← Chapters

ဇောင်ယွန်းရှန်။

Vol. 21 Ch. 282

ဇောင်ယွန်းရှန်။

Vol. 21 Ch. 282

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ ချန်လင်း ရှေ့၌ ထွက်ပေါ် လာပြီး လက်သီးဖြင့်၊ တွန်းထုတ် ပစ်လိုက် လေသည်။

ရွှေကျီးကန်း တံဆိပ်ကို ဖွဲ့စည်း ပြီးနောက် လင်းယွန်၏ အရှိန်မှာ အလွန် လျင်မြန် လှသည် ဖြစ်ရာ၊ လေဟာ နယ်ကို စုတ်ဖြဲ နေသော ပုံသဏ္ဍာန် တစ်ခု၏၊ အသံ ကိုသာ ကြားလိုက် ရသည်။

လက်သီးများက လျှပ်စီး လက် သကဲ့သို့၊ ချန်လင်း၏ မျက်နှာ ရှေ့၌ ရုတ်တရက် ထွက်ပေါ် လာသည်။

လျင်မြန်စွာ တိုးဝင် လာသော လက်သီး များကြောင့်၊ ချန်လင်းမှာ ထိတ်လန့် သွားပြီး၊ နောက်သို့ ဆုတ်သွား ခဲ့သည်။

သေမျိုး အဆင့် လေးဆယ့်ရှစ်၌ ရှိသော၊ သူတစ်ယောက် အနေဖြင့်၊ သဘာဝ အလျောက် ထိုက်သင့်သော ခွန်အား အချို့ ရှိပြီး၊ လက်သီး များကို ရှောင်တိမ်း သွားနိုင် ခဲ့သည်။

လက်သီးချက် များမှာ လေကိုသာ ထိုးမိ သွားသော်လည်း၊ ၎င်း၏ အဟုန်ကြောင့် လေထဲတွင် ပေါက်ကွဲ သံများ၊ ထွက်ပေါ် နေခဲ့သည်။

" အတူတူ တိုက်ရအောင် "

ချန်လင်းက ပြိုင်ဘက် ထံမှ ထိတ်လန့်ဖွယ် အငွေ့ အသက် များကြောင့်၊ ရပ်ကြည့် နေသော သူ့အဖွဲ့ သားများကို အမိန့်ပေး လိုက်၏။

" ဒီမှာ ငါ့ဓား ကြည့် ...."

သူ့ အဖော် လေးယောက်က လင်းယွန် ဆီသို့၊ ချက်ခြင်းပင် ဦးတည်လျက် ပြေးဝင် တိုက်ခိုက် လာ ကြသည်။

လမ်းကြောင်း လေးခုမှ အလင်းတန်းများ သဖွယ်၊ ပြေးဝင် လာသော ဓား လေးလက်၏ လေခွင်း သံများမှာ၊ တောအုပ် အတွင်း ဆူညံ သွားလေသည်။

ဓားနန်းတော်၏ တပည့်များ ပီပီ၊ သူတို့၏ ဓားနည်းစနစ် များမှာ သဘာဝ အတိုင်း ထက်မြက် ကြပေသည်။

သို့သော် လင်းယွန်က 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' အား၊ ထုတ်ဖော် လိုက်ပြီး၊ နောက်ဆက်တွဲ ပုံရိပ် တစ်ရိပ် စီတွင်၊ ဝင်လာသော တိုက်ခိုက်မှု များကို ဖျက်ဆီး ရန်အတွက်၊ လက်သီး တစ်ချက် စီအား ချန်ထား ခဲ့လိုက်သည်။

၎င်းတို့၏ မူလ စွမ်းအင် ခြားနား ချက်မှာ သိသာ ထင်ရှား လှပေသည်။ တိုက်ခိုက်ရန် ပြေးဝင် လာသော တပည့် လေးယောက်မှာ၊ မျက်နှာများ သိသိ သာသာ ပြောင်းလဲ သွား၏။

မျက်နှာဖုံး ရှင်၏ တန်ပြန် တိုက်ခိုက် လာသော လက်သီးများ ထံမှ၊ စွမ်းအင် သက်ရောက်မှု များသည်၊ သူတို့ လက်ထဲရှိ ဓားများကို၊ ပြုတ်ကျ လုနီးပါး ဖြစ်စေ ပြီးနောက်၊ ခြေလှမ်း များစွာ နောက်ပြန် ဆုတ်သွားရန်၊ တွန်းထုတ် ခံလိုက်ရသည်။

၎င်းတို့မှာ လေးဦး ဖြစ်သော်လည်း၊ တစ်စုံ တစ်ယောက်အား သိုင်းကွက် တစ်ကွက် တည်းဖြင့်၊ ရှုံးနိမ့်သွား ခဲ့ရသည်။

" သေ စမ်း "

နောက် တစ်ကြိမ် ထပ်မံ ပြေးဝင် မတိုက်ခိုက်မီ၊ လေးယောက်သား အကြည့်ချင်း ဖလှယ် လိုက် ကြ၏။

မျက်နှာဖုံး နောက်ကွယ်ရှိ လင်းယွန်၏ အေးစက်သော မျက်လုံး များက စူးရှစွာ တောက်ပ လာတော့သည်။

သူတို့၏ ဓား နည်းစနစ် များမှာ အတော်ပင် သင့်လျော် လှပြီး၊ ၎င်းတို့ လေးဦးအား အသုံးချကာ၊ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ကို၊ စမ်းသပ် လိုခဲ့သည်။

ထိုသို့ ဆုံးဖြတ်ချက် ချပြီး သည်နှင့် တိုက်ခိုက် ခြင်းကို ရပ်လိုက်၏၊ ဆန့်ကျင် ဘက် အနေဖြင့်၊ ဝင်လာသော တိုက်ခိုက်မှု များကို ရှောင်ရှားရန် 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ကို အသုံးပြု လိုက် လေသည်။

'' ဝှစ်........ ''

ထိုနေရာ တဝိုက်တွင် အချိန် အတော်ကြာ အောင်ပင် လိုက်လံ တိုက်ခိုက် နေရသည် ဖြစ်ရာ၊ သူတို့ လေးယောက်မှာ မောပန်း နွမ်းနယ် သွား ကုန်သည်။

လင်းယွန်ကို တစ်ချက်မျှ ထိမှန်အောင် မစွမ်းဆောင် နိုင်ခဲ့ပေ။ ထို့ကြောင့်ပင် လေးယောက်သား ဘာလုပ် ရမှန်း မသိ ဖြစ်ကုန်ပြီး၊ အချင်းချင်း ပြန်ကြည့် လိုက်ကာ၊ ဆက်လက် တိုက်ခိုက်ခြင်း မပြု တော့ဘဲ၊ တုန့်ဆိုင်း သွား ကုန်၏။

'' ဟိတ်....... ''

၎င်းအခိုက် အတန့်မှာပင်၊ မိုးကုပ် စက်ဝိုင်းဆီမှ လျှပ်စီးလက် သကဲ့သို့ လျင်မြန်သော အဟုန်ဖြင့်၊ ဓားတစ်လက် ကျဆင်းလာ ခဲ့သည်။

နောက်ဆုံးတွင် ချန်လင်းမှာ လှုပ်ရှား လာသည်ကြောင့်၊ သူတို့ လေးယောက်က၊ ဝမ်းသာသွား ကြသည်။

" ဒါ... စီနီယာ အစ်ကို ချန်ရဲ့၊ 'တိမ်လွှာ မိုးကြိုး ဓား' ပဲ။ "

" အဲဒီ လူက ငါတို့ကို လှည့်စား နေတာ ကြာပြီ၊ အခုတော့ စီနီယာ အစ်ကိုချန် ရဲ့၊ တိမ်လွှာမိုးကြိုး ဓားကို မြည်းစမ်း ရမယ့် အချိန်ပဲ။ ”

“ သူ ဘယ်လို အသက်ရှင် နိုင်ဦးမလဲ ဆိုတာ ကြည့်ရအောင်။ ”

လင်းယွန်၏ နှိမ့်ချခြင်း ခံရ သောကြောင့်၊ လေးယောက်လုံးက ဒေါသတကြီး ဖြစ်နေ ကြသည်။

" တိမ်လွှာ မိုးကြိုး ခုတ်ပိုင်းခြင်း "

ချန်လင်းက ကြုံးဝါး လိုက်သည်။ သူ၏ ဓား ရည်ရွယ်ချက်မှာ မိုးခြိမ်းသံ များနှင့် အတူ လျှပ်စီး ကြောင်း ကဲ့သို့၊ လင်းယွန်ထံ ပြေးဝင် သွားလေသည်။

၎င်းဓားချက်သည် ထူးခြားသော နည်းစနစ် တစ်ခု ပေပင်။ ဓားကို လျှပ်စီးကြောင်း သဖွယ်၊ ထုတ်ဖော်ရ ပြီးနောက်၊ တိမ်လွှာ မိုးကြိုးဓား၏ အနှစ်သာရကို ထုတ်ဖော် ရခြင်း ဖြစ်သည်။

"အချိန်ကောင်းပဲ "

လင်းယွန်က တိုးဝင် လာသော လျှပ်စီး ကြောင်းကို ကြည့်ကာ၊ ရယ်မော လိုက်ပြီး ဓားသုတ္တန်ကို ဖြန့်ချီ လိုက်၏။

သိပ်သည်း လှသော ခရမ်းရောင် မူလ စွမ်းအင် များက သူ့ခန္ဓာ ကိုယ်အနှံ့ စီးဆင်း လာ၏။

အထွတ် အထိပ် သတ္တမ အဆင့်၌ ရှိသော၊ 'ဓားသုတ္တန်' သည်၊ ချန်လင်း၏ နောက်ဆုံး အရွေ့ကို တွန်းလှန် နိုင်ခြင်း ရှိမရှိ၊ သိချင် လှပေသည်။

"ဒီကောင် ရူးနေတာလား "

လင်းယွန်က ရှောင်တိမ်းခြင်း မရှိ သည်ကြောင့်၊ လေးယောက်သား အံ့သြသွား ကြသည်။

"သေ.... "

ချန်လင်း၏ နှလုံးသားမှာ လေးနက် တည်ငြိမ် သွား၏။ ဤလူမိုက်သည် သေဆုံး မှုအတွက်၊ သူကိုယ် သူသာ အပြစ် တင်နိုင် ပေမည်။

သို့သော် 'တိမ်လွှာမိုးကြိုး ဓားချက်' ကျရောက်ခါ နီးတွင်၊ မျက်နှာဖုံး ရှင်မှာ သူ့ အပြောင်း အရွှေ့ကို စတင် လာခဲ့သည်။

လင်းယွန်က လက်သီးကို ဆုပ် လိုက်ပြီး သူ့၏ မူလ စွမ်းအင် များကို တွန်းထုတ် ပစ် လိုက်၏။ ထိုလက်သီးတွင် မည်သည့် သိုင်း နည်းစနစ်မျှ မပါဝင် ခဲ့ချေ။ အရိုင်း ဆန်သော လက်သီး တစ်လုံးသာ ဖြစ်ပေသည်။

လက်သီးနှင့် ဓားတို့ ထိပ်တိုက် တွေ့ဆုံ ပြီးနောက်၊ 'တိမ်လွှာ မိုးကြိုး ဓား' အရှိန် အဝါမှာ ချက်ချင်း ပြိုကျ သွား၏။

အရှိန်အဝါ ထိုးခွဲ ခံရ သည်ကြောင့်၊ ချန်လင်းမှာ နာကျင်သော အမူအရာဖြင့် သွေးများ အန်ချလျက်၊ လွင့်ထွက် သွားသည်။ သူ့ ညာဘက်လက် တစ်ဖက်လုံး ထုံကျင်သွား သကဲ့သို့၊ ခံစား လိုက်ရ၏။

" စီနီယာ အစ်ကို ချန်... "

ထိုမြင်ကွင်းကြောင့် တပည့် လေးယောက်မှာ တုန်လှုပ် သွား ကြသည်။ သည့်အပြင် မျက်နှာဖုံး ရှင်တွင်၊ ဒဏ်ရာ ရရှိ သွားခြင်း၊ မရှိ သည်ကို သိလိုက် ရသောကြောင့်၊ ပို၍ ထိတ်လန့် မိ၏။

" ဟမ်... မင်းငါ့ရဲ့ တိမ်လွှာ မိုးကြိုး ဓားကို လက်သီးနဲ့ ချိုးဖြတ် လိုက် တာလား.. ။ "

ချန်လင်း၏ မျက်လုံးများ ထဲတွင် ကြောက်ရွံ့မှုများ ရှိနေ ခဲ့သည်။ ထို့နောက် ခြေထောက်ပေါ် ထရပ်ကာ၊ ထွက်ပြေးရန် ပြင်လိုက်သည်။ သို့သော် မျက်နှာဖုံး ရှင်က၊ သူတို့ ရှေ့၌ ရုတ်တရက် ထွက်ပေါ် လာပြီး၊ ပြုံးလျက်ဖြင့်၊

" မင်းတို့က ထွက်သွား ရအောင်၊ ငါ .... ခွင့်ပြု ခဲ့လို့လား။ "

" ငါတို့က မင်းကို 'ဓားတိမ်ယံ အမြုတေ'ကို ပေးထား ပြီးပြီ မဟုတ်လား၊ ထပ်ပြီး တွန်းမပို့ ချင်ပါနဲ့ "

ချန်လင်းက အံကြိတ်လျက် ပြန်ဖြေ လိုက်သည်။

" ငါ့က သေမျိုး အဆင့် လေးဆယ့်ရှစ်မှာ ရှိတယ်၊ မင်းငါ့ကို အနားကနေ တွန်းထုတ် ချင်ရင် နောင်တရ လိမ့်မယ်။ "

စကားဆုံးသည်နှင့် သူ့အား တုံ့ပြန် လာသည်မှာ မျက်နှာဖုံး ရှင်၏ လက်သီး တစ်လုံးသာ ဖြစ်ပြီး၊ ဓားဖြင့် ထိုးလိုက် သကဲ့သို့ ပြတ်ရှ နာကျင် သွားလေသည်။

လေးနက်သော ခြေလှမ်း ခုနစ်လှမ်း၏ ရွှေကျီးကန်း တံဆိပ်နှင့်၊ တွဲလျက် ထုတ်ဖော် ထားသော ဤ လက်သီး ချက်ကြောင့်၊ ချန်လင်း၏ အဖွဲ့အား မျက်လုံးပြူး စေခဲ့သည်။

ရုတ်တရက် သူ့ ရင်ဘတ်ကို လက်သီးဖြင့် အထိုး ခံလိုက်ရ သည်ကြောင့်၊ နံရိုးများ ကျိုးသွားကာ၊ သွေးတစ်လုပ် အန်လျက် သစ်ပင်ကြီး တစ်ပင် ပေါ်သို့ လွင်စင် သွားခဲ့သည်။

ကျန်လေးယောက်က လင်းယွန်ကို ကြောက်လန့် တကြား မော့ကြည့်ပြီး၊ တုန်လှုပ်သွား ကြ၏။

လင်းယွန်က မြေပြင် ပေါ်တွင် ခြေထောက်ကို ပုတ်လိုက် သည်နှင့်၊ ရိပ်ခနဲ ပျောက်ကွယ် သွားကာ၊ ချန်လင်း ရှေ့၌ ပြန်ပေါ် လာသည်။ စကား တစ်ခွန်းမှ မပြောဘဲ သူ့လက်ကို ကမ်းပေး လိုက်၏။

အဟွတ် ဟွတ်...။

ချောင်းဆိုး နေလျက်မှ ချန်လင်းက သူ၏ ကျောက်စိမ်း ပြားကို ပေးအပ် လိုက်ရသည်။

“ငါ့ကို ကြယ် တစ်ပွင့်နဲ့ ထားခဲ့ ပေးပါ” ဟု တိုးညှင်းစွာ ကြိုးစား တောင်းဆို လိုက်၏။

" မင်း ဆန္ဒ အတိုင်းပဲ။ "

ချန်လင်း၏ ကျောက်စိမ်းပြား ပေါ်တွင် ကြယ်ကိုးပွင့် ရှိပြီး၊ လင်းယွန်က ကြယ် ရှစ်ပွင့်ကို ထုတ်ယူကာ၊ ချန်လင်း ထံသို့ ပြန်ပေး လိုက်သည်။

ကြယ်များကို ယူဆောင် ပြီးနောက်၊ တိမ်မီးလျှံ ကျားသစ် ဆီသို့ ဦးတည် သွား ခဲ့သည်။ အလောင်း ထံမှ မီးတောက်များ ဖုံးလွှမ်း နေသော၊ သားရဲ အမြုတေကို လျင်မြန်စွာ ထုတ်ယူ လိုက်၏။

အဆိုပါ သားရဲ အမြုတေကို အနီးကပ် ကြည့်လိုက် သော အခါတွင်၊ တိမ်တိုက် နှစ်ခု နှင့်အတူ၊ ဓား ရည်ရွယ်ချက် များ ပါရှိ နေလေသည်။

သားရဲ အမြုတေကို ကြည့်ရုံဖြင့်၊ သူ့ မျက်လုံး များတွင်၊ နာကျင် ကိုက်ခဲမှုများ ခံစား လိုက် ရသည်။

“စိတ်ဝင်စားဖို့ ကောင်းလိုက်တာ… ဓားရည်ရွယ်ချက်က သဘာဝ အတိုင်း ဝိညာဉ်စွမ်းအင် ရူရ် တွေအဖြစ်၊ အမှန်တကယ် ပေါင်းစပ် ထားနိုင် တာပဲ၊ ဒါကြောင့်လည်း 'ဓားတိမ်ယံ အမြုတေ'လို့ ခေါ်တာ၊ အံ့သြ စရာတော့ မရှိပါဘူး၊ ''

သည်သားရဲ အမြုတေသည် အဘယ်ကြောင့် ဤမျှ တန်ဖိုးရှိ နေသည်ကို လင်းယွန်က နားလည် သွားသည်။

၎င်းသားရဲ အမြုတေတွင် စူးရှ သော၊ ဓားအလင်းများ ဖြာထွက် နေပြီး၊ ဓား ရည်ရွယ်ချက်မှာ ဓားသမား တိုင်းကို စွဲဆောင် လေသည်။

ဓားသင်္ချိုင်း တောင်ကုန်းသည် ဓားနန်းတော်ရှိ ရတနာ နယ်မြေကြီး လေးခု ထဲမှ၊ တစ်ခု အဖြစ် ထင်ရှား ကျော်ကြား ထိုက်ပေသည်။

“ အဲ့ဒါက ဒုတိယတန်း အမြုတေပါ ... ''

ရပ်ကြည့်နေသော တပည့် တစ်ယောက်က၊ အားမလို အားမရဖြင့် ဝင်ရောက် ပြောဆို လိုက် သည်ကြောင့်၊ ချန်လင်းက ဒေါသ တကြီးဖြင့်၊ စကား ဝင်ပြော လိုက်သော၊ သူကို လှည့်ကြည့် လိုက်သည်။

ချန်လင်း၏ အကြည့်ကို သတိထား မိသွားသော ထိုတပည့်က ချက်ချင်းပင် ပါးစပ် ပိတ်သွားသည်။

သူတို့၏ အပြုအမူ များကြောင့်၊ မျက်နှာ ဖုံးရှင်မှာ၊ ဒေါသ ထွက်လာပြီး၊ ကျောက်စိမ်းပြား များကို၊ ဖျက်ဆီး ပစ်မည်အား စိုးရိမ် မိသဖြင့်၊ ထိတ်လန့်စွာ ပြန်ကြည့် လိုက်၏။

ကျောက်စိမ်း ပြားများကို ဖျက်ဆီး ခံရပါက၊ ပြိုင်ပွဲမှ ထွက်ခွာ သွားရမည် ဖြစ်သည်။

မျက်နှာဖုံး ရှင်မှာ ဓားတိမ်ယံ အမြုတေအားလုယူ သွား သော်လည်း၊ ကျောက်စိမ်းပြား များကို မဖျက်ဆီး သ၍၊ ဓားသင်္ချိုင်း တောင်ကုန်း အတွင်း၌ အရာ အားလုံး ပြန်ရ နိုင်သည်။

ထို့ကြောင့်ပင်၊ မျက်နှာဖုံး ရှင်အား စိတ် အနှောက် အယှက် ဖြစ်စေမည့် မည်သို့သောအပြု အမူ မျိုးကိုမျှ၊ မကျူးလွန် စေလို ခဲ့ပေ။

ကံကောင်း ထောက်မစွာဖြင့်၊ မျက်နှာ ဖုံးရှင်မှာ ထိုစကား များကို မကြား ခဲ့ဘဲ၊ 'ဓားတိမ်ယံ အမြုတေ' ကိုသာ အာရုံ စိုက်နေ ခဲ့သည်။

" မင်း ဘယ်သူလဲ ဆိုတာ၊ ငါမေးလို့ ရမလား "

သားရဲ အမြုတေအား သိမ်းယူကာ၊ ထွက်ခွာ သွား တော့မည့် လင်းယွန်အား ကြည့်လျက်၊ သတ္တိ အနည်းငယ်စု ဆောင်းပြီး၊ မေးမြန်း လိုက်လေသည်။

လင်းယွန်လို သန်မာသော တစ်စုံ တစ်ယောက်၏ အမည်ကို၊ ပြင်ပ ဂိုဏ်းတွင် မကြားဖူး သည်မှာ၊ သူ့ အတွက် အဓိပ္ပါယ် မရှိပေ။

'' ငါ့နာမည်က ဇောင် ယွန်း ရှန် ... ''

" ဇောင် ယွန်း ရှန် ..... "

ချန်လင်းက သူ့ အဖွဲ့နှင့် အကြည့်ချင်း ဖလှယ် လိုက်၏။ သူတို့ ၎င်းနာမည်ကို ယခင် အချိန်များ၌ တစ်ကြိမ်မျှ မကြားခဲ့ ဖူးချေ။ ထို့ကြောင့် ဖြစ်နိုင် ချေမှာ၊ တစ်ခုသာ ရှိပေ တော့သည်။

ဓားနန်းတော်တွင် သေမျိုး အဆင့်၌ မပါသော တပည့် အချို့ ရှိကြပြီး၊ သူတို့၏ အချိန် အများ စုကို ဂိုဏ်း ပြင်ပတွင် ကုန်ဆုံး စေသော အရူး ကျင့်ကြံ သူများ ဟုသာ ခေါ်ဆို ကြသည်။

ထိုလူများထဲမှ တပည့် အချို့မှာ၊ သေမျိုး အဆင့် ထိပ်တန်း ဆယ်ဦး စာရင်းဝင် သူများထက်၊ နိမ့်ကျခြင်း မရှိပေ။

ဤ ဇောင်ယန်းရှန်သည်၊ မဟာမိတ် ပြည်ထောင်စု တိုက်ပွဲ အတွက် အထူး တလည် ပြန်လာ ခဲ့သည့်၊ ထို ကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်နိုင်ချေ ရှိသည်။

"အစ်ကို ဇောင် မဟုတ်ဘူး …၊ သခင်လေးဇောင် မင်း... ခဏ နေပါဦး "

ချန်လင်း၏ မျက်လုံးများ တောက်ပ လာပြီး၊ လင်းယွန် ရှေ့သို့ တိုးဝင် ဟန့်တားရန် ခြေလှမ်း ပြင်လိုက်၏။

" မင်း ဘာပြောချင် လို့လဲ "

လင်းယွန်က မျတ်မှောင်ကြုတ်ကာ မေးသည်။ လှည့်ကွက် တစ်ခုခုကို သတ္တိ ရှိရှိ ကစားရဲ ပါလျှင်၊ ပြိုင်ပွဲမှ ဖယ်ပစ် ဖို့ရန် အထိ၊ ဆုံးဖြတ်ထား လိုက်သည်။

"အစ်ကို ဇောင်၊ မင်းက ... မင်းရဲ့ အချိန် တွေကို ဂိုဏ်းရဲ့ ပြင်ပမှာ ကုန်ဆုံး စေခဲ့ ပုံပဲ၊ ဒါကြောင့် ဓားသင်္ချိုင်း တောင်ကုန်း အကြောင်းကို မင်း သိပ် မသိဘူးလို့ ထင်မိတယ်၊ ငါ့ အထင် မှန်လား။ "

ချန်လင်းထံ၌ မောက်မာသော အမူအယာများ ပျောက်ကွယ် သွားခဲ့ကာ၊ အတတ် နိုင်ဆုံး ကြိုးစားပြီး ပြုံးပြ လိုက်၏။

သို့သော် လင်းယွန်က သူ့အား အကြောင်း မပြန်ပေ။

“ ငါခန့်မှန်းတာ မှန်ပုံ ရတယ်၊ အစ်ကိုဇောင် ဓားဧကရာဇ် ဆေးပင် အကြောင်း၊ မင်း ကြားဖူးလား "

" ငါမသိဘူး ''

“ ဒါက ဓားမြှုပ်နှံ ထားတဲ့ တောင်ထိပ် မှာသာ ရှာတွေ့ နိုင်တဲ့ ရှားပါး ရတနာ တစ်မျိုးပဲ၊ နတ်ဆိုး သားရဲ တွေက 'ဓားဧကရာဇ် ဆေးပင်' ကို စားသုံး ပြီးတာနဲ့၊ သူတို့ရဲ့ 'ဓားတိမ်ယံ အမြုတေ' ကို ဖွဲ့တည် နိုင်တယ်၊ ''

'' ကျင့်ကြံ သူတွေ အတွက် ကတော့၊ ဓား ရည်ရွယ်ချက်ကို ပိုမို သန့်စင် နိုင်တယ်၊ လူ များစွာက ဘဝနဲ့ သေခြင်း အတွေ့ အကြုံကို နားမလည် နိုင်ကြ တာကြောင့်၊ သူတို့ရဲ့ ဓား ရည်ရွယ်ချက်က ထင်သလောက် မသန့်စင် နိုင်ဘူး၊ ဒါပေမယ့် ဓားဧကရာဇ် ဆေးပင်နဲ့ ဆိုရင်တော့ ဆန့်ကျင်ဘက် အဓိပ္ပါယ်ကို ဆောင်တယ်။ ”

ချန်လင်း၏ မျက်လုံးများ တောက်ပ လာကာ၊ သူ့ ဒဏ်ရာ များကိုပင် မေ့လု မေ့ခင် ဖြစ်လာ ခဲ့သည်။ အတွေးဖြင့်ပင် ဓားဧကရာဇ် ဆေးပင်မှာ၊ သူ့အား စိတ်လှုပ်ရှား လာစေ၏။

လင်းယွန်က ချန်လင်းနှင့် အဖွဲ့ကို ပြန်လှည့် ကြည့်ပြီးနောက်၊

“မင်းရဲ့ ခွန်အားကို အခြေခံပြီး၊ ပြောရရင် ဒီဆေးပင် ရယူဖို့ မဖြစ်နိုင် ပါဘူး။ ”

ထိုကဲ့သို့သော ရတနာ တစ်ပါး အတွက် ဖြစ်ပွား လာမည့် တိုက်ပွဲမှာ၊ သဘာဝ အားဖြင့် အန္တရာယ် များနှင့်၊ ပြည့်နှက် နေတက်ပြီး၊ မဆင် မခြင် လုပ်ဆောင် ရသော လုပ်ငန်းမျိုး မဟုတ်ပေ။

လင်းယွန်၏ စကားများကြောင့်၊ ချန်လင်း၏ အမူ အရာမှာ အဆင်မပြေ ဖြစ်လာ၏။ ဤအခြေ အနေကို သူ နားလည် လေသည်။

ထို့ကြောင့် ဓားဧကရာဇ် ဆေးပင်ကို ရယူရန် အတွက်၊ အခြားသော မဟာမိတ်- ပြည်နယ် သုံးခုနှင့် သဘော တူညီမှု ရယူ ခဲ့ရသည်။

'' မင်း ပြောတာ မှန်ပါတယ်၊ ဒါကြောင့်လည်း ယာယီ မဟာမိတ် အဖွဲ့၊ ဖွဲ့စည်း ဖြစ်ခဲ့တယ်၊ အခု ငါတို့ အဖွဲ့မှာ အများဆုံး အကျိုးဆောင် နိုင်တဲ့ သူက ပိုရ လိမ့်မယ်။ ”

" ဒါဆို မင်းငါ့ကို လိုက်စေ ချင်တာလား"

လင်းယွန်က ပြန်မေး လိုက်၏။ ဓားကရာဇ်ဆေးပင်၏ သွေးဆောင်မှုကို သူ မလွန်ဆန် နိုင်ပေ။

" မှန်တယ်... အစ်ကို ဇောင်... မင်းက ဓားဧကရာဇ် ဆေးပင် ဘယ်မှာမှန်း မသိပေမယ့် ငါတို့ သိပါတယ်၊ ငါတို့က တစ်ယောက်ကို တစ်ယောက် ဖြည့်ဆည်း ပေးနိုင် လိမ့်မယ်၊ ဒါပေမယ့် မင်းက ငါတို့ရဲ့၊ အဖွဲ့ဝင် တစ်ယောက် အဖြစ်၊ ဟန်ဆောင် ထားဖို့တော့ လိုတယ် ''

" ငါတို့ ပြီးရင် မင်းကို ဓားဧကရာဇ် ဆေးပင် ရဲ့ (၃၀%) ပေး နိုင်ပါတယ်။ ''

ချန်လင်း၏ ခွဲတမ်းကြောင့်၊ မျက်နှာဖုံး နောက်ကွယ်ရှိ အပြုံးကို မျက်ဝန်းများ မှတဆင့်၊ ထုတ်ဖော် ပြသ လိုက်ပြီး၊

" ဘဝင်မြင့်တဲ့ သူတွေ ဘယ်လို သေတက်လဲ မင်းသိလား"

ဟု မေးမြန်း လိုက်၏။

“ ငါ မသိပါဘူး ”

ချန်လင်းက စိတ် မသက်မသာ ခံစား ရ၏၊ ဓားဧကရာဇ် ဆေးပင်၏ တည်နေရာကို မသိ ထားသော လင်းယွန်သည် သူ၏ လမ်းညွှန် မှုသာ မရရှိ ပါက၊ (၃၀%) မဆိုနှင့် (၁၀%)ပင် ရရှိ နိုင်မည် မဟုတ်ချေ။

" ဘဝင်မြင့်တဲ့ သူတွေရဲ့ အဆုံးသတ်က၊ ကောက်ရိုးမီး တွေလို ပါပဲ၊ ခဏ အတွင်း ဖုန်မှုန့်တွေ အဖြစ် ပြောင်းလဲ သွားနိုင်တယ်၊ ''

'' မင်းရဲ့ ပါးစပ် ကနေ ထုတ်ပြော လာအောင် လုပ်နိုင်မယ့် နည်းလမ်းတွေ ငါ့မှာ တစ်ရာလောက် ရှိတယ်၊ ပြင်ပ တပည့်တွေ အကုန်လုံး ထဲမှာ ငါ့လို အားကောင်းတဲ့ မဟာမိတ်ကို မင်းရှာလို့ ရမှာ မဟုတ် တော့ဘူး ''

လင်းယွန်၏ စကားကြောင့် ချန်လင်း၏ မျက်နှာမှာ ဖြူဖျော့ သွားတော့သည်။

ကြယ်တစ်ပွင့် ချန်ထားပေး ခြင်းဖြင့်၊ သူ့ကို အသုံးဝင် နိုင်မည့် လူနုံ တစ်ယောက်ဟု၊ ချန်လင်းက နားလည်မှု လွဲနေ ပုံရ၏။

" မင်း ငါ့ကို နားမလည် ဖူးပဲ။ "

လင်းယွန်က နဝေတိန်တောင် ဖြစ်နေသော ချန်လင်းကို ကြည့်ကာ၊

" ဒါဆို မင်းကို ထပ်ရှင်း ပြမယ်၊ ငါက ကောင်းကင်က သောက်ရှူးကြယ် ...၊ မင်းကတော့ မြေပြင်က ဖုန်မှုန့်ပဲ၊ ငါ့ကိုယ်ငါ တောက်ပ နေချိန်မှာ မင်းလို လူတွေကို နေရာတိုင်းမှာ တွေ့နိုင်တယ်။"

ဤတစ်ကြိမ် ရှင်းပြ လာသော စကားများကြောင့်၊ ချန်လင်းမှာ ကျောရိုး တစ်လျှောက် အေးစိမ့်သော ခံစားချက်များ ဖြစ်ပေါ် လာလေသည်။

သူက အလျင် အမြန်ပင် ခေါင်းညိတ် သဘောတူ လိုက်ရ၏။

'' ငါ ငါ နားလည် ပါပြီ၊ ဓား ဧကရာဇ် ဆေးပင်နဲ့ ပတ်သတ်ရင်၊ မင်းကြိုက် သလို ဆုံးဖြတ် နိုင်ပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ မကြေနပ် စရာ မရှိ ပါဘူး။ ”

***

All Chapters