← Chapters

အခုသူ့ကိုတရားစွဲနိုင်ပြီ! ငါးမျှားတံအဆင့်မြှင့်တင်ခြင်း!

Vol. 7 Ch. 102

အခုသူ့ကိုတရားစွဲနိုင်ပြီ! ငါးမျှားတံအဆင့်မြှင့်တင်ခြင်း!

Vol. 7 Ch. 102

ကျန်းရှစ်ထွက်သွားပြီးနောက် ချင်လင်ဆီနောက်ထပ်ဖုန်းဝင်လာသည်။

ထိုနံပါတ်က သူ့ကိုအံ့အားသင့်စေ၏။ ချန်ဟယ်ပင်။ အရင်တစ်ခေါက်က ချင်းလင်ဆော့အတွက်ကိုယ်စားလှယ်လုပ်ချင်ကြောင်း သူ့ကိုလာရှာခဒ့သောသူ။

တစ်ဖက်လူခေါ်ဆိုရခြင်းမှာ အရင်တစ်ခေါက်ဖြစ်ရပ်မှ အဖြေထွက်လာခြင်းကြောင့်ဖြစ်ရမည်။

ချင်လင်ဖုန်းကောက်ကိုင်လိုက်သည့်အခါ တဖက်မှ ချန်ဟယ်၏အသံကိုကြားရ၏_ ''ဥက္ကဌချင်... ဒီည Tiktok ကြည့်ဖို့မမေ့ပါနဲ့''

ချန်ဟယ်က ချင်လင်ကို ချင်းလင်ဆော့ကိုယ်စားလှယ်အကြောင်းတိုက်ရိုက်မပြော။ ဆော့စျေးကွက်အကြောင်းနှင့်ကြော်ငြာအကြောင်းသာပြောသည်။ ဤသည်ကလည်း သူ့တွင်ကိုယ်စားလှယ်ကောင်းလုပ်နိုင်စွမ်းရှိကြောင်း သွယ်ဝိုက်ပြောနေခြင်းပင်။

ချင်လင်က ချန်ဟယ်၏ခြေလှမ်းကိုရိပ်မိသော်လည်း ဒီညပွဲကိုစောင့်ကြည့်လိုက်၏။

ညပိုင်းတွင်_

ကျောက်မိုချင်းက စံအိမ်စာရင်းအပြီးသတ်ပြီးသောအခါ ချင်လင်က သူမနှင့်သူ့အမေကို အိမ်သို့ကားမောင်းပို့လိုက်၏။

ရေမိုးချိုးပြီး သန့်စင်ခန်းထဲမှထွက်လာစဉ် ကျောက်မိုချင်းက အိပ်ရာပေါ်တွင် စိတ်လှုပ်ရှားစွာအော်နေသည်ကိုတွေ့လိုက်ရ၏_ ''ချင်လင်... ဒီနာမည်ကြီးနေတဲ့ဗီဒီယိုကိုကြည့်လိုက်ပါဦး''

ချင်လင်က ဗီဒီယိုကြည့်ရန်အနားကပ်သွားလိုက်ရာ သူ့နှုတ်ခမ်းတွင်အပြုံးပေါ်လာသည်။

နာမည်ကြီးနေသည့်ခေါင်းစဉ်: ''ဒီတော့ အတုအယောင်ဖော်ထုတ်သူချွန်းချွန်းကို ချင်းလင်ဆော့နာမည်ဖျက်ဖို့ ငွေထိုးထားတာပေါ့... သူ့အကူက ဆော့နှစ်မျိုးကိုရောသွားတာမဟုတ်ဘူးပဲ''

ထိုဗီဒီယိုတွင် ချွန်းချွန်းနှင့် သူမအနောက်မှတစ်ယောက်စကားပြောထားသည့်မှတ်တမ်းလည်းပါသည်။

ဤသည်က အရှိုက်တည့်တည့်ပစ်ခြင်းပင်။

......

ယခုချင်းလင်စံအိမ်မှာ အလွန်နာမည်ကြီးနေပြီဖြစ်သည်။ ချင်းလင်ဆော့ကိုမြည်းသော ခရီးသည်တဖြည်းဖြည်းများလာပြီး မှတ်ချက်ကောင်းများလည်းရလာသည်။ ချွန်းချွန်းဖြစ်ရပ်နှင့်ပေါင်းလိုက်သောအခါ Tiktok ၏ခြေထောက်ရှည်ရှည်နှင့် နာမည်ကျော်အင်တာနက်ဆယ်လီများကိုပါ ဖုံးလွှမ်းနိုင်သွား၏။

ချင်းလင်စံအိမ်၏နာမည်ကျော်မှုကိုကျော်တက်နိုင်သည့် တစ်ခုတည်းသောသတင်းမှာ ထိပ်တန်းအင်တာနက်ဆယ်လီတစ်ဦးက အခွန်ရှောင်ခြင်းကြောင့် ယွမ် ၁.၃ ဘီလီယံဒဏ်ရိုက်ခံရခြင်းပင်ဖြစ်သည်။

ချွန်းချွန်း၏ထိုဗီဒီယိုထွက်လာသည်နှင့် ချက်ချင်းရေပန်းစားခေါင်းစဉ်ထဲဝင်သွား၏။ အရင်တစ်ခေါက်က သူမရှင်းလင်းချက်ထုတ်ခဲ့သော်လည်း ဒီတစ်ကြိမ်တွင်မူ ထိုသို့လုပ်ရန်အခွင့်အရေးပင်မရှိတော့။ ပြည်သူတွေက သည်လိုနေရာတကာအလံဖြူထောင်ပြီး ငွေမဲယူနေသော ကြောင်သူတော်အင်တာနက်ဆယ်လီများကို လုံးဝမုန်းကြသည်။ တခဏချင်း အားလုံးကဝိုင်းဆဲကြ၏။

''ဒါလား အတုအယောင်ဖော်တဲ့သူ? ဒါအရှိုက်ထိတာပဲ''



''ဟား ဟား ဟား... သူတော့လစ်ပြီ''

''ဟုတ်ပါပြီ... ဘာပဲဖြစ်ဖြစ် ပရိသတ်တွေက အယုံလွယ်တာကိုး... အရှိုက်ထိအောင်ပစ်တဲ့သူကပစ်ပေမဲ့ ယုံတဲ့သူကယုံနေကြတာပါပဲ''

“…”

ကျောက်မိုချင်းက လက်တုံ့ပြန်လိုက်ရပြီဖြစ်၍ ပျော်ရွှင်နေသည်_ ''ချင်လင်... ပြိုင်ဘက်ရဲ့ပုံတွေ အတင်ခံလိုက်ရပြီ... သူ့ရဲ့ဒီဗီဒီယိုပေါက်သွားတော့ သူ့ပရိသတ်တွေကျကုန်ပြီ''

အမှန်ပင် လာဘ်စား၍အတုအယောင်ဖော်သူဖြစ်သဖြင့် သူမကိုယုံကြည်လက်ခံနိုင်စွမ်းမရှိကြတော့ပြီ။ လက်ရှိထိုအကောင့်မှာ အမှိုက်ဖြစ်သွားပြီဟုပင်ဆိုနိုင်၏။

သို့သော်ချင်လင်က ချန်ဟယ်၏လက်ချက်မှန်းသိသည်။ ချန်ဟယ်ဘယ်လိုလုပ်ပြီး ထိုစကားပြောကိုရလဲ သူကသိချင်နေ၏။ အပြင်လူသာဆိုရင် ဒီနောက်ကွယ်ကလူရဲ့ရှင်းရှင်းလင်းလင်းမှတ်တမ်းကိုမရနိုင်ဘူး မဟုတ်လား?

စဉ်းစားစရာပင်။

ချန်ဟယ်က ရသာကောင်းနှင့်စာချုပ်သက်တမ်းပြည့်ပြီဖြစ်ပြီး ချင်းလင်ဆော့၏ကိုယ်စားလှယ်လုပ်ချင်နေသည်။ ဒါကလည်းပြဿနာမရှိနိုင်။ တစ်ဖက်လူက ငပိန်းမဟုတ်။

သို့သော်လည်း လက်ရှိဒီကိစ္စကိုအဖြေမရှာနိုင်သေး။ လောလောဆယ်အဆုံးသတ်ကတော့ သူဖြစ်စေချင်သည့်အတိုင်းဖြစ်သွားသည်။ ယခုအခြေအနေတွင် ချင်းလင်ဆော့မှာထပ်ပေါက်လာဦးမည်။ ဒီလူလိမ်မတော့ လုံးဝအရှိုက်ထိသွားပြီ။ သူ့ဒေါသလည်း ထွက်ပေါက်ရသွား၏။

ထိုအတွေးနှင့် သူကဖုန်းထုတ်ကာ ချန်ဟယ်ကိုခေါ်လိုက်သည်။

''စိတ်ကျေနပ်ရဲ့လား ဥက္ကဌချင်?'' ချန်ဟယ်ရဲ့မေးခွန်းထုတ်သံက ဖုန်းထဲမှထွက်လာ၏။

''ကျွန်တော်ရုတ်တရက်ကြီး အောင်ပွဲခံချင်လာလို့'' ချင်လင်ကပြောလိုက်သည်။ သူကစစနောက်နောက်နှင့် စပ်စုသလို_ ''ဒါပေမဲ့ သိချင်နေတာ... လူကြီးမင်းချန်ဘယ်လိုများ အဲဒီစကားပြောမှတ်တမ်းကိုရလိုက်တာလဲလို့? ဒါကတော့ တစ်ဖက်သားရဲ့အတွင်းရေးဖြစ်ချင်ဖြစ်မယ်''

ချန်ဟယ်ကပြုံး၍ ရှင်းပြလိုက်သည်_ ''အဲဒီအချိန်တုန်းက ချွန်းချွန်းကမင်မြို့တော်မှာဆိုတာ သိလိုက်ရတယ်... အဲဒီဟိုတယ်မှာလုပ်နေတဲ့ မန်နေဂျာတစ်ယောက်ကို ကျွန်တော်သိတယ်... တစ်ဖက်လူငွေချေတဲ့အကောင့်ကို ကျွန်တော်တိတ်တဆိတ်ရှာခဲ့တယ်... တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော့်ဇနီးက အဲဒီဘဏ်မှာလုပ်တာ... ပေါက်ကြားမှုတချို့ရှိပေမဲ့လည်း သဲလွန်စတွေနောက်လိုက်ပြီး နောက်ကွယ်ကလက်သည်ကိုလိုက်ရှာခဲ့တာ''

''စျေးကွက်ကကြီးတယ်ဆိုပေမဲ့ ဆော့ကိုယ်စားလှယ်ကနည်းနည်းပဲရှိတာ... တစ်ခုခုဆို သိပြီးသားပဲ... တိုက်တိုက်ဆိုင်ဆိုင် အဲဒီလက်သည်ကို ကျွန်တော်သိခဲ့တယ်... သူက အမေရိကန်ဘရန်း Delmon ရဲ့ကိုယ်စားလှယ်ပဲ... သူ့အတွင်းရေးက အရမ်းရှုပ်ထွေးတယ်... သူ့ရဲ့မဖွယ်မရာဗီဒီယိုတွေကို ကျွန်တော်နောက်ယောင်ခံယူခိုင်းထားတာ... သူ့မိန်းမသိမှာ သူကြောက်တယ်လေ''

''ဒီတော့ စကားပြောမှတ်တမ်းတချို့နဲ့ အလွှဲအပြောင်းမှတ်တမ်းပေါ့... ဟိုလူက သူကိုယ်တိုင်ပေးတာ... ချွန်းချွန်းသေတာရှင်တာ သူနဲ့ဘာဆိုင်လို့လဲ?''

''လူကြီးမင်းချန်... အားတဲ့အခါ ချင်းလင်စံအိမ်လာပါဦး!'' ချင်လင်က ကတိမတည်သူမဟုတ်။ ချန်ဟယ်ရှင်းပြချက်က ရိုးရှင်းသော်လည်း ထိုလုပ်ရပ်များမှာ စကားနည်းနည်းနှင့်ရှင်းသွားမည့်ကိစ္စလုံးဝမဟုတ်ပေ။

ဖုန်းချပြီးနောက် ချင်လင်က ဗီဒီယိုကြည့်ရင်းပြုံးနေဆဲဖြစ်သော ကျောက်မိုချင်းအား_ ''အခုတော့ ချွန်းချွန်းကိုရှေ့နေစာပို့ပြီး တရားစွဲလို့ရပြီ... စိတ်ထွက်ပေါက်ပေးချင်သေးလား?''

''အင်း!'' ကျောက်မိုချင်းကချက်ချင်းပြောလိုက်သည်_ ''မနက်ဖြန် စီနီယာအစ်ကိုချူကိုရှာပြီး စွဲဆိုချက်ရေးခိုင်းမယ်... သူကစွမ်းအားဥပဒေကုမ္ပဏီမှာ ဝတ်လုံရရှေ့နေပဲ... ချွန်းချွန်းကိုဘာမှမကျန်အောင်လုပ်ပစ်ရမယ်''

…

နောက်တစ်နေ့ သူအိပ်ရာမှထလာသည်။

ချင်လင်က စီနီယာအစ်ကိုချူနှင့်ထပ်ပြီးဆက်သွယ်လိုက်၏။ သူချွန်းချွန်းကို သေချာပေါက်တရားစွဲမည်။ ဤသည်မှာ အလျော်ရရန်မဟုတ်။သဘောထားကိုပြသခြင်းပင်။



ထို့နောက်သူက စက်ရုံဆီထွက်လာခဲ့၏။

စက်ရုံ၏ဝေဖာထုတ်သည့်လိုင်းမှာ ဖယ်လိုက်ပြီဖြစ်သည်။ တန့်ကွမ်းက စီရင်စုထဲမှကွတ်ကီးစက်ရုံတစ်ခုကိုဆက်သွယ်ပြီး ဝယ်လိုက်၏။ ဖယ်ရှားလိုက်သည့်နေရာနှင့်ပေါင်းလိုက်လျှင် နောက်ထပ်ထုတ်လုပ်ရေးလမ်းကြောင်းသုံးခုကို ကန့်သတ်ချက်မကျော်လွန်စေဘဲ စက်ရုံထဲထပ်ထည့်ရန် ပြဿနာမရှိတော့ချေ။

သို့သော် ဤကဲ့သို့လမ်းကြောင်းမျိုးမှာ တစ်နာရီပုလင်း ၁၀၀၀ သာထုတ်နိုင်သည်။ တစ်နေ့ ၁၀ နာရီနှုန်းနှင့် ပုလင်း ၁၀၀၀၀ ရ၏။

လက်ရှိထုတ်လုပ်ရေးလမ်းကြောင်းလေးခုမှာ တစ်နေ့ပုလင်း ၄၀၀၀၀ သာထုတ်နိုင်သည်။ နောက်ရက်ပိုင်းအတွင်း ထုတ်လုပ်ရေးလမ်းကြောင်းသုံးခုထပ်ချဲ့မည်ဆိုလျှင်တောင် တစ်နေ့ပုလင်း ၇၀၀၀၀ နှင့် တစ်လပုလင်း ၂.၁ သန်းသာရှိဦးမည်ဖြစ်သည်။

RT စျေးမှမှာထားသောပုလင်း ၃၀၀၀၀၀ မှာ ၅ ရက်အချိန်ယူရမည်။ ထို့အပြင် စံအိမ်အရောင်းလည်းရှိသေးသည်။ နောက်ပြီး အွန်လိုင်းအရောင်းဖွင့်သည့်အခါ နောက်ထပ်မှာယူမှုသေချာပေါက်ရှိလာဦးမည်။

မလုံလောက်။

မည်သည့်ထုတ်ကုန်ဖြစ်စေ ပြင်ပအရောင်းမှာအဓိကကျနေဆဲပင်။ ချန်ဟယ်ကိုကိုယ်စားလှယ်ပေးချင်လျှင် ပြင်ပအရောင်းအတွက် သေချာပေါက်လုံလုံလောက်လောက်ရှိရမည်။ ပုလင်း ၂.၁ သန်းမှာ လုံးဝလောက်မည်မဟုတ်ပေ။

အဓိကအချက်မှာ စံအိမ်ဝင်ငွေကို စိုက်ပျိုးရေးခြံနှင့်အပန်းဖြေစံအိမ်အတွက် ဆက်တိုက်မြှုပ်နှံနေရသည်။ ထုတ်လုပ်ရေးလမ်းကြောင်းသုံးခုထပ်ပေါင်းလိုက်လျှင် ဒီရက်ပိုင်းသူတို့ဝင်ငွေအားလုံးမြှုပ်နှံရဦးမည်။ ရံပုံငွေလုံလုံလောက်လောက်မရှိ။

ချင်လင်စက်ရုံရောက်ရောက်ချင်း တန့်ကွမ်းကအစီရင်ခံသည်_ ''ဥက္ကဌချင်... အွန်လိုင်းအရောင်းဌာနပြင်ဆင်ထားပြီး ပစ္စည်းတွေထုပ်ပိုးဖို့ဂိုဒေါင်လည်းတွေ့ထားပါတယ်... အခုရွှန်းဖုန်း ရှန်းထုံ ယွင်တတို့နဲ့ဆွေးနွေးနေပါတယ်... ဒီပစ္စည်းပို့တဲ့အပိုင်းတာဝန်ခံက ဘယ်သူကစျေးအကောင်းဆုံးပေးမလဲကြည့်ပါလိမ့်မယ်''

ချင်လင်က အမှတ်တမဲ့ပြောလိုက်သည်_ ''စာတိုက်ပို့တဲ့ဝန်ဆောင်မှုပဲမကြည့်နဲ့... ပစ္စည်းရဖို့အမြဲတမ်းထွက်ကြည့်နေရတယ်''

ဒီအွန်လိုင်းအော်ဒါအတွက် link ကို စံအိမ်တရားဝင်အကောင့်တွင်တင်မည်ဖြစ်သည်။

ချင်လင်ကဆက်၍_ ''လောင်တန့်... ဒီမှာကိုယ်စားလှယ်တစ်ယောက်တွေ့ထားတယ်... ဒီထုတ်လုပ်မှုလေးနဲ့မလောက်ပေမဲ့ အခုရံပုံငွေလည်းလုံလုံလောက်လောက်မရှိဘူး''

တန့်ကွမ်းက_ ''ဒါဆိုရင် လူသစ်ခေါ်ရအောင်... ကျွန်တော်တို့ဝန်ထမ်းအသစ်နဲ့အဟောင်းရောပြီးနှစ်ဖွဲ့အလှည့်ကျစနစ်နဲ့လုပ်မယ်... ဒီလိုဆိုရင် ထုတ်ကုန်နှစ်ဆတိုးလာမယ်... ညပိုင်းအလှည့်ကျဝန်ထမ်းတွေကို လုပ်ပုံလုပ်နည်းအတိုင်းထောက်ပံ့ကြေးပေးမယ်''

''အင်း... ထောက်ပံ့ကြေးကပြဿနာမရှိဘူး'' ချင်လင်ခေါင်းညိမ့်လိုက်သည်။ ဒါကလတ်တလောအမြန်ဆုံးနည်းလမ်းလည်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူတို့ထောက်ပံ့ငွေကလည်း အကန့်အသတ်ရှိနေသည်လေ။

ချင်လင်ကတန့်ကွမ်းနှင့် တခြားစက်ရုံပြဿနာများဆွေးနွေးလိုက်ပြီး နေ့လယ်ပိုင်းတွင်စံအိမ်ပြန်လာခဲ့သည်။

နေ့လယ်ပိုင်းတွင် စံအိမ်ကိစ္စများဖြေရှင်းပြီးလျှင် ချင်လင်ကဂိမ်းဇာတ်ကောင်အား ငါးမျှားတံယူ၍ မြစ်တွင်ငါးမျှားစေလိုက်သည်။

ဒီနေ့ထပ်ပေါက်သောငါးများကို ဖမ်းနိုင်ပြီဖြစ်၏။

(သဘာဝငါးကြင်းနက်တစ်ကောင်ဖမ်းမိပါတယ် - အရည်အသွေး ၁)

…

(သဘာဝကကတစ်ငါးတစ်ကောင်ဖမ်းမိပါတယ် - အရည်အသွေး ၁!)

ဆက်တိုက်ငါးများစွာဖမ်းမိပြီးနောက် ချင်လင်ကဂိမ်းဇာတ်ကောင်အား ငါးမျှားတံထပ်ပစ်ခိုင်းရုံရှိသေး နောက်ထပ်အသိပေးစာရလိုက်သည်:

(ငါးမျှားတံကိုအဆင့်မြှင့်တင်နိုင်ပါပြီ။ ပန်းပဲဆိုင်သွား၍ အဆင့် ၂ ကြေးနီငါးမျှားတံအဖြစ်အဆင့်မြှင့်နိုင်သည်!)

အသိပေးစာရပြီးနောက် ချင်လင်မျက်လုံးများအရောင်တောက်သွား၏။ သူကချက်ချင်းဂိမ်းဇာတ်ကောင်အား ငါးမျှားတံပြန်ရုတ်စေပြီး သတ္တုမြို့တော်မှပန်းပဲဆိုင်သို့သွားစေလိုက်သည်။

စိုက်ပျိုးမွေးမြူရေးပုံပြင်ထဲတွင် အဆင့်မြင့်ငါးမျှားတံမှာ ငါးပိုဖမ်းနိုင်ရုံသာမက အရည်အသွေးမြင့်ငါးများကိုဖမ်းနိုင်ဖို့လည်း ပိုများလေသည်။



All Chapters