← Chapters

အခန်း (၇၅၂)

Vol. 51 Ch. 752

အခန်း (၇၅၂)

Vol. 51 Ch. 752

ရှစ်ဖုန့်ကငရဲဘုံကိုးခု လျှို့ဝှက်နည်းလမ်းဖြင့်ငရဲဘုံကိုးခု အမှောင်ခန္ဓာအားဆီးလ်ခတ်ထားခဲ့သည်။ ထို့နောက်တွင် သူ၏ပုံရိပ်က ဖျက်ခနဲ အဖြူရောင်အလင်းတံခါးအတွင်းသို့ဝင်

ရောက်သွား၏။

သူကအနက်ရောင်အလောင်းဂိုဏ်းအား လက်ဆောင်ကြီးတစ်ခုကိုပေးချင်သည်။

အဖြူရောင်အလင်းတံခါးအတွင်းသို့ရှစ်ဖုန့်၏ ပုံရိပ်ဖျက်ခနဲဝင်သွားပြီးနောက် သူ၏ရှေ့ရှိကမ္ဘာကပြောင်းလဲသွားသည်။ သူက မှုန်မှိုင်းသော ကမ္ဘာတစ်ခုအတွင်းသို့ရောက်လာ၏။

ရှစ်ဖုန့်အမှောင်ထုအား စစ်ဆေးလိုက်ပြီး ၎င်းက ဂူတစ်ခုဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ဂူက သိပ်တော့မကြီးပေ။ သူ၏ရှေ့တွင် လူနှစ်ဦးဘေးချင်းယှဉ်လျှက်သာ

လျှောက်လှမ်းနိုင်သော ကျဉ်းမြောင်းသည့်လမ်းကြောင်းတစ်ခုရှိနေသည်။

သို့သော် ဂူအတွင်း၌ မည်သူမျှတော့ရှိမနေပေ။ ကြည့်ရသည်မှာ အနက်ရောင်အလောင်းဂိုဏ်းမှ လူများ ဤနေရာမှထွက်ပြေးသွားကြသည့်ပုံပေါ်သည်။

ထို့နောက်တွင် ရှစ်ဖုန့်ကလှည့်လိုက်ပြီး သူ၏နောက်သို့ကြည့်လိုက်သည်။ ထိုနေရာတွင် မှောင်မိုက်သောဖြည်းညှင်းစွာလည်ပတ်နေသည့် ဝဲအသေးစားလေးရှိနေသည်။ မှောင်မိုက်သောဝဲအတွင်းဝွင် အာကာသစွမ်းအားတစ်ခုရှိနေ၏။

ဤဝဲက အဖြူရောင်အလင်းတံခါးနှင့် ရှေးဟောင်းကမ္ဘာသို့သွားသောလမ်းကြောင်းတို့ဖြင့် ဆက်သွယ်ထားပုံပေါ်သည်။ သို့သော် ယ ခုသူကဘယ်နယ်မြေနှင့်သက်ဆိုင်သည့်

နေရာသို့ရောက်ရှိနေသည်ကိုတော့သူမသိချေ။

ရှစ်ဖုန့်ကလှည့်လိုက်ပြီး မှောင်မိုက်ကာကျဉ်းမြောင်းသော သူ၏ရှေ့ရှိလမ်းကြောင်းကိုကြည့်လိုက်သည်။ သူ၏ခြေထောက်အားရွေ့လျားလိုက်ပြီး တစ်လှမ်းခြင်းလျှောက်လှမ်းသွားလိုက်၏။

သူ၏ လက်ထဲရှိငွေရောင်တံစဉ်နှင့်အတူ သူ၏ပုံစံက ဤကမ္ဘာသို့ဆိတ်ငြိမ်စွာဆင်းသက်လာသော သေခြင်းနတ်ဘုရားတစ်ပါးနှယ်ဖြစ်သည်။

“ဖ.ထပ်..ဖ.ထပ်..ဖ..ထပ်.. ဖ.ထပ်..”

မှောင်မိုက်သောဂူအတွင်းတွင် ခြေလှမ်းသံတို့က ပဲ့တင်ထပ်နေသည်။

အမည်မသိမှောင်မိုက်သောနေရာအတွင်းတွင် အေးစက်သောလေပြင်းတို့က ကောင်းကင်နှင့်မြေပြင်ကြားထဲ၌တ

ဝှီဝှီတိုက်ခတ်နေသည်။

ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ ကျောက်ထံရံတစ်ခုကထီးထီးကြီးရပ်တည်နေပြီး လူတစ်ယောက်အား ဝါးမျိုချင်နေသော ကြမ်းကြုတ်ခက်ထန်သည့်သားရဲကြီး

တစ်ကောင်နှယ်ဖြစ်သည်။ ကျောက်ထရံ၏ နှစ်မီတာကွာဝေးသောအောက်ဘက်၌ ကျောက်ထံရံထက်တွင် သေးငယ်သော ဂူလေးတစ်လုံးရှိနေသည်။

ဤအချိန်တွင် ဂူ၏ရှေ့ဟင်းလင်းပြင်အတွင်း၌ များစွာသောပုံရိပ်များကဝင့်ကြွားစွာရပ်နေကြ၏။ ဤပုံရိပ်များမှာ ဂူဝင်ပေါက်မှနေ၍ အဆုံးမဲ့သောဟင်းလင်းပြင်အထိကို ဖြန့်ကျတ်နေကြသည်။

ဤနေရာ၌ အနည်းစုလူစုစုပေါင်းတစ်သောင်း

ခန့်ရှိသည်ဖြစ်သည်။ ၎င်းတို့တစ်ယောက်စီတိုင်းမှာ ဖြူဖျော့ပြီးခံစားချက်မဲ့သောအသွင်

ကိုပိုင်ထားကြသည်။ ၎င်းတို့၏ ကိုယ်များမှာ အားကောင်းသော အလောင်းချီများကိုထုတ်လွှတ်နေပြီး ၎င်းတို့မှာ အလောင်းများကဲ့သို့ပင်ဖြစ်ကြသည်ဖြစ်သည်။

အနက်ရောင်အလောင်းဂိုဏ်းအတွင်း

မှအင်ပါယာနယ်ပယ်အတွင်းသို့ရောက်ရှိနေသည့် ကျင့်ကြံသူများအားလုံး ဂိုဏ်းအတွင်း၌ရှိနေခဲ့လျှင် ဤနေရာသို့ရောက်ရှိလာရသည်ဖြစ်သည်။

သိပ်မကြာခင် အလောင်းခေါင်းလောင်း သံကမြည်ဟိန်းလာသည်။

အလောင်းခေါင်းလောင်းသံများမြည်သည်ဆိုလျှင် တစ်စုံတစ်ခုကြီးမားသောအရာဖြစ်လိမ့်မည်ဖြစ်သည်။ အနက်ရောင် အလောင်းဂိုဏ်းအတွင်းတွင် ခေါင်းလောင်းသံအားကြားရသည့်

မည်သည့်ကျင့်ကြံသူမဆို ထိုနေရာသို့သွားရသည်ဖြစ်သည်။ မည်သူမှချွင်းချက်မရှိရပေ။

တစ်လကျော်တံခါးပိတ်ကျင့်ကြံခြင်း

သို့ဝင်ရောက်နေသော အနက်ရောင်အလောင်းဂိုဏ်း၏

ခေါင်းဆောင်ဖြစ်သူ ရှစ်ကျဲပင် နိုးလာခဲ့သည်။ ရုတ်ခြည်း ဆိုသလို အလောင်းချီတို့က အနက်ရောင်အလောင်းဂိုဏ်း၏ ကောင်းကင်ထက်သို့ထိုးတက်သွား၏။

ကျင့်ကြံသူပေါင်း တစ်သောင်း၏ရှေ့တွင် ပုံရိပ်သုံးခု က ဝင့်ကြွားစွာရပ်နေသည်။ ၎င်းတို့မှာ အနက်ရောင်အလောင်းဂိုဏ်း၏ပထမ

အကြီးအကဲဖြစ်သူ ရှစ်ယင် နှင့် အနက်ရောင်အလောင်းဂိုဏ်းမှသခင်လေးဖြစ်သူ ရှစ်လင်းတို့ဖြစ်သည်။

၎င်းတို့၏အလယ်တွင် တိုက်ပွဲဝင်ရွှေရောင်ဝတ်ရုံနှင့် ယောက်ျားတစ်ယောက်ရှိနေသည်။ သူ၏မျက်နှာက ပုံမှန်မဟုတ်အောင်ဖြူဖျော့နေပြီး နှင်းလွှာတစ်ခု အေးခဲနေသကဲ့သို့သူ၏ပုံကအေးစက်လှသည်ဖြစ်သည်။

ရွှေရောင်ဝတ်စုံ၏နောက်ရှိ ရွှေရောင်ဝတ်ရုံက အေးစက်သော လေနှင့်အတူ ပြင်းထန်စွာတဖျပ်ဖျပ်လူးလွန့်နေသည်။

ဤလူမှာ အနက်ရောင်အလောင်းဂိုဏ်းအတွင်းနမည်ဆိုးနှင့်ကျော်ကြားသော ဂိုဏ်းခေါင်းဆောင်ဖြစ်သူ ကြယ်ခြောက်ပွင့်ဧကရာဇ်နယ်ပယ်ကျွမ်းကျင်သူ ရှစ်ကျဲဖြစ်သည်။

ရှစ်ကျဲ၏ အေးစက်သောအကြည့် သူ့ရှေ့ရှိဂူပေါ်သို့ကျရောက်နေသည်။ သူကခေါင်းကိုလှည့်လိုက်ပြီး ပထမအကြီးအကဲဖြစ်သူရှစ်ယင်ကို အေးစက်စွာပြောလိုက်သည်။

“ဒုတိယညီလေး. အဲ့တာက ဒဏ္ဍာရီလာ သေခြင်းနတ်ဘုရားရဲ့ကောက်ရိတ်

တံစဉ်ဆိုတာသေချာလား”

“အမှန်ပဲ”

ရှစ်ယင်ကသေချာစွာဖြင့်ပြန်ဖြေသည်။

“သူက ကြယ်ကိုးပွင့်မဟာသူတော်စင်နယ်ပယ်

ပဲရှိသေးပေမဲ့ ဒီနတ်ဘုရားလက်နက်ကိုအသုံးပြုပြီး ကြယ်ငါးပွင့်ဧကရာဇ်နယ်ပယ်အထွတ်အထိပ် စွမ်းအားကိုထုတ်ဖော်နိုင်တယ်.. အဲ့လက်နက်က သေချာပေါက်ရှေးဟောင်းနတ်ဘုရားလက်နက်ပဲ. အဲ့တာကရှေးခေတ်နတ်ဘုရားဖြစ်တဲ့ သေခြင်းနတ်ဘုရားရဲ့ လက်နက်ဖြစ်တဲ့ သေခြင်းနတ်ဘုရားရဲ့တံစဉ်ပဲ”

ထိုသို့ပြောပြီးနောက်ရှစ်ယင်က

ထပ်ပေါင်းပြောသည်။

“အဲ့တာအပြင် အဲ့လူက ယင်းအလောင်းကောင်ထောင်ပေါင်းများစွာကိုအသုံးပြုပြီးတော့ သေခြင်းဧကရာဇ်ရဲ့ အလောင်းတစ်သောင်းအစီအရင်ကိုလည်း ခင်းကျင်းအသုံးပြုတယ်. သူက အမှောင်နယ်မြေက အရှင်သခင်သုံးယောက်ထဲကတစ်ယောက်ဖြစ်တဲ့ သေခြင်းဧကရာဇ် လင်ယဲ့ဖုန်းရဲ့တပည့်ဖြစ်လောက်တယ်”

“အလောင်းတစ်သောင်းအစီအရင်. သေခြင်းနတ်ဘုရားရဲ့တံစဉ်. “

ပစ္စည်းနှစ်ခုအကြောင်းအားကြားသောအခါတွင် ရှစ်ကျဲ၏ မျက်နှာထက်၌အေးစက်သောအ

ပြုံးတစ်ခုပေါ်လာပြီး ပြောလိုက်သည်။

“ကောင်းတယ်..အရမ်းကောင်းတယ်. ဒီပစ္စည်းနှစ်ခုကိုရဖို့အတွက် ဆန်းကြယ်အလောင်းမှန်ကို ဖျက်ဆီးရတာ ထိုက်တန်တယ်”

“အင်း”

ရှစ်ယင်ကခေါင်းညိမ့်သည်။

ဘေး၌ရှိနေသော ရှစ်လင်းမှာ အမှားကိုလုပ်ထားသောကလေး

တစ်ယောက်ကဲ့သို့ဖြစ်နေသည်။ သူကရှစ်ကျဲ၏ဘေး၌ရပ်နေခဲ့ပြီး ဘာအသံတစ်ချက်မှထွက်ရဲခြင်းမရှိပေ။ ဆန်းကြယ်အလောင်းမှန်၏ဖျက်ဆီးမှုက သူ့ကြောင့်ဖြစ်ရခြင်းဖြစ်သည်။ အကယ်၍ သူ၏အဖေသာသူ့ကိုအပြစ်တင်လျှင် သူသေချာပေါက်လွတ်လိမ့်မည်မဟုတ်ပေ။

သူကရှစ်ကျဲ၏သားဖြစ်သော်လည်း သူဖခင်၏ ဒေါသအောက်တွင် သူမသေလျှင်တောင်အရှင်လတ်လတ်အရေခွံစုတ်ခံရလိမ့်မည်ဖြစ်သည်။

ခုဏက ရှစ်ကျဲနှင့်ရှစ်ယင်တို့ကြားထဲမှ စကားပြောဆိုမှုတို့အားသူကြား

လိုက်ရသောအခါတွင် စိတ်သက်သာရာရစွာဖြင့်သူ

တိတ်တဆိတ်သက်ပြင်းချမိသည်။

ဆန်းကြယ်အလောင်းမှန်ပျက်စီးသွားမှုအတွက်သူ၏ဖခင်မှာဒေါသထွက်ခြင်းမရှိပေ။ ထိုအစား သူကရယ်မောခဲ့သည်။ ရှစ်ကျဲ၏သားတစ်ယောက်အနေဖြင့် သူ၏ဖခင်ရယ်မောသံအားကြားရသောအခါတွင် သူ၏ဖခင်စိတ်ကောင်းဝင်နေသည်ဖြစ်သည်ကို သူသိလိုက်သည်။

ထို့နောက်ရှစ်လင်းသူ၏ရှေ့ရှိဂူသို့ကြည့်လိုက်သည်။ ထိုလူမြန်မြန်ထွက်လာပါစေရန်သူဆုတောင်းနေမိသည် ။ထိုမှသာ သူ၏ဖခင်၎င်းထံမှရတနာများ

ကိုရရှိလိမ့်မည်ဖြစ်သည်။

“ဖ.တပ်..ဖ.တပ်.ဖ..တပ်.. “

ပေါ့ပါးသော ခြေလှမ်းသံတို့က ကျောက်ထရံအောက် အနက်ရောင်အလောင်းဂိုဏ်းမှလူတစ်သောင်း၏ရှေ့ရှိ ဂူအတွင်းမှထွက်ပေါ်လာသည်။

ဤခြေသံများအားကြားလိုက်ရသောအခါတွင် ရှစ်လင်း၏ကိုယ်ကတုန်ယင်သွားပြီး သူ့ကိုယ်သူပြောလိုက်သည်။

“သူရောက်လာပြီ.. အဲ့သူတောင်းစားနောက်ဆုံးဒီမှသေရတော့မယ်. ကောင်းတယ်.ဒါကကောင်းလိုက်တာ”

ဤအချိန်တွင်ထိုလူကထွက်ပေါ်

လာပြီးသူနှင့်သူ့ဘေးမှလူအားမြင်လိုက်ရသောအခါတွင် ၎င်း၏မျက်နှာထက်၌ တုန်လှုပ်မှု၊ ကြောက်လန့်မှု၊နောင်တရမှုတို့နှင့်ပြည့်နှက်နေပြီး သနားညှာတာပေးရန်ဒူးထောက်လာမည့်မြင်ကွင်းကိုရှစ်လင်းတစ်ယောက်တွေးနေမိသည်။

“ဖ.တပ်..ဖ.တပ်.ဖ..တပ်.. “

“ဖ.တပ်..ဖ.တပ်.ဖ..တပ်.. “

ခြေလှမ်းသံတို့ တစ်လှမ်းပြီးတစ်လှမ်းထွက်ပေါ်လာပြီး ဂူဝင်ပေါက်နှင့်နီးကပ်သည်ထက်နီးကပ်လာသည်။ ဖြည်းဖြည်းချင်း အနက်ရောင်အလောင်းဂိုဏ်းမှ ကျင့်ကြံသူပေါင်းတစ်သောင်းတို့မှာ ကျောက်ထရံဝင်ပေါ်မှပေါ်လာသော သွေးနီရောင် ပုံရိပ်တစ်ခုအားမြင်တွေ့လိုက်ရသည်။

၎င်းကသွေးနီရောင်ချပ်ဝတ်အားဝတ်ဆင်ထားသော လူငယ်လေးတစ်ဦးဖြစ်သည်။ သူ၏ ရှည်လျားသောဆံပင်တို့က လေနှင့်အတူကခုန်နေပြီး သူ၏လက်ထဲ၌ ငွေရောင်တစဉ်တစ်ခုကိုကိုင်ထားသည်။

သူ၏မျက်နှာကအေးစက်နေပြီး နတ်ဆိုးနတ်ဘုရားတစ်ပါးဆင်း

သက်လာသည့်နှယ်ပင်ဖြစ်သည်။

“သူရောက်လာပြီ.. သူနောက်ဆုံးတော့ဒီကိုရောက်လာပြီ”

ရှစ်ဖုန့်အားမြင်တွေ့လိုက်ရချိန်တွင် ရှစ်လင်းကသူ၏နှလုံးသားထဲမှ စိတ်ပါလှုပ်ရှား တို့နှင့်အတူ ပြောလိုက်၏။

“အဲ့တာက တကယ်ပဲ သေခြင်းကောက်ရိတ်တံစဉ်ပဲ. လုံးဝမမှား ဘူး..”

ရှစ်ကျဲက လူငယ်၏လက်ထဲမှငွေရောင်တံ

စဉ်အားမြင်တွေ့လိုက်ရသောအခါတွင် သူ၏ အေးစက်သောမျက်နှာထက်၌ လှောင်ပြုံးတစ်ခုထပ်မံပေါ်လာပြီး ပြောလိုက်သည်။

ရှစ်ဖုန့်ကကျောက်ထံရံ၏ ဂူဝင်ပေါက်၌ ရပ်နေပြီး သူ၏ရှေ့ရှိ ကြီးမားသော အစုအဝေးကြီးအား အေးစက်စွာဖြင့်ကြည့်နေသည်။ အနက်ရောင် အလောင်းဂိုဏ်းမှကျင့်ကြံသူပေါင်းတစ်သောင်းတို့အား ရင်ဆိုင်ရသော်လည်း သူကြောက်နေခြင်းမရှိပေ။ သူက သူ၏နှုတ်ဝအားဖြည်းညှင်းစွာဖွင့်ပြီးပြောလိုက်၏။

“မင်းတို့ဖုတ်ကောင်တွေ ဒီသခင်လေးကို အခုလို ခမ်းခမ်းနားနားနဲ့ ကြိုဆိုမယ်လို့ ဒီသခင်လေး မမျှော်လင့်ထားဘူး. အကယ်၍ ဒီသခင်လေး သာမင်းတို့ဖုတ်ကောင်အားလုံး

ကိုဒီနေ့မသတ်ပစ်နိုင်ရင် မင်းတို့ကိုလွှတ်ပေးမယ်လေ”

ရှစ်ဖုန့်က သူ၏ရှေ့ရှိကျင့်ကြံသူပေါင်းတစ်သောင်းတို့အားစစ်ဆေးလိုက်ပြီး နောက်ဆုံး၌ သူ၏ အကြည့်ကရှေ့ရှိ ရွှေရောင်ပုံရိပ်ထံသို့ရောက်ရှိသွားကာ ပြောလိုက်သည်။

“မဆိုးပါဘူး. ကြယ်ခြောက်ပွင့် ဧကရာဇ်နယ်ပယ်တစ်ယောက်ပဲ”

ရှစ်ကျဲကရှစ်ဖုန့်၏လက်ထဲရှိ ငွေရောင်တံစဉ်ထံမှ သူ၏ အကြည်တို့ကို ဖယ်လိုက်ပြီး ရှစ်ဖုန့်၏မျက်နှာကိုစိုက်ကြည့်လိုက်သည်။ သူကရှေ့ရှိရှစ်ဖုန့်အား ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။

“မင်းလည်းမဆိုးပါဘူး. မင်းကဒီလိုအသက်ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ကြယ်ကိုးပွင့်မဟာသူတော်စင်

နယ်ပယ်ကိုတောင်ရောက်နေပြီ. သေခြင်းဧကရာဇ်ရဲ့တပည့်ဆိုတဲ့အတိုင်းပဲ. မင်းကတကယ်ကြီး ငါ့ရဲ့အနက်ရောင်အလောင်းဂိုဏ်း

ထဲကိုတစ်ယောက်ထဲလာရဲတယ်”

“မင်းရဲပါရမီစွမ်းရည်နဲ့ ရဲရင့်တဲ့သတ္တိကငါ့ရဲ့အမှိုက်ကောင်သားထက်အများကြီးပိုသာတယ်”

“အဖေ.. ခင်ဗျား..”

ရှစ်ကျဲ၏စကားတို့အားကြားရသောအခါတွင် ရှစ်လင်းက အလန့်တကြားနှင့် အော်ပြောလိုက်သည်။ သူကခေါင်းကိုလှည့်လိုက်ပြီး ရှစ်ကျဲကိုကြည့်လိုက်သည်။

ရှစ်ကျဲ၏စကားတို့က လူပေါင်းများစွာ၏ရှေ့၌ သူ၏မျက်နှာအားဖြတ်ရိုက်လိုက်

သကဲ့သို့ပင်ဖြစ်သည်။

ရှစ်လင်းတစ်ယောက်ရုတ်ခြည်းသူ၏မျက်နှာထက်၌နာကျင်မှုဖြင့်လောင်ကျွမ်းသွားသလိုခံစားလိုက်ရသည်။ သူ၏နောက်၌ရှိနေသောအနက်ရောင်

အလောင်းဂိုဏ်းမှလူပေါင်းတစ်သောင်းက သူ၏နောက်ကျောအား အပ်များကဲ့သို့စူးရှစွာဖြင့် ကြည့်နေသလိုခံစားရ၏။

အားလုံးကဤအချိန်တွင်သူ့အား စိတ်ထဲမှနေ၍လှောင်ပြောင်နေသည်ဟုခံစားရ၏။

All Chapters