← Chapters

အခန်း (၇၅၅)

Vol. 51 Ch. 755

အခန်း (၇၅၅)

Vol. 51 Ch. 755

ရှစ်ဖုန့်ကပတ်ဝန်းကျင်အားတစ်ချက်ကြည့်လိုက်ပြီးနောက် မူလက ကောင်းကင်နှင့်မြေပြင်ကြားထဲ၌ ထီးထီးကြီး ရှိနေသော ကျောက်ထရံကြီးကိုလည်းကြည့်လိုက်သည်။ သို့သော် ဤအချိန်တွင် ကျောက်ထရံမှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေနေခဲ့ပြီဖြစ်သည်။ ၎င်းနှင့်အတူ ရှေးဟောင်းကမ္ဘာသို့ဦးတည်နေသော အာကာသလမ်းကြေင်းမှာလည်း ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။

မူလကရှစ်ဖုန့်အနေဖြင့်တီရှာနှင့်လောချင်းချွမ်တို့အားအထဲ၌သူ့ကိုစောင့်နေရန်ပြောခဲ့သည်။ အနက်ရောင်အလောင်းဂိုဏ်းမှထို

သူတောင်းစားများအား သူ သတ်ခဲ့ပြီးနောက် သူကရှေးဟောင်းကမ္ဘာအတွင်းသို့ပြန်လည်

ဝင်ရောက်ပြီး၎င်းတို့နှင့်တွေ့ဆုံရန်ဖြစ်သည်။

သို့သော် ကောင်းကင်နှင့်မြေကြီး၏ အတိဒုက္ခမိုးကြိုးက တကယ်ကြီး အာကာသလမ်းကြောင်းကို ဖျက်ဆီးပစ်လိမ့်မည်ဟုတော့ သူမမျှော်လင့်ထားခဲ့ပေ။

သူ့အနေဖြင့်အချိန်အတိုင်းအတာတစ်ခုအထိ ၎င်းတို့နှင့် တွေ့ဆုံနိုင်ခြင်းရှိမည့်ပုံမပေါ်ပေ။

ပြောရလျှင် ကောင်းကင်နှင့်မြေကြီး၏ အတိဒုက္ခမိုးကြိုးအောက်၌ ဖျက်ဆီးခံလိုက်ရသည်ကား ဤအရာတစ်ခုတည်းမဟုတ်ပေ။ အနက်ရောင်အလောင်းဂိုဏ်းမှ ကျင့်ကြံသူပေါင်းတစ်သောင်းလုံး

သေဆုံးသွားခဲ့သည်။ ၎င်းတို့၏သေခြင်းစွမ်းအင်နှင့် ဝိညာဉ်တို့ကိုလည်း အတိဒုက္ခမိုးကြိုးက အပြီးတိုင်ဖျက်ဆီးပစ်ခဲ့သည်။ ထို့ကြောင့်ရှစ်ဖုန့်အနေဖြင့်၎င်းတို့အား

လုံးဝမဝါးမျိုခဲ့ရပေ။

အသွေးနှင့်အသားတို့အားထည့်ပြောရန်ဝေးစွ ထိုကျင့်ကြံသူများ၏ ခန္ဓာကိုယ်များနှင့်အရိုးများမှာလည်း အတိဒုက္ခမိုးကြိုး၏ခြေမွဖျက်ဆီးခြင်း

ကိုခံလိုက်ရသည်။

“အဟွတ်..အဟွတ်.အဟွတ်…အဟွတ်. .. အဟွတ်..အဟွတ်..အဟွတ်..အဟွတ်..အဟွတ်”

ဤအချိန်တွင် ပြင်းထန်သောချောင်းဆိုးသံများက ဖွတ်ဖွတ်ညက်ညက်ကြေနေသော ကုန်းမြေထဲမှ ဆက်တိုက်ထွက်ပေါ်လာသည်။ရှစ်ဖုန့်က ချက်ချင်းချောင်းဆိုးသံထွက်ပေါ်လာရာနေရာဆီသို့ငုံ့ကြည့်လိုက်သည်။

ကောင်းကင်နှင့်မြေကြီး၏ အတိဒုက္ခမိုးကြိုးအောက်၌ ရှင်သန်ကျန်ရစ်နိုင်သည့်တစ်စုံတစ်

ယောက်ရှိနေလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

၎င်းနေရာတွင် အက်ကွဲကြောင်းများချိုင့်ကြီးများနှင့်ပြည့်နှက်နေသည်။ ရှစ်ဖုန့်က အပျက်အစီးကုန်းမြေအား စစ်ဆေးလိုက်သည်။ ဖြည်းဖြည်းချင်း သူ၏အကြည့်က အုတ်ကျိုးအုတ်ပဲ့ပုံတစ်ပုံပေါ်သို့ကျ

ရောက်သွားသည်။ ဤအချိန်တွင် ရှစ်ဖုန့်၏အကြည့်က ထိုနေရာ၌ရပ်တန့်လိုက်၏။

“ဘန်း”

ကျယ်လောင်သောပေါက်ကွဲသံတစ်ခုနှင့်အတူ အကျိုးအပဲ့အစအနများကနေရာ

အနှံ့လွင့်ပျံသွားသည်။ ပုံရိပ်တစ်ခုက အကျိုးအပဲ့အစအနများထံမှ ဝုန်းခနဲထွက်လာပြီး ဟင်းလင်းပြင်အတွင်းသို့ပျံတက်လာ၏။

ထို့နောက်ချက်ချင်း ကြမ်းကြုတ်ခက်ထန်သောသားရဲတစ်ကောင်ကဲ့သို့အော်ဟစ်သံကိုကြားလာရသည်။

“ သူတောင်းစား. သူတောင်းစားလေး. မင်း အနက်ရောင်အလောင်းဂိုဏ်းက ကျင့်ကြံသူတစ်သောင်းကိုသတ်ပစ်ခဲ့တယ်. ငါ့သားကိုတောင်မင်းမချမ်းသာပေးဘူး. မင်း. မင်းသေချင်းဆိုးနဲ့သေရမယ်”

ဤခန္ဓာကိုယ်တွင် ပြတ်ရှရများ ပွန်းရာပဲ့ရာများ ဖုံးလွှမ်းနေကာ သွေးများက တစ်စက်စက်ကျနေသည်။ ကောင်းကင်နှင့်မြေကြီး၏ အတိဒုက္ခမိုးကြိုးအောက်တွင် သူ၏ညာခြေနှင့် ညာလက်တို့က အစိတ်စိတ်အမွှာမွှာပေါက်ကွဲထွက်သွားသည်။

သူ၏သွေးလွှမ်းနေသောမျက်နှာက

လွန်စွာရှုံ့မဲ့နေပြီး ခက်ထန်နေသည်။

တစ်ချက်ကြည့်ရုံနှင့်ဤလူက အနက်ရောင်အလောင်းဂိုဏ်းမှ ခေါင်းဆောင်ဖြစ်သူ ကြယ်ခြောက်ပွင့်အထွတ်အထိပ်

ဧကရာဇ်နယ်ပ်ကျွမ်းကျင်သူ ရှစ်ကျဲဖြစ်သည်ကို ရှစ်ဖုန့်သိလိုက်သည်။

ကောင်းကင်နှင့်မြေကြီး၏ အတိဒုက္ခမိုးကြိုးအောက်၌ရှစ်ကျဲတစ်

ယောက်အသက်ရှင်ကျန်ရစ်ခဲ့လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

ဤအချိန်တွင် ရှစ်ကျဲမှာ ဒေါသအိုးပေါက်ကွဲသည့် အခြေအနေသို့ရောက်ရှိနေပြီဖြစ်သည်။ အနက်ရောင်အလောင်းဂိုဏ်း၏ ကျွမ်းကျင်သူပေါင်းတစ်သောင်းရှိခဲ့သည်ဖြစ်သည်။ ဂိုဏ်းခေါင်းဆောင်ဖြစ်သောသူက အင်ပါယာနယ်ပယ်သို့ရောက်ရှိနေသည့်ကျင့်ကြံသူအားလုံးအား ဦးဆောင်ခေါ်လာခဲ့သည်ဖြစ်၏။

၎င်းတို့ကြားထဲတွင် ဧကရာဇ်နယ်ပယ်သို့ရောက်ရှိနေသူ ဆယ့်တစ်ယောက်ရှိခဲ့သည်။

သို့သော်ဤတိရစ္ဆာန်ကောင်ဆင့်ခေါ်ခဲ့သော ကောင်းကင်နှင့်မြေကြီး၏အတိဒုက္ခမိုးကြိုး

အောက်၌ ကျင့်ကြံသူပေါင်းတစ်သောင်းလုံး ပြာဖြစ်သွားရသည်ဖြစ်သည်။

ထိုထက်ပိုသည်ကား ၎င်းတို့မှာဘာမှအစအနကျန်ရစ်ခြင်းပင်မ

ရှိဘဲသေသွားကြခြင်းဖြစ်သည်။

“အား”

ရှစ်ကျဲကျယ်လောင်စွာအော်ဟစ်လိုက်သည်။ သူ၏ကျန်နေသော ဘယ်လက်သီးအား လက်ဖဝါးပုံရိပ်အဖြစ်ပြောင်းလိုက်၏။ ၎င်းရောက်မလာခင်သူကလက်ဦးမှုရယူပြီး ရှစ်ဖုန့်ထံသို့လက်ဝါးတစ်ချက်ပစ်လွှတ်လိုက်သည်။

ရှစ်ကျဲ၏လက်ဝါးကနောက်တစ်ကြိမ်ဟင်းလင်းပြင်ကိုဆူပွက်လာစေပြီး စွမ်းအင်အတက်အကျလှိုင်းများနှင့် တုန်ခါမှုများကိုထုတ်လွှတ်နေသည်။ ၎င်းတို့ကရှစ်ဖုန့်ထံသို့သိမ်းကျုံးဦး

တည်လာနေသည်။

သို့သော် ဤအုံကြွနေသောစွမ်းအင်အတွင်းတွင် ဧရာမမီးခိုးဖြူရောင်လက်ဝါးပုံရိပ်တစ်ခုက ခပ်ရေးရေးထွက်ပေါ်နေသည်။

“ဟမ်”

ရှစ်ကျဲ၏တိုက်ခိုက်မှုစွမ်းအား

ကိုရှစ်ဖုန့်အာရုံခံမိလိုက်သည်။ ဤစွမ်းအား၏ပေါ်လာမှုကပြင်းထန်သော်လည်း ကြယ်ခြောက်ပွင့်ဧကရာဇ်နယ်ပယ်ဖြစ်သူရှစ်ကျဲမှာ အတိဒုက္ခမိုးကြိုးကြောင့်ထိခိုက်ခဲ့ပြီး ၎င်း၏တိုက်ပွဲဝင်စွမ်းအားကလည်းကြီးစွာကျဆင်းသွားသည်ဖြစ်သည်။

ဤတိုက်ခိုက်မှုက ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်တစ်ဦး၏တိုက်ခိုက်မှုနှင့်သာညီမျှသည်ဖြစ်သည်။

သို့သော်ရှစ်ဖုန့်၏ခန္ဓာကိုယ်မှာ အတိဒုက္ခမိုးကြိုးတို့၏ အဆက်မပြတ်တိုက်ခိုက်မှုကိုခံခဲ့ရသည်ဖြစ်သည်။ သူ၏ကိုယ်က အားကောင်းသော်လည်း သူ၏ခန္ဓာကိုယ်အစိတ်အပို်ငးများကသူပိုင်ဖြစ်နေဆဲဖြစ်ပြီး သူခံစားခဲ့ရသော ထိခိုက်ဒဏ်ရာများက တကယ်တမ်းတွင်ပို၍ ပြင်းထန်သည်ဖြစ်သည်။

ဤအချိန်တွင် သူ့အနေဖြင့်ဧကရာဇ်နယ်ပယ်တစ်ဦး၏ တိုက်ခိုက်ရေးစွမ်းအားကိုချပြနိုင်ခြင်းမရှိပေ။

ရှစ်ကျဲ၏တိုက်ခိုက်မှုအားရင်ဆိုင်ရရာတွင် ရှစ်ဖုန့် အလျှင်အမြန်ပျံတက်၍ ရှောင်တိမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏ညာလက်အားလက်ဝါး

တစ်ခုအသွင်ပြုလုပ်၍ အောက်သို့ထိုးညွှန်လိုက်၏။

“ရွှီး”

နိုးထလာသောသားရဲရိုင်းတစ်ကောင်ကဲ့သို့ ကျယ်လောင်သောအော်သံတစ်ခုကပြင်းထန်စွာရိုက်ခတ်ထွက်ပေါ်လာသည်။ ရှစ်ဖုန့်၏ညာလက်မှ ဧရာမအပြာရောင်သားရဲကြီး

တစ်ကောင်ထွက်ပေါ်လာ၏။

၎င်း၌ဧရာမမြွေခန္ဓာကိုယ်ကြီးရှိပြီး ၎င်း၏ဦးခေါင်းထွက်တွင်ထက်ရှသော အပြာရောင်ဦးချိုတစ်ခုပါရှိသည်။ ၎င်း၏ကိုယ်အား သိပ်သည်းသော အပြာရောင်အကြေးခွံများဖြင့်ဖုံးလွှမ်းထား၏။ ၎င်းမှာ ခန္ဓာရှစ်ပါးနတ်ဘုရားမြွေ၏ ကိုယ်ပွားဖြစ်သောအပြာရောင်

ခန္ဓာမြွေပင်ဖြစ်သည်။

ရှစ်ဖုန့်၏တိုက်ပွဲဝင်စွမ်းအားက

ကြီးစွာလျော့ကျသွားသောကြောင့် ရန်သူကိုရင်ဆိုင်ရန်အတွက် အပြာရောင်ခန္ဓာမြွေအား

ထုတ်လွှတ်ခဲ့ရခြင်းဖြစ်သည်။

အပြာရောင်ခန္ဓာမြွေ ပေါ်လာပြီးပြီးချင်း ၎င်း၏ပါးစပ်ကြီးအားဖွင့်ဟကာ ကြမ်းကြုတ်ခက်ထန်သော အသွင်အပြင်တစ်ခုကိုပြသလာသည်။ ၎င်း၏ဧရာမအပြာရောင်ခန္ဓာကိုယ်ကြီးက ထိုးဆင်းလာပြီး ရှစ်ကျဲ၏တိုက်ခိုက်မှုထံသို့ တစ်ဟုန်ထိုးဦးတည်သွားသည်။

“ဂါး”

အပြာရောင်ခန္ဓာမြွေ၏ထိုးဆင်းလာမှုအောက်တွင် ရှစ်ကျဲ၏တိုက်ခိုက်မှာချက်ချင်း

ပျောက်ကွယ်သွားသည်။

သို့သော်တိုက်ခိုက်မှု၏စွမ်းအားအောက်တွင် အပြာရောင်ခန္ဓာမြွေ၏ကိုယ်မှာလည်း ရုတ်တရက်လှုပ်ခါသွား၏။

ထို့နောက်ချက် ချင်း ကြီးမားပြီးရှည်လျားသော အပြာရောင်မြွေမြှီးအားဝေ့ယမ်းပြီး အောက်သို့ လွှဲယမ်းလိုက်သည်။ အပြာရောင်လျှပ်စီးကြောင်းကြီးတစ်ခုကဲ့သို့ ရှစ်ကျဲထံသို့ခြေမွဖျက်ဆီးရန်ဦးတည်သွားသည်။

အပြာရောင်ခန္ဓာမြွေအား

ထုတ်လွှတ်ပြီးနောက်ရှစ်ဖုန့်က လေထဲ၌ရပ်တန့်ပြီးအောက်ရှိ

တိုက်ပွဲကိုကြည့်နေသည်။

အစောပိုင်းကတကယ်ကိုအန္တရာယ်များခဲ့သည်ဖြစ်သည်။ အတိဒုက္ခမိုးကြိုးမှရှင်သန်လွတ်မြောက်

လာနိုင်သည့်ဆန်ကုန်မြေလေးရှိလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ ထျန်းလျင်အင်ပါယာအတွင်း၌သာ

အပြာရောင်ခန္ဓာမြွေကို သူမထိန်းချုပ်နိုင်ခဲ့လျှင်အစောပိုင်းက

အန္တရာယ်တွင်းထဲသို့သူကျသွား

လောက်ပြီဖြစ်သည်။

သို့သော်ရှစ်ဖုန့်တိုက်ပွဲအားကြည့်နေစဉ်တွင် မူလစွမ်းအင်ပြန်လည်ဖြည့်တင်း

ဆေးလုံးအများအပြားကို သူ၏ သိုလှောင်လက်စွပ်အတွင်းမှထုတ်ယူပြီး ပါးစပ်ထဲသို့အပြည့် ပစ်သွင်းခဲ့သည်။

သို့သော် အမြင့်ဆုံးသောအဆင့်ဆေးလုံးများအား အဆင့်ငါးအင်ပါယာနယ်ပယ်နှင့်အဆင့်ခြောက် ဘိုးဘေးနယ်ပယ်တို့အား သတ်ဖြတ်ခြင်းတို့မှသူရရှိခဲ့ခြင်းဖြစ်သည်။ အဆင့်ခုနှစ်သူတော်စင်နယ်ပယ်သို့ရောက်ရှိသူများမှာ လွန်စွာရှားသည်ဖြစ်၏။

ဤဆေးလုံးများအား ဝါးမျိုပြီးနောက် ငရဲဘုံကိုးခု စွမ်းအင်နှင့်ငရဲဘုံကိုးခုအမှောင်ခန္ဓာတို့မှာ များစွာပြန်ကောင်းမွန်ခြင်းမရှိပေ။ ၎င်း၏အများဆုံးပမာဏမှာ ပြောပလောက်စရာပင်မရှိချေ။

ရှစ်ဖုန့်အောက်သို့ထပ်မံငုံ့ကြည့်လိုက်ပြီး အပြာရောင်ခန္ဓာမြွေက ရှစ်ကျဲနှင့်တိုက်ခိုက်နေဆဲဖြစ်သည်ကိုသူတွေ့လိုက်ရသည်။

ကြီးမားသောမြွေကြီးကရှစ်ကျဲ၏

ကိုယ်ပတ်လည်တွင်ရစ်ခွေပြီး ၎င်းအားဗဟိုပြု၍ တင်းကျပ်စွာရစ်ပတ်ပစ်လိုသော်လည်း ရှစ်ကျဲက မြွေ၏ကိုယ်ထံမှရုတ်ခြည်းတိုးထွက်ကာ ရုတ်တရက်အပြာရောင်မြွေခန္ဓာ၏ ဦးခေါင်းကိုလက်သီးတစ်လုံးပစ်သွင်းလိုက်သည်။

“ဂါး”

အပြာရောင်ခန္ဓာမြွေက ထပ်မံအော်ဟစ်လိုက်သည်။ ၎င်း၏ခေါင်းအားနှိမ့်လိုက်ကာ ရှစ်ကျဲ၏လက်သီးချက်နှင့်တွေ့ဆုံရန်၎င်း၏ အပြာရောင်ဦးချိုကိုအသုံးပြုလိုက်သည်။

ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်လူတစ်ယောက်နှင့် မြွေတစ်ကောင်ကြားမှတိုက်ပွဲကား အနိုင်ရရှိသူအားအချိန်တစ်ခုကြာသည်အထိ ဆုံးဖြတ်နိုင်မည့်ပုံမပေါ်ပေ။

တစ်ချိန်တည်းမှာပင်ရှစ်ဖုန့်က သူ၏ဝိညာဉ်စွမ်းအားကိုအသုံးပြုကာ သွေးကျောက်ပြားနေရာလွတ်အတွင်းရှိ ရွှယ်ဝူဟမ်နှင့်ဆက်သွယ်လိုက်ပြီး မေးလိုက်သည်။

“ ဝူဟမ်.အဆင့်ရှစ်ဆေးအမယ်

ကိုသန့်စင်တာဘယ်လိုနေလဲ”

ရှစ်ဖုန့်မေးသောဆေးက ရှေးဟောင်းကမ္ဘာရှိစိမ့်မြေတော

အုပ်အတွင်း၌သူရရှိခဲ့သော အဖြူရောင်ပန်းလေးအားဆိုလိုခြင်းဖြစ်သည်။

ရှစ်ဖုန့်၏အသံက ရွှယ်ဝူဟမ်ရှိရာတစ်ဝိုက်၌ရုတ်ခြည်း

ရိုက်ခတ်ထွက်ပေါ်လာသည်။ဟင်းလင်းပြင်ထဲ၌ တင်ပျဉ်ခွေထိုင်နေသော ရွှယ်ဝူဟမ်မှာ ရုတ်ခြည်းသူ၏မျက်လုံးတို့ကိုဖွင့်လိုက်သည်။ ရှစ်ဖုန့်၏အသံအားကြားလိုက်ရသောအခါတွင် ရွှယ်ဝူဟမ်ကလျှင်မြန်စွာလေးလေး

စားစားပြန်ဖြေလိုက်သည်။

“ဘိုးဘေး. ဆေးကသန့်စင်ပြီးတာတော်တော်ကြာနေပါပြီ”

ရွှယ်ဝူဟမ်က ကျောက်စိမ်းပုလင်းတစ်ခုအား သူ၏သိုလှောင်လက်စွပ်အတွင်းမှထုတ်ယူလိုက်ပြီး ၎င်း၏လက်ဖဝါးပေါ်တွင်ထားလိုက်သည်။

“ကောင်းတယ်”

ရှစ်ဖုန့်ကပြောလိုက်သည်။ အတွေးတစ်ချက်ဖြင့် ရွှယ်ဝူဟမ်၏လက်ဖဝါးပေါ်မှကျောက်စိမ်း

ပုလင်းမှာ ရုတ်ခြည်းပျောက်ကွယ်သွားသည်။

ထို့နောက် ရှစ်ဖုန့်၏လက်ဖဝါးအတွင်း၌ သွေးနီရောင်အလင်းတစ်ခုလင်းလက်လာပြီး သူ၏လက်ထဲ၌ကျောက်စိမ်းပုလင်း

တစ်ခုပေါ်လာသည်။

ရှစ်ဖုန့်က ပုလင်းကို လျှင်မြန်စွာဖွင့်လိုက်ပြီး ဆေးပုလင်းထံမှ နူးညံ့မွှေးပျံ့သော ရနံ့တစ်ခုကရုတ်ခြည်းစီးမျောထွက်ပေါ်လာသည်။ သို့သော်ဤအချိန်တွင် ရှစ်ဖုန့်မှာ ဆေး၏မွှေးရနံ့နှင့်ပက်သက်ပြီးများစွာ မတွေးတောနိုင်ချေ။ သူ၏ ညာလက်အားတစ်ချက်လှုပ်ရှားလိုက်ပြီး ပုလင်းအတွင်းမှဆေးတစ်စက်အား လျှင်မြန်စွာဖယ်ရှားလိုက်ကာ ကျန်သည့် အားလုံးကိုသူ၏ပါးစပ်အတွင်းသို့

လောင်းထည့်လိုက်သည်။

All Chapters