← Chapters

အခန်း (၇၅၈)

Vol. 51 Ch. 758

အခန်း (၇၅၈)

Vol. 51 Ch. 758

“စီနီယာအကို.ကျေးဇူးတင်ပါတယ်”

အပျက်အစီးများ၏အလယ်တွင်မြေပြင်ထက်၌ ထိုင်နေသော ကျင့်ကြံသူက သူ၏ခေါင်းကိုလှည့်လိုက်ပြီး သူ့ဘေးရှိ စီနီယာအကိုဖြစ်သူကို စိတ်ရောကိုယ်ပါအရင်းအတိုင်း ဟန်ဆောင်ခြင်းမရှိကျေးဇူးတင်လိုက်သည်။

အကယ်၍ စီနီယာအကို၏ ဤကဲ့သို့မြန်ဆန်စွာပြောဆိုခဲ့မှုကြောင့်သာမဟုတ်ခဲ့လျှင် သူ၏ကိုယ်ကအမွှေးရှည်မွန်းစတား

ကြောင့်ပေါက်ကွဲထွက်သွားလောက်ပြီဖြစ်သည်။

“ဂျူနီယာညီလေး..အဲ့လိုမပြောပါနဲ့.. မင်းအပေါ်မှာထားတဲ့ငါ့ရဲ့ခံစားချက်တွေကိုမင်းနားလည်တယ်ဆိုရင်ပဲ အဆင်ပြေပါပြီ”

စီနီယာအကိုဖြစ်သူက သူ၏ နူးညံ့သောညာလက်အားလှမ်းလိုက်ပြီး ဂျူနီယာညီဖြစ်သူ၏ လက်ကို ညင်ညင်သာသာဆုပ်ကိုင်လိုက်သည်။ နှစ်ယောက်သားတစ်ယောက်လက်ကို

တစ်ယောက်ကိုင်ထားလိုက်ကြ၏။

ဂျူနီယာညီဖြစ်သူက စီနီယာအကိုဖြစ်သူ၏ သူ၏လက်အားဆုပ်ကိုင်မှုကိုငြင်း

ပယ်ခြင်းသို့မဟုတ်တွန်းလှန်ခြင်းမျိုးမရှိပေ။

“ဟုတ်ကဲ့”

သူကအနည်းငယ်ခေါင်းညိမ့်ပြီးတုန့်ပြန်လိုက်သည်။

သူ့အနေဖြင့်အချိန်တော်တော်ကြာကတည်းက စီနီယာအကိုဖြစ်သူ၏ ဝါသနာကို သိနေခဲ့ပြီးဖြစ်သည်။ သို့သော် စီနီယာအကို၏အလျှင်အမြန်ပြော

ဆိုမှုကြောင့်သာမဟုတ်ခဲ့လျှင် သူ့အနေဖြင့် ဤကဲ့သို့အသက်ရှင်နေလိမ့်မည်မဟုတ်ပေ။

သူ၏လက်အားကိုင်ထားသောညာလက်

ကဖြည်းဖြည်းချင်းသူ၏ လက်မောင်းဆီသို့တက်လာသည်။

ဂျူနီယာညီဖြစ်သူ၏ မျက်လုံးတို့ထဲမှ ကြည်လင်သောမျက်ရည်စီးကြောင်းနှစ်ခုကျဆင်းလာသည်။ သူ့အတွက်ယနေ့ည၌ဘာကစောင့်ကြိုနေသည်ကို သူကောင်းစွာသိသည်ဖြစ်သည်။

……………….

ရှစ်ဖုန့်က ပြတ်ရှရာများဒဏ်ရာများဖုံးလွှမ်းနေသော သူ၏ကိုယ်နှင့်အတူ မြင့်မားသော အမြန်နှုန်းဖြင့် လေကိုထိုးခွင်းပျံသန်းနေသည်။

မည်သူမှသူ၏နောက်သို့လိုက်ပါ လာခြင်းမရှိသည်ကိုအာရုံခံမိသောအခါတွင် ရှစ်ဖုန့်၏ အောက်သို့ငုံ့ကြည့်လိုက်ပြီး ထူထပ်အုံ့ဆိုင်းသော တောအုပ်တစ်ခုကိုတွေ့လိုက်ရသည်။ သူကအလျှင်အမြန် တောအုပ်အတွင်းသို့ထိုးဆင်းလိုက်၏။

တောအုပ်အတွင်းသို့ဆင်းသက်လိုက်ခြင်းက ပုံးအောင်းရန်အလွယ်ကူဆုံးနည်းလမ်းဖြစ်သည်။ ယခုမှစ၍ အကယ်၍ တစ်စုံတစ်ယောက်က ထိခိုက်ဒဏ်ရာများပြတ်ရှရာများဖုံးလွှမ်းနေသောသူ့ကိုတွေ့သွားမည်ဆိုလျှင် ယင်းက မလိုလားအပ်သောပြဿနာအချို့ကို

ဖြစ်စေလိမ့်မည်ဖြစ်သည်။

သို့မဟုတ် ယင်း က သူနိမ့်ပါးနေချိန်တွင်သူ့အား ထိခိုက်စေချင်သောသူများ၏ အာရုံကိုစွဲဆောင်စေလိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်က ထူထပ်အုံ့စိုင်းနေသော အစိမ်းရောင်သစ်ရွက်များကို ဖြတ်သန်းပြီးမျက်စိတ်တစ်မှိတ်အတွင်း

တောအုပ်အတွင်းသို့ ဆင်းသက်လိုက်သည်။

ထို့နောက်ရှစ်ဖုန့်က ထူထပ်သောမြက်ပင်များအတွင်းတွင်

တင်ပျဉ်ခွေထိုင်လိုက်သည်။ သူ၏ လက်တို့ဖြင့် ဆီးလ်များကိုပြုလုပ်ပြီး နောက်ဆုံး၌ရေရွတ်လိုက်၏။

“ငရဲဘုံကိုးခု ထာဝရတည်မြဲခြင်းနှင့်ခိုင်ခံ့ခြင်း”

ရှစ်ဖုန့်က အရင်ဆုံး ငရဲဘုံကိုးခု ဖျက်ဆီးမရသောခန္ဓာကိုယ်ကို အဆက်မပြတ်လှည့်ပတ်လိုက်ပြီး သူ၏ဒဏ်ရာများကိုကုသလိုက်သည်။ ကုသနေစဉ် အဖြူရောင်ရုန်းတစ်ခုက သွေးများတစက်စက်ကျနေသော ရှစ်ဖုန့်၏ ရင်ဘက်ပေါ်၌ပေါ်လာသည်။

ဤရုန်းက ရှေးဟောင်းကမ္ဘာအတွင်းရှစ်ဖုန့်ရရှိခဲ့သော ရှေးဟောင်းစာလုံးများထဲမှတစ်ခုဖြစ်သည်။ ၎င်းက အသက်ဥပဒေသကို ကိုယ်စားပြုသည်ဖြစ်၏။ ၎င်းက အားကောင်းသောအသက်အော်ရာကို ထုတ်လွှတ်နေသည်။

ရှစ်ဖုန့်၏ ငရဲဘုံကိုးခု ဖျက်ဆီးမရသော ကိုယ်နှင့် ဤအသက်၏ရှေးဟောင်းစာလုံးတို့က သူ၏ဒဏ်ရာများကိုကုသနေ၏။ ပကတိမျက်စိဖြင့်မြင်နိုင်သောအမြန်နှုန်းဖြင့် အသွေးအသားအသစ်များက ပြန်လည်ကောင်းမွန်လာနေသည်။

ကောင်းကင်နှင့်မြေကြီး၏ အတိဒုက္ခမိုးကြိုးကြောင့်ထိခိုက်ခဲ့သော အသွေးအသား၊အရိုးနှင့်အကြောများက လည်းပြန်လည်ကောင်းမွန်လာသည်။

ဤခန္ဓာကိုယ်ကအတိဒုက္ခမိုးကြိုး၏ နှစ်ခြင်းမင်္ဂလာကိုပြုခံခဲ့ရခြင်းဖြစ်သည်။ ၎င်းပြန်လည်ကောင်းမွန်လာသည်နှင့် ၎င်း၏ခွန်အားက ယင်ကထက်သေချာပေါက်ပိုမိုကြီးထွား

လာလိမ့်မည်ဖြစ်သည်။

အချိန်တို့ကဖြည်းညှင်းစွာကုန်ဆုံးနေသည်။ ရှစ်ဖုန့်က တောအုပ်အတွင်းသုံးရက်သုံးည

တိတိထိုင်နေခဲ့သည်။

ရှစ်ဖုန့်၏ဒဏ်ရာများနှင့်ခွန်အားတို့က အထွတ်အထိပ်အခြေအနေအထိပြန်

လည်ကောင်းမွန်လာသောအခါတွင် သူ၏ကုသမှုအခြေအနေမှု နိုးထလာသည်။

ရုတ်တရက်အားကောင်းသော အော်ရာတစ်ခုက တောအုပ်အား သိမ်းကျုံးဖြတ်သန်းသွားပြီး ကြမ်းကြုတ်သောသားရဲတစ်ကောင်က ၎င်း၏အိပ်မောကျနေမှုမှရုတ်တရက်

နိုးထလာသကဲ့သို့ပင်ဖြစ်သည်။

ရှစ်ဖုန့်၏ပုံရိပ်က လှုပ်ရှားသွားပြီး ထိုင်နေရာမှထရပ်လိုက်သည်။ ထို့နောက် သူက သူ့ရှေ့ရှိကြီးမားသောသစ်ပင်ထံသို့ ပြင်းထန်သောလက်သီးတစ်လုံးကို

ပစ်သွင်းလိုက်သည်။

လူငါးယောက်လက်မောင်းတစ်ဆုံးဖက်စာရှိသော သစ်ပင်ကြီးမှာရှစ်ဖုန့်၏လက်သီးချက်

ကြောင့်အပိုင်းပိုင်းကြေမွသွားသည်။

သစ်ပင်သည်သာမကဘဲ ပတ်ဝန်းကျင်ရှိပန်းပင်များ၊အခြားသောသစ်ပင်များသည်လည်းရှစ်ဖုန့်၏လက်သီးချက်

ကြောင့်အပိုင်းပိုင်းကြေမွသွား၏။

“ဝုန်း..ဝုန်း..ဝုန်း…ဝုန်း..”

မြေပြင်ကပြင်းထန်သောမြည်ဟိန်းသံ

ကိုထုတ်လွှတ်နေသည်။

တောအုပ်၏ဤဧရိယာရှိမြေပြင်တစ်ခွင်မှာ ရှစ်ဖုန့်လက်သီးချက်ကြောင့်လုံးလုံးလျားလျားဖျက်ဆီးခံလိုက်ရသည်။

“ကြယ်သုံးပွင့် ဧကရာဇ်နယ်ပယ်ခွန်အား”

ရှစ်ဖုန့်က လက်သီးချက်၏စွမ်းအားကိုခံစားရင်း သူ့ဖာသာသူတီးတိုးပြောလိုက်သည်။

ယခုသူ၏ ကာယခွန်အားက ကြယ်သုံးပွင့်ဧကရာဇ်နယ်ပယ်သို့ရောက်ရှိနေပြီး သူ၏ သိုင်းနယ်ပယ်က ကြယ်တစ်ပွင့်ဧကရာဇ်နယ်ပယ်သို့ရောက်ရှိနေသည်။ သူ၏ဝိညာဉ်စွမ်းအားကတော့ ကြယ်လေးပွင့်မဟာသူတော်စင်နယ်ပယ်သို့ရောက်ရှိနေ၏။

ရှစ်ဖုန့်ကသူ၏လက်သီးကိုရုတ်သိမ်းလိုက်သည်။ သူ ၏အဝတ်မဲ့ကိုယ်ပေါ်သို့ကျိမို့သူ့အတွက် ပြုလုပ်ပေးထားသော ဝတ်ရုံကို ဝတ်ဆင်လိုက်သည်။ ထို့နောက်ဟင်းလင်းပြင်ထဲသို့ပြန်လည်

ပျံသန်းလိုက်၏။

ထို့နောက်ရှစ်ဖုန့်က ဟင်းလင်းပြင်အထက်၌လွင့်မျောရပ်တည်လိုက်၏။ သူကပတ်ဝန်းကျင်အားတစ်ချက်ကြည့်

လိုက်ပြီးတီးတိုးရေရွတ်လိုက်သည်။

“ ငါဘယ်နေရာကိုရောက်နေလဲဆိုတာကို

ငါမသိဘူး. မြောက်ပိုင်းဒေသကြီးမှာငါရှိနေသေးရဲ့လားဆိုတာကိုတောင်ငါမသိဘူး”

“ထားလိုက်ပါလေ..ငါဟိုဘက်ကိုသွားပြီးတော့ပဲ မြို့တွေများရှိမလားဆိုတာကိုကြည့်ကြည့်တာပေါ့.. ငါအခုဘယ်နေရာရောက်နေလဲဆိုတာကိုရှာရမယ်…အကယ်ငါသာမြောက်ပိုင်းဒေသကြီးမှရှိနေသေးတာဆိုရင် ကံကြမ္မာတောင်ကိုသွားဖို့ နေရာကူပြောင်းအစီအရင်ကို ဆက်သုံးမယ်”

ရှစ်ဖုန့်ကစကားပြောပြီးနောက် သူယခင်ပျံသန်းလာခဲ့သော အနောက်မြောက် ဘက်သို့ဆက်လက်ပျံသန်းသွားလိုက်သည်။ သူက တည့်တည်ပဲလေကိုထိုးခွင်း၍ ဆက်လက်ပျံသန်းလိုက်သည်။

သူနှင့်လောချင်းချွမ်တို့ကကံကြမ္မာတောင်တန်းသို့သွားရန်သဘောတူခဲ့သည်ဖြစ်သည်။ ယခု သူတို့ကွဲကွာသွားသောကြောင့် အကယ်၍လောချင်းချွမ်သာ ရှေးဟောင်းကမ္ဘာထဲမှထွက်လာခဲ့လျှင် သူသေချာပေါက်ကံကြမ္မာတောင်တန်းဆီသို့သာ အပြင်းသွားလိမ့်မည်ဖြစ်သည်။

ရှစ်ဖုန့်က၎င်းအားကံကြမ္မာတောင်တန်း၌စောင့်နေလိမ့်မည်ဖြစ်၏။

ရှစ်ဖုန့်က သူ့၏ရှေ့၌ ကြီးမားပြီး ကျယ်ပြန့်သောပျားပန်းခတ်လူစည်ကားသည့်မြို့တစ်ခုအား မတွေ့ခင်အထိ လေးနာရီခန့်လေကိုထိုးခွင်းပျံသန်းခဲ့သည်။

မြို့ကိုမြင်တွေ့ပြီးနောက် ရှစ်ဖုန့်ကမြို့အတွင်းလျှင်မြန်စွာဆင်း

သက်လိုက်သည်။ သူကမြို့ဂိတ်ရှေ့တည့်တည့်၌ဆင်း

သက်လိုက်သည်။

ပျားပန်းခပ်လှုပ်ရှားနေသောမြို့၌လူများဖြင့်ပြည့်နှက်နေသည် ။မြို့ဂိတ်သို့ရှစ်ဖုန့်ရောက်ရောက်ချင်း လူများဖြင့်ပြည့်နှက်နေသည်ကိုသူမြင်တွေ့ရသည်။

ထို့နောက်တွင်လူအုပ်နောက်သို့လိုက်ပါ၍ မြို့အလယ်ရှိ ပွက်လောရိုက်သံများဆူညံနေသောလူအုပ်အလယ်သို့လျှောက်လှမ်းသွားလိုက်သည်။

ယ ခုလူများစွာအားရှစ်ဖုန့်မြင်တွေ့ခဲ့ပြီး သူ၏ဘေး၌လူငယ်တစ်ယောက်

ကိုမြင်တွေ့ခဲ့သည်။ သူက လူငယ်၏ပုခုံးကိုပုတ်လိုက်ပြီး မေးလိုက်သည်။

“မိတ်ဆွေ.. ဒီနေရာကဘယ်နေရာလဲဆိုတာကို ငါမေးလို့ရမလား”

“မင်းဘာပြောတာလဲ”

အရမ်းဆူညံလွန်းသောကြောင့်လူငယ်မှာ

ရှစ်ဖုန့်ပြောသည်ကိုရှင်းရှင်းလင်းလင်းကြားရခြင်းမရှိချေ။

“တဆိတ်လောက်ပါ…ဒါကဘယ်နေရာလဲ”

ရှစ်ဖုန့်ကထပ်မံအသံကိုမြှင့်၍မေးလိုက်သည်။

“အိုး”

လူငယ်ကခေါင်းညိမ့်ပြီးပြောလိုက်သည်။

ရှစ်ဖုန့်၏ဤပုံစံအားကြည့်၍လူငယ်က ယခုနားလည်သွားပုံရသည်။ ထို့နောက်သူကပြောလိုက်သည်။

“မင်းကိုကြည့်ရုံနဲ့မင်းကတစ်နေရာရာကနေလာတယ်ဆိုတာကိုငါသိတယ်.. ဒါကကွမ်းရှန့်မြို့ပဲ”

“ကွမ်းရှန့်မြို့လား”

ရှစ်ဖုန့်ကမြို့နမည်အား ခပ်တိုးတိုးရေရွတ်လိုက်သည်။ ထို့နောက်သူ၏ခေါင်းအားဖြည်းညှင်း

စွာခါယမ်းလိုက်၏။ သူဤမြို့အားတစ်ခါမှကြားဖူးခြင်းမရှိချေ။

ထို့နောက်ရှစ်ဖုန့်ကလူငယ်အား

ဆက်လက်မေးမြန်းလိုက်သည်။

“ဒီနေရာက မြောက်ပိုင်းဒေသကြီးနဲ့ သက်ဆိုင်လား”

လူငယ်မှာရှစ်ဖုန့်၏စကားအားကြားလိုက်ရသောအခါတွင် ဤစကားများကြောင့့်အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက်လူငယ်က ခဏကြာအောင်စဉ်းစားလိုက်ပြီး ရှစ်ဖုန့်အားသဘောပေါက်သော အမူအယာဖြင့် ကြည့်ကာပြောလိုက်သည်။

“မင်းက မြောက်ပိုင်းဒေသကြီးကိုအလျှော့မပေးဘဲလျှောက်သွားချင်တဲ့လူစားမျိုးမလား”

လူငယ်ကအပြုံးတစ်ခုနှင့်အတူပြောလိုက်သည်။

“မင်းလက်လျှော့တာကောင်းမယ်လို့ငါထင်တယ်.. ပြောရရင်မြောက်ပိုင်းဒေသကြီးက

အကန့်သတ်မဲ့ကျယ်ပြောတယ်.. မင်းအတွင်မင်းဘဝတစ်လျှောက်လုံး

ဒီအတိုင်းလျှောက်လမ်းပြီးသွားလာဖို့ဆိုတာက ဖြစ်နိုင်မှာမဟုတ်ဘူး”

လူငယ်ကအခြားတစ်စုံတစ်ခုအကြောင်းကိုပြောနေသော်လည်းဤနေရာကမြောက်ပိုင်းဒေသကြီးနှင့်သက်ဆိုင်သည်ကိုရှစ်ဖုန့်နားလည်လိုက်သည်။

သူကမြောက်ပိုင်းဒေသကြီးအတွင်းရှိနေသေးသောကြောင့်သူ့အနေဖြင့်ဤမြို့၏နေရာကူးပြောင်းအစီအရင်ကိုသုံး၍ ကံကြမ္မာတောင်တန်းသို့တိုက်ရိုက်သွား

ရလိမ့်မည်ဖြစ်သည်။

ကံကြမ္မာတောင်တန်းကဘယ်လောက်

ဝေးဝေးရှိနေပါစေ ထိုအဘိုးအိုကိုအားရှာပြီး လန်အောင်းယွဲ့မည်သည့်နေရာ၌ရှိနေသည်ကိုမေးရန်အတွက် သူထိုနေရာသို့သွားရလိမ့်မည်ဖြစ်သည်။

“ဖယ်စမ်း..ဖယ်ကြစမ်း. မင်းတို့မသေချင်ရင် ငါ့လမ်းကဖယ်ကြစမ်း. ဖယ်စမ်း”

ဤအချိန်တွင် ရှစ်ဖုန့်ရပ်နေသောမြို့ဂိတ်ရှိလူအုပ်နောက်ဘက်မှ ဒေါသတကြီးအော်ဟစ်သံတစ်ခု

ထွက်ပေါ်လာသည်။

ထို့နောက်ချက်ချင်း မြို့အတွင်းသို့ဖြည်းညှင်းစွာရွေ့လျား

နေသောလူအုပ်ကြီးက သူတို့၏ခေါင်းများကိုတစ်ယောက်ချင်းလှည့်ကြည့်လိုက်ကြသည်။ ရုတ်ခြည်း၎င်းတို့၏အမူအယာများကသိသိသာသာကိုပြောင်းလဲသွားသည်။

ထို့နောက်တွင် လူအုပ်က အားလုံးဘေးသို့ဆုတ်ခွာ မြို့ဂိတ်ရှိလူအုပ်ကြီးမှာ ရုတ်ခြည်းပရမ်းပတာဖြစ်လာသည်။

All Chapters