အခန်း (၇၅၁)
Vol. 51 Ch. 751
ရှစ်ဖုန့်၏ ငရဲဘုံကိုးခု ရွေ့လျားမှုပညာရပ်ဖြင့် အနက်ရောင်အလောင်းဂိုဏ်းမှလူများ
အားလိုက်မှီရန်သူ့အတွက် မခက်ခဲလှပေ။
အခြားတစ်ဖက်တွင် ဤအချိန်၌ရှစ်ဖုန့်အနေဖြင့် မည်သည့်အခြားလှုပ်ရှားမှုတစ်ခုကိုမှ လုပ်ဆောင်ရန်ရည်ရွယ်ချက်ရှိပုံမရပေ။ မီးခိုးဖြူရောင်အလင်းတန်းများ၏နောက်မှ သွေးနီရောင်ပုံရိပ်တစ်ခုကလိုက်ပါနေသည်။
အေးစက်သောမျက်နှာတစ်ခုနှင့် သူက လူသားမကျတစ္ဆေမကျသော သူများအား တစ်ချက်ကြည့်လိုက်သည်။
အနက်ရောင်အလောင်းဂိုဏ်းမှလူများမှာ ဤမွန်းစတားအနေဖြင့် သူတို့အားတိုက်ခိုက်ရန် မည်သည့်ရည်ရွယ်ချက်မှရှိမနေသည်ကို ဖြည်းဖြည်းချင်းသဘောပေါက်လာသည်။ ထိုအစားသူကသူတို့၏နောက်မှသာ
လိုက်လာခြင်းဖြစ်သည်။ သူဘာလုပ်နေသနည်း။ သူကသူတို့ဂိုဏ်းသို့ပြန်သည့်
နောက်သို့လိုက်လာခြင်းလော။
ဂိုဏ်းသို့လိုက်လာခြင်းလော။
ဤအချိန်၌စွမ်းအားကြီးပုံရိပ်တစ်ခုက သူတို့၏စိတ်ထဲတွင်ပေါ်လာသည်။ ထိုလူသာထိုနေရာ၌ရှိနေသ၍ အနက်ရောင်အလောင်းဂိုဏ်းသို့လိုက်
လာရဲသည့်မည်သူမဆို သေလမ်းကိုရှာခြင်းသာဖြစ်လေသည်။
ဤလူက သေခြင်းနေခြင်းသာဖြစ်လိမ့်မည်ဖြစ်သည်။
ရှစ်ဖုန့်ကတကယ့်ကို၎င်းတို့နောက်မှ
လိုက်ပါလာခြင်းဖြစ်သည်။ ၎င်းတို့ကဘယ်နေရာကလာသည်
ကိုသူမြင်တွေ့ချင်သည်။ ဤရှေးဟောင်းကမ္ဘာသို့ဝင်နိုင်သည့်အခြားသော ဝင်ပေါက်များရှိနေမည်လားဆိုသည်
ကိုသူသိချင်သည်။
ထို့နောက် သူက အနက်ရောင်အလောင်းဂိုဏ်းဆီသို့ အလည်အပတ်တစ်ခေါက်သွားလိမ့်မည်ဖြစ်သည်။
ဤအချိန်တွင် တီရှာ၌ရှစ်ဖုန့်၏နောက်မှတောက်
လျှောက်လိုက်ပါလာသည်။ ရှစ်ဖုန့်ကရှေ့သို့တက်ကာ ၎င်းတို့အားသတ်ရမည့်အစား အဘယ့်ကြောင့် ၎င်းတို့နောက်မှသာလိုက်နေသည်
ကိုသူနားလည်ခြင်းမရှိပေ။ သူ၏နှလုံးသားထဲမှ အမုန်းတရားတို့သက်သာရန်အတွက် ထိုသို့လုပ်ဖို့လိုသည်ဖြစ်သည်။
သို့သော်ရှစ်ဖုန့်ကဘာလုပ်ဆောင်ချက်
မှမလုပ်သောကြောင် တီရှာကလည်း သူ၏နောက်မှလိုက်ပါလာရုံသာတက်နိုင်သည်။
“ဒုတိယဦးလေး.ဘာတွေဖြစ်နေတာလဲ”
ရှစ်ယင်၏ဘေး၌ရှိနေသောရှစ်လင်းက သူ၏နောက်ရှိသွေးနီရောင်ပုံရိပ်အား
မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။
“ဟမ့်”
ရှစ်လင်းကနှာမှုတ်ပြီးပြောလိုက်သည်။
“ကျွန်တော့်အဖေသာဒီနေရာမှာရှိနေရင် သူသေမှာ.. ဒါဆို ကျွန်တော်တို့သူ့ကိုလိုက်ခွင့်ပေးလိုက်မယ်. ဒါမှသာ ကျွန်တော်တို့သူကိုရှာစရာမလိုမှာ”
“ဟုတ်တယ်. ဒီလူသေရမယ်.. အနက်ရောင်အလောင်းဂိုဏ်းကသေခြင်း
ကောက်ရိတ်တံစဉ်ကိုရကိုရရမယ်”
ရှစ်ယင်က လည်းထိုလူ အနက်ရောင်အလောင်းဂိုဏ်းသို့လိုက်လာသည်နှင့်သေချာပေါက်သေပြီဟု တွေးလိုက်သည်။
ယင်ခင်က သေခြင်းကောက်ရိတ်တံစဉ်ကိုအသုံးပြု၍ ၎င်းထုတ်ဖော်နိုင်သည့် အားအကောင်းဆုံးတိုက်ခိုက်မှုက ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်ဖြစ်
သည်ကိုရှစ်ယင်အာရုံခံမိပြီးဖြစ်သည်။
ထိုလူက သူ၏ သွေးသားတော်စပ်သူအကို ရှစ်ကျဲဖြစ်ပြီး အနက်ရောင်အလောင်းဂိုဏ်း၏
ခေါင်းဆောင်ဖြစ်သည်။ သူက ကြယ်ခြောက်ပွင့်ဧကရာဇ်နယ်ပယ်၌ ထူးခြားသောကျွမ်းကျင်သူဖြစ်သည်။ လူတစ်ယောက်ဧကရာဇ်နယ်ပယ်သို့
ရောက်သည့်နှင့် အထူးသဖြင့် ပိုမြင့်မားသော ကျင့်ကြံမှုနယ်ပယ်တွင် ကြယ်တစ်ပွင့်ကွာခြားခြင်းက လှိုင်းထန်နေသောပင်လယ်ပြင်နှင့်
ရေပေါက်တစ်စက်ကြားက ကွာခြားမှုလောက်ကြီးမားသည်ဖြစ်သည်။
ရှစ်ဖုန့်နှင့်တီရှာတို့က ဤရှေးဟောင်းကမ္ဘာ၏ ကန္တာပြင်အား ဖြတ်သန်းခဲ့သည်။ တောင်များမြစ်များကိုလည်းသူ
တို့ဖြတ်ကျော်ခဲ့သည်။ များစွာသောကျွမ်းကျင်သူများ၏ အော်ရာတို့အောက်တွင် နတ်ဆိုးသားရဲတစ်ကောင်ကမှ သူတို့၏လမ်းအားတားဆီးရဲခြင်းမရှိပေ။
ဖြည်းဖြည်းချင်း ပုံရိပ်ယောင်ကဲ့သိုသော် အဖြူရောင်အလင်းနှင့်တံခါးတစ်ခုက ဟင်းလင်းပြင်အတွင်း အနက်ရောင်အလောင်းဂိုဏ်းမှ ကျင့်ကြံသူများ ၏ ရှေ့၌ပေါ်လာသည်။ အနက်ရောင်အလောင်းဂိုဏ်းမှကျင့်ကြံသူများမှာ ဟင်းလင်းပြင်ထဲရှိတံခါးအားမြင်
တွေ့လိုက်ရသောအခါတွင် အသက်ကယ် ကောက်ရိုးတစ်မျှင်အား မြင်တွေ့လိုက်ရသကဲ့သို့ စိတ်သက်သာရရသွားကာသက်ပြင်းချလိုက်ကြ၏။
တစ်ယောက်ပြီးတစ်ယောက် သူတို့၏ပျံသန်းနှုန်းအား အရှိန်မြှင့်လိုက်ကြပြီး အလင်းတံခါး ထံသို့ ပျံသန်းလိုက်ကြသည်။
အိမ် ဤအရာက အိမ်ကိုပြန်ရောက်လာရသည့် ခံစားချက်ပင်ဖြစ်သည်။ အနက်ရောင်အလောင်းဂိုဏ်းမှလူများမှာ မကြုံစဖူးအိမ်သို့ အတင်းသွားလိုသည့်ခံစားချက်မျိုးကိုခံစားရသည်။
ဤလမ်းကြောင်းအားသူတို့ဖြတ်သန်း
သွားပြီးသည်နှင့် အနက်ရောင်အလောင်းဂိုဏ်း၏ တောင်နောက်သို့ သူတို့ရောက်ရှိလိမ့်မည်ဖြစ်သည်။ သူတို့ရွေ့လျားနေသကဲ့သို့ သူတို့အနေဖြင့် အနက်ရောင်အလောင်းဂိုဏ်းသို့ပြန်နိုင်ပြီး ထိုလူအား တံခါးပိတ်ကျင့်ကြံခြင်းမှထွက်လာရန် တောင်းဆို၍ရလိမ့်မည်ဖြစ်သည်။
“ကောင်းတယ်..ဒါကကောင်းလိုက်တာ. ဒီမဆင်မခြင်နိုင်တဲ့ကောင်တကယ်ကြီး ငါတို့နောက်ကိုတောက်လျှောက်လိုက်လာတယ်. မကြာခင်ဒီနေရာကိုလာမိလို့သူ့အ
တွက်နောင်တရမဲ့အချိန်ကိုရောက်လာမှာ”
သူတို့တစ်ယောက်ချင်းစီတိုင်းက ဤကဲ့သို့ သူတို့၏နှလုံးသားထဲမှပြောနေကြသည်။ သူတို့အားလုံး တစ်ယောက်စီတိုင်း၏ စိတ်ထဲတွင် ထိုလူငယ်ကထိုလူပေါ်လာသည်နှင့် နောင်တအပြည့်ဖြစ်နေသောမျက်နှာနှင့် ဖြစ်နေမည်ကိုကြိုတင်မြင်ယောင်နေမိကြသည်။
ထိုလူအကြောင်းတွေးမိသည်နှင့် လူများစွာ၏နှလုံးသားထဲတွင် သွေးတို့ပွက်ပွက်ဆူလာသည်။
“အဖေ”
အနက်ရောင်အလောင်းဂိုဏ်းမှ သခင်လေးဖြစ်သူ ရှစ်လင်းက သူ၏လက်သီးတို့ကိုတင်းနေ
အောင်ဆုပ်လိုက်သည်။ ထိုလူ၏ ပုံရိပ်ကလည်း သူ၏စိတ်ထဲ၌ပေါ်လာ၏။ သူ၏ကိုယ်ကအနည်းငယ်တုန်ယင်နေပြီး သူ၏နှလုံးသားထဲ၌ နာကြည်းချက်တို့ဖြင့်ပြည့်နေသည်။
ထိုလူဘယ်လိုတောင်သူ့အားအရှက်ခွဲရဲပါသနည်း။ ဘယ်လိုလုပ်ပြီးသူက အနက်ရောင်အလောင်းဂိုဏ်းမှကျွမ်းကျင်သူများ၏နောက်သို့ တောက်လျှောက်လိုက်ဖမ်းရဲပါသနည်း။ မကြာခင်ယင်းက၎င်းအတွက်နောင်တရဖို့နောက်ကျသွားလိမ့်မည်ဖြစ်သည်။
“ငါသူ့ရဲ့ခေါင်းကိုယူပြီး မိလ္လာတွင်းထဲကိုနှစ်တစ်ရာလောက်ပစ်ထားပစ်မယ်”
ရုတ်ခြည်း ရှစ်ယင်က သခင်လေးဖြစ်သူ ရှစ်လင်းအားခေါ်ဆောင်ကာ အလင်းရောင်တံခါးအတွင်းသို့အပြင်း
ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားသည်။
ထို့နောက် အနက်ရောင်အလောင်းဂိုဏ်းမှပုံရိပ်များကလည်း အဖြူရောင်အလင်းတံခါးအတွင်းသို့ အတင်းဝင်ရောက်ပြီးကျိုင်းကောင်များကဲ့သို့ ကူးလူးသွားကြသည်။
ပုံရိပ်များအထဲသို့အပြင်းဝင်သွားပြီးပြီးချင်း သူတို့အားလုံး ဟင်းလင်းပြင်ထဲ၌ပျောက်ကွယ်သွားကြသည်။
မကြာခင် အနက်ရောင်အလောင်းဂိုဏ်းမှကျင့်ကြံသူများအားလုံး ဝင်ရောက်ပျောက်ကွယ်သွားကြ၏။
ရှေ့သို့တစ်ဟုန်ထိုးဦးတည်နေသောရှစ်ဖုန့်မှာ အဖြူရောင်အလင်းတံခါးနှင့်နီးကပ်လာသောအခါတွင်ရပ်တန့်လိုက်သည်။ သူက ရှေ့သို့စိုက်ကြည့်ပြီး တီးတိုးရေရွတ်လိုက်၏။
“ဒါက ဒီဖုတ်ကောင်တွေ ဝင်လာခဲ့တဲ့လမ်းကြောင်းဖြစ်မယ်”
ရှစ်ဖုန့်မှာတကယ့်ကို အလင်းတံခါး ထံမှ အာကာသစွမ်းအားကိုအာရုံခံမိခြင်းဖြစ်သည်။
သူ၏နောက်တွင် တီရှာကလည်းရှစ်ဖုန့်ရပ်သောကြောင့်လိုက်ပါရပ်တန့်လိုက်သည်။ရှစ်ဖုန့်နှင့်အတူတကွ အလင်းနှင့်အမှောင်ပုံရိပ်ရောင် တံခါးထံသို့ စောင့်ကြည့်ပြီး ရှစ်ဖုန့်၏အပြုအမူကိုစောင့်ဆိုင်းနေသည်။
ရှစ်ဖုန့်ကအဖြူရောင်အလင်းတံခါး
ကိုခဏစိုက်ကြည့်လိုက်သည်။ ထို့နောက်သူ၏ခေါင်းကိုလှည့်လိုက်ပြီး သူ၏နောက်ရှိအကွာအဝေးတစ်ခုမှဟင်းလင်းပြင်ထဲသို့ကြည့်လိုက်သည်။
ထိုနေရာတွင် အဖြူရောင်ပုံရိပ်တစ်ခုကသူတို့ထံသို့မြင့်မားသောအမြန်နှုန်းဖြင့်ပျံသန်းလာနေသည်။ ထိုလူကလောချင်းချွမ်ပင်ဖြစ်သည်။
လောချင်းချွမ်ကဤရှေးဟောင်းကမ္ဘာအတွင်း၌သူ၏ အခွင့်အလမ်းကိုရှာဖွေနေစဉ်တွင် ရှစ်ဖုန့်၏ဤနေရာသို့အမြန်လာရန်ပို့ဆောင်သောသတင်းစကားကိုလက်ခံရရှိခဲ့ခြင်းဖြစ်သည်။
ရှစ်ဖုန့်ကလောချင်းချွမ်အားတွေ့သောအခါတွင် တီရှာကိုပြောလိုက်သည်။
“ချင်းချွမ်ကိုမင်းတို့တွေဒီမှာစောင့်နေဖို့ပြောလိုက်. ဒီသခင်လေးရဲ့အမိန့်မရဘဲ ဘယ်သူမှဒီတံခါးထဲကိုမဝင်စေနဲ့”
“ဟုတ်ကဲ့”
တီရှာကမကျယ်သောအသံဖြင့်ပြန်ဖြေလိုက်သည်။ သူကလောချင်းချွမ်ထံသို့ပြန်သွားပြီး ရှစ်ဖုန့်၏သတင်းစကားကိုပါးရန် အသင့်ဖြစ်နေ၏။
ရှစ်ဖုန့်ကခေါင်းကိုလှည့်လိုက်ပြီး အဖြူရောင်အလင်းတံခါးကို ထပ်မံစိုက်ကြည့်လိုက်သည်။ ထို့နောက်သူ၏လက်တို့ဖြင့်ဆီးလ်တစ်ခုကို ပုံဖော်လိုက်သည်။အဖြူရောင်ရုန်းတစ်ခုက ပျံသန်းထွက်လာပြီး ရှစ်ဖုန့်၏နှလုံးထံသို့ မျောလွင့်ဝင်ရောက်သွားသည်။
သူကငရဲဘုံကိုးခု လျှို့ဝှက်နည်းစနစ်အား အသုံးပြု၍ သူ၏ငရဲဘုံကိုးခု အမှောင်ခန္ဓာကို ယာယီဆီးလ်ခတ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက်ရှစ်ဖုန့်က သူ၏ဆီးလ်ကိုရုတ်သိမ်းလိုက်သည်။ သူ၏ကိုယ်ကရုတ်ခြည်းရှေ့သို့ရွေ့လျားသွားပြီး အဖြူရောင်အလင်းတံခါးအတွင်း
သို့ဖျက်ခနဲဝင်ရောက်သွားသည်။
သူ၏နောက်ရှိဟင်းလင်းပြင်ထဲတွင် တီရှာကရှစ်ဖုန့်၏စကားအား လောချင်းချွမ်ထံသို့ ပါးပြီးဖြစ်သည်။ ဖြစ်ပျက်ခဲ့သမျှကိုလည်းလောချင်းချွမ်ကိုသူပြောပြခဲ့၏။
လောချင်းချွမ်နှင့် တီရှာတို့က ဟင်းလင်းပြင်ထဲ၌ရပ်လိုက်ပြီး သိပ်မဝေးသောနေရာရှိ ရှစ်ဖုန့်ထံသို့ကြည့်လိုက်ကြသည်။ ၎င်း၏နှလုံးထဲသို့ရုန်းတစ်ခုဝင်သွား
သည်အားတွေ့လိုက်ရသောအခါတွင် လောချင်းချွမ်တုန်လှုပ်အံ့အားသင့်သွားသည်။ သူကအံ့အားသင့်စွာပြောလိုက်၏။
“အဲ့ဆီးလ်.. သူ..သူ ..သူတကယ်ကြီး ငရဲဘုံကိုးခု ခန္ဓာကို ထပ်ကျင့်ကြံခဲ့တယ်. ကောင်းတယ်..ဒါကကောင်းလိုက်တာ”
“ဒီတစ်ကြိမ်…အဲ့သူတောင်းစားတွေ.. အကယ်၍သူတို့မသေရင်တောင်. အရှင်လတ်လတ်အရေခွံစုတ်တာခံရလိမ့်မယ်.. ဟားဟား..ဟားဟားဟားဟားၑ
လောချင်းချွမ်ကရှစ်ဖုန့်၏ရည်ရွယ်ချက်
အားဖြည်းဖြည်းချင်းနားလည်လာပြီးကျယ်လောင်စွာရယ်မောလိုက်သည်။
“ငရဲဘုံကိုးခု ခန္ဓာဟုတ်လား. အဲ့တာကအရမ်းစွမ်းအားကြီးတာလား”
တီရှာကလောချင်းချွမ်အားတွေဝေစွာကြည့်ပြီး မေးလိုက်သည်။
သို့သော်လောချင်းချွမ်က ပြုံးလိုက်ပြီး တီရှာ၏မေးခွန်းကိုပြန်ဖြေခြင်းမရှိပေ။
ထျန်းဟန်တိုက်ကြီးပေါ်တွင် အချို့သောကျင့်ကြံသူများမှာမွေးကတည်းက ကောင်းကင်ဘုံ၏ ချီးမြှောက်မှုကိုခံရပြီး ထူးခြားသောအံ့ဖွယ်ခန္ဓာကိုယ်များ
ကိုပိုင်ဆိုင်ကြသည်။
သို့သော်ငရဲဘုံကိုးခု ဧကရာဇ်ယိုမင်ကတော့ ကောင်းကင်ဘုံကိုပင်ဆန့်ကျင်သည့်သူဖြစ်သည်။ ကောင်းကင်ဘုံကသူ့အားအံ့ဖွယ်ခန္ဓာကိုယ်တစ်ခုကိုမပေးသောကြောင့် သူငရဲဘုံကိုးခု ပညာရပ်ကိုအသုံးပြု၍ ကောင်းကင်ဘုံကိုဆ်န့ကျင့်သည့်
အံ့ဖွယ်ခန္ဓာဖြစ်သောငရဲဘုံကိုးခု အမှောင်ခန္ဓာကိုယ်ကို ကျင့်ကြံခဲ့သည်။
ငရဲဘုံကိုးခု အမှောင်ခန္ဓာကိုယ်က ပြီးပြည့်စုံပြီး တိုက်ခိုက်မှုအားလုံး မှဘေးကင်းလုံခြုံမှုကိုပေးစွမ်းသည်။ သူထိုပေါ်သို့ခြေချမိသည်နှင့် မြေပြင်တို့လှုပ်ခါပြီး ကောင်းကင်ပင်ပြိုကျရမည်ဖြစ်သည်။ လက်သီးတစ်ချက်က ဟင်းလင်းပြင်ကို ကွဲထွက်နိုင်သောစွမ်းအားမျိုးကိုပေးစွမ်းသည်ဖြစ်သည်။