အခန်း (၇၆၅)
Vol. 51 Ch. 765
“အရှင်.. ကျေးဇူးပြုပြီး ကျုပ်ကိုဒီလိုမနှိပ်စက်ပါနဲ့တော့. အကယ်၍အရှင်သိချင်တယ်ဆိုရင် ကျုပ်သေချာပေါက်အမှန်အတိုင်းပြောပြမှာပါ.. ကတိပေးပါတယ်”
ရှစ်ဖုန့်က လီရှင်း၏ စိတ်မချမ်းမြေ့ဖွယ်နာကျင်မှုအပြည့်ဖြင့်
သနားစွယ်ဖြစ်နေသောပုံစံကိုကြည့်နေသည်။ သူက ဂရုထားခြင်းမရှိဘဲပြုံးလိုက်ပြီး ပြောလိုက်သည်။
“အဘိုးကြီးလီမလား. တကယ်တော့ ဒီသခင်လေးကိုအပြစ်မတင်ပါနဲ့.. ဒီသခင်လေးက ခင်ဗျားကိုကျုပ်ကိုမရိုးမသားလုပ်ပြီး ဒီသခင်လေးရဲ့အချိန်တွေကို ဖြန်းမိမှာကြောက်လို့ ဝေဒနာခံစားမှုကိုအရင်ဆုံးမြည်းစမ်းခိုင်းတာပါ.. အဲ့တာမှခင်ဗျားရိုးသားမှာလေ”
“ချီးပေါ့.မင်းကငါ့ကိုဒီလိုမျိုးဒုက္ခမျိုးကိုမှမြည်းစမ်းခိုင်းရလား.. မင်းကငါ့ကိုသတ်ဖို့ကြိုးစားနေတာပဲ. ငါ့ဖင်ကြီးကိုအဖိုးတန်အချိန်ပါ့လား. မင်းရဲ့အချိန်ကပဲအရမ်းဖိုးတန်နေတာလား. မင်းကငါ့ကိုသတ်ဖို့ကြိုးစားနေတာ”
သို့သော်လီရှင်းအနေဖြင့်ဤစကားများအား သူ၏နှလုံးသားထဲ၌သာကျယ်လောင်စွာ
ပြောဆိုကျိန်ဆဲနေခြင်းဖြစ်သည်။
အပေါ်ယံမျက်နှာပြင်တွင် လီရှင်းက ရှစ်ဖုန့်အားထပ်တလဲလဲခေါင်းညိမ့်ပြပြီး
ပြောလိုက်သည်။
“အရှင်မှန်ပါတယ်.. အရှင်ကမှန်ပြီးသားပါ. ကျုပ်သေချာပေါက် အမှန်အတိုင်းပြောပြပါ့မယ်”
“အင်း”
ရှစ်ဖုန့်ကခေါင်းညိမ့်ပြီးပြောလိုက်သည်။
“ဒီသခင်လေးကခင်ဗျားဒုက္ခပေးခဲ့တဲ့လူတွေကိုစိတ်မဝင်စားဘူး. လွန်ခဲ့တဲ့ခုနှစ်နှစ်ကဘာဖြစ်ခဲ့လဲ. ဒီသခင်လေးကို ခင်ဗျားသိသမျှအားလုံးပြောပြ”
“လွန်ခဲ့တဲ့ခုနှစ်နှစ်ကလား”
ရှစ်ုဖန့်ကလွန်ခဲ့သောခုနှစ်နှစ်ကအကြောင်း
ကိုမေးမြန်းသောအခါတွင် လီရှင်း၏မျက်နှာထက်၌ တုန်လှုပ်သော လက္ခဏာအချို့ဖြစ်ပေါ်လာသည်။ သို့သော် ယခင်ညှင်းပန်းနှိပ်စက်မှုကိုကြုံတွေ့ပြီးနောက် သူမည်ကဲ့သို့ မနာခံဘဲနေရဲပါမည်နည်း။ သူကလျှင်မြန်စွာပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ်”
သူကလျှင်မြန်စွာပြောလိုက်သည်။
“ လွန်ခဲ့တဲ့ခုနှစ်နှစ်က မြို့အရှင်ကပျောက်ကွယ်သွားခဲ့ပါတယ်.ဒီကိစ္စက တကယ်တော့လွန်ခဲ့တဲ့ဆယ်နှစ်ကစခဲ့တာပါ”
“အဲ့တာက လွန်ခဲ့တဲ့ခုနှစ်နှစ်က အရှင် ပိုင်ယင်ရဲ့ခုနှစ်ဆယ်ပြည့်မွေးနေ့မှာ ဆိုတာကျွန်တော်မှတ်မိပါသေးတယ်. မြို့အရှင် တုကူနဲ့ ကျုပ်နဲ့က အဲ့ကိုဂုဏ်ပြုဖို့အတွက်အတူတူသွားခဲ့ကြပါတယ်”
“မွေးနေ့ပွဲပြီးတဲ့နောက် ကျုပ်တို့ကွမ်းရှန့်မြို့ကိုပြန်တော့မဲ့အချိန်မှာ တစ်စုံတစ်ယောက်ကရုတ်တရက် မြိုအရှင်တုကူကိုခေါ်ခဲ့တယ်..အဲ့လူကတော့ထျန်းဝေ့မြို့အရှင်သခင် မာထျန်းယွမ်ပဲ”
“မာထျန်းယွမ်နဲ့ မြို့အရှင်တုကူတို့က အမြဲတမ်းကောင်းမွန်တဲ့ဆက်ဆံရေး
တစ်ခုရှိကြတယ်.. သူတို့က ငယ်ပေါင်းတွေလို့တောင်ကျုပ်ကြားခဲ့တယ်.. မာထျန်းယွမ်က မြို့အရှင်တုကူကို ထျန်းဝေ့မြို့အပြင်ဘက်မှာလျှို့ဝှက်နေရာတစ်ခုကိုသူရှာတွေ့ခဲ့တယ်လို့ပြောခဲ့တယ်. အဲ့တာကရှေးဟောင်းအမွေအနှစ်တစ်ခုနဲ့အရမ်းကိုတူတယ်တဲ့”
“သူကအဲ့တာဟာ ရှေးဟောင်းအမွေအနှစ်နေရာတစ်ခုဆိုတာကိုကြားတဲ့အချိန်မှာသူက လုံးဝလက်လွှတ်မခံချင်ခဲဘူး..ဒါကြောင့်ကျုပ်တို့တွေချက်ချင်းပဲထျန်းဝေ့မြို့ရဲ့နေရာကူးပြောင်း အစီအရင်ကိုသုံးခဲ့တယ်. အဲ့နောက် မြို့အရှင်တုကူ၊မာထျန်းယွမ်နဲ့ ကျုပ်တို့အားလုံးအတွက်စီစဉ်ထားတဲ့ထျန်းဝေ့မြို့က ကျွမ်းကျင်သူအချို့နဲ့အတူ ရှေးဟောင်းအမွေအနှစ်ဆီကို အပြင်းသွားခဲ့တယ်”
“အဲ့အချိန်မှာ ကျုပ်တို့ရှေးဟောင်းအမွေအနှစ်ဆီကိုအပြင်းသွားတဲ့အချိန် ရှေးဟောင်းအမွေအနှစ်ရဲ့အပြင်ဘက်မှာ
လူတစ်ယောက်ရပ်နေသေးတာကိုကျုပ်မှတ်မိနေတုံးပဲ.. ဒါပေမဲ့ ကျုပ်တို့ထဲကလူတစ်ယောက်က သူ့ကိုမြန်မြန်ပဲမှတ်မိသွားတယ်..အဲ့လူကတော့ ထျန်းဟွမ်မြို့အရှင်သခင်ဖြစ်သူ လန်အောင်းယွဲ့ပါပဲ”
“ကောလဟာလတွေအရ လန်အောင်းယွဲ့ကလည်းလွန်ခဲ့တဲ့ခုနှစ်နှစ်တုံးက မြို့အရှင်တုတူနဲ့ မာထျန်းယွမ်တို့လို ပျောက်ကွယ်သွားတယ်တဲ့. သူတို့ရဲ့ပျောက်ကွယ်မှုက အဲ့ရှေးဟောင်းအမွေအနှစ်နဲ့ဆက်နွယ်နေလောက်တယ်”
“လန်အောင်းယွဲ့. ခင်ဗျား လန်အောင်းယွဲ့ကိုအဲ့မှာတွေ့ခဲ့တယ်လား”
လန်အောင်းယွဲ့ဟူသောနမည်အားကြား
လိုက်ရသောအခါတွင်ရှစ်ဖုန့်၏ကိုယ်က
မသိလိုက်ပါဘဲတုန်သွားသည်။ သူနောက်ဆုံးတွင်နားလည်ပြီဖြစ်သည်။
“အဲ့နောက်ဘာဖြစ်သွားလဲ”
ရှစ်ဖုန့်က လီရှင်းကို လျှင်မြန်စွာမေးလိုက်သည်။
လီရှင်းက သူ၏သက်လတ်ပိုင်းအရွယ်ထိရှင်သန်နေထိုင်ခဲ့ပြီး ဆယ်နှစ်ကျော်ကွမ်းရှန့်မြို့၏တပ်မှူးကြီး ဖြစ်ခဲ့သူဖြစ်သည်။သူကအားလုံးနီးပါးအားမြင်တွေ့ဖူးသည်ဟု ပြောနိုင်သည်ဖြစ်၏။ ပင်ကိုယ်အားဖြင့်သူသည်လူများ၏ မျက်နှာကဲအား ဖတ်ရှုရာ၌တော်သည်ဖြစ်သည်။ သူလန်အောင်းယွဲ့နမည်အားပြောလိုက်ချိန်တွင် လူငယ်၏ မျက်နှာထားကအနည်းငယ်ပြောင်းလဲသွးသည်ကို သူတွေ့လိုက်ရသည်။
“ဒီလူကတကယ်ပဲ တော်ဝင်ခုံရုံးကနေပို့လိုက်တဲ့သူမဟုတ်ဘူးလား. လန်အောင်းယွဲ့နဲ့ဆက်နွယ်နေတာလား. ပြီးတော့လန်အောင်းယွဲ့က မြို့အရှင်တုကူလိုပဲပျောက်ကွယ်သွားပြီးအဲ့နောက်မှာသူကဒီနေရာကိုရှာတွေ့တာလား”
ထို့နောက် လီရှင်းကရှစ်ဖုန့်ခုဏကပြောသောစကားကိုပြန်အမှတ်ရလိုက်သည်။
“ဒီသခင်လေးက ခင်ဗျားဒုက္ခပေးခဲ့တဲ့အဲ့လူတွေကိုစိတ်မဝင်စားဘူး. လွန်ခဲ့တဲ့ ခုနှစ်နှစ်ကဘာဖြစ်ခဲ့လဲ.. ခင်ဗျားသိသမျှအားလုံးပြောပြ”
ဤအရာအားတွေးနေစဉ် ရှစ်ဖုန့်၏ထပ်မံမေးမှုကိုလီရှင်းကြားလိုက်
ရသောကြောင့် သူကအလျှင်အမြန်ပြန်ဖြေလိုက်သည်။
“တစ်စုံတစ်ယောက်ကို ရှေးဟောင်းအမွေအနှစ်နားမှာတွေ့ရတာကြောင့် ကျုပ်တို့အဝေးမှာနေခဲ့တယ်. အဲ့တာကထျန်းဟွမ်မြို့အရှင်သခင်ဖြစ်နေတာကိုသိလိုက်ရတဲ့အချိန် ကျုပ်တို့ဘယ်သူကမှအနားမှမနေရဲတာကြောင့် အတေေးမှာပဲ နေခဲ့တာ”
“မြောက်ပိုင်းဒေသကြီးမှာရှိတဲ့သူတိုင်းက
ထျန်းဟွမ်မြို့အရှင်သခင်ကိုသိကြတယ်.. ကျုပ်တို့အားလုံးအတူတူပေါင်းစည်းရင်တောင်မှ သူ့ကိုမယှဉ်နိုင်ဘူး. အသူသာရှေးဟောင်းအမွေအနှစ်ကိုသူကိုယ်တိုင်လိုချင်ရင် ကျုပ်တို့ကိုသတ်လိုက်တာက ပုံမှ်ပဲလေ”
“ဒါပေမဲ့အဲ့အချိန်မှာ ထျန်းဟွမ်မြို့အရှင်သခင်ကလည်းကျုပ်တို့ကိုသတိထားမိခဲ့တယ်.. သူက ကျုပ်တို့ကိုကြည့်ပြီးနောက်လျှစ်လျူရှုပြီး ရှေးဟောင်းအမွေအနှစ်ထဲကိုတစ်ယောက်တည်းဝင်သွားခဲ့တယ်”
“ထျန်းဝေ့မြို့အရှင်သခင်မာထန်းယွမ်က အမြဲတမ်း သတိကြီးတဲ့သူပဲ. တစ်ခါတစ်ရံမှာ အရမ်းသတိကြီးလွန်းတာကြောင့် အဲ့တာကလူတွေရဲ့ဆံပင်ကိုတောင် အဆုံးအထိ ထောင်မတ်စေတယ်”
“သူက ကျုပ်တို့တွေခဏလောက်ကြာအောင်စောင့်သင့်တယ်လို့တွေးခဲ့တယ်.. ထျန်းဟွမ်မြို့အရှင်သခင်ကရှေးဟောင်းအမွေအနှစ်ထဲကိုဝင်သွားတာကြောင့် ကျုပ်တို့လာရင်သတ်ဖို့ ဝင်ပေါက်မှာ ပုန်းနေလောက်တယ်လေ..”
“အဲ့နောက် ကျုပ်တို့တွေ လေးနာရီလောက်အဲ့မှာစောင့်နေခဲ့တယ်.. အဲ့အချိန်မှာပဲ.. ထျန်းဟွမ်အရှင်သခင်ဖွင့်သွားတဲ့နီညိုရောင်
တံခါးကြီးနှစ်ချက်က အလိုအလျောက်ပိတ်သွားတယ်”
“နီညိုရောင်ဂိတ်တံခါး”
လီရှင်းအစကားအားပြောသောအခါတွင် ရှစ်ဖုန့်ထပ်မံတုန်လှုပ်အံ့အားသင့်သွားသည်။
နီညိုရောင်ဂိတ် ဤစကားလုံးတို့ကသူ၏စိတ်ထဲ၌နက်ရှိုင်းစွာစွဲထင်နေသောအရာဖြစ်သည်။ သေခြင်းတားမြစ်နယ်မြေအတွင်း၌အသံတစ်ခု၏ညှို့ယူခံပြီးသူ၏တစ်ကိုယ်လုံးနီးပါး အနက်ရောင်အမွှေးရှည်တို့ဖုံးလွှမ်းသွားကာ စိတ်ကိုဆုံးရှုံးလုနီးပါးဖြစ်ခဲ့ပြီး အမွှေးနက်မွန်းစတားတစ်ကောင်ဖြစ်လုနီးပါးသူဖြစ်ခဲ့ရသည်ဖြစ်သည်။
နီညိုရောင်ဂိတ်အကြောင်းပြောသောအခါတွင်လီရှင်း၏မျက်နှာက လေးနက်လာသည်။ သူကခေါင်းညိမ့်ပြီးပြောလိုက်သည်။
“ဟုတ်ပါတယ်..နီညိုရောင်ဂိတ်ပါ..သူတို့ရဲ့ ပျောက်ကွယ်သွားမှုကရှေးဟောင်းအမွေအနှစ်အတွင်းကနီညိုရောင်းဂိတ်နဲ့တစ်နည်းနည်းသက်ဆိုင်နေပုံရပါတယ်”
“အဲ့နောက် မြို့အရှင်တုကူ မာထျန်းယွင်နဲ့ အခြားထျန်းဝေ့မြို့ရဲ့ကျွမ်းကျင်သူသုံးဦးတို့က နီညိုရောင်တံခါးတွေကိုတွန်းဖို့ပြင်ဆင်ကြတယ်..သူတို့ရဲ့လက်တွေတံခါးကိုထိလိုက်တဲ့အချိန်မှာ ထူးဆန်းတဲ့အသံတစ်ခုကသူတို့ရဲ့စိတ်ထဲမှာ ထွက်ပေါ်လာတယ်..အဲ့တာကသူတို့
ကိုညှို့ယူနေသလိုပဲ.. သူတို့ရဲ့စိတ်တွေကလုံးဝဆိုးယုတ်လုနီးပါးအခြေအနေကိုကျရောက်လုနီးပါးဖြစ်သွားရတယ်”
“ကံကောင်းစွာနဲ့ ကျုပတို့က အဲ့အချိန်မှာတစ်ခုခုမှားနေတာကိုမြင်တွေ့ပြီး သူတို့ကိုကြက်သေသေနေရာကနေ နှိုးထစေခဲ့တယ်.အဲ့နောက်သူတို့တစ်ယောက်ချင်းစီရဲ့လက်ပေါ်မှာ ထူထဲတဲ့အမွှေးနက်အရှည်တွေ ဖြစ်ပေါ်လာတာကိုတွေ့ခဲ့ရတယ်..”
“ပြီးတော့ အမွှေးနက်အရှည်တွေက ကျုပ်တို့ဘယ်လောက်ပဲဖျက်ဆီးပါစေ မြန်မြန်ပဲပြန်ကြီးထွားလာတယ်. သူတို့ကိုဖယ်ရှားဖို့ဆိုတာမဖြစ်နိုင်ဘူး”
“နီညိုရောင်ဂိတ်တွေ..အဲ့တာကတကယ်ပဲအဲ့ထူးဆန်းတဲ့ဂိတ်တွေပဲကိုး”
ရှစ်ဖုန့်ကစိတ်ထဲမှအေးစက်စွာပြောလိုက်သည်။ထို့နောက်သူကလီရှင်းကိုပြောလိုက်၏။
“ခင်ဗျားက ကအမွှေအနှစ်ထဲကိုအတူတူဝင်ခဲ့ပြီး အဲ့ ဂိတ်ကိုထိတဲ့သူအားလုံးရောပြန်ထွက်လာကြလား”
“နီညိုရောင်ဂိတ်နဲ့ထိမိတဲ့သူနှစ်ဦးကသေသွားတယ်.. “
ရှစ်ဖုန့်၏စကားအားကြားသောအခါတွင်လီရှင်းက ပြန်ဖြေလိုက်သည်။ထို့နောက်သူကဆက်ပြော၏။
“အမွေအနှစ်ထဲမှာ မမျှော်လင့်ထားတဲ့ အန္တရာယ်အချို့နဲ့ ကျုပ်တို့ကြုံတွေ့ခဲ့တယ်. စွမ်းအားကြီးသားရဲ့အချို့နဲ့စါမ်းအားကြီးအစီအရင်အချို့ကိုကြုံတွေ့ခဲ့တယ်. သေခြင်းကနေကျုပ်တို့ကပ်သီလေး
လွတ်မြောက်ခဲ့ကြတာ.. ကျုပ်တို့ဝင်သွားတုံးကသုံးဆယ့်သုံးယောက်ပါပေမဲ့ ပြန်ထွက်လာတော့. ရှစ်ယောက်ပဲပြန်ပါလာတော့တယ်”
“အထဲမှာ မြို့အရှင်တုကူ မာထျန်းယွင်နဲ့ အခြားထျန်းဝေ့မြို့ကျွမ်းကျင်သူသုံးယောက်ရဲ့ လက်မှာပဲအစကအမွှေးတွေကရှည်သည်ထက်ရှည်လာတာ..ဒါပေမဲ့..အဲ့တွေထဲကသူတို့ကိုယ်
ကိုပျံ့နှံ့လာပြီး ထူထပ်သည်ထက်ထူထပ်လာတယ်.. သူတို့ပြောစကားအရဆိုရင် ညှို့ယူတဲ့အသံကဆက်ပြီးထွက်ပေါ်နေတုံးပဲ”
“အဲ့အချိန်မှာ မာထျန်းယွမ်က ကျုပ်တို့တွေ အမွှေအနှစ်ထဲဆက်ပြီးနေမရတော့ဘူးလို့ပြောခဲ့တယ်. ကျုပ်တို့အားလုံးထွက်ခွာဖို့သဘောတူခဲ့တယ်.. ဒါပေမဲ့ သူတို့အမွေအနှစ်ထဲထွက်လာပြီးပြီးချင်းမှာပဲ.. သူတို့ကိုယ်ပေါ်ကအနက်ရောင်အမွှေးတွေက လျှင်မြန်စွာလျော့ကျလာတယ်”