အခန်း (၇၆၂)
Vol. 51 Ch. 762
ရှစ်ဖုန့်ကရွှယ်ဝူဟမ်အား သေခြင်းမဲ့တောင်တန်းဆီသို့ နေရာကူးပြောင်းအစီအရင်ကိုသုံး၍
သွားရန်တောင်းဆိုလိက်သည်။ရွှယ်ဝူဟမ် အခန်းအတွင်းမှထွက်ခွာသွားပြီးနောက် ရှစ်ဖုန့်က ထျန်းဟွမ်မြို့နဲပက်သက်ပြီးမေးလိုက်သည်။
သူကလန်အောင်းယွဲ့၏မိသားစုအား သတင်းပေးရန်အတွက်တစ်စုံတစ်ယောက်ကို စေလွှတ်ရန်အာရုံခံလိုက်သည်။
“ငါသူ့ကိုမေ့တော့မလို့ဘဲ”
ရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်သည်။ ထို့နောက် နောက်ထပ်အတွေးတစ်ချက်ဖြင့် သွေးနီရောင်အလင်းတစ်ခုကသူ၏ရှေ့၌လင်းလက်လာသည်။
“ဂါး”
ရုတ်တရက် အခန်းအတွင်း၌သားရဲတစ်ကောင်ကဲ့သို့အော်ဟစ်သောအသံတစ်ခုကိုကြားရသည်။ တောက်ပနေသောသွေးနီရောင်အလင်းကပျောက်ကွယ်သွားပြီး ဖြူဖျော့ဖျော့အလောင်းကောင်အဖြစ်သို့ပြောင်းလဲသွားသော ယွဲ့ရှောက်ချုံးကရှစ်ဖုန့်၏ရှေ့၌ပေါ်လာသည်။
ယွဲ့ရှောက်ချုံးကပေါ်လာလာချင်း ရှစ်ဖုန့်ထံသို့ခွေးရူးတစ်ကောင်လိုခုန်အုပ်လိုက်သည်။သူ၏ပါးစပ်ကိုပင်အကျယ်ကြီးဟပြီး ရှစ်ဖုန့်အားကိုက်ရန်ကြိုးစားနေသည်။
ယွဲ့ရှောက်ချုံးနီးကပ်လာသည်ကိုတွေ့ရသောအခါတွင် ရှစ်ဖုန့်ကသူညာလက်ညှိုးကို ယွဲ့ရှောက်ချုံး၏မျက်ခုံးနှစ်ခုကြားထဲသို့ ထိုးညွှန်လိုက်သည်။
“အား”
ရှစ်ဖုန့်ကသူ၏ လက်ချောင်းနှင့်ယွဲ့ရှောက်ချုံးကိုထိုးညွှန်လိုက်၏။ ယွဲ့ရှောက်ချုံးကတစ်ချက်အော်လိုက်ပြီး သူ၏ကိုယ်ကလှုပ်ရှားနေခြင်းရပ်တန့်သွားသည်။
ရှစ်ဖုန့်က ယွဲ့ရှောက်ချုံးအား ခဏကြာအောင်စောင့်ကြည့်လိုက်ပြီး သူ့ကိုယ်သူပြောလိုက်သည်။
“သူက အလောင်းကောင်အဆိပ်ကိုမိပြီး လျှို့ဝှက်နည်းလမ်းတစ်ခုနဲ့ထိန်းချုပ်ခံထားရတာ..ငါသာသူ့ကိုယ်ထဲက အလောင်းကောင်အဆိပ်ကိုထုတ်ပြီး သူ့ကိုယ်ထဲကလျှို့ဝှက်နည်းလမ်းကိုချိုး
ဖျက်နိုင်တာနဲ့. အားလုံးအဆင်ပြေသွားလိမ့်မယ်”
စကားပြောရင်း အဖြူရောင်ရုန်းတစ်ခုကရှစ်ဖုန့်’ ညာလက်ဖဝါး၌ပေါ်လာသည်။ ထို့နောက် ၎င်းကလက်ဝါးပုံရိပ်တစ်ခုအဖြစ်ပြောင်းလဲသွားပြီး ယွဲ့ရှောက်ချုံး၏ရင်ဘက်ထံသို့ရိုက်
ထုတ်လိုက်သည်။
“ဘန်း”
ခပ်တိုးတိုးအသံတစ်ခုထွက်ပေါ်လာသည်။
“အား”
ယွဲ့ရှောက်ချုံးကနာကျင်စွာဖြင့်အော်ဟစ်လိုက်ပြီး သွေးတစ်ပွက်အန်ထုတ်လိုက်သည်။ ရှစ်ဖုန့်က အလျှင်အမြန်၎င်းအားထပ်မံရိုက်လိုက်သည်။
သူ၏လက်ဖဝါးအားအောက်တွင် ယွဲ့ရှောက်ချုံး၏ကိုယ်ကလှည်ထွက်သွားပြီး ရှစ်ဖုန့်အားကျောပေးသွားသည်။
“ဝေါ့”
ယွဲ့ရှောက်ချုံးက ပါးစပ်အပြည့်မီးခိုးဖြူရောင်အရည်တို့ကို အန်ထုတ်လိုက်သည်။
“ဝေါ့.ဝေါ့”
ရှစ်ဖုန့်ကသူ၏ဝိညာဉ်စွမ်းအားအားအသက်သွင်းလိုက်ပြီး အော်ပြောလိုက်၏။
“ချိုးဖျက်စမ်း”
ရှစ်ဖုန့်၏ဝိညာဉ်စွမ်းအားအောက်တွင် ယွဲ့ရှောက်ချုံး၏ဝိညာဉ်ရှိ ရှစ်လင်း၎င်း၏ကိုယ်အတွင်းထည့်သွင်းခဲ့သော လျှို့ဝှက်နည်းလမ်းမှာ ဖျက်ဆီးခံလိုက်ရသည်။
“ကောင်းပြီ.သူ့ကိုယ်ထဲက အလောင်းကောင်အဆိပ်တွေအားလုံး အန်ထုတ်ပြီးတာနဲ့ သူ့အသိကိုပြန်ပြီးရလာလိမ့်မယ်”
ရှစ်ဖုန့်က အော့အန်နေဆဲဖြစ်သော ယွဲ့ရှောက်ချုံးအားကြည့်ရင်းတီးတိုး
ပြောဆိုလိုက်၏။
ထို့နောက် သူကအခန်းအတွင်းမှခွေးခြေတစ်ခုကိုရှာတွေ့ပြီးထိုင်လိုက်ကာ ယွဲ့ရှောက်ချုံးပြန်လည်ကောင်းမွန်လာသည်ကို စောင့်ဆိုင်းနေသည်။
များပြားလှသောအလောင်းကောင်အဆိပ်များ
ကိုအန်ထုတ်နေသကဲ့သို့ ယွဲ့ရှောက်ချုံး၏မူလက ဖြူဖျော့နေသော အသားအရောင်သွင်ပြင်လက္ခဏာမှာ ဖြည်းဖြည်းချင်းမှေးမှိန်ပျောက်ကွယ်လာသည်။ ဖြည်းဖြည်းချင်း၎င်းက လူသားအရည်ပြားအဖြစ်သို့ပြန်လည်ပြောင်းလဲလာသော်လည်းသူ၏အသားအရောင်သွင်ပြင်
လက္ခဏာကတော့အရမ်းကောင်း
မွန်နေခြင်းမရှိသေးပေ။
ထို့နောက်လိုက်ပါ၍ ဖြည်းဖြည်းချင်း အသိပြန်လည်ရရှိလာသည်။
“ငါဘယ်ရောက်နေတာလဲ”
ပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်ရင် တွေဝေနေသောအကြည့်တစ်ချက်က ယွဲ့ရှောက်ချုံး၏ မျက်နှာထက်တွင်ဖြည်းဖြည်းချင်းပေါ်လာသည်။
“ဝေါ့”
ထို့နောက်ရုတ်ခြည်းနော်ကထပ် များပြားလှသော အလောင်းကောင်အဆိပ်များကို ပါးစပ်အပြည့်အန်ထုတ်လိုက်သည်။
“ဟူး. ဟူး.ဟောဟဲ.ဟောဟဲ”
အန်ထုတ်ပြီးနောက်ယွဲ့ရှောက်ချုံး ပြင်းထန်စွာဟောဟဲလိုက်နေသည်။
လွန်စွာသက်တောင့်သက်သာမဖြစ်မှုကိုသူခံစားနေရ၏။ အခန်းတစ်ခုလုံး၌ပုပ်သိုးသောအနံ့တို့ နှင့်ပြည့်နှက်နေသည်။
“လောင်ကျွမ်းစမ်း”
ရှစ်ဖုန့်ကမကျယ်သောအသံဖြင့်
အော်ပြောလိုက်သည်။ ရုတ်ခြည်း ရှစ်ဖုန့်ကသွေးနီရောင်မီးတောက်တစ်ခုကို ဖြစ်ပေါ်စေလိုက်ပြီး ယင်းအားယွဲ့ရှောက်ချုံးရှိရာကြမ်းပြင်ဆီသို့လောင်ကျွမ်းစေလိုက်သည်။များပြားလှသော အဆိပ်အိုင်ကြီးမှာ သွေးနီရောင်မီးတောက်တို့၏ရုတ်ခြည်း
ဘာမှကျန်ရစ်ခြင်းမရှိတော့သည်အ
ထိလောင်ကျွမ်းခြင်းကိုခံလိုက်ရသည်။
“ဒီမီးတောက်”
ယွဲ့ရှောက်ချုံးတစ်ယောက်သူ၏ရှေ့၌လောင်ကျွမ်းနေသော သွေးနီရောင်မီးတောက်တို့အား တွေ့ရသောအခါတွင် ၎င်းအားချက်ချင်းမှတ်မိလိုက်သည်။ သူကလှည့်လိုက်ပြီးရင်းနီးသောပုံရိပ်
တစ်ခုကိုမြင်တွေ့လိုက်ရ၏။
“သခင်လေးဖုန့်”
ယွဲ့ရှောက်ချုံးကအံ့အားသင့်စွာပြောလိုက်သည်။
“မင်းအားနည်းနေတယ်”
ရှစ်ဖုန့်ကခြားနားမှုမရှိပြောလိုက်သည်။
တစ်ချိန်တည်းမှာပင် အဆိပ်များအား ပြောင်စင်အောင်လောင်ကျွမ်းစေသော
သွေးနီရောင်မီးတောက်တို့က ကြမ်းပြင်မှရှစ်ဖုန့်ထံသို့ပြန်လည်လှိမ့်ဝင်လာသည်။ ယွဲ့ရှောက်ချုံး၏အကြည့်အောက်၌ပင် သွေးနီရောင်မီးတောက်တို့ကရှစ်ဖုန့်
၏ကိုယ်အတွင်းလျှင်မြန်စွာစုပ်ယူခံလိုက်ရသည်။
“ကျုပ်တို့ဘယ်မှာလဲ”
ယွဲ့ရှောက်ချုံးက ရှစ်ဖုန့်အားတိုက်ရိုက်မတုန့်ပြန်ပေ။ ထိုအစား သူက ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်သည်။ သူတို့ပြင်ပရှိအိမ်တစ်ခုအတွင်း၌
ရောက်နေသည်ကိုတွေ့ရသောအခါတွင် သူကထပ်မံအံ့အားသင့်စွာပြောလိုက်သည်။
“ကျုပ်တို့ပြန်ရောက်လာပြီလား.. ကျုပ်တို့တွေရှေးဟောင်းအမွေအနှစ်ထဲမှရှိနေခဲ့တာကိုကျုပ်မှတ်မိပါသေးတယ်..သခင်လေး ဧရာမသစ်ပင်ကြီးကိုဖြတ်သန်းပြီးပျောက်သွားပြီးတဲ့နောက် ကျုပ်အနက်ရောင်အလောင်းဂိုဏ်းက လူတွေအများကြီးနဲ့တွေ့ခဲ့တယ်”
ယွဲ့ရှောက်ချုံးမှာသူ၏အသိမဆုံးရှုံး
ခင်တွေ့ဆုံခဲ့သော အနက်ရောင်အလောင်းဂိုဏ်းမှ
ကျွမ်းကျင်သူရာပေါင်းများစွာအား ပြန်အမှတ်ရမိသောအခါတွင်သူလွန်စွာတုန်လှုပ်အံ့အားသင့်နေဆဲဖြစ်သည်။
ယွဲ့ရှောက်ချုံး၏တုန်လှုပ်နေသောအမူအယာအားတွေ့ရသောအခါတွင် ရှစ်ဖုန့်ကပြောလိုက်သည်။
“အင်း. အားလုံးကအတိတ်မှာကျန်ခဲ့ပြီ. ဒီသခင်လေးတို့ပြင်ပကမ္ဘာကိုပြန်ရောက်လာပြီး အနက်ရောင်အလောင်းဂိုဏ်းကလည်းဒီသခင်လေးဖျက်ဆီးတာကိုခံလိုက်ရပြီ”
“အနက်ရောင်အလောင်းဂိုဏ်းက.သ..သခင်လေး ဖျက်ဆီးတာကိုခံလိုက်ရတယ်..”
ရှစ်ဖုန့်၏ခြားနားမှုမရှိသောလေသံမှတစ်ဆင့် ယွဲ့ရှောက်ချုံးဤကဲ့သို့တုန်လှုပ်ဖွယ်ကောင်းသောသတင်းကိုရရှိလိုက်သည်။ သူ၏မျက်လုံးတို့က ပြူးကျယ်နေပြီး သူမနေနိုင်ဘဲအံ့အားသင့်စွာ
အော်ပြောလိုက်မိသည်။
ရှစ်ဖုန့်က ၎င်းအားခေါင်းညိမ့်ပြပြီးပြောလိုက်၏။
“အင်း.. ဒီသခင်လေးလိုက်ဖမ်းခံနေရတယ်.. အခု ဒီသခင်လေးအလုပ်များနေပြီးထွက်မသွားနိုင်ဘူး. ဒီသခင်လေးမှာမင်းဒီသခင်လေးကို
ကူညီပေးဖို့လိုအပ်တဲ့အရာတစ်ခုရှိနေတယ်”
“သခင်လေး. သခင်လေးက ကျုပ်အသက်ကိုအကြိမ်ပေါင်းများစွာကယ်တင်ခဲ့တာပါ..အကယ်၍သခင်လေးကြောင့်သာမဟုတ်ရင် ကျုပ်ဟာယွဲ့ရှောက်ချုံးထပ်ပြီးဖြစ်
နေတော့မှာမဟုတ်ပါဘူး. သခင်လေးလိုအပ်တာကိုသာကျုပ်ကိုပြောပါ. ကျုပ်လုပ်နိုင်တာမှန်သမျှ သခင်လေးအတွက်ဓားတောင်ပဲဖြတ်ရဖြတ်ရမီးပင်လယ်ပဲကူးရကူးရလုပ်ပေးမှာပါ”
ယွဲ့ရှောက်ချုံးက ပြတ်သားစွာပြောဆိုလိုက်သည်။
သူ၏မှတ်ဉာဏ်အတွင်းတွင်သူက အနက်ရောင်အလောင်းဂိုဏ်းမှသခင်လေး၏လက်ထဲသို့ကျဆင်းခဲ့သည်ဖြစ်သည်။ သူအသက်ရှင်နေသေးပြီး ရှေးဟောင်းအမွေအနှစ်အတွင်းမှထွက်လာနိုင်ခဲ့သည်မှာရှစ်ဖုန့်ကြောင့်ဖြစ်သည်ကိုသူ
ကောင်းစွသိသည်ဖြစ်သည်။
ရှစ်ဖုန့်ကသူ၏အသက်အားအကြိမ်များ
စွာကယ်တင်ခဲ့သည်မှာလည်းအမှန်
တရားပင်ဖြစ်၏။
ရှစ်ဖုန့်ကသူ၏နေရာလွတ်အတွင်းမ
ှကျောက်စိမ်းပြားတစ်ခုကိုထုတ်ယူပြီး အဖြူရောင်အမှတ်အသားတစ်ခုကို၎င်း
အတွင်းထည့်သွင်းလိုက်သည်။ သူကယွဲ့ရှောက်ချုံးကိုလွှဲပေးပြီးပြောလိုက်၏။
“ဒီကျောက်စိမ်းပြားကိုယူပြီး ထျန်းဟွမ်မြို့ကိုအမြန်သွားပါ.ထျန်းဟွမ်မြို့အရှင်သခင်လန်အောင်းယွဲ့ရဲ့မိသားစုကိုရှာပြီး ဒါကိုသူတို့ကိုပေးလိုက်ပါ”
“အထွတ်အထိပ်ကျွမ်းကျင်သူတစ်ဦးက ဧကရာဇ်ကျိုးယိုရဲမျိုးဆက်တွေကို ဖျက်ဆီးဖို့လာနေပြီလို့သူတို့ကိုပြောပါ.. သူတို့ကိုချက်ချင်းဘေးလွတ်ရာကို
ရွှေ့ပြောင်းဖို့ပြောပါ”
“ဧကရာဇ်ကျိုးယိုရဲ့တပည့် ထျန်းဟွမ်မြို့အရှင်သခင်လန်အောင်းယွဲ့”
ဤနမည်အားကြားသောအခါတွင် ယွဲ့ရှောက်ချုံးစိတ်ထဲမှအံ့အားသင့်စွာရေရွတ်မိသည်။
သို့သော် ရှစ်ဖုန့်ကရှေးဟောင်းအမွေအနှစ်မြေအောက်ကမ္ဘာအတွင်းတွင်ငရဲဘုံကိုးခု ခန္ဓာကိုယ်ကို ဖွဲ့စည်းကတည်းက ရှစ်ဖုန့်၏သရုပ်မှန်ကဧကရာဇ်ကျိုးယိုနှင့်ဆက်နွယ်နေကြောင်းကိုသူသိသည်ဖြစ်သော
ကြောင့်အရမ်းတော့အံ့အားသင့်ခြင်းမရှိပေ။
ထို့နောက်ယွဲ့ရှောက်ချုံးကရှစ်ဖုန့်၏လက်
အတွင်းမှကျောက်စိမ်းပြားကိုဂရုတစိုက်ယူလိုက်ပြီး သူ၏သိုလှောင်လက်စွပ်အတွင်းထည့်လိုက်သည်။
“မင်းသူတို့ကိုတွေ့တဲ့အခါကြရင်.. သေခြင်းမဲ့တောင်တန်းကလောမိသားစုရဲ့ခေါင်းဆောင်လောချင်းချွမ်ကနေ မင်းကိုသတင်းပို့ခိုင်းတယ်လို့ ပြောပါ”
ရှစ်ဖုန့်ကဆက်ပြောသည်။
“ကောင်းပါပြီ”
ယွဲ့ရှောက်ချုံးကခေါင်းညိမ့်လိုက့်ပြီး ဘာမှတော့ထပ်ပြောခြင်းမရှိပေ။ လောချင်းချွမ်က သူ့အားထိုသို့ပြောခိုင်းသည်ဖြစ်သောကြောင့် သူကထိုသို့သာပြောလိမ့်မည်ဖြစ်သည်။
ထို့နောက်ရှစ်ဖုန့်က ယွဲ့ရှောက်ချုံးအား သိုလှောင်လက်စွပ်တစ်ကွင်းကို လွှဲပေးလိုက်ပြီးပြောလိုက်သည်။
“ဒီထဲမှာ ကမ္ဘာဦးကျောက်တုံး တစ်သန်းနဲ့ သိုင်းပညာအမှတ်အသားတစ်ခုကိုဒီသခင်
လေးထည့်သွင်းထားတယ်”
“ကမ္ဘာဦးကျောက်တုံးတွေကမင်းသုံးစွဲဖို့ပဲ. သိုင်းပညာအမှတ်အသားအတွက်ကတော့ မင်းကိစ္စပြီးစီးသွားတဲ့အခါကြရင် နေရာတစ်ခုကိုရှာပြီး အဲ့တာကို ဆင်ခြင်ပါ.. အဲ့တကမင်းကိုနှစ်အနည်းငယ်အတွင်းသူတော်စင်နယ်ပယ်ကိုရောက်ဖို့အတွက်ခက်ခဲစေမှာမဟုတ်ဘူး”
“မင်းဆက်ပြီးချိုးဖျက်နိုင်မချိုးဖျက်နိုင်ကတော့ မင်းရဲ့စိတ်ပိုင်းဖြတ်မှုတွေ၊မဆုတ်မနစ်ဇွဲလုံ့လနဲ့ မင်းရဲ့ပါရမီစွမ်းရည်တွေပေါ်မှာပဲမူတည်တယ်”
“သူတော်စင်နယ်ပယ်. ငါသုံးစွဲဖို့အတွက် ကမ္ဘာဦးကျောက်တုံးတစ်သန်း”
ဤအချိန်တွင် ယွဲ့ရှောက်ချုံးတစ်ယောက် ယင်းကလုံးဝ မမျှော်မှန်းထားသောအရာတစ်ခုအဖြစ်
သာခံစားနေရသည်။
ကမ္ဘာဦးကျောက်တုံးတစ်သန်းကိုအသာထား သူတော်စင်နယ်ပယ်ယင်းကသူနှစ်ပေါင်း
များစွာအိမ်မက်မက်ခဲ့ရသောအရာပင်ဖြစ်သည်။
သူတောင်စင်နယ်ပယ်သို့ဝင်ရောက်ပြီး အမြဲတမ်းတစ်သီးတစ်ခြားဆက်ဆံကာ
နေတတ်သော ထိုစွမ်းအားကြီးသူများနှင့် ရင်ဘောင်တန်းက ၎င်းတို့အား နှိမ့်ချပြန်ကြည့်နိုင်မည်ထိုနေ့ကိုသူ
မည်မျှအထိတောင့်တခဲ့ရပါသနည်း။