ? အကုန်လုံးရူးနေကြတာလား?''

ချင်လင်ကပြုံး၍_ ''အရူးတွေသာအများကြီးမရှိဘူးဆိုရင် အင်တာနက်ဆယ်လီတွေက နာမည်ရအောင်လုပ်နိုင်မှာမဟုတ်ဘူး... 'ဦးနှောက်မရှိတဲ့ပရိသတ်များ'ဆိုတဲ့စကားလုံးရောရှိလာပါ့မလား? ဝူရိဖန်ထောင်ထဲရောက်တော့ ဦးနှောက်မရှိတဲ့ပရိသတ်တွေက သူ့ကိုလွှတ်ပေးဖို့ဆူဆူပူပူမလုပ်ကြဘူးလား?''

ဒါအင်တာနက်ပဲလေ။ မလိမ်တတ်မညာတတ် မပါးနပ်တဲ့သူတွေ အလုပ်ဖြစ်မှာမဟုတ်ဘူး။

''ဒါဆိုလည်း ကျွန်မစိတ်သက်သာတဲ့အထိတော့ သူ့ကိုပြောရဦးမှာပေါ့... ကျွန်မသူ့လက်ထဲ ရှေ့နေစာတစ်စောင်ထည့်လိုက်မယ်... လုံးဝလွယ်လွယ်နဲ့ မလွှတ်ပေးနိုင်ဘူး''ကျောက်မိုချင်းက ခါးခါးသီးသီးပြောရင်း စံအိမ်တရားဝင်အကောင့်ထဲမှထွက်လိုက်သည်။ သူမကိုယ်ပိုင်အကောင့်နှင့်ဝင်၍ ချွန်းချွန်းဗီဒီယို၏မှတ်ချက်နေရာကိုနှိပ်လိုက်သည်။

ခဏအကြာ_

ကျောက်မိုချင်းဒေါသထွက်လာပြန်သည်_ ''လွန်လွန်းအားကြီးတယ်... မှတ်ချက်ကိုဖျက်ပစ်တယ်... ဒါကြောင့်လည်း သူ့အကြောင်းအကောင်းတွေချည်းဖြစ်နေတာကိုး''

ချင်လင်ကခေါင်းခါလိုက်သည်။ ထိုအချိန် သူ့စိတ်ထဲတွင် သီးနှံများကိုရေလောင်းရမည်ဖြစ်ကြောင်းအသိပေးစာဝင်လာသည်။ သူကဂိမ်းဇာတ်ကောင်အား သီးနှံများကိုရေလောင်းစေသည်။ ထို့နောက် နွေဦးသတ္တုတွင်းဆီသွားစေလိုက်၏။

သတ္တုတွင်းပထမအဆင့်တွင် မပျက်စီးသေးသော အရံအတားများရှိနေသေးသည်။ ဒုတိယအဆင့်ထဲဝင်၍မရသေးသော်လည်း ကျန်နေရာများတွင်တူးနိုင်သည်ဟုပြောထားခြင်းလည်းမရှိပေ။

နောက်ထပ်ဂမ္ဘီရကျောက်ပြားမှ နောက်ထပ်လျှို့ဝှက်နည်းရနိုင်သေးသည်။

ဖြစ်ချင်တော့ သည်တစ်ကြိမ်သူစိတ်မပါတော့ချေ။ နွေဦးသတ္တုတွင်းမှကျောက်များအားလုံးခွဲရန်နေ့ဝက်ခန့်အချိန်ယူရပြီး ထပ်တူးရဦးမည်။ ရွှေ၊ ငွေ၊ ကြေးနီမှလွဲ၍ တခြားမတွေ့။

အပြင်မှသတ္တုယူလာပြီး ဖြေရှင်းလို့လည်းမရ။ သတ္တုများနှင့်ပတ်သက်လျှင် အချိန်အရမ်းစားသည်။ ဂိမ်းထဲတွင်တစ်ချီတည်းရောင်းချပြီး ဂိမ်းရွှေပြားနှင့်သာလဲလှယ်ယူနိုင်၏။

နေ့လယ်ပိုင်းတွင် ကောင်းယောင်ယောင်က ဝတ်စုံနှင့်လူတစ်ယောက်ကိုသူ့ဆီခေါ်လာခဲ့သည်_ ''သူဌေး... ဒီလူကြီးမင်းက တွေ့ချင်လို့တဲ့''

ချင်လင်က ထိုလူကိုဇဝေဇဝါနှင့်ကြည့်လိုက်ရင်း_ ''ခင်ဗျားက?''

ထိုလူကအရင် သူ့လက်ကိုဆန့်၍ ချင်လင်အား_ ''ချင်းလင်စံအိမ်သူဌေးက ဒီလောက်ငယ်မယ်မထင်ထားဘူး... ကျွန်တော့နာမည် ချန်ဟယ်ပါ... မင်မြို့တော်ရသာကောင်းအစားအသောက်ကုမ္ပဏီရဲ့ကိုယ်စားလှယ်ပါ''

ကောင်းယောင်ယောင်ကို ချန်ဟယ်ကိုအံ့အားသင့်စွာကြည့်နေသည်။ ချွန်းချွန်းက ချင်းလင်ဆော့ကို ရသာကောင်းလောက်မကောင်းဘူးလို့ပြောခဲ့တာလေ။ အားလုံးက ရသာကောင်းကို ချင်းလင်ဆော့နှင့် ပြိုင်ဖက်တွေဖြစ်လာမည်ဟုထင်ခဲ့ကြသည်။

''ကျွန်တော်ဘာလုပ်ပေးနိုင်လဲ လူကြီးမင်းချန်?'' ချင်လင်ကမျက်မှောင်နည်းနည်းကြုတ်လိုက်သည်။

ပွင့်ပွင့်လင်းလင်းဆိုရလျှင် မစုံစမ်းကြည့်ဘဲနှင့် ချွန်းချွန်းကို ချင်းလင်ဆော့နာမည်ဖျက်ခိုင်းသည်မှာ ရသာကောင်းဟုတ်မဟုတ်ဘယ်သူမှမသိနိုင်။

ချန်ဟယ်ကရှင်းပြသည်_ ''အွန်လိုင်းမှာဖြစ်ခဲ့တာတွေက ကျွန်တော်နဲ့မဆိုင်သလို ရသာကောင်းရဲ့လက်ချက်လည်းမဟုတ်ပါဘူး''

''ကျွန်တော်ကဘယ်လိုယုံရမှာလဲ?'' ချင်လင်ကပြုံး၍မေးလိုက်သည်။

ချန်ဟယ်ကရှင်းပြလိုက်သည်_ ''ချင်းလင်ဆော့နာမည်ရလာတော့ လှုပ်ခတ်မှုအရှိဆုံးက မင်မြို့တော်က တခြားဆော့ဘရန်းကိုယ်စားလှယ်တွေပဲ... ပြီးတော့ ကျွန်တော်နဲ့ရသာကောင်းစာချုပ်က နောက်ရက်ပိုင်းလောက်ဆိုစာချုပ်ပြည့်ပြီ... ကျွန်တော်က ချင်းလင်ဆော့ကိုကိုယ်စားပြုချင်ပြီး ဘရန်းအတွက်မြို့တော်ကိုယ်စားလှယ်လုပ်မယ်ဆိုရင် တခြားနာမည်ကျော်ဘရန်းတွေအတွက် ဒေသဆိုင်ရာအထွေထွေကိုယ်စားလှယ်လည်းဖြစ်လာနိုင်တယ်''

ချင်လင်က ထိုစကားကြားလျှင် ထိုလူကိုအံ့သြစွာကြည့်လိုက်သည်။ ဒီအကြောင်းပြချက်က ငြင်းဆန်၍ရမည်မထင်။

ယနေ့ခေတ်တွင် အွန်လိုင်းစျေးသည်များစွာရှိနေပြီဖြစ်သော်လည်း အပြင်မှဆက်လက်ဝယ်ကြဆဲပင်။ နောက်ပြီး ဆော့ကုန်သွားပြီဆိုလျှင် အောက်ထပ်ဆင်းပြီး ကုန်စုံဆိုင် ဒါမှမဟုတ် စူပါမားကတ်မှဝယ်လိုက်မည်သာဖြစ်သည်။ လူမှုရေးဖိအားများကြောင့် စူပါမားကတ်တွင်စျေးဝယ်ခြင်းမှာ လူအတော်များများလုပ်နေကြအလေ့အကျင့်တစ်ခုဖြစ်လာ၏။

ထို့ကြောင့် ထုတ်ကုန်များမှာ ဒေသဆိုင်ရာကိုယ်စားလှယ်များကိုမဖြစ်မနေရှာဖွေရပေမည်။

ကိုယ်စားလှယ်ထားရှိခြင်းကြောင့် ငွေအလုံးအရင်းစွန့်စားရသည့်အန္တရာယ်ကိုလျှော့ချနိုင်ခြင်း၊ စျေးကွက်လျင်မြန်စွာဖွင့်နိုင်ခြင်း၊ ကျွမ်းကျင်လုပ်သားခွဲထားနိုင်ခြင်း၊ စျေးကွက်ဖွံ့ဖြိုးမှုကုန်ကျစရိတ်နှင့်လုပ်သားလျှော့ချနိုင်သည့်အကျိုးကျေးဇူးများရနိုင်သည်။



ကိုယ်စားလှယ်အသုံးပြုခြင်း၏ချို့ယွင်းချက်တချို့ရှိသော်လည်း ထုတ်ကုန်မှာ စျေးကွက်ထဲတွင်အပြိုင်အဆိုင်အများဆုံးတစ်ခုဖြစ်နေသရွေ့ မည်သည့်ကုမ္ပဏီမဆို ကိုယ်စားလှယ်သုံးဖို့သာရွေးချယ်ကြပေမည်။

ဘာပဲဖြစ်ဖြစ် စျေးကွက်နှင့်အချိန်က ဘယ်သူ့ကိုမှစောင့်သည်မဟုတ်။

ချင်လင်လည်း ကိုယ်စားလှယ်ကိစ္စအကြောင်းစဉ်းစားကြည့်ဖူးသည်။ မည်သို့ဆိုစေ ထုတ်ကုန်နာမည်ရလာလျှင် စက်ရုံလည်းသေချာပေါက်ချဲ့ထွင်ရမည်။ ဤကိစ္စမှာ အနှေးနှင့်အမြန်ဆောင်ရွက်ရမည်ပင်။

သူကချန်ဟယ်ကိုကြည့်၍ ခဏတွေးကြည့်လိုက်သည်_ ''ဘာပဲဖြစ်ဖြစ်... ရက်ပိုင်းပဲရှိသေးတယ်... ချွန်းချွန်းဖြစ်ရပ်ကိုကြည့်ရင်သဘောပေါက်တယ်... အနည်းဆုံးတော့ ဘယ်ဘရန်းရဲ့ကိုယ်စားလှယ်ကလုပ်တယ်ဆိုတာ သိရတာပဲ''

ဖြစ်တာကဖြစ်ပြီးသွားပြီ။ တစ်ဖက်လူကဘယ်သူလဲမသိရသလို နာမည်ဖျက်၍လည်းမရပေ။

အခုချန်ဟယ်က တစ်လှေတည်းစီးချင်နေပြီဆိုတော့ အရည်အချင်းတော့ပြရမှာပေါ့ ဟုတ်တယ်မလား?

မင်မြို့တော်မှာဘာဖြစ်နေလဲဆိုတာတောင် အဖြေရှာမရခဲ့ရင် တခြားဘရန်းတွေထိုးနှက်တာမခံရနိုင်ဘူးလား?

ချင်းလင်ဆော့က အရမ်းနာမည်ကျော်သွားပြီ။ ဒီဖြစ်ရပ်ပြီးနောက် သူတို့ကိုအင်တာနက်ပေါ်မှာ ထပ်ပြီးနာမည်ဖျက်ဖို့ လုံးဝမဖြစ်နိုင်တော့။ သို့သော် ချင်းလင်ဆော့ကိုအင်တိုက်အားတိုက်ကြော်ငြာခဲ့လျှင် တခြားဘရန်းကိုယ်စားလှယ်များကလည်း ထိုင်ကြည့်နေမည်မဟုတ်ပေ။

''ကောင်းပါပြီ!'' ချန်ဟယ်ကစကားများများမပြော။ သူကနောက်ပြန်လှည့်၍ တန်းထွက်သွားသည်။

ချင်လင်က ခဏတွေးတောလိုက်ပြီး သူ့စိတ်ထဲမှဂိမ်းကိုအာရုံပြန်စိုက်လိုက်သည်။

နွေဦးသတ္တုတွင်းမှသိမ်းစရာမရှိ၍ ချင်လင်ကဂိမ်းဇာတ်ကောင်အား မြေပုံအနှံ့လျှောက်သွားစေလိုက်သည်။ ဂိမ်းဇာတ်ကွက်မှာ ကြက်ကန်းဆန်အိုးတိုးတတ်၏။

ချင်လင်ကဂိမ်းဇာတ်ကောင်ကို နိုထရီဒိန်းတောင်သို့ဝင်စေလိုက်သည်။ သည်တစ်ကြိမ်တွင်မူ တောင်တန်းထွက်ကုန်များအသစ်ပေါ်လာပြီဖြစ်၍ အံ့သြစရာပင်။ သူကဂိမ်းဇာတ်ကောင်ကို ချက်ချင်းယူစေလိုက်သည်။

(ချူကီနှင်းဆီ ၁ ကတ်တီရသည့်အတွက် ဂုဏ်ယူပါတယ်)

(ပျဉ်းမပင် ၂ ကတ်တီရသည့်အတွက် ဂုဏ်ယူပါတယ်)

…

(ချူကီနှင်းဆီ ၂ ကတ်တီရသည့်အတွက် ဂုဏ်ယူပါတယ်)

(ပျဉ်းမပင် ၁ ကတ်တီရသည့်အတွက် ဂုဏ်ယူပါတယ်)

ဒီတစ်ခါရတာကလည်း ချူကီနှင်းဆီနှင့်ပျဉ်းမပင်များသာ။ တစ်မျိုးကို ၅ ကတ်တီစီပိုရလိုက်သည်။ စုစုပေါင်းတစ်မျိုး ၁၅ ကတ်တီစီဖြစ်၏။ ထို့ကြောင့် နောက်ထပ်ဆေးဖက်ဝင်ဝိုင် ၁၅၀ ကတ်တီလုပ်နိုင်ပြီဖြစ်သည်။

ထို့အပြင် ပြဿနာတစ်ခုကိုတွေးဆလိုက်မိ၏။ နောက်တွင် ဝိုင်သိုလှောင်ရန်နေရာထားရပေမည်။ စွန်းမင်ကို သူဆောက်ထားသောအပန်းဖြေစံအိမ်အောက်တွင် သီးသန့်ဝိုင်ခန်းလုပ်ခိုင်းရမည်။

ဝိုင်ကဂိမ်းထဲမှာပဲ တစ်ချိန်လုံးရှိနေသည်။ အချိန်ကြာသည်နှင့်အမျှ သက်တမ်းတိုးလာမည်။ နောင်တွင် ဝိုင်သစ်၊ ဝိုင်ဟောင်းနှင့် သက်တမ်းရင့်ဝိုင်ဟူ၍ ထားရပေမည်။

မဟုတ်လျှင် အားလုံးနှစ် ၁၀၀ ဝိုင်ဖြစ်ကုန်ပြီး ချဲ့ကားလွန်းရာကျနေမည်။

ဒါမျိုးက ဂိမ်းထဲမှာထားတာပဲကောင်းသည်။

တောင်တန်းထွက်ကုန်နှစ်မျိုးကို သိုလှောင်ခန်းထဲထည့်ပြီးနောက် ချင်လင်က စံအိမ်မှထွက်လာပြီး ၅၅° ဝိုင်ဖြူ ၁၅၀ ကတ်တီဝယ်လိုက်သည်။ ထို့နောက် ဒီတစ်ခေါက်ရလာသော တောင်တန်းထွက်ကုန်များကို ဆေးဖက်ဝင်ဝိုင်စိမ်လိုက်၏။

ထို့နောက်ချင်လင်က စံအိမ်ပြန်လာပြီး သူ့စိတ်ထဲမှဂိမ်းဖန်သားပြင်ကိုထပ်ကြည့်လိုက်သည်။

ဒီနေ့ယူလာသည့်ပစ္စည်းက အလွန်ကောင်းပုံရ၏။ သူကဂိမ်းဇာတ်ကောင်အား တောင်ယာထဲမှထွက်စေလိုက်ရာ စကားပြောတစ်ခုနှင့်ဆုံလိုက်သည်။

ပြောသူမှာ ဦးထုပ်တစ်လုံး၊ တုတ်ကောက်တစ်ချောင်းနှင့် ကျကျနနဝတ်ဆင်ထားသော NPC ဖြစ်၏။

(ကျွန်ုပ်မှာ အစားတလိုင်း ပါကဲဖြစ်သည်။ ကျွန်ုပ်အား အရသာရှိသည့်အစားအစာပေးလျှင် မျှော်လင့်မထားသောဆုလာဘ်ရလိမ့်မည်!)

အစားတလိုင်း?

ဒီ NPC က သတ္တုမြို့တော်စားပွဲသောက်ပွဲမှာ ဒိုင်လုပ်တဲ့တစ်ယောက်မဟုတ်လား?

သူကတစ်ကိုယ်တည်းသမားပဲ။

ကြည့်ရတာ အမျိုးသမီးကစားသူတွေက ဒီအစားတလိုင်းနဲ့လက်ထပ်ပြီး ကလေးတောင်ရနိုင်တဲ့ပုံပေါက်နေလေသည်။



All Chapters