← Chapters

ငါးချက်ပြုတ်နည်းကျမ်း!

Vol. 7 Ch. 97

ငါးချက်ပြုတ်နည်းကျမ်း!

Vol. 7 Ch. 97

စိုက်ပျိုးမွေးမြူရေးခြံပုံပြင်ထဲတွင် ချက်ပြုတ်နည်းတစ်ခုရှိသည်။ ကစားသူတိုင်းလိုလို အသည်းအမြစ်ချက်ကြိုက်ကြ၏။ ချက်နည်းပြုတ်နည်းစုဆောင်းရခြင်းမှာ စိုက်ပျိုးမွေးမြူရေးခြံချက်ပြုတ်နည်းကစားသူများ၏အနှစ်သက်ဆုံးအရာတစ်ခုပင်။

ပုံစံအသစ်ထဲတွင် လျှို့ဝှက်ချက်နည်းရရန် နည်းလမ်းသုံးခုရှိသည်။ ပထမတစ်ခုမှာ ရုပ်မြင်သံကြားမှအသစ်လွှင့်စဉ်ရယူနည်းဖြစ်သည်။ ဒုတိယမှာ ကျောက်တုံးပုံစံဂိမ်းထဲမှ မှတ်တမ်းတင်ထားသောနည်းကို နှိုက်ယူရန်ဖြစ်ပြီး နောက်ဆုံးတစ်ခုမှာ အစားတလိုင်းနှင့်လဲလှယ်ယူခြင်းဖြစ်၏။

သာမန်ဂမ္ဘီရကျောက်ပြားပေါ်မှ လျှို့ဝှက်ဆော့လုပ်နည်းရပြီးနောက် ပုံစံအသစ်အကြောင်း သက်ဆိုင်ရာအချက်အလက်များကိုလည်း စစ်ဆေးကြည့်ခဲ့သည်။

ပုံစံအသစ်ထဲတွင် ချက်နည်းပြုတ်နည်းရရှိခြင်းကို အဆင့်ခွဲသတ်မှတ်ထားသည်ဆိုပါလျှင် ရုပ်မြင်သံကြားသတင်းမှရယူနည်းမှာ သာမန်အဆင့်ဖြစ်သည်။ ချင်လင်ကဂိမ်းဇာတ်ကောင်ကို ရုပ်မြင်သံကြားကြည့်စေဖူးသော်လည်း အရင်ကတစ်ခါမှမရခဲ့ဖူးပေ။ ကျပန်းပေါ်လာခြင်းသာဖြစ်ရမည်။

အစားတလိုင်းဆီမှရသည်က ပိုအဆင့်မြင့်သည်။ အချက်အပြုတ်နည်းပညာပါရနိုင်၏။

ဂမ္ဘီရကျောက်ပြားတွင်ပါဝင်သည်က လုံးဝကျပန်းဖြစ်သည်။ ကြက်ဥပြုတ်နည်းမှ အရည်အသွေးမြင့်လျှို့ဝှက်နည်းများအထိ ရရှိနိုင်သည်။ ဂမ္ဘီရကျောက်ပြားအဆင့်မြင့်လေလေ ရရှိနိုင်သောလျှို့ဝှက်နည်းအရည်အသွေးမြင့်လေလေပင်။

ချင်လင်ကဂိမ်းဇာတ်ကောင်အား အစားတလိုင်းဇာတ်ကြောင်းတာဝန်ကိုရယူစေပြီးနောက် တုံ့ဆိုင်းနေခြင်းမရှိဘဲ သိုလှောင်ခန်းထဲပြန်စေ

လိုက်သည်။ အရည်အသွေး ၂ သီးနှံ၊ ငါးတချို့နှင့်အတူ ဆေးဖက်ဝင်ဝိုင်ပုလင်းအသေးကိုပါထုတ်ယူစေ၏။ ထို့နောက် ဂိမ်းဇာတ်ကောင်အား အစားတလိုင်းကိုရှာစေ၍ ထိုပစ္စည်းအားလုံးကိုပေးလိုက်သည်။

(အားလုံးက သြချလောက်စရာပစ္စည်းတွေပဲ... ငါအရသာရှိတဲ့ဟင်းပွဲတွေ လုံးဝဖန်တီးနိုင်ပြီ... ဆုချတဲ့အနေနဲ့ ငါ့လက်ဆောင်ကိုလက်ခံပေးပါ!)

(အထူးချက်ပြုတ်နည်းပညာမှ ငါးလေ့လာချက်စာအုပ်ကိုရရှိတဲ့အတွက် ဂုဏ်ယူပါတယ်!)

''အထူးချက်ပြုတ်နည်းပညာမှ ငါးလေ့လာချက်စာအုပ်?'' ချင်လင်အံ့သြသွားသည်။

ဒါကတကယ် အချက်အပြုတ်နည်းပညာပဲ။

တစ်ခုခုရထားပြီဆိုမှတော့ သူကချီတုံချတုံလုပ်မနေ။ နေရာလွတ်ရှာ၍ ဂိမ်းထဲဝင်လိုက်သည်။ ဂိမ်းဇာတ်ကောင်နေရာဝင်လိုက်သောအခါ နည်းပညာစာအုပ်မှ မှတ်ချက်ကိုတွေ့လိုက်ရ၏:

(အထူးချက်ပြုတ်နည်းစာအုပ်ဖြစ်သည်။ အသုံးပြုကြည့်လျှင် ငါးချက်ပြုတ်နည်းအတွေ့အကြုံရရှိလာမည်ဖြစ်သည်။ ငါးကိုင်နည်း၊ ကြော်နည်း၊ ပေါင်းနည်း စသည်ပါဝင်သည်... ထို့အပြင် သက်ဆိုင်ရာငါးဟင်းပွဲကိုဖန်တီးနိုင်သရွေ့ အရသာ +၁! အနံ့အရသာ +၁! နှုတ်မြိန်ခြင်း +၁)

''သောက်!'' ချင်လင်က မှတ်ချက်ကိုတွေ့လျှင် ဆဲလိုက်မိသည်။

သောက်ဆန်းကြီး။

သူအထင်မမှားဘူးဆိုရင် ဒီအတွေ့အကြုံစာအုပ်က သူငါးချက်တဲ့အခါ သူ့အစားအစာရဲ့အရည်အသွေးကိုတက်စေမယ်လို့ ပြောထားတာပဲ။

ဥပမာ ငါးကင်မည်ဆိုပါစို့။ သာမန်ငါးမှာ ပုံမှန်အသားနှင့်အရသာပဲရှိမည်။ သူလုပ်မည်ဆိုလျှင် အရသာ +၁၊ အနံ့အရသာ +၁ နှင့် နှုတ်မြိန်ခြင်း +၁ တိုးလာပေမည်။

အရည်အသွေး ၂ သဘာဝငါးမှာ အသားနူးညံ့မှု +၂ နှင့် အရသာ +၂ တိုးမည်။ ဒီတော့ သူလုပ်မည်ဆိုလျှင် အသားနူးညံ့မှု +၃၊ အရသာ +၃ နှင့် နှုတ်မြိန်ခြင်း +၁ ရှိလာပေမည်။



ဒါကသူ့ကို စာဖိုမှူးကြီးဖြစ်သွားစေတာမလား? ငါးတစ်မျိုးပဲချက်မယ်ဆိုရင်တောင်မှလေ။

(အထူးချက်ပြုတ်နည်းပညာ ငါးလေ့လာချက်စာအုပ်ကို အသုံးပြုလိုပါသလား?)

ချင်လင်က အသုံးပြုမည်ကိုတန်းရွေးလိုက်သည်။

ချက်ချင်းပင် ဆော့လျှို့ဝှက်လုပ်နည်းရတုန်းကအတိုင်း အချက်အလက်များထပ်ပေါ်လာသည်။ သို့သော် သည်တစ်ကြိမ်တွင်မူ ငါးကိုဘယ်လိုကိုင်တွယ်ရမည်ဆိုသောအချက်အလက်များဖြစ်၏။ စာအုပ်ထဲမှာရေးထားသမျှ သူလုပ်နိုင်သည်ဟူသော ထူးထူးဆန်းဆန်းခံစားချက်ကိုပင် ပေးနေသေးသည်။

မှတ်ချက်အားလုံးလက်ခံပြီးနောက် ချင်လင်ကဂိမ်းထဲမှချက်ချင်းထွက်လာခဲ့၏။ ခန်းမထဲပြန်ရောက်သောအခါ အထဲတွင်အလွန်အလုပ်ရှုပ်နေမှန်းသိလိုက်သည်။ ခါတိုင်းထက်ပိုပြီး ဒီနေ့အော်ဒါတွေပိုကျနေပုံရသည်။ ကျောက်မိုချင်းတောင် သွားကူနေရ၏။

''ဒီစံအိမ်က ပန်းပင်လယ်က တကယ်လှတာပဲ... ငါရှဉ့်လေးနဲ့ဓာတ်ပုံရိုက်ခဲ့တယ်''

''ငါတို့လည်း ဆေးဖက်ဝင်ပျားရည်သောက်ပြီးပြီ... အရသာအရမ်းကောင်းတယ်... ချင်းလင်စံအိမ်က ကုမ္ပဏီအစုဖွဲ့ရက်ချိန်းတွေလက်မခံလို့သာပေါ့... မနက်အစောကြီးထပြီး ပြေးလာရတယ်''

“…”

ထိုစကားများကြားသောအခါ ဘာတွေဖြစ်နေမှန်း ချင်လင်သဘောပေါက်သွားသည်။

ချင်းလင်စံအိမ်က လက်ရှိလူဦးရေ ၁၅၀၀ ကန့်သတ်ထားတာဆိုတော့ ကုမ္ပဏီအဖွဲ့လိုက်တွေလက်ခံလို့မရဘူးပေါ့။ လူဦးရေအရမ်းတက်သွားရင် ပုံမှန်နယ်လှည့်သွားလာနေတဲ့ဧည့်သည်တွေကို အားနာစရာကောင်းနေမည်။

ထို့အပြင် ကုမ္ပဏီအဖွဲ့လိုက်တွေဧည့်ခံရခြင်းမှာ လိုအပ်ချက်များစွာနှင့် အလွန်ဒုက္ခများသည်။

သို့သော် ကုမ္ပဏီမှလူတချို့က လာဖို့စိတ်ဆုံးဖြတ်ထားပြီး သူတို့ဘာသာထွက်လာခဲ့ကြသည်။ ဥပမာဆိုရလျှင် ဒီနေရာတွင်လူအများကြီးရှိနေသလိုပင်။

ဒီလူတွေကရောက်လာသည်နှင့် အတူတူသွားလာကြသည်။

အခုအော်ဒါမှာကြတော့ ခန်းမထဲမှာပိုအလုပ်ရှုပ်ကုန်ပြီပေါ့။

ချင်လင်က မီးဖိုချောင်ထဲတန်းဝင်သွားလိုက်သည်။ သူဝင်လိုက်သည်နှင့် ဆရာလင်းညွှန်ကြားနေသည့်အသံကိုကြားလိုက်ရ၏_ ''သင်ချင်တယ်ဆိုရင်လည်း လေးလေးနက်နက်သင်လေ... မဟုတ်ရင် ပြန်တော့... ဆရာလျိုမင်းကိုဆူတာ မှားလို့လား? အလုပ်သင်တစ်ယောက်အမှားလုပ်တာကိုမဆူရင် မင်းအတွက်နစ်နာတယ်... မင်းဘာမှသင်လို့ရမှာမဟုတ်ဘူး''

ချင်လင်က လူငယ်ကိုကြည့်၍ လျစ်လျူရှုလိုက်သည်။ ထိုလူငယ်က စားဖိုဆောင်ထဲတွင် အလုပ်သင်ဖြစ်၏။ ဆရာလင်းဘာသာ ဖြေရှင်းနိုင်သည်။

အရင်က စားဖိုဆောင်မှာ အလွန်အလုပ်များသည်။ ဆရာလင်းအတွက် အကူစာဖိုမှူးတစ်ယောက်ခန့်သည်ထက် ဆရာလင်းမွေးရပ်မြေမှ ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေပြီး တက္ကသိုလ်မတက်နိုင်သည့် ဂျူနီယာတစ်ဦးကိုခေါ်ခဲ့သည်။ ဆရာလင်း တောင်တန်းစံအိမ်တွင် စားဖိုမှူးဖြစ်နေသည်ကိုသိသောအခါ ထိုဂျူနီယာ၏မိသားစုက ပညာတစ်ခုတတ်စေချင်သဖြင့် ဆရာလင်းဆီလွှတ်ပြီး စာဖိုမှူးအလုပ်သင်လုပ်ခိုင်း၏။

ချင်လင်ဝင်လာသည်ကိုမြင်လျှင် ဆရာလင်းလည်း အလုပ်သင်အား_ ''ဟိုဘက်သွားပြီး အသီးအရွက်တွေဆေးလိုက်ဦး''

အလုပ်သင်က ဆရာလင်းဝေဖန်သည်ကို ပြန်မပြောရဲသဖြင့် ဘေစင်သို့ချက်ချင်းသွားပြီး အသီးအရွက်များဆေးလိုက်သည်။

''သူဌေး... ဒါမျိုးတွေမြင်သွားတာ အားနာလိုက်တာ... ကလေးတွေက မသိတတ်ဘူး'' ဆရာလင်းက ချင်လင်ကိုတောင်းတောင်းပန်ပန်ဆိုလိုက်ရင်း သူ့အိုးနှင့်သူအလုပ်ရှုပ်နေပြန်သည်။

ချင်လင်ကပြုံး၍_ ''ကုမ္ပဏီအဖွဲ့တစ်ခုက ရုတ်တရက်ကြီးပြုံကျလာတာပဲ... ခင်ဗျားတို့တွေအလုပ်ရှုပ်နေမယ်မှန်းသိလို့ လာကူတာ''



ဆရာလင်းက နောက်လိုက်သည်_ ''ဘာလို့ ခင်ဗျားလိုသူဌေးက မီးဖိုချောင်ထဲလာဆော့ရမှာလဲ? ကျုပ်တို့မှာ အကူနဲ့ အလုပ်သင်နဲ့... ဒီလူအုပ်ကိုဖြေရှင်းနိုင်တယ်''

''ဆရာလင်း... ခင်ဗျားက ကိုယ့်သူဌေးကိုယ် အထင်သေးတာလား? ဒါဆိုလည်း ဒီနေ့လက်စွမ်းပြရမှာပေါ့'' ချင်လင်လည်းဝင်လိုက်သည်။ ထို့နောက်သူက ဘေးနားရှိအစားအသောက်စာရင်းဆီသွားပြီး သဘာဝငါးနှပ်ရမည့်စာရင်းကိုယူလိုက်၏။

ဆရာလင်းလည်း နောက်နောက်ပြောင်ပြောင်နှင့်_ ''ဆရာတို့ ကြည့်ပါဦး... သူဌေးကစိတ်ဝင်စားနေလိုက်တာ... သူဌေးဖြစ်ပြီး တို့အလုပ်ကိုတောင်လုချင်နေတယ်''

အမှန်အတိုင်းဆိုရလျှင် လက်ရှိသူ့အလုပ်ပတ်ဝန်းကျင်ကို သူသဘောကျသည်။

သူဌေးက အလွန်သဘောကောင်းပြီး အရင်သူဌေးနှင့် ဘာမှမဆိုင်။

စာဖိုမှူးသုံးဦးက လှမ်းကြည့်လိုက်သော်လည်း ဆရာလင်းလိုတော့ ဟာသမလုပ်ရဲပါချေ။

သူတို့က ဆရာလင်းလိုမလုပ်နိုင်သည့်အပြင် သူတို့သူဌေးနှင့်လည်း သည်လောက်မရင်းနှီးသေး။

ချင်လင်က ရှေ့ဖုံးခါးစည်းဝတ်လိုက်ပြီး ဆရာလင်းပြင်ထားသော သဘာဝငါးကိုကိုင်လိုက်သည်။

ဤငါးမှာ ဂိမ်းထုတ်ကုန်ဖြစ်ပြီး အရည်အသွေး ၁ သဘာဝငါးကြင်းနက်ဖြစ်၏။ ၆ ကတ်တီခန့်အချိန်စီးပြီး ချီဓာတ်အားဖြည့်ခြင်း +၁၊ အစာအိမ်အားကောင်းစေခြင်း +၁... အနံ့အရသာရှိခြင်း +၁၊ အရသာရှိခြင်း +၁ အရည်အသွေးများရှိသည်။

ငါးကိုင်လိုက်သည့်ခဏတွင် ဘယ်လိုကိုင်တွယ်ရမည်ဟူသောအချက်အလက်များ ချင်လင်၏စိတ်ထဲတွင် တန်းစီပေါ်လာ၏။

အရင်က ခဏခဏလုပ်ဖူးသလို ထူးခြားသောခံစားချက်မျိုးဖြစ်လာသည်။

ငါးသတ်ရန်ဓားကိုင်လိုက်သည့်အခါ သူ့တွင်အင်အားရှိသလိုလိုတောင်ဖြစ်လာ၏။ သူက ငါးဝမ်းဗိုက်သားကိုတိတိပပဖြတ်လိုက်ပြီး အတွင်းကလီစာများထုတ်ရန် မျဉ်းရှည်ရှည်ဆွဲလိုက်သည်။

ချင်လင်ကိုစိတ်ဝင်စားနေသည့် ဆရာလင်းမှာ ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွား၏။

သူဌေးက ငါးကိုင်တာဆရာကျသားပဲ။ ဝါရင့်စာဖိုမှူးနဲ့တောင်တူနေသေးတော့။

ချင်လင်က မီးဖိုဖွင့်၊ ဆီထည့်ပြီး ပါဝင်ပစ္စည်းများတစ်ခုချင်းထည့်၍ ဆူပွက်အောင်တည်လိုက်သည်။

ငါးကိုအိုးထဲထည့်ကာ ဟိုဘက်သည်ဘက်လှန်ပြီးနောက် ဟင်းခတ်အမွှေးအကြိုင်များ... နောက်ဆုံးငါးနှပ်ရသည်အထိ လုပ်ကိုင်သွားပုံမှာ အဆင်ချောပြီး သဘာဝကျနေ၏။

''သူဌေး... ခင်ဗျားကလျှိုထားတာပဲ!'' ဆရာလင်းက မယုံနိုင်ပုံနှင့်ပြောလိုက်သည်။

သူဌေးချက်တဲ့ငါးအရသာကို အသာထားဦး၊ အရောင်အဆင်းနှင့်တင် လုံးဝစားချင်စရာ။

ချင်လင်လည်း သူနှပ်ထားသောငါးကိုကြည့်ရင်း အလွန်အံ့သြသွားသည်။ သူချက်တတ်သည်ဆိုသော်လည်း အိမ်လက်ရာသာဖြစ်၏။ သူ့ရှေ့ကငါးကတော့ လုံးဝစားဖိုမှူးလက်ရာဖြစ်နေသည်။

အဓိကအချက်မှာ အရသာ +၁၊ အနံ့အရသာ +၁ ကြောင့် ငါး၏အရည်အသွေးမှာ အသားနူးညံ့မှု +၂၊ အနံ့အရသာရှိမှု +၂၊ နှုတ်မြိန်ခြင်း +၁ ဖြစ်သွားမည်။

ဆရာလင်းလည်း ဟင်းပွဲတစ်ပွဲပြင်ထားသည်။ သူကတူကိုင်၍ ရှေ့တိုးလာကာ_ ''သူဌေး... ခင်ဗျားရဲ့ငါး မြည်းကြည့်ရအောင်''

စားချင်စဖွယ်ဖြစ်နေသော်လည်း စိုးရိမ်စိတ်တော့ရှိနေသေးသည်။ ဘာပဲဖြစ်ဖြစ် ဧည့်သည်တွေကိုတည်ခင်းရမှာလေ။

''မြည်းကြည့်" ချင်လင်က ပြုံးပြုံးပြုံးပြုံးနှင့်ပြောလိုက်သည်။

ဆရာလင်းက ငါးအသားစတချို့ကို ပါးစပ်ထဲထည့်၍မြည်းကြည့်လိုက်သည်။ ထို့နောက်ချက်ချင်းပင် သူ့မျက်နှာမှာ မယုံနိုင်သည့်ပုံပေါက်သွား၏။

ဘာလို့ဒီငါးက သူချက်ထားတာထက်တောင် ပိုအရသာရှိသလိုဖြစ်နေတာလဲ?



All Chapters