← Chapters

အခန်း (၇၆၄)

Vol. 51 Ch. 764

အခန်း (၇၆၄)

Vol. 51 Ch. 764

လီရှင်း၏မျက်နှာထက်၌ ထိတ်လန့်ကြောက်ရွံ့မှုတို့ဖြင့်ပြည့်နှက်နေသည်။ သူ၏ကိုယ်အားထိန်းချုပ်မှုဆုံးရှုံးလိုက်ရပြီး ညကောင်းကင်ယံထဲ၌လွင့်မျောနေသည်။

လီရှင်းအော်ဟစ်ကာအပြင်းအထန်ရုန်းကန်

ချင်သော်လည်း ကံမကောင်းစွာဖြင့် အားလုံးကအချည်းအနှီးသာဖြစ်သည်။

ကွမ်းရှန့်မြို့ထဲတွင် မြို့သူမြို့သားများနှင့် ကင်းလှည့်နေကြသော အစောင့်များမှာ ကွမ်းရှန့်မြို့၏ကောင်းကင်ထက်၌ပျံသန်းရဲသောသူတစ်ယောက်ကိုတွေ့လိုက်ရသည်။ သို့သော် ထိုလူ၏မျက်နှာအားရှင်းရှင်းလင်းလင်းမြင်တွေ့လိုက်ရသောအခါတွင် အော်ပြောတော့မည့်သူတို့၏ပါးစပ်များ

အားရုတ်ခြည်း ပိတ်လိုက်ကြသည်။

ဤလူကတပ်မှူးကြီးလီရှင်းပင်ဖြစ်သည်။ ဘယ်လိုလုပ်ပြီးသူတို့ကဲ့သို့နိမ့်ကျသည့် အစောင့်တစ်ဦးက၎င်းအားအော်ပြောရဲပါမည်နည်း။ ထိုထက်ပိုသည်ကားတပ်မှူးကြီး၏ပုံစံနှင့် ကောင်းကင်ထဲ၌တစ်ဟုန်ထိုးပျံသန်းသွားမှုအရ သူ့၌အရေးကြီးသောတစ်စုံတစ်ခုပြုလုပ်ရန်ရှိပုံ

ရသည်ဖြစ်သည်။

“ဟုတ်တယ် တပ်မှူးကြီးလို အရေးပါတဲ့သူမျိုးမှာပဲ အရေးကြီးတဲ့ကိစ္စတွေကိုလုပ်ဖို့ရှိမှာ”

ရှစ်ဖုန့်ကသေရည်ဆိုင်ရှိ ဧည့်ခန်းအတွင်း၌ ဝိုင်ကောင်းတစ်အိုးကိုမှာယူသောက်သုံးနေသည်။ သူကဝိုင်ခွက်ကိုကိုင်ထားပြီး ဆိတ်ငြိမ်စွာစောင့်စားနေ၏။

မကြာခင်တွင် သက်လက်ပိုင်းအရွယ်ပုံရိပ်တစ်ခုက ပြတင်းတံခါးမှာတစ်ဆင့်တစ္ဆေတစ်

ကောင်ကဲ့သို့ပေါ်လာပြီး ဧည့်ခန်းအတွင်း၌လွင့်မျောရပ်တည်နေသည်။

“နောက်ဆုံးတော့သူရောက်လာပြီ”

ရှစ်ဖုန့်ကနေ့ခင်းကတွေ့ခဲ့သောသူအားမြင်လိုက်ရသောအခါတွင် တစ်ယောက်တည်းပြောလိုက်သည်။သူ့လက်ထဲရှိဝိုင်ခွက်အားစားပွဲပေါ်တင်လိုက်ပြီးအတွေးတစ်ချက်တွေးလိုက်သည်။

အခန်းအတွင်းဆင်းသက်လာသောလီရှင်း

မှာထိန်းချုပ်မှုလွတ်ကင်းနေသောသူ၏ကိုယ်က ပြန်လည်လွတ်လပ်မှုရရှိလာသည်ကိုရုတ်တရက်သဘောပေါက်လိုက်သည်။

ထို့နောက်မဟော်ဂနီရောင်အခန်းအတွင်း၌ထိုင်နေသောသူ့အား ဂရုမထားစွာကြည့်နေသည့်အဖြူရောင်ဝတ်ရုံနှင့်လူငယ်အားလီရှင်းတွေ့လိုက်ရသည်။

“မင်း.အရှင်ပဲ..ကျုပ်ကိုဒီကိုရောက်လာဖို့လုပ်တအရှင်မလား”

လူငယ်အားမြင်တွေ့လိုက်ရသောအခါတွင်လီရှင်းက သူ့ဖာသာသူရေရွတ်ပြောလိုက်သည်။ အစကမင်းဟုသူပြောချင်သော်လည်း ၎င်းအားသဘောပေါက်ပြီးနောက်အရှင်ဟုသုံးနှုန်းလိုက်သည်။

ဤနေရာသို့ရောက်လာသောအခါတွင်သူ၏ကိုယ်ကလွတ်လပ်မှုပြန်ရလာသည်ဖြစ်သည်။ဤအရာကသူပြုလုပ်ခြင်းဖြစ်သည်ကိုလီရှင်းစဉ်းစားရန်ပင်မလိုပေ။

သို့သော်၎င်းပြုလုပ်ကြောင်းလီရှင်းသိသော်လည်း ဒေါသမထွက်ရဲပေ။ဤလူကဤနေရာ၌ထိုင်နေပြီး သူ၏ကိုယ်အားထိန်းချုပ်နေခြင်းဖြစ်သည်။အကယ်၍ ၎င်းသာသူ့အားသတ်ချင်လျှင် ငှက်ပျောသီးအခွံနွှာစားသလိုလွယ်ကူသည်ဖြစ်၏။

ထူးဆန်းသောမြင်ကွင်းအားမြင်တွေ့ပြီးနောက် အကယ်၍ဤလူကသူ၏ကိုယ်အားထိန်းချုပ်နေပြီးသူ့အားသတ်လိုလျှင်အလွယ်လေးပြုလုပ်နိုင်သည်ကို လီရှင်းသံသယဝင်ခြင်းမရှိချေ။

“ဒါကဘယ်လိုလျှို့ဝှက်ပညာရပ်မျိုးလဲ.. မီတာတစ်ထောင်အဝေးလောက်ကနေငါ့ကိုယ်ကတကယ်ကြီးထိန်းချုပ်ခံလိုက်ရတယ်”

ဤလူကစကားမပြောသည်ကိုတွေ့ရသောအခါတွင်လီရှင်း စိုးရိမ်မှုကိုခံစားရသည်။ဤလူကသူ့အား ဤနေရာသို့လာရန်ခေါ်ခဲ့ခြင်းဖြစ်သည်။ ယင်းက ဘာအတွက်နည်း။

ထို့နောက်လီရှင်း၏နှလုံးက စတင်ခုန်လာသည်။ သူ၏ကောင်းကျိုးမပေးသောမိသားစုက မျက်စိကန်းပြီး ဤလူအား သူတို့၏အာဏာကိုအသုံးပြု၍

စော်ကားခဲ့ခြင်းလော။

လီရှင်းက ကွမ်းရှန့်မြို့၏တပ်မှူးကြီးဖြစ်သည်။ လီမိသားစုဝင်များက ကွမ်းရှန့်မြို့အတွင်း၌ အာဏာအကြီးဆုံးသူများဖြစ်ကြ၏။

သူတို့ကလူမျာအားအနိုင်ကျင့်ကြပြီးအမျိုးသမီးများကိုပြန်ပေးဆွဲကာဂိုဏ်းများအားသတ်ဖြတ်မီးရှို့ပြာချကြသည်ဖြစ်သည်။ လီမိသားစုဝင်များမှာလီရှင်း၏ သရုပ်မှန်ကိုမကြာခဏအသုံးပြုပြီးဤကဲ့သို့သောကိစ္စများအား အမှောင်ထဲ၌ကျုးလွန်ကြသည်ဖြစ်၏။

လီရှင်းစိတ်ပူပန်သောကရောက်နေချိန်တွင် ရှစ်ဖုန့်က ဂရုမထားဟန်ဖြင့်ပြောလိုက်သည်။

“တကယ်တော့ ဒီသခင်လေးခင်ဗျားကို အရေးကြီးကိစ္စတွေတောင်းဆိုစရာမရှိဘူး.

ကိစ္စအချို့လောက်ကိုပဲခင်ဗျားကိုမေးချင်တာ”

“ဒီသခင်လေးကိစ္စအချို့ကိုကိုယ်တိုင်စုံစမ်းမေးမြန်းစရာရှိလို့ပဲ”

ဤအရာအားကြားသောအခါတွင်လီရှင်း၏ စိုးရိမ်ပူပန်ပြီး တင်းကျပ်နေသောနှလုံးသားက ရုတ်ခြည်းသက်သာပြေလျော့သွားသည်။

“ဒီတော့သူမှာ မေးစရာအချို့ရှိလို့ပေါ့…အရင်ဆုံးအဲ့မျက်လုံးကန်းနေတဲ့အရူးတွေက သူ့ကိုမစော်ကားခဲ့ဘူးပဲ.. မိုးကောင်းကင်ကျေးဇူးပါ…..

မိုးကောင်းကင်ကျေးဇူးပါ”

လီရှင်းစိတ်သက်သာရာရစွာဖြင့်တိတ်တဆိတ်သက်ပြင်းချမိသည်။ ထို့နောက် သူ၏မျက်နှာထက်၌စိတ်ပိုင်းဖြတ်ထားသော အမူအယာတစ်ခုဖြစ်ပေါ်လာပြီး ရှစ်ဖုန့်ကိုပြောလိုက်သည်။

“အရှင် ကျုပ်ကိုကိစ္စလေးနည်းနည်းမေးရုံတင်မဟုတ်ပါဘူး.. အကယ်၍အရှင်က ဒါဇင်နဲ့ချီ ဒါမှမဟုတ် ရာနဲ့နီမေးမြန်းရင်တောင် ကျုပ်သိသမျှအကုန်အရှင့်ကို ပြောမှာပါ.. ကျေးဇူးပြုပြီးစိတ်ရှိသလိုမေးမြန်းပါ”

“ကောင်းပြီ”

ရှစ်ဖုန့်ကခေါင်းညိမ့်ပြီးပြောလိုက်သည်။

“ဒီသခင်လေးခင်ဗျားကိုမေးချင်တာက.. လွန်ခဲ့တဲ့ခုနှစ်နှစ်က ကွမ်းရှန့်မြို့အရှင်သခင်ရုတ်တရက်

ပျောက်ကွယ်သွားပြီး လက်တလောနှစ်တွေမှာလည်း အခြားမြို့အရှင်တွေပျောက်ကွယ်သွားတဲ့ကိစ္စပဲ.. သူတို့ဘာတွေဖြစ်ခဲ့ကြတာလဲ”

“အာ”

ရှစ်ဖုန့်၏ စကားတို့အားကြားရသောအခါတွင် လီရှင်း၏ပါးစပ်ခပ်ကျယ်ကျယ်ပွင့်သွားပြီး “အာ”ဟုအသံထွက်မိသည်။ တည်ငြိမ်နေသောသူ၏မျက်နှာက ရုတ်ခြည်း ဝမ်းနည်းကြေကွဲနာကျင်သော အမူအယာ တစ်ခုကိုပြသလာသည်။

ဤသို့ဖြစ်သော ၎င်းအားမြင်တွေ့ရချိန်တွင် ရှစ်ဖုန့်မှာ လီရှင်းတစ်စုံတစ်ခုသိရမည်ကိုသိလိုက်သည်။ ထိုသို့မဟုတ်ပါက လီရှင်းအနေဖြင့် “သူမသိပါ”ဟု သေချာပေါက်ပြောလိမ့်မည်ဖြစ်၏။

ထို့နောက်လီရှင်းကရှစ်ဖုန့်ထံသို့နာကျင်စွာဖြင့်ကြည့်လိုက်ပြီးပြောလိုက်သည်။

“အရှင်…မို….ဖြစ်နိုင်တာက.. အရှင်က တော်ဝင်ခုံရုံးကနေစေလွှတ်လိုက်တာပါလား”

ဤကွမ်းရှန့်မြို့ဆိုသည်ကား တကယ်တမ်းတွင် အတိတ်တုံးကရှစ်ဖုန့်၏ စန်းယွဲ့မြို့နှင့် ဆင်တူသည်ဖြစ်သည်။ ၎င်းကတော်ဝင်ခုံရုံး၏လက်အောက်၌

တည်ရှိသည်ဖြစ်သည်။

သို့သော်မြောက်ပိုင်းဒေသကြီးက ရှစ်ဖုန့်အုပ်ချုပ်ခဲ့သော အရှေ့ပိုင်းဒေသကြီးနှင့်ကွဲပြားသည်ဖြစ်သည်။ ၎င်းကခြားသောနိုင်ငံငယ်များကဲ့သို့မဟုတ်ပေ။ မြောက်ပိုင်းဒေသကြီးတွင်လွန်ခဲ့သောနှစ်ပေါင်းသုံးသောင်းခန့်က ပိုင်းကျန်းဧကရာဇ်က မြောက်ပိုင်းဒေသကြီးတစ်ခုလုံးကိုပေါင်းစည်းပြီး မြောက်ပိုင်းဒေသကြီး၏အရှင်သခင်တစ်ပါးဖြစ်လာခဲ့သည်ဖြစ်သည်။သူကစွမ်းအားကြီးပိုင်ကျန်းမင်းဆက်ကိုအခြေခိုင်အောင်ပြုလုပ်ခဲ့၏။

သို့သော်နှစ်ပေါင်းများစွာကြာမြင့်ပြီးနောက် တော်ဝင်ခုံရုံးကနိမ့်ပါးလာသော်လည်း ၎င်းကမြောက်ပိုင်းဒေသကြီး၏အရှင်

သခင်နမည်ရှိနေဆဲဖြစ်သည်။

အင်အားကြီးမြို့စားနယ်စားများ၊ အင်အားကြီးအင်အားစုများနှင့်အင်အား

ကြီးဂိုဏ်းများက ပိုင်ကျန်းမင်းဆက်၏တည်ရှိမှုကိုလျစ်လျူရှုထားနိုင်သော်လည်း ကွမ်းရှန့်မြို့ကဲ့သို့မြို့ငယ်လေးကတော့ တော်ဝင်ခုံရုံးကို အာခံရဲခြင်းမရှိပေ။

ငတ်မွတ်နေသောကုလားအုပ်က ငှက်တစ်ကောင်ထက်တော့ပို၍ကြီးမားသေးသည်ဖြစ်သည်။ ပိုင်ကျန်းမင်းဆက်ကစေလွှတ်သောဧကရာဇ်နယ်ပယ်မည်သူမဆို ကွမ်းရှန့်မြို့တစ်ခုလုံးအား မျက်လုံးထဲထည့်မထား၍ရသည်ဖြစ်သည်။

ကွမ်းရှန့်မြို့ကတော်ဝင်ခုံရုံး၏လက်ထဲ၌ခိုင်မာစွာတည်ရှိနေဆဲဖြစ်သည်။ ယခုကွမ်းရှန့်မြို့၏အရှင်သခင်အသစ်မှာလည်း တော်ဝင်ခုံရုံးကစေလွှတ်ထားခြင်းဖြစ်သည်။

ရှစ်ဖုန့်ကလီရှင်းအားကြည့်ပြီးအေးစက်စွာပြောလိုက်သည်။

“ဒီသခင်လေးကဘယ်ကလဲဆိုတာကိုလာမမေးနဲ့.. ခင်ဗျားအသက်ရှင်ချင်တယ်ဆိုရင် ဒီသခင်လေးမေးတာတွေကိုအမှန်အတိုင်းသာဖြေ”

“ခင်ဗျားဒီသခင်လေးရဲ့စွမ်းအားကို အရင်မြည်းစမ်းပြီးပြီ..ခင်ဗျားကလူတော်ပါ.. ဒီသခင်လေးကိုလိမ်ရင်ဖြစ်လာမဲ့အကျိုး

ဆက်ကိုခင်ဗျားသိပါတယ်”

ပြောရလျှင်ရှစ်ဖုန့်မှာ၎င်းလိမ်လည်မည်

ကိုလုံးဝကြောက်ခြင်းမရှိပေ။ နေ့ဘက်က လီရှင်း၏ကိုယ်ပေါ်၌ လျှို့ဝှက်ဆီးလ်တစ်ခုကိုသူထည့်သွင်းခဲ့

သည်ဖြစ်သည်။ အကယ်၍လီရှင်းသာလိမ်မည်ဆိုလျှင် ၎င်း၏နှလုံးခုန်သံအား သူအာရုံခံမိလိမ့်မည်ဖြစ်သည်။

သို့သော် ရှစ်ဖုန့်ကတော့ ၎င်းအား ဝေဒနာခံစားခိုင်းခြင်းကပို၍ကောင်းမည်

ဟုတွေးနေဆဲဖြစ်သည်။ ထိုမှသာ သူကအမှန်တရားကိုပြောလိမ့်မည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက အချိန်ဖြုန်းသိုဖြစ်နေလိမ့်မည်ဖြစ်၏။

ရုတ်ခြည်း သူ၏ကိုယ်အားတစ်ချိန်တည်း၌ ဓားအစင်းထောင်နှင့်ချီက ထိုးနှက်နေသကဲ့သို့ လီရှင်းခံစားလိုက်ရသည်။

“အား.အား..အား..အား”

ရုတ်ခြည်း လီရှင်းတစ်ယောက်ခြေကားယားလက်ကား

ယားဖြင့် သတ်ဖြတ်ခံရသောဝက်တစ်ကောင်ကဲ့သို့ အော်ဟစ်နေသည်။ ထက်ရှသောဓားများကြောင့်သူ၏ကိုယ်က အပိုင်းပိုင်းကွဲကြေတော့မတတ်သူခံစားနေရသည်။

အကယ်၍ရှစ်ဖုန့်သာ ကန့်သတ်ချက်အားအခန်းအတွင်း၌ တပ်ဆင်မထားဘူးဆိုလျှင် သူ၏ စူးစူးဝါးဝါးအော်ဟစ်သောအသံက ဧရိယာတစ်ခုလုံးကိုရိုက်ခတ်သွားလိမ့်မည်ဖြစ်သည်။

“အား..အရှင်..အရှင်.. ကျုပ်ဝန်ခံပါ့မယ်..ကျုပ်ဝန်ခံပါ့မယ်..”

လွန်စွာပြင်းထန်သောနာကျင်မှုအတွင်း လီရှင်းဟစ်အော်မြည်တမ်းနေသည်။

“လွန်ခဲ့တဲ့ခုနှစ်နှစ်က ဖြစ်ပျက်ခဲ့တဲ့မြို့အရှင်ကလွဲပြီး အခြားမြို့အရှင်သခင်နှစ်ယောက်က ကျုပ်ကိုစော်ကားလို့ လုပ်ကြံခရတာပါ.. အား..အရှင်..အရှင်. ကျုပ်တောင်းပန်ပါတယ်..ကျေးဇူးပြုပြီး

ရပ်ပေးပါတော့”

“ဟမ်”

လီရှင်း၏ စကားတို့အားကြားသောအခါတွင် ရှစ်ဖုန့်ကမျက်မှောင်ကြုတ်လိုက်သည်။ မြို့အရှင်သခင်များက လီရှင်း၏လုပ်ကြံခြင်းကိုခံရလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

သို့သော်လီရှင်းကလွန်ခဲ့သောခုနှစ်နှစ်ကဖြစ်ရပ်အကြောင်းကိုပြောနေသည်။

လွန်ခဲ့သောခုနှစ်နှစ်က လန်အောင်းယွဲ့လည်းပျောက်ကွယ်သွား

သည်ဖြစ်သည်။

ထို့နောက်ရှစ်ဖုန့်ကနောက်ထပ်တစ်ချက်တွေးလိုက်ပြီး လီရှင်း၏အော်သံက ဖြည်းဖြည်းချင်းရပ်တန့်သွားသည်။

လီရှင်းဖြည်းဖြည်းချင်းငြိမ်ကျသွား၏။

သို့သော်သေခြင်းထက်ပို၍ဆိုးရွားသော ညှင်းပန်းနှိပ်စက်မှုအားတွေးမိသောအခါတွင် လီရှင်း၎င်းအားထပ်မံမခံစားလိုပေ။ သူကအလျှင်အမြန်ရှစ်ဖုန့်ကိုပြောလိုက်သည်။

“အရှင် ကျေးဇူးပြုပြီး ကျုပ်ကိုဒီလိုမျိုးမနှိပ်စက်ပါနဲ့တော့. အကယ်၍အရှင်သိချင်တာဆိုမေးသာမေးလိုက်ပါ.. ကျုပ်အမှန်အတိုင်းပြောပြမှာပါ..ကတိပေးပါတယ်”

စကားပြောနေစဉ် အမြဲတမ်းဟိတ်ဟန်အပြည့်ဖြင့်နေ

တတ်သောလီရှင်း၌ နာကျင်မှုသနားစဖွယ်ကောင်းမှု

တို့ဖြင့်စုပြုံနေသည်။

All Chapters