← Chapters

ခရီးသွားလက်ဆောင်! ချင်းလင်စံအိမ်ကိုဝပ်တွားရမယ်!

Vol. 7 Ch. 101

ခရီးသွားလက်ဆောင်! ချင်းလင်စံအိမ်ကိုဝပ်တွားရမယ်!

Vol. 7 Ch. 101

ခရီးသွားနေရာများတွင် ခရီးသွားလက်ဆောင်များရောင်းချလေ့ရှိကြသည်။ ထိုခရီးသွားလက်ဆောင်များတွင် ခရီးသွားနေရာ၏ အထင်ကရအချက်များကိုကိုယ်စားပြုကြ၏။ ၄င်းတို့တွင် အမှတ်တရလက်ဆောင်တန်ဖိုးရှိကြသည်။

ခရီးသည်များက ခရီးသွားအမှတ်တရပစ္စည်းများမစုဆောင်းကြခြင်းမှာ ရှေးကျပြီးတန်ဖိုးမရှိခြင်းကြောင့်ပင်။ ၄င်းမှာ ဘဝအဓိပ္ပါယ်နှင့်တန်ဖိုးကိုဖော်ပြသော ယာဉ်တစ်စီးကဲ့သို့ခရီးသွားအတွေ့အကြုံအမှတ်တရဖြစ်သည်။

ချင်းလင်စံအိမ်တွင် လက်ရှိဘာခရီးသွားအမှတ်တရပစ္စည်းမှမရောင်းသေး။ ဤသုံးပွင့်ဆိုင်ဇီးပန်းပင်မှာ နောင်တွင်အမှတ်တရပစ္စည်းတစ်ခုဖြစ်လာလိမ့်မည်။ စံအိမ်၏အထင်ကရကိုယ်စားပြုတစ်ခုလည်းဖြစ်လာပေမည်။

သုံးပွင့်ဆိုင်ဇီးပန်းပင်များမှာ ရွှေ့ပြောင်းစိုက်ပြီးနောက် အရည်အသွေးကျဆင်းသွားရုံမျှမက ဆွဲဆောင်မှုရှိခြင်း၊ ရွှေ့ပြောင်းစိုက်ပျိုးရလွယ်ကူခြင်း၊ ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်ခြင်း၊ ပုံပန်းသဏ္ဍန်စသော အရည်အသွေးအတော်များများလည်း ဆုံးရှုံးသွားသည်။

အရည်အသွေး ၃ က အရည်အသွေး ၂ သို့ကျဆင်းသွားသော်လည်း အရည်အသွေးတော့ဆက်လက်ထိန်းထားဆဲပင်။ ထပ်ပြီးအဆင့်ကျသွားလျှင်တောင် သေချာပေါက်ကြည့်ကောင်းနေဦးမည်ဖြစ်သည်။

အရည်အသွေး ၂ က အရည်အသွေး ၁ သို့ကျဆင်းသွားသော်လည်း ခမ်းနားခြင်း +၁၊ အလှစိုက်ပင် +၁ တော့ရှိနေဆဲဖြစ်၏။

အကယ်၍ ထိုအိုးစိုက်ပင်များကိုဆက်လက်ရွှေ့ပြောင်းစိုက်မည်ဆိုပါက အရည်အသွေးနှင့်အရည်အချင်းများ ထပ်ကျဆင်းနိုင်သေးသည်။

သို့သော် အရည်အသွေး ၁ ဖြစ်စေ ၂ ဖြစ်စေ ခမ်းနားမှုနှင့်အလှစိုက်နိုင်သောအရည်အချင်းတချို့တော့ ကျန်နေဦးမည်သာ။ သာမန်သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်များထက် လုံးဝပိုလှပေမည်။ ပန်းပွင့်ချိန်ဆို မပြောနှင့်တော့။

အပြန်ဝယ်သွားတဲ့ခရီးသည်တိုင်းက သေချာဂရုစိုက်ကြမည်ဆိုလျှင် အပွင့်အရွက်ထွက်လာပုံမှာ သေချာပေါက်သာမန်အိုးစိုက်သုံးပွင့်ဆိုင်ဇီးပန်းပင်များ ယှဉ်နိုင်မည်မဟုတ်ပေ။

သုံးပွင့်ဆိုင်ဇီးပန်းပင်မှာ ပုံမှန်ချိုင်ပေးရသည်။ ဂိမ်းမှထုတ်သော သုံးပွင့်ဆိုင်ဇီးပန်းပင်မှာ အရည်အသွေး ၂ နှင့် ၃ ရှိ၏။ ချိုင်ပြီးလျှင် ကိုင်းထွက်မြန်လာပြီး ခရီးသွားတန်းဝင်လာမည်။ ဥယျာဉ်မှူးတချို့က ကိုင်းအတော်များများကိုချိုင်ပစ်ပြီး ထိုချိုင်လိုက်သောကိုင်းကို အိုးစိုက်ပင်အဖြစ်ပြန်ပျိုးထောင်ကြသည်။ ပြန်လည်အသုံးချ၍ ရာနှုန်းပြည့်ရသည်။

သုံးပွင့်ဆိုင်ဇီးပန်းပင်မှာ အကုန်အကျမရှိ။ သုံးပွင့်ဆိုင်ဇီးပန်းပင်စိုက်ပျိုးခြင်းအတွက်ကုန်ကျသည်မှာ ပန်းအိုး၊ မြေသြဇာနှင့်အပြင်အဆင်တချို့သာ။

ဤကဲ့သို့မိသားစုဘွန်ဇိုင်းပင် သာမန်တစ်ရောင်တည်းပန်းများမှာ စျေးပေါ၍ ၁၀ ယွမ်မှ ယွမ် ၂၀ သာရှိသည်။

အရောင်စုံပန်းမှာမူ ယွမ် ၃၀ မှ ၁၀၀ အထိရှိနိုင်သည်။

......

သက်တန့်ရောင်စိုက်ပြီးလျှင် တစ်နှစ်ပတ်လုံးအသုံးပြုရန်လိုသေးသည်။ အရည်အသွေးများတော်တော်လျော့ကျသွားသည်ဆိုလျှင်တောင် အရည်အသွေး ၁ ကို ယွမ် ၁၀၀၊ အရည်အသွေး ၂ ကို ယွမ် ၂၀၀ နှင့်ရောင်းလည်း ပြဿနာမရှိနိူင်ဘူး မဟုတ်လား?

တိတိကျကျစျေးကိုမူ နောက်မှသတ်မှတ်ရမည်။

အရေးအကြီးဆုံးအချက်မှာ တခြားမည်သူမျှစိုက်ပျိုးနိုင်ခြင်းမရှိသေးပေ။ သူ့သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်ကိုဝယ်သည်ဆိုလျှင်တောင် သူတို့ကိုယ်တိုင်ပြန်စိုက်ချင်ပါက အရည်အသွေးကကျသွားဦးမည်ဖြစ်သည်။ သူ့အိုးစိုက်ပင်နှင့်အကွာကြီးကွာမည်။

ချင်လင်မှာ အမြဲတမ်းဆုံးဖြတ်ချက်ပြတ်သားသောသူဖြစ်၏။ သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်နှစ်ပင်၏အရည်အသွေးကိုအတည်ပြုပြီးနောက် စိုက်ပျိုးရန်ဆုံးဖြတ်လိုက်သည်။

အိုးစိုက်ပင်လေးများမှာ လူတစ်ရပ်ထက်ကျော်မည့်ပုံမပေါ်။ ၄င်းတို့ကို ပန်းအိုးနှင့်စိုက်နိုင်ပြီး ကိုင်းဖြတ်စိုက်ပျိုးနိုင်သည်။ ခရီးသည်များဝယ်လျှင် တနိုင်သယ်သွားနိုင်၏။ ခရီးသည်များအိမ်အပြန် အမြန်ရထားနှင့်တောင်သယ်သွားနိုင်သည်။



အရည်အသွေး ၂ နှင့် ၃ သုံးပွင့်ဆိုင်ဇီးပန်းပင်တွင် ရွှေ့ပြောင်းစိုက်ပျိုးနိုင်သောအရည်အသွေးရှိခြင်းကြောင့် ကိုင်းများစိုက်ပျိုးရသည်မှာ ထူးထူးခြားခြားလွယ်ကူ၏။ သူအစမ်းစိုက်ကြည့်သောကိုင်းများမှာ လဝက်အတွင်း အမြစ်များထပ်ပွားနေပြီဖြစ်သည်။ မူလကိုင်းမှပန်းပွင့်များတောင် မညိုးသေးချေ။

ဤသည်က စိုက်ပျိုးချိန်တိုတောင်းသည်ဟူသော သဘောပင်။

သို့သော် အရည်အသွေး ၂ နှင့် ၃ သုံးပွင့်ဆိုင်ဇီးပန်းပင်တို့ကို ချိုင်နိုင်သောကိုင်းပမာဏမှာ အကန့်အသတ်ရှိသည်။

ထို့ကြောင့် အဆင့် ၃ မြေပေါ်မှ အရည်အသွေး ၂ ဖရဲသီးများမှည့်၍ရိတ်သိမ်းပြီးနောက် သူကဂိမ်းဇာတ်ကောင်အား သတ္တုမြို့တော်မျိုးစေ့ဆိုင်သွားစေ၍ သက်တန့်ရောင်သဟဇီဝသုံးပွင့်ဆိုင်ဇီးပန်းပျိုးပင်(အုပ်စု)ကို တန်းဝယ်စေလိုက်သည်။

သူက နောက်ထပ်သုံးပွင့်ဆိုင်ဇီးပန်းပင်အရင့်များဖန်တီးရန် စီစဉ်လိုက်သည်။ ထို့နောက် ထိုသုံးပွင့်ဆိုင်ဇီးပန်းပင်များကို အပင်စိုက်ရန်အထူးနေရာတစ်နေရာတွင် ရွှေ့ပြောင်းစိုက်မည်။ ထိုအပင်များကို အိုးထဲရွှေ့စိုက်ရန် သီးသန့်သုံးမည်။ သို့မှသာ ချင်းလင်သုံးပွင့်ဆိုင်ဇီးပန်းပင်များ ပုံစံကျလာပေမည်။

ထို့နောက် ချင်လင်က ယွီရွှေ့ကိုရှာလိုက်၏။

ယွီရွှေ့မှာ ဥယျာဉ်မှူးများထဲတွင်အတော်ဆုံးဖြစ်သည်။ ပထမဆုံးသုံးပွင့်ဆိုင်ဇီးပန်းပင်ရွှေ့စိုက်စဉ်က ချင်လင်က ဆရာလင်းအားကြီးကြပ်စေခဲ့သည်။ ထိုအချိန်တုန်းက ဆရာလင်းလည်း ယွီရွှေ့ကိုထောက်ခံပေးခဲ့၏။

''သူဌေး... ဘာခိုင်းမလို့လဲ?'' ယွီရွှေ့က ချင်လင်ဆီတန်းပြေးလာသည်။

ချင်လင်က တန်းညွှန်ကြားလိုက်၏_ ''ယွီရွှေ့... အရင်က ဆရာလင်း မင်းကိုထောက်ခံပေးဖူးတယ်... မင်းက ဝီရိယရှိတယ် လုပ်နိုင်တယ် ကျွမ်းကျင်တယ်တဲ့... ဒီစံအိမ်ရဲ့အသုံးမတည့်သေးတဲ့မြေတွေမှာ သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်တွေထားမလို့... အဲဒီအတွက် ဥယျာဉ်မှူးတွေခန့်ဖို့ ငါစီစဉ်နေတာ... ဒီကိစ္စ မင်းကိုလွှဲထားလိုက်မယ်... ပြီးရင် ဘယ်မြေမှာထားလို့အဆင်ပြေမလဲ ကြည့်ပေးပါဦး''

''သူဌေး... ကိစ္စမရှိပါဘူး'' ယွီရွှေ့မျက်နှာဝင်းလက်သွား၏။

ဒါရာထူးတိုးခံရတာပဲ။

ခန်းမထဲမှထွက်ပြီးနောက် ယွီရွှေ့ကချက်ချင်းပင် သူ့သူဌေးကလုပ်ရန်ညွှန်ကြားသည်ကိုလုပ်ချင်စိတ်ရှိသဖြင့် စံအိမ်၏အသုံးမတည့်သေးသောမြေများဆီအပြေးသွားလိုက်လေသည်။

လူတိုင်းက အခွင့်အရေးကိုအမိအရဆုပ်ကိုင်ချင်ကြစမြဲ။

လူကြီးမှာလည်း လူကြီးအခွင့်အရေးအလျောက် လူငယ်မှာလည်း လူငယ်အခွင့်အရေးအလျောက်ပင်။ သေးငယ်သောရာထူးနှင့်လုပ်အားခတက်သည်ဆိုလျှင်တောင် တချို့လူများအတွက် အခွင့်အလမ်းများဖြစ်လေသည်။

ယွီရွှေ့က မြေလွတ်မြေရိုင်းနေရာသွား၍ သင့်တော်မည့်နေရာရှာရန်ထွက်သွားပြီးနောက် ချင်လင်လည်း အနောက်ဘက်ခြံဝင်းထဲစိုက်ပျိုးထားသော သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင် ၁၀ ပင်ကျော်ကျော်ကို ခန်းမထဲရွှေ့ကာ ပြတင်းပေါက်ဘေးစားပွဲတွင်နေရာချထားလိုက်သည်။

အိုးစိုက်ပင် ၁၀ ပင်ကျော်ကိုတူတူထားလိုက်သောအခါ သက်တန့်ရောင်ပန်းများရောယှက်သွား၏။ အလှချင်းပြိုင်နေသလိုပင်။

ထိုအိုးစိုက်ပန်းများကိုနေရာချပြီးသည်နှင့် ခန်းမထဲဝင်လာသောခရီးသည်များမှာ ဆွဲဆောင်ခံလိုက်ရသည်။

''သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်ပဲ... ပန်းပင်လယ်ထဲကအတိုင်း တကယ်သက်တန့်ရောင်စုံရှိတယ်''

''ပန်းပင်လယ်လိုမျိုး မှင်သက်ရလောက်အောင်မဟုတ်ပေမဲ့ အရမ်းလှတာပဲ... သေးသေးနုနုလေး''

''လေသာဆောင်မှာ သုံးလေးအိုးချထားရင် အရမ်းကောင်းမှာပဲ''

ချင်လင်က ထိုခရီးသည်များ၏စကားကြားလျှင် ပိုပြီးယုံကြည်ချက်ရှိလာသည်။

အပင်ချစ်သူတွေက သူတို့အိမ်တွေ၊ လသာဆောင်တွေမှာထားပြီး သေချာဂရုစိုက်ကြမည်။ သုံးပွင့်ဆိုင်ဇီးပန်းအိုးစိုက်ပင်များမှာ အပင်ချစ်သူတွေရွေးချယ်တတ်သော အပင်တစ်မျိုးဖြစ်လေသည်။



ကောင်တာရောက်သောအခါ ချင်လင်ကဖုန်းထုတ်၍ ဖူဟိုင်ပလတ်စတစ်ဘူးခွံမှကျန်းရှစ်ကိုခေါ်လိုက်သည်။

စီရင်စုငယ်လေးမှ ကုမ္ပဏီငယ်လေးအဖို့ နို့လက်ဖက်ရည်ခွက်အပြင် ထုတ်ကုန်အမျိုးမျိုးကိုလည်းလုပ်ရ၏။ သူတို့ဆီမှာ ရေပေါက်ပါပန်းအိုးရှိနိုင်သည်။

သူကအိုးစိုက်ပင်လုပ်မည်ဆိုမှတော့ ပန်းအိုးရှိထားရတော့မည်။ ပန်းအိုးများမှာ သဲကျောက်၊ ကြွေအိုးစသဖြင့် အမျိုးမျိုးရှိသည်။ သူရူးသွားမှပဲ ထိုအိုးတွေသုံးဖြစ်တော့မည်။

အများနည်းတူ သူလည်း ရေပေါက်ပါပန်းအိုးကိုသုံးရမည်။ ပုံအမျိုးမျိုး၊ အောက်ခံအမျိုးမျိုးလည်း ဖန်တီးနိုင်သည်။

ဖူဟိုင်ပလတ်စတစ်ရုံးခန်းထဲတွင် ကျန်းရှစ်မှာသူ့ဖုန်းကိုကြည့်နေသည်။ ချင်လင်နံပါတ်မှန်းသိသောအခါ သူကချက်ချင်းကောင်ကိုင်လိုက်၏။

ချင်းလင်စံအိမ်က သူနှင့်ရေရှည်စာချုပ်ချုပ်ထားသည်။ ထို့အပြင် ချင်းလင်စံအိမ်၏ဆေးဖက်ဝင်ပျားရည်၊ သစ်သီးလက်ဖက်ရည်၊ နို့လက်ဖက်ရည်၊ အနေတော်၊ ခွက်သေးအားလုံး တစ်နေ့ ၂၀၀၀ ကျော်မှာ တစ်လ ၇၀၀၀၀ နီးပါးဖြုန်းအားရှိသည်။

ဤသည်မှာ သူ့ကုမ္ပဏီလေးအတွက် ဖောက်သည်ကြီးဖြစ်နေလေပြီ။

ထို့အပြင် နောင်လည်း ချင်းလင်စံအိမ်မှာ ဒီထက်ပိုဖြုန်းအားရှိလာမည်မှန်း သူသေချာသိထားသည်။ စံအိမ်ရှိဆောက်လုပ်ရေးလုပ်ငန်းများကို မည်သူမဆိုတွေ့နိုင်ပေသည်။

ကျန်းရှစ်က အလျင်စလိုဖုန်းကောက်ကိုင်လိုက်ကာ_ ''ဥက္ကဌချင်... ဘာများမှာချင်ပါသလဲ?''

ချင်လင်ကတန်းမေးလိုက်သည်_ ''ပန်းအိုးတွေသွင်းပေးနိုင်မလား? သုံးပွင့်ဆိုင်ဇီးပန်းပုံနဲ့ ချင်းလင်စံအိမ်အမှတ်တံဆိပ်လည်းလိုတယ်''

''ရတာပေါ့'' စီးပွားရေးကတံခါးလာခေါက်ကြောင်းမြင်သည်နှင့် ကျန်းရှစ်ကလိုလိုလားလားပင်_ ''ပုံစံကရော ဥက္ကဌချင်ဘယ်လိုပုံလိုချင်လဲ? ရွေးကြည့်လို့ရအောင် လူကြိုက်များတဲ့ပြီးပြီးသားထုတ်ကုန်တချို့ကို တောင်ပေါ်ယူလာခဲ့ရမလား?''

''ကောင်းပြီလေ... စံအိမ်မှာစောင့်နေပါ့မယ်'' ချင်လင်ကမငြင်းပယ်။

ဖုန်းချပြီးနောက် ကျန်းရှစ်ကချက်ချင်းရုံးခန်းထဲမှထွက်ပြီး အောက်ထက်ဆင်းကာစီစဉ်လိုက်သည်။

သူကလုံးဝသတိမလွတ်ရဲ။ ဥက္ကဌချင်သာ သတင်းဖြန့်လိုက်ရင် ဒီစီးပွားရေးကိုလာလုမယ့်သူတွေရှိတယ်ဆိုတာ သူကောင်းကောင်းသိထားသည်။ ဥပမာ အရင်တစ်ခေါက်က ရှောင်ချန်ဘူးခွံလုပ်ငန်းရှုံးနိမ့်သွားသလိုပေါ့။

ယခုဥက္ကဌချင် သူ့ကိုဖုန်းခေါ်ရသည့်ပထမဆုံးအချက်မှာ အရင်တစ်ခေါက်က သူအနိုင်ရထားသည့်မှတ်တမ်းရှိခြင်းကြောင့်ပင်။ သူဒီအခွင့်အရေးကို လုံးဝလက်လွတ်မခံနိုင်။

ချင်လင်ကဖုန်းချပြီးနောက် အနောက်ဘက်ခြံထဲပြန်သွားကာ လယ်ကွက်ပုံစံငယ်ရှေ့ငုတ်တုပ်ထိုင်ချလိုက်ပြီး လေ့လာကြည့်လိုက်သည်။

အထဲတွင်မျိုးစေ့များချထားပြီးဖြစ်သော်လည်း တစ်ပင်မှပေါက်မည့်ပုံမပေါ်။ နောက်ထပ်ဆုံးရှုံးရမည့်ပုံပေါက်နေသည်။

ဂိမ်းထုတ်ကုန်ရှန်းရွှေလက်ဆောင်ဆန်မှာ ပတ်ဝန်းကျင်အနေအထားလိုက်၍ မျိုးစပ်နိုင်စွမ်းရှိသည်ဆိုသော်လည်း ဖြစ်နိုင်ချေမြင့်ပုံမရ။

နေ့လယ်ပိုင်းတွင် ကျန်းရှစ်မှာ ပန်းအရောင်အမျိုးမျိုး ပုံစံအမျိုးမျိုး ၇ မျိုးနှင့်ရောက်လာသည်။

ပုံမှာ 'ချင်းလင်စံအိမ်'စာလုံးနှင့် သုံးပွင့်ဆိုင်ဇီးပန်းပင်လယ်ဖြစ်သည်။ ချစ်စရာပုံ၊ ထူးထူးဆန်းဆန်းပုံနှင့်သာမန်ပုံများပါသည်။

ထူးထူးဆန်းဆန်းပုံကိုမြင်မြင်ချင်း သူကချက်ချင်းပယ်လိုက်၏။ သေလိုက်... ပန်းအိုးကို ဘယ်နှယ့်ချေးပုံပြောင်းလိုက်တာလဲ? ဘယ်ဉာဏ်ကြီးရှင်က ဒါကိုထွင်လိုက်တာလဲ?

နောက်ဆုံးချင်လင်က သာမန်ပုံကျကျတစ်ခုကိုသာရွေးလိုက်သည်။ အိုးစိုက်ပင်မှာ ပန်းရောင်းခြင်းဖြစ်သောကြောင့် အိုးကိုအသားပေး၍မရ။ အာရုံက ထူးဆန်းသည့်အိုးအပေါ်ရောက်သွားမည်။

ချင်လင်က ကျန်းရှစ်အား ၁၀၀၀၀ မှာလိုက်သည်။

ကျန်းရှစ်လည်း ပျော်ရွှင်စွာထွက်လာခဲ့၏။ သူပြန်ရောက်လျှင် ထိုပန်းအိုးတစ်သုတ်ကို သေချာပေါက်မျက်စိဒေါက်ထောက်ကြည့်ရမည်။ ဒီပန်းအိုးတွေက ပထမဆုံးတစ်သုတ်ဖြစ်သည်ဟု သူလုံးဝယုံကြည်ထားသည်။

ချင်းလင်စံအိမ်ကို အဆင်ပြေအောင်လုပ်ပေးရပေမည်။



All Chapters