← Chapters

အခန်း (၇၅၃)

Vol. 51 Ch. 753

အခန်း (၇၅၃)

Vol. 51 Ch. 753

ဤနေရာတွင် မှုန်မှို်ငးအေးစက်သော အလောင်းချီများဖြင့်ပြည့်နှက်နေသည်။

အနက်ရောင်အလောင်းဂိုဏ်း၏

သခင်လေးဖြစ်သူ ရှစ်လင်းမမှာ သူဖခင်၏ အသုံးမကျသောသူ၏ခေါ်ဆိုခြင်းကိုခံခဲ့ရသည်။ ဤအချိန်တွင် အားလုံးကသူ့အား လှောင်ပြောင် နေကြသည်ဟုခံစားရ၏။ သူ၏နောက်ကျောက ကျင့်ကြံသူပေါင်း တစ်သောင်းကိုပေးထားပြီး သူ၏နောက်ကျောက နာကျင်မှုတို့ဖြင့် တောက်လောင်နေသည်ဟုခံစားရ၏။

သူ့၌ကိုယ့်ကိုယ်ကိုယ်အထင်ကြီး

သည့်အားကောင်းသောအသိအာရုံရှိသော်လည်း သူ၏ စိတ်ဝိညာဉ်က လေးနက်စွာသောထိခိုက်နစ်နာမှုကိုခံစားရသည်။ သူ့အနေဖြင့်ဤအချိန်တွင်အရမ်း ရှက်သောကြောင့် ပုန်းအောင်ရန်းတွင်းတစ်တွင်းရှာကာ သွားခွေနေချင်စိတ်ပင်ပေါက်မိသည်။

“ဟုတ်တယ်.. အားလုံးက သူ့ကြောင့်ပဲ.”

ရှစ်လင်း၏မျက်လုံးတို့က သူ၏ရှေ့ရှိဂူဝင်ပေါက်၌ ရပ်နေသော ရှစ်ဖုန့်အားစိမ်းစိမ်းဝါးဝါးကြည့်ရင်း မကျေမချမ်းမှုတို့ဖြစ်နေသည်။

ရှစ်လင်းကသူ၏မကျေမချမ်းမှုနှင့် အမုန်းတရားများအားလုံးကို ရှစ်ဖုန့်ပေါ်သို့ပုံချလိုက်သည်။ သူဤကဲ့သို့အဆုံးသတ်ရသည့် အကြောင်းပြချက်အားလုံးတို့က ရှစ်ဖုန့်ကြောင့်ဖြစ်သည်။

ထိုထက်ပိုသည်ကား ရှစ်ဖုန့်၏မျက်နှာကအေးစက်နေသည်။ သူရှစ်လင်းစိတ်ကူးထားသကဲ့သို့ ကြောက်လန့်မှုထိတ်လန့်မှု သို့မဟုတ် နောင်တရမှုတို့ကိုသူ၏မျက်နှာထက်

၌ပြသခြင်းမရှိချေ။ ဤသည်ကား

ရှစ်လင်းအား ပို၍ပင် စိတ်သက်တောင့်သက်သာမဖြစ်မှု

ကိုခံစားရသည်။

ဤအချိန်တွင် သူ့အနေဖြင့်၎င်းထံသို့ အပြေးသွားကာ အပိုင်းပိုင်းဆွဲဖြဲချင်စိတ်ပင်ပေါက်နေမိသည်။ အကယ်၍သူ့၌သာ အနိုင်ယူနိုင်စွမ်းရှိနေလျှင် ရှစ်လင်းထိုသို့လုပ်ပြီးသည်မှာကြာပြီဖြစ်၏။

သို့သော်သူကထိုလူအားဖက်ယှဉ်ပြိုင်နိုင်ခြင်း

မရှိသည်ကို သူကောင်းစွာသိသည်ဖြစ်သည်။

“ပိုသန်မာလာရမယ်.. ငါပိုပြီးသန်မာလာချင်တယ်. ငါပိုပြီးသန်မာလာရမယ်.. “

ရှစ်လင်းကသူ၏လက်သီးတို့အား တင်းနေအောင်ဆုပ်ထားပြီး အနည်းငယ်ပင်တုန်ယင်နေသည်။

အခုကစပြီး သူကြိုးကြိုးစားစားအပတ်တကုတ်

ကျင့်ကြံမည်ဖြစ်ပြီး များစွာစွမ်းအားကြီးရမည်ဖြစ်သည်။ လူတိုင်းကသူ့အားခြားနားသောအလင်းရောင်တစ်ခုအဖြစ်ကြည့်သည်ကိုလိုချင်သည်။ ယနေ့သူ့အားနှိမ့်ချကြည့်ထားသည့်လူအားလုံးကို ၎င်းအတွက် နောင်တရစေချင်သည်။

အနာဂတ်၌သူမည်မျှအထိ လွန်စွာစွမ်းအားကြီးလာမည်ဖြစ်သည့်

အကြောင်းအား တွေးမိသောအခါတွင်ယနေ့သူ့အား

အသုံးမကျသောသူဟုခေါ်ခဲ့သည့် သူ၏ဖခင်ဖြစ်သူကို ယနေ့သူပြောသည့်စကားတို့အ

တွက်နောင်တရစေချင်၏။

သူဖခင်၏မျက်နှာကို ပင်သူ ဖြတ်ရိုက်ပစ်ချင်သည်ဖြစ်သည်။

ဂူဝင်ပေါက်၌ ဝင့်ကြွားစွာရပ်နေသောရှစ်ဖုန့်မှာ ဘာမဟုတ်သည့်ရှစ်လင်းလိုကောင်၏ မကျေမချမ်းသောအကြည့်တို့အပေါ်၌ အာရုံစိုက်နေခြင်းမရှိပေ။ သူ့အတွက်ဤကဲ့သို့အသုံးမကျသောသူမျိုးက အချိန်မရွေးသူဖျက်ဆီးပစ်နိုင်သော အမှိုက်တစ်ခုသာဖြစ်သည်။

သူ၏အကြည့်က ရှစ်ကျဲပေါ်တွင်ကျရောက်နေဆဲဖြစ်ပြီး သူကပြောလိုက်သည်။

“ခင်ဗျားရဲ့အသုံးမကျတဲ့သားနဲ့ဒီသခင်လေးကိုနှိုင်းယှဉ်တာက ဒီသခင်လေးကိုစော်ကားလိုက်တာပဲ”

“သူ..သူဘယ်လိုတောင်ပြောရဲတာလဲ”

ရှစ်ဖုန့်၏စကားတို့အားကြားရသောအခါတွင် ရှစ်လင်းက သူ၏လက်သီးတို့အားပို၍တင်း

နေအောင်ဆုပ်လိုက်သည်။

ထို့နောက် ရှစ်ဖုန့်ကဆက်ပြောသည်။

“ခင်ဗျားရဲ့အသုံးမကျတဲ့သား

အကြောင်းကိုမပြောပဲနေကြစို့.. ခင်ဗျားအပါအဝင်အားလုံးက ဒီသခင်လေးရဲ့မျက်လုံးထဲမှာအမှိုက်ထက်မပိုဘူး. ဒီနေ့ မင်းတို့ဆန်ကုန်မြေလေးတွေအကုန်လုံး ဒီကမ္ဘာပေါ်မှဆက်ပြီးရှိနေစရာမလိုတော့ဘူး”

“မင်း”

“မောက်မာလိုက်တဲ့ကောင်စုတ်”

“မောက်မာလိုက်တာ”

“ဒီကောင်စုတ်သေဖိုထိုက်တန်တယ်. မဟုတ်ဘူး ငါသူကို အပိုင်းတစ်ထောင်လောက်လုပ်ပစ်ချင်တယ်”

ရှစ်ဖုန့်၏ စကားတို့က ရုတ်ခြည်း အနက်ရောင်အလောင်းဂိုဏ်းအတွင်း

ဒေါသတကြီး ဖြင့်အော်ပြောသောအသံလှိုင်း

ဂယက်တို့ထသွားစေသည်။

“ဟားဟား.ဟားဟားဟားဟား”

အနက်ရောင်အလောင်းဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူ ရှစ်ကျဲတစ်ယောက်သာလျှင် ရှစ်ဖုန့်၏စကားများနှင့်ပက်သက်ပြီး ဒေါသမထွက်ခြင်းဖြစ်သည်။ ထိုအစား သူကဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး ပြောလိုက်သည်။

“မင်းကတော်တော်လေး လေကြီးတာပဲ. မင်းသေတော့မှာကိုသိလို့ မသေခင်လေးမှာ ရှိုးပြချင်တာလား”

“နောက်ပြီးရင် မင်းက ငါ့ရဲ့အလောင်းကျွန်တစ်ယောက်ဖြစ်လာတော့မှာ. ပြီးတော့ ခွေးတစ်ကောင်နဲ့မခြားတဲ့ တိရစ္ဆာန်တစ်ကောင်ရဲ့စကားကို ငါစိတ်ထဲမှာမထားတတ်ဘူး”

ရှစ်ကျဲက စကားပြောရင်း သူ၏ညာလက်သီးအားဆုပ်လိုက်ပြီး သူ၏ လက်ညှိုးကို ဆန့်ထုတ်လိုက်သည်။ ထို့နောက်လက်ညှိုးအား သိပ်မဝေးသောနေရာရှိရှစ်ဖုန့်ထံသို့ သာမန်ကာလျှံကာ ထိုးညွှန်လိုက်သည်။

ရုတ်ခြည်း သူ၏ရှေ့မှပြင်းထန်သောစွမ်းအား

တစ်ခုကိုရှစ်ဖုန့်အာရုံခံမိလိုက်သည်။ ယင်းမှာ သားရဲရိုင်းကြီးတစ်ကောင်က သူ့ထံသို့ တစ်ဟုန်ထိုးဦးတည်လာနေသကဲ့သို့ပင်ဖြစ်သည်။

ပြောရလျှင် ယင်းမှာ ရှစ်ကျဲ၏လက်ချောင်းမှာ စွမ်းအားသာဖြစ်သည်။ ကြယ်ခြောက်ပွင့်ဧကရာဇ်နယ်

ပယ်တစ်ဦး၏စွမ်းအားက တကယ်ကို အရမ်းကြောက်လန့်ဖို့ကောင်းသည်ဖြစ်သည်။

“ကြည့်ရတာ ဒီသခင်လေး ယူလာတဲ့လက်ဆောင်ကို ပေးဖို့အချိန်ကျပြီနဲ့တူတယ်”

ရှစ်ဖုန့်၏နှုတ်ခမ်းက သရော်ပြုံးအဖြစ်တွန့်ကွေးသွားပြီး ပြောလိုက်သည်။

စကားပြောရင်း ရှစ်ဖုန့်ကသူ၏ ညာလက်ဖြင့်ဆီးလ်တစ်ခုကိုပုံဖော်လိုက်ပြီး မြေပြင်အား သူ၏ ညာခြေဖြင့်ဆောင့်နင်းလိုက်သည်။ သူ၏ကိုယ်က ဒေါင်လိုက်အတိုင်းကောင်းကင်ထဲ

သို့ထိုးတက်သွားပြီး ရှစ်ကျဲလက်ချောင်းမှစွမ်းအားကို

ရှောင်တိမ်းလိုက်သည်။

ရှစ်ဖုန့်၏ကိုယ်က ကောင်းကင်ထဲသို့ ဆက်လက်ထိုးတက်နေသည်။ ဤအချိန်တွင် ကျယ်လောင်သော “ဝုန်း” ဟူသည့်အသံတစ်ခုထွက်ပေါ်လာသည်။ ရှစ်ဖုန့်အစောပိုင်းကရပ်နေခဲ့သောဂူဝင်ပေါက်၌ ရုတ်တရက်ပေါက်ကွဲမှုတစ်ခုဖြစ်လာ၏။

ရှစ်ကျဲ၏လက်ချောင်းအောက်တွင် ဂူမှာရုတ်ခြည်းဖျက်ဆီးခံလိုက်ရသည် ။ ကျောက်ပိုင်းအစများက နေရာအနှံ့လွင့်ပျံသွားပြီး တောင်တစ်ခုလုံးပြင်းထန်စွာလှုပ်ခါသွားကာ မြည်ဟိန်းသံများကိုထုတ်လွှတ်နေသည်။

ရှစ်ကျဲမှာ တောင်ထိပ်အားအာရုံစိုက်ခြင်းမရှိပေ။ ထိုအစား သူ၏ခေါင်းအားအနည်းငယ်မော့လိုက်ပြီး ကောင်းကင်ထဲ၌ပျံသန်းနေဆဲဖြစ်သောရှစ်ဖုန့်အား ကြွက်တစ်ကောင်အားကြောင်

တစ်ကောင်ကကစားသကဲ့သို့ ကြည့်လိုက်သည်။သူကသရော်ကာ

ပြောလိုက်သည်။

“ ထွက်ပြေးတာလား. မင်းက ငါ့ရဲ့လက်ထဲနေပြီးထွက်ပြေးနိုင်မယ်လို့ ထင်နေသေးတာလား”

ရှစ်ကျဲကစကားပြောရင်း သူ၏ ညာလက်အား ဖြေလျော့လိုက်ပြီး ရှစ်ဖုန့်ထံသို့သာမန်ကာလျှံကာတွန်း

ထုတ်လိုက်သည်။

ရှစ်ကျဲ၏တွန်းထုတ်မှုအောက်တွင် ပြင်းထန်သောစွမ်းအင်အတက်အကျတို့က လေထု၏ကြီးမားသောဧရိယာ

တစ်ဝိုက်ဖြစ်ပေါ်လာပြီး ၎င်းတို့မှာ ရှစ်ကျဲ၏ စွမ်းအားအောက်၌ ဆူပွက်လာသကဲ့သို့ပင်ဖြစ်သည်။ ၎င်းတို့ကရှစ်ဖုန့်ထံသို့ လှိုင်းလုံးများကဲ့သို့ တလိပ်လိပ်ထိုးတက်သွား၏။

ဤအချိန်တွင် အနက်ရောင်အလောင်းဂိုဏ်းမှာ ကျင့်ကြံသူများမှာ ကောင်းကင်ထဲမှသွေးနီရောင် ပုံရိပ်အား ကြွက်တစ်ကောင်ကကြောင်ကိုက

စားနေသကဲ့သို့ကြည့်နေကြသည်။ သူတို့၏အမြင်တွင် ၎င်းက အလာဟဿရုန်းကန်နေခြင်းသာဖြစ်သည်။

ထိုလူ၏စွမ်းအားအောက်တွင် ၎င်းအနေဖြင့် ထာဝရပျက်ကိန်းစိုက်ရလိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်ကကောင်းကင်ထဲသို့ပျံသန်းတက်နေသည်။ ဤအချိန်တွင် သူ၏ညာလက်ရှိဆီးလ်ကလည်း

ရုတ်တရက်ရပ်တန့်သွားသည်။ သူ၏နှလုံးရှေ့တွင်ငရဲဘုံကိုးခု အမှောင်ခန္ဓာ၏ဆီးလ်ကရုတ်တရက်ပေါ်လာပြီး နောက် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားသည်။

“ပြီးသွားပြီ”

ဆီးလ်ပျက်စီးသွားပြီးနောက် ရှစ်ဖုန့်၏ပျံသန်းနေသောပုံရိပ်က

လည်းရပ်တန့်သွားပြီး သွားပေါ်အောင်ရယ်လိုက်သည်။ သူ၏ကိုယ်ကရုတ်တရက်အဖြူ

ရောင်အလင်းတစ်ခုလင်းလက်လာ၏။

ထိုအချိန်တွင် ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ ပေါက်ကွဲမြည်ဟိန်းသံတစ်ခုက ရိုက်ခတ်ထွက်ပေါ်လာ၏။

အနက်ရောင်အလောင်းဂိုဏ်းနှင့်ရှစ်ဖုန့်တို့ရှိရာဟင်းလင်းပြင်ထဲတွင် ရုတ်ခြည်းမိုးချုံးသံများ မြည်ဟိန်းလာသည်။ ထို့နောက်ရုတ်ခြည်း ရေတိုင်ကီတစ်ခုစာမျှအရွယ်ရှိသော ထူထဲသည့် ခရမ်းရောင် မိုးကြိုးတစ်ခုက ကောင်းကင်ထဲမှကျဆင်းလာသည်။ ယင်းမှာ တစ်စုံတစ်ယောက်ကနတ်ဘုရား

အားဒေါသထွက်အောင်ပြုလုပ်သောကြောင့် ကောင်းကင်ဘုံမှ အပြစ်ပေးသကဲ့သို့ပင်ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း မိုးကြိုးလျှပ်စီးကြောင်းက ရောက်ရှိလာသည်။ အရာအားလုံးအားဝါးမျိုဖျက်စီးပစ်နိုင်စွမ်းရှိသော ခရမ်းရောင်မိုးကြိုးလျှပ်စီးကြောင်းကြီးက ရုတ်တရက်ထိုသွေးနီရောင် ပုံရိပ်ပေါ်၌ ပေါက်ကွဲသွားသည်ကို အနက်ရောင်အလောင်းဂိုဏ်းမှ

လူများမြင်တွေ့လိုက်ရသည်။

ထိုပုံရိပ်မှာ ခရမ်းရောင်မိုးကြိုးလျှပ်စီးကြောင်း၏ လျှင်မြန်စွာဝါးမျိုမှုကိုခံလိုက်ရသည်။ ၎င်းကအားလုံး၏မြင်ကွင်းမှပျောက်ကွယ်သွား၏။ ကောင်းကင်နှင့်မြေကြီး၏စွမ်းအားအောက်၌ ရှစ်ကျဲ၏ ကြယ်ခြောက်ပွင့်ဧကရာဇ်နယ်ပယ်

တိုက်ခိုက်မှုပင် ဘာသဲလွန်စမှမကျန်ဘဲပျောက်ကွယ်သွားသည်။

ထို့နောက်ချက်ချင်းမြည်ဟိန်းသံများ

ထွက်ပေါ်လာ၏။

“ဝုန်း.ဝုန်း..ဝုန်း..ဝုန်း.ဝုန်း..”

“ဝုန်း.ဝုန်း..ဝုန်း..ဝုန်း.ဝုန်း..”

ကောင်းကင်ထဲ၌ နတ်ဘုရား၏ဒေါသက လျော့ကျသွားခြင်းရှိပုံမရပေ။ ပြောရလျှင် ၎င်းက ပို၍ပို၍ ဒေါသကြီးလာသည်။ နားကွဲမတက်အလွန်ကျယ်လောင်သော မိုးခြိမ်းသံများနှင့် လျှပ်ပန်းလျှပ်နွယ်တို့က ကောင်းကင်ထဲ၌ရိုက်ခတ်ထွက်ပေါ်နေသည်။

ထို့နောက်ချက်ချင်း သိပ်သည်းထူထဲသော မိုးကြိုးလျှပ်စီးကြောင်းများက ဤဧရိယာတစ်ခွင်သို့ အတူတကွစုစည်းကျဆင်းလာသည်။ ယင်းမှာ နတ်ဘုရားကဒေါသထွက်နေသောကြောင့် ကမ္ဘာကြီးအားဖျက်ဆီးပစ်ချင်

နေသကဲ့သို့ပင်ဖြစ်သည်။

အနက်ရောင်အလောင်းဂိုဏ်းမှလူများမှာတစ်ယောက်ပြီးတစ်ယောက်သူတို့၏ခေါင်းများကိုထိတ်လန့်စွာဖြင့်မော့ကြည့်လိုက်ကြသည်။ သူတို့၏ သေလုအောင်ဖြူဖျော့သော မျက်နှာထက်ရှိသူတို့၏ မျက်လုံးများကပြူးကျယ်နေသည်။ ကောင်းကင်နှင့်မြေကြီး၏စွမ်းအားအောက်တွင် ၎င်းတို့အနေဖြင့်ရိုးရှင်းစွာဖြင့်

ပင်ကြက်သေသေနေကြခြင်းဖြစ်သည်။

ထို့နောက်ရုတ်ခြည်းသိပ်သည်းများပြားသော ခရမ်းရောင်မိုးကြိုးလျှပ်စီးကြောင်းများက သိပ်သည်းလှသောလူအုပ်ကြီး

ပေါ်သို့အဆက်မပြတ် ကျဆင်းလာ၏။ အချို့သောလူများမှာ တုန့်ပြန်ချိန်ပင်မရလိုက်ခင် ၎င်းတို့အား မိုးကြိုးလျှပ်စီးကြောင်းများက ဝါးမျိုသွားခဲ့သည်။

“ဝုန်း.ဝုန်း..ဝုန်း..ဝုန်း.ဝုန်း..ဝုန်း.”

ဤဧရိယာတစ်ခွင်တွင် မိုးချုန်းသံများကိုသာကြားရသည်ဖြစ်သည်။ အခြားသောအသံများအားလုံး

အား၎င်းတို့ကဖုံးလွှမ်းထားသည်။

သိပ်သည်းများပြားလှသော ခရမ်းရောင်မိုးကြိုးများက အဆက်မပြတ်ကျဆင်းနေပြီး ခန္ဓာကိုယ်များကိုဝါးမျိုနေသည်။

“အတိဒုက္ခမိုးကြိုး. အတိဒုက္ခမိုးကြိုး. ဒါက ဒဏ္ဍာရီလာ အတိဒုက္ခမိုးကြိုးပဲ.. “

ဤအချိန်တွင် အထွတ်အထိပ်ကြယ်ခြောက်ပွင့်

ဧကရာဇ်နယ်၌ပယ်ရှစ်ကျမှာ သူ၏နှင်းကဲ့သို့ဖြူစွပ်သောမျက်နှာထက်၌ ထိတ်လန့်မှုတို့ဖြစ်နေပြီး ကျဆင်းလာနေသော ကောင်းကင်ဘုံအပြစ်ပေးမိုးကြိုး

တို့ကိုကြည့်နေသည်။

All Chapters