← Chapters

အခန်း (၇၅၄)

Vol. 51 Ch. 754

အခန်း (၇၅၄)

Vol. 51 Ch. 754

ခရမ်းရောင်မိုးကြိုးလျှပ်စီးကြောင်းကြီးများက ကောင်းကင်ထဲမှ သိပ်သည်းထူထပ်များပြားစွာဖြင့်တစ်ခုပြီး

တစ်ခုကျဆင်းလာသည်။

ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားအောက်တွင် အနက်ရောင်အလောင်းဂိုဏ်းမှ ကျင့်ကြံသူများအားလုံးမှာ လုံဝခုခံနိုင်သောစွမ်းအားတို့မရှိကြပေ။ သူတို့အားလုံးအား မိုးကြိုးလျှပ်စီးကြောင်းများက ဝါးမျိုသွားပြီး သူ၏မျက်နှာများထက်၌ ထိတ်လန့်တုန်လှုပ်မှုတို့ဖြစ်ပေါ်နေခဲ့သည်။

နားကွဲလုမတက် မိုးခြိမ်းသံများက အခြားသောအသံအားလုံးကိုဖုံးလွှမ်းသွားပြီး ၎င်းတို့ထဲတွင် ကျ့င်ကြံသူများ၏ အော်ဟစ်မြည်တမ်းသောအသံများလည်းပါရှိသည်။ မိုးကြိုးလျှပ်စီးကြောင်းများကြောင့် ကောင်းကင်နှင့်မြေကြီးမှာ ဖရိုဖရဲကမ္ဘာတစ်ခုအဖြစ်သို့ ကျရောက်လာသည်။

အနက်ရောင်အလောင်းဂိုဏ်း ၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သူ ကြယ်ခြောက်ပွင့်ဧကရာဇ် နယ်ပယ် ကျွမ်းကျင်သူ ရှစ်ကျဲမှာ ကောင်းကင်နှင့်မြေကြီး၏စွမ်းအားကြောင့် ထိတ်လန့်ကြောက်ရွံ့နေသည်။

“အဲ့တာသူပဲ. သူပဲ. သူကဒဏ္ဍာရီလာ အတိဒုက္ခမိုးကြိုးကို ဆွဲဆောင်တဲ့ သူပဲ…. သူပဲ.. သူကအတိဒုက္ခကိုဖြတ်ကျော်နေတာ”

အနက်ရောင်အလောင်းဂိုဏ်း၏ သခင်ဖြစ်သူ ရှစ်ကျဲမှာ ရှစ်ဖုန့်၏လုပ်ဆောင်မှုများအား

ဖောက်ထွင်းမြင်လိုက်ပြီးရုတ်တရက်တစ်စုံတစ်ခုကိုတွေးမိလိုက်သည်။

သူကသွေးနီရောင်ပုံရိပ်အား ဝါးမျိုသွားသော ခရမ်းရောင်မိုးကြိုးလျှပ်စီးကြောင်းများ

ကိုကြည့်လိုက်၏။ သိပ်သည်းထူထပ်များပြားလှသော မိုးကြိုးလျှပ်စီးကြောင်းများက ကောင်းကင်ထဲမှနေ၍ အလယ်ဗဟိုသို့ စုပြုံကျဆင်းလာသည်။

“အတိဒုက္ခမိုးကြိုး..ထျန်းဟန်တိုက်ကြီးရဲ့ဒဏ္ဍာရီတွေထဲမှာပဲရှိတဲ့ အတိဒုက္ခမိုးကြိုး”

ရှေးခေတ်အချိန်ကာလက အချို့သောသက်ရှိများမှာကောင်ကင်ဘုံ၏လက်သင့်ခံမှုကိုမရရှိကြချေ။ ၎င်းတို့က ကောင်ကင်ဘုံအားဆန့်ကျင်ပြီး ဤကမ္ဘာပေါ်၌ပင်ရှိမနေသင့်သော ပြိုင်ဘက်ကင်း ကျင့်ကြံခြင်းပညာရပ်များကိုကျင့်ကြံကြသည်။ သို့သော် ပြိုင်ဘက်ကင်းသိုင်းနည်းစနည်းများကို ကျင့်ကြံကြ၏။ ထို့ကြောင့်၎င်းတို့မှာ ဒဏ္ဍာရီလာ ကောင်းကင်ဘုံ အတိဒုက္ခမိုးကြိုးကို ဆွဲဆောင်ကြသည်ဖြစ်သည်။

ဒဏ္ဍာရီများထဲတွင် အချို့သောသက်ရှိများမှာ သူတို့၏စွမ်းအားများအထွတ်အထိပ်သို့ရောက်ရှိပြီးနတ်ဘုရားနယ်ပယ်သို့ရောက်ရှိသောအခါတွင် ကောင်းကင်ဘုံအတိဒုက္ခမိုးကြိုးအား

ဆွဲဆောင်စေလိမ့်မည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ကောင်းကင်ဘုံ၏စမ်းသပ်မှုကိုခ

ံကြရမည်ဖြစ်သည်။

ဤစမ်းသပ်မှုအားကျော်ဖြတ်ပြီးသည့်နောက်တွင် ၎င်းတို့အနေဖြင့်ကမ္ဘာကြီးအားနှိမ့်ချကြည့်ရှုနိုင်ကြလိမ့်မည်ဖြစ်သည်။ အကယ်၍သူတို့ကျရှုံးခဲ့လျှင် ၎င်းတို့အနေဖြင့်ပြာအဖြစ်သို့ပြောင်း

လဲသွားကြရလိမ့်မည်ဖြစ်သည်။

နတ်ဘုရားခန္ဓာကိုယ် ၎င်းတို့က ကံတရားနှင့်ကောင်းကင်ဘုံ၏ချီး

မြှောက်မှုကိုခံရသောအရာဖြစ်သည်။ ၎င်းတို့ကိုသဘာဝနတ်ဘုရား

ခန္ဓာကိုယ်များဟုခေါ်သည်။

ရှစ်ဖုန့်၏ ငရဲဘုံကိုးခု အမှောင်ခန္ဓာကိုယ်က ကောင်းကင်ဘုံအားဖီလာဆန့်ကျင်ပြီးဖြစ်သည်။ သူကရှေးဟောင်းကမ္ဘာအတွင်း၌ရှိနေခဲ့ခြင်းကြောင့်သောအစောပိုင်းက ကောင်းကင်ဘုံ၏သတိပြုမှုအား ရှောင်ရှားနိုင်ခဲ့ခြင်းဖြစ်သည်။ သူရှေးဟောင်းကမ္ဘာအတွင်းမှထွက်လာကာနီးတွင် လျှို့ဝှက်နည်းစနစ်အားအသုံးပြု၍ သူ၏ငရဲဘုံကိုးခုအမှောင်ခန္ဓာကိုယ်ကိုဆီးလ်ခတ်ခဲ့သည်။

ယခု လျှို့ဝှက်နည်းစနစ်အားဖယ်ရှား

လိုက်ပြီဖြစ်သောကြောင့် ကောင်ကင်ဘုံက ချက်ချင်းသူ၏ကောင်းကင်ဘုံကိုဆန့်ကျင်သောခန္ဓာကိုယ်အားအာရုံခံမိပြီး မိုးကြိုးလျှပ်စီးအပြစ်ပေးမှုကကျဆင်းလာခဲ့၏။ ယင်းမှာ ၎င်းအနေဖြင့်၎င်းကောင်းကင်ဘုံ

အားဆန့်ကျင်သော သူအား အပြီးတိုင်ဖျက်ဆီးပစ်ချင်သကဲ့သို့ပင်ဖြစ်သည်။

“အဖေ..အဖေ.. “

အနက်ရောင်အလောင်းဂိုဏ်း၏ခေါင်းဆောင်ဖြစ်သူ ရှစ်ကျဲ၏ဘေးမှ ရှစ်လင်းမှာတစ်ကိုယ်လုံးတုန်ယင်နေသည်။ သူက ကောင်းကင်ထက်မှကျဆင်းလာသော

မိုးကြိုးလျှပ်စီးကြောင်းများအားထိတ်လန့်စွာကြည့်ရင်းအသံကွဲ လုမတတ်အော်ဟစ်လိုက်သည်။

ကူကယ်ရာမဲ့ ကြောက်စိတ်မွှန်ထူနေချိန်တွင် မြင့်အားသောပုံရိပ်တစ်ခုကက သူ၏စိတ်ထဲသို့အလိုအလျှောက်ဝင်ရောက်လာသည်။ ရှစ်လင်း၏ စိတ်ထဲတွင် အကယ်၍မိုးကောင်းကင်ကြီးပြိုကျလာခဲ့လျှင်ဤလူက၎င်းအားမပေးထားမည့်သူအဖြစ်မှတ်ယူထားသည်။

ရှစ်လင်းကရှစ်ကျဲ၏ဘေးတွင်ရပ်နေသည်။ ထို့ကြောင့် မိုးကြိုးလျှပ်စီးကြောင်းများက ရှစ်လင်းရောရှစ်ကျဲထဲသို့ပါချိန်ရွယ်ပြီးကျဆင်းလာသည်ဖြစ်သည်။ ရှစ်ကျဲက ရှစ်လင်းအားအလျှင်အမြန်ဖက်လိုက်ပြီး ခရမ်းရောင် မိုးကြိုးလျှပ်စီးကြောင်းအားသူ၏

ခန္ဓာကိုယ်ဖြင့်ဖြတ်ခနဲရှောင်တိမ်းလိုက်သည်။

သို့သော်ဤအချိန်တွင် ထူထဲသိပ်သည်းသော မိုးကြိုးလျှပ်စီးကြောင်းတစ်ခုက ရှစ်လင်းနှင့်ရှစ်ကျဲတို့ရှိရာဟင်းလင်း

ပြင်သို့ဖျက်ခဲရောက်ရှိလာ၏။

မျက်စိတစ်မှိတ်အတွင်းမိုးကြိုးလျှပ်စီး

ကြောင်းကရောက်ရှိလာခဲ့သည်။

ရှစ်ကျဲနှင့်ရှစ်လင်းတို့၏ ဖြူဖျော့နေသောမျက်နှာများကရှုံ့မဲ့နေသည်။ သူတို့ကလွန်စွာလက်သင့်မခံနိုင်စွာဖြင့်ကျယ်လောင်စွာအော်ဟစ်လိုက်သည်။

“မဟုတ်ဘူး”

ခရမ်းရောင်မိုးကြိုးလျှပ်စီးကြောင်းကြီးက ရိုက်ခတ်ကျဆင်းလာပြီး ခန္ဓာကိုယ်နှစ်ခုအားတစ်ချိန်တည်းတွင်ဝါးမျိုသွားသည်။

“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..ဝုန်း.”

“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..ဝုန်း.”

“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..ဝုန်း.”

ဤကမ္ဘာတွင် မိုးချုန်းသံများက အဆက်မပြက်ထွက်ပေါ်နေသည်။ ပြင်းထန်သောမိုးကြိုးလျှပ်စီးကြောင်းများကပို၍ပို၍ ကျဆင်းလာပြီး ၎င်းတို့မှာ ဤနေရာအား မဖျက်ဆီးမပြီးမချင်းရပ်တန့်မည့်ပုံမပေါ်ပေ။

အနက်ရောင်အလောင်းဂိုဏ်း၏ကျင့်ကြံသူပေါင်းတစ်သောင်းတွင်မည်သူမျှ ချမ်းသာရာမရပေ။ သူတို့အားလုံးအားခရမ်းရောင်မိုးကြိုး

လျှပ်စီးများကဝါးမျိုသွားသည်။

ကောင်းကင်နှင့်မြေကြီး၏အရှိန်အဝါအောက်တွင် ကျောက်ထရံမှာလည်း အစိတ်စိတ်အမွှာမွှာချေမွခံလိုက်ရသည်။ မြေပြင်၌ အနိဋ္ဌာရုံမြင်ကွင်းအတိဖုံးလွှမ်းနေပြီးဖြစ်သည်။ ၎င်းက အပျက်အစီးနယ်မြေတစ်ခုအဖြစ်ကျဆင်းသွားပြီး များစွာသောမရေတွက်နိုင်သည့်ချိုင့်ကြီးများက တစ်ခုပြီးတစ်ခုပေါ်လာသည်။ ကြီးမားသော အက်ကွဲကြောင်းကြီးများလည်းဖြစ်ပေါ်လာသည်။

ကမ္ဘာတစ်ခုလုံးမှာ အဆုံးသတ်နေ့သို့ရောက်ရှိလာသကဲ့သို့ပင်ဖြစ်သည်။

………………..

အနက်ရောင်အလောင်းဂိုဏ်း၏ ကြီးမားသောအခြေအနေက အနီးအနားရှိဂိုဏ်းများနှင့်အင်းအားစုများ၏အာရုံကိုစွဲဆောင်ပြီးဖြစ်သည်။

ဤအချိန်တွင် မရေတွက်နိုင်သောအကြည့်များကအဝေးမှနေ၍ ဤနေရာသို့စူးစိုက်ကျရောက်နေသည်။

“ဘာဖြစ်နေတာလဲ.. မိုးကြိုးအပြစ်ပေးမှု.. ဒါကဒဏ္ဍာရီလာ အတိဒုက္ခမိုးကြိုးမလား. ဒါကအရမ်းစွမ်းအားကြီးတာပဲ. ဒါကကောင်းကင်နဲ့မြေကြီးရဲ့ထည်ဝါမှုဖြစ်နေတာ မအံ့ဩတော့ပါဘူး. ရှစ်ကျဲက ပြိုင်ဘက်ကင်း ကျင့်ကြံနည်းတစ်ခုခုကိုများ

ကျင့်ကြံနေတာများလား. သူကမိုးကြိုးအပြစ်ပေးမှုကို

ဆွဲဆောင်လိုက်တာလား”

“အနက်ရောင်အလောင်းဂိုဏ်းကလက်သင့်မခံနိုင်တဲ့အရာများစွာကိုပြုလုပ်ခဲ့တယ်.. သူတို့တွေ မိုးကြိုးပစ်ခံရတာပဲဖြစ်ရမယ်”

“ကောလဟာလတွေအရ အနက်ရောင်အလောင်းဂိုဏ်းရဲ့လျှို့ဝှက်နေရာမှာ ရှစ်ကျဲရဲ့ဘိုးဘေးတစ်ယောက် မသေမျိုးခန္ဓာကိုယ်ကိုကျင့်ကြံနေတယ်တဲ့. ရှစ်ကျဲရဲ့ဘိုးဘေးများပြန်လည်မွေးဖွားလာပြီးတော့ မိုးကြိုးအပြစ်ပေးမှုကိုဆွဲဆောင်လိုက်တာများလား”

အနက်ရောင်အလောင်းဂိုဏ်းမှ ကျင့်ကြံသူများအာကြည့်ရင်း များစွာသောခန့်မှန်းပြောဆိုမှုများ

ထွက်ပေါ်လာသည်။

သို့သော် မဖိတ်ခေါ်ထားသည့်ဧည့်သည်တစ်ယောက်က အနက်ရောင်အလောင်းဂိုဏ်းသို့ရောက်ရှိလာပြီး ရက်ရောသော လက်ဆောင်တစ်ခု ၎င်းတို့အတွက်ယူဆောင်လာခြင်း

ဖြစ်သည်ကိုတော့မည်သူကမှ မခန့်မှန်းနိုင်ကြပေ။

“ဟားဟား..ဟားဟားဟား.”

ခရမ်းရောင်မိုးကြိုးလျှပ်စီးတို့အတွင်းရှစ်ဖုန့်ကအဝတ်ဗလာဖြင့် မိုးကြိုးလျှပ်စီးတို့၏နှစ်ခြင်းမင်္ဂလာ

ကိုလက်သင့်ခံနေသည်။

မိုးကြိုးလျှပ်စီးကြောင်းများက

သူ့ပေါ်သို့အဆက်မပြတ်ကျဆင်းနေ၏။

ရှစ်ဖုန့်၏ခန္ဓာကိုယ်၌ပြတ်ရှရာများပွန်းပဲ့ရာများဖုံးလွှမ်းနေ၏။ သူ့အား မှတ်မိနိုင်ရန်ပင်ခက်ခဲနေပြီဖြစ်သည်။ သို့သော် သူကကောင်းကင်ထဲ၌ရယ်မောနေဆဲဖြစ်သည်။ သူကရူးသွပ်နေသောနတ်ဆိုးတစ်ပါးနှယ်ပင်ဖြစ်၏။

ဤသည်ကားသူ့အတွက် ဒုတိယအကြိမ် ငရဲဘုံကိုးခု အမှောင်ခန္ဓာကိုယ်ကိုယ်ဖွဲ့ဆီးခြင်းဖြစ်ပြီး ဒုတိယအကြိမ် မိုးကြိုးအပြစ်ပေးမှုကိုခံယူခြင်းလည်းဖြစ်သည်။ ဤတစ်ကြိမ်တွင်လည်း ပြတ်ရှရာများပွန်းပဲ့ရာများဖုံးလွှမ်းနေခဲ့သော်လည်း ယခင်ဘဝကထက်တော့များစွာ ကောင်းမွန်သည်ဖြစ်သည်။

ယခင်ဘဝမှအတွေ့အကြုံဖြင့်ဤအတိဒုက္ခမိုးကြိုးမှသူ့အနေဖြင့်ရာနှုန်းပြည့်ရှင်သန်နိုင်လိမ့်မည်ဟု ရှစ်ဖုန့်ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိသည်ဖြစ်သည်။

ဤခန္ဓာကိုယ်ကပြင်းစွာသောနာကျင်မှုဒုက္ခဝေဒနာကိုခံစားရသော်လည်း ဤအတိဒုက္ခမိုးကြိုးကပ်ဘေးမှရှင်သန်ပြီးနောက်တွင် သူ၏ခန္ဓာကိုယ်က အတိဒုက္ခမိုးကြိုးကပ်ဘေး၏

ကောင်းချီးပေးမှုကိုခံရပြီး ကောင်းကျိုးများစွာထင်ရှား

ပေါ်လာလိမ့်မည်ဖြစ်သည်။

သူပိုမိုသန်မာလာသ၍ သူ့ကိုယ်သူ အပိုင်းပိုင်းဆုတ်ဖြဲပစ်ရခြင်းကဘာမှမဟုတ်ပေ။

ထိုထက်ပိုသည်ကား အနက်ရောင်အလောင်းဂိုဏ်းမှ

သူတောင်းစားများသည်လည်း သူ့ထက်ပိုမိုကောင်းမွန်မှုမရှိခြင်းပင်ဖြစ်သည်။ သူ့၌ငရဲဘုံကိုးခု အမှောင်ခန္ဓာရှိပြီး လွန်စွာအားကောင်းသောကာယခွန်အားကိုပိုင်ဆိုင်ထားသည်ဖြစ်သည်။ ထိုသူတောင်းစားများနှင့်ယှဉ်လိုက်လျှင်သူ၏ကာယခန္ဓာကိုယ်က၎င်းတို့ဖက်ပြိုင်နိုင်

သောအရာမျိုးမဟုတ်ပေ။

ဤလူတစ်သောင်းလုံး အပိုင်းပိုင်းခြေမွပစ်ခံရပြီးပြာဖြစ်သွား

လျှင်အကောင်းဆုံးဖြစ်သည်။

“ဝုန်း”

ရှစ်ဖုန့်အားဝါးမျိုထားသောခရမ်းရောင်မိုးကြိုးလျှပ်စီးများကစတင်လွင့်ပျယ်လာချိန်တွင် အခြားသော မိုးကြိုးလျှပ်စီးကြောင်းတစ်ခက အစားထိုးဝင်ရောက်လာကာ ရှစ်ဖုန့်၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာပြီး ၎င်းအားထပ်မံဝါးမျိုသွားပြန်သည်။

“အား”

ပြင်းထန်လှသောနာကျင်မှုအတွင်းနောက်ဆုံး

တွင်ရှစ်ဖုန့် သားရဲတစ်ကောင်ကဲ့သို့အော်ဟစ်လိုက်သည်။

သို့သော်ထိုသို့အော်ဟစ်ပြီးနောက်သူက ကောင်းကင်အားမော့ကြည့်ကာရယ်မောလိုက်၏။

“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..ဝုန်း.”

အချိန်များဖြည်းဖြည်းချင်းကုန်ဆုံးသွားသော်လည်း မိုးကြိုးအပြစ်ပေးမှုကရပ်တန့်မည့်ပုံမပေါ်သေးချေ။ ထိုအစားပို၍ပို၍ ပြင်းထန်လာပြီး ကျဆင်းလာသောမိုးကြိုးများကလည်းပို၍ပို၍ သိပ်သည်းလာသည်။ ခရမ်းရောင်လျှပ်ပန်းလျှပ်နွယ်များကလည်း ဆက်တိုက်လင်းလက်နေ၏။

မိုးကြိုးလျှပ်စီးများက ဖြည်းဖြည်းချင်းအားနည်းမသွားခင်အထိ အနည်းဆုံး တစ်နေ့နှင့်တစ်ညကြာမြင့်ခဲ့သည်ဖြစ်သည်။ နောက်ထပ်တစ်နေ့ကုန်ဆုံးသွားသည်။ ကောင်းကင်ဘုံက၎င်း၏ဒေါသအား ပေါက်ကွဲပြီးနောက် နောက်ဆုံးတွင် တည်ငြိမ်သွားပုံရပြီး ခရမ်းရောင်အပြစ်ပေးမိုးကြိုးတို့မှာလည်း ဤကမ္ဘာမှစတင်ဆုတ်ခွာလာသည်။

မိုးကြိုးလျှပ်စီးများ အားလုံးပျောက်ကွယ်သွားပြီး ကမ္ဘာကြီးက၎င်း၏ငြိမ်းအေးမှုကိုပြန်မရခင် ပြတ်ရှရာပွန်းပဲ့ရာများဖုံးလွှမ်းနေသောခန္ဓာကိုယ်တစ်ခုက ဟင်းလင်းပြင်ထဲ၌ပေါ်လာသည်။

“ဟားဟား..နောက်ဆုံး.နောက်ဆုံးတော့ပြီးသွားပြီ”

ရှစ်ဖုန့်က အသက်ကိုပြင်းပြင်းရှူလိုက်ပြီး မိုးကြိုးလျှပ်စီးများ၏အပြည့်အဝဖျက်ဆီးမှုကို ခံထားရသည့် ကုန်းမြေအားကြည့်ကာပြောလိုက်သည်။

All Chapters