အခန်း (၇၆၀)
Vol. 51 Ch. 760
ကွမ်းရှန်းမြို့၏လမ်းမများထက်တွင် ကွမ်းရှန့်မြို့၏တပ်မှူးကြီးလီရှင်းမှာ ရုတ်တရက်သူ၏လည်ပင်းနောက်
ကျောထက်မှ အေးစိမ့်တက်မှုကိုခံစားလိုက်ရသည်။
ထို့နောက် သူက ညာလက်ဖြင့်၎င်းအားထိလိုက်ပြီး ဘာထူးဆန်းမှုမှရှိခြင်းမရှိသည်ကိုရှာ
တွေ့လိုက်သည်။ ထို့နောက်သူက သူ့ဘေးရှိ ငွေရောင်ချပ်ဝတ်စစ်သည်ကို ပြောလိုက်သည်။
“ဘာမှမဟုတ်ဘူး. ဆက်သွားကြစို့”
“ဟုတ်ကဲ့”
ငွေရောင်ချပ်ဝတ်စစ်သည်က တုန့်ပြန်လိုက်သည်။ထို့နောက် သူတို့က ကြီးမားသောအစုအဖွဲ့နောက်သို့ဆက်လက်လိုက်ပါပြီး ကွမ်းရှန့်မြို့အရှင်သခင်၏ အိမ်တော်သို့ဆက်လက်ချီတက်သွားကြသည်။
“ကောင်းပြီ..ဒီညသူ့ကိုဆင့်ခေါ်ပြီးတော့ မေးခွန်းမေးကြည့်တာပေါ့”
ရှစ်ဖုန့်က လူအုပ်ထဲ၌ရပ်နေပြီး အကွာအဝေးတစ်ခုရှိ ငွေရောင်ချပ်ဝတ်စစ်တပ်ထံသို့ကြည့်နေသည်။ သူကက ငွေရောင်စစ်မြင်းပေါ်ရှိ တပ်မှူးကြီး လီရှင်းကိုကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
ထို့နောက် သူက လူအုပ်အပြင်သို့လျှောက်လှမ်းထွက်လိုက်ပြီး လမ်းမပေါ်ရှိ သေရည်ဆိုင်ထံသို့ လျှောက်လှမ်းသွားလိုက်သည်။
ပျားပန်းခပ်စည်ကား နေသော ကွမ်းရှန့်မြို့အတွင်းတွင် သေရည်ဆိုင်၌ပင်လူများဖြင့်ပြည့်နှက်နေသည်။ ခန်းမတစ်ခုလုံးလူများဖြင့် ပြည့်ကျပ်နေ၏။
ရှစ်ဖုန့်က ပြတင်းပေါက်တစ်ခုရှိရာ ထောင့်တစ်ခုကိုရှာတွေ့လိုက်ပြီး တစ်ယောက်တည်းထိုင်နေလိုက်သည်။
မကြာခင် စားပွဲထိုးဖြစ်သူက ဝိုင်အိုးတစ်လုံးနှင့်အသားနှပ်တစ်ပန်း
ကန်ကိုယူဆောင်လာသည်။ ရှစ်ဖုန့်က သောက်စားလိုက်သည်။ ရှစ်ဖုန့်၏အစီအစဉ်က အချိန်ကုန်သည်ကိုစောင့်စားပြီးညရောက်လာသည်အထိစောင့်နေရန်ဖြစ်သည်။
“မင်းသိလား.လွန်ခဲ့တဲ့လေးရက်တုံးက မြောက်ပိုင်းဒေသကြီးရဲ့ အခြားမြို့မှာ နတ်ဆိုးတစ်ကောင်ရဲ့အစုလိုက်အပြုံလိုက်ရက်ရက်စက်စက်သတ်ဖြတ်တာကိုခံခဲ့ကြရတယ်တဲ့.. အဲ့မှာလူတွေသန်းနဲ့ချီပြီးကိုရှိတာ..
သူတို့အားလုံးသေကုန်ကြတယ်. အလောင်းတွေကလဲနေရာအနှံ့ပြန့်ကျဲနေပြီးသွေးတွေကလည်းမြစ်လိုစီးနေတာပဲတဲ့. ဒါက ယွင်ချင်မြို့ပြီးတဲ့နောက် နောက်ထပ်ငါးမြို့မြောက်အစုလိုက်
အပြုံလိုက်အသတ်ဖြတ်ခံရမှုပဲ”
“ဒါကလူမဆန်ဘူး”
ရှစ်ဖုန့်ထိုင်ပြီးသိပ်မကြာခင် မခံမရပ်နိုင်ဖြစ်နေသောအသံတစ်ခု
ကိုကြားလိုက်ရသည်။
ထိုနေ့ကရှစ်ဖုန့်ပိုင်ယွမ်မြို့၌ရှိနေစဉ် ယွင်ချန်မြို့၌ လူမများသန်းနှင့်ချီအစုလိုက်အပြုံလိုက်သတ်ခံခဲ့ရသည်ကိုကြားခဲ့ရသည်။
ယခု သူရှေးဟောင်းအမွေအနှစ်အတွင်း၌ရှိနေစဉ် မြောက်ပိုင်းဒေသကြီး၏နောက်ထပ်မြို့လေးမြို့အစုလိုက်အပြုံလိုက်အသတ်ခံရသည်ကို
ကြားရလိမ့်မည်ဟုမမျှော်လင့်ထားခဲ့ပေ။
ထို့နောက် သေခြင်းမဲ့တောင်တန်း၌သူမြင်တွေ့ခဲ့ရသော သွေးနီရောင်ဥက ရှစ်ဖုန့်၏ စိတ်ထဲ၌ထပ်မံပေါ်လာသည်။
“အဲ့မိစ္ဆာတိရစ္ဆန်ကပဲ လူသားမျိုးနွယ်ကိုအရမ်းရက်ရက်စက်စက်
အစုလိုက်အပြုံလိုက်သတ်ခဲ့တာပဲဖြစ်ရမယ်”
ရှစ်ဖုန့်က ခက်ထန်စွာတွေးလိုက်သည်။
ဤအချိန်တွင် ကျင့်ကြံသူတစ်ဦးက မခံမရပ်နိုင်ဒေါသတို့ပြည့်နှက်နေသော သူကိုမေးလိုက်သည်။
“အဲ့နတ်ဆိုးကိုအမဲလိုက်ဖို့အတွက်အင်းအားစုအမျိုးမျိုးကနေ မကြာသေးခင်အချိန်အချို့ကပဲ ကျွမ်းကျင်သူအများကြီးကိုစေလွှတ်ခဲ့တယ်
လို့ငါကြားခဲ့တယ်မဟုတ်ဘူးလား. အင်အားစုအမျိုးမျိုးက ကျွမ်းကျင်သူတွေကတောင်အဲ့နတ်ဆိုးကိုမသတ်နိုင်တာများဖြစ်နေမလား”
“ဟူး”
ကျင့်ကြံသူ၏ စကားအားကြားလိုက်ရသောအခါတွင် မခံမရပ်နိုင်ဖြစ်နေသောသူကသက်ပြင်းရှည်တစ်ချက်ချလိုက်ပြီး ပြောလိုက်သည်။
“ကောလဟာလတွေအရအဲ့ကျွမ်းကျင်သူတွေအားလုံးကျဆုံးသွားပြီတဲ့. အဲ့တာထက်ပိုတာက နောက်ပိုင်းသူတို့ရဲ့အလောင်းတွေကိုရှာတွေ့တဲ့သူတွေက သူတို့ရဲ့မျက်လုံးတွေပြူးကျယ်စွာပွင့်နေတာကိုတွေ့ခဲ့ရတယ်တဲ့.. ဒါကသူတို့မသေခင်မှာ အရမ်းကိုထိတ်လန့်ကြောက်ရွံ့ဖို့ကောင်းတဲ့ တစ်စုံတစ်ခုကိုတွေ့ခဲ့ရတယ်ဆိုတာသိသာတယ်”
“ဘာ..အဲ့ကျွမ်းကျင်သူတွေ.. သူတို့အားလုံးသေသွားပြီ”
သေရည်ဆိုင်အတွင်းတွင် သတင်းအားကြားလိုက်ရသောလူများစွာတို့မှာ အံ့အားသင့်စွာပြိုင်တူပြောလိုက်ကြသည်။
အချို့ကအလန့်တကြားပြောလိုက်ကြ၏။
“ငါကြားတာတော့သူတို့ကြားထဲမှာ
ဧကရာဇ်နယ်ပယ်ခြောက်ယောက်တောင်ပါတယ်တဲ့. သူတို့အားလုံး…သေသွားကြပြီလား”
ထိုလူနောက်ဆုံးစကားအားပြောသောအခါတွင် သူ၏ အသံကတုန်ယင်သွားပြီး သူ၏နှလုံးသားပင်အေးစက်သွားရသည်။ သူတို့အတွက် ဧကရာဇ်နယ်ပယ်ဆိုသည်မှာ လူများမျိုးနွယ်၏ အထွတ်အထိပ်များဖြစ်ကြသည်။ ယင်းက ကျော်လွှားရမရနိုင်သောအရာနှင့်
ဆင်တူသည်ဖြစ်၏။
“သေပြီ..သူတို့အားလုံးသေသွားပြီ. ငါတို့ရှာတွေ့ခဲ့တဲ့အလောင်းတွေကြားထဲမှာ ဧကရာဇ်နယ်ပယ်ခြောက်ယောက်လုံးပါတယ်.. “
ယခင်လူက ခေါင်းညိမ့်ပြီးပြောလိုက်သည်။ စကားပြောနေရင်းသူကဝမ်းနည်းပူဆွေးသောအမူအယာတစ်ခုကိုပြသလာ၏။
“အာ”
သတင်းအားကြားလိုက်ရသောလူအားလုံးမှာ သူတို့၏မေးရိုးများပြုတ်ကျသွားရပြီး တုန်လှုပ်အံ့အားသင့်စွာဖြင့်အာမေ
ဋိတ်သံထွက်သွားရသည်။
တစ်စုံတစ်ယောက်က ကြောက်စိတ်မွှန်စွာဖြင့်ပြောလိုက်သည်။
“ဒါကရှုပ်ထွေးနေပြီ..ထျနးဟန်တိုက်ကြီး
ကပရမ်းပတာတွေဖြစ်လာတော့မယ်. ဧကရာဇ်နယ်ပယ်ခြောက်ယောက်တောင်မှ နတ်ဆိုးကိုအနိုင်မယူနိုင်ဘူး. အဲ့နတ်ဆိုးကိုဘယ်သူကတားနိုင်တော့မှာလဲ”
“လွန်ခဲ့တဲ့ဆယ့်ငါးနှစ်လောက်က ငါတို့လူသားမျိုးနွယ်ရဲ့စွမ်းအားအကြီးဆုံးပုဂ္ဂိုလ် ဧကရာဇ်ကျိုးယို ကျဆုံးသွားတာ နှမြောစရာပဲ. အကယ်၍ကြီးမြတ်တဲ့ဧကရာဇ်သာ ရှိနေသေးရင်. အဲ့နတ်ဆိုးအရမ်းမောက်မာနေနိုင်မှာမဟုတ်ဘူး. ကြီးမြတ်တဲ့ဧကရာဇ်ကျဆုံးသွားတာက လူသားမျိုးနွယ်စုအတွက် တကယ့်ကို ကံဆိုးမှုတစ်ခုပဲ”
“ဟူး..အမှန်ပဲ.”
ထို့နောက်တွင်နောင်တရမှုနှင့်သက်ပြင်းချသံများကို သေရည်ဆိုင်အတွင်း၌ကြားရနိုင်သည်ဖြစ်သည်။
အားလုံး၏စိတ်ထဲတွင်လူသားမျိုး
နွယ်နှင့်နတ်ဆိုးမျိုးနွယ်ကြားထဲမှ စစ်ပွဲကိုအလိုအလျောက်တွေးမိပြီးဖြစ်သည်။
လွန်ခဲ့သော နှစ်ဆယ့်ငါးနှစ်ခန့်က နတ်ဆိုးမျိုးနွယ်မှာ ဆိုးယုတ်သောကိစ္စကိုပြုလုပ်ခဲ့သည်။ နတ်ဆိုးဧကရာဇ်၏ ဦးဆောင်မှုအောက်တွင် ၎င်းတို့က သန်းနှင့်ချီသော နတ်ဆိုးစစ်သည်များနှင့်နတ်ဆိုး
ဗိုလ်ချုပ်များကိုစုစည်းပြီး ထျန်းဟန်တိုက်ကြီးအား ကျူးကျော်ဝင်ရောက်ကာ ကမ္ဘာကြီးအား ဖရိုဖရဲပရမ်းပတာဖြစ်စေခဲ့သည်။
ထိုအချိန်က ဧကရာဇ်ကျိုးယိုမှာ ငရဲဘုံ မှထွက်လာပြီး သူက ကြီးမြတ်သောတစ္ဆေစစ်သူကြီး ရှစ်ဦး၊ သန်းနှင့်ချီသောတစ္ဆေစစ်သည်များနှင့် လူသားမျိုးနွယ်၏စွမ်းအားအကြီးဆုံးဖြစ်သော ကျွမ်းကျင်သူများနှင့် သူ၏တပည့်ခုနှစ်ဦးအားလုံးတို့ကို စုစည်းဦးဆောင်ကာ နတ်ဆိုးမျိုးနွယ်ကိုဆန့်ကျင်ရင်ဆိုင်ခဲ့သည်။
အဆုံးသတ်တွင် နတ်ဆိုးစစ်သည်နှင့်ဗိုလ်ချုပ်တစ်သိန်းတို့ သတ်ဖြတ်ခံခဲ့ရသည်။ နတ်ဆိုးဧကရာဇ်ကိုယ်တိုင်ပင် ထျန်းယောင်တောင်ပေါ်၌ ဧကရာဇ်ကျိုးယို ခေါ် ငရဲဘုံကိုးခု ဧကရာဇ်၏ ကိုယ်တိုင်သတ်ဖြတ်မှုကိုခံခဲ့ရသည်။
ထိုစစ်ပွဲကထျန်းဟန်တိုက်ကြီးတစ်ခုလုံး
ကိုတုန်လှုပ်အံ့အားသင့်စေခဲ့၏။ လူသားမျိုးနွယ်ဝင်တိုင်းက သူတို့ကိုယ်သူတို့လူသားမျိုးနွယ်ဝင်ဖြစ်ရသည်ကို ဂုဏ်ယူ ဝင့်ကြွားခဲ့ကြသည်။
“စိတ်မကောင်းစရာပဲ. ဧကရာဇ်ကျိုးယိုကအဲ့အချိန်တုံးက နံပါတ်တစ်စွမ်းအားအကြီးဆုံးသူဖြစ်ခဲ့ပေမဲ့. အမည်မသိကြောင်းပြချက်အချို့ကြောင့် ကျဆုံးသွားခဲ့ရတယ်.. လူသားမျိုးနွယ်အတွက်ကံဆိုးမိုး
မှောင်ကျမှုတစ်ခုပဲ”
ဤအချိန်တွင်သေရည်ဆိုင်တစ်ခုလုံး
တိတ်ကျသွားပြီး အပ်ကျသံကိုပင် ကြားရလောက်သည်အထိဖြစ်သွားသည်ဖြစ်သည်။
သေရည်ဆိုင်အတွင်းရှိလေထုကလည်း လေးလံလာသည်။
ရှစ်ဖုန့်က ဝိုင်ကိုအရသာခံသောက်နေဆဲဖြစ်ပြီး ပန်းကန်းပြားပေါ်ရှိအသားနှပ်ကို စားနေသည်။ သူကဂရုစိုက်ခြင်းမရှိဘဲ ၎င်းတို့ပြောနေသောသူကသူမဟုတ်သကဲ့သို့ပင်ဖြစ်သည်။
ခဏမျှတိတ်ကျသွားပြီးနောက် ကျင့်ကြံသူတစ်ဦးကရုတ်တရက်မေးလိုက်သည်။
“မြောက်ပိုင်းဒေသကြီးက မြို့ငါးကို အစုလိုက်အပြုံလိုက်သတ်ခဲ့တဲ့အဲ့နတ်ဆိုးကဘယ်လိုတည်ရှိမှုမျိုးလဲ. အကယ်၍အဲ့နတ်ဆိုးသာတစ်နေ့ငါတို့ကွမ်းရှန့်မြို့ကိုလာခဲ့ရင် ငါတို့ဘာလုပ်သင့်လဲ”
“ငါကြားတာတော့ အသတ်ခံရတဲ့ ဧကရာဇ်နယ်ပယ်ခြောက်ယောက်ထဲက
တစ်ယောက်ကသူမသေခင်မှာ နတ်ဆိုးရဲ့အသွင်အပြင်ကို ကျောက်စိမ်းပြားတစ်ခုမှာ မှတ်တမ်းတင်ခဲ့တယ်တဲ့”
“အဲ့နတ်ဆိုးက ….ကလေးတစ်ယောက်လိုပုံစံရှိပြီး သူ့တစ်ကိုလုံးမှာသွေးနီရောင် အစင်းကြောင်းတွေရှိတယ်တဲ့. သူရဲ့မျက်လုံးတွေကနီရဲနေပြီး သူ့မျက်နှာကလည်းကြမ်းကြတ်ခက်ထန်တယ်. တစ္ဆေကလေးတစ်ကောင်လိုပဲ”
“တစ္ဆေကလေးငယ်”
“တစ္ဆေကလေးငယ်”
“တစ္ဆေကလေးငယ်”
“တစ္ဆေကလေးငယ်”
“တစ္ဆေကလေးငယ်” ဟူသောစကားအားကြားလိုက်ရသောအခါတွင် မူလကတိတ်ဆိတ်အေးဆေးနေသော သေရည်ဆိုင်အား အေးစိမ့်သောလေပြင်းတစ်ချက်တိုက်
ခတ်သွားသည်နှယ်ဖြစ်သည်။ ဤအချိန်တွင်လေထုက မှောင်မိုက်အေးစက်သလိုဖြစ်လာသည်ကို အားလုံး ခံစားရနိုင်သည်ဖြစ်သည်။ သူတို့ရှူသွင်းလိုက်သောလေပင်အနည်း
ငယ်အေးစိမ့်သလိုဖြစ်နေပုံရ၏။
“သွေးနီရောင်အစင်းကြောင်းတွေ. သူ့ရဲ့မျက်လုံးတွေကလည်းနီရဲနေတယ်.. မြောက်ပိုင်းဒေသကြီးက မြို့ငါးခုလုံးကိုအစုလိုက်အပြုံလိုက်သတ်ခဲ့တဲ့သူက အဲ့မိစ္ဆာသတ္တဝါဖြစ်မယ်”
ထိုလူ၏စကားများအားကြားပြီး
နောက်ရှစ်ဖုန့်ကအေးစက်စွာပြောလိုက်သည်။
“တစ္ဆေကလေးငယ်.. တစ္ဆေကလေးငယ်အကြောင်းပြောနေရင်းနဲ့မှ. လွန်ခဲ့တဲ့ရက်အချို့ကပဲ အနက်ရောင်အလောင်းတောင်မှာ ဖြစ်ပျက်ခဲ့တာတွေကိုမင်းတို့ကြားပြီးကြပြီလား”
ဤအချိန်တွင်ငယ်ရွယ်သောအသံတစ်ခု
ကရုတ်တရက်ထွက်ပေါ်လာသည်။
“အနက်ရောင်အလောင်းတောင်.. အဲ့တာက အနက်ရောင်အလောင်းဂိုဏ်းရဲ့ပိုင်
နက်နယ်မြေမဟုတ်လား. အဲ့မှာဘာဖြစ်ခဲ့လို့လဲ”
တစ်စုံတစ်ယောက်မေးလိုက်သည်။
“အိုး ..ဒီလိုကိစ္စကြီးကိုမှ..မင်းကမသိသေးဘူးလား”
“လွန်ခဲ့တဲ့ရက်အနည်းငယ်က အနက်ရောင်အလောင်းတောင်မှာ သွေးနီရောင်ရှေးဟောင်းသက်ရှိတစ်ကောင်က အတိဒုက္ခကပ်ဘေးကိုဖြတ်ကျော်ခဲ့တယ်လို့ပြောကြတယ်. ကောင်းကင်ဘုံကိုးခု ကနေအတိဒုက္ခမိုးကြိုးတွေကသက်ဆင်းလာတယ်တဲ့”
“အတိဒုက္ခမိုးကြိုး”
ကျင့်ကြံသူတစ်ဦးကကောင်းကင်နှင့်မြေကြီး၏အတိဒုက္ခမိုးကြီုး အကြောင်းကြားသောအခါတွင် ရုတ်ခြည်းခွန်းတုန့်ပြန်လိုက်သည်။
“မင်းနောက်နေတာလား .အဲ့တောကရှေးဟောင်းဒဏ္ဍာရီတွေထဲမှာပဲရှိတဲ့ဟာ. အဲ့တာကအမှန်ဟုတ်မဟုတ်တောင်မရှင်းလင်းဘူး”
“ငါတို့အခုကမ္ဘာပေါ်မှာ အတိဒုက္ခမိုးကြိုးကဘယ်လိုကျဆင်းလာမှာလဲ.”
ဤကျင့်ကြံသူကပြောနေသည်မှာ
မယုံကြည်နိုင်ကြောင်းထင်ရှားသည်။
သို့သော်ဤအချိန်တွင် ရိုးသားပုံရသောလေးထောင့်ကျသောမျက်နှာပိုင်ရှင် သက်လတ်ပိုင်းအရွယ်ကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။
“မင်းယုံလို့ရတယ်.. ငါလဲအဲ့ကိစ္စကိုကြားခဲ့တယ် ..အဲ့တာအမှန်ပဲ”
“ဟုတ်တယ်.. အမှန်ပဲ. ငါလည်းဒီအကြောင်းကိုကြားတယ်..”
“ဟုတ်တယ် ငါလည်းဒီလိုကိစ္စကြီးကိုကြားခဲ့တယ်”
ထို့နောက်တွင် ပြိုင်တူထောက်ခံသောအသံများကသေရည်ဆိုင်အတွင်း၌ထွက်ပေါ်လာသည်။