အခန်း (၇၅၇)
Vol. 51 Ch. 757
“ဝုန်း”
တုန်ခါနေသောအပျက်အစီးနေရာတို့ထံမှ ပြင်းထန်သော မြည်ဟိန်းသံတစ်ခုထွက်လာသည်။ ဤအချိန်တွင် မြေပြင်မှာပို၍ပင်ပြင်းထန်စွာလှုပ်ခါလာသည်။
မြေပြင်မှပုံရိပ်တစ်ခုက ဝုန်းခနဲတိုးထွက်လာ၏။ ၎င်းကဟင်းလင်းပြင်ထဲသို့ထိုးတက်သွားသည်။
“ဂါး.ဂါး..ဂါ..ဂါး..ဂါး.”
ဟင်းလင်းပြင်ထဲတွင် ကြမ်းကြုတ်ခက်ထန်သောသားရဲတစ်ကောင်ကဲ့သို့သော အော်ဟစ်သံက ရုတ်တရက်ထွက်ပေါ်လာသည်။
အနက်ရောင်အလောင်းဂိုဏ်းသို့စုံစမ်းရန်
လာရောက်ကြသော ကျင့်ကြံသူများ၏ အာရုံအားကောက်းကင်ထဲရှိ ပုံရိပ်ကစွဲဆောင်သွားသည်။
၎င်းမှာ တစ်ကိုယ်လုံးတွင် မီးခိုးဖြူရောင်အမွှေးရှည်များပြည့်နှက်နေသော နှစ်မီတာခန့်မြင့်မားသည့်လူသားပုံစံမွန်းစတားတစ်ကောင်ဖြစ်သည်။၎င်း၏အော်ဟစ်သံကပင် လူသားတစ်ယောက်၌ရှိသင့်သော
အသံမျိုးရှိမနေပေ။
“အဲ့တာကဘာလဲ”
“အဲ့တာကအနက်ရောင်အလောင်းဂိုဏ်းက
နေပျိုးထောင်ထားတဲ့ မွန်းစတားတစ်ကောင်ဖြစ်လောက်တယ်”
“ကြမ်းကြုတ်ခက်ထန်တဲ့မွန်းစတားတစ်ကောင်ပဲ.. ပြန်ဆုတ်ကြ”
“ဒီမွန်းစတားက အရမ်းအားကောင်းတယ်.. မြန်မြန်ဆုတ်ခွာကြစို့”
“ဆုတ်ကြ”
“ဆုတ်ခွာကြ”
ရုတ်တရက်ဦးတည်ချက်ပေါင်းစုံမှလာသောကျင့်ကြံသူများမှာ အမွှေးရှည်မွန်းစတား၏ ကြမ်းကြုတ်ခက်ထန်သောအော်ရာကိုခံစားမိပြီး လျှင်မြန်စွာဆုတ်ခွာကြသည်။
ဤအချိန်တွင် ………………
“ဂါး”
အမွှေးရှည်မွန်းစတားကရုတ်တရက် ဒေါသတကြီးအော်ဟစ်လိုက်သည်။ ရုတ်ခြည်း ခက်ထန်သောအော်သံအောက်တွင် မူလက အဝေးသို့ပျံပြေးနေကြသောပုံရိပ်များမှာ အတောင်ကျိုးသောငှက်များကဲ့သို့ မြေပြင်ပေါ်သို့ပြင်းထန်စွာပြုတ်ကျလာသည်။ ဤပုံရိပ်များမှာ အပျက်အစီးများဖုံးလွှမ်းနေသောမြေပြင်
ထက်သို့ပြုတ်ကျလာကြခြင်းဖြစ်သည်။
“အား..အား.. အုချ်..အား..အုချ်”
ရုတ်တရက် နာကျင်စွာဖြင့်အော်ဟစ်သောအသံများကလိုက်ပါထွက်ပေါ်လာ၏။
ထို့နောက်တွင် မြေပြင်ထက်သို့ပြုတ်ကျလာကြသောကျင့်ကြံသူများမှာ သူတို့အောက်ရှိမြေပြင်က တစ်ဟုန်ထိုးစတင်ရွေ့လျားလာသည်ကို တုန်လှုပ်အံ့အားသင့်စွာရှာတွေ့သွားကြသည်။ မျက်စိတစ်မှိတ်အတွင်း မီးခိုးဖြူရောင်အမွှေးရှည်လူသားပုံစံသက်ရှိ၏ အောက်ခြေသို့ရွေ့လျားသွားကြသည်။
ဤအချိန်တွင် ဟင်းလင်းပြင်ထဲရှိ အမွှေးရှည်မွန်းစတားက အော်ဟစ်နေခြင်းကိုရပ်တန့်လိုက်သည်။ ၎င်း၏ပုံရိပ်က ရုတ်ခြည်း ရွှေ့လျားသွားပြီး မြေပြင်ထက်သို့ဆင်းသက်လိုက်သည်။
“ဝုန်း”
ယင်းမှာ ဧရာမကျောက်တုံးတစ်တုံးက မြေပြင်ထက်သို့ပြုတ်ကျလာသကဲ့သို့ပင်ဖြစ်သည်။ နောက်တစ်ကြိမ် မြေပြင်ထက်၌ပြင်းထန်သောမြည်ဟိန်း
သံတစ်ခုထွက်ပေါ်လာသည်။
မြေပြင်ပေါ်၌လဲပြိုနေသော ကျင့်ကြံသူများမှာ အမွှေးရှည်မွန်းစတားထံသို့ထိတ်လန့်စွာဖြင့်ကြည့်နေကြသည်။ ရုတ်တရက် ဆိုးရွားစွာပုတ်သိုးဆွေးမြည့်နေသောအလောင်းကောင်တစ်ခုကဲ့သို့ ဆိုးရွားလှသည့်ရွံရှာစက်ဆုပ်ဖို့ကောင်း
သောအနံ့အသက်တစ်ခုကိုသူတို့ရလိုက်ကြသည်။
သို့သော်ယင်းအတွက်မည်သူကမှအော့
အန်ရဲခြင်းမရှိကြချေ။
“ပြောစမ်း.. ဘယ်သူလဲ.. ဘယ်သူကငါ့ရဲ့အနက်ရောင်အလောင်း
ဂိုဏ်းကိုဖျက်ဆီးရဲတာလဲ..”
ရုတ်တရက် ကျင့်ကြံသူများမှာ ပုံမှန်မဟုတ်သည့် အိုမင်းပြီး အက်ရှသောအသံတစ်ခုကိုကြားလိုက်ရသည်။
ဤအသံကငရဲမှလာသောအသံကဲ့သို့ပင်ဖြစ်သည်။ ၎င်းအသံအားကြားလိုက်ရသူတိုင်းမှာ ကျောရိုး ထဲအထိအေးစိမ့်တက်သွားပြီး သူတို့၏ ကိုယ်များကရေခဲတစ်မျှအေးစက်မှုအဖြစ်ပြောင်းလဲကုန်သည်။
ဤအသံထွက်ပေါ်လာသကဲ့သို့ မွန်းစတား၏ကိုယ်မှထွက်ပေါ်နေသည့် အားကောင်းသည့်သတ်ဖြတ်ခြင်းအော်ရာကိုလည်း ရုတ်ခြည်းခံစားမိလိုက်ကြသည်။
“ဟုတ်ကဲ့ အဲ့တာက ဆိုးဆိုးရွားရွားစုတ်ပြက်သက်ပြီးပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရထားတဲ့လူတစ်ယောက်ပါ.. သူက ရှစ်ကျဲကိုသတ်လိုက်တာကို ကျွန်တော့်မျက်စိနဲ့ကိုယ်တိုင်မြင်တွေ့လိုက်ရပါတယ်.. သူဘယ်သူလဲဆိုတာကိုကျွန်တော်မသိပါဘူး”
ကျင့်ကြံသူတစ်ဦးမှသူအပေါ်သို့ဖိကျလာသည့် မွန်းစတား၏ စွမ်းအားကြီးဖိအားကိုခံစားမိသည်။ထို့ကြောင့်သူကအသက်ပင်မရှူနိုင်ဘဲ လျှင်မြန်စွာပါးစပ်ကိုဖွင့်ဟ၍ပြန်ဖြေလိုက်သည်။
“အမှိုက်ကောင်.အလကားပဲ”
အိုမင်းပြီးအက်ရှရှအေးစက်သောအသံက အမွှေးရှည်မွန်းစတားထံမှထွက်ပေါ်လာသည်။
ထို့နောက်..
“ဘန်း”
အစောပိုင်းကစကားပြောခဲ့သောကျင့်ကြံသူ၏ကိုယ်ကရုတ်ခြည်းပေါက်ကွဲသွားသည်ကိုအားလုံးမြင်တွေ့လိုက်ရသည်။ အသားအပိုင်းအစများ၊သွေးနှင့် ဘာမှန်းမသိသောအရည်တို့က နေရာအနှံပြန့်ကျဲသွားသည်။
၎င်းတို့ကဘေးရှိကျင့်ကြံသူနှစ်ယောက်ထံသို့ပြန့်ကျဲသွားခြင်းဖြစ်သည်။
ဤမြင်ကွင်းအားမြင်လိုက်ရသည့်အားလုံး၏နှလုံးသားများကအေးစက်တောင့်တင်းသွားကြသည်။
“ငါ့ရဲ့အနက်ရောင်အလောင်းဂိုဏ်းကိုဘယ်ကောင်ကဖျက်ဆီးသွားတာလဲ.. ဘာလို့ငါ့ရဲ့အနက်ရောင်အလောင်းဂိုဏ်းက
ဒီလိုမျိုးဖြစ်လာရတာလဲ”
ဤအချိန်တွင် အမွှေးရှည်မွန်းစတားက ၎င်း၏ မီးခိုးဖြူရောင်အမွှေးရှည်တို့နှင့်ညာလက်အားဆန့်ထုတ်လိုက်ပြီး ကျင့်ကြံသူတစ်ဦးထံသို့ သာမန်ကာလျှံကာထိုးညွှန်လိုက်သည်။
ထိုကျင့်ကြံသူ၏ကိုယ်က တုန်တက်သွားပြီးလျှင်မြန်စွာပြန်ဖြေလိုက်သည်။
“အဲ့လူ..အဲ့လူကဒီနေရာမှာအတိဒုက္ခကပ်ဘေးကိုဖြတ်ကျော်သွားတာပါ.. ဒဏ္ဍာရီလာ အတိဒုက္ခမိုးကြိုးက ဆင်းသက်လာပြီး အနက်ရောင်အလောင်းဂိုဏ်းကိုဒီအခြေအ
နေထိရောင်အောင်ဖျက်ဆီးပစ်သွားတာပါ.. အဲ့နောက် အဲ့လူကအနက်ရောင်အလောင်းဂိုဏ်းခေါင်းဆောင်ရှစ်ကျဲကို သူ့လက်နဲ့ကိုယ်တိုင်သတ်လိုက်တာကို ကျွန်တော်တို့မျက်စိနဲ့တပ်အပ်မြင်လိုက်ရတာပါ”
ဤကျင့်ကြံသူကစကားပြောပြီးသောအခါတွင် အမွှေးရှည်မွန်းစတားအားထိတ်လန့်စွာဖြင့်ကြည့်လိုက်သည်။ အစောပိုင်းက ဖြေကြားခဲ့သောကျင့်ကြံသူနှင့် ၎င်း၏ကိုယ်ကရုတ်တရက်ပေါက်ကွဲသွားမှုတို့အား သူ၏စိတ်ထဲ၌ကွက်ကွက်ကွင်းကွင်းမြင်နေဆဲဖြစ်သည်။
သူမသေ ချင်သေးပေ။ သူတကယ်ကိုဆိုးဆိုးရွားရွားမသေချင်သေးပေ။ သို့သော် ဤအရာအားလုံးကသူ၏သိမှုနှင့်ခန့်မှန်း
မှုတို့သာဖြစ်လေသည်။
ဤလူကဒဏ္ဍာရီလာအတိဒုက္ခကပ်ဘေးအား
ကျော်ဖြတ်မှုကို သူတို့ထဲက ဘယ်သူမှမျက်စိနဲ့မြင်ခဲ့ခြင်းမရှိပေ။ တကယ်တမ်းတွင်ယင်းကခန့်မှန်းမှု
တစ်ခုဖြစ်သည်။
“အတိဒုက္ခကပ်ဘေးလား……”
အတိဒုက္ခကပ်ဘေးဟူသောစကားလုံးအားကြားပြီးနောက်တွင် အမွှေးရှည်မွန်းစတားက သူ၏ခေါင်းကိုမော့လိုက်သည်။ သူ၏မျက်နှာအားရှင်းလင်းစွာမမြင်
တွေ့နိုင်သော်လည်း သူက ကုန်းမြေရှိဦးတည်ချက်ပေါင်းစုံအား
စစ်ဆေးနေသည့်ပုံပေါ်သည်။
နောက်ဆုံးတွင် အမွှေးရှည်မွန်းစတားက သူ၏ခေါင်းကိုထပ်မံငုံ့လိုက်ပြီး အစောပိုင်းကဖြေခဲ့သောကျင့်ကြံသူကိုကြည့်လိုက်သည်။
“ပြောစမ်း..အဲ့လူကဘယ်သူလဲ”
ဤမေးခွန်းအားကြားသောအခါတွင် ကျင့်ကြံသူ၏ ကိုယ်ကရုတ်ခြည်းပြင်းထန်စွာတုန်တက်သွားပြီး သူကပြောလိုက်သည်။
“ကျွန်..ကျွန်တော်မသိဘူး.ကျွန်တော်မသိပါဘူး”
“အလကားပဲ..”
သို့သော် ၎င်း၏ပါးစပ်ကအလကားပဲဟူသောစကား
အားထွက်လာသည်တွင် ထိုကျင့်ကြံသူ၏ဘေးရှိ ကျင့်ကြံသူကသူ၏ သိုင်းညီအကိုဖြစ်သူမှာ အစောပိုင်းက ပေါက်ကွဲသွားသောကျင့်ကြံသူနောက်
သို့လိုက်ရမည်ကို တွေ့ရသောအခါတွင်လျှင်မြန်စွာပြောလိုက်သည်။
“ကျွန်တော်သိတယ်..အဲ့လူကိုကျွန်တော်သိတယ်.. အဲ့လူအနက်ရောင်အလောင်းဂိုဏ်းခေါင်းဆောင်ရှစ်ကျဲကိုသတ်ဖို့အသုံးပြုခဲ့တဲ့ အန္တိမနည်းစနစ်က ငရဲဘုံကိုးခုဧကရာဇ်ရဲ့ အန္တိမပညာရပ် ငရဲဘုံကိုးခု အံ့ဖွယ်ဆီးလ်တံဆိပ်လေးခုဆိုတာကို ကျွန်တော်ကြားခဲ့တယ်.. အဲ့လူကငရဲဘုံကိုးခု ဧကရာဇ်ရဲ့အဆက်အနွယ်ထဲကဆက်ခံသူပါ”
ဤသည်အားကြားသောအခါတွင် အမွှေးရှည်မွန်းစတားက ရေရွတ်လိုက်သည်။
“ ငရဲဘုံကိုးခဧကရာဇ်.. ငရဲဘုံကိုးခု အံ့ဖွယ်ဆီးလ်တံဆိပ်လေးခု”
အဆုံးသတ်တွင် သူ၏ပါးစပ်ကအလားကားဟူသည့်စ
ကားလုံးထွက်မလာတော့ပေ။ ကျင့်ကြံသူ၏အသက်မှအကယ်ခံလိုက်ရပြီး ၎င်း၏ကိုယ်လည်းမပေါက်ကွဲသွားတော့ချေ။
ကျင့်ကြံသူက ခေါင်းကိုလှည့်လိုက်ပြီးသူ၏ သိုင်းညီအကိုဖြစ်သူအား ကျေးဇူးကြီးစွာတင်စွာဖြင့် ကြည့်လိုက်သည်။
“ငရဲဘုံကိုးခု ဧကရာဇ်ကဘယ်သူလဲ”
အမွှေးရှည်မွန်းစတားကစကားထပ်မ
ပြောခင်ခဏမျှရေရွတ်လိုက်သည်။
“ငရဲဘုံကိုးခု ဧကရာဇ်က ငရဲဘုံရဲ့ အရှင်သခင်ပါ.. သူကကျွန်တော်တို့ထျန်းဟန်တိုက်ကြီးရဲ့ အသန်မာဆုံးသူဖြစ်ခဲ့တာပါ.. ဒါပေမဲ့ လွန်ခဲ့တဲ့ဆယ့်ငါးနှစ်က ဘာဖြစ်ခဲ့မှန်းမသိခဲ့ရဘဲသူသေဆုံးသွားခဲ့ပါတယ်”
“ဒါပေမဲ့ ငရဲဘုံကိုးခု ဧကရာဇ်ခေါ်ဆောင်လာခဲ့တဲ့သူ့တပည့်ခုနှစ်ယောက်ကတော့အသက်ရှင်နေပါသေးတယ်..
ဒီတပည့်ခုနှစ်ယောက်ကိုသူ့ရဲ့အမွေတွေကိုပေးခဲ့ပါတယ်”
ငရဲဘုံကိုးခု ဧကရာဇ်၏ ကျော်ကြားမှုများနှင့်ပက်သက်ပြီး ကျင့်ကြံသူအားလုံးကဤအရာနှင့်ရင်းနှီး
သည်ဟုပြောနိုင်သည်ဖြစ်သည်။ တကယ်တမ်းတွင် ဤလူတစ်ယောက်တည်းမဟုတ်ပေ။ လက်ရှိရှိနေသော ကျင့်ကြံသူအားလုံးက ငရဲဘုံကိုးခုဧကရာဇ်ကိုသိကြသည်ဖြစ်သည်။ မည်သူကထိုလူအားမသိဘဲနေပါမည်နည်း။
“ငရဲဘုံကိုးခု ဧကရာဇ် နဲ့သူ့ရဲ့အဆက်အနွယ်တွေ”
ကျင့်ကြံသူ၏စကားများအားကြားပြီးနောက် အမွှေးရှည်မွန်းစတားက အိုမင်းအက်ရှသောအသံဖြင့်အေးစက်စွာအော်ပြောလိုက်သည်။
ထို့နောက်သူက နက်ရှိုင်းသောအသံဖြင့်ထပ်မံအော်ပြောလိုက်သည်။
“ငရဲဘုံကိုးခု အဆက်အနွယ်က ငါ့ရဲ့မျိုးဆက်တွေကိုသတ်ပြီးငါ့ရဲ့အမွေအနှစ်ကိုဖျက်ဆီးခဲ့တယ်. ငါရှစ်ရွှယ် သူ့မျိုးဆက်တစ်ယောက်စီတိုင်းကိုသေချာ
ပေါက်သတ်ပစ်မယ်”
“ပြီးတော့အဲ့လူ..မင်းမသေသေးတာငါသိတယ်. အခုငါရှစ်ရွှယ်ပြန်လာပြီ.. လွန်ခဲ့တဲ့နှစ်တစ်ထောင်တုံးကအဲ့ဓားအ
တွက်ငါသေချာပေါက်လက်စားပြန်ချေမယ်”
“ဂါး”
အမွှေးရှည်မွန်းစတားကနောက်ဆုံးဒေါသထွက်စွာတစ်ချက်အော်လိုက်ပြီး မြေပြင်ကပြင်းထန်စွာထပ်မံလှုပ်ခါသွားသည်။
ထို့နောက်ချက်ချင်း မီးခိုးဖြူရောင်အမွှေးရှည်ကိုယ်က ရုတ်ခြည်းရွေ့လျားသွားပြီး ကောင်းကင်ထဲသို့ တစ်ဟုန်ထိုးပျံတက်သွားသည်။
“ရှစ်..ရှစ်ရွယ်”
မြေပြင်ထက်တွင်တစ်စုံတစ်ယောက်က သူ၏ခေါင်းကိုမော့လိုက်ပြီး ကောင်းကင်ထဲသို့ပျံသန်းတက်သွားသည့် မီးခိုးဖြူရောင် ပုံရိပ်ကိုကြည့်လိုက်သည်။ သူ၏အသံကတုန်ယင်နေပြီး မယုံကြည်နိုင်မှုများဖြင့်ပြည့်နှက်နေသည်။
“သူကသူ့ကိုယ်သူရှစ်ရွှယ်လို့ခေါ်ခဲ့တယ်.. ရှစ်ရွှယ်က လွန်ခဲ့တဲ့နှစ်တစ်ထောင်အကြာက အနက်ရောင်အလောင်းဂိုဏ်းကိုတည်ထောင်သူပဲ. ဒါ..ဒါကဘယ်လိုဖြစ်နိုင်မှာလဲ”
“ဖြစ်..ဖြစ်နိုင်တာ သူတို့က နမည် တူနေတာများလား”
“ဘယ်လိုဖြစ်နိုင်မှာလဲ ဘယ်လိုဖြစ်ပြီးအနက်ရောင်အလောင်းဂိုဏ်းက တစ်စုံတစ်ယောက်သူတို့ရဲ့တည်ထောင်သူနဲ့နမည်တူနေမှာလဲ.. ဒါက ကြီးကြီးမားမားတားမြစ်ထားတဲ့အရာတစ်ခုပဲဟာ”
ကျင့်ကြံသူတစ်ဦးက တစ်စုံတစ်ခုကိုတွေးမိပြီး အလန့်တကြားပြောလိုက်သည်။
“ခု..ခုဏက လွန်ခဲ့တဲ့နှစ်တစ်ထောင်ကအဲ့ဓားလို့ပြောခဲ့တယ်. သူက လွန်ခဲ့တဲ့နှစ်တစ်ထောင်တုံးကအကြောင်းကိုပြောခဲ့တာပဲ. သူက လွန်ခဲ့တဲ့နှစ်သုံးထောင်လုံး မသေဘဲနဲ့ အသက်ရှင်နေခဲ့တာများလား”