← Chapters

အကောင်းဆုံး လုပ် ပါ့မယ်။

Vol. 21 Ch. 284

အကောင်းဆုံး လုပ် ပါ့မယ်။

Vol. 21 Ch. 284

" မင်းတို့ ဘာဖြစ် နေကြတာလဲ "

ရုတ်တရက် နူးညံ့ သိမ်မွေ့သော မေးမြန်းသံ တစ်သံ ထွက်ပေါ် လာသည်။

ထိုအသံ ပိုင်ရှင်မှာ၊ နတ်ဆိုး သားရဲကို အမဲ လိုက်ရန် ထွက်ခွာ သွားသော လင်းကျူရှန်ပင် ဖြစ်လေသည်။

မဟာချင် အင်ပါယာတွင် ထင်ရှား ကျော်ကြား လှသော မိသားစုကြီး လေးစု ရှိ၏။ ထိုထဲတွင် လင်းမျိုးနွယ်စု သည်လည်း အပါအဝင် ဖြစ်သည်။

ဤလင်းကျူရှန်သည် မဟာချင် အင်ပါယာရှိ ထင်ရှား ကျော်ကြား လှသော မျိုးနွယ်စု လေးစု အနက် တစ်စု ဖြစ်သော၊ လင်းမျိုးနွယ်စုကြီးမှ ဖြစ်သည်။

သူမသည် တိုက်ရိုက် ဆင်းသက် လာသူ ဖြစ်ပြီး၊ သေမျိုး အဆင့် သုံးဆယ်ကိုးတွင် ရပ်တည်ထား နိုင်သည်။

လင်းကျူရှန်တွင် ထက်မြက်သော အရည် အချင်း ရှိရုံ သာမက၊ နူးညံ့ သိမ်မွေ့သော စိတ်ထား ကိုလည်း၊ ပိုင်ဆိုင်ထား လေသည်။

သူမနှင့် ဂူဘီရွှမ်တို့ နှစ်ဦး ပေါင်းကာ၊ ဆဋ္ဌမ အဆင့် နတ်ဆိုး သားရဲကို အမဲလိုက် သတ်ဖြတ် ပြီးနောက်၊ ဒုတိယတန်း 'ဓားတိမ်ယံ အမြုတေ' ကို ရရှိ လာခဲ့သည်၊ နှစ်ဦးသား ကောင်းမွန်သော စိတ်အခြေ အနေဖြင့် ပြန်လာ နိုင်ခဲ့ သော်လည်း၊ စောင့်ကြို နေသောမြင်ကွင်းကြောင့်၊ သူတို့ မျက်နှာများ ပြောင်းလဲ သွားသည်။

ထျန်းဖိန်၏ ဦးခေါင်းမှာ မျက်နှာဖုံး တပ်ထားသော လူငယ် တစ်ဦး၏ ခြေရင်းရှိ၊ မြေကြီး ထဲတွင် ထိုးမြှုပ် ခံထား ရ၏။ ထိုပြင် ၎င်းလူငယ်၏ ခြေထောက် တစ်ဖက်မှာ ထျန်းဖိန်အား ဖိနင်း ထား လေသည်။

နက်နဲ သိုင်းသမား များသည် ဤမျှ လွယ်ကူစွာ သေဆုံး သွားခြင်း၊ မရှိနိုင် သော်လည်း၊ အဆိုပါ လုပ်ရပ်မှာ အနည်းငယ်တော့ ရက်စက်လွန်း ပေသည်။

'' အစ်မ၊ ဒီလူယုတ်မာက ငါ့ကို ပါးရိုက်တယ် "

လင်းကျူရှန်ကို မြင်သည်နှင့်၊ လင်းယန်က ချက်ချင်း ပြေးသွားကာ၊ တိုင်ကြား လိုက်သည်။

အစောပိုင်း အချိန်၌ လင်းယွန် ခန္ဓာကိုယ်ဖြင့်ကွယ်နေ သောကြောင့်၊ လင်းကျူရှန်က သူ့ညီမ လင်းယန်၏ မျက်နှာကို၊ သတိ မထားမိ လိုက်ချေ။

ဝက်တစ်ကောင် ကဲ့သို့ ဖောင်းကား နေသော လင်းယန်၏ မျက်နှာကို ရှင်းရှင်း လင်းလင်း မြင်လိုက်ရ သည်နှင့်၊ လင်းကျူရှန်မှာ မျက်နှာ မည်းမှောင် သွားသည်။

လင်းကျူရှန်နှင့် ဂူဘီရွှမ်တို့ ရောက်ရှိ လာသည်ကြောင့် ချန်လင်းက ပင့်သက် ရှိုက်ကာ၊ ပြုံး လိုက်၏။ သည်နေ့ အဖြစ် အပျက် များကို ရှင်းပြဖို့ လိုပေမည်။

သူက ချက်ချင်းပင် ရှေ့သို့ လှမ်းတက် သွားပြီး၊

“အစ်ကို ဇောင်၊ ထျန်းဖိန်ကို လွှတ်ပေး လိုက်ပါ၊ သူတို့ နှစ်ဦးက 'အပြာရောင် မှော်အလင်းစု' နဲ့၊ 'လမီးလျှံ' အဖွဲ့က ခေါင်းဆောင်တွေပဲ၊ လင်းကျူရှန်နဲ့ ဂူဘီရွှမ်လို့ ခေါ်တယ်။ ''

လင်းယွန်က စကား တစ်ခွန်းမှ မဆို ခဲ့ဘဲ၊ သူ့ခြေထောက်ကို ရုတ်ဖယ် လိုက်၏၊ သို့မ သာလျှင် ချန်လင်းမှာ အသက်ရှူပေါက် ရသွားသည်။

တစ်ဘက်တွင် သူ၏ ဦးရေပြားများ တင်းကြပ် လာပြီး၊ လင်းကျူရှန်တို့ နှစ်ယောက်အား လှမ်းကြည့် လိုက်၏။

" ချန်လင်း ဒါက မင်းရဲ့ 'မတူ ကွဲပြားသော တပ်ပေါင်းစု မဟာမိတ်' ထဲက တစ်ယောက်လား။"

ဂူဘီရွှမ်က လှည့်ကြည့် လာသော ချန်လင်းကို မျက်မှောင် ကြုတ်ပြီး မေးလိုက်၏။ သူ့ အသံမှာ အေးစက် နေခဲ့ပြီး၊ ချန်လင်း မျက်နှာ ကြောင့်သာ မဟုတ်ပါက၊ ဝင်ရောက် တိုက်ခိုက် ပြီးနေပြီ ဖြစ်သည်။

သို့သော် ချန်လင်း သည်သာ ကြေနပ် လောက်အောင် မရှင်းပြ နိုင်ပါလျှင်၊ လွယ်လွယ်ဖြင့် လွှတ်ထား နိုင်မည် မဟုတ်ချေ။

တစ်ဖက်တွင် လင်းကျူရှန်က လင်းယန်ကို နှစ်သိမ့် ပေးလိုက်ပြီး၊ ဘေးတွင် ငြိမ်သက်စွာ စောင့်ကြည့် နေခဲ့သည်။ သူမ အကြည့် များမှာ ချန်လင်း ပေါ်၌သာ စူးစိုက် ထားလေ၏။

ယင်းမှာ သူမ သည်လည်း ချန်လင်း၏ ရှင်းပြချက် များကို စောင့်မျှော် နေခြင်းဟု ဆိုပေသည်။

လေထုမှာ ရုတ်တရက် ပြောင်းလဲ လာ၏။ 'အပြာရောင် မှော်အလင်းစု' နှင့် ' လမီးလျှံ ' မဟာမိတ် အဖွဲ့၏ အဖွဲ့ဝင် များက၊ ဝိုင်းရံ ဖြန့်ကျက် သွားကာ၊ ရန်လိုသော ရည်ရွယ်ချက် များဖြင့်၊ ကြည့်ရှု လိုက်ကြသည်။

ထိုအပြုအမူ များကြောင့် 'မတူ ကွဲပြားသော တပ်ပေါင်းစု မဟာမိတ်' အဖွဲ့မှ၊ အဖွဲ့ဝင် လေးဦးကို ထိတ်လန့် သွားစေ တော့သည်။

ရန်လိုသော အငွေ့အသက် များအောက်တွင်၊ ချန်လင်းမှာ အံကြိတ်လျက်၊ အနည်းငယ် တုံ့ဆိုင်း သွား၏။ သည်အခြေ အနေကို မည်သို့ ရှင်းပြ ရမှန်း သူ မသိချေ။

“ သူက .... 'မတူ ကွဲပြားသော တပ်ပေါင်းစု မဟာမိတ်' နဲ့၊ ယာယီ ပူးပေါင်း ထားတဲ့ ငါ့မိတ်ဆွေပါ၊ ဒါပေမယ့် ဒီအခြေ အနေကို ရှင်းပြဖို့က၊ မင်းတို့ မြင်တဲ့ အတိုင်းပဲ၊ နည်းနည်းတော့ ခက်ခဲ နေတယ်။ "

" ဒါဆို မင်းရဲ့ သူငယ်ချင်းကို ငါ ကိုယ်တိုင်ပဲ မေးမယ်"

လင်းကျူရှန်က ချန်လင်းကို တစ်ချက် ကြည့်လိုက် ပြီးနောက် လင်းယွန် ဆီသို့၊ ဦးတည် သွားသည်။ ချန်လင်း၏ အဖြေကို သူ မကျေ မနပ် မိချေ။

ဂူဘီရွှမ်သည်လည်း ချန်လင်းကို တွန်းဖယ် လိုက်ကာ၊ လင်းကျူရှန် နှင့်အတူ လင်းယွန်ထံ လျှောက်လှမ်း သွား မိသည်။

နှစ်ယောက်သား လင်းယွန်ကို ကြည့်ကာ၊ တစ်စုံ တစ်ရာ ထွင်းဖောက် မြင်ရန် ကြိုးစား လိုက်၏။ သို့သော် မည်သည့် အရာမျှ သူတို့ မမြင်နိုင်ပေ။

လင်းကျူရှန်က လေးနက်သော လေသံဖြင့်၊

" ငါ မင်းကို ဘယ်လို ခေါ်ရမလဲ "

" ဇောင် ယွန်း ရှန် "

" ............"

လင်းကျူးရှန်နှင့် ဂူဘီရွှမ် တို့က အကြည့်ချင်းဖလှယ် လိုက် ကြသည်။ သည်နာမည်ကို သူတို့ မကြားဖူး သည်ကြောင့်၊ သံသယ မျက်လုံးများဖြင့် လင်းယွန်ကို ပြန်ကြည့် လိုက်၏။

" မင်း ငါတို့ကို ရှင်းပြ သင့်တယ်လို့၊ မထင် ဖူးလား "

လင်းကျူရှန်က မျက်နှာဖုံး အောက်ရှိ စူးရှသော မျက်ဝန်း များကို စိုက်ကြည့်ကာ၊ မေးလိုက်သည်။

“ငါ့က ရှင်းပြ စရာ မလိုပါဘူး ”

- ဟု မျက်နှာဖုံး ရှင်က ပြန်ဖြေ လာ၏။

" မင်း ........"

လင်းကျူရှန်က ရုတ်တရက် စကားလုံးများ ပျောက်ဆုံး သွားကုန်၏။ သူမအား ဤသို့သော လေသံဖြင့်၊ မည်သူမှ မပြောခဲ့ ဖူးသောကြောင့်၊ ချက်ချင်းပင် ဒေါသ ထွက်လာ ခဲ့သည်။

" မင်းက လင်းယန်ကို ပါးရိုက်ပြီး၊ ငါ့ရဲ့ 'လမီးလျှံ' မဟာမိတ် အဖွဲ့ဝင် တစ်ယောက်ကို ရိုက်နှက် ခဲ့တယ် ... ညီအစ်ကို ဇောင်၊ မင်း ဒီကိစ္စကို အေးအေး ဆေးဆေး ဖြေရှင်းဖို့ ရည်ရွယ်ချက် မရှိဘူးလား ...ဟမ် ။ ''

ဂူဘီရွှမ်က မျက်လုံးများ မှေးကျဉ်း လျက်ဖြင့် ရယ်မောကာ မေးမြန်း လိုက်သည်။ သူ့ မျက်လုံး များတွင် လေးနက်သော အသွင်ကိုမူ ဆောင်ကျဉ်း ထား၏။

တင်းမာ လာသော အခြေ အနေ များကြောင့်၊ ချန်လင်းက ရှေ့တိုးကာ ရှင်းပြရန် ကြိုးစား လိုက်သည်။

သို့သော် လင်းယွန်က လင်းယန်ကို မေးဆက် ပြလိုက်ပြီး၊

“ ဘာဖြစ်ခဲ့လဲ သိချင်ရင် ပတ်သက်တဲ့ သူတွေကို ဘာလို့ မမေးပဲ၊ ဘာလို့ ငါ့ကို မေးခွန်း ထုတ်နေ ရတာလဲ၊ ... ပြီးတော့ မင်း... ''

လင်းယွန်က လင်းကျူရှန် မေးခွန်းကို ပြန်ဖြေ လိုက်ပြီး၊ ဂူဘီရွှမ်အား လှည့်ကြည့်ကာ၊ အေးစက်စွာ ပြုံးပြ လိုက်၏။

“ မင်းရဲ့ စကားအရ …၊ ဒီပြဿနာကို အေးအေး ဆေးဆေး မဖြေရှင်း ချင်ဖူး ဆိုရင်၊ အဲဒီ နည်းလမ်းကို အသုံး မပြုဖို့၊ ငါ အကြံ ပေးတယ်၊ မဟုတ်ရင် တစ်ခုခုကို လိုချင် နေတဲ့ မင်းရဲ့ ဆန္ဒက၊ ဒီနေ့ နောက်ဆုံး အကြိမ် ဖြစ်လိမ့်မယ်။ "

စကားဆုံး သည်နှင့် သူ့ အရှိန် အဝါကို ပတ်ဝန်းကျင်သို့ လွှတ်ထုတ် လိုက်၏။

ထက်ရှသော အရှိန်အဝါကြောင့် ဂူဘီရွှမ်နှင့် လင်းကျူရှန် တို့မှာ ထိတ်လန့် တုန်လှုပ် သွားပြီး၊ မသက်မသာ ခံစား လိုက်ရသည်။

လင်းကျူရှန်က သူ့ညီမ လင်းယန်ကို လှည့်ကြည့် လိုက်ပြီး၊ အေးစက် စွာဖြင့်၊

“ ငါ့ကို အကုန် ပြောပြပါ၊ မင်း ဘာလုပ်ခဲ့လဲ။ "

အစ်မဖြစ် သူ၏ အကြည့်ကို ရင်ဆိုင် လိုက်ရ သည်ကြောင့်၊ လင်းယန်မှာ ထိတ်လန့်စ ပြုလာကာ တိုးဖျော့သော လေသံဖြင့်၊

“ ငါက သူ့ မျက်နှာ ဖုံးကို ဖယ်စေချင် ရုံပါပဲ၊ တခြား ဘာမှ မလုပ်ခဲ့ဘူး … ”

" သူ ဓားကို ဆွဲ ခဲ့ တယ် "

ချန်လင်းက လင်းယန် စကားကို ဝင်ရောက် နှောင့်ယှက် လိုက်သည်။

ချန်လင်း စကားကြောင့်၊ လင်းကျူရှန်၏ မျက်နှာမှာ ပြောင်းလဲ သွား၏။ အသက်နှင့် သေခြင်း တိုက်ပွဲမျိုး မဟုတ်ပါက၊ ဓားကို ဆွဲခြင်းမှာ ရိုးရှင်းသော အမြင်မျိုး မဟုတ်တော့ပေ။

လင်းယွန်က လင်းယန်ကို သတ်ခဲ့ လျှင်ပင်၊ မျှတသော လုပ်ရပ်သာ ဖြစ်ပြီး၊ အပြစ် မတင် သာနိုင်။

မျက်နှာဖုံး တပ်ထားခြင်းနှင့် ပတ်သက် ၍မူ လင်းယွန်၏ အခွင့် အရေးသာ ဖြစ်ပြီး၊ ထိုအခွင့် အရေးကို လင်းယန်က၊ သူ့အလို ဆန္ဒအတိုင်း၊ ဖယ်ရှား ပစ်ရန် ကြိုး စားခဲ့သည်။

“ အဲဒါလိုတော့ မဟုတ်ပါဘူး၊ ....အစ်မကြီး ဒီလူက အရမ်း မုန်းစရာ ကောင်းတယ်၊ သူက ဘယ်သူ မိုလို့၊ သူ့မျက်နှာဖုံးကို ဖယ်ခိုင်းတဲ့၊ ငါ့ကို ဆုံးမဖို့ သတ္တိရှိ ရတာလဲ၊ ပြီးတော့ ငါက ဒီလို လုပ်နိုင်တဲ့ အရည်အချင်း မရှိဘူးလို့ သူက ပြောတယ်”

လင်းယန်က သူ့ကိုယ်သူ ရှင်းပြ ဖို့ရန် ကြိုးစား လိုက်သည်။

" .... လုံလောက်ပြီ "

ဟန့်တားသံ နှင့်အတူ လင်းကျူရှန်၏ မျက်နှာမှာ ပျက်ယွင်း သွား၏။ သူမက လင်းယန်ကို တိုးတိတ်စွာ ဆုံးမ ပြီးနောက်၊ လင်းယွန်ကို ရှုပ်ထွေးသော မျက်ဝန်း များဖြင့်၊ လှည့်ကြည့် လိုက်သည်။ ထို့နောက်၊

“ ငါ့ ညီမငယ် အတွက် တောင်းပန် ပါတယ်၊ မင်းရဲ့ အခွင့် အရေးကို စွက်ဖက် မိတဲ့ အတွက် အားလုံးက သူ့ အပြစ်ပါ။ ”

“ ငါ အဆင်ပြေ ပါတယ်။”

လင်းယွန်၏ ပြန်ဖြေသံ၌ မည်သည့် ခံစားချက်မှ စွန်းထင်း မနေခဲ့ပေ။

တစ်ဖက်တွင်၊ ဂူဘီရွှမ်က ထျန်းဖိန်ကို လှည့်ကြည့် လိုက်မိ၏။ အဖြစ် အပျက် များကို ရှင်းလင်း ပြီးနောက်၊ ကူကယ်ရာ မဲ့ဟန်ဖြင့်၊ ခေါင်းရမ်း လိုက်သည်။

ထျန်းဖိန်က အလှတရားကို ကာကွယ် လိုသော အပြုအမူ အရ၊ လင်းယွန် အပေါ် အနိုင်ယူ နိုင်ခဲ့သော် ကောင်းပေသည်၊ သို့သော် တစ်ချက် ရွေ့ရုံဖြင့်၊ သူ့ ခေါင်းကို မြေပြင်သို့၊ နင်းစိုက်ခြင်း ခံခဲ့ရသည်။

ဤသည်မှာ ထျန်းဖိန် သာမက၊ 'လမီးလျှံ' မဟာမိတ် အဖွဲ့၏ အရှက်ကွဲ ခြင်းလည်း ဖြစ်သည်။ မည်သို့ပင် ဆိုစေ ကာမူ၊ သူက ထျန်းဖိန် အစား လင်းယွန်ကို တောင်းပန် လိုက်ရ၏။

“ ငါ့ရဲ့ ဂျူနီယာ ညီလေးက၊ နည်းနည်းတော့ လွန်သွားတဲ့ အတွက် တောင်းပန် ပါတယ်၊ ကျင့်ဝတ် တွေကို မလိုက် နာတာ သူ့ အမှားပါ၊ ဒါပေမယ့် ကံကောင်း ထောက်မပြီး၊ ညီအစ်ကို ဇောင်က ဒဏ်ရာ မရရှိ ခဲ့ဘူး၊ မဟုတ်ရင် ငါအားနာ နေမိ မှာပါ။ ”

ဂူဘီရွှမ်က ထျန်းဖိန်၏ ဒဏ်ရာများကို စစ်ဆေး ကြည့်နေ လျက်မှ ဆိုလိုက်သည်။

အနည်းငယ် သိက္ခာဆယ် လိုသော ဂူဘီရွှမ်၏ စကား များကြောင့်၊ ချန်လင်းမှာ ကျယ်လောင်စွာ မရယ်မော မိစေရန် အစွမ်းကုန် ကြိုးစား နေရသည်။

ထျန်းဖိန်လို လူ တစ်ယောက်က လင်းယန်ကို ဒဏ်ရာ ရအောင် မဆိုနှင့် ဝတ်ရုံစကို ဆွဲရန်ပင် မဖြစ်နိုင်ပေ။

"မင်းရဲ့ စိုးရိမ်ပေးမှု အတွက် ကျေးဇူးတင် ပါတယ်၊ ဒါပေမယ့် သူ့က ငါ့ရဲ့ ဆံချည် တစ်မျှဉ် ကိုတောင် ထိအောင် မလုပ် နိုင်ပါဘူး။ "

အညာအတာ ကင်းမဲ့သော လင်းယွန်၏ တုန့်ပြန် စကား များကြောင့်၊ ချန်လင်းမှာ အော်ဟစ် ရယ်မော လုနီးပါး ဖြစ်လာသော၊ သူ့ ပါးစပ်ကို၊ ချက်ချင်း လက်ဖြင့်၊ ပိတ်လိုက် ရသည်။

ဂူဘီရွှမ်က လေထုကို ဖြေလျှော့ရန် ကြိုးစားနေ သော်လည်း၊ ဇောင်ယွန်းရှန်က ဤမျှ ရိုးသားသော စကားများဖြင့် ဖြတ်ရိုက် လိမ့်မည်ဟု မည်သူမျှ မမျှော်လင့် ထားမိပေ။

အဆုံးတွင်၊ ဂူဘီရွှမ်မှာ ခြောက်ခြောက် ကပ်ကပ်သာ ရယ်မော နိုင်ခဲ့သည်။

" တောင်းပန်တဲ့ အနေနဲ့၊ မင်းက ဒီ ဓားတိမ်ယံ အမြုတေကို ယူနိုင် ပါတယ်။ "

လင်းကျူရှန်က လင်းယန်မှာ အမှားကို ကျူးလွန် မိမှန်း သိရ သည်နှင့်၊ 'ဓားတိမ်ယံ အမြုတေ'ကို မဆိုင်းမတွ ထုတ်ပေး လိုက်သည်။

ထိုအပြုအမူ များကြောင့်၊ ဂူဘီရွှမ်၏ ပါးစပ်ကို ကျယ်လောင်စွာ၊ ပွင့်သွား စေသော်လည်း၊ သူက ဝင်ရောက် ပြောဆိုခြင်း မရှိခဲ့ပေ။

သူတို့သည် ဤသားရဲ အမြုတေကို ရရှိရန်၊ နတ်ဆိုး သားရဲအား အတူတကွ သတ်ဖြတ်ခြင်းဖြင့်၊ ခက်ခက် ခဲခဲ ရရှိ ခဲ့ခြင်း ဖြစ်သည်။

၎င်းနှင့် ဤပဋိပက္ခ များကို ဖြေရှင်း နိုင်ခဲ့သော်၊ ထိုက်တန် ပါပေသည်။

စကား တစ်ခွန်းမှ မဆိုခဲ့ဘဲ၊ လင်းကျူရှန်အား စိုက်ကြည့် အကဲခတ် လိုက်ကာ၊ 'ဓားတိမ်ယံ အမြုတေ' ကို၊ လင်းယွန်က လှမ်းယူ လိုက်၏။

သို့ဖြင့် ပြဿနာ များမှာ လျင်မြန်စွာ ပြီးဆုံး သွားခဲ့သည်။ တစ်ချိန်တည်း မှာပင်၊ ချန်လင်းနှင့် သူ၏ မဟာမိတ် အဖွဲ့ဝင် များက လင်းယွန်ကို အံသြစွာဖြင့်၊ ပြန်ကြည့် လာ ကြသည်။

လင်းယွန်က သန်မာ သည်ကို၊ သူတို့ သိရှိထားသော်လည်း၊ ဤမျှ လွှမ်းမိုး နိုင်စွမ်း ရှိနေ လိမ့်မည်ဟု မထင် ထားမိ ကြပေ။

ပြင်ပတပည့်များ အတွင်း၊ လင်းကျူရှန်နှင့် ဂူဘီရွှမ် တို့မှာ၊ ထင်ရှား လှသော ပုဂ္ဂိုလ်များ ဖြစ်ကြ သော်လည်း၊ လင်းယွန်၏ လက်၌ ဆုံးရှုံး ရလေပြီ။

မဟာမိတ် သုံးဖွဲ့ လုံးရှိ၊ အဖွဲ့ဝင် တပည့်များက၊ အပြင်လူ ဖြစ်သော လင်းယွန်ကို တွေဝေစွာ စိုက်ကြည့် လာ ကြ၏။ ပွင့်ပွင့် လင်းလင်း ဆိုရ ပါမူ၊ လင်းယွန်၏ ခွန်အား အရ၊ တစ်ကိုယ်တည်း ရပ်တည် နိုင်ပေသည်။

မဟာမိတ် သုံးဖွဲ့၏ အသန်မာဆုံး သူများပင်၊ လင်းယွန် ရှေ့၌ အမှန်တကယ် တစ်ထစ်လျော့ ပေးခဲ့ ရသည်။

လင်းယန်ကို ပါးရိုက် လိုက်ပြီး၊ ထျန်းဖိန်အား နင်းစိုက် ထားသော ဤဇောင်ယွန်းရှန်ကို ၊ တစ်ဖက် ခေါင်းဆောင် များက၊ လျော်ကြေး အဖြစ် 'ဓားတိမ်ယံ အမြုတေ' ကိုပင်၊ ပေးအပ် လာခဲ့သည်။

ထို့ထက် သာ၍ ကြီးစိုး နိုင်လွန်းသော၊ သူများ ဓားနန်းတော်၌ မရှိ နိုင်တော့ချေ။

နေဝင်သွားပြီး ဖြစ်ရာ၊ လူတိုင်းက အနား ယူရန်၊ ပြင်ဆင် လိုက် ကြ၏။ ချန်လင်းက လင်းယွန်ကို ဘေးသို့ ဆွဲခေါ် သွားကာ၊

“အစ်ကို ဇောင်၊ မင်းက ဒီမစ်ရှင်မှာ ငါတို့နဲ့ ပူးပေါင်း မယ်လို့ သူတို့ကို ပြောထား ပြီးပြီ၊ ဒါပေမယ့် သူတို့က ငါ့ကို အကြောင်း မပြန် သေးတဲ့ အတွက်၊ .... အဲဒါကို သိပ်မျှော်လင့် ထားလို့ မရဘူး။”

“ သွားအိပ်တော့၊ သူတို့ ဒါကို သေချာပေါက် သဘောတူ မှာပါ ”

စကားဆုံး သည်နှင့် လင်းယွန်က ယုံကြည်ချက်များ ပြည့်နှက် နေသော အပြုံးဖြင့်၊ အနား ယူရန် နေရာရှာ လိုက်သည်။

" ဘာလို့လဲ "

ချန်လင်းက လင်းယွန်၏ ယုံကြည်ချက်ကို နားမလည် နိုင်ဖြစ်ကာ၊ စိတ်ရှုပ် သွား၏။ လင်းယွန်သည် သူ့ မျက်နှာဖုံးကို ဖယ်ရှားရန် ဆန္ဒ မရှိသည် သာမက၊ လင်းယန်နှင့် ထျန်းဖိန် တို့ကို ဒဏ်ရာ ရရှိစေ ခဲ့သည်။

ထို့အပြင်၊ ဂူဘီရွှမ်နှင့် လင်းကျူရှန် ကိုပင် ထပ်မံ မောက်မ ပြခဲ့၏။ ထို့ကြောင့် မည်မျှပင် သဘောထား ကြီးသော သူများ ဖြစ်နေ ပါစေ၊ လင်းယွန်ကို သူတို့ နောက်သို့ လိုက်ဖို့ရန် ခွင့်ပြု နိုင်မည် မဟုတ်ချေ။

လင်းယွန်က ချန်လင်းကို တစ်ချက်သာ ကြည့်လိုက်ပြီး၊ မျက်လုံးများ မှိတ်ထား လိုက်တော့သည်။

တုံးအသော လူမိုက်များနှင့် စကားပြော ရသည်မှာ၊ ပင်ပန်း လွန်းသောကြောင့်၊ ထပ်မပြော လိုတော့ချေ။

မီးပုံဘေးတွင် လင်းကျူရှန်၊ လင်းယန်၊ ဂူဘီရွှမ်နှင့် ထျန်းဖိန် တို့လေးယောက် ဝိုင်းဖွဲ့ နေသည်။

'' စီနီယာအစ်ကိုဂူ မင်း ဘယ်လို ထင်လဲ"

လင်းကျူရှန်က မျက်မှောင်ကြုတ်ပြီး၊ ဂူဘီရွှမ်ကို လှမ်းကြည့် လိုက်စဉ်၊ သူမ၏ မျက်နှာပေါ်၌ မီးလျှံများ ယိမ်းထိုး ထင်ဟပ် နေလေသည်။

ည အမှောင်၌၊ ဤသို့ မီးဖို၏ ရောင်ပြန် ဟပ်သော အခြေ အနေ အောက်တွင်၊ သူမအား ပို၍ ညို့အား ပြင်းလာ စေ၏။

“ သူက သန်မာတယ်၊ ထျန်းဖိန်ကို သိုင်း နည်းစနစ် မသုံးဘဲ လက်သီး တစ်ချက် တည်းနဲ့ အနိုင်ယူ နိုင်တယ်၊ ဒါက ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတယ်၊ သူ့ရဲ့ ကျင့်ကြံမှု နည်းစနစ်က ပြီးပြည့်စုံသော ကျွမ်းကျင်မှုကို ရောက်လု နီးလု နေပြီ၊ ဒါကြောင့် သူ့ရဲ့ မူလ စွမ်းအင်က သာမန် တပည့် တွေထက် အများကြီး သာလွန် နေခဲ့ တာပဲ …”

ဂူဘီရွှမ်က ရှည်လျားစွာ ပြန်ဖြေ လိုက်သည်။

" ငါ ရှုံးခဲ့တာက သတိ လက်လွတ် အခြေ အနေ မိုလို့ပါ "

-ဟု ထျန်းဖိန်က ဝင်ရောက် ဆိုလိုက် သော်လည်း၊ မည်သူမျှ သူ့ စကားကို ဂရု မစိုက် ခဲ့ပေ။

“ ပြင်ပ တပည့်တွေ ထဲမှာ၊ ကျင့်ကြံမှု နည်းစနစ် တွေကို၊ ဒီလို ပြီးမြောက် အောင် လုပ်နိုင်တဲ့ သူက .... ၊ တစ်ယောက်ပဲ ရှိတယ်၊ သူမှ မဟုတ်ရင် ...၊ အတွင်းတပည့် ဒါမှ မဟုတ်၊ ဝိညာဉ် အဆင့် နည်းစနစ်ကို ကျင့်ကြံထား သူပဲ ဖြစ်ရမယ်၊ ''

လင်းကျူရှန်က ခေါင်းညိတ်ကာ ဖြည့်စွက် ပြောလိုက်သည်။

" သေမျိုး တတိယ အဆင့်က၊ ဂျင်းဖိန်။ "

လင်းကျူရှန် စကားကြောင့်၊ တစ်စုံ တစ်ယောက်ကို သတိရ သွား ဟန်ဖြင့်၊ ဂူဘီရွှမ်က လေးနက်သော အမူအယာနှင့်၊ ခန့်မှန်း ရေရွတ် မိသည်။

လွန်ခဲ့သည့် တစ်နှစ်က ဂျင်းဖိန်သည် သူ့အား စိန်ခေါ် လာသော ပြင်ပ တပည့် တစ်ယောက်အား၊ လက်ဖဝါး တစ်ချက် တည်းဖြင့်၊ အနိုင်ယူပြီး သူ၏ စွမ်းအင် ကျင့်ကြံမှု နည်းစနစ် အပေါ်၊ ကျွမ်းကျင် ပိုင်နိုင် မှုကို၊ ပြသ လာ ခဲ့သည်။

၎င်းသည် ပြီးပြည့်စုံသော ကျွမ်းကျင်မှု သို့ပင် ချဉ်းကပ် နေပေပြီ။

ထျန်းဖိန်နှင့် လင်းယန်တို့ နှစ်ယောက် စလုံးက “မဖြစ် နိုင်ဘူး ” ဟု၊ ပြိုင်တူ ငြင်းဆို လိုက်၏။

" သူက ဂျင်းဖိန် မဖြစ်နိုင်ဘူး၊ သေမျိုး အဆင့် ထိပ်တန်း ဆယ်ယောက်နဲ့ နှိုင်းယှဉ်ရင်၊ ကွာဟ ချက်တွေ ရှိနေတယ်၊ သူရဲ့ကျင့်ကြံမှုက နက်နဲ သိုင်းနယ်ပယ် စတုတ္ထ အဆင့်မှာပဲ ဆိုပေမယ့်၊ သန်မာ လွန်းတယ်၊ သူ့ပုံစံက လျှို့ဝှက် လွန်းတယ် ဆိုတာတော့ ငြင်းလို့ မရပါဘူး။ ”

ဂူဘီရွှမ်က ကွာဟချက် အချို့ကို သုံးသပ်ပြ လိုက်ပြီး၊ စိတ်ရှုပ် ထွေးစွာဖြင့်၊ ခေါင်းယမ်း ပြလိုက်သည်။

“ ဒီလူရဲ့ နာမည် ကိုလည်း တစ်ခါမှ မကြားဖူးဘူး၊ ဒါပေမယ့် အဆင့် သတ်မှတ် ချက်ထဲ မပါတဲ့ တပည့် တချို့တော့ ရှိပါတယ်၊ သူတို့ အားလုံးက သူတို့ကိုယ် သူတို့ သန်မာ လာအောင်၊ အသင်္ချေ ဓားရင်ပြင် တို့လို နေရာမျိုးတွေမှာ ကျင့်ကြံ ကြပြီး ခရီးကြမ်းတွေ ထွက်နေ တက်ကြတယ်၊ သူက ဒီလို လူမျိုး ဖြစ်ရမယ်၊ စီနီယာ အစ်ကိုဂူ ... သူ့လို လူကို ငါတို့ အဖွဲ့ ထဲကို ခေါ်သင့် တယ်လို့ မင်းထင်လား။"

လင်းကျူရှန်က မေးလာ သည်ကြောင့် ဂူဘီရွှမ်က ပြုံးလျက် ပြန်ဖြေ လိုက်၏။

" မင်း သူ့ကို ဓားတိမ်ယံ အမြုတေ ပေးတုန်းကတောင် ငါဘာပြော ခဲ့လို့လဲ၊ မင်းရဲ့ ဆုံးဖြတ် ချက်ကို ငါ ဘယ်တော့မှ ဆန့်ကျင်မှာ မဟုတ်ဘူး ဆိုတာ မင်း သိပါတယ်၊ ပြီးတော့ ငါတို့ရဲ့ ပြိုင်ဘက် တွေက 'မီးတောက် မဟာမိတ်' အဖွဲ့က ရှားဖန်နဲ့၊ 'ရေဆန် မဟာမိတ်' အဖွဲ့က ဝေဟန်ဆောင်းပဲ မဟုတ်လား၊ သူတို့ နှစ်ယောက်က ငါတို့ထက် ပိုသန်မာ တာကြောင့်၊ နည်းနည်းတော့ ပြဿနာ ရှိနေတယ် ”

စကားဝိုင်းမှာ ပြန်လည် တိတ်ဆိတ် သွားကုန်၏။

တဖျောက်ဖျောက် လောင်ကျွမ်း နေခဲ့သော မီးပုံလေး သည်သာ၊ ည အမှောင်ကို ရုန်းကန် အန်တု နေတော့သည်။

အလင်းရောင် ဝင်ရောက် လာ သည်နှင့် လင်းကျူရှန် ဦးဆောင်သော အဖွဲ့ နှစ်ဖွဲ့မှာ၊ ချန်လင်းဆီသို့ လျှောက်လှမ်း လာခဲ့သည်။

လင်းကျူရှန်က ချန်လင်း ဘေးရှိ လင်းယွန်ကို ကြည့်လိုက် ပြီးနောက်၊

"အစ်ကို ဇောင်၊ မနေ့က ဖြစ်ခဲ့တာ တွေကို ထားခဲ့ပြီး၊ ဓားဧကရာဇ် ဆေးပင်ကို ခူးဆွတ်ဖို့ အတွက် ... ငါတို့ကို မင်း ကူညီပေး နိုင်မလား။ "

လင်းကျူရှန်နှင့် ဂူဘီရွှမ်တို့မှာ အမှန် တကယ်ပင် သဘောတူ ခဲ့သည်ကြောင့်၊ ချန်လင်း၏ အိပ်မှုန် စုတ်ဖွား အခြေ အနေမှာ ပျောက်ကွယ် သွားတော့သည်။

" ငါ အကောင်းဆုံး လုပ်ပေး ပါ့မယ်"

မျက်လုံးများ ထဲတွင် မည်သည့် အမူ အရာမျှ ရှိမနေ ခဲ့ဘဲ၊ လင်းယွန်က ပြန်ဖြေ လာခဲ့၏။

***

All Chapters