← Chapters

အခန်း (၇၅၉)

Vol. 51 Ch. 759

အခန်း (၇၅၉)

Vol. 51 Ch. 759

ကွမ်းရှန့်မြို့အရှေ့ဘက်ဂိတ်ရှိလူအုပ်ကြီး

၏နောက်ဘက်တွင် ငွေရောင်ချပ်ဝတ်အားဝတ်ဆင်ထားသော စစ်သည်တစ်ထောင်ကျော်ကတန်းစီရပ်နေသည်။ ၎င်းတို့၏ကိုယ်များကငွေရောင်အရောင်အဝါတို့ကိုထုတ်လွှတ်နေ၏။

ငွေရောင်ချပ်ဝတ်စစ်သည်အားလုံးက လေးနက်တည်ကြည်သောမျက်နှာထားများ

ရှိပြီး၎င်းတို့၏ကိုယ်များမှသတ်ဖြတ်ခြင်းအော်ရာတို့ကို ထုတ်လွှတ်နေသည်။ တစ်ချက်ကြည့်ရုံနှင့် ၎င်းတို့က လက်ရွေးစင်စစ်သည်များအား စီတန်းထားခြင်းဖြစ်သည်ကိုပြောနိုင်

သည်ဖြစ်သည်။

ရှေ့မှလမ်းရှင်းသော သက်လက်ပိုင်းအရွယ် စစ်သည်နှစ်ဘောက်က ဂိတ်ရှေ့ရှိလူအုပ်ထံသို့ ဒေါသတကြီးအော်ဟစ်ပြောဆိုနေ၏။

သက်လတ်ပိုင်းအရွယ်စစ်သည်နှစ်ဦး၏ ဒေါသတကြီးအော်သံအောက်တွင် လူအုပ်ကြီးမှာဘေးသို့စတင်ရွေ့လျားပြီး ဤစစ်တပ်၏လမ်းကြောင်းအား ပိတ်ပင်ထားရဲခြင်းမရှိကြပေ။

ဤငွေရောင်ချပ်ဝတ်စစ်တပ်မှာ ကွမ်းရှန့်မြို့အတွင်းရှိစွမ်းအားအကြီးဆုံးလူများဖြင့်ဖွဲ့စည်းထားသော စစ်တပ်ဖြစ်သည်ကို ကွမ်းရှန့်မြို့ရှိအားလုံးသိကြသည်ဖြစ်သည်။ ငွေရောင်ချပ်ဝတ်စစ်သည်မည်သူတစ်ဦး

တစ်ယောက်မဆို ကွမ်းရှန့်မြို့အတွင်း၌ သတ်ဖြတ်ပိုင်ခွင့်ရှိကြသည်ဖြစ်သည်။

အကယ်၍ ငွေရောင်ချပ်ဝတ်စစ်သည်

များသာ ဒေါသထွက်ခဲ့လျှင် သူတို့လက်အတွင်းရှိအသွားနှစ်ဖက်ဓား

တို့ကိုထုတ်ကာ မြို့သူမြို့သားများကိုသတ်ဖြတ်လိမ့်မည်ဖြစ်သည်။ ယင်းကသူတို့၏အသက်များကိုအလဟဿဖြုန်းတီးခြင်းတစ်ခုသာဖြစ်၏။

ငွေရောက်ချပ်ဝတ်စစ်သည်များ၏ စွမ်းအားအောက်တွင် ပရမ်းပတာဖြစ်နေသောလူအုပ်ကြီးက ဘေးသို့ဆုတ်ခွာလိုက်ကြသည်။ ရပ်နေဆဲဖြစ်သောရှစ်ဖုန့်ပင်လျှင်လူ

အုပ်ကြောင့်ဘေးသို့ တွန်းပို့ခံလိုက်ရသည်။

မြို့ဂိတ်၌ မြို့၏အလယ်ဗဟိုလမ်းကြောင်းမှာရုတ်ခြည်း ရှင်းလင်းသွားသည်။ ကွမ်းရှန့်မြို့အတွင်း၌ ဤငွေရောင်ချပ်ဝတ်စစ်သည်တို့အားမည်သူကမျှတားဆီးပိတ်ပင်ရဲခြင်းမရှိပေ။

အကယ်၍၎င်းတို့ထဲကတစ်ဦးသာ

ဒေါသထွက်သွားလျှင် လူတစ်ယောက်တည်းသာမကမိသားစုတစ်ခုလုံး သို့မဟုတ်၎င်း၏မျိုးဆက် ကိုးခုလုံးသတ်ဖြတ်ခံရလိမ့်မည်ဖြစ်သည်။

လမ်းကြောင်းရှင်းလင်းသွားပြီးနောက် ဤငွေရောင်ချပ်ဝတ်စစ်သည်တစ်ထောင်ကျော်အတန်းမှာ မြို့တွင်းသို့ခမ်းနားသောဟန်ပန်ဖြင့် စတင်ဝင်ရောက်လိုက်ကြသည်။

ငွေရောင်ချပ်ဝတ်များမှထုတ်လွှတ်သောမျက်စိကျိန်းလောက်စရာ ငွေရောင်အလင်းကလမ်းဘေးနှစ်ဖက်လုံးရှိမြို့

သူမြို့သားများ၏ မျက်စိကိုကျိန်းသွားစေသည်။

“ငွေရောင်ချပ်ဝတ်စစ်သည်တွေ.. ဂုဏ်ယူလောက်စရကောင်းတဲ့အဆင့်အတန်း..

အကယ်၍ငါသာ သူတို့ထဲကတစ်ယောက်ဖြစ်နိုင်မယ်ဆိုရင် ဒါကဘယ်လောက်တောင်အံ့အားသင့်ဖို့

ကောင်းလိုက်မလဲ”

လူအုပ်အတွင်းတွင် မြို့အတွင်းသို့ခမ်းနားသောအသွင်

အပြင်ဖြင့်ဝင်ရောက်သွားသည့် ငွေရောက်ချပ်ဝတ်စစ်သည်တို့ကိုရှစ်ဖုန့်

ကကြည့်နေသည်။ ရုတ်တရက် သူ့ဘေးမှ

လူငယ်၏အသံကို သူကြားလိုက်ရသည်။

ရှစ်ဖုန့်က သူ၏ ခေါင်းအားလှည့်ကြည့်လိုက်သောအခါတွင် သူ့အားဤနေရာအကြောင်းကိုပြောပြခဲ့

သည့်လူငယ်ကိုတွေ့လိုက်ရသည်။

လူငယ်ကလည်းသူ၏ခေါင်းကိုလှည့်လိုက်ပြီးရှစ်ဖုန့်နှင့် မျက်လုံးခြင်းဆုံသွားသည်။ ရှစ်ဖုန့်ကအခြားမြို့တစ်ခုမှဖြစ်ကြောင်းကိုသူပြန်အမှတ်ရလိုက်သောအခါတွင် သူက ၎င်းတို့အားရှစ်ဖုန့်နှင့်မိတ်ဆက်ပေးလိုက်သည်။

“ငွေရောင်ချပ်ဝတ်စစ်တပ်ဆိုတာ

ကွမ်းရှန့်မြို့ရဲ့အကြွင်းမဲ့ဂုဏ်ကျတ်သရေပဲ”

“စစ်သည်တိုင်းက တိုက်ပွဲရာပေါင်းများစွာမှာ အသက်ရှင်သန်ကျန်ရစ်နိုင်ခဲ့ကြတဲ့ ဝါရင့်သမ္ဘာရင့်တွေကြီးပဲ.. ဒီငွေရောင်ချပ်ဝတ်ကိုဝတ်ဆင်နိုင်ဖို့ဆို သူတို့ရဲ့ကျင့်ကြံမှုကအနည်းဆုံးအင်ပါယာနယ်ပယ်မှာရှိနေဖို့လိုတယ်”

“နှစ်ပေါင်းများစွာအကြာက နတ်ဆိုးသားရဲပေါင်းတစ်သောင်းလောက် ကွမ်းရှန့်မြို့ကိုဝိုင်းလာခဲ့တယ်.. အဲ့အချိန်မှာ ဒီငွေရောင်ချပ်ဝတ်စစ်သည်တွေကသူတို့လက်ထဲကလက်နက်တွေကိုအသုံးပြုပြီး သူတို့ရဲ့ရဲစွမ်းသတ္တိ..သူတို့ရဲ့ခွန်အားစွမ်းပကားတွေနဲ့ ကြမ်းကြုတ်တဲ့နတ်ဆိုးသားရဲတွေကိုမောင်းထုတ်ကာ.. ဒီနေ့ကွမ်းရှန်းမြို့ရဲ့တည်ငြိမ်အေးချမ်း

မှုကိုပြန်လည်ထိန်းသိမ်းနိုင်ခဲ့တယ်”

ခမ်းနားသောအသွင်အပြင်ဖြင့်မြို့အတွင်း

သို့ဝင်ရောက်သွားသောငွေရာင်ချပ်ဝတ်စစ်တပ်ထံသို့ကြည့်လိုက်သည်။ သူ့၌ အားကျမှု၊ယုံကြည်ကိုးစားမှုနှင့် လိုချင်တောင့်တမှုတို့ပြည့်နှက်နေသည်။

တစ်ချက်ကြည့်ရုံနှင့် ဤလူငယ်က၎င်းတို့ထဲကတစ်ယောက်ဖြစ်ချင်နေသည်မှာ သိသာသည်ဖြစ်သည်။

ငွေရောင်ချပ်ဝတ်စစ်တပ်က မြို့အတွင်းသို့ဝင်ရောက်သွားသကဲ့သို့ တုတ်ခိုင်သန်မာပြီးခန့်ညားသောပုံစံရှိ

သည့်ရွှေရောင်ချပ်ဝတ် အမျိုးသားတစ်ဦးက စစ်တပ်၏အလယ်ဗဟိုတွင်ပေါ်လာသည်။ သူက ရွှေရောင်မီးတောက်နွားထီးတစ်ကောင်ကိုစီးထားသည်။

ထို့နောက်လူငယ်က ရွှေရောင်ချပ်ဝတ်နှင့်လူအားထိုးညွှန်ပြပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။

“ကြည့်လိုက်.. အဲ့လူက ငါတို့ကွမ်းရှန့်မြို့ရဲ့မြို့အရှင်သခင်အသစ်ပဲ”

“မြို့အရှင်သခင်အသစ်လား”

ရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်သည်။

“အိုး”

ရှစ်ဖုန့်ဘေးရှိလူငယ်ကရှစ်ဖုန့်၏တီးတိုးရေရွတ်မှုအားကြားလိုက်ရသောအခါတွင် သူကရုတ်တရက်သဘောပေါက်သည်ဟူသောပုံစံကိုပြသပြီးပြောလိုက်သည်။

“ငါမေ့တော့မလို့.. မင်းကအခြားနေရာကဆိုတာကို ငါတို့တွေလောလောဆယ်ဘာတွေဖြစ်ပျက်နေလဲဆိုတာကိုမင်းမသိသေးဘူးပဲ”

ခဏရပ်လိုက်ပြီးနောက်လူငယ်ကပြောလိုက်သည်။

“ လွန်ခဲ့တဲ့ခုနှစ်နှစ်တုံးက .. ကွမ်းရှန့်မြို့ရဲ့ အရင်အရှင်သခင်က ဘာမှန်းမသိရတဲ့အကြောင်းပြချက်အချို့ကြောင့်နဲ့ ရုတ်ခြည်းပျောက်ကွယ်သွားတယ်..

အဲ့နောက်နောက်သုံးနှစ်နေတော့ နောက်ထပ် မြို့အရှင်သခင်တစ်ဦးလည်း ရုတ်ခြည်းပျောက်သွားပြန်တယ်.. အရင်မြို့အရှင်သခင်ကလည်းလွန်ခဲ့တဲ့

ဆယ်ရက်လောက်ကတင်ရုတ်ခြည်းအမည်မသိအကြောင်းပြအချို့ကြောင့် ပျောက်သွားပြန်တယ်”

“လွန်ခဲ့တဲ့ခုနှစ်နှစ်က မြို့အရှင်က ရုတ်တရက်ပျောက်ကွယ်သွားတယ်”

ရှစ်ဖုန့်မှာဤစကားအားကြားလိုက်ရသောအခါတွင် တုန်လှုပ်အံ့အားသင့်သွားသည်။

သူ၏တတိယ တပည့်ဖြစ်သူ မြောက်ပိုင်းဒေသကြီးအတွင်းရှိထျန်းဟွမ်မြို့အရှင်သခင်ဖြစ်သူ လန်အောင်းယွဲ့မှာလည်းလွန်ခဲ့သောခုနှစ်နှစ်ခန့်ကပျောက်ဆုံးသွားသည်ဖြစ်သည်။

ဤကိစ္စများကဆက်နွယ်များရှိနေခြင်းဖြစ်နိုင်သည်လော။

ထိုသို့မဟုတ်ပါက မည်ကဲ့သို့အရမ်းတိုက်ဆိုင်နေပါမည်နည်း။

“အရင်အရှင်သခင်တွေပျောက်တာ

နှစ်ပေါင်းများစွာကြာနေပြီ. သူတို့နဲ့ သက်ဆိုင်တဲ့သဲလွန်စတစ်ခုတစ်လေ

ကိုများတစ်ယောက်ယောက်ကရထားသေးလား”

ရှစ်ဖုန့်က လူငယ်ကိုမေးလိုက်သည်။

“အင်း. ငါတို့လိုသာမန်လူတွေကဒါကိုဘယ်သိနိုင်မှာလဲ”

လူငယ်ကသူ၏ခေါင်းကိုခါယမ်း

ပြီးပြန်ဖြေလိုက်သည်။

ထို့နောက်တွင် သူ၏မျက်လုံးက အရောင်လက်သွားပြီး စစ်သည်တန်းအဆုံးရှိ ဦးချိုတစ်ချောင်းငွေရောင်မြင်းကိုစီးနင်းထားသော လူထံသို့ကြည့်လိုက်သည်။ လူငယ်ကထိုလူကိုထိုးညွှန်ပြပြီးပြောလိုက်၏။

“ သူက လီရှင်း. ကွမ်းရှန့်မြို့ ရဲ့တပ်မှူးကြီးပဲ.. သူက တပ်မှူးကြီးဖြစ်နေတာ ဆယ့်တစ်နှစ်ရှိပြီ.. မြို့အရှင်တွေပျောက်ကွယ်သွားတာနဲ့ပက်သက်ပြီး သဲလွန်စတစ်ခုခုရှိနေရင် သူသိလိမ့်မယ်”

ထို့နောက်လူငယ်က သူ၏ခေါင်းကိုထပ်မံခါယမ်းပြီးပြုံး

ကာပြောလိုက်သည်။

“ဟားဟား ကြည့်ရတာငါတို့တွေကိစ္စတွေအများကြီးကို စိတ်ဝင်စားနေမိတဲ့ပုံပဲ. ဒီလိုအရာမျိုးတွေက ငါတို့လိုသာမန်လူတန်းစားတွေနဲ့ဘာမှဆိုင်တဲ့အရာမျိုးမဟုတ်ဘူး”

“မြို့အရှင်သခင်သုံးဦးကတော့ပျောက်ဆုံးနေပြီး ငါတို့သာမန်လူတန်းစားတွေကတော့

စားလိုက်သောက်လိုက်လေပေါလိုက်ပဲ. မင်းရောအဲ့လိုမထင်ဘူးလား”

“အမ်.. သူဘယ်ရောက်သွားတာလဲ”

လူငယ်ကသူ၏ခေါင်းကိုခါယမ်း၍ပြောလိုက်သည်။သူ့ဘေးရှိလူငယ်အားကြည့်လိုက်သောအခါတွင် သူ့ဘေးရှိလူငယ်နေရာ၌အားကောင်း

မောင်းသန်သက်လက်ပိုင်းလူတစ်ဦး နေရာဝင်ယူနေသည်ကိုတွေ့လိုက်ရသည်။

အစောပိုင်းကသူ့ကိုပြောနေသော

လူငယ်ကယခုရုတ်ခြည်းပျောက်ကွယ်သွားသည်။

လူငယ်ကခေါင်းကိုဝေ့ကြည့်လိုက်သော်လည်း အဖြူရောင်ပုံရိပ်အားသူရှာမတွေ့သေးပေ။ သူကတီးတိုးရေရွတ်လိုက်သည်။

“ထူးဆန်းတယ်.. သူဘယ်ရောက်သွားတာလဲ. ထားလိုက်ပါလေ.ငါဂရုမစိုက်တော့ဘူး. သူက နောက်ကိုတွန်းထုတ်ခံလိုက်ရတာပဲနေမှာ”

ထို့နောက် ငွေရောင်ချပ်ဝတ်စစ်သည်များကမြို့

အတွင်းသို့ဝင်ရောက်သွားသကဲ့သို

ဂိတ်၏လမ်းဘေးနှစ်ဖက်လုံးရှိလူအုပ်ကြီးကလည်း မြို့အတွင်းသို့ဦးတည်ဝင်ရောက်သွားကြသည်။

ရှစ်ဖုန့်ကငွေရောင်စစ်မြင်းထက်ရှိ လူအားလူငယ်မိတ်ဆက်ပေးသည်ကိုနားထောင်ပြီးသည့်နောက်တွင် သူ၏ ပုံရိပ်က ဖျက်ခနဲဖြစ်သွားပြီး ကွမ်းရှန့်မြို့အတွင်းသို့တိတ်တဆိတ်

ဖျက်ခနဲဝင်ရောက်သွားသည်။

မူလက ရှစ်ဖုန့်အနေဖြင့်ကံကြမ္မာတောင်သို့သွားရန်အတွက် နေရာကူးပြောင်းအစီရင်ကိုတိုက်ရိုက်သုံးလိုခဲ့သည်။ သို့သော် လွန်ခဲ့သောခုနှစ်နှစ်ခန့်က ကွမ်းရှန့်မြို့အရှင်သခင်က ရုတ်တရက်ပျောက်ကွယ်သွားသည်ဟု လူငယ်ပြောသည်ကိုသူကြားခဲ့ရ၏။

လွန်ခဲ့သောခုနှစ်နှစ်ခန့်က သူ၏တပည့်ဖြစ်သူ လန်အောင်းယွဲ့မှာလည်း ကွမ်းရှန့်မြို့အရှင်သခင်နှင့် တစ်ချိန်တည်းတွင် ပျောက်ကွယ်သွားခဲ့သည်ဖြစ်သည်။

လွန်ခဲ့သောခုနှစ်နှစ်က ကွမ်းရှန့်မြို့အရှင်သခင်ဘယ်ရောက်သွားသည်ကိုဆိုသည်ကို မဖြစ်မနေ မေးမြန်းသင့်သည်ဟုရှစ်ဖုန့်ခံစားရ၏။

လူငယ်ပြောသလိုဆိုလျှင် လီရှင်းမှာ လွန်ခဲ့သောဆယ့်တစ်နှစ်ခန့်ကတည်းက ကွမ်းရှန့်မြို့၏တပ်မှူးကြီးဖြစ်သည်။

ထို့နောက်ရှစ်ဖုန့်ကလူအုပ်အတွင်း မှငွေရောင်ချပ်ဝတ်စစ်တပ်နောက်သို့တိတ်တဆိတ်လိုက်ပါလိုက်သည်။

ဆန့်စေ့တစ်စေ့စာအရွယ်အစားရှိသော ဖြူဖျော့သည့်အလင်းတစ်ခုက ရှစ်ဖုန့်၏လက်ချောင်းထိပ်မှထွက်သွားသည်။ ၎င်းကလေကိုထိုးခွင်းသွားပြီး လေထဲ၌အဖြူရောင် စက်ဝန်းပြက်တစ်ခုကိုတိတ်တ

ဆိတ်ရေးဆွဲလိုက်၏။ ထို့နောက်အသံလုံးဝထွက်ခြင်း

မရှိဘဲတပ်မှူးကြီးလီရှင်း၏ လည်ပင်းနောက်ဘက်ပေါ်သို့ကျရောက်သွားသည်။

“ဘာ”

အုပ်စုနောက်မှလိုက်ပါလာသည့် ငွေရောင်စစ်မြင်းအားစီးနင်းနေသော လီရှင်းမှာ ရုတ်တရက်မျက်မှောင်ကြုတ်လိုက်ပြီး နှာမှုတ်လိုက်သည်။

အစောပိုင်းက အေးစက်သောလေတိုက်ခတ်သကဲ့သို့ သူ၏လည်ပင်းထံမှ အနည်းငယ်ရှင်းလင်းသော အထိအတွေ့အာရုံတစ်ခုကိုသူခံစားလိုက်ရ၏။

“ဘာဖြစ်လို့လဲ တပ်မှူးကြီး”

လီရှင်း၏ ဘေး၌ရှိနေသောငွေရောင်ချပ်

ဝတ်စစ်သည်တစ်ဦးက လီရှင်း၏တွတ်ထိုးသံအားကြားလိုက်ရသောအခါတွင် စိတ်ရှုပ်ထွေးစွာဖြင့်ခေါင်း

ကိုမော့လိုက်ပြီး လီရှင်းကိုမေးလိုက်သည်။

All Chapters