← Chapters

အခန်း (၇၆၁)

Vol. 51 Ch. 761

အခန်း (၇၆၁)

Vol. 51 Ch. 761

“ငါလည်း အနက်ရောင်အလောင်းတောင်ပေါ်က အတိဒုက္ခမိုးကြိုးကပ်ဘေးအကြောင်း

ကိုကြားခဲ့တယ်”

“ဟုတ်တယ်..ငါရောပဲ”

“ငါလညးဒီအကြောင်းကိုကြားခဲ့တယ်”

သေရည်ဆိုင်အတွင်းတွင် လူများစွာက သူတို့၏ပါးစပ်များကိုဖွင့်ဟပြီးခေါင်းညိမ့်လိုက်ကြသည်။ ထို့အပြင်ဤအရာအှာ ကြီးမားသောကိစ္စတစ်ခုဖြစ်သည်။ ၎င်းက အနက်ရောင်အလောင်းတောင်၏ ပတ်ဝန်းကျင်ရှိမြို့များအတွင်း အုတ်အော်သောင်းနင်းဖြစ်သွားစေပြီးဖြစ်သည်။

“အိုး.. အဲ့လိုကိစ္စမျိုးကတကယ်ရှိခဲ့တယ်ပေါ့”

အစပိုင်းက အမှန်တရားကိုသံသယဝင်နေသောကျင့်ကြံသူမှာ ပို၍အံ့အားသင့်လာသည်။

ထို့နောက်တွင် တစ်စုံတစ်ယောက်ကပြောလိုက်သည်။

“”အဲ့တာထက်ပိုတာက ဒီကိစ္စဟာ ကောင်းကင်ဘုံကိုးခုက အတိဒုက္ခမိုးကြိုးကြောင့်ဖြစ်လာတဲ့ ဖြစ်ပျက်မှုကြောင့်တင်မကသေးဘူး. အဲ့နောက်ဖြစ်လာတဲ့အရာကမှပိုပြီး တုန်လှုပ်ဖို့ကောင်းတာ”

ထိုသို့ပြောပြီးနောက် လေးထောင့်ကျသောမျက်နှာနှင့် ကျင့်ကြံသူက သူ၏ပါးစပ်ကိုဖြည်းညှင်းစွာဖွင့်ဟပြီး လူအုပ်ကိုဆက်လက်စကားပြောလိုက်သည်။

“လွန်ခဲ့တဲ့ရက်အနည်းငယ်က အနက်ရောင်အလောင်းတောင်ထဲမှသွေးတွေနဲ့ဖုံးလွှမ်းနေတဲ့ ရှေးခေတ်သက်ရှိတစ်ကောင်က ဘယ်ကနေမှန်းမသိပေါ်လာခဲ့တယ်. ကောင်းကင်ဘုံကိုးခု ကနေ ကောင်းကင်နဲ့မြေကြီးရဲ့အတိဒုက္ခမိုးကြိုးတွေကလည်းသက်ဆင်းလာခဲ့တယ်.. ရုတ်ခြည်းဆိုသလို အနက်ရောင်အလောင်းတောင်ရဲ့အထက် ကောင်းကင်တစ်ခွင်လုံးမှာ လျှပ်ပန်းလျှပ်နွယ်တွေနဲ့ပြည့်နှက်သွားပါရော.. အဲ့မြင်ကွင်းကဆိုရင် ကမ္ဘာကြီးရဲ့အဆုံးသတ်ကိုရောက်လာသလိုမျိုးပဲ”

“ပြီးတော့ ဒီအတိဒုက္ခမိုးကြိုးက တကယ်ကြီး အနက်ရောင်အလောင်းဂိုဏ်းရဲ့တည်ထောင်သူဘိုးဘေး ရှစ်ရွှယ်ကို ဆွဲဆောင်စေခဲ့တယ်လေ”

တစ်စုံတစ်ယောက်က ဘိုးဘေးရှစ်ရွှယ်ဟူသောစကားအားကြား

လိုက်ရသောအခါတွင် ရုတ်ခြည်းအလန့်တကြားပြောလိုက်သည်။

“ ရှစ်. ဘိုးဘေးရှစ်ရွှယ်.. မနောက်စမ်နဲ့. အဲ့လူက နှစ်ပေါင်းသုံးထောင်ကျော်လောက်က သူပဲဟာ. သူရဲ့အလောင်းကတောင် ဖုန်အဖြစ်ပြောင်းနေလောက်ပြီ”

“မဟုတ်ဘူး”

လေးထောင့်ကျသောမျက်နှာနှင့် ကျင့်ကြံသူက ခိုင်မာပြတ်သားသောအမူအယာတစ်ခု

ကိုပြသလာသည်။ သူက ခေါင်းကိုပြတ်သားစွာခါယမ်းလိုက်ပြီး “မဟုတ်ဘူး”ဟုပြောလိုက်၏။

ထို့နောက်သူကဆက်ပြောသည်။

“တကယ်တမ်းမှာ ဘိုးဘေးရှစ်ရွှယ်က မသေမျိုးအလောင်းကောင်အဖြစ် သန့်စင်ပြီးနေပြီ.. သူရဲ့တစ်ကိုယ်လုံးမှာဆို အဖြူရောင်သန်းတဲ့ အလောင်းအမွှေးတွေ ဖုံးလွှမ်းနေတာ.. သူက အမြဲတမ်း အနက်ရောင်အလောင်းတောင်

အောက်မှာပဲနေနေခဲ့တာ.. အတိဒုက္ခမိုးကြိုးအောက်မှာတော့ ဘိုးဘေးရှစ်ရွှယ်နိုးထလာခဲ့တယ်”

“ဟုတ်တယ်.. တကယ်ပဲ ဘိုးဘေးရှစ်ရွှယ် နိုးထလာတဲ့ကောလဟာလတစ်ခုရှိခဲ့တယ်”

ဤကောလဟာလအား ကြားဖူးသောကျင့်ကြံသူတစ်ဦးက လျှင်မြန်စွာခေါင်းကိုညိမ့်ပြီး ဟုတ်မှန်ကြောင်းထောက်ခံလိုက်သည်။

“အင်း”

မျက်နှာလေးထောင့်နှင့် ကျင့်ကြံသူက သူ၏ခေါင်းကိုညိမ့်လိုက်သည်။ ထို့နောက်သူကဆက်ပြော၏။

“ဘိုးဘေးရှစ်ရွှယ်နိုးထလာပြီး သွေးတွေဖုံးလွှမ်းနေတဲ့ရှေးဟောင်းသက်ရှိနဲ့ မကြုံစဖူးတိုက်ပွဲတစ်ခုကိုတိုက်ခိုက်ခဲ့တယ်”

“အဲ့တိုက်ပွဲအတွင်းမှာ အနက်ရောင်အလောင်းတောင်တစ်ခုလုံး ဖျက်ဆီးခံလိုက်ရတယ်.. အနက်ရောင်အလောင်းဂိုဏ်းရဲ့လက်ရှိ ဂိုဏ်းခေါင်းဆောင်ဖြစ်သူအပါအဝင် အနက်ရောင်အလောင်းဂိုဏ်းရဲ့ကျင့်ကြံသူပေါင်းတစ်သိန်းတို့အားလုံးက အတိဒုက္ခမိုးကြိုးကြောင့် ပြာအဖြစ်ကိုပြောင်းလဲသွားခဲ့တယ်”

“အရမ်းစွမ်းအားကြီးတာပဲ”

တစ်စုံတစ်ယောက်ကအံ့အားသင့်စွာ

ရေရွတ်ပြောဆိုလိုက်သည်။

“ကောလဟာလတွေအရ အနက်ရောင်အလောင်းဂိုဏ်းခေါင်းဆောင်က ကြယ်ခြောက်ပွင့်ဧကရာဇ်နယ်ပယ်တစ်ယောက်တဲ့.. သူတောင်မှအဲ့ စွမ်းအားနှစ်ခုပေါင်းစပ်မှုအောက်မှာ သေဆုံးခဲ့ရတာ. အဲ့လူနှစ်ယောက်က ဘယ်လောက်တောင်စွမ်းအားကြီးမားလိုက်သလဲ”

“မဟုတ်ဘူး. ဖြစ်သွားတာနဲ့ပက်သက်ပြီး

တစ်ခုခုမှားယွင်းနေတယ်”

ဤအချိန်တွင် လေးထောင့်ကျသောမျက်နှာနှင့်လူပြောသည့်ဇတ်ကြောင်းအားကြားပြီးနောက် ကျင့်ကြံသူတစ်ဦးက စားပွဲမှထရပ်လာပြီး ပြောလိုက်သည်။

“အနက်ရောင်အလောင်းတောင်ပေါ်မှာ ကောင်းကင်နဲ့မြေကြီးရဲ့အတိဒုက္ခမိုးကြိုး ကျဆင်းတာနဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းသုံးထောင်က ဘိုးဘေးရှစ်ရွှယ်နိုးထလာတာအားလုံးကအမှန်ပဲ. ဒါပေမဲ့ အဲ့နောက်ပိုင်းဖြစ်ပျက်ခဲ့မှုတွေကကိုက်ညီမှုမရှိဘူး”

မျက်နှာလေးထောင့်နှင့် လူက ထိုကျင့်ကြံသူထံသို့ကြည့်လိုက်ပြီးမျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“အိုး. ဟုတ်လား. ဒါဆိုပြောစမ်းပါအုံး ဘာတွေမကိုက်ညီသလဲဆိုတာကို”

ထိုလူကပြောလိုက်သည်။

“အနက်ရောင်အလောင်းဂိုဏ်း

ခေါင်းဆောင်ရှစ်ကျဲက အဲ့နှစ်ယောက်ရဲ့စွမ်းအားအောက်

မှာသေသွားတာမဟုတ်ဘူး. အဲ့အစားသူက ဧကရာဇ်ကျိုးယိုရဲ့ နမည်ကျော် သိုင်းပညာရပ်ဖြစ်တဲ့ ငရဲဘုံကိုးခု အံ့ဖွယ်ဆီးလ်တံဆိပ်လေးခုကြောင့်သူကအသတ်ခံလိုက်ရတာ”

“ငရဲဘုံကိုးခုအံ့ဖွယ်ဆီးလ်တံဆိပ်လေးခု”

“ငရဲဘုံကိုးခုအံ့ဖွယ်ဆီးလ်တံဆိပ်လေးခု”

“ဧကရာဇ်ကျိုးယိုရဲ့ အားအကောင်းဆုံး ပညာရပ်တွေထဲကတစ်ခုဖြစ်တဲ့ ငရဲဘုံကိုးခု အံ့ဖွယ်ဆီးလ်တံဆိပ်လေးခု”

“အဲ့တာကရှေးခေတ်သွေးရောင် သက်ရှိတစ်ကောင်မဟုတ်ဘူးလား. ဒါဆိုသူကဘာလို့ ကြီးမြတ်တဲ့ဧကရာဇ်ရဲ့ အန္တိမပညာရပ်ကိုသိနေရတာလဲ”

“ငရဲဘုံကိုးခု အံ့ဖွယ်ဆီးလ်တံဆိပ်လေးခု” အားကြားလိုက်ရသောအခါတွင် သေရည်ဆိုင်ထဲမှလူများမှာ ထပ်မံအံ့အားသင့်ကြရပြန်သည်။

မူလကမျက်နှာပေါ်၌ အေးဆေးတည်ငြိမ်မှုတို့ရှိနေသောရှစ်ဖုန့်ပင် ထိုအရာအားကြားလိုက်ရသော

အခါစိုးရမ်သောကဖြစ်သွားရသည်။

ထို့နောက်ထိုလူက ဆက်ပြော၏။

“တကယ်တော့..ကောင်းကင်နဲ့မြေကြီးရဲ့ အတိဒုက္ခမိုးကြိုးကိုဖြစ်ပေါ်စေတဲ့သူက ရှေးခတ်ကသက်ရှိမဟုတ်ပဲနဲ့ ဧကရာဇ်ကျိုးယိုရဲ့ ဆက်ခံသူပဲ”

“ဘာ.. ဧကရာဇ်ကျိုးယိုရဲ့ဆက်ခံသူလား”

“ဒါဆို..ဒါဆိုအဲ့တာကဘယ်သူဖြစ်နိုင်မလဲ.. ဘယ်လူက အတိဒုက္ခမိုးကြိုးကို ဖြစ်ပေါ်စေနိုင်တာလဲ”

“ဘယ်သူဖြစ်တာက အရေးမကြီးဘူး”

ထို့နောက်ထိုလူကသေရည်ဆိုင်ထဲမှလူများအားဆက်လက်ပြောလိုက်သည်။

“ကျုပ်ကြားတာတော့ဘိုးဘေးရှစ်ရွှယ်က ကောင်းကင်နဲ့မြေကြီးရဲ့အတိဒုက္ခမိုး

ကြိုးကိုဖြစ်ပေါ်စေပြီး အနက်ရောင်အလောင်းတောင်ကိုဖျက်ဆီးပစ်ခဲ့တဲ့သူက ဧကရာဇ်ကျိုးယိုရဲ့မျိုးဆက်ဆိုတာကို သိနေပြီတဲ့”

“သူက ဧကရာဇ်ကျိုးယိုရဲ့အဆက်အနွယ်

ဆင်းသက်လာသူအားလုံးကို သတ်ပြီးတော့လက်စားချေမယ်လို့ တရားဝင်ကြေညာလိုက်တယ်”

“ဘာ”

“ဘာ”

“ဘာ..သူကဧကရာဇ်ကျိုးယိုရဲ့ အဆက်အနွယ် ဆင်းသက်လာသူအားလုံးကိုသတ်ပစ်ချင်တယ်”

“သေစမ်း”

ဤအချိန်တွင် ရှစ်ဖုန့်က အေးစက်စွာအော်ပြောလိုက်ပြီး သူ၏လက်ဖဝါးအားသူ၏ရှေ့ရှိစားပွဲ

ကိုရိုက်နှက်လိုက်သည်။ ရှစ်ဖုန့်၏လက်ဖဝါးအောက်တွင်စားပွဲက ပေါက်ကွဲထွက်သွား၏။

“ဘန်း”

ပေါက်ကွဲသံကသေရည်ဆိုင်အတွင်း၌ ပဲ့တင်ထွက်ပေါ်လာသည်။

ရှစ်ဖုန့်၏ကျယ်လောင်သောဆူညံသံက ရုတ်ခြည်းသေရည်ဆိုင်အတွင်းရှိအားလုံး၏အာရုံကို စွဲဆောင်သွားသည်။ ရုတ်ခြည်း သေရည်ဆိုင်အတွင်းမှဆူညံနေသောအသံမားက ထပ်မံတိတ်ကျသွားပြန်သည်။

အားလုံးက ထောင့်စွန်းရှိအေးစက်သောမျက်နှာ

နှင့်လူငယ်အား ကြည့်လိုက်ကြသည်။

“ချီးပဲ. ငါရှစ်ကျဲကို ငရဲဘုံကိုးခု အံ့ဖွယ်ဆီးလ်တံဆိပ်လေးခုကိုသုံးပြီးသတ်တဲ့အချိန်မှာ ကြည့်နေသူတွေက မှတ်မိသွားပုံပဲ”

ရှစ်ဖုန့်ကသူ၏စိတ်ထဲမှအေးစက်စွာပြောလိုက်သည်။

ဤအချိန်တွင် အနက်ရောင်အလောင်းတောင်ပေါ်၌သူအာရုံခံမိခဲ့သောနောက်ဆုံးစွမ်းအားကြီးအော်ရာက ၎င်းတို့ပြောနေသည့် ဘိုးဘေးရှစ်ရွှယ်ဖြစ်သည်ကိုသူ

သံသယဖြစ်ခြင်းမရှိချေ။

“မဟုတ်သေးဘူး. ဘိုးဘေးရှစ်ရွှယ်က အခု မြောက်ပိုင်းဒေသကြီးမှာရှိနေတာ. မြောက်ပိုင်းဒေသကြီးထဲမှာ သေခြင်းမဲ့တောင်တန်းနဲ့ထျန်းဟွမ်မြို့က အရမ်းနမည်ကျော်ကြားတယ်.. ဘိုးဘေးရှစ်ရွှယ်ရဲ့ဂိုဏ်းက ဒီသခင်လေးဖျက်ဆီးတာကိုခံလိုက်ရတာကြောင့် သူက လောချင်းချွမ်နဲ့ လန်အောင်းယွဲ့တို့ကိုရှာဖို့အတွက် သေခြင်းမဲ့တောင်တန်းနဲ့ ထျန်းဟွမ်မြို့ကို သေချာပေါက်သွားလိမ့်မယ်”

“အကယ်၍ အဲ့နှစ်ဦးလုံးက အဲ့မှာရှိမနေရင်တောင် အဲ့ဘိုးဘေးရှစ်ရွှယ်က သေချာပေါက်သူတို့နဲ့ပက်သက်ဆက်နွယ်နေတဲ့သူတွေကိုလွှတ်ပေးမှာမဟုတ်ဘူး”

“ငါသေခြင်းမဲ့တောင်တန်းနဲ့ ထျန်းဟွမ်မြို့ကို ဖြစ်နိုင်သမျှအမြန်ဆုံးလူလွှတ်ပြီးတော့ သတင်းပေးရမယ်”

ဤအရာအားတွေးမိပြီး ရှစ်ဖုန့်က ငွေရှင်းကောင်တာရှိ စားပွဲထိုးကို အလျှင်အမြန်အော်ပြောလိုက်သည်။

“စားပွဲထိုး. ဒီသခင်လေးအတွက် အခန်းတစ်ခုစီစဉ်ပေး”

“ကောင်းပါပြီ…ကောင်းပါပြီ”

စားပွဲထိုးဖြစ်သူမှာဤသွေးပူလွယ်

သူကိုအာရုံစိုက်မိပြီးဖြစ်သောကြောင့် ၎င်းအပေါ်တွင်သာသူ၏အာရုံကိုစူးစိုက်ထားသည်။ ယခုရှစ်ဖုန့်က စကားပြောလာသောကြောင့် သူကလျှင်မြန်စွာခေါင်းညိမ့်တုန့်ပြန်လိုက်၏။

ရှစ်ဖုန့်ကရွှေဒင်္ဂါးနှစ်ပြားကို ထုတ်ယူပြီး ကောင်တာထံသို့ပစ်ပေးလိုက်သည်။

“ချွင်..ချွင်”

ရွှေဒင်္ဂါးနှစ်ပြားက ကောင်တာပေါ်သို့ချက်ချင်းကျလာသည်။ ထို့နောက်သူက ပြောလိုက်သည်။

“မြန်မြန်လုပ်ပေး”

စားပွဲထိုးဖြစ်သူက သူ၏ခေါင်းကိုလှည့်လိုက်ပြီး ရွှေဒင်္ဂါးနှစ်ပြားကိုတွေ့လိုက်ရသည်။ ဆိုင်ပိုင်ရှင်၏အိုမင်းသောမျက်နှာက ဂန္ဓမာပန်းကဲ့သို့ငွားငွားစွင့်စွင့်ပြုံးပန်းဝေဆာပြီးဖြစ်နေသည်ကိုသူတွေ့လိုက်ရ၏။

ရွှေဒင်္ဂါးနှစ်ပြားက စားပွဲတစ်ခုနှင့် အခန်းတစ်ခုစာအတွက်လုံလောက်သည်ထက်ပင်ပိုသေးသည်ဖြစ်သည်။

ဤအချိန်တွင်စားပွဲထိုးဖြစ်သူက

သူ၏ခေါင်းကိုလှည့်လိုက်ပြီး ရှစ်ဖုန့်အားထပ်ကာထပ်ကာခေါင်းညိမ့်ပြသည်။

“လူကြီးမင်း. မကြာခင်အဆင့်သင့်ဖြစ်ပါလိမ့်မယ်”

ထို့နောက် စားပွဲထိုးဖြစ်သူ၏စီစဉ်မှုအောက်တွင် အခန်းကရုတ်ခြည်းပွင့်လာသည်။ စားပွဲထိုးက ရှစ်ဖုန့်အားဒုတိယအလွှာသို့ဦးဆောင်ခေါ်လာသည်။ စားပွဲထိုးဖြစ်သူ အခန်းအတွင်းမှထွက်သွားပြီးပြီးချင်း ရှစ်ဖုန့်၏စိတ်ကလှုပ်ရှားသွားပြီး သူ၏ရှေ့၌သွေးနီရောင်အလင်းတစ်ခု ရုတ်ခြည်းပေါ်လာသည်။

တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသောရွှယ်ဝူဟမ်မှာ ရှစ်ဖုန့်ကြောင့်သွေးနီရောင်ကျောက်ပြားနေရလွတ်အတွင်းမှရုတ်ခြည်းထွက်လာသည်။ ဤအချိန်တွင် သူကမျက်လုံးမှိတ်ထားရာမှပွင့်လာပြီး ရှစ်ဖုန့်ကိုမော့ကြည့်လိုက်သည်။

သို့သော်သူ၏ရှေ့၌ရှစ်ဖုန့်ရပ်နေ

သည်ကိုမြင်တွေ့လိုက်ရသောအခါတွင် လျှင်မြန်စွာဖြင့်လေးလေးစားစားပြောလိုက်သည်။

“ဘိုးဘေး”

“အင်း. ထပြီးပြော”

ရှစ်ဖုန့်ကပြောလိုက်သည်။

ရွှယ်ဝူဟမ်ကထရပ်လိုက်သကဲ့သို့ ရှစ်ဖုန့်ကထပ်မံပြောလိုက်သည်။

“ဒီသခင်လေးလိုက်ဖမ်းခံနေရတယ်.. မင်းကသေခြင်းမဲ့တောင်တန်းကိုရောက်ဖူးပြီး လောမိသားစုကလူတွေကမင်းကိုသိတယ်.. အခု သေခြင်းမဲ့တောင်တန်းကိုသွားပြီးတော့ အထွတ်အထိပ်ရန်သူတစ်ယောက်ကလောမိသားစုကိုဖျက်ဆီးတော့မယ်လို့သူတို့ကိုသွားပြော.. သူတို့ကိုမြန်မြန်လွတ်မြောက်ရာကိုရွှေ့ပြောင်းခိုင်း”

“လောချင်းချွမ်က မင်းကိုပြန်ပြီးတော့သတင်းပေးခိုင်း

တာပါလို့ပါပြော”

All Chapters