ဓားတိမ်ယံ အမြုတေ။
Vol. 21 Ch. 281
တောင်ထိပ် နေရာတွင် ကျောက်တောင် များကို လှီးဖြတ် ပြီးနောက်၊ ကျောက်ဖျာကြီး များကို အတု လုပ်ယူ ထား၏။
ကျောက်ဖျာကြီး များပေါ်တွင် လူပေါင်း သောင်း ဂဏန်းခန့် ကျယ်ကျယ် ဝန်းဝန်း နေရာယူ စောင့်ကြည့် နိုင်ပေသည်။
မဟာမိတ်-ပြည်ထောင်စု တိုက်ပွဲထံ၊ ဦးတည် လာသော ကျင့်ကြံ သူများ ပိုမို များပြား လာပြီး၊ ကျောက်ဖျာများ ပေါ်သို့ တဖွဲ့ဖွဲ့ ရောက်ရှိ လာခဲ့ လေပြီ။
အကောင်းဆုံးသော ပွဲကြည့် စဉ်ရှိ ထိုင်ခုံ များပေါ်တွင်၊ ကာကွယ်သူ မက်မွန်၊ ဓား-ထမ်း အကြီးအကဲ ဆယ့်ရှစ်ယောက်၊ ခန်းမသခင် လေးယောက်၊ အတွင်အပြင် အကြီးအကဲများ၊ ကောင်းကင် အဆင့် တပည့်များနှင့်၊ ဖိတ်ကြား ထားသော ဧည့်သည်တော်အနည်းငယ်ခန့်၊ နေရာ ယူထား လေသည်။
ဧည့်သည်တော် များမှာမူ တော်ဝင် မျိုးနွယ်များ၊ ဂုဏ်သိက္ခာ ကြီးမားသော မျိုးနွယ်စုများနှင့် အခြားသော ဂိုဏ်းဂဏ များမှ အထက်တန်းစားများ ဖြစ်ကြသည်။
လင်းယွန်က သူ့ အကြည့်ကို ဝေ့ဝဲ အကဲခတ် လိုက်သော အခါတွင် မထင်မှတ် ထားသော လူတစ်ဦး ဖြစ်သည့် လျူယွီကို တွေ့လိုက် ရသည်။
နဂါး ဗိုလ်ချုပ်၏ ချစ်လှ စွာသော သမီးတော် ဖြစ်ပေရာ၊ သူမ၏ နောက်ခံ အရ ထိုနေရာတွင် ထိုင်ခွင့် ရသည်မှာ သဘာဝပင် ဖြစ်သည်။
စင်မြင့်ပေါ်တွင် အကြီးအကဲ အားလုံးကို မြင်လိုက်ရ သည့်နှင့်၊ ဤမဟာမိတ်- ပြည်ထောင်စု တိုက်ပွဲမှာ ရိုးရှင်းမည် မဟုတ်ကြောင်း သူသိသည်။
ကျောက်ဖျာ ထောင့်စွန်းရှိ ထိုင်ခုံ တစ်လုံး ပေါ်တွင် ပေါ့ပေါ့ ပါးပါး ထိုင်ကာ၊ တောအုပ်ကြီးအား ပြန်လည် ငုံ့ကြည့် အကဲခတ် လိုက်သည်။
တောအုပ် အတွင်း ဆီမှ နတ်ဆိုး သားရဲ အချို့၏ ဟောက်သံ များကိုပင် ယောင်ဝါးဝါး ကြားနေ ရသည်။ ဓား သင်္ချိုင်း တောင်ကုန်း အတွင်းရှိ နတ်ဆိုး သားရဲများ အကြောင်းကို အနည်းငယ် ကြားဖူး ပေသည်။
ဓားသင်္ချိုင်း တောင်ကုန်းတွင် နေထိုင်သော နတ်ဆိုး သားရဲ များသည်၊ ၎င်းတို့၏ သားရဲ အမြုတေကို ဖွဲ့စည်းရန် ခက်ခဲလှ သည်ကြောင့်၊ သားရဲ အမြုတေ များကို အောင်မြင်စွာဖွဲ့စည်း နိုင်ခဲ့သော၊ မည်သည့် နတ်ဆိုး သားရဲ မဆို၊ ကြောက်မက်ဖွယ် ကောင်းသော၊ ဓား ရည်ရွယ်ချက်များ ပါရှိ လေသည်။
ယင်းသားရဲ အမြုတေ များကို 'ဓားတိမ်ယံ အမြုတေ' ဟုလည်း ခေါ်ဆို ကြသည်။ ၎င်းအား သန့်စင်ပြီး ချိန်တွင် ဓားဆန္ဒကို အားကောင်းစေကာ၊ 'အသင်္ချေဓား ရင်ပြင်' ထက် ပိုမို ထိရောက် စေ၏။
၎င်းသည် မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲတွင်၊ ပါဝင် လာကြသော တပည့် များစွာ၏ ပစ်မှတ် ဖြစ်သည်။
ပြီးနောက်၊ 'ဓားတိမ်ယံ အမြုတေ' အနည်းငယ်ကို ရယူ နိုင်ခဲ့ ပါက၊ အတွင်း တပည့် မဖြစ် နိုင်ခဲ့ လျှင်ပင်၊ ကြီးမားသော ကံကြမ္မာကို ရိတ်သိမ်း နိုင်နေဆဲ ဖြစ်သည်။
အသက် အန္တရာယ် အတွက်မူ မြင့်မား လှသော သစ်ပင် ကြီးများ ထဲတွင် ပုန်းအောင်း ခြင်းဖြင့်၊ သူတို့၏ လုံခြုံရေး ကိုလည်း အာမခံ နိုင်သည်။
ကျောက်ဖျာများ ပေါ်တွင် ဆွေးနွေးမှုများ ဆက်လက် ပြုလုပ် နေကြ ပြီးနောက်၊ 'ခရမ်းရောင် နန်းတော် နယ်မြေ'၏ အရှိန်အဝါ များကို ထုတ်လွှတ် ထားသော အကြီးအကဲ နှစ်ယောက် ဓားငှက်များ ပေါ်မှ ဆင်းသက်လာ ခဲ့သည်။
သူတို့၏ အငွေ့အသက် များက လူအုပ်ကြီးကို ချက်ချင်းပင် တိတ်ဆိတ် သွား စေ၏။
လျိုဖန်းနှင့် ဘိုင်တင်း။ အကြီးအကဲ နှစ်ယောက်ကို မြင်သည်နှင့် လင်းယွန်က မျက်ခုံး ပင့်လိုက်သည်။
ဘိုင်တင်းကို မြင်သော အခါတွင်၊ မျက်မှောင်ကြုတ် လိုက်မိ၏။
ဤမိတ်ဆွေဟောင်းသည် ဓားနန်းတော်သို့ ဝင်ရောက်ကတည်းက၊ ဝမ်ယန် အတွက် သူ့ အပေါ် ပစ်မှတ် ထားကာ၊ သတ်ပစ်ရန် အထိပင် ကြိုးစား လာခဲ့ ဖူးသည်။
" .... ကာကွယ်သူ မက်မွန်၊ ဓားထမ်း အကြီးအကဲ တွေနဲ့၊ ခန်းမသခင် တွေကို နှုတ်ဆက် ပါတယ်၊ ကာကွယ်သူ မက်မွန် ... ကျေးဇူး ပြုပြီး၊ မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲကို ဖွင့်လှစ် ပေးပါ။ "
သူတို့ နှစ်ဦးက ကာကွယ်သူ မက်မွန် ဆီသို့၊ ဦးညွှတ် လိုက်သည်။ ကာကွယ်သူ မက်မွန်က ခေါင်းညိတ် ပြပြီး၊
" မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲက၊ ငါတို့ ဓားနန်းတော်ရဲ့ ခမ်းနားသော ပွဲတစ်ပွဲ ပါပဲ၊ ဖိတ်ကြား ထားတဲ့ ဧည့်သည်တော် တိုင်းက၊ ဂုဏ်ပြုဖို့ အတွက် ငါတို့ဆီ ရောက်ရှိ လာကြတယ်၊ မဟာမိတ် ပြည်ထောင်စုရဲ့ စည်းမျဉ်းတွေ ကိုတော့၊ အကြီးအကဲ လျိုဖန်းနဲ့ အကြီးအကဲ ဘိုင်တင်း တို့က၊ ကြေငြာပါ လိမ့်မယ်၊ ''
'' .............. ''
'' အထူး သတိထား ရမှာက မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲမှာ၊ ပါဝင်မဲ့ သူတိုင်း အသက်- သေခြင်း စာချုပ်ကို လက်မှတ် ရေးထိုးရ လိမ့်မယ်၊ စကြာဝဠာ ပစ္စည်း တွေက လွဲပြီး၊ သတ်ဖြတ်ခြင်း အတွက် နည်းလမ်း အမျိုးမျိုးကို အသုံးပြုဖို့ ခွင့်ပြု ထားပါတယ်။ ”
ထို့နောက် ကာကွယ်သူ မက်မွန်က ပြန်ထိုင် ချလိုက်ပြီး လျိုဖန်းနှင့်ဘိုင်တင်းထံ သူ့လက်ကို ဆန့်တန်း ပြကာ၊ မဟာမိတ်- ပြည်ထောင်စုတိုက်ပွဲ အချိန် မရွေး စတင် နိုင်ကြောင်း အချက်ပြ လိုက်သည်။ ဘိုင်တင်းက ဦးစွာရှေ့တိုး လာခဲ့ပြီး၊
"မဟာမိတ်- ပြည်နယ် အဖွဲ့ အသီးသီးက ခေါင်းဆောင်တွေ၊ မဟာမိတ် တိုက်ပွဲမှာ ပါဝင်မဲ့ မင်းတို့ရဲ့အဖွဲ့ဝင် တွေကို ကျောက်စိမ်း ပြားတွေ ကျေးဇူးပြုပြီး... ပေးအပ်ပါ "
" ဂျူနီယာ မောင်လေးဝူယု၊ ယူသွားလိုက် ... "
ရှင်းယန်က ကျောက်စိမ်း ပြားနှစ်ချပ်ကို ကမ်းပေးကာ ခေါင်းညိတ်ပြ လိုက်သည်။
ကျောက်စိမ်းပြား များပေါ်တွင် ရတနာတောင်ကုန်း မဟာမိတ် ပြည်နယ်၏ သင်္ကေတ ပါ၀င်ပြီး ၎င်းတွင် ကြယ်တစ်ပွင့် လင်းလက်နေခဲ့သည်။
လင်းယွန်နှင့် လီဝူယု တို့သည် ရတနာတောင်ကုန်း မဟာမိတ် အဖွဲ့ ကိုယ်စား၊ မဟာမိတ် ပြည်ထောင်စု တိုက်ပွဲတွင် ပါဝင်မည့် သူများ ဖြစ်သည်။
သေမျိုးအဆင့် ထိပ်တန်း ဆယ်ယောက်နှင့် လင်းယွန် တို့၏ အာဃာတ များကြောင့်၊ ကြားညပ် လာမည်ကို အခြားသော သူများက စိုးရိမ် နေမိ ကြသည်။
ထို့ကြောင့် ဓားသင်္ချိုင်း တောင်ထိပ်သည် ဆွဲဆောင်မှု ရှိကောင်း ရှိနိုင် သော်လည်း၊ သူတို့၏ အသက်ထက် ပို၍ အရေး ကြီးသော အရာများ မရှိပေ။ မကြောက် မရွံ့သော တပည့် အချို့က၊ ဝင်ရောက် လိုခဲ့ ကြသော်လည်း၊ ရှင်းယန်မှ ဆုတ်ခွာရန် အကြံပေးခဲ့သည်။
ထို့ကြောင့်ပင် ရတနာ တောင်ကုန်း၏ အဖွဲ့ဝင် တိုင်းက၊ ပြိုင်ပွဲဝင် နှစ်ဦးတည်း ဖြစ်သော လင်းယွန်နှင့် လီဝူယု တို့အား၊ ရှုပ်ထွေးသော အကြည့် များဖြင့်၊ ကြည့်နေ ကြသည်။
သူ့တို့ နှစ်ဦးကြောင့် ရတနာ တောင်ကုန်း၏ ဂုဏ် သတင်းမှာ မြင့်တက် လာသော်လည်း၊ တပြိုင်နက် ထဲမှာပင် ချောက်ကမ်းပါး စွန်းသို့ လည်း တွန်းပို့ ခံနေ ခဲ့ရသည်။
ဤမဟာမိတ်- ပြည်ထောင်စု တိုက်ပွဲသည် ၎င်းတို့ အတွက် အလွန် အရေး ကြီးလှပြီး၊ ကျရှုံး သွားပါက၊ ပြင်းထန်သော ထိုးနှက်ချက် ဖြစ်လာမည် ဖြစ်သည်။
လင်းယွန်နှင့် လီဝူယုတို့သည် ကျောက်စိမ်းပြား များပေါ်တွင် သွေးစက်များ ကြဲချ နေချိန်၌၊ ဝမ်ယန်က သူ့ အကြည့်ကို သိသာစွာ ပို့လွှတ် ခဲ့သည်။
ဝမ်နင်ကို သတ်ပြီး သူ၏ ခြေလက် အင်္ဂါများကို ကျိုးသွား စေသည့် အတွက်၊ လင်းယွန်ကို သူ ခွင့်မလွှတ် နိုင်ချေ။
မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲတွင် သတ်ဖြတ် ခြင်းကို ခွင့်ပြု ထားသည် ဖြစ်ရာ၊ သေမျိုး အဆင့် ထိပ်တန်း ဆယ်ယောက်ကို စော်ကား ပြီးနောက်၊ လင်းယွန်မှာ မည်သို့ သေဆုံး သွားမည်ကို သူ သိချင် နေမိသည်။
ရန်လိုသော ဝမ်ယန် ၏ အကြည့်ကို သတိပြု မိသော်လည်း၊ လင်းယွန်က ၎င်းအား စိတ်မ၀င် စားခဲ့ပေ။
အားလုံးသော ပြိုင်ပွဲဝင် များက သူတို့၏ ကျောက်စိမ်းပြား များကို သိမ်းဆည်း ပြီးနောက်၊ ပြင်ပ တပည့် ပြိုင်ပွဲဝင် များ အတွက်သတ်မှတ် ထားရာ၊ ကျောက် ရင်ပြင်ကြီး ဆီသို့ သွားရောက် စုရုန်းလိုက် ကြသည်။
ပြင်ပတပည့် ငါးထောင် နီးပါးခန့် ရှိသော ပမာဏမှာ၊ မျှော်မှန်းထား သည်ထက် များပြား နေခဲ့၏။
၎င်းအရေ အတွက်မှာ ပြင်ပတပည့် အားလုံး၏ ခြောက်ပုံ တစ်ပုံနှင့် ညီမျှပြီး၊ သေမျိုး အဆင့် ထိပ်တန်း ထိုဆယ်ဦးမှ လွဲ၍၊ ရွက်ပုန်းသီး ပညာရှင်များ ရှိ၊ မရှိ မည်သူမျှ မသိ နိုင်ကြပေ။
“ ဝင်သွား... မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲက မကြာခင် စတော့မယ်။”
လျိုဖန်းက သူ့လက်ကို ဝှေ့ယမ်းကာ၊ ပြိုင်ပွဲဝင် များကို သတိပေး လိုက်သည်။
" ငါတို့ ဘယ်လို ဝင်ရမှာလဲ ...။ "
သို့သော် လူတိုင်းက အံသြသွား ကြသည်။ အကြီးအကဲ လျိုဖန်းအား ရှုပ်ထွေး နေသော အကြည့်ဖြင့်၊ ဝိုင်းကြည့် နေကြစဉ် မှာပင်၊ သူတို့၏ ခြေဖဝါး အောက်မှ တောက်ပသောအလင်းရောင် တစ်စ ဖြာထွက် လာပြီး၊ ရှုပ်ထွေးသော အခင်းအကျင်း တစ်ခု ဖြစ်ပေါ် လာလေသည်။
မှော်အစီအရင်မှာ ပိုမို ပြတ်ထင် လာ ပြီးနောက်၊ သူတို့၏ အမြင် အာရုံ များမှာ မှုန်ဝါးလာ သည်ကို ခံစား လိုက်ရ၏၊
ခဏ အကြာတွင် မျက်လုံးများ ပြန်ဖွင့် လိုက်ကြ သည်နှင့်၊ သစ်ပင်များ ထူထပ် နေသော တောထဲ၌ ရပ်နေခဲ့ ကြသော သူတို့ကိုယ် သူတို့ တွေ့ရှိ ခဲ့ရသည်။
ပတ်ဝန်းကျင်တွင် မှောင်မဲ နေပြီး အေးမြသော အလင်းရောင် အချို့ စိမ့်ဝင် နေသည်။ သစ်ရွက်များ ကြားမှ တစ်ဆင့်၊ ယခင် အချိန်က ရပ်နေ ကြသော ကျောက်ရင်ပြင် ကြီးကို မှုန်ပျပျသာ တွေ့မြင် နိုင်ကြ လေသည်။
မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲသည် လူတိုင်း ပြင်ဆင်မှုများ မပြုလုပ် နိုင်မီ စတင် လာခဲ့ လေပြီ။
၎င်းတို့ကို ကျပန်း ပို့ဆောင် ပေးခြင်းဖြင့် လီဝူယုမှာ လင်းယွန် နှင့်အတူ ရှိမနေ ခဲ့ပေ။ ပထမအချီတွင် ကျောက်စိမ်းပြား၌ ကြယ် သုံးဆယ်ကို စုဆောင်းရန် ဖြစ်သည်။
ဆိုလိုသည်မှာ ပါဝင်သူ တပည့် သုံးဆယ်ကို အနိုင်ယူပြီး၊ သူတို့၏ ကျောက်စိမ်းပြား များကို သိမ်းယူ ရမည်ဆိုသော အဓိပ္ပာယ် ပေပင်။
၎င်းမှာ လင်းယွန် အတွက် စိန်ခေါ်မှု တစ်ရပ် မဟုတ်ပေ။
သူ့ ပတ်ဝန်းကျင်ကို စတင်ပြီး စစ်ဆေးလိုက်၏။ ပတ်ဝန်းကျင်နှင့် အရင် ရင်းနှီး လိုချင် သည်ကြောင့်၊ အလျင် စလို မရှိခဲ့ချေ။
သို့သော် သူ ထွက်မခွာ ခင်မှာပင်၊ တောအုပ် အတွင်းရှိ လှုပ်ရှားမှု အချို့ကို သတိပြု မိလိုက်ည်။
တောအုပ်ထဲသို့ မထွက်ခွာခင် စူးရှသော အကြည့် တစ်ချို့က လင်းယွန်ကို အကဲခတ် လာကြသည်။ လင်းယွန်မှာ အလွယ်တကူ အနိုင်ယူ နိုင်သူ မဟုတ်ကြောင်း၊ သူတို့ သိရှိ ထားကြ သည်ကြောင့်၊ တိုက်ခိုက် ရန်မူ မဝံ့ရဲ ကြပေ။
"ဓားသင်္ချိုင်း တောင်ကုန်း "
နေရောင်ခြည်သည် သစ်ပင်များ ထူထပ် နေသော တောအုပ် အတွင်းသို့၊ တိုးမပေါက် နိုင်ဘဲ၊ ဓားသင်္ချိုင်းဂူမှ ထုတ်လွှတ် ထားသော ကြောက်မက်ဖွယ် ဓား ရည်ရွယ်ချက် များသည်သာ လူတိုင်းကို ဦးတည်ရာ တစ်ခု အဖြစ် ဖိတ်ခေါ် နေ ခဲ့သည်။
နောက်ဆုံး တိုက်ပွဲသည် ဓားသင်္ချိုင်းဂူ၌ ဖြစ်ပွားမည် ဖြစ်ပြီး၊ လူတိုင်း ဆန္ဒရှိ ပါလျှင်၊ ဓားသင်္ချိုင်း တောင်ထိပ်ရှိ သင်္ချိုင်းဂူသို့ အပြေး အလွှား သွားရမည် ဖြစ်သည်။
" သင်္ချိုင်းဂူကို မသွားခင် ဝူယုကို ရှာတွေ့နိုင် မယ်လို့ မျှော်လင့် ရအောင် "
သစ်တောကြီးမှာ ကျယ်ပြော လှသည်ဟု ဆိုသော်လည်း၊ ဆုံးဖြတ်ချက် ချမိပါက၊ တစ်စုံ တစ်ဦးကို ရှာတွေ့ရန် မဖြစ် နိုင်စရာ မရှိစေ။
ပြင်ပတပည့် ထောင်ပေါင်း များစွာ ထပ်တိုးလာ ခြင်းကြောင့်၊ သစ်တောကို ပို၍ပင် စိတ်မသက် မသာ ဖြစ်လာ စေခဲ့သည်။
လမ်း တစ်လျှောက်တွင် နတ်ဆိုး သားရဲ မျိုးစုံထံမှ စူးရှသော အော်ဟစ်သံ များနှင့် အတူ၊ တိုက်ပွဲ အတွင်း ထွက်ပေါ် လာသော၊ ဟောက်သံ များကိုပင်၊ ကြားနေရသည်။
နာကျင်စွာ အော်ဟစ် သံများမှာ၊ နတ်ဆိုး သားရဲ များ၏ လက်တွင်းသို့ သက်ဆင်း ကျရောက် သွားသော တပည့်များ ထံမှ ဖြစ်မည်ဟု သူ ထင်သည်။
ကျင့်ကြံသူ များသည်သာ သားရဲ အမြုတေများ အတွက် နတ်ဆိုး သားရဲ များကို လိုက်ရှာ နေကြခြင်း မဟုတ်ပေ၊ နတ်ဆိုး သားရဲများ သည်လည်း ၎င်းတို့၏ အာဟာရ အတွက် လူသား များကို အမဲလိုက် ကြမည် ဖြစ်သည်။
လမ်းတစ်လျှောက် လီဝူယုကို တွေ့နှိုး နှိုးဖြင့်၊ ခရီး ဆက်လာ ခဲ့သည်။ လီဝူယုက သူ၏ 'ကံကြမ္မာ ကြယ်တာရာ' နည်းစနစ်ကို၊ တိုက်ပွဲများ အတွင်း၊ ထုတ်ဖော် လိုက်သော အခါတွင် ကြယ် အလင်းများ ထုတ်လွှတ် ပေလိမ့်မည်။
ထို့ကြောင့် လီဝူယုကို ရှာဖွေရာ၌ လင်းယွန် အတွက် အခက်အခဲ မရှိ လွယ်ကူ သင့် လေသည်။
ရုတ်တရက် လင်းယွန် ရှေ့၌ လူရုပ် သုံးရိပ် ထွက်ပေါ် လာ၏။ သို့သော် လင်းယွန်၏ မျက်နှာကို ထင်ရှားစွာ တွေ့မြင် ပြီးနောက်၊ သူတို့၏ မျက်နှာများ ပြောင်းလဲ သွားသည်။
" အဲဒါ လင်းယွန် "
" သောက်ပဲ...၊ ငါတို့ရဲ့ ပထမဆုံး သားကောင် အတွက်၊ သူနဲ့ လာတွေ့ရ တယ်လို့၊ ဘယ်လိုကံဆိုးမှု မျိုးလဲ ပြေး .... ”
သုံးယောက်သား မျက်စိတစ်မှိတ် အတွင်း အဝေးသို့ ပြေးထွက် သွားကြသည်။ သူတို့၏ မျက်နှာများ ကိုပင် မြင်တွေ့ချိန် မရခဲ့ပေ။
“ ဒါက အလုပ် မဖြစ်ဘူး … ငါ့ကို မြင်မှတော့ ဘယ်သူက တိုက်ခိုက်ဖို့ သတ္တိရှိတော့ မှာလဲ။ ”
လင်းယွန်က သူ့ နှာခေါင်းကို လက်ညှိုးဖြင့် ပွတ်သပ် လိုက်ပြီး၊ ကျူးဖန်ထံမှ ရရှိသော မျက်နှာဖုံးကို ထုတ်ယူကာ၊ တပ်ဆင် လိုက်သည်။
မျက်နှာဖုံးကို တပ်ဆင် လိုက် သည်နှင့်၊ သူ၏ အရှိန်အဝါ များမှာ လုံးဝ ပြောင်းလဲ သွားတော့၏။
“ အခုတော့ ငါ့ကို ဘယ်သူ ကမှ မှတ်မိဖို့ နည်းလမ်း မရှိတော့ ပါဘူး …”
သူ့ နောက်ကျောတွင် ထမ်းပိုး ထားသော ဓားသေတ္တာနှင့် ပတ်သက် ၍မူ၊ စိုးရိမ် စရာ မရှိ ခဲ့ပေ။ ဓားနန်းတော်၏ တပည့် အများစုမှာ၊ ဓားသေတ္တာ များကို သူတို့ နှင့်အတူ သယ်ယူ သွားလေ့ ရှိသည်။
လင်းယွန်၏ ကျောက်စိမ်း ပြားတွင် ကြယ်ရှစ်ပွင့် ရရှိရန် အချိန် မကြာခဲ့ပေ။ မျက်နှာဖုံး တပ်လိုက် ပြီးနောက်၊ ပြိုင်ဘက် များကို ရှာဖွေရန် ပိုမို လွယ်ကူ ခဲ့ကာ၊ ပါဝင်သူ ခုနစ်ဦးကို လျင်မြန်စွာ ဖယ်ရှား ခဲ့သည်။
ရုတ်တရက် ပြင်းထန်သော လေပြင်းများ လင်းယွန်ကို ဖြတ်တိုက် သွား၏။
ထိုလေပြင်းများ ထဲတွင် ဓား ဆန္ဒများ ပါဝင်ကာ၊ အဆိုပါ ဓား ရည်ရွယ်ချက်ဖြင့် ဖြတ်တောက် ခံရသော၊ သစ်ရွက်များက အလင်းတန်း များ ကဲ့သို့၊ လွင့်ပျံ သွားလေသည်။
“ ဘယ်လောက်တောင် အစွမ်းထက် လိုက်တဲ့ ဓား ရည်ရွယ်ချက်လဲ ”
လင်းယွန်က လေးနက်သော အတွေးထဲသို့ ရောက်ရှိ သွား ခဲ့သည်။ လေပြင်းများ နှင့်အတူ ကပ်ညိ ပါဝင် လာသော ရှေ့နား ဆီမှ တိုက်ပွဲ ဖြစ်ပွား နေသံ များကို၊ သူ ကြားနေ ရသည်။
တစ်စုံတစ်ယောက်သည် 'ဓားတိမ်ယံ အမြုတေ'ကို ဖွဲ့စည်း ထားနိုင်သော၊ နတ်ဆိုး သားရဲ တစ်ကောင်နှင့်၊ ရင်ဆိုင် နေရသည့်၊တိုက်ပွဲဖြင့်၊ တွေ့ကြုံ ရခြင်းမှာ၊ သူ့အတွက် ကံကောင်းမှုပင် ဖြစ်သည်။
လမ်းတစ်လျှောက်တွင် တပည့်များနှင့် နတ်ဆိုး သားရဲ များကြား၊ ရန်ပွဲ များစွာကို လင်းယွန်က၊ လျစ်လျူရှု ထားနိုင် ခဲ့သော်လည်း၊ 'ဓားတိမ်ယံ အမြုတေ' အား ဖွဲ့စည်းထား နိုင်သော၊ နတ်ဆိုး သားရဲ တစ်ကောင် ဖြင့်မူ၊ မတူညီသော အမြင် ဖြစ်သည်။
လက်နှစ်ဖက်ကို ဆန့်တန်းကာ တောအုပ် အတွင်းသို့ ပေါ့ပါးစွာ ခုန်ဝင် လိုက်၏၊ အနည်းငယ် ပြေးလွှား ပြီးနောက် သစ်ကိုင်း တစ်ကိုင်းပေါ် ခုန်ဆင်း လိုက်သည်။
မီတာ ငါးရာ အကွာ၌ ပြင်းထန်သော တိုက်ပွဲ တစ်ပွဲ ဖြစ်ပွား နေခဲ့သည်။ မီးတောက်များ ဖုံးလွှမ်း နေသော နတ်ဆိုး သားရဲ တစ်ကောင်ကို တိုက်ခိုက် နေသည့် လူရိပ် ငါးရိပ် ရှိသည်။
တိုက်ပွဲ ဝင်နေသော နတ်ဆိုး သားရဲမှာ ပြင်ပကမ္ဘာတွင် တွေ့ရ ခဲသော၊ နက်နဲ စတုတ္ထ အဆင့် ခွန်အားကို ပိုင်ဆိုင် ထားသည့် တိမ်မီးလျှံ ကျားသစ် ဖြစ်၏။
သို့သော် ဤနေရာ၌ ၎င်းအား တိုက်ခိုက်ရန်အတွက် ပြင်ပ တပည့် ငါးဦး လိုအပ် လေသည်။
အဖွဲ့ကို ဦးဆောင် နေသော အပြာဝတ် လူငယ်တွင် မြင့်မားသော ကျင့်ကြံမှု မရှိပါလျှင်၊ တိုက်ပွဲ၌ အသာစီး ရနိုင် စရာ အကြောင်း၊ မရှိချေ။
တိမ်မီးလျှံ ကျားသစ်မှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိ ခဲ့ပြီး၊ ၎င်းကို ဖြုတ်ချရန် အချိန် တန်ပြီ ဖြစ်သည်။ ရလာဒ်မှာ မျှော်မှန်း ထားသည့် အတိုင်း၊ တိမ်မီးလျှံ ကျားသစ်က မြေပြင် ပေါ်သို့ ပြိုလဲ သွားခဲ့သည်။
" နောက်ဆုံးတော့ ပြီးသွားပြီ "
“ စတုတ္ထ အဆင့် နတ်ဆိုး သားရဲလေး တစ်ကောင်က၊ တကယ်ကို အစွမ်းထက် လွန်းတယ်၊ စီနီယာ အစ်ကို ချန်ရဲ့ ကျေးဇူးပဲ၊ မဟုတ်ရင်၊ ငါတို့ အနိုင်ယူ နိုင်မှာ မဟုတ်ဘူး။ ”
" သူ့မှာ အစွမ်းထက်တဲ့ ဓားတိမ်ယံ အမြုတေ ရှိတယ် ''
သူတို့ အဖွဲသည် ၎င်းတို့၏ ဒဏ်ရာ များကို လစ်လျူရှု ထား ကြကာ၊ မျက်နှာ များတွင် စိတ် လှုပ်ရှား မှုများ အထင်းသား ပေါ်လွင် နေခဲ့သည်။
သို့သော် ဓားတိမ်ယံ အမြုတေကို ခွဲထုတ် နေစဉ် မှာပင်၊ အပြာဝတ် လူငယ်၏ မျက်နှာမှာ၊ ရုတ်တရက် ပြောင်းလဲ သွားပြီး၊ သူက "ခဏလေး " ဟု ထအော် လိုက်၏။
သူ့ မျက်ဝန်း များမှာ သစ်ကိုင်း တစ်ခု ပေါ်တွင်၊ ရပ်နေသော လင်းယွန်ကို မော့ကြည့် လိုက်ကာ၊
" မင်း ဘယ်သူလဲ "
ဟု မျက်မှောင်ကြုတ်လျက် မေးမြန်း လိုက်လေသည်။
ချန်လင်း၏ မေးမြန်း လိုက်သံကြောင့်၊ လင်းယွန်ကို သတိထား မိ သွားသော အခြား သူများ မှာလည်း ထိတ်လန့် သွား ကြသည်။
" ငါက ချန်လင်းပါ၊ မင်း ဘယ်သူလဲ၊ မင်းကိုယ်မင်း ဖုံးကွယ်ပြီး၊ ဘာလုပ်ဖို့ ကြိုးစား နေတာလဲ "
အပြာရောင်ဝတ် လူငယ်က သူ့ မျက်ခုံး ကြားမှ၊ လူသတ် ရောင်ဝါကို ထုတ်လွှတ် ထား လျက်၊ တလာခြင်း မရှိသော သစ်ကိုင်း ပေါ်မှ လူရိပ်ကို ထပ်မံ မေးမြန်း လိုက်ပြန်သည်။
" တိမ်လွှာမိုးကြိုး ဓားနဲ့ ...၊ နာမည်ကြီး လာတဲ့ ချန်လင်း ...."
လင်းယွန်က ချန်လင်း၏ ဝိသေသကို ထုတ်ဖော် ရေရွတ် လိုက်၏၊ သူ၌ ကောင်းမွန်သော မှတ်ဉာဏ် ရှိသောကြောင့်၊ သေမျိုး အဆင့် ထိပ်တန်း တစ်ရာ အတွင်းရှိ၊ မည်သူ့ကို မဆို ပြတ်ထင်စွာ မှတ်မိ နေခဲ့သည်။
"ငါ့ နာမည်ကို သိပြီး တဲ့နောက်၊ မင်းဘာလို့ ဒီမှာ ရှိနေ သေးတာလဲ။ "
ချန်လင်းက မောက်မာသော လေသံဖြင့်၊ မေးခွန်း ထုတ် လိုက်သည်၊ မဟာမိတ် ပြည်ထောင်စု တိုက်ပွဲ အတွင်း ဝင်ရောက် လာခဲ့သော၊ ပြင်ပတပည့် ငါးထောင် ကြားတွင်၊ သေမျိုး အဆင့် လေးဆယ့် ရှစ်၌ ရပ်တည်ထား နိုင်သော၊ သူ၏ ဖြစ်တည် မှုမှာ သဘာဝ အတိုင်း ပေါ်လွင် နေပေသည်။
" ဘာလို့လဲ ဆိုတော့ .... ၊ ငါက မင်းတွေ့ဖူး ထားတဲ့ သူတွေ မဟုတ်လို့ပဲ ...။ ''
လင်းယွန်က ပြုံးကာ ပြန်ဖြေ လိုက်ပြီး၊ အောက်ကို ငုံ့ကြည့် လိုက်၏၊ မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ ချန်လင်း ရှေ့၌ ထွက်ပေါ် လာပြီး လက်သီးဖြင့်၊ တွန်းထုတ် ပစ်လိုက် လေသည်။
***