← Chapters

ကျင့်ကြံရန် အချိန် (၂)

Vol. 65 Ch. 910

ကျင့်ကြံရန် အချိန် (၂)

Vol. 65 Ch. 910

အင်ပါယာ မျိုးနွယ် ထွက်ခွာသွားပြီးနောက် တစ်လ အကြာ...

လှပသော ခြံဝန်းကလေး အတွင်းရှိ ချိပ်ပိတ် အခန်း တစ်ခုထဲ၌ ဝေ့ဝူယင်မှာ တင်ပျဉ်ချိတ် ထိုင်နေခဲ့၏။ သူ၏ အရှေ့တည့်တည့်တွင်တော့ မှော်ဆေးအိုး တစ်ခု ရှိနေခဲ့သည်။ အခန်း၏ နံရံများမှာ ဆေဘာအလင်းဖြင့် တဖိတ်ဖိတ် တောက်ပနေသည်။ ဆန်းကြယ် ဆေဘာ ဖိနှိပ်ခြင်း ဝင်္ကပါမှာ အသက်ဝင်နေကာ အဂ္ဂိရတ် စွမ်းအင်နှင့် အော်ရာ ထုတ်လွှတ်မှုများကို တားဆီးထားသည်။

ပိုင်လင်မှာ ဝေ့ဝူယင်၏ နောက်၌ သက်တောင့်သက်သာ လှဲလျောင်း နေခဲ့၏။ သူမက မျက်လုံးများကို မှိတ်ထားကာ အနားယူ နေခဲ့ခြင်းပင် ဖြစ်လေသည်။ ဝေ့ဝူယင်ကို ကူညီလိုက် အနားယူလိုက်ဖြင့် နေ့ရက်များမှာ အငြိမ်းချမ်းဆုံး အချိန်အခါများဟုပင် သူမ တွေးနေခဲ့မိသည်။

ဝေ့ဝူယင်၏ ငွေရောင် မျက်လုံးများမှာ ဒြပ်စင်ဥဿုံ နေကြတ် မှော်ဆေးအိုးကို အပြည့်အဝ အာရုံစိုက် ထားသည်။ အဂ္ဂိရတ် ကြယ်များမှာ သူ့မျက်လုံး အတွင်း တဖျပ်ဖျပ် တောက်ပနေ၏။ အခန်း တစ်ခုလုံးမှာ အဂ္ဂိရတ် မြူနှင်းများနှင့် ပြည့်နှက်နေသည်။တစ်ခါတစ်ရံ၌ ဝေ့ဝူယင်မှာ လက်ဟန် မုဒြာ အချို့ကို ထုတ်ဖော်ကာ အဂ္ဂိရတ် ဧဒင် အင်အားများကို မှော်ဆေးအိုးထဲ ပို့ဆောင်ပေး နေခဲ့၏။

တစ်ခဏ အတွင်းမှာပင် အပြောင်းအလဲ ခုနစ်အထိ ရောက်ရှိသွားသည်။ ထိုဖြစ်စဉ်ကြီး တစ်ခုလုံးမှာ ငါးမိနစ်ခန့်မျှသာ ကြာမြင့်ခဲ့သည်။

ဟူး... ဟူး...

ရုတ်ချည်းပင် အသန့်စင်ဆုံး မြူနှင်းများမှာ တုန်ရီ၍ ထူထပ် သိပ်သည်းလာ၏။ အမျိုးမျိုးသော ရောင်စုံ အလင်းတန်းများမှာ ဒြပ်စင်ဥဿုံ နေကြတ် မှော်ဆေးအိုး အတွင်း ပေါက်ကွဲ ထွက်ပေါ်လာ၏။ ၎င်းတို့က မိုင်ပေါင်းများစွာကို ဖြန့်ကျက်နိုင်လောက်သည့် အရှိန်အဟုန်ဖြင့် ပြေးထွက်သွားကြသော်လည်း နံရံများနား ကပ်သည်နှင့် ဆေဘာအလင်း၏ ဖိနှိပ်မှုကို ခံလိုက်ကြရသည်။

ဝေ့ဝူယင်က အသာအယာပင် ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ရာ မှော်ဆေအိုးထဲမှ ပုံရိပ် သုံးဆယ့်သုံးခု ထွက်ပေါ်လာ၏။ ၎င်းတို့က အသေးစား အဇူရာ နေကြယ်ကလေးများနှင့် တူကာ ကိုယ်ပိုင် ခါးပတ်များကို ပိုင်ဆိုင် ထားကြသည်။ ထိုအရာက သေမျိုးနှင့် လျှို့ဝှက် တာအို ပေါင်းစပ်ခြင်းထားသည့် သာလွန်ခြင်း အဆင့် အဂ္ဂိရတ် ထုတ်ကုန် တစ်ခု၏ လက္ခဏာရပ်များပင် ဖြစ်လေသည်။

ဝေ့ဝူယင်က ဆေးလုံး သုံးဆယ့်သုံးလုံးကို စစ်ဆေးလိုက်၏။ ထို့နောက် သူက ကျေနပ်သည့် လေသံဖြင့် အားရပါးရ အော်ဟစ် ရယ်မောလိုက်လေသည်။

“ဟား ဟား... ဒါပဲလေ ငါလုပ်နိုင်ပြီကွ”

နောက်ဆုံး၌ သူ ကောင်းကင် သုံးဆယ့်သုံးသွယ် နည်းလမ်းကို သုံး၍ သာလွန်ခြင်း အဆင့် ထုတ်ကုန်များကို ဖော်စပ် နိုင်ခဲ့ပြီ ဖြစ်သည်။

သူ မျက်လုံးများ မထိခိုက်ခင် ကြယ်ကိုးပွင့် ကြယ်တာရာ နယ်မြေတွင် ရှိစဉ်က သာလွန်ခြင်း အဆင့် အရည်အသွေးရှိသည့် အဆင့်ကိုး လောကရေလွှမ်းမိုးခြင်း ဆေးလုံးကို လောကကိုးသွယ် ဖော်စပ်ခြင်း နည်းလမ်းဖြင့် အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။

(လောကကိုးသွယ် ဖော်စပ်ခြင်း နည်းလမ်းမှာ ဆေးလုံး ကိုးလုံးကို တစ်ပြိုင်နက်တည်း ဖော်စပ်သည့် နည်းလမ်း ဖြစ်သည်။ ကောင်းကင် သုံးဆယ့်သုံးသွယ် နည်းလမ်းကတော့ လောကကိုးသွယ် နည်းလမ်းမှ ဆင့်ပွားထားသည့် နည်းလမ်း တစ်ခု ဖြစ်ကာ ဆေးလုံး သုံးဆယ့်သုံးလုံးကို တစ်ပြိုင်နက်တည်း ဖော်စပ်နိုင်သည်။)

ဧဒင်လောကဂိုဏ်းတွင် နေထိုင်စဉ် အခါက ဆရာဖြစ်သူမှာ မြေကြီး ကိုးဆယ့်ကိုးသွယ် နည်းလမ်းကို ဖော်စပ်နိုင်မှသာ အစစ်အမှန် အဂ္ဂိရတ် ပညာရှင် တစ်ယောက် အဖြစ် သတ်မှတ်နိုင်ကြောင်း ပြောပြခဲ့သည်။ မှားသည်ဖြစ်စေ မှန်သည် ဖြစ်စေ ထိုစကားက ဝေ့ဝူယင် စိတ်ထဲ အမှန်တရား တစ်ခုလို စွဲထင် နေခဲ့ပြီ ဖြစ်သည်။ မည်သည့် အဂ္ဂိရတ် ထုတ်ကုန်ကို ဖြစ်စေ ကောင်းကင် သုံးဆယ့် သုံးသွယ် နည်းလမ်းဖြင့် မဖော်စပ် နိုင်သေးသ၍ သူ ဘဝင် မကျတော့ချေ။

လက်ထဲရှိ လောက ရေလွှမ်းမိုးခြင်းဆေးလုံး သုံးဆယ်သုံးလုံးကို ကြည့်ရင်း ဝေ့ဝူယင် အမှန်တကယ် ကျေနပ်နေမိသည်။

“ဒါဆိုရင် အခု ငါက သာလွန်ခြင်း အဆင့် သေမျိုး အဂ္ဂိရတ် အာဏာရှင် ဖြစ်သွားပြီပေါ့လေ... ဒါမှမဟုတ် အခြား နာမည် တစ်ခု ပေးရင် ကောင်းမလား...”

ဝေ့ဝူယင် မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားလိုက်၏။

“သေမျိုး အဂ္ဂိရတ် ရှန့်ထို ဆိုရင်ရော...”

ဝှစ်... ဝှစ်...

“ကလန့်...”

“ဝရား...”

“ဟီး... ဟီး...”

သူ့ အတွေး မဆုံးခင်မှာပင် ကြယ်တာရာ ဝိညာဥ် လေးခုမှာ အပြင်သို့ ထွက်ပေါ်လာကာ ဆေးလုံး သုံးဆယ့် သုံးလုံး အတွက် နောက်တစ်ကြိမ် တိုက်ပွဲတစ်ခု ဆင်နွှဲတော့၏။

ဝေ့ဝူယင်က နောက်ရှိ ပိုင်လင်၏ ခန္ဓာကိုယ်ကို မှီချလိုက်ကာ ကြယ်တာရာ ဝိညာဥ်များ၏ တိုက်ပွဲကို ပွဲကြည့်သလို ကြည့်နေလိုက်တော့သည်။ တိုက်ပွဲ ဘယ်လောက်ပင် ပြင်းထန်စေကာမူ ရလဒ်က နောက်ဆုံး၌ အတူတူ ဖြစ်မည်ကို သူ ကြိုတင် သိရှိပြီး ဖြစ်ပေသည်။

ဧဒင်က အမြစ်များကို ဆန့်ထုတ်၍ ဘုရင်နှင့် အိုရီတို့ကို တားဆီးရန် ကြိုးစားနေစဉ်မှာပင် ခရာတိုက ဟင်းလင်းပြင် ဖြတ်ကျော်သည့် နည်းလမ်းကို သုံးကာ အားလုံးကို တစ်ခုပြီး တစ်ခု ယူဆောင် နေခဲ့ပြီ ဖြစ်သည်။ နောက်ဆုံး၌ ဧဒင်၊ ဘုရင်နှင့် အိုရီတို့ သုံးယောက်မှာ အတူတကွ ပူးပေါင်းကာ ခရာတိုက၏ လွတ်လမ်းများကို တားဆီးရန်သာ တတ်နိုင်တော့သည်။

သူတို့၏ ပြိုင်ဆိုင်မှုများက အလွန် ပြင်းထန်လေရာ အခန်း တစ်ခုလုံးမှာ တဟုန်းဟုန်း တုန်ရီ နေ၏။ အဆုံးသတ်တွင်တော့ ထိုကလေးများမှာ မောပန်းသွားဟန် ရကာ ဆေးလုံးများကို အညီအမျှ ခွဲဝေ ယူလိုက်ကြသည်။

ဝေ့ဝူယင် ကျေနပ်စွာ ပြုံးလိုက်မိ၏။ သူတို့က သည်အတိုင်း ပျော်ရွှင်လိုကြခြင်း ဖြစ်လေရာ သူ နှောက်ယှက်စရာ အကြောင်း မရှိပါချေ။ ထို့အပြင် ကလေးများ အချင်းချင်း လုယက်နေသည်ကို ကြည့်ရတာ ပျော်ရွှင် ကြည်နူးစရာ ကောင်းပေသည်။

ဝေ့ဝူယင် ပိုင်လင်ကို မှီရင်း ဆက်လက် အတွေးနယ်ချဲ့ နေမိ၏။ လွန်ခဲ့သည့် တစ်လ အတွင်း၌ သူ မတူညီသည့် သာလွန်ခြင်း အဆင့် ထုတ်ကုန် ဆယ့်ရှစ်ခုကို အောင်မြင်စွာ ဖော်စပ် ပြီးခဲ့ပြီ ဖြစ်သည်။ ထိုထုတ်ကုန်များ ဖော်စပ်မှု၌ သူ၏ ကျွမ်းကျင်မှုက အလွန်ပင် မြင့်မားလာခဲ့ကာ ပထမ အကြိမ် ဖော်စပ်မှုတွင်ပင် အရည်အသွေးနိမ့် ထုတ်ကုန်များ ‌ထွက်ပေါ်လာရန် မဖြစ်နိုင်တော့ကြောင်း ရှာဖွေ တွေ့ရှိခဲ့သည်။

ကံမကောင်းစွာပင်... အစစ်အမှန် ဒြပ်စင်ဂိုဏ်းထဲမှ အသုံးဝင်သည့် ဆေးညွှန်း အသစ်များ သူ မရရှိနိုင်ခဲ့ချေ။ ဂိုဏ်းထဲ၌ ကိုယ်ပိုင် အဂ္ဂိရတ် ဌာနခွဲ ရှိသည့်တိုင် ၎င်းက ရွှေအဆင့် အဂ္ဂိရတ် အင်အားစုများလောက်ပင် စုံလင်ခြင်း မရှိလှချေ။

ထိုအရာက ထာဝရ ကြယ်တာရာ နယ်မြေတွင် ထာဝရ ဧကရာဇ် ထားရစ်ခဲ့သည့် အဂ္ဂိရတ် အမွေအနှစ်လောက်သာ ရှိပေသည်။ ဘယ်လိုပဲ ဖြစ်ဖြစ်... ၎င်းက အဂ္ဂိရတ် အစီအရင်၊ နည်းလမ်းတို့နှင့် ပတ်သက်သည့် ဝေ့ဝူယင်၏ ဗဟုသုတပိုင်းကိုတော့ အနည်းငယ် မြှင့်တင်ရန် လုံလောက်ခဲ့ပေသည်။

ဝေ့ဝူယင် ဝမ်းဗိုက်ကို ညင်သာစွာ ထိလိုက်မိ၏။

“ငါ့ရဲ့ ကျင့်ကြံခြင်းက နောက်တစ်ကြိမ် အကန့်အသတ်ကို ထပ်ရောက်သွားပြီ”

ရှစ်ဆယ့် တစ်မီတာ အရွယ်အစား ရှိသည့် ကြယ်တာရာ အမြုတေများကို ခံစားရင်း ဝေ့ဝူယင်၏ မျက်လုံးထဲ၌ ကျေနပ်သည့် အရိပ်အယောင်များ ပေါ်လာခဲ့၏။ မရေမတွက်နိုင်သည့် သာလွန်ခြင်း အဆင့် လောကရေလွှမ်းမိုးခြင်း ဆေးလုံးများကို သန့်စင်ပြီးနောက်တွင် ကြယ်တာရာ အမြုတေ တစ်ခုချင်းစီတွင် ရှိသည့် လျှို့ဝှက် သင်္ကေတ အရေအတွက်မှာလည်း တိုးတက် လာခဲ့ပြီ ဖြစ်သည်။

သည့်မတိုင်ခင် အချိန်က သူ၏ လောကပင်လယ် တစ်ခုချင်းစီတွင် လျှို့ဝှက် သင်္ကေတ ခြောက်ခုသာ ရှိခဲ့သည်။ ၎င်းတို့မှာ ကြယ်အမြုတေ အဆင့်တွင် ဖြစ်ပေါ်လာလေ့ ရှိသည့် လျှို့ဝှက် သင်္ကေတ မျိုးစေ့များ ဖြစ်ကြောင်း သူ ဝူယုထံမှ သိရှိခဲ့ပြီး ဖြစ်သည်။ ထိုအဆင့်၌ ကျင့်ကြံသူများမှာ လျှို့ဝှက် သင်္ကေတ ရှစ်ဆယ့် တစ်ခုကို စုပ်ယူ သန့်စင်ကာ လျှို့ဝှက်တာအိုကို ထိုးထွင်း သိမြင်နိုင်ဖို့ ကြိုးစားရသည်။ ထိုမှ တစ်ဆင့် ခြေချခြင်း ဖြစ်စဉ်ကို ကျော်လွှားကာ သင်္ကေတ အဆင့်ကို ဆုံးဖြတ်ရသည်။

အစစ်အမှန် လျှို့ဝှက် အာဏာရှင် တစ်ယောက် ဖြစ်လာရန် အခြား အရေးကြီးသော အချက်များလည်း ရှိပေသေးသည်။ အထူးသဖြင့် ရုပ်ခန္ဓာ သန့်စင်မှုပင်။ အကယ်၍ ရုပ်ခန္ဓာသာ လုံလောက်အောင် မသန်မာပါက ဘယ်လောက်ပင် ထိုးထွင်းသိမြင်မှု မြင့်မားစေကာမူ ကျိန်းသေ ကျရှုံးရလိမ့်မည် ဖြစ်သည်။

“လျှို့ဝှက် သင်္ကေတ မျိုးစေ့ ရှစ်ဆယ့်တစ်ခုကို သန့်စင်ရတာနဲ့တင် အရမ်းကို ခက်ခဲတဲ့ အလုပ် ဖြစ်နေပြီ”

လောကပင်လယ် တစ်ခုချင်းစီတွင် ရှိနေသည့် လျှို့ဝှက် သင်္ကေတ မျိုးစေ့ ခြောက်ဆယ့် ခုနစ်ခုစီကို ကြည့်ရင်း ဝေ့ဝူယင် မှတ်ချက်ချလိုက်မိသည်။

ထိုသာလွန်ခြင်း အဆင့် ဆေးရည်များမှာ သူ့‌လောကပင်လယ်ကို လျှို့ဝှက် အမတေနှင့် ဆက်သွယ်စေကာ လျှို့ဝှက် သင်္တေက မျိုးစေ့များကို ဖွဲ့စည်း ပေးခဲ့သည်။ အကယ်၍ ရှစ်ဆယ့် တစ်ခု အထိ ရောက်ရှိလာပါက အပြောင်းအလဲများ ဖြစ်ပေါ်လာလိမ့်မည်ဟု ဝေ့ဝူယင် ခံစားရသည်။

“နောက်တစ်ကြိမ် ပြန်စလိုက်ကြရအောင်...”

ဝေ့ဝူယင်က နှိုးဆော်လိုက်၏။ ပိုင်လင်၏ မျက်လုံးများက ပွင့်လာကာ ရွှေသွေးရောင် အလင်းများဖြင့် တောက်လောင် လာခဲ့သည်။ နောက်တစ်ကြိမ် ပြန်စရန် သူမ အဆင်သင့် ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။

....

ငါးမိနစ်မျှ ကြာမြင့်ပြီးနောက်....

‌နောက်ထပ် သာလွန်ခြင်း အဆင့် လောကရေလွှမ်းမိုးခြင်း ဆေးလုံး သုံးဆယ့် သုံးလုံး ပေါ်ထွက်လာခဲ့ပြန်ပြီ ဖြစ်သည်။

“ကောင်လေးတွေ...”

ဝေ့ဝူယင်က ခေါ်လိုက်ရင်း ကြယ်တာရာ ဝိညာဥ်များ၏ တိုက်ပွဲကို နောက်တစ်ကြိမ် ကြည့်ရန် စောင့်နေလိုက်၏။ သို့သော်လည်း အချိန် ကြာမြင့်သည် အထိ မည်သည့် လှုပ်ရှားမှုမှ ပေါ်မလာခဲ့ချေ။ ဝေ့ဝူယင် ကြယ်တာရာ ဝိညာဥ်များကို ကြည့်လိုက်ရာ သူတို့မှာ ထူးဆန်းစွာဖြင့် တိတ်ဆိတ်နေကြောင်း တွေ့လိုက်ရ၏။

“ဘာလို့လဲ...”

ပုံမှန်ဆိုလျှင် ထိုကောင်လေးများမှာ အဂ္ဂိရတ် ထုတ်ကုန်များ ဖော်စပ်ပေးရန် သူ့ကို အမြဲမပြတ် ပူဆာ နေခဲ့ကြခြင်း ဖြစ်သည်။ ယခု အဘယ်ကြောင့် ငြိမ်သက်နေရသနည်း။

“...”

ဘုရင်၊ ခရာတိုနှင့် ဧဒင်တို့က မှုန်ရီသည့် စွမ်းအင် အငွေ့အသက်များကို ထုတ်လွှတ်လိုက်ကြ၏။ သူတို့က မသေချာ မရေရာဖြစ်နေဟန် ရကာ တစ်ချိန်တည်း၌ အနည်းငယ် ကြောက်လန့်နေပုံ ပေါ်သည်။ သူတို့မှာ ထျန်းတျန်၊ နှလုံးသားနှင့် အသိစိတ် ပင်လယ်တို့ထဲမှ ထွက်လာကြမည့် လက္ခဏာ မရှိချေ။

“ဘာဖြစ်ကြတာလဲကွ...”

ဝေ့ဝူယင် မျက်မှောင်ကြုတ်ကာ မေးလိုက်၏။

“နောက်တစ်ကြိမ် အဲဒီလို ထပ်ဖြစ်ရန် ဘယ်လိုလုပ်မလဲ...”

အိုရီက မဝံ့မရဲဖြင့် မေးလိုက်သည်။ သူက ကြောက်လန့်နေသည်မှာ ထင်ရှားပေသည်။

“...”

ဝေ့ဝူယင်မှာ သူတို့၏ စိုးရိမ်မှုများကို နားလည်သွား၏။ သူ နွေးထွေးစွာ ပြုံးလိုက်မိသည်။ လောကပင်လယ်များထဲတွင် သင်္ကေတ မျိုးစေ့ ရှစ်ဆယ့်တစ်ခု ပြည့်ပါက အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ကို သူတင်မက ကြယ်တာရာ ဝိညာဥ်များမှာလည်း ခံစားမိကြပေသည်။

ထိုအပြောင်းအလဲက ဝိညာဥ်အင်အားကို ကြီးမားစွာ မြင့်တက်စေနိုင်ကာ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ နောက်တစ်ကြိမ် ကွယ်သွားနိုင်ချေ ရှိသည်။ ထိုကပ်ဘေးကို တစ်ကြိမ် ကြုံတွေ့ခဲ့ရပြီး နောက်တွင် သူတို့ထံ၌ စိတ်ရောဂါ တစ်ခု ရှိနေခဲ့ပြီ ဖြစ်သည်။ ကောင်းကင်ဘုံ နတ်မျက်လုံးများ ပျောက်ဆုံးနေသည့် အတွင်း ဝေ့ဝူယင်မှာ သေမင်းနှုတ်ခမ်းဝသို့ အကြိမ်ကြိမ် ရောက်ရှိခဲ့သည်။

ချိုက်လျှို့ယန်နှင့် ရင်ဆိုင်ရခြင်း ကဲ့သို့ မူလစစ်မြေပြင်မှ အဖြစ်အပျက်များနှင့် ဆက်စပ်မှု စစ်မြေပြင် တိုက်ပွဲတို့တွင် အမြင်အာရုံ ကင်းမဲ့မှုကြောင့် ဝေ့ဝူယင် များစွာ ဒုက္ခရောက်ခဲ့ရသည်။ ထာဝရ နယ်မြေတွင် ဆိုလျှင် ထာဝရ သူရဲကောင်းများ လက်ချက်ဖြင့် သေမလို အထိ ဖြစ်ခဲ့ရသည်။

အကယ်၍ ဝမ်မင်ယာသာ သူ့နံဘေး၌ မရှိလျှင် မည်ကဲ့သို့ လုပ်မည်နည်း။ ဘာကြောင့်မှန်း မသိပဲ ဆိုးဆိုးရွားရွား သေဆုံးသွားရမည်မှာ ကျိန်းသေပေသည်။

***

All Chapters