← Chapters

မင်းက အရည်အချင်း မပြည့်မှီဘူး။

Vol. 21 Ch. 283

မင်းက အရည်အချင်း မပြည့်မှီဘူး။

Vol. 21 Ch. 283

ဤတစ်ကြိမ် ရှင်းပြ လာသော၊ လင်းယွန်၏ စကား များကြောင့်၊ ချန်လင်းမှာ ကျောရိုး တစ်လျှောက် အေးစိမ့်သော ခံစား ချက်များ ဖြစ်ပေါ် လာလေသည်။

သူက အလျင် အမြန်ပင် ခေါင်းညိတ် သဘောတူ လိုက်ရ၏။

'' ငါ ငါ နားလည် ပါပြီ၊ ဓား ဧကရာဇ် ဆေးပင်နဲ့ ပတ်သတ်ရင်၊ မင်းကြိုက် သလို ဆုံးဖြတ် နိုင်ပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါ မကြေနပ် စရာ မရှိ ပါဘူး။ ”

ချန်လင်းက ကူကယ်ရာ မဲ့ဟန်ဖြင့် ပြုံးလိုက်၏။ သူ့ကို ဤသို့ လျစ်လျူရှုခြင်း ခံရသည်မှာ ပထမ ဦးဆုံး အကြိမ် ပေပင်။ အရှက်ခွဲ ခံခဲ့ ရသော်လည်း၊ လုံးဝ ဒေါသ မထွက် ရဲချေ။

မကြာ သေးမီက လင်းယွန်ကို (၃၀%)ဖြင့် ကမ်းလှမ်း နေသည့် အချိန်၌၊ သေမျိုး အဆင့် လေးဆယ့် ရှစ်တွင် ရှိနေသော၊ သူ့ကိုယ်သူ အနည်းငယ် ဂုဏ်ယူ နေမိ သေးသည်။

သို့သော် ယင်းသည်ပင် လင်းယွန်၏ ရက်ရော ခြင်းကို မထီမဲ့မြင် ပြုရာ ရောက်ခဲ့ ပေသည်။ ထိုအခိုက် အတန်တွင် ကိုယ့်သေတွင်း ကိုယ်တူး ယူနေ မိကြောင်း သူ မသိခဲ့ပေ။

ထိပ်တန်း ဆယ်ဦးထဲ ရပ်တည် နိုင်သော ကျန်းလဲ့ ပင်လျှင်၊ လင်းယွန် ရှေ့တွင် ဒူးထောက် ခဲ့ရသည် ဖြစ်ရာ၊ သေမျိုး အဆင့် လေးဆယ့်ရှစ်တွင်သာ ရှိခဲ့သော ချန်လင်းက၊ သူ့ကို အသုံးပြု ဖို့ရန်၊ ကြိုးစား လာခြင်းမှာ၊ မိုက်မဲ မှုသာ ဖြစ်ပေမည်။

ဤသို့သော ယုံကြည်ချက် မျိုးကို မည်သည့် နေရာမှ ရရှိ သွားသည်ကို လင်းယွန်က မစဉ်းစား နိုင်ခဲ့ချေ။ ပြီးနောက်၊

" အခု မင်းသေချာ သိပြီလား "

- ဟု အေးစက်စွာ မေးလိုက်သည်။

တစ်ချိန်တည်းမှာပင် ချန်လင်း အပေါ် ကြီးမားသော ဖိအားတစ်ခု ကျရောက် လာပြီး သူ့အား တုန်လှုပ် သွားစေ တော့၏။

" ငါတကယ် သဘော တူပါတယ်။ "

ချန်လင်း နှလုံးသား၏ နောက်ဆုံး မာနမှာ အလွှာလိုက် ပြိုကျ သွားပြီး၊ လင်းယွန် ရှေ့၌ သိမ်ဝပ် သွားလေသည်။

“ဒါဆို အခု လောလောဆယ် မင်းရဲ့ 'မတူညီသော တပ်ပေါင်းစု မဟာမိတ်' အဖွဲ့ထဲ ငါဝင်မယ်၊ အခု ဓားဧကရာဇ် ဆေးပင် အကြောင်း ထပ်ပြော ပါဦး။"

လင်းယွန်က မေးမြန်း ပြီးနောက်၊ မျက်ခုံးပင့်ပြ လိုက်သည်။

ချန်လင်းက စိတ် သက်သာရာ ရသွားပြီး၊ လင်းယွန်မှာ 'မတူညီသော တပ်ပေါင်းစု မဟာမိတ်' အဖွဲ့တွင် ယာယီ ပူးပေါင်း လိုကြောင်း၊ ကြားသိ ရသည်နှင့်၊ အနည်းငယ် စိတ် သက်သာရာ ရသွား၏။

“ ကောင်းလိုက်တာ ...၊ ညီအစ်ကို ဇောင်က ငါတို့နဲ့ ပူးပေါင်းပြီး မှတော့၊ ဒီဓား ဧကရာဇ် ဆေးပင်ဟာ ငါတို့ အိတ်ထဲမှာ ရှိနေ ပြီပေါ့။ ”

ထို့နောက် သူတို့ နှစ်ဦးသည် ဓားဧကရာဇ်ဆေးပင် အကြောင်း၊ ဆွေးနွေး လာကြသည်။

ခဏအကြာတွင် လင်းယွန်က ဓားဧကရာဇ် ဆေးပင်နှင့် ပတ်သတ်သော အချက် အလက်များကို ရရှိ သွားခဲ့၏။

ဓားဧကရာဇ် ဆေးပင် များမှာ၊ သူတို့ မွေးဖွားမည့် နေရာ များအား၊ သတ်မှတ် ထားသည်။ ထိုနေရာ များမှာ လျှို့ဝှက် နိုင်လွန်း သော်လည်း၊ သင့်လျော်သော နေရာ အများ အပြား ရှိသည်။

'ဓားသင်္ချိုင်း တောင်ထိပ်' သည် ဓားနန်းတော်ရှိ ရတနာ နယ်မြေကြီး လေးခု ထဲမှ တစ်ခု ဖြစ် ၏။ ထို့ကြောင့် မည်မျှပင် လျှို့ဝှက် လွန်းသော်လည်း၊ ဓားဧကရာဇ် ဆေးပင်၏ သဲလွန် စများ ရရှိ နိုင်လေသည်။

တစ်စုံတစ်ယောက်မှ သိရှိ ပြီးနောက်၊ နောက်တစ်ထပ် လူအများ သိရှိ ဖို့ရန်၊ မခက်ခဲ နိုင်တော့ချေ။

ဓားဧကရာဇ် ဆေးပင်များ မွေးဖွား လာသော အခါတွင်၊ နတ်ဆိုး သားရဲ များကို သဘာဝ အလျောက် သတိပေး ခံရမည် ဖြစ်ပြီး၊ ၎င်းကို ရယူရန် ကြိုစားရာ၌ ဒုက္ခများ ဖြစ်စေ ပေမည်။

'မတူကွဲပြားသော တပ်ပေါင်းစု မဟာမိတ်' အဖွဲ့သည်၊ မဟာမိတ် ပြည်ထောင်စု တိုက်ပွဲ မတိုင်မီ၊ ဤလျှို့ဝှက် ချက်ကို သိရှိ ခဲ့ရ ပြီးနောက်၊ ၎င်းတို့သည် အခြားသော မဟာမိတ်- ပြည်ထောင်စု နှစ်ခုနှင့်၊ မဟာမိတ် ဖွဲ့ထား ခဲ့ကြသည်။

" ငါတို့ အားလုံးကို ကျပန်း ပို့ဆောင် ထားတာပဲ၊ ဒါကြောင့် ဓားသင်္ချိုင်း တောင်ကုန်းမှာ တစ်ယောက်ကို တစ်ယောက် ဘယ်လို ရှာကြ မလဲ၊ မင်းမှာ မြေပုံ ရှိလို့လား။ ”

လင်းယွန်က မေးလိုက်သည်။

“ တကယ်ပဲ ငါ့မှာ မြေပုံ ရှိပါတယ်”

ချန်လင်းက သူ့ အိတ်ထဲမှ မြေပုံ တစ်ချပ်ကို ထုတ်ယူ လိုက်၏။

လင်းယွန်က ၎င်းကို လှမ်းယူကာ မြေပုံ ပေါ်တွင် အမှတ် အသား ပြုထားသည့် သင်္ကေတ အမျိုးမျိုးကို ကြည့်ရှု လိုက်မိ၏။

မတွေ့ ရှိနိုင်သော ဒေသများကို အနက်ရောင် ကြက်ခြေခတ်များ အဖြစ် သတ်မှတ် ထားပြီး၊ 'ဓား ဧကရာဇ် ဆေးပင်'များ၊ တွေ့ရှိ နိုင်သော နေရာ များကို၊ ဓား သင်္ကေတဖြင့် မှတ်သား ထားသည်။

ဓားဧကရာဇ် ဆေးပင်သည် 'ဓားသင်္ချိုင်း တောင်ကုန်း' တွင်သာ တွေ့ရှိ ရသော၊ အဖိုးတန် ဆေးဖက်ဝင် အပင် များထဲမှ၊ တစ်ခု ဖြစ်ပြီး၊ ၎င်းကို 'ဓားတိမ်ယံ အမြုတေ' ဖြင့်သာ တွဲလျက် သန့်စင် ပါက၊ ပိုမို အကျိုး သက်ရောက်မှု ရှိမည် ဖြစ်သည်။

သို့သော် အကျိုးဆက်များ အဖြစ်၊ ယင်းမြေပုံ ပေါ်တွင်၊ အမှတ် အသား ပြုထားသည့် နေရာ အများစုကို၊ လူတိုင်း သိရှိ သွားနိုင်ပြီး၊ သေခြင်း တရားကို ဖိတ်ခေါ်ရာ ရောက်ပေမည်။

လင်းယွန်က မြေပုံကို တိတ်တဆိတ် အလွတ်ကျက် လိုက်၏။ ထိုအချိန်တွင် ချန်လင်းက မြေပုံကို ခါးသက်သော အကြည့်ဖြင့် ကြည့်ကာ၊

"အစ်ကို ဇောင်၊ အခု ငါတို့ ဘာလုပ် သင့်လဲ"

“ အစီအစဥ် အတိုင်း ဆက်သွား ကြတာပေါ့၊ မင်းက 'မတူ ကွဲပြားသော တပ်ပေါင်းစု မဟာမိတ်' ရဲ့ ခေါင်းဆောင်ပဲ၊ ငါက မင်းတို့ အဖွဲ့ထဲက တစ်ယောက် ... ။ ”

- ဟုဆိုပြီး၊ အေးစက်သော အမူအရာ များဖြင့်၊ လင်းယွန်က တုန့်ပြန် လိုက်သည်။

“ဒါဆို သွားကြ ရအောင်။”

ချန်လင်းက ခေါင်းညိတ် လိုက်ပြီး၊ လင်းယွန်နှင့် သူ့ အဖွဲ့သား များကို အစီအစဉ်အား၊ ပြောပြလာ ခဲ့သည်။

'' အခု ငါတို့ 'လမီးလျှံ မဟာမိတ်' အဖွဲ့နဲ့ 'အပြာရောင် မှော်အလင်းစု' မဟာမိတ် အဖွဲ့ကို တွေ့ဆုံဖို့၊ ဆုံရပ် အထိ သွားရမယ်။ ''

လမ်းတစ်လျှောက်တွင် 'ဓားတိမ်ယံ အမြုတေ' ပိုင်ဆိုင် ထားသော၊ နတ်ဆိုး သားရဲ အချို့နှင့်၊ ကြုံတွေ့ ခဲ့ရ သည်ကြောင့်၊ လင်းယွန်က လှုပ်ရှားရန် ဆုံးဖြတ် လိုက်သည်။

၎င်းတို့မှာ ဆဋ္ဌမ အဆင့် နတ်ဆိုး သားရဲများ ဖြစ်သော်လည်း၊ တစ်စုံတစ်ရာ အခက်အခဲ မရှိဘဲ၊ အလွယ်တကူ သတ်ပစ် နိုင်ခဲ၏။

ဓားသေတ္တာ ထဲရှိ ဓားကိုပင် သုံးစရာ မလိုခဲ့ဘဲ၊ လက်သီးများ ကိုသာ အသုံးပြု ခဲ့သည်ကြောင့်၊ 'မတူ ကွဲပြားသော တပ်ပေါင်းစု မဟာမိတ်' အဖွဲ့မှ၊ အဖွဲ့ဝင် ငါးယောက်ကို အံအားသင့် သွား စေသည်။

ပြင်ပ တပည့် များတွင် လင်းယွန် ကဲ့သို့သော ဘီလူး တစ်ကောင် ရှိနေ မည်ဟု၊ သူတို့ မထင်ထား မိကြချေ။

ထိပ်တန်း ဆယ်ယောက်နှင့် နှိုင်းယှဉ် ရပါလျှင်၊ သူ၏ စွမ်းအားမှာ အားနည်းမည် မဟုတ်ကြောင်း၊ မှန်းဆ မိ လိုက်သည်။

'' .......... ''

'မတူကွဲပြားသော တပ်ပေါင်းစု မဟာမိတ်' အဖွဲ့မှာ ခရီးဆက် နေစဉ် မှာပင်၊ မည်သည့် လေတိုး သံမျှပင် ထွက်ပေါ် လာခြင်း မရှိဘဲ၊ ညင်သာသော လှုပ်ရှားမှု နှင့်အတူ လူရိပ် တစ်ရိပ်က သူတို့ ရှေ့သို့ ဆင်းလာ ခဲ့လေသည်။

ကောင်းကင်မှ ဆင်းသက် လာပြီး၊ ပိတ်ဆို့ ဟန့်တားလာ သူ၏ မျက်နှာအား၊ တွေ့မြင် လိုက်ရ သည်နှင့်၊ ချန်လင်း၏ မျက်နှာ အမူအရာမှာ ပြောင်းလဲ သွားတော့၏။

ချန်လင်းက ချက်ချင်းပင် ရှေ့သို့ တိုးသွား လိုက်ကာ၊ လင်းယွန်အား တစ်ချက် ပြန်ကြည့်ပြီး၊ ထိုသူကို တိုးညှင်းသော လေသံဖြင့်၊ ရှင်းပြရန် ကြိုးစား နေပုံ ရသည်။

ခဏ အကြာတွင် ဟန့်တား လာသော သူမှာ ပြန်လည် ထွက်သွား တော့၏။

"အကိုကြီး၊ အဲဒီလူက ဘယ်သူလဲ"

'မတူ ကွဲပြားသော တပ်ပေါင်းစု မဟာမိတ်' အဖွဲ့ဝင် တပည့် များက စူးစမ်းလို စိတ်များဖြင့် မေးမြန်း လိုက်သည်။

“ သူက အထက်တန်းစား ပြည်နယ်က၊ ချူဟောင်းယူပဲ ''

" အထက်တန်းစားပြည်နယ် သူက... ဘာ လာလုပ် တာလဲ။"

လင်းယွန်က မျက်ခုံး ပင့်လျက် ပြန်မေး လာသည်။

"အစ်ကိုဇောင်၊ မင်းက နှစ်တွေ ဘယ်လောက် ကြာအောင် ဂိုဏ်း အပြင်မှာ ရှိနေလို့၊ ဒီကိစ္စကို သတိ မထား မိရတာလဲ၊ ငါတို့ရဲ့ဓားနန်းတော်မှာ၊ မကြာသေး မီက သေမျိုး အဆင့် ထိပ်ဆုံးဆယ်ယောက်ကို အရှက်ရ စေခဲ့တဲ့၊ ဘီလူး တစ်ကောင် ရှိနေတယ်၊ ဒါကြောင့် သူ့ကို လိုက်ရှာဖို့ အထက်တန်းစား ပြည်နယ် မဟာမိတ် အဖွဲ့က ကြိုးစား နေခဲ့ တာပါ။ ”

ချန်လင်းက စိတ်ပါလက်ပါ ရှင်းပြ လိုက်သည်။

“မဟာမိတ် အဖွဲ့ ပေါင်းစုံက ဘယ်သူ မဆို လင်းယွန်ရဲ့ သတင်းကို ပေးနိုင်တဲ့ သူတိုင်း၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း အလုံး (၅၀) နဲ့၊ သူ့ကို ဟန့်တားထား နိုင်ရင် ဝိညာဉ်ကျောက်စိမ်း အလုံး (၁၀၀)ပေးမယ်လို့၊ကမ်းလှမ်း ခဲ့ပါတယ်၊ ''

'' သူ့ကို ဒဏ်ရာရအောင် လုပ်နိုင်တဲ့ သူအတွက်၊ ဆုငွေက ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း (၂၀၀) ပဲ”

“ ဘယ်လောက်တောင် မြင့်မားလိုက်တဲ့ ဆုကြေး ကြီးလဲ၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်းကို ဆုအဖြစ် ပေးအပ် တယ်လား ဒါက အရမ်း အဖိုးတန် လွန်းတယ်။ ”

ဟု ဆိုကာ တပည့် လေးယောက်က သက်ပြင်း ချမိ သွားကုန်၏။

“ ဆုကြေးကို ဝမ်မျိုးနွယ် စုရဲ့၊ အမွေခံ သခင်လေး ဝမ်ယန်က ထုတ်ထားတာ၊ ဒီလင်းယွန်က အခုတော့ ဆုံးခန်းတိုင် သွားနိုင် ပါတယ်၊ ဒါပေမယ့် ငါတို့ရဲ့ လက်တွေကို ဒီအရှုပ် အထွေးထဲ ဝင်မလျို ကြရအောင်၊ လင်းယွန်ကို ရန်ငြိုး မဖွဲ့တာ အကောင်းဆုံး ပါပဲ …”

ချန်လင်းက လင်းယွန်ကို ပြန်လှည့် ကြည့် လိုက်ကာ ပြုံးပြပြီး၊

“မင်း ... အစ်ကိုဇောင်ရဲ့ ခွန်အား အရ၊ သူ့ဆီ ပြေးသွား မိရင်တော့၊ ကြောက်စရာ ဘာမှ မရှိပါဘူး၊ မင်းသူ့ကို ထိန်းထား နိုင် သလို၊ ဒဏ်ရာ ရတဲ့ အထိပါ၊ စွမ်းဆောင် နိုင်ပါ လိမ့်မယ်။ "

“ ငါ .... စိတ်မဝင် စားပါဘူး”

လင်းယွန်က အေးစက်စွာ တုန့်ပြန် လိုက်၏။ 'ဓားသင်္ချိုင်း တောင်ကုန်း' သို့ ဝင်ရောက် ပြီးနောက်၊ လူအများက သူ့အား မည်သည့် အတွက်ကြောင့်၊ အာရုံစိုက် နေကြ သည်ကို၊ ယခု သိရှိ လိုက်ရသည်။

မျက်နှာဖုံးတပ် ထားမိ သည်မှာ ကံကောင်း ပေ၏။ သို့မဟုတ် ပါလျှင်၊ အရှုပ် အထွေး များဖြင့် အချိန်ဖြုန်း မိမည်မှာ၊ သေချာ လှလေသည်။

သုံးရက် အကြာတွင် 'မတူကွဲပြားသော တပ်ပေါင်းစု မဟာမိတ်' အဖွဲ့ဝင် များက၊ ကျန်သော မဟာမိတ် နှစ်ဖွဲ့ဖြင့်၊ တွေ့ဆုံ သွားခဲ့၏။

ကြိုတင် စောင့်ဆိုင်း နေသော မဟာမိတ် နှစ်ဖွဲ့ကို တွေ့လိုက် ရသည်နှင့်၊ ချန်လင်းမှာ လင်းယွန်အား သူ၏ မဟာမိတ် အဖွဲ့ အတွင်းသို့၊ ယာယီ အဖွဲ့သား အဖြစ် ခေါ်ယူ လိုခဲ့သည့် အကြောင်း အရင်းကို သိလိုက် ရသည်။

'အပြာရောင် မှော်အလင်းစု မဟာမိတ်' အဖွဲ့ကို ဦးဆောင် နေသူမှာ ရှားပါးသည့် အလှတရားကို ပိုင်ဆိုင် ထားသော လင်းကျူရှန် ဖြစ်ပြီး၊သေမျိုး အဆင့် သုံးဆယ်ကိုး နေရာ၌ ရပ်တည်ထား နိုင်သည်။

အခြားတစ်ဖက်တွင်၊ လမီးလျှံ မဟာမိတ် အဖွဲ့၏ ခေါင်းဆောင်မှာ သေမျိုး အဆင့် သုံးဆယ်ခြောက်တွင် ရှိသော၊ ဂူဘီရွှမ် ဖြစ်သည်။ သူတို့ နှစ်ယောက် လုံးမှာ ချန်လင်းထက် ပိုသန်မာ၏။

ထို့ကြောင့် 'မတူကွဲပြားသော တပ်ပေါင်းစု မဟာမိတ်' အဖွဲ့သည် လက်ရှိ မဟာမိတ် သုံးဖွဲ့တွင် စကားပြော ပိုင်ခွင့် တစ်စုံတစ်ရာ မရှိခဲ့ပေ။

သို့သော် လင်းကျူရှန်နှင့် ဂူဘီရွှမ်တို့သည် ယခု အချိန်တွင် အနား၌ ရှိမနေ ခဲ့ပေ။ ၎င်းတို့နှစ်ဦးသည် 'ဓားတိမ်ယံ အမြုတေ' ဖွဲ့တည် နိုင်သော နတ်ဆိုး သားရဲ တစ်ကောင်ကို ရှာဖွေ တွေ့ရှိ ခဲ့ပြီး၊ အမဲလိုက် နေခဲ့ ကြသည်။

ချန်လင်းက စိတ်သက်သာရာ ရပြီး မဟာမိတ်အဖွဲ့ နှစ်ဖွဲ့၏ ဒုတိယ တာဝန်ခံ ထံသို့ သွားကာ၊ "မင်းတို့ စောင့်နေရတဲ့ အတွက် တောင်းပန် ပါတယ်" ဟုဆိုလျက်၊ ပြုံးပြ လိုက်သည်။

'လမီးလျှံ မဟာမိတ် အဖွဲ့' ၏ ဒုတိယ တာဝန်ခံမှာ ထျန်းဖိန် ဖြစ်၏၊ သူက ချန်လင်း အပေါ် လေးစားမှု မရှိခဲ့ဘဲ၊ ပြန်ဖြေ လာသည်။

"အဆင်ပြေ ပါတယ်၊ ငါတို့ အကြာကြီး မစောင့်ရ ပါဘူး။ ”

" သူက ဘယ်သူလဲ "

'အပြာရောင်မှော် အလင်းစု' မဟာမိတ် အဖွဲ့မှ အမျိုးသမီး တစ်ဦးက လင်းယွန်ကို လှမ်းကြည့်ပြီး မေးလာသည်။ သူမကပင်၊

'' မတူကွဲပြားသော တပ်ပေါင်းစု မဟာမိတ်အဖွဲ့ဝင်က ငါးဦးထဲ မဟုတ်လား၊ သူ့လို လူကို ငါ မသိရ ပါလား။ "

လင်းယွန် ဝတ်ထားသော မျက်နှာဖုံးမှာ ထိတ်လန့် ဖွယ်ရာ ဖြစ်ပြီး၊ ၎င်းသည်ပင် သူ့ကို ထင်ရှား သွားစေသည်။ ယင်းကြောင့် သူ့ကို သတိ မထား မိဖို့ရန် ခက်ခဲ လှပေ၏။

သို့သော် ကျန်သော သူများမှာ ချန်လင်း၏ မျက်နှာကို ထောက်ကာ၊ မေးခွန်း မထုတ်ခဲ့ ကြပေ။ ယခု ဝင်ရောက် မေးမြန်း လာသောအမျိုးသမီး မှာမူ လင်းကျူရှန်၏ ညီအစ်မ လင်းယန် ဖြစ်လေသည်။

သူမက စိတ်ထဲ ရှိသော ဆန္ဒများ အတိုင်း အမြဲ လုပ်ဆောင် နေတက်ပြီး၊ လူတိုင်း၏ အမြင်ကို ဂရုမစိုက် တက်ပေ။

ချန်လင်း၏ နှလုံးသားထဲတွင် ချွေးများ စီးကျလာသည်။ ဇောင်ယွန်းရှန်က သူမကို သင်ခန်းစာ တစ်ခု သင်ပေး လိုက်မည်ကို စိုးရိမ် သွားမိပြီး၊

" ဂျူနီယာ ညီမလင်း၊ သူက ဇောင်ယွန်းရှန်ပါ၊ ငါ ဖိတ်ကြားချက် အရ၊ ဒီမစ်ရှင် အတွက် ငါနဲ့ပူပေါင်း လာတဲ့ သူပဲ "

" ဇောင်ယွန်းရှန် ... စီနီယာ အစ်ကို ထျန်း ထိပ်တန်း တစ်ရာထဲမှာ သူ့လိုလူ ရှိလား "

လင်းယန်က လင်းယွန်ကို စစ်ဆေး ကြည့် ပြီးနောက်၊ ဖုံးကွယ် ထားသော လင်းယွန်၏ အသွင် အပြင်ကို အလိုမကျ ဟန်ဖြင့်၊မျက်မှောင်ကြုတ် လိုက်သည်။

ထျန်းဖိန်၏ မျက်လုံး များတွင် ရယ်မော လိုသော အကြည့်များ တောက်ပ လာပြီး၊ လင်းယွန်ကို ပြန်ကြည့်ကာ၊

“ ထိပ်တန်း တစ်ရာ မပြောနဲ့၊ ထိပ်တန်း ငါးရာမှာတောင် ဒီနာမည်ကို တစ်ခါမှ မကြား ဖူးဘူး၊ ဇောင်ယွန်းရှန် ဟုတ်လား၊ ဓားနန်းတော်မှာ ဒီလိုလူ ဘယ်တုန်းက ရှိနေ ခဲ့တာလဲ။ ''

ထျန်းဖိန်၏ ပြန်ဖြေ လိုက်သည့် လေသံကြောင့်၊ လင်းယန်က ရယ်မောပြီး၊

“ ဒါဆို သူက ဘယ်သူလဲ၊ ချန်လင်း မင်းက ဘယ်သူကို ငါတို့ဆီ ခေါ်ယူလာ ရတာလဲ၊ စိတ်ရော မှန်သေး ရဲ့လား၊ မင်းကမှ အနည်းဆုံးတော့ သေမျိုး အဆင့် လေးဆယ့်ရှစ်မှာ ရှိနေသေးတယ်၊ ”

ယင်ကောင်တွေ။

မျက်နှာဖုံး အောက်ရှိ လင်းယွန်၏ မျက်လုံးများတွင် ဒေါသများ တလက်လက် တောက်ပလာသည်။

တောက်လောင်လာသော လင်းယွန်၏ ဒေါသများကို ချန်လင်းက ခံစားမိ သွားသည်။ သူက ချက်ချင်းပင် ပြုံးရယ် လိုက်ပြီး၊

" ဂျူနီယာ ညီမလင်း၊ ငါတို့က ဓားဧကရာဇ် ဆေးပင်ရဲ့ ခွဲဝေမှု အပေါ်သာ စည်းမျဉ်းတွေ သတ်မှတ် ထားတာ မဟုတ်လား၊ အကူ မခေါ် ရဖူးလို့ ဘယ်သူ ကမှ မပြောခဲ့ ပါဘူး၊ မင်းငါ့ကို နည်းနည်းတော့ မျက်နှာသာ ပေးလို့ မရဘူးလား"

လင်းယန်က ချန်လင်း စကား များကို ဂရု စိုက်ခြင်း မရှိဘဲ၊

“ သူ့ မျက်နှာဖုံးကို အရင် ဖယ်လိုက် ရအောင်၊ မျက်နှာဖုံး တပ်ပြီး၊ ဘာလုပ်ဖို့ ကြိုးစား နေတာလဲ၊ သူ့လို လူတွေကို ငါ အမုန်းဆုံးပဲ။ "

" ငါ့ မျက်နှာဖုံးကို ဖယ်ရှား နိုင်တဲ့ အရည် အချင်း၊ မင်းမှာ မရှိသေး ပါဘူး။ ''

လင်းယွန်၏ ဂရု မစိုက်သော ပြန်ဖြေ သံက၊ မျက်နှာဖုံး အောက်မှ ထွက်ပေါ် လာသည်။

လင်းယန် မျက်နှာမှာ ချက်ချင်းပင် ပြောင်းလဲ သွား ပြီးနောက်၊ မျက်လုံးများ မှတဆင့် လူသတ် လိုသော ရောင်ဝါများ ထွက်ပေါ် လာတော့သည်။

" ချန်လင်း၊ မင်းရဲ့ သူငယ်ချင်းက ဖိတ်ခေါ် နေတာပဲ။ "

ဟု အေးစက်စွာ ပြောလိုက်၏။

ချန်လင်း၏ နှလုံးသား ထဲတွင် ခါးသီးစွာ ခံစား နေရသည်။

( ဟုတ်တယ်၊ တစ်ယောက် ယောက်က သူ့ရဲ့ သေမင်းကို ဖိတ်ခေါ် နေတာပဲ၊ ဒါပေမယ့် အဲ့ဒီ သူက ဇောင်ယွန်းရှန် မဟုတ်ဘူး၊ မင်း ... လင်းယန်ပဲ။ )

ချန်လင်းက ကူကယ်ရာမဲ့ ဟန်ဖြင့်၊ စိတ်ထဲမှရေရွတ် လိုက် လေသည်။

" ဒီနေ့ မင်းရဲ့ မျက်နှာဖုံးကို ဖယ်လိုက်ရင်၊ ဘာဖြစ်မလဲ ငါ သိချင်တယ်။ "

လင်းယန်က ဟစ်အော် လိုက်ကာ၊ လင်းယွန်၏ မျက်နှာ ဆီသို့ လက်လှမ်း လိုက်၏။ သို့သော် လင်းယွန်က သူမ လက်ကို အလွယ် တကူ ရှောင်ရှား သွားခဲ့သည်။

သူမ၏ ဖမ်းဆွဲမှုမှာ လေကိုသာ ဖမ်းမိသွား သည်ကြောင့်၊ ချက်ချင်းပင် ဒေါသ ထွက် သွားပြီး၊

“ မင်းလို လူတစ်ယောက်က ငါ့လက် ကနေ ရှောင်တိမ်း ဝံ့တယ်လား။ ”

မူလ စွမ်းအင်များ စီးဆင်း စေ ပြီးနောက်၊ လင်းယန်က ထပ်မံ လှုပ်ရှား လာပြန်သည်။

သို့သော် လက်တုံ့ ပြန်ဖို့ပင်၊ စိတ် မဝင်စား သည့် ဟန်ဖြင့်၊ လင်းယွန်က လက်ကို နောက်ပစ်ထားလျက်မှ ပျောက်ကွယ် သွားကာ၊ ပေအနည်းငယ် အကွာ၌ ထွက်ပေါ် လာ ခဲ့ပြီး၊ သူမကို ပြန်လည် ရပ်ကြည့် နေခဲ့သည်။

" ငါမင်းကို သတ်မယ် "

သူမ၏ ဖမ်းဆီးမှုမှာ မအောင်မြင်ခဲ့ သဖြင့် ရှက်ရွံ့ သွားပြီးနောက်၊ ဓားကို ဆွဲထုတ်ရန် ကြိုးစား လိုက်သည်။ ဘေးမှ ရပ်ကြည့် နေမိသော၊ ချန်လင်းက ချက်ချင်း ထိတ်လန့် သွား၏။

လင်းယွန်၏ မျက်နှာဖုံးကို လှမ်းယူဖို့ ကြိုးစားခြင်းမှာ၊ ပြဿနာ မရှိ လှ သော်လည်း၊ ဓားအား ဆွဲထုတ် လိုက်မည် ဆိုပါက၊ လုံးဝ ခြားနားသော အကျိုးဆက် ဖြစ်လာပေ လိမ့်မည်။

လင်းယွန်က သူမကို သတ်ဖို့ရန် အကြောင်း ပြချက် ရရှိ သွားပြီ ဖြစ်သည်။

ဓားမှာ ဓားအိမ် အတွင်းမှ လက်မဝက်ခန့် ဆွဲထုတ် လိုက် သည်နှင့်၊ မျက်နှာဖုံး အောက်ရှိ လင်းယွန်၏ မျက်ခုံးများ တွန့်ခေါက် သွားပြီး၊ 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ကို ထုတ်ဖော် လိုက်သည်။

ခြေတစ်လှမ်း လှမ်းရုံဖြင့်၊ လင်းယန် ရှေ့သို့ တမဟုတ်ချင်း ရောက်ရှိ သွားကာ၊ လျင်မြန်သော အဟုန်နှင့် ဖြတ်ရိုက် လိုက်လေသည်။

'' ဖြောင်း........''

ကျယ်လောင်သော ပါးရိုက်သံ နှင့်အတူ လင်းယန်မှာ လွင့်စင် သွား၏။ လျင်မြန် လွန်းသော အရှိန်ကြောင့်၊ တုန့်ပြန်ရန် အချိန်မမှီ လိုက်ချေ။

'' ဂျူနီယာ ညီမလင်း ......''

' အပြာရောင် မှော်အလင်းစု' မဟာမိတ် အဖွဲ့မှ ရပ်ကြည့် နေမိသူ များမှာလည်း၊ လှုပ်ရှား သွားသော မျက်နှာဖုံး ရှင်ကို၊ ရိပ်ခနဲသာ မြင်လိုက်ရ ပြီးနောက်၊ သူတို့၏ ဂျူနီယာ ညီမလေး လွင့်ထွက် သွား သည်ကိုသာ၊ သိလိုက် ရလေသည်။

ထို့နောက်တွင် လင်းယန်ကို ဖမ်းယူရန် ချက်ချင်း လုပ်ဆောင် လိုက်ကြသည်။

မျက်နှာဖုံးရှင်၏ ရဲရင့် လွန်းသော လုပ်ရပ်ကြောင့်၊ ထျန်းဖိန်မှာ ခဏတာ မှင်တက် သွား ခဲ့သည်။

လင်းယန်နှင့် နီးစပ်ရန် တစ်ချိန်လုံး အကြောင်း ပြချက် ရှာနေမိ ခဲ့သည် ဖြစ်ရာ၊ မျက်နှာဖုံး ရှင်က ထိုအခွင့် အရေးကို ပေးအပ် လာခဲ့ လေပြီ။

" လူယုတ်မာ၊ မိန်းကလေးလင်း ကိုတောင် ထိဝံ့ ရအောင် မင်းက သေချင် နေတာပဲ။ "

ထျန်းဖိန်က ခုန်ထွက် လာပြီး၊ သူ့ လက်သီးဖြင့်၊ ပစ်ချ လိုက်သည်။

ဓားသမား အများစုမှာ လက်နက်မဲ့ နည်းစနစ် များကို လေ့ကျင့် ကြ၏။ ၎င်းတို့သည် မကြာခဏ ဆိုသလို၊ အနီးကပ် တိုက်ပွဲများ ဆင်နွှဲ တက်ကြပြီး၊ တစ်ခါ တစ်ရံတွင် သူတို့၏ ဓားများကို ဆွဲရန်ပင် မလိုအပ် ခဲ့ပေ။

ထျန်းဖိန် အသုံးပြု လာသော လက်သီးနည်းစနစ်မှာ ဓားနန်းတော်၏ ကျော်ကြား လှသော မီးလက်သီး ဖြစ်သည်။

သူ့ လက်သီးကို ပစ်လွှတ် လိုက်သော အခါတွင်၊ မီးများ တောက်လောင် နေသည့် တောင်ကြီး တစ်လုံး ကျဆင်းလာ သကဲ့သို့၊ ခံစားလိုက်ရ စေသည်။

" ဝိုး အရမ်းမိုက်တယ် "

'လမီးလျှံ မဟာမိတ်' အဖွဲ့ဝင် များက ထျန်းဖိန်၏ လက်သီးကို မြင်သော အခါ ဝမ်းသာအားရ ကြုံးဝါး ဖြစ်ခဲ့ ကြသည်။ ချန်လင်းမှာမူ သူ့ မျက်နှာကို လွှဲလိုက်ပြီး၊ ရလဒ်ကို မမြင်ရဲဟန် ပြုလိုက်သည်။

မီးတောင်ကြီး ပြိုကျ လာ သကဲ့သို့ တိုးဝင် လာသော လက်သီးကို ရင်ဆိုင်ရန်၊ လင်းယွန်က ပေါ့ပေါ့ ပါးပါး လက်သီး တစ်ချက် ဖြင့်သာ၊ တုန့်ပြန် လာ၏။

လက်သီး နှစ်လုံး တိုက်မိ သွားပြီးနောက်၊ ထျန်းဖိန်၏ မီးလက်သီး အရှိန်အဝါမှာ ကွဲကြေသွားကာ၊ သွေးများ နှင့်အတူ လွင့်ထွက် သွားသည်။

သို့သော် မလွင့်ထွက် နိုင်ခင် မှာပင် ထျန်းဖိန်၏ လည်ပင်းကို လင်းယွန်က ဖမ်းဆွဲ ဆုပ်ကိုင် လိုက်၏။

“ မလုပ်နဲ့ .... ”

သူ့ လည်ပင်းကို ပြောင်းလဲ ဖမ်းယူ လိုက်သည့်၊ လင်းယွန်၏ နောက်ကွယ်က အကြံ အစည်ကို သိလိုက် ရသော ထျန်းဖိန်က အော်ဟစ် လိုက်သည်။

သူ မတုံ့ပြန် နိုင်ခင် မှာပင် လင်းယွန်၏ ဆုပ်ကိုင် မှုကို ခံလိုက် ရကာ၊ သူ့အား မြေပြင်ပေါ်သို့ ဇောက်ထိုး ဖိသိပ်ခံ လိုက်ရ၏။

ဖြည်းညှင်းစွာ ဆောင့်ချက်ဖြင့် ထျန်းဖိန်၏ ဦးခေါင်းကို မြေကြီး ထဲသို့၊ နှစ်မြုပ် ပစ်လိုက်သည်။ ထျန်းဖိန်၏ ခြေထောက်များမှာ ရုန်းကန် နေ ခဲ့သော်လည်း၊ လွတ်မြောက် သွားခြင်း မရှိခဲ့ပေ။

မြေပြင်တွင် ဇောက်ထိုး ထိုးစိုက် ခံထား ရသော ထျန်းဖိန်ကို ခြေထောက တစ်ဖက််ဖြင့် ဖိနင်း လိုက်ပြီး၊ လင်းယန် ဘက်သို့ လှည့်ကြည့် လိုက်၏။

" မင်းမှာ အရည်အချင်း မရှိဘူးလို့ ငါပြော ခဲ့တယ် မဟုတ်လား။ "

ပါးရိုက် ခံရမှုကြောင့် လင်းယန်၏ မျက်နှာမှာ နီမြန်း ယောင်ကိုင်း လာလျက်မှ၊ ထိုစကား များကို ပြန်လည် ချေပ ဝံ့ခြင်း၊ မရှိ တော့ပေ။

မျက်နှာဖုံး ရှင်၏ အေးစက်သော အကြည့်ကို တုန့်ပြန် မကြည့်ရဲ တော့ဘဲ၊ နှလုံးသား ထဲ၌ ကြောက်ရွံ့ မှုများ ဖြစ်တည် လာ၏။

ယခု အချိန်၌ သူမသည် ဘီလူး တစ်ကောင်အား ရန်စ မိခဲ့ကြောင်းကို သိလိုက် ရတော့သည်။

" ဘာဖြစ် နေကြတာလဲ "

ရုတ်တရက် နူးညံ့ သိမ်မွေ့သော မေးမြန်းသံ တစ်သံ ထွက်ပေါ် လာသည်။

ထိုအသံ ပိုင်ရှင်မှာ၊ နတ်ဆိုး သားရဲကို သတ်ပြီးနောက်၊ ဂူဘီရွှမ် နှင့်အတူ ပြန်လာသော လင်းကျူရှန်ပင် ဖြစ်လေသည်။

***

All Chapters