← Chapters

အခန်း (၇၆၃)

Vol. 51 Ch. 763

အခန်း (၇၆၃)

Vol. 51 Ch. 763

ယွဲ့ရှောက်ချုံးမှာ အနာဂတ်အတွက်ကြိုတင်မျှော်မှန်းစောင့်စားရင်း ပျော်ရွှင်မှုတို့ဖြင့်ပြည့်နှက်နေသည်။ သူကအခန်းထဲမှထွက်ခွာသွားပြီး ကွမ်းရှန်းမြို့ရှိ နေရာကူးပြောင်းအစီအရင်ထံသို့ဦးတည်ကာ ထျန်းဟွမ်မြို့ဆီသို့ဦးတည်လိုက်သည်။

ထို့နောက်လိုက်ပါ၍ ရှစ်ဖုန့်၏ရှေ့၌ နောက်ထပ်သွေးနီရောင်အလင်းတစ်ခုလင်းလက်လာသည်။ အလင်းရောင်မှေးမှိန်ပျောက်ကွယ်သွားပြီးနောက် အဖြူရောင်ပုံရိပ်တစ်ခုက ရှစ်ဖုန့်၏ရှေ့၌ပေါ်လာသည်။

ယင်းမှာ သုံးဘဝဂိုဏ်းမှ မြင့်မြတ်သမီးပျိုပင်ဖြစ်သည်။ သူမက စိတ်ဝိညာဉ်စွမ်းအင်တို့ဖြင့်ပြည့်နှက်နေသည့် ပြည့်ပြည့်ဝဝရှိသော အမျိုးသမီးတစ်ဦးဖြစ်သူရှစ်လင်ရို့ပင်ဖြစ်သည်။

ရှစ်လင်ရို့အခန်းအတွင်းပေါ်လာလာချင်း သူမကပတ်ဝန်းကျင်ကိုကြည့်လိုက်သည်။ နောက်ဆုံးတွင် သူမ၏အကြည့်ကရှစ်ဖုန့်၏မျက်နှာပေါ်

သို့ကျရောက်လာသည်။ သူမကပါးစပ်ကိုဖွင့်ဟလိုက်ပြီး ရှစ်ဖုန့်အားကြည်လင်သောအသံဖြင့်

ပြောလိုက်သည်။

“ကျွန်မတို့ထွက်လာပြီလား”

“အင်း..ထွက်လာပြီ”

ရှစ်ဖုန့်ကသူ၏ခေါင်းကိုညိမ့်လိုက်သည်။

“အိုး”

ရှစ်လင်ရို့က တိုးဖျော့စွာရေရွတ်လိုက်သည်။ ထို့နောက်သူမကဆက်ပြော၏။

“ရှင်ကျွန်မကိုခေါ်ထုတ်လာတာကောင်းတယ်.. ရှေးဟောင်းကမ္ဘာက ကျွန်မလိုမျိုးကျင့်ကြံသူတစ်ဦးအတွက် အထဲမှာနေဖို့မသင့်တော်ဘူး. အကယ်၍ ကျွန်မသာ အဲ့မှာဆက်နေနေရင် ကျွန်မရဲ့အသက်ကိုအလွယ်တကူ

ဆုံးရှုံးရလိမ့်မယ်”

“အင်း”

ရှစ်လင်ရို့၏ စကားအားကြားပြီးနောက် ရှစ်ဖုန့်က ခေါင်းညိမ့်လိုက်သည်။

ရှစ်လင်ရို့ပြောသည်မှာမှန်သည်ဖြစ်သည်။ ထိုရှေးဟောင်းကမ္ဘာအတွင်းတွင် သူမထက်ပိုမိုအားကောင်းသော နတ်ဆိုးသားရဲထောင်ပေါင်းများစွာရှိသည်ဖြစ်သည်။ တဲ့တိုးပြောရမည်ဆိုလျှင် သူမကကြယ်နှစ်ပွင့်သူတော်စင်နယ်ပယ်တစ်ဦးသာရှိသေးသည်ဖြစ်သည်။သူမသာဆက်သွားလျှင် သူမအနေဖြင့်ကိုယ်ကိုယ်ကိုယ်သေတွင်းပို့နေသလိုသာဖြစ်လိမ့်မည်ဖြစ်သည်။

ထိုနေ့ကနီညိုရောင်နန်းတော်အတွင်းသို့

ဝင်သွားကြသော ကျင့်ကြံသူများထဲမှ အချို့သာလျှင်အသက်ရှင်ကျန်နေဆဲဖြစ်သည်ဟု မျှော်လင့်ရသည်။

ထို့နောက်တွင်ရှစ်ဖုန့်ကပြောလိုက်သည်။

“ကောင်းပြီ. ဒါက အခုကွမ်းရှန့်မြို့ပဲ.. ဒီကနေမင်း နေရာကူးပြောင်းအစီအရင်ကိုပြန်သုံးလို့ရတယ်”

“ကွမ်းရှန့်မြို့လား”

ရှစ်ဖုန့်က မြို့၏နမည်အားကြားရသောအခါတွင် မျက်မှောင်ကြုတ်လိုက်သည်။

“ဘာဖြစ်လို့လဲ”

ရှစ်လင်ရို့၏ တုန့်ပြန်မှုအားကြားရသောအခါတွင် ရှစ်ဖုန့်ကမေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး”

ရှစ်လင်ရို့က ခေါင်းကိုခါယမ်းပြီးပြောလိုက်သည်။ထို့နောက်သူမကဆက်ပြော၏။

“ကျွန်မဒီတစ်ကြိမ်ဂိုဏ်းကထွက်လာတာကအတွေ့အကြုံရှာဖွေဖို့ပဲ. ကျွန်မပြန်မသွားချင်သေးဘူး. ဘာလို့ကျွန်မကိုရှင့်ဘေးမှာနေခွင့်ပြုရတာလဲ. ကျွန်မကိုသိုင်းလမ်းစဉ်နဲ့ပက်သက်ပြီး ရှင်လမ်းညွှန်ပေးနိုင်တယ်မလား”

“မင်းရဲ့သိုင်းလမ်းစဉ်ကိုလမ်းညွှန်ပေးရမှာလား”

ရှစ်ဖုန့်ကခပ်တိုးတိုးရေရွတ်လိုက်သည်။ ထို့နောက်သူကခေါင်းကိုခါယမ်းပြီးအမှန်

အတိုင်းပြောလိုက်၏။

“မင်းရဲ့သိုင်းလမ်းစဉ်က အခြားသူတွေနဲ့ကွဲပြားတယ်.. မင်းရဲ့ကျင့်ကြံခြင်းကကံကြမ္မာရဲ့ဆန်းကြယ်တဲ့စွမ်းအားကို ကျင့်ကြံတယ်ဆိုတာ ဒီသခင်လေးမြင်နိုင်တယ်. ဒီသခင်လေးမင်းကိုလမ်းမညွှန်ပေးနိုင်ဘူး”

“ဟားဟား”

ရှစ်ဖုန့်၏စကားတို့အားကြားသောအခါတွင် ရှစ်လင်ရို့က ခပ်သောသောရယ်မောလိုက်ပြီး ပန်းပွင့်လေးတစ်ပွင့်နှယ်ပင်ဖြစ်သည်။

“ဒါကဘာအရမ်းရယ်စရာကောင်းလို့လဲ”

ရှစ်လင်ရို့ရုတ်တရက်ရယ်မောမှုအား မြင်လိုက်ရသောအခါတွင် ရှစ်ဖုန့်က စိတ်ရှုပ်ထွေးစွာဖြင့်မေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး”

ရှစ်လင်ရို့ကဆက်ပြောသည်။

“ဘာပဲဖြစ်ဖြစ်. ကျွန်မကကမ္ဘာကြီးကိုလှည့်ပတ်သွားလာပြီး ကျွန်မကိုယ်ကျွန်မလေ့ကျင့်ရင်း.ပြင်ပကမ္ဘာကြီးကိုလှည့်လည်ကြည့်ရှုကာ မိုးကုတ်စက်ဝိုင်းအနှံ့သွားလာချင်တယ်လေ.. ကျွန်မကိုရှင်နဲ့လိုက်ခွင့်ပြုပေါ့.. ရှင်ကအရမ်းသန်မာတာပဲဟာ. ကျွန်မကိုကာကွယ်နိုင်ပါတယ်”

“မင်းကဒီသခင်လေးကို မင်းရဲ့ကိုယ်ရံတော်အလကားလုပ်ခိုင်းနေတာလား”

ရှစ်ဖုန့်ကမျက်မှောင်ကြုတ်ပြီးပြောလိုက်သည်။

“ဟီးဟီး. “

ရှစ်ဖုန့်၏စကားတို့အားကြားပြီးနောက် ရှစ်လင်ရို့ကပြုံးလိုက်သည်။

“အကယ်၍ ကျွန်မကသာအဲ့တာကိုတဲ့တိုးပြောရမယ်ဆိုရင် အဲ့လိုပဲပေါ့.. အကယ်၍ရှင်က ကမ္ဘာဦးကျောက်တုံးတွေကိုလိုချင်ပါတယ်

ဆိုရင်လည်း ကျွန်မပေးနိုင်ပါတယ်”

“ကောင်းပြီ.. အကယ်၍မင်းဒီသခင်လေးနဲ့လိုက်ချင်တယ်ဆိုရင် မင်းလိုက်ခဲပေါ့.. ဒီသခင်လေးမှာကမရေတွက်နိုင်လောက်အောင်ကိုရန်သူပေါတာ.. အကယ်၍ တစ်နေ့မှာ အားကောင်းတဲ့ရန်သူတစ်ဦးနဲ့တွေ့လာခဲ့ပြီး မင်းသရဲမဖြစ်သွားမှ ဒီသခင်လေးကိုအပြစ်မတင်နဲ့..”

ရှစ်ဖုန့်ကပြောလိုက်သည်။

“လုံးဝမတင်ဘူး”

ရှစ်လင်ရို့ကပြုံး၍ပြောလိုက်သည်။ ထို့နောက်သူမကဆက်ပြော၏။

“ ကျွန်မရဲ့ကံမကောင်းတဲ့ ဘဝအတွက် ကျွန်မကိုယ်ကျွန်မပဲအပြစ်တင်ရမှာပေါ့”

သူမ၏စကားတို့အားကြားပြီးနောက် ရှစ်ဖုန့်ကပြုံး၍ပြောလိုက်သည်။

“ဒီတစ်ခေါက်ဒီသခင်လေးခရီးပန်းတိုင်က ကံကြမ္မာတောင်ကိုပဲ.. အဲ့မှာမင်းရဲ့သိုင်းလမ်းစဉ်အတွက် အကျိုးကျေးဇူးတွေရှိကောင်းရှိလာနိုင်တယ်”

“ကံကြမ္မာတောင်”

ဤစကားတို့အားကြားရသောအခါတွင် ရှစ်လင်ရို့၏မျက်လုံးကအရောင်လက်သွားသည်။

“ကံကြမ္မာအဘိုးအို.. သူ့ကိုရှင်သိလို့လား

ရှစ်လင်ရို့ကကံကြမ္မာသိုင်းလမ်းစဉ်ကိုကျင့်ကြံသည်ဖြစ်သောကြောင့် သူမအနေဖြင့်မည်ကဲ့သို ကံကြမ္မာအဘိုးအိုကိုမသိပဲနေပါမည်နည်း။

ရှစ်ဖုန့်ကခေါင်းညိမ့်ပြီးပြောလိုက်သည်။

“ဒီသခင်လေးသူ့ကိုသိတယ်လို့ပြောလို့ရတယ်.. ဒါပေမဲ့ အဲ့အဘိုးကြီးက ဇီဇာကြောင်တယ်.. သူဒီသခင်လေးကိုမှတ်မိပါအုံးမလားဆိုတာကိုဒီသခင်လေးမသိဘူး”

“အိုး.”

ရှစ်လင်ရို့ကခေါင်းညိမ့်လိုက်သည်။

ဤအချိန်တွင် ရှစ်ဖုန့်က ပြတင်းတံခါးကို ဖြတ်သန်း၍ ပြင်ပကောင်းကင်ကိုကြည့်လိုက်သည်။

ဤအချိန်တွင်ကောင်းကင်က အမှောင်ထုအဖြစ်သို့ပြောင်းလဲနေပြီဖြစ်သည်။

သူ၏ခေါင်းကိုလှည့်ကာရှစ်လင်ရို့ကိုကြည့်လိုက်ပြီး ရှစ်ဖုန့်ကပြောလိုက်သည်။

“နောက်တောင်ကျနေပြီ.. အခန်းတစ်ခုယူပြီးတော့အဲ့မှာ အခုအချိန်ကစပြီးနေလိုက်.. ဘာမှမှားယွင်းတာမဖြစ်ဘူးဆိုရင် ဒီသခင်လေးတို့တွေ မနက်ဖြန် မြို့အသီးသီးက နေရာကူးပြောင်းအစီအရင်ကိုသုံးပြီး ကံကြမ္မာတောင်ကိုဦးတည်ကြမယ်”

“ကောင်းပြီ”

ရှစ်လင်ရို့ကခေါင်းညိမ့်ပီး လှည့်ကာ ရှစ်ဖုန့်၏အခန်းအတွင်းမှထွက်ခွာသွားသည်။

ရှစ်ဖုန့်ကအခန်းအတွင်းမှထွက်ခွာသွားသော အဖြူရောင်ပုံရိပ်ကိုကြည့်နေသည်။ ထို့နောက် သူမက သူမပုံရိပ်ကတံခါးအပြင်သို့ရောက်သွား

သောအခါတွင် တံခါးကိုညင်သာစွာပိတ်လိုက်၏။

ရှစ်ဖုန့်ကသူ၏ခေါင်းကိုသာခါယမ်းလိုက်သည်။

ရှစ်ဖုန့်ကသူမသူ့အနားမှနေရသည့်

ရည်ရွယ်ချက်ကိုနားလည်သည်ဖြစ်သည်။

သူမ၏ဂိုဏ်းအတွက်အလို့ငှာ သူမကသူ့အားလက်ထပ်ရန်အကြံအစဉ်ကိုလက်လျော့လိုခြင်းမရှိပေ။

သူမ၏ဂိုဏ်းအတွက်အလို့ငှာ သူမ ၏ ကိုယ်ပိုင်ပျော်ရွှင်မှုကိုပင်သူမကစွန့်လွှတ်လိုစိတ်ရှိနေသည်။ ဤအချိန်တွင်ရှစ်ဖုန့်မှာ ဤကောင်မလေးအတွက်တော်တော်

လေးသနားစိတ်ဖြစ်မိသည်။

ထို့နောက်သူက ကံကြမ္မာတောင်သို့သူမည်ကဲ့သို့သွားရမည်ကိုတွေးလိုက်သည်။ သူမကဲ့သို့ကံကြမ္မာသိုင်းလမ်းစဉ်ကို ကျင့်ကြံသူတစ်ဦးအတွက် ဤသည်ကား အခွင့်အလမ်းတစ်ခုဖြစ်နေနိုင်သည်။ ထို့ကြောင့် ရှစ်ဖုန့်က အချိန်တစ်ခုအထိသူမအား သူ့အနား၌နေခွင့်ပြုခဲ့ခြင်းဖြစ်သည်။

“အချိန်ကျလာပြီ”

ရှစ်ဖုန့်ကတီးတိုးရေရွတ်လိုက်သည်။ ထို့နောက်သူကတွေးလိုက်၏။

ကွမ်းရှန့်မြို့အိမ်တော်တစ်ခု၏ ခြံဝန်းအတွင်း၌ဖြစ်သည်။

ကွမ်းရှန့်မြို့၏တပ်မှူးကြီးလီရှင်းမှာ

သူ၏ညစာစားချင်းကို အဆုံးသတ်လိုက်သည်။ သူက ဖောင်းကြွဝတ်ရုံကိုဝတ်ဆင်ပြီး ပက်လက်ကုလားထိုင်တစ်ခုပေါ်၌ ဇိမ်ခံလဲလျောင်းနေသည်။ သူ၏ ဆူထွက်နေသည့်ဗိုက်ပူပူအားပွတ်သပ်ကာ ညကောင်းကင်ယံထက်၌ပေါ်လာသော

လခြမ်းကွေးအားကြည့်နေသည်။

ကွမ်းရှန့်မြို့၏တပ်မှူးကြီးတစ်ဦးအနေဖြင့် လီရှင်းက လွန်စွာ စွမ်းအားကြီးသည်ဟုပြောနိုင်သည်ဖြစ်သည်။ သူက လူသန်းပေါင်းများစွာထဲ၌ပင် ဒုတိယအဆင့်ချိတ်သောသူဖြစ်သည်။

ကွမ်းရှန့်မြို့ထဲတွင် လက်ရှိမြို့အရှင်သခင်၏နမည်ကိုမသိသောသူရှိနိုင်သော်လည်း တပ်မှူးကြီးလီရှင်းကိုတော့မသိသူဟူ၍မရှိပေ။

ပြောရလျှင် ကွမ်းရှန့်မြို့၏အားအကောင်းဆုံး

လက်နက်ဖြစ်သော ငွေရောင်ချပ်ဝတ်စစ်တပ်သည်ပင်လျှင် မြို့အရှင်သခင်၏အမိန့်များကိုနားမထောင်ကြချေ။ လီရှင်း၏အမိန့်များကိုသာ နားထောင်ကြသည်ဖြစ်သည်။

အားလုံးထက်ထိုလူများကသူနှင့်အ

တူတကွတိုက်ခိုက်ကာ ရန်သူများကိုသူနှင့်အတူတကွဒူးထောက်စေပြီး တိုက်ပွဲများအတွက်သူနှင့်အတူရှင်

သန်ကျန်ရစ်ခဲ့ကြသောညီအကိုများဖြစ်သည်။

လွန်ခဲ့သောခုနှစ်နှစ်ကယခင်မြို့အရှင်ရုတ်တရက်ပျောက်ကွယ်သွားကတည်းကစတင်လီရှင်းကသူတို့၏ ခေါင်းဆောင်ဖြစ်လာသည်ဖြစ်သည်။

“ဒီနေ့ညလရောင်ကတော်တော်လေးလှတာပဲ.. ငါညကောင်းကင်ယံကို ငြိမ်းချမ်းစွာမကြည့်ရှုခဲ့ရတာ အချိန်တော်တော်တောင်ကြာခဲ့ပြီ.. လက်တလောတွင်သူ့အနေဖြင့်အရေး

ကြီးကိစ္စများကြောင့်အလုပ်ရှုပ်နေခဲ့ပြီး နောက်ဆုံးမှသာ ယနေ့၌လွတ်လပ်သောအချိန်အချို့

ရရှိခဲ့ခြင်းဖြစ်သည်။

သို့သော်ထို့နောက်တွင် လီရှင်း၏ကိုယ်က မမျှော်လင့်ထားဘဲ ရုတ်တရက်တုန်ယင်သွားသည်။ ရုတ်တရက်လီရှင်း၏လည်ပင်းမှ

အရိုးစိမ့်အောင်အေးသောအအေး

ဓာတ်တစ်ခုထွက်ပေါ်လာ၏။ ထို့နောက်သူ၏တစ်ကိုယ်လုံးသို့ပျံ့နှံ့သွားသည်။

“ဘာဖြစ်တာလဲ”

လီရှင်း၏မျက်နှာကရုတ်ခြင်းပြောင်းလဲသွားပြီး ပြောစရာစကားပျောက်ရှသွားသည်။ သို့သော်ထို့နောက်တွင်သူ၏ပါးစပ်အား

ဖွင့်ဟနိုင်သော်လည်း သူအသံမထွက်နိုင်သည်ကို လီရှင်းသိလိုက်ရသည်။

သူ၏ကိုယ်ကလည်းလှုပ်နိုင်ခြင်းမရှိသည်ကို သူသိလိုက်ရသည်။

သူ၏ကိုယ်ကမလှုပ်ရှားနိုင်ခြင်းမဟုတ်ဘဲ သူ၏ကိုယ်အားထိန်းချုပ်နိုင်မှုလွတ်ကင်း

သွားခြင်းဖြစ်သည်။ ဤအချိန်တွင် ပက်လက်ကုလားထိုင်ပေါ်၌ လှဲနေသောသူ၏ကိုယ်က တကယ်ကြီးသူ၏ထိန်းချုပ်မှုအောက်မှ

လွတ်သွားသည်။

သူထရပ်ဖို့ကြိုးစားလိုက်၏။

“ဘာဖြစ်နေတာလဲ. ဘာဖြစ်နေတာလဲ. ဘာကြီးလဲ..ဘာကြီးလဲ”

လီရှင်းတိတ်တဆိတ်ပြောနေမိသည်။ ထို့နောက် “တစ္ဆေ”ဟူသောစကားလုံးကိုသူတွေးမိပြီး သူ၏မျက်နှာကရုတ်ခြည်းပြောင်းလဲသွားသည်။

အကယ်၍ သင်သာသာမန်အချိန်များ၌ ဆိုးရွားသောမည်သည့်အရာကိုမှမလုပ်ခဲ့

ဘူးဆိုလျှင် ညလယ်၌ တစ္ဆေများကသင်၏အိမ်တံခါးအား

လာခေါက်လျှင်ပင် ကြောက်လိမ့်မည်မဟုတ်ဟုပြော၍

ရနိုင်သည်ဖြစ်သည်။

All Chapters