အခန်း (၇၅၆)
Vol. 51 Ch. 756
အဆင့်ရှစ် မဟာသူတောင်စင်နယ်ပယ် စိတ်ဝိညာဉ်ဆေးပင်၏ အဆီအနှစ်က ရှစ်ဖုန့်၏ ဝမ်းဗိုက်အတွင်းသို့ဝင်ရောက်သွားပြီးပြီးချင်း သူ၏ခန္ဓာကိုယ်အတွင်းမှ တလိပ်လိပ်တက်လာသော ကမ္ဘာဦးချီတို့ကို ရုတ်ခြည်းခံစားလိုက်ရသည်။
ရှစ်ဖုန့်ကချက်ချင်း ကောင်းကင်နှင့်မြေကြီး၏ ကမ္ဘာဦးချီတို့အား ကျွမ်းကျင်စွာကိုင်တွယ်လိုက်ပြီး သူ ၏ဒန်တန်အတွင်း၌စုစည်းလိုက်၏။ မကြာခင်တွင် ရှစ်ဖုန့်၏ကုန်ခမ်းသွားသော ငရဲဘုံကိုးခုစွမ်းအင်များက ခြောက်သွေ့နေသောမြစ်တစ်ခုအတွင်း ရေကာတာတစ်ခုဖွင့်လှစ်လိုက်သည့်နှယ် သွန်းလောင်းရောက်ရှိလာသည်။
မကြာခင်တွင် သူ၏ဒန်တန်အတွင်းရှိ ငရဲဘုံကိုးခု စွမ်းအင်တို့က သုံပုံတစ်ပုံ ပြန်လည်ပြည့်တင်းလာသည်ကို ရှစ်ဖုန့်အာရုံခံမိလိုက်သည်။
ရှစ်ဖုန့်က အောက်ဘက်ရှိတိုက်ပွဲမြေပြင်သို့ထပ်မံ
အာရုံစိုက်လိုက်သည်။ ဒဏ်ရာများဖုံးလွှမ်းနေပြီး ကျိုးပျက်နေသောလက်မောင်း၊ခြေတို့နှင့်ရှစ်ကျဲက ဧရာမအပြာရောင်မြွေကြီးနှင့်
တိုက်ခိုက်နေဆဲဖြစ်သည်။
“ဒီသခင်လေးအခုမင်းကိုသတ်ဖို့လာပြီ”
ရှစ်ဖုန့်ကအောက်ရှိရှစ်ကျဲအားကြည့်၍ အေးစက်စွာပြောလိုက်သည်။
ရုတ်ခြည်း သူ၏လက်တို့ဖြင့် လက်သင်္ကေတဆီးလ်တို့အား ရှစ်ဖုန့်ဆက်တိုက်ပုံဖော်လိုက်၏။ သူ၏ဆီးလ်တို့ကဆက်တိုက်ပြောင်းလဲနေပြီး သူ့လက်ချောင်းတို့၏အဖြူရောင်အရိပ်များက ဆက်တိုက်လင်းလက်နေသည်။ မကြာခင်တွင် မူလကပြန်လည်ပြည့်တင်းလာသော ရှစ်ဖုန့်၏ဒန်တန်အတွင်းရှိ ငရဲဘုံကိုးခုစွမ်းအင်တို့က ထပ်မံကုန်ခမ်းသွားသည်။
ရုတ်တရက်လေးထောင့်ကျသော တောင်ကုန်းတစ်ခုစာ ကြီးမားသည့် အဖြူရောင်အမှတ်အသားတစ်ခုက ရှစ်ဖုန့်၏ကိုယ်အောက်၌ပေါ်လာသည်။
“ငရဲဘုံကိုးခု အံ့ဖွယ်ဆီးလ်တံဆိပ်လေးခု”
“အမ်”
ကောင်းကင်ထဲတွင် ငရဲဘုံကိုးခု အံ့ဖွယ်ဆီးလ်တံဆိပ်လေးခုပေါ်လာလာချင်း ဧရာမအပြာရောင်မြွေကြီးနှင့် တိုက်ခိုက်နေသော ရှစ်ကျဲမှာ ရုတ်တရက်သူ၏အမူအယာကပြောင်းလဲသွားပြီး လွန်စွာထိတ်လန့်တုန်လှုပ်စွာဖြင့်မျက်လုံများပြူးကျယ်သွားသည်။
“ဒီ..ဒီစွမ်းအားက..”
ငရဲဘုံကိုးခု အံ့ဖွယ်ဆီးလ်တံဆိပ်လေးခု၏
အောက်တွင်ရှစ်ကျဲ၏နှလုံးသားထဲ၌ စွမ်းအားမဲ့သောအသိအာရုံ
တစ်ခုမြင့်တက်လာသည်။ ဤစွမ်းအားကသူလုံးဝခုခံနိုင်ခြင်း
မရှိသောတစ်စုံတစ်ခုဖြစ်သည်ကိုသူအာရုံခံမိသည်။
ဤစွမ်းအား၏အောက်တွင် လေထုပင်အေးခဲပြီးကျစ်လစ်လာပုံရပြီး သူ၏ လှုပ်ရှားမှများက နှေးကွေးလေးလံလာသည်။
“ဝုန်း..ဝုန်း..ဝုန်း.ဝုန်း..ဝုန်း.ဝုန်း..”
ရှစ်ဖုန့်ရှိရာ ဧရာမအပြာရောင်မြွေကြီးနှင့် ရှစ်ကျဲတို့တိုက်ခိုက်နေသောနေရာ၌နှင့်သိပ်မဝေးလှသောနရောရှိ မြေပြင်မှ မြည်ဟိန်းသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာည်။
ရုတ်တရက် လွန်စွာခမ်းနားသောအော်ရာတစ်ခု ထိုနေရာမှမြင့်တက်လာသည်ကို ရှစ်ဖုန့်ခံစားမိလိုက်သည်။
ရှေးဟောင်းအဆောက်အဦး အစုအဝေးတို့ ရှိနေသော ထိုနေရာမှာ အနက်ရောင်အလောင်းဂိုဏ်း၏ တည်နေရာဖြစ်လိမ့်မည်ဖြစ်သည်။ သို့သော်၎င်းမှာ ဤနေရာနှင့်သိပ်မဝေးလှသောကြောင့် အတိဒုက္ခမိုးကြိုး၏အောက်တွင် အပျက်အစီးများအဖြစ်ပြောင်း
လဲသွားရသည်ဖြစ်သည်။
“ဘိုးဘေး..ဘိုးလေးနိုးထလာပြီ”
ငရဲဘုံကိုးခု အံ့ဖွယ်ဆီးလ်တံဆိပ်လေးခု၏အောက်၌ ပျောက်ကွယ်နေသော ရှစ်ကျဲမှာ မြေပြင်မှစွမ်းအင်အတက်အကျများကိုခံစားမိလိုက်သည်။ အသက်ကယ်ကောက်ရိုးတစ်မျှင်အား
ဆုပ်ကိုင်မိလိုက်သကဲ့သို့ ထိုဦးတည်ရာဘက်သို့အလျှင်
အမြန်အော်ပြောလိုက်၏။
“ဘိုးဘေး..ကျွန်တော့်ကိုကယ်ပါအုံး”
“မင်းကိုဘယ်သူမှမကယ်တင်နိုင်ဘူး. မင်းသေရမယ်”
ရှစ်ဖုန့်က စွမ်းအင်အတက်အကျများထံမှသူ၏အာရုံကို ရုတ်သိမ်းလိုက်ပြီး အောက်ရှိရှစ်ကျဲအားကြည့်၍ အေးစစ်စွာထပ်မံပြောလိုက်သည်။
ထို့နောက် သူက မကျယ်သောအသံဖြင့်အော်ပြောလိုက်၏။
“လှုပ်ခတ်ခြင်း”
ရှစ်ဖုန့်က အမိန့်ပေးလိုက်သည်နှင့် တောင်တစ်လုံးကဲ့သို့ စတုရန်းပုံစံရှိသောအဖြူရောင် ပုံရိပ်ကြီးက ရုတ်တရက်တုန်ယင်လာပြီး အောက်သို့ဖိကျလာသည်။
ငရဲဘုံကိုးခု အံ့ဖွယ်ဆီးလ်တံဆိပ်လေးခုက ပြင်းထန်စွာတုန်ခါနေပြီး အပြာရောင်မြွေခန္ဓာအားလျှင်မြန်စွာ
ဖြတ်ကျော်သွားသည်။
“အိုး..မဟုတ်ဘူး. ဘိုးဘေး..”
တောင်ကုန်းငယ်တစ်ခုကဲ့သို့ဖိကျဆင်းလာသော ဆီးလ်အားကြည့်နေရင်း ရှစ်ကျဲတစ်ယောက်အလွန်အမင်း ထိတ်လန့်နေသည်။ သူက အလျှင်အမြန်အဆုပ်ကွဲမတတ်အ
သားကုန်အော်ဟစ်လိုက်သည်။
သို့သော် သူ၏ ဘိုးဘေးဆိုသူရောက်မလာခင် သူ၏ ဒုက္ခိတဖြစ်နေသော ခန္ဓာကိုယ်မှာ ငရဲဘုံကိုးခု အံ့ဖွယ်ဆီးလ်တံဆိပ်လေးခု၏ ဖျက်ခနဲဝါးမျိုမှုကိုခံလိုက်ရသည်။
ထို့နောက်ငရဲဘုံကိုးခု အံ့ဖွယ်ဆီးလ်တံဆိပ်လေးခုက သူ၏ကိုယ်အား အပါခေါ်ဆောင်ကာ ဖွတ်ဖွတ်ညက်ညက်ကြေနေသော ကုန်းမြေပေါ်သို့ ရုတ်ခြည်း ကျဆင်းသွားသည်။
“ဝုန်း..ဝုန်း..ဝုန်း..”
မြေပြင်မှာ ပြင်းထန်စွာစတင်တုန်ခါမြည်ဟိန်းလာသည်။
ထိုအချိန်တွင် ရှစ်ဖုန့်၏ပုံရိပ်က တစ်ဟုန်ထိုးဆင်းသက်လာပြီး ငရဲဘုံကိုးခု အံ့ဖွယ်ဆီးလ်တံဆိပ်လေးခုဘေးရှိ
တုန်ခါနေသောမြေပြင်ထက်သို့ဆင်း
သက်လိုက်သည်။ ရှစ်ဖုန့်၏ကိုယ်မှ သွေးနီရောင်မီးတောက်တို့က လျှင်မြန်စွာဟုန်းခနဲထွက်ပေါ်လာပြီး
ငရဲဘုံကိုးခု အံ့ဖွယ်ဆီးတံဆိပ်အောက်ခြေသို့ ဝင်ရောက်သွားကာ ရှစ်ကျဲ၏သွေးတို့ကိုဝါးမျိုလိုက်သည်။
ထို့နောက်မကြာခင် ကြယ်ခြောက်ပွင့် ဧကရာဇ်နယ်ပယ်တစ်ဦး၏ သေခြင်းစွမ်းအင်၊ဝိညာဉ်စွမ်းအင်နှင့်
သွေးတို့အားဝါးမျိုပြီးသည့်နောက် ရှစ်ဖုန့်၏ကိုယ်ပေါ်၌အဖြူရောင်အလင်းတစ်ခုလင်းလက်လာသည်။
ဤအချိန်တွင် ရှစ်ဖုန့်၏သိုင်းနယ်ပယ်ကျင့်ကြံမှုက ဧကရာဇ်နယ်ပယ်သို့တရားဝင်ဝင်ဝင်
ရောက်သွားပြီဖြစ်သည်။
ရှစ်ဖုန့်၏ ဝိညာဉ်စွမ်းအင်ကလည်း ကြယ်သုံးပွင့် မဟာသူတော်စင်နယ်ပယ်မှကြယ်လေးပွင့်အထိမြင့်တက်သွားသည်။
“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..”
ရှစ်ဖုန့်ရပ်နေသော မြေပြင်ရှိ မြည်ဟိန်းသံတို့နှင့် ငရဲဘုံကိုးခု အံ့ဖွယ်ဆီးလ်တံဆိပ်လေးခုတို့ကလည်း ပျောက်ကွယ်သွားသည်။ သို့သော် သိပ်မဝေးသောနေရာရှိ အပျက်အစီးနေရာမှ မြည်ဟိန်းသံများကတော့ပို၍ပို၍ ကျယ်သည်ထက်ကျယ်လောင်လာသည်။
ထို့နောက်တွင် ထူထပ်သိပ်သည်းသော မီးခိုးဖြူရောင်အလောင်းချီတို့က ကောင်းကင်ထဲသို့ထိုးတက်လာ၏။
“သွား”
ရှစ်ဖုန့်က မကျယ်သောအသံဖြင့်အော်ပြောလိုက်သည်။ ရုတ်တရက်မြေပြင်အားသူ ၏ညာခြေဖြင့်ဆောင့်နင်းလိုက်ပြီး တစ်ဟုန်ထိုးထိုးတက်လိုက်သည်။ မကြာခင်တွင် သူက ဧရာမအပြာရောင်မြွေကြီး၏ဘေးသို့ရောက်ရှိလာသည်။ အတွေးတစ်ချက်ဖြင့် အပြာရောင်မြွေက လျှင်မြန်စွာကျုံ့သွားပြီး ရှစ်ဖုန့်၏ညာလက်သန်းရှိ နေရာလွတ်အတွင်းသို့ဝင်ရောက်သွားသည်။
ထို့နောက်တွင်ရှစ်ဖုန့်၏ပုံရိပ်က အဖြူရောင်အလင်းအဖြစ်ပြောင်းလဲသွားပြီး အပျက်အစီးနေရာ၏ဆန့်ကျင်ဘက်ဦးတည်ရာသို့တစ်ဟုန်ထိုး ထွက်ခွာသွားသည်။
အပျက်အစီးနေရာအတွင်းမှ အနက်ရောင်အလောင်းဂိုဏ်း ၏ အထွတ်အထိပ်ကျွမ်းကျင်သူ က မွေးဖွားလာတော့မည်ဖြစ်သည်။ အနက်ရောင်အလောင်းဂိုဏ်း၏ အစုလိုက်အပြုံလိုက်ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သည့် သူတစ်ဦးအနေဖြင့် ရှစ်ဖုန့်မှာ ထိုနေရာနှင့်အဝေးဆုံးသို့သာဖြစ်နိုင်သမျှအမြန်ဆုံးသွားလိုသည်။
ထိုထက်ပိုသည်မှာ သူကအပြင်းအထန်ထိခိုက်ဒဏ်ရာရထားရုံသာမက သူ၏ခွန်အားကလည်း ကုန်ခမ်းနေသည်ဖြစ်သည်။ သူ့အနေဖြင့် ဒဏ်ရာများအားကုသပြီး သူ၏ခွန်အားကို ဖြစ်နိုင်သမျှအမြန်ဆုံးပြန်လည်ဖြည့်တင်းရမည်ဖြစ်သည်။
အဖြူရောင်အလင်းအဖြစ်ပြောင်းလဲသွားသောပုံရိပ်တစ်ခုက ကောင်းကင်ထဲရှိ အေးစက်သောလေထုအတွင်း လျှင်မြန်စွာပျောက်ကွယ်သွားပြီး အဆုံးမဲ့ မိုးကုတ်စက်ဝိုင်းအတွင်းသို့ပျံသန်းသွားသည်။
“သူပဲ..သူထွက်သွားပြီ”
အနက်ရောင်အလောင်းဂိုဏ်းပေါ်သို့ အကန့်သတ်မဲ့ကျဆင်းလာခဲ့သော
အတိဒုက္ခမိုးကြိုး တို့က အနီးအနားရှိများစွာသောအင်အား
စုများ၏အာရုံကို စွဲဆောင်သည်ဖြစ်သည်။ အတိဒုက္ခမိုးကြိုးတို့ပျောက်ကွယ်သွားပြီးနောက် များစွာသော အင်အားစုများက ထိုကိစ္စအားတိတ်တဆိတ်လာ
ရောက်စုံစမ်းကြသည်ဖြစ်သည်။
ထို့နောက်တွင် ဖွတ်ဖွတ်ညက်ညက်ကြေနေကာ
ချွတ်ခြုံကျသွားသော အနက်ရောင်အလောင်းဂိုဏ်းကို
သူတို့မြင်တွေ့လိုက်ရသည်။
ထို့နောက် ဒဏ်ရာများဖြင့်ပြည့်နှက်နေသည့် ကိုယ်လက်အင်္ဂါများဆိုးရွားစွာပြက်
တောက်နေသော ခန္ဓာကိုယ်နှစ်ခုကိုသူတို့မြင်တွေ့ခဲ့ရသည်။ ထို့နောက် ဧရာမအပြာရောင်မြွေကြီးတစ်ကောင်
နှင့်ကြီးမားသောတိုက်ပွဲကြီးတစ်ခုလည်းရှိနေခဲ့၏။
ဆိုးရွားစွာစုတ်ပြက်သတ်နေသောခန္ဓာကိုယ်များထဲမှတစ်ခုက အနက်ရောင်အလောင်းဂိုဏ်း၏ ခေါင်းဆောင်ဖြစ်သူ အထွတ်အထိပ်ကြယ်ခြောက်ပွင့်
သူတော်စင်နယ်ပယ်ကျွမ်းကျင်သူ ရှစ်ကျဲဖြစ်သည်ကို သူတို့မှတ်မိလိုက်ကြသည်။
အခြားတစ်ယောက်ကိုမူ မည်သူမှန်းသူတို့မသိကြချေ။ အနီးအနားရှိအင်အားစုများကြားထဲတွင် ရှစ်ကျဲအားဤအခြေအနေအထိရောက်အောင်တိုက်ခိုက်နိုင်စွမ်းရှိသူမည်သူမှမရှိပေ။
“အတိဒုက္ခမိုးကြိုး. ဒဏ္ဍာရီလာ အတိဒုက္ခမိုးကြိုးကို ဆွဲဆောင်လိုက်တာက အဲ့လူများလား”
“အဲ့လိုဖြစ်လောက်တယ်.. ရှစ်ကျဲကတော့ရူးပြီး အတိဒုက္ခမိုးကြိုးကို အနက်ရောင်အလောင်းဂိုဏ်းထဲမှာ ဖြတ်ကျော်မှာမဟုတ်ဘူး. အဲ့လူက အနက်ရောင်အလောင်းဂိုဏ်းကို
ဖောက်ခွဲပစ်ခဲ့တယ်. အဆုံးသတ်မှာရှစ်ကျဲကိုယ်တိုင်အ
သတ်ခံရပြီးပျောက်ကွယ်သွားတယ်”
“အဲ့လူ..သူကဘယ်သူလဲ.. အနက်ရောင်အလောင်းဂိုဏ်းလိုမျိုး ဒီလောက်စွမ်းအားကြီးတဲ့ ဂိုဏ်းတစ်ခုက အခုလိုဖြစ်သွားတယ်. လွန်ခဲ့တဲ့ရက်အချို့က ကြင်လင်နှလုံးသားလို့ခေါ်တဲ့အင်အား
ကြီးဂိုဏ်းတစ်ခုက အနက်ရောင်အ
လောင်းဂိုဏ်းကို စော်ကားမိပြီးတော့ အနက်ရောင်အလောင်းဂိုဏ်းကြောင့်ပျောက်ကွယ်သွားရတာကိုငါမှတ်မိနေတုံးပဲ”
“ငါတကယ်ဒါကိုမမျှော်လင့်ထားခဲ့ဘူး. ဒီနေ့တော့ သူ့ရဲ့အနက်ရောင်အလောင်းဂိုဏ်းက
တစ်စုံတစ်ယောက်ကြောင့်ဖျက်ဆီးခံလိုက်ရပြီ”
“ခုဏကအဲ့သိုင်းပညာရပ်က အကယ်၍ငါသာမမှားဘူးဆိုရင် အဲ့တာကငရဲဘုံကိုးခု ဧကရာဇ်ရဲ့ အန္တိမပညာရပ်တွေထဲကတစ်ခုဖြစ်တဲ့ ငရဲဘုံကိုးခု အံ့ဖွယ်ဆီးလ်တံဆိပ်လေးခုပဲ”
“ငရဲဘုံကိုးခု အံ့ဖွယ်ဆီးလ်တံဆိပ်လေးခု. ဖြစ်နိုင်တာ……ဖြစ်နိုင်တာသူက ငရဲဘုံကိုးခုဧကရာဇ်ရဲ့ ဆက်ခံသူလား”
“အဲ့လိုဖြစ်လောက်တယ်.. လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုံးက ငါတို့မြောက်ပိုင်းဒေသကြီးရဲ့ထျန်းဟွမ်မြို့မှာ ကံကောင်းထောက်မှစွာနဲ့ ထျန်းဟွမ်မြို့အရှင်သခင်လန်အောင်းယွဲ့နဲ့ ကောင်းကင်ဓားဧကရာဇ်တို့ရဲ့ကြားထဲက တိုက်ပွဲကိုငါမြင်တွေ့ခဲ့ဘူးတယ်”
“အဆုံးသတ်မှာ ထျန်းဟွမ်မြို့အရှင်သခင်လန်အောင်းယွဲ့က ငရဲဘုံကိုးခု ဧကရာဇ်လက်ဆင့်ကမ်းခဲ့တဲ့အန္တိမ
ပညာရပ်တွေထဲကတစ်ခုဖြစ်တဲ့ ငရဲဘုံကိုးခု အံ့ဖွယ်ဆီးလ်တံဆိပ်လေးခုကို အသုံးပြုပြီး ကောင်းကင်ဓားဧကရာဇ်ကို ထျန်းဟွမ်မြို့ထဲမှာပဲသတ်ပစ်ခဲ့တယ်”
“ဝုန်း”
ဤအချိန်တွင် အပျက်အစီးများကြားထဲမှ ပေါက်ကွဲသံတစ်ခု ရုတ်တရက်ထွက်ပေါ်လာပြီး အဆက်မပြတ်မြည်ဟိန်းသံများ
လည်းထွက်ပေါ်လာသည်။